10

1.1K 75 0
                                    

"ကျန့်အာ သူငယ်ချင်းအသစ်တွေနဲ့မာမားတို့ကိုမမိတ်ဆက်ပေးတော့ဘူးလား "

ရှောင်းကျန့်ကျောင်းသွားခါနီ မာမားကမေးလာတာမို့

"ကျောင်းစားမေးပွဲမဖြေခင်တော့ ကျန့်ကျန့်မိတ်ဆက်ပေးပါ့မယ် မာမား "

"အင်း ပြီးတော့ ရှင်းအာကိုရောပြောပြပြီးပြီလား "

"ပြီးပြီမား စာမေးပွဲပြီးရင် ကျန့်ကျန့်တောင်သူ့ဆီသွားမလို့ သူကမအားတော့ ကျန့်ကျန့်ကပဲသွားရမှာပေါ့ အဲ့ရှင်းကလေ ဘာတွေအလုပ်များနေမှန်းကိုမသိဘူး "

ရှောင်းသခင်မကြီးသူ့အရှေ့ကနှုတ်ခမ်းသေးသေးလေးတွေစုထော်ပြီ မကျေနပ်ကြောင်းပြနေတဲ့သားငယ်ကိုတကယ်ချစ်လို့မ၀ ပြီးတော့စိတ်မကောင်းလဲဖြစ်ရသည် လူကြီးတွေရဲ့ပြဿနာအပိုင်းအစတွေမှာ သူတို့သားသမီးတွေချစ်ခင်ရတဲ့သူတွေနဲ့ဝေးကွာနေရတယ်လေ။

"သားငယ်ကလဲ ရှင်းလေးကသူ့ပါပါးစိတ်ချရအောင်သင်ယူနေတာလေ ကဲပြောပါအုံး ကျန့်အာကရော မာမားတို့ကိုဘယ်တော့၀င်ကူမယ်စဉ်းစားထားလဲ "

"ကျန့်ကျန့်ကျောင်းပြီးတာနဲ့ ၀င်ကူမှာပါ ကျောင်းမပြီးခင်တော့ တခြားကျန့်ကျန့်ဝါသနာပါတာလေးတွေ လေ့လာချင်သေးလို့ပါ မားရဲ့ "

"ဟုတ်ပါပြီ ဒါဆိုလဲ သားငယ်သဘောပါ ကဲအခုတော့ကျောင်းနောက်ကျအုံးမယ် သွားတော့ "

"တာ့တာမား ချစ်တယ်နော် "

သူ့ကိုနှုတ်ဆက်ပြီးထွက်သားတဲ့သားငယ်ကိုကြည့်ရင် ရှောင်းသခင်မ စိတ်ထဲပူလောင်လာရသည် သားငယ်ကျောင်းမပြီးခင်အထိ သားငယ်အရာအားလုံးမသိခင်အထိ ပြဿနာတွေကိုထိန်းထားနိုင်ရင်ပဲ သူကျေနပ်ပါပြီ။ ဟုတ်တယ်ထိန်းထားရုံပဲ တဖက်က အင်အားသိပ်ကြီးလွန်းတာမို့...

"ခွမ်း! "

ဟိုက်ခွမ်းကျောင်းဂိတ်တံခါးမှာ ရိပေါ်တို့ကိုစောင့်နေတုန်း သူ့နာမည်ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့

"ရှောင်း "

"ခွမ်း မင်းတစ်ယောက်ထဲလား ရိပေါ်နဲ့ ဟောင်ရွှမ်းကော "

Beyond The Love [ Completed ]Where stories live. Discover now