19

1.3K 110 16
                                    

တရုတ်နိုင်ငံ ပေကျင်းစီးတီးရှိ အထပ်မြင့်အဆောက်အအုံးများစွာထဲမှ တစ်ခုဖြစ်သော LX လုပ်ငန်းစု ဆိုသည့် ‌‌ရွှေရောင်ဖောင်းကြွစာလုံးများနှင့် ထည်ဝါစွာရှိနေသောအဆောက်အအုံကြီးရှေ့သို့‌ နောက်ဆုံးပေါ်အနက်ရောင် Mercedes-Benz အမျိုးအစား ကားတစီးဟာရပ်တန့်လို့သွားခဲ့သည်။ ကားတံခါးပွင့်လာသည်နှင့် ထိုကားပေါ်ရှိ အသက်လတ်ပိုင်းအရွယ် အရပ်မောင်းကောင်းကောင်း၊ မျက်နှာတည်နှင့်လူတစ်ယောက် ဆင်းလာသည်။ ထိုလူနာမည်က Jay ဖြစ်ပြီး လုပ်ငန်းစုရဲ့ MD တစ်ယောက်ဖြစ်သည်။ ဥက္ကဌ ကိုတော့မည်သူမှမြင်ဖူးခြင်းမရှိ Jay ကသာလက်ရှိလုပ်ငန်းစုတွင်ရာထူးအကြီးဆုံးဖြစ်သလို ဥက္ကဌ နှင့်တိုက်ရိုက်အဆက်အသွယ်ရှိသူမှာလဲ Jay ဖြစ်ပြန်တယ်။

LX လုပ်ငန်းစု ထိုလုပ်ငန်းစုသည် စီးပွားရေးလောကထဲ ရောက်ရှိလာသည်မှာ အချိန်အားဖြင့် ငါးနှစ်မျှသာရှိသေးသည်။ အချိန်တိုအတွင်း အောင်မြင်လာသော ထိုလုပ်ငန်းစုသည် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာသမားများ၏ အာရုံစိုက်မှုအများဆုံးခံနေရသည့်လုပ်ငန်းစုဖြစ်သည်။ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းရှင်များသည်လဲ LX ၏ပဲ့ကိုင်သူကိုတွေ့ရရန် အကြောင်းပြချက်အမျိုးမျိုးရှာသော်လဲ ရေရေရာရာမရှိသောကြောင့် လက်လျော့ရစမြဲပင်ဖြစ်သည်။

Jay တစ်ယောက် ဒီနေ့ရုံးဆင်းလျှင် ဥက္ကဌကိုသွားရမည်ဖြစ်သည်။ လာတွေ့လို့ပြောလာတော့လဲ သွားတွေ့ရုံပဲရှိသည်လေ။ ထို့ကြောင့်လုပ်လက်စများကို ရပ်တန့်လို့ ကားလေးကို ဥက္ကဌ နေထိုင်ရာ Villa သို့ဦးတည်ရလေပြီ

" ကျွန်တော်ရောက်ပါပြီ ဥက္ကဌ "

" အင်း "

Jay နင်သွားရသည် သူကတော့အလုပ်ကအပြန် အိမ်ပြန်မနားနိုင် အခေါ်တော်ရှိလို့လာရသည်။ သို့သော် တစ်နေ့လုံး villaမှာသာအနားယူနေပုံရသည့်  ဥက္ကဌက သူ့ထပ်ပင်ပန်းသည်ထင် အင်းတစ်လုံးသာအသံပြုသည်။ အချိန်အတန်ကြာမှ

" Wang group က အခြေအနေဘယ်လိုရှိသလဲ "

" ဒီနေ့နဲ့ဆို ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတာ သုံးကြိမ်ရှိပါပြီ။ ဥက္ကဌ ညွှန်ကြားထားသလိုပဲ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်၊ ပြီးတော့..... "

Beyond The Love [ Completed ]Where stories live. Discover now