20

1.5K 105 11
                                    

[Unicode]

အနက်ရောင် ရှပ်လက်ရှည်ပေါ်ကို အနက်ရောင်ကုတ်အင်္ကျီထပ်ဝတ်ပြီး ကော်လံအောက်မှာ ပုံမှန်အရွယ်အစားထက်ကြီးတဲ့အနက်ရောင် bow tie တို့ဟာ အချိုးအစားပြေပြစ်လှတဲ့ ခန္ဓာကိုယ်ပေါ်  ပနံသင့်လျက်ရှိတယ်။ အဝတ်လဲနေရင်း အခုသူသွားရမည့်ပွဲ အကြောင်းတွေးမိတော့ နှုတ်ခမ်းတစ်ဖက်‌ ကအပေါ်ကိုသိသိသာသာ ကော့တက်တယ်။

" အဆင်သင့်ဖြစ်ပါပြီ "

ကိုယ်လုံးပေါ်မှန့်အရှေ့ ရပ်နေရင်း မန်နေဂျာရဲ့အသိပေးစကားကိုကြားတော့ ခေါင်းတစ်ချက်ငြိမ့်ပြီး အသိအမှတ်ပြုလို့ အဆုံးသတ်အနေနဲ့ ဘယ်ဘက်လက်ကောက်ဝတ်ပေါ် Patek Philippe luxury watch ကို ဝတ်ပြီး ပွဲတက်ဖို့ရာ ခြေလှမ်းတို့က ပေါ့ပေါ့ပါးပါး

" သွားမယ် "

တံခါးဖွင့်ကာ အဆင်သင့်ရပ်စောင့်နေတဲ့ ကားစီသို့အရောက်  ကားနောက်ခန်းထဲ ဝင်လိုက်ပြီးမျက်လုံးကိုမှိတ်လို့ ကူရှင်ကိုကျောမှီလိုက်တယ်။ မျက်လုံးမှိတ်ထားပေမယ့် အတွေးတို့က ပျောက်ဆုံးနေတဲ့ တစ်စုံတစ်ယောက်စီရောက်နေခဲ့တယ်။

" မင်းဘယ်မှာများလဲ ရှောင်းကျန့်၊ မင်းကပဲ တော်လွန်းတာလား ငါကပဲညံ့လွန်းတာလား၊ သေချာတာကတော့ မင်းကို ဘယ်တော့မှလက်လျော့မှာ မဟုတ်သလို ထပ်တူညီတဲ့ အမှားမျိုးလဲ မလုပ်တော့ဘူး အဲ့ဒါကြောင့် ကျေး‌ဇူးပြုပြီး ငါ့ဆီကို ပြန်လာခဲ့ပါကွာ "

အတွေးတွေနဲ့ မျက်လုံးအစုံကိုမှိတ်ထားမိတာက အချိန်မည်မျှကြာသွားသည်မသိ ကားတံခါးလာဖွင့်ပေးမှ အသိပြန်ဝင်သည်။ ကားပေါ်ကဆင်းလို့ မန်နေဂျာကို အမှာစကားပြုသည်

" Ray အဖြူရောင် Tulips ပန်းစည်းတစ်စည်း စီစဉ်ထားပေး ပွဲကအပြန်လိုချင်တယ် အဖြူရောင်တွေပဲနော်၊ ပြီးတော့ နောက် နှစ်နာရီနေရင် ပြန်လာခဲ့ "

" နားလည်ပါပြီ "

Ray ကိုမှာစရာရှိတာမှာပြီး သူကတော့ ပွဲကျင်းပရာနေရာကိုသာဝင်လာခဲ့တယ်။

Wang group က ဦးစီးကျင်းပပြီး မြို့တော်ဝန်ပါတက်ရောက်တဲ့ private party ဖြစ်တယ်။ ထို့ကြောင့် ဖိတ်ကြားထားတဲ့ သတင်းဌာနက သတင်းထောက်အနည်းငယ်သာရှိတယ်။ မင်းသမီးအိုရန်လီလီအပြင် လူလုံးထွက်မပြတတ်တဲ့ အိုရန်သခင်ကြီးကပါ ဒီပွဲကို တက်ရောက်တာမို့ ရိပေါ်က ဒီပွဲကိုအရောက်လာခဲ့တာဖြစ်တယ်။

Beyond The Love [ Completed ]Where stories live. Discover now