6

1K 74 0
                                    

[Unicode]

"ဟောက်ရွှမ်း မင်းအထက်တန်းပြီးတဲ့အထိတော့ ဒီမှာပဲကျောင်းဆက်တက်လို့မရဘူးလား"

"ငါဆက်မတက်နိုင်တော့ဘူး ဟိုက်ခွမ်း ငါ့ပါးတို့ကိုလဲပြောပြီးပြီ အခုချိန်‌ကျောင်းပြောင်းရင်မှီသေးတယ် မင်းကတော့နေခဲ့ချင်သပဆိုရင် နေခဲ့ ငါကတော့တရုတ်ကိုပဲပြန်မယ် "

ဟောက်ရွှမ်းကပြောလဲပြောလက်ထဲက အဝတ်တွေကို luggageထဲသို့ထည့်နေပြီဖြစ်တာကြောင့် သူလဲမထူးတော့ဘူး တရုတ်မှာပဲကျောင်းပြန်တတ်တော့မည် ဟူး....ဦးလေးဆူမှာကိုတော့ခဏခေါက်ထား သူတို့သူငယ်ချင်းတွေကျောင်းအတူတူပြန်တက်ရရန်အတွက်သာရွေးချယ်တော့မည်။

"နေအုံး နေအုံး ငါလဲပြန်လိုက်မယ် မင်းကပြန်မှတော့ငါလဲဘာနေခဲ့စရာလိုလို့လဲ ဒါနဲ့ လီလီကိုရောဘယ်လိုလုပ်မလဲ ငါတို့ပြန်မယ်ဆိုတာသူသိလား "

"ဟမ် သူ့ကိုဘာလို့ပြောရမှာလဲ သူ့ကိုပြောစရာလဲမလိုသလို သူသိဖို့လဲမလိုဘူး "

ဟောက်ရွှမ်းစိတ်တိုနေမှန်းဟိုက်ခွမ်းသိသည်။ ဟောက်ရွှမ်းက လီလီကိုအမြင်မကြည်ပေ အကြောင်းကတော့ သူမကိုအမြဲမျှော်လင့်နေပြီး သူမမျက်နှာကိုအရိပ်တကြည့်ကြည့်လုပ်နေတတ်တဲ့သူတို့ရဲ့သူငယ်ချင်းကိုတော့ မျှော်လင့်ချက်တွေပေးလိုက် ရိုက်ချိုးလိုက်နှင့်လိုသလိုကစားနေသောကြောင့်ပင် အဲ့ဒီထပ်ပိုဆိုးသည်က ဝမ်လျှိုယွမ်နှင့် လီလီက သာမာန်ဆက်ဆံရေးမျိုးမဟုတ်ဘူးဆိုတာကိုလဲ အကင်းပါးသည့်ဟောက်ရွှမ်းကသိနေသောကြောင့်ပင်ဖြစ်သည်။

"ဟောက်ရွှမ်း ငါတို့ ရိပေါ်ကိုပြောပြလိုက်ကြမလား "

"ဟိုက်ခွမ်း မင်းရိပေါ်အကြောင်းကိုအခုထိနားမလည်သေးဘူးလား သူကလွယ်လွယ်ယုံတတ်တဲ့လူမျိုးမဟုတ်ဘူးလေ ငါတို့ပြောလိုက်လို့ယုံရင်တော့ကောင်းတာပေါ့ မယုံရင်ဘယ်လိုလုပ်မလဲ ငါတို့ကလီလီကိုကြည့်လို့မရလို့တမင်ပြောနေတယ်ပဲထင်‌နေမှာ ပြီးတော့ ငါတို့ဘက်ကလဲမသေချာသေးဘူးလေ သေချာမှပြောပြတာကပိုကောင်းတယ်မဟုတ်ဘူးလား "

"ဟုတ်တာတော့ဟုတ်တာပေါ့ ဒါပေမဲ့အချိန်ကြာလေ ငါတို့ကောင်ကြီးကပဲအရူးရင့်လေ ပိုခံစားရလေ ဖြစ်မှာစိုးရိမ်လို့ပါကွာ "

Beyond The Love [ Completed ]Where stories live. Discover now