25

1.3K 96 9
                                    

[Unicode]

ဒီနေ့တော့ ရိပေါ် လီရှင်းတို့နဲ့ချိန်းထားတယ်။ သူက
LX ရဲ့ပဲ့ကိုင်ရှင်ဆိုတာ public ကိုလူလုံးမထွက်ပြသေးပေမဲ့ လီရှင်းတို့ကိုတော့ဒီနေ့မှာ ပြောပြလိုက်ဖို့သူကရည်ရွယ်တယ်။

ရည်ရွယ်ထားတာမဟုတ်ပါပဲ အခြေအနေတွေက အမှတ်မထင်ပြောင်းလဲတတ်တာကို ရိပေါ်ကမေ့နေခဲ့တာဖြစ်တယ်။ အရေးပေါ်ကိစ္စတစ်ခုပေါ်လာတာမို့ သူမလာနိုင်ကြောင်းနဲ့ ကိုယ်စားလှယ်အသစ်က သူ့ကိုယ်စားရောက်လာမယ့်အကြာင်းဖြစ်တာမို့ ရိပေါ်မျက်နှာက အလိုမကျမှုတို့ကအထင်းသား။ ဒါရိုက်တာ ကိုယ်တိုင်လာမတွေ့နိုင်မှတော့ သူလိုလူကဘာလို့ဒီနေရာမှာ ဆက်ရှိနေရမှာလဲ။

ချိန်းထားတဲ့အချိန်ကိုရောက်နေပြီဖြစ်လို့ ဟိုဘက်ကလူလာလဲ သူကလှည့်ပြန်ဖို့တွေးထားတယ်။ အဲ့ဒါ‌ ကြောင့်ရေနွေးကြမ်းကို အေးအေးလူလူသောက်နေတုန်း တံခါးဖွင့်သံကြားတာမို့ ကိုယ်စားလှယ်ဆိုတဲ့လူ ရောက်လာပြီမှန်းသိလိုက်တယ်။ တံခါးဖွင့်ဖွင့်ချင်း ရလိုက်တဲ့ရနံ့သင်းသင်း ဘယ်လိုပြောရမလဲ လက်ဆက်တဲ့ရနံ့လိုမျိုး။ သိပ်မကြာခင် သူ့အရှေ့ရောက်လာတဲ့လူတစ်ယောက် ကိုယ်စားလှယ်လဲဘာအရေးလဲ မော့မကြည့်မိ သို့သော်ကံတရားကသူ့ဘက်ပါတာလား၊ ကျီစယ်တာလား ဝေးခွဲမရနိုင်အောင်ပဲ ကြားလိုက်ရတဲ့အသံကြည်ကြည်လေး။ ဘယ်တော့မှမမေ့နိုင်တဲ့ အသံလေး။

" ကျွန်တော်လာတာနောက်မကျပေမဲ့ ဥက္ကဌကိုစောင့်နေစေမိပြီ "

ရိပေါ်မော့မကြည့်ရဲဘူး၊ ကြည့်လိုက်လို့မှမျှော်လင့်ထားတဲ့လူမဟုတ်ရင် ရင်နာရမှာကသူပဲ။ သူ့ကိုဘာမှပြန်မပြောလိုထင်သည် နောက်ထပ်မိတ်ဆက်လာတဲ့ အသံလေးက စိတ်မရှည်မှုအနည်းရောနေသလို။

" ကျွန်တော်က SLဘက်ကကိုယ်စားလှယ်၊  Seanပါ "

ထိုအသံကြောင့်ပဲ သူ့ရဲ့အတွေးတွေကိုဖြတ်လို့မဝံ့မရဲ စိတ်နဲ့မော့ကြည့်လိုက်တော့ တကယ်ပဲသူ့ရဲ့ ကျန့်ဖြစ်နေခဲ့တာ။ တုန်လှုပ်နေတဲ့စိတ်အစုံကိုဖုံးလို့ သူကနှုတ်ဆက်ပြီး လက်ကမ်းပေးလိုက်တော့

" ပထမဆုံးတွေ့ဆုံခြင်းပါ ဥက္ကဌဝမ်ရိပေါ် " တဲ့လေ

အဟား... ကျန့်က..သူ့ရဲ့ကျန့်က တကယ်ကို စကားတည်ခဲ့တာ ပထမဆုံး၊ ပထမဆုံးတဲ့လေ။ သူ့ရဲ့လက်ကို ဆွဲပြီးနှုတ်ဆက်လာတဲ့ လက်သေးသေးလေးက သူ့လက်ဖဝါးကြီးထဲ အံ့ဝင်ခွင်ကျ ဒါကိုပဲရိပေါ်က ပြုံးမိသေးတာ။ အလုပ်ကိစ္စပြောတဲ့တစ်လျှောက်လဲ ရိပေါ်က ကျန့်ကိုပဲငေးကြည့်နေခဲ့တာ။ သူ့ရဲ့ကျန့်ကတော့ ရေသေကန်လိုပဲ တည်ငြိမ်နေတာများ မဟုတ်ဘူး အဲ့ထပ်တောင်ပိုသေးတယ်။

Beyond The Love [ Completed ]Where stories live. Discover now