26

1.1K 90 7
                                    

[Unicode]

လုပ်ငန်းရှင်ဆွေးနွေးပွဲ!!! အင်းခေါင်းစဉ်ကလှတယ်
နောက်ကွယ်မှာရှိနေတဲ့ ရည်ရွယ်ချက်ကတော့ သိပ်အကျည်းတန်တယ်။

မြို့တော်ဝန် ကိုယ်တိုင်စီစဉ်တာမို့ ပွဲအချိန်က ညနေ
6နာရီမှာစတယ် သေချာပေါက် လုံခြုံရေးတွေကအပြည့်နဲ့ပွဲလဲဖြစ်တယ်။ လုပ်ငန်းရှင်အချို့က ဖိတ်စာရကတည်းက အံ့ဩနေကြတာ သူတို့အခုပွဲထဲရောက်တဲ့အချိန်ထိပဲ ဖြစ်တယ်။ မြို့တော်ဝန်နဲ့ စီးပွားရေးလုပ်ငန်းဆိုတာ လုံးဝကြီးမသက်ဆိုင်တာမျိုးမဟုတ်ပဲ ယခုလိုပွဲမျိုးထိတော့ ကိုယ်တိုင်စီစဉ်စရာမလိုဘူးလေ။ ထုံးစံအရဆိုရင် ထိပ်တန်းလုပ်ငန်းစုက ဆွေး‌နွေးပွဲကို ဦးဆောင်လုပ်ပြီး မြို့တော်ဝန်ကို ဖိတ်ကြတာမျိုးဖြစ်သည်။ အဲ့ဒါကြောင့် သူတို့အံ့ဩနေတာ အဆန်းတော့မဟုတ်! သို့သော် ထိုသူတွေထဲမှာတော့ လုပ်ငန်းကြီးသုံးခုက ပါဝင်မနေပေ။

ရိပေါ်ရောက်သွားတော့ လူ‌တွေက အတန်သင့်စုံနေကြပြီဖြစ်တယ်။ ‌စက္ကန့်အနည်းငယ်လောက် မျက်လုံးကိုအလုပ်ပေးလိုက်တော့ တွေ့ပါပြီ သူ့ရဲ့နှလုံးသားငယ်လေး အရင်အတိုင်းပဲ အပြုံးချိုချိုလေးနဲ့ သူ့သူငယ်ချင်တွေကိုစကားပြောနေတာ။ သူကြည့်နေတာကို သိလို့ထင်သည် ကျန့်ကလဲ သူ့ကိုကြည့်လာသည်မို့ ခဏတော့ အကြည့်ချင်းစုံသွားပြီးမှ ကျန့်က အရင်အကြည့်လွှဲသွားသည်။ ကျန့်ရဲ့ ထိုအပြုအမူလေးကိုက သူ့အတွက်အသဲယားဖွယ်အတိ။

ရိပေါ်သူ့ဘေးက ဖြတ်သွားတဲ့ ဝိတ်တာလေးစီက ရှန်ပိန်တစ်ခွက်ကို လှမ်းယူလိုက်ပြီး Jay ဆီသွားဖို့ ခြေလှမ်းပြင်နေတုန်း သူ့စီကိုတန်းတန်းမတ်မတ်လျှောက်လာတဲ့ ဝမ်သခင်မကြီး။ သူလဲခြေလှမ်းတွေကို အရှိန်သတ်လို့ ရပ်စောင့်နေလိုက်တယ်

" ဝမ်ရိပေါ် ! တူပါတယ်လို့ကြည့်နေတာ တကယ်ဖြစ်နေတာကိုး။ ကြည့်ရတာ အားလျှိုက မင်းကိုဖိတ်စာပို့လိုက်တာဖြစ်မယ် ဒါပေမဲ့ နေပါဦး မင်းကဘာနားလည်လို့ ဒီပွဲကိုတက်ရတာလဲ မင်းလုပ်ရပ်ကြောင့် ဒီအ‌မေကိုတော့ အရှက်မကွဲစေနဲ့နော် " 

" ...... "

ရိပေါ်က ဘာမှပြန်မပြောပဲ သူ့အရှေ့ကဝမ်သခင်မကြီး ပြောနေတာကိုသာ အေးအေးလူလူနားထောင်နေသည်။ ဝမ်သခင်မပြောပြီးတော့မှ သူက

Beyond The Love [ Completed ]Where stories live. Discover now