8

1K 73 5
                                    

‌"ရှောင်း!"

ရှောင်းကျန့်ကျောင်း၀န်ထဲကိုလမ်းလျှောက်နေတုန်းအနောက်ကနေသူ့ကိုလှမ်းခေါ်တဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့ ဟိုက်ခွမ်းနဲ့ဟောက်ရွှမ်း နှစ်ယောက်သား သူ့နာမည်ကိုခေါ်ရင်းအမောတကောပြေးလာနေ‌လေသည်။

"ခွမ်း မင်းတို့နှစ်ယောက်ပဲလား ရိပေါ်ကောမပါဘူးလား "

"ရိပေါ်ကကိစ္စရှိသေးလို့တဲ့ နောက်ကျမယ်လို့ပြောလို့ငါတို့နှစ်ယောက်ပဲလာခဲ့လိုက်တာ "

"အော်...... အဲ့ဒါဆိုလဲအတန်းထဲသွားကြမယ်လေ "

‌ဟိုက်ခွမ်းနဲ့ဟောက်ရွှမ်း ဒီမနက်ရိပေါ်ကိုကျောင်းသွားဖို့ခေါ်တော့ သင်တန်းတစ်ခုသွားစရာရှိလို့ဒီရက်တွေထဲအတန်းမှန်မှာမဟုတ်ဘူးတဲ့လေ။ ဘာသင်တန်းလဲမေးတော့ မုန့်ဖုတ်သင်တန်းတဲ့ စိတ်မရှည်တတ်တဲ့လူသားက ဘာလို့မုန့်ဖုတ်သင်တန်းသွားသလဲ မေးနေစရာမလိုလောက်အောင် သူတို့နှစ်ယောက်ကသိသည်လေ။ သိပ်မကြာခင် အိုရန်လီယွန်းရဲ့ မွေးနေ့ရောက်လာတော့မှာမို့ ဒီလောက်ကြိုးစားနေတာပင်ဖြစ်သည်။ ရှောင်းကိုအမှန်မပြောပြဘူးဆိုတာကလဲ အရေးမပါတဲ့အကြောင်းအရာတွေကိုသိဖို့မလိုအပ်ဘူးလို့သာ သူတို့နှစ်ယောက်သတ်မှတ်တဲ့အတွက်ဖြစ်သည်။

အခုဆိုရင်ကျောင်းတက်လာတာ နှစ်တစ်၀က်ရောက်နေပြီဖြစ်သည် အချိန်စက်၀န်းတွေကလဲတဖြည်းဖြည်းနဲ့ကုန်ဆုံးလာသလို ရှောင်းရဲ့ရင်ထဲ ၀မ်ရိပေါ်ကလဲ တဖြည်းဖြည်းနေရာ၀င်ယူလာတာ အခုဆိုရင် ကာယကံရှင်ကိုယ်တိုင်မသိပါပဲ အခြားသူတစ်ယောက်ရဲ့ရင်ထဲမှာ အပိုင်စားနေရာတစ်ခုရှိနေခဲ့ပြီဖြစ်သည်။ အဲ့ဒီလူရဲ့နေရာဟာ ပိုင်ရှင်ကိုမျှော်လင့်တယ် ဒါပေမဲ့ ဘယ်တော့မှဒီနေရာဟာမင်းပိုင်တဲ့နေရာပါလို့ပြောမှာမဟုတ်ဘူး ပိုင်ရှင်ကိုယ်တိုင်လိုလိုလားလားနဲ့ ရောက်လာတာကိုပဲမျှော်လင့်နေတာမျိုးဖြစ်တယ်။ ပိုင်ရှင်ကိုယ်တိုင်ကမလိုအပ်ဘူးဆိုရင်သူကအတင်းပေးနေမှာမဟုတ်သလို သူ့ရဲမေတ္တာတရားတွေကလဲအပေါစားမှမဟုတ်တာပဲ။ အဲ့လိုပဲတစ်ဆယ့်‌ခြောက်နှစ်အရွယ်အထက်တန်း‌ နောက်ဆုံးနှစ်ကျောင်းသားလေးရှောင်းကသိပ်ကိုလဲမာနကြီးပါတယ်။

Beyond The Love [ Completed ]Where stories live. Discover now