32

1.1K 78 4
                                    

[Unicode]

၀မ်ရိပေါ်ကိုသတိပေးပြီးတာနဲ့ Tineကအိမ်ထဲပြန်ဝင်ခဲ့တယ်။ သူ့အရှေ့မှာတော့တစ်နေ့တခြားဖြူဖျော့လာတဲ့ ကျန့်အာကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။

" ဒီအကြောင်းတွေကိုမင်းသိရင် ကိုယ့်ကိုစိတ်မဆိုးဖို့မျှော်လင့်တယ် ကျန့်အာ၊ မင်းရဲ့စိတ်ကိုအသိဆုံးဖြစ်တဲ့ကိုယ်က ဝမ်ရိပေါ်ကိုမင်းထမ်းနေတဲ့တာဝန်တစ်ဝက်ခွဲပေးမိလိုက်တယ်.... ဒါပေမဲ့ကျန့်အာရယ် မင်းကိုကိုယ်ကအဆုံးရှုံးမှမခံနိုင်ပဲ၊ မင်းကိုမပိုင်ဆိုင်နိုင်မှန်းသိပေမဲ့ မင်း‌ပြုံးနေတဲ့မျက်နှာလေးကိုအဝေးကနေငေးကြည့်ခွင့်ရချင်သေးတယ်လေ၊ ကိုယ်အတ္တကြီးမိတာဒီတစ်ခုလေးထဲပါ။ အဲ့ဒါကြောင့်ကိုယ့်ကိုနားလည်ပေးမယ်မလား "

ကျန့်အာရဲ့လက်သေးသေးလေးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ တစ်ယောက်ထဲတီးတိုးရေရွတ်ပြီးတဲ့နောက်မှာ Tineကရှိုက်ကြီးတစ်ငင်ငိုနေမိတယ်။ ဘယ်တုန်းကမှ ဖွင့်ထုတ်ခွင့်မရှိတဲ့ ခံစားချက်အချို့ကပေါက်ကွဲထွက်လာတာကြောင့်လဲဖြစ်တယ်။

နောက်တစ်နေ့မနက်စောစောမှာတော့ ရှောင်းကျန့်လက်တစ်ဖက်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခံရမှုကြောင့်နိုးလာတယ်။ တရားခံကတော့ တခြားသူမဟုတ် သူ့လက်ကိုကိုင်လို့ ကုတင်ပေါ်ခေါင်းမှောက်အိပ်နေတဲ့ Tine။ သူ့ရဲ့လက်ကိုအသာလေးဆွဲထုတ်လိုက်တော့ Tineကချက်ချင်းနိုးလာတယ်။

" နိုးနေတာကြာပြီလား ကျန့်အာ "

" မကြာသေးဘူး Tine၊ ကျွန်တော့်ကြောင့် ခင်များပင်ပန်းရပြီ "

" ကိုယ်မပင်ပန်းဘူးကျန့်အာ၊ အဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်စရာမလိုဘူး "

" ...... "

ဘာမှပြန်မဖြေလာတဲ့ ကျန့်အာကြောင့် Tineစကားလမ်းကြောင်းလွှဲရတော့သည်။

" ကျန့်အာ ဒီနေ့ရှန့်ဟွားကျွန်းကိုသွားမယ်ဆို "

" ဟုတ်တယ် ကျွန်းပေါ်ကိုမသွားခင် မားတို့ကိုအရင်သွားတွေ့ဦးမယ် "

" ကောင်းပြီ၊ ကိုယ်အဆင့်သင့်ပြင်ထားလိုက်မယ် "

" အင်း "

Beyond The Love [ Completed ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα