5

1.3K 79 3
                                    

[Unicode]

လီရှင်းကားပေါ်ရောက်ကတည်းကငြိမ်နေတဲ့ရှောင်းကိုသူကြည့်နေတာ စားသောက်ဆိုင်ကပြန်ထွက်လာကတည်းက မျက်နှာသိပ်မကောင်းတာမို့ သူလဲစကားမစဖြစ်ဘူး။ အခုတော့မရတော့ဘူး သူမေးမှဖြစ်တော့မယ်။

"ရှောင်း... ရှောင်းလေး .....ကျန့်အာ!! "

"ဟင်.. ဘာ၊ ဘာလို့လဲ ရှင်း အိမ်ပြန်ရောက်ပြီလား "

သူခေါ်တာကိုမကြားရလောက်အောင်ဘာတွေအတွေးလွန်နေလို့လဲ၊ တစ်ခါခေါ်မကြား နှစ်ခါခေါ်မကြားနဲ့ နောက်ဆုံး အော်ခေါ်လိုက်တော့မှာ အယောင်ယောင်အမှားမှားနဲ့လှည့်ကြည့်လာပြီးမေးလာတာက အိမ်ရောက်ပြီလားတဲ့ ..

"မရောက်သေးဘူး၊ ဘာဖြစ်လို့လဲရှောင်း.. မျက်နှာလဲမကောင်းဘူး၊ ငါကြည့်နေတာကြာပြီ မင်းကားပေါ်ရောက်ကတည်းက လူကသာငါ့ဘေးမှာ စိတ်‌ ကတော့တခြားကမ္ဘာရောက်နေသလိုပဲ၊ မာမားရှောင်း ကဆူလိုက်လို့လား ဘာဖြစ်လို့လဲ ငါ့ကိုပြောပြလေ "

‌ရှောင်း တစ်ယောက်သူ့စိတ်ထဲဒီနေ့နေ့လည်စာကအရင်နေ့တွေကနဲ့မတူသလို ပါးနဲ့မားကလဲ မျက်နှာမကောင်းဘူး တစ်ခုခုကိုစိုးရိမ်နေသလိုပဲ လုပ်ငန်းတွေအဆင်မပြေလို့လား ဒါမှမဟုတ်တစ်ခုခုဖြစ်နေတာလားဆိုပြီးသူအတွေးလွန်နေတာနဲ့ ဘေးနားမှာရှိနေတဲ့ ရှင်းကိုတောင် သူမေ့သွားတဲ့အထိပဲ။ သူငြိမ်နေလွန်းလို့ ရှင်းကစိတ်ပူတယ်ထင်ပါတယ် သူ့နာမည်ကိုအော်ခေါ်ပြီး မေးခွန်းတွေတောက်လျှောက်မေးလာတော့တယ်။

သူ့ရဲ့အထင်အမြင်တစ်ခုထဲနဲ့ အခြားသူတွေအထူးသဖြင့် ရှင်းကိုစိတ်မပူစေချင်တာကြောင့်

" မာမားက မဆူပါဘူး၊ ဒီအတိုင်း ငါတွေးစရာလေးရှိနေလို့ပါ။ မင်းကလဲ ဘာလို့အဲ့လောက်တောင်မေးခွန်းတွေများနေရတာလဲ "

" ဘာတွေတွေးစရာရှိလို့လဲ ငါ့ကိုပြော ငါလဲဝိုင်းကူတွေးပေးမယ် မင်းတစ်ယောက်တည်း စိတ်အပင်ပန်းမခံနဲ့ ငါ့ကိုလဲပြောငါကူပေးမယ် "

ရှင်းကသူ့အတွက်အဲ့လိုသူငယ်ချင်းမျိုး သူမျက်နှာမကောင်းရင်၊ သူငြိမ်နေရင်၊ သူစိတ်ညစ်နေရင် လီရှင်းကနေစရာမရှိတော့ဘူး ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကုန်ရော အဲ့လိုလူမျိုးကို သူ့ရဲ့မသေချာမရေရာတဲ့ အတွေးလေးတစ်ခုထဲအတွက်နဲ့ စိတ်မပင်ပန်းစေချင်ဘူး...အဲ့ဒါကြောင့် သူတွေးနေတာကိုပြောပြလိုက်‌ တော့တယ်

Beyond The Love [ Completed ]Where stories live. Discover now