2

2.2K 137 7
                                    

ပုံမှန်ကျောင်းတက်ရက်တွေကိုကျော်လွန်ပြီးကျောင်း ပိတ်ရက်တွင်‌ တော့နှစ်ယောက်သား ညှိစရာမလိုအောင်ကို အတိုင်အဖောက်ညီညီနဲ့  လျှောက်လည်ရန်ဆုံးဖြတ်ခဲ့ကြလေသည်။

"ရှင်း....မင်းကလဲကွာငါဒီနေ့ကစားကွင်းအရင်သွားချင်တာပါဆိုဘာလို့မင်းက shopping center ကိုခေါ်လာရတာလဲ"

စပါပြီ ယုန်ငရစ်ကောင်ရဲ့ အရစ်ချိန်ကြရောက်လာပါပြီ
"...ဟာ‌ ရှောင်းရာမင်းကလဲပါးစပ်လေးပိတ်‌ပြီးလိုက်ခဲ့စမ်းပါ ဘေးနားကနေပွစိပွစိနဲ့ အဖွားကြီးကျ‌နေတာပဲ ငါ့မာမား ခိုင်းလိုက်လို့ပါကွာ မာမားခိုင်းထားတာပြီးရင်မင်းသွားချင်ရာသွား စားချင်ရာစားလို့ရပြီ ဟုတ်ပြီလား...ဟူး မောလိုက်တာရှောင်းရာ မင်းကိုရှင်းပြရတာအခုအခေါက်ပါ ထည့်တွက်ရင် 186 ခေါက်လောက်ရှိနေပြီ"

အဲ့အခါမှမျက်‌မှောင်ကျုံ့ပြီးမျက်လုံးလေးကလယ်ကလယ်နဲ့တစ်ခုခုကိုစဉ်းစားလို့ရသွားတဲ့ပုံစံမျိုးနဲ့...ရှင်းကလဲကွာ ငါကပိစိလေးမေ့သွားတာကို  .. ဒါနဲ့ တီတီရှင်းရီက မင်းကိုဘာခိုင်းလိုက်လို့လဲ ....ရေမွှေးကွာရေမွှေး မာမားသုံးနေကျရေမွှေးက ကုန်သွားလို့ ဆိုင်ကိုသွားမှာခိုင်းထားတာ မှာပြီးပိုက်ဆံပေးရုံပဲ သူတို့ကအိမ်အရောက်ပို့ပေးမှာမို့ အဲ့ဒါအရင်သွားလုပ်နေတာ မဟုတ်ရင် အဲ့အတွက်အချိန်သပ်သပ်ချန်နေရလို့မင်းလုပ်ချင်တာတွေမလုပ်ရတော့မှာစိုးလို့ ယုန်ငရစ်ရဲ့......မင်းကစားချင်တာတွေ စားချင်တာတွေ မစားရရင် မင်းကငါ့ကိုရစ်အုံးမှာလေ မင်းအကြောင်းမသိရင်ခက်မယ် ယုန်သွားခေါရဲ့ ... ရှင်းနော် မင်းငါ့ကိုနာမည်ဖျက်တာများနေပြီ ပြီးတော့ ငါ့မှာအချစ်ဆုံးဆိုလို့ မင်းနဲ့ဆိုး ပဲရှိတာကို အခု ဆိုးက ငါတို့နဲ့အတူမှမရှိတာ အဲ့တော့ရှိတဲ့ မင်းကိုပဲအနိုင်ကျင့်ရမှာပေါ့မဟုတ်ဘူးလား..ဟဲဟဲ... ပြီးတော့မင်းငြိုငြင်လို့မရဘူးနော် .... အောင်မလေး ရှောင်းကုန်းဇီ ရယ် ကျွန်တော်မျိုး မငြိုငြင်ရဲပါဘူး ကျွန်တော်က နဲနဲဆို ကုန်းဇီက များများဒရမ်မာခင်းပြီး မာမားတို့ကိုပြန်တိုင်မှာမသိရင်ခက်အုံးမယ်.....။

Beyond The Love [ Completed ]Where stories live. Discover now