23

1.2K 96 0
                                    

[Unicode]

ဒီနှစ်ပိုင်းတွေမှာ အရာရာအားလုံးဟာပုံမှန်အတိုင်းပဲ လည်ပတ်နေခဲ့တယ်။ သူတို့ရဲ့ သူငယ်ချင်းလေးကိုရှာမတွေ့သေးတာကလွဲလို့

ဟောက်ရွှမ်းက မြို့တော်ဝန်ရဲ့ အနီးကပ်မှာနေရပြီး မြို့တော်ဝန်ရဲ့ ယုံကြည်မှူကိုရနေပြီဖြစ်တယ်။

လျှိုဟိုက်ခွမ်းကတော့ ဦးနှောက်နဲ့အာရုံကြောအထူးကုဖြစ်နေခဲ့ပြီး၊ အခုဆိုရင်ပါရဂူဘွဲယူဖို့ အမေရိကားက John Hopkins university မှာစာလေ့လာနေပြီဖြစ်တယ်။

အိုရန်လီလီကတော့ အခုဆိုရင် တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်နေပြီဖြစ်တယ်။ အင်း.... ရိပေါ်နဲ့ထွက်သမျှ scandal ကိုအရင်လို မသိကျိုးကျွံပြုထားဆဲဖြစ်သည်။

ဟုန်းဆိုးကတော့ တရုတ်မှာသာ အခြေချပြီး သူ့ရဲ့မိဘတွေကတော့ လီရှင်းရဲ့ SL မှာ ရင်းနှီးမြှုပ်နှံထားတာမို့ အခုဆိုရင် SL ဟာလဲ ပေကျင်းမှာ အောင်မြင်မှုအများဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်နေခဲ့ပြီဖြစ်တယ်။

အဲ့ဒီလိုအကုန်လုံးက ပုံမှန်အတိုင်း လှုပ်ရှားလည်ပတ်နေပေမဲ့ ပုံမှန်မဟုတ်တာက ဝမ်ရိပေါ်။

ရှောင်းကျန့်ထွက်သွားပြီး ခြောက်နှစ်တိတိပြည့်တဲ့နေ့မှာ ရိပေါ်က အနုပညာလောကကနေ တရားဝင်အနားယူခဲ့သည်။ မှတ်မိသေးတယ် အဲ့ဒီနေ့ကို သတင်းဌာနတွေနဲ့ social platforms မျိုးစုံမှာ ရိပေါ်ရဲ့သတင်းက ရှာဖွေမှုအများဆုံးနဲ့ စိတ်ဝင်စားမှုအများဆုံးဖြစ်နေခဲ့တယ်။ ထိုသတင်းကိုကြားပြီး ဒေါသထွက်နေတဲ့သူ တစ်ယောက်ကလဲ ရှိနေခဲ့တယ်။

ရိပေါ် လက်ထဲကဖုန်းကိုကြည့်ပြီးပြုံးနေတယ်။ သူဘယ်အချိန်ကြည့်ကြည့် ထိုသတင်းသာတွေ့နေရတာမို့ဖြစ်သည်။ သူပြုံးနေရတဲ့ အကြောင်းအရင်းကတော့ ဝမ်သခင်မကြောင့်သာဖြစ်သည်။ သူအနားယူကြောင်း တရားဝင်ကြေငြာလိုက်တဲ့ အချိန်မှာ ဝမ်သခင်မက တော်တော်တုန်လှုပ်‌နေဟန် သူ့ဆီကိုရောက်လာခဲ့သည်။

သူလိုချင်တာကလဲ အဲ့ဒါကိုပင် ဝမ်သခင်မရဲ့ အကြောက်ရွံ့ဆုံးက သူစီးပွားရေးလောကထဲကို ခြေဆန့်လာမှာကိုဖြစ်တယ်။ ထို့ကြောင့် ငယ်ငယ်ကသူ့ကို အလဲအလှယ်နဲ့ ချုပ်ကိုင်ခဲ့တာ။ သူကိုယ်တိုင်ကလဲ တုံးအခဲ့တော့ ထိုအမျိုးသမီးရဲ့ လှည့်ကွက်ထဲ အလွယ်တကူဝင်ခဲ့တာဖြစ်သည်။ အနုပညာအလုပ်တွေကိုပဲ ဦးစားပေးနေခဲ့တာကြောင့် စီးပွားရေးလောကထဲ မဝင်ဖြစ်တာကို ဝမ်သခင်မက အပျော်ကြီးပျော်နေခဲ့ပြီး သူဒီလိုလုပ်ချလိမ့်မည်လို့ တွေးခဲ့ပုံမပေါ်

Beyond The Love [ Completed ]Where stories live. Discover now