28

1.2K 96 21
                                    

[Unicode]

နတ်သမီးမြို့တော်လို့ခေါ်တဲ့ LA ကို ရှောင်းကျန့်နဲ့ Tine ကနောက်တစ်ခါထပ်ပြီးခြေချတယ်။ LA ကိုရောက်တယ်ဆိုရင်ပဲ သူတို့ရဲ့အသိစိတ်တွေက ခဏတောင်လွတ်ထွက်မသွာအောင် သတိအနေထားနဲ့ နေရတယ်။ သူတို့ကအပြစ်မရှိတဲ့အပြစ်သား‌တွေ။ တရားသေလွတ်နေတာမဟုတ်တဲ့အတွက် သတိလက်လွတ်သွားလာလို့မဖြစ်။ Mission အတွက်ဆိုရင် လေးယောက်လုံးကို ခေါ်မှာဖြစ်ပေမဲ့ ယခုတစ်ခါတော့ သူတို့နှစ်ယောက်ကိုပဲခေါ်တဲ့ အတွက်တစ်ခုခုကို အသိပေးစရာရှိလို့ပဲဖြစ်မယ်။

ချိန်းဆိုထားတဲ့နေရာက လူမသိသူမသိနေရာမဟုတ်။ LAရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ဗိသုကာလက်ရာတွေ စုစည်းတည်ရှိနေတဲ့ နေရာမှာဖြစ်တယ်။ သူတို့ရောက်သွားတော့ Sam ကအရင်ရောက်နှင့်ပြီဖြစ်တယ်။

" မတွေ့တာကြာပြီ Sam "

" ခေါင်းဆောင် အဆင်ပြေရဲ့လား "

" ငါအဆင်ပြေတယ် Tine မင်းစိတ်မပူနဲ့၊ Sean မင်းငါ့ကို ဘယ်တော့မှခေါင်းဆောင်လို့ ‌ရိုရိုသေသေခေါ်မှာလဲ ဟမ်! "

" အခုမှအပိုတွေလုပ်မနေပါနဲ့တော့ Sam၊ ဘာလို့အသဲအသန်‌ခေါ်တွေ့ရတာလဲ အဲ့ဒါကိုအရင်ပြော "

" ကောင်းပြီ၊ ငါတရုတ်ပြည်ဝင်ခွင့်ရဖို့က အနည်းဆုံးတစ်နှစ်လောက်တော့ကြာအုံးမှာ၊ အခုမင်းတို့လုပ်နေတဲ့ mission မှာ ငါခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဒီမှာ "

Sam က ဖိုင်တွဲတစ်ခုကိုပေးလာတော့ သူနဲ့ Tineက ဘာလဲဆိုတဲ့သဘောနဲ့ Samကိုကြည့်တော့ ဖွင့်ကြည့်ဆိုတဲ့ သဘောနဲ့ မေးဆက်ပြတာမို့
ရှောင်းကျန့်က အလျှင်အမြန်ပဲ ဖိုင်ကိုဖွင့်ကြည့်လိုက်သည်။

"Sam ဒါ...ဒါက "

ဖိုင်ထဲကစာရွက်ကို ကြည့်ပြီးအဓိပ္ပာယ်‌ဖော်ရခက်သွားတဲ့ ကျန့်အာရဲ့မျက်နှာ‌ကြောင့် Tine စာရွက်ကိုဆွဲယူလိုက်တော့

" ခေါင်းဆောင် ဒါကဘယ်လိုဖြစ်ရတာလဲ "

" ဟုတ်တယ် မင်းတို့ပြစ်ဒဏ်နဲ့ အဇာဘိုင်ဂျန်ကိုသွားရတဲ့ နောက်ကွယ်မှာ ပေကျင်းမြို့တော်ဝန်ရှိနေတာ၊ မထင်ထားခဲ့ဘူး အများအမြင်မှာ သမာသမတ်ကျတဲ့ မြို့တော်ဝန်က ဒီလောက်အထိ ယုတ်ညံ့လိမ့်မယ်လို့၊ အဲ့ဒါကြောင့်မင်းတို့က အစစအရာရာသတိရှိပါ အထူးသဖြင့် Sean မင်းအခြေအနေမင်းသိတယ်မလား "

Beyond The Love [ Completed ]Where stories live. Discover now