13

934 82 5
                                    

[Unicode]

"ဒီနေ့အနုပညာမေဂျာကိုအသစ်ပြောင်းလာတဲ့တစ်ယောက်က ဝမ်ရိပေါ်ရဲ့ special one ဆို "

"ဟုတ်လို့လားဟယ် နင်ကလဲ ဒီအတိုင်းအခုပြောင်းလာတာမို့ ဂရုစိုက်ပေးနေတာရောမဖြစ်နိုင်ဘူးလား"

"ဝမ်ရိပေါ်အကြောင်းနင်မသိဘူးလား ဘယ်တုန်းကတခြားသူကိုဂရုစိုက်ပေးဖူးလို့လဲ အထူးသဖြင့် တွဲနေပါတယ်လို့သတင်းထွက်တဲ့ရှောင်းကျန့်ကိုတောင် သူဆက်ဆံတဲ့ပုံကိုနင်မမြင်ဘူးလား "

"အဲ့ဒါတော့ဟုတ်တယ်နော်၊ ဘာပဲပြောပြော ကျောင်းသူသစ်ကတော်တော်ကံကောင်းတာပဲ ဝမ်ရိပေါ်ရဲ့သဲသဲလှုပ်ဖြစ်နေတာ "

ရှောင်းကျန့် ကျောင်းဝန်းထဲစဝင်ကတည်းကကြားနေရတဲ့အသံတွေပါပဲ၊ အထူးသဖြင့် အိုရန်လီလီနဲ့ရိပေါ် အကြောင်းတွေပေါ့။ ရိပေါ်နဲ့သူတွဲနေတာ ဟောက်ရွှမ်း၊ ခွမ်းနဲ့ ရှင်းတို့ကသာသိတာကြောင့် ကျောင်းမှာသူတို့တွဲနေတယ်ဆိုတဲ့အ‌ကြောင်းကကောလဟာလ တစ်ခုသာသာရယ်။ အခုလဲနှိုင်းယှဉ်ခံရပြန်ပါပြီ။

" ရှောင်း.. မင်းအဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ်‌ ဟောက်ရွှမ်းရာ၊ ဒါနဲ့ရိပေါ်ကပြန်မလာသေးဘူးလား "

" မလာသေးဘူး အနုပညာမေဂျာဘက်ကို လီလီခေါ်လို့သွားတယ်၊ အဲ့ဒါကြောင့် အတန်းမတက်ခင် မင်းကိုအဖော်ရအောင်စောင့်ပေးနေတာ၊ ခွမ်းကတော့သိတဲ့အတိုင်းပဲကွာ သူ practical ရှိနေတယ်လေ "

သူတို့တက္ကသိုလ်ရောက်တော့ ခွမ်းက သူဝါသနာပါတဲ့ဆေးတက္ကသိုလ်ကိုရွေးတယ်၊ ဟောက်ရွှမ်းကတော့ အထူးမှုခင်းတပ်ဖွဲ့ကိုရွေးပြီး သူနဲ့ရိပေါ်ကတော့ စီးပွားရေးပေါ့ မဟုတ်သေးဘူး သူကရိပေါ်ကြောင့်စီးပွားရေးကိုရွေးခဲ့တာ။ ရိပေါ်ကိုစချစ်ကတည်းကရှောင်းကျန့်ရဲ့ရပ်ဝန်းက ရိပေါ်ကိုအခြေတည်ပြီးလည်ပတ်ခဲ့တာကြောင့်ဖြစ်တယ်။ အထူးပြုဘာသာရပ်တွေမတူသည့်တိုင်အောင် ခွမ်းနဲ့ဟောက်ရွှမ်းက သူ့အပေါ်ကောင်းလွန်းတယ်။ သူ့ချစ်ရတဲ့သူရဲ့ရပ်ဝန်းကတော့ သူမဟုတ်တဲ့ တခြားမိန်းခလေးကိုအခြေတည်ပြီးလည်ပတ်တယ်။

Beyond The Love [ Completed ]Where stories live. Discover now