30

1.2K 87 7
                                    

[Unicode]

" ကျန်အာ.. ဒီကိစ္စတွေကို ကိုယ်တို့လက်ထဲကိုလွဲလိုက်လို့ မရဘူးလား မင်းကိုယ်တိုင်လုပ်မှဖြစ်မှာလား ဟမ်! အခုမင်းအခြေအနေကို မင်းသိသားနဲ့ကွာ !! "

" Mr. Tine စိတ်လျော့ပါဗျာ ခင်များစိတ်ပူနေတာကိုသိပေမဲ့ ရှောင်းကအခုမှသတိလည်ကာစ ရှိသေးတာမို ခင်များစိတ်နဲနဲလောက်လျော့ပါလား "

" Tine ကိုအပြင်ခေါ်ထုတ်သွားပေးပါလား ခွမ်း၊ ဒါနဲ့ ငါဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ "

" နှစ်ရက်တိတိ၊ ရှောင်း မင်းလုပ်နေတာတွေကိုငါမတားလိုဘူး ဒါပေမဲ့ငါ့ရဲလူနာဖြစ်နေတဲ့အတွက် ငါ့စကားကိုလိုက်နာရမယ်ဆိုတာနားလည်တယ်မလား။ငါတို့အပြင်မှာရှိမယ် အေးအေးဆေးဆေးနားတော့ "

ပြောပြီးတာနဲ့ ခွမ်းက Tineကိုအတင်းဆွဲထုတ်သွားခဲ့သည်။ ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ရှောင်းကျန့်က ရေးရေးလေးပြုံးမိပါသေးတယ်။

ပါးနဲ့မားမြင်နေရဲ့လား ကျန့်ကျန့်ကို ဂရုစိုက်ပေးတဲ့သူတွေကို ထပ်ပြီးအထိခိုက်မခံနိုင်တော့ဘူး အဲ့ဒါကြောင့် ကျန့်ကျန့်လုပ်နေတဲ့ ကိစ္စတွေအမြန်ပြီးအောင်ကူညီပါနော်။ ဆုတောင်းစကားတွေနဲ့တစ်ပြိုင်နက် ရှောင်းကျန့်ပါးပြင်မှာ မျက်ရည်မိုးတို့‌ စွေတယ်။ Tine သူ့ကိုဘယ်လောက်စိတ်ပူသွာသလဲ သူသိပါသည်။ သူနိုးလာတဲ့အချိန်မြင်လိုက်ရတာက Tineရဲ့ စိုးရိမ်ပူပန်‌မှုအပြည့်နဲ့မျက်နှာကိုပင်။ ကြည့်ရတာ သူ‌အိပ်ပျော်နေတဲ့နှစ်ရက်အတွင်း စက္ကန့်မလပ်သူ့ဘေးမှာ‌ နေပေးခဲ့တာဖြစ်မယ်။

ဟောက်ရွှမ်းတို့နဲ့တွေ့ပြီးပြန်လာတဲ့ည... ရိပေါ်သူ့နောက်အသဲအသန်လိုက်ပြီး စကားပြောချိန်ကတည်းက သူ့ရဲ့ခေါင်းကမခံမရပ်‌နိုင်အောင် ကိုက်ခဲလာခဲ့တာ ဝမ်ရိပေါ်အရှေ့မှာရှိနေတာကြောင့် သောက်နေကြဆေးဗူးကိုထုတ်ရန် အခွင့်မသာခဲ့။ အဲ့ဒီအစား ဘာမှမဖြစ်သလိုဟန်ဆောင်ရင်းသာ ရိပေါ်သိချင်တဲ့မေးခွန်းကို ဖြေပေးခဲ့တာဖြစ်တယ်။ သူ့အဖြေက ရိပေါ်ကို နာကျင်ပါ‌စေလို့မရည်ရွယ်ပါ။ ဒီအတိုင်း၊ ဒီအတိုင်းလေး သူခံစားခဲ့ရတာတွေကို ပြန်မြင်ယောင်မိလို့ ဖြေခဲ့တာပဲရှိတာ။

Beyond The Love [ Completed ]Where stories live. Discover now