အပိုင်း (၁)

23.8K 992 6
                                    

[Unicode]

ဥသြငှက်ရဲ့တွန်သံလေးတွေကတဖြေးဖြေးပျောက်ကွယ်လာပီ လေပွေလေရူးတွေရဲ့တိုက်ခတ်မှုကလျော့ရဲလာပြီ နွေရာသီကလည်းတဖြေးဖြေးကုန်ဆုံးလာပြီ
နွေကျောင်းပိတ်ရက်လေးတွေကိုတရွေ့ရွေ့ကုန်လွန်လို့ ကျောင်းဖွင့်ချိန်လေးကစောင့်ကြိုနေလေရဲ့
ဒီနေ့က ကျောင်းပြန်ဖွင့်တဲ့နေ့ ကျောင်းခန်းထဲမှာကျောင်းသားတွေကဟိုတစ်စု ဒီတစ်စုနဲ့ ကျောင်းပိတ်ရက်တွေကိုဘယ်လိုဘယ်ပုံဖြတ်သန်းခဲ့ကြကြောင်းကို အပြန်အလှန် ​ေ၀မျှနေကြတယ် စာသင်ခန်းလေးက လက်ပံပင်ဇရက်ကျဆိုသလို ပွက်လောရိုက်ဆူညံလို့ပေါ့
အဲ ~အဲ့ဒီစာကလေးတွေလိုတကျိကျိနဲ့မရပ်မနား မမောတမ်းစကားတွေပြောနေကြတဲ့ထဲမှာ '၀မ်ရိပေါ်'ဆိုတဲ့ မာနမင်းသားလေးတော့မပါဘူး
၀မ်ရိပေါ်က အထက်တန်းဒုတိယနှစ် ရုပ်ရည်ချောမောရုံမက စာလည်းတော် အားကစားဆိုလည်းထိပ်ဆုံးကရပ်တည်နေတဲ့ ကျောင်းရဲ့ကြယ်ပွင့်လေး အဲ့ဒီကျောင်းရဲ့ကြယ်ပွင့်လေးက သိပ်လည်းမာနကြီးသလို ချေတာလည်းလွန်ရော ပြိုင်ဆိုင်လိုစိတ်လည်းကြီးပြီး အရာရာသူသာနေမှကျေနပ်တယ် အပေါင်းအသင်းဆိုလည်း သူနဲ့တန်းတူလောက်သူမျိုးမှရွေးပေါင်းတတ်သေးတာ တစ်သီးတစ်သန့်လည်းနေတတ်သလို မျက်နှာထားကလည်း တစ်လောကလုံးက သူ့လုပ်စာထိုင်စားနေသလိုမျိုး

"ရိပေါ် မင်းရောကျောင်းပိတ်ရက်မှာဘာတွေလုပ်နေလဲ"

ရိပေါ်ရဲ့သူငယ်ချင်းအရင်းကြီးနှစ်ယောက်တည်းကတစ်ယောက်
ယွီပင်းက ဟောက်ရွှမ်းနဲ့ ကျောင်းပိတ်ရက်အကြောင်း​ေ၀မျှပြီးသွားပုံပဲ ခုတော့ရိပေါ်ဘက်လှည့်လာပီ ရိပေါ်မှာသူငယ်ချင်းဆိုလို့ အဲ့ဒီယွီပင်းနဲ့ဟောက်ရွှမ်းပဲရှိတယ်

"ဒီတိုင်းပဲ"

ရိပေါ်ကပြောပြီး လက်ထဲကphကိုအာရုံပြန်ပြုတယ်
ယွီပင်းနဲ့ဟောက်ရွှမ်းကတော့ ရိပေါ်ကို စိတ်လေတယ်ဆိုတဲ့အကြည့်နဲ့ကြည့်လို့ အကြောင်းမရှိအကြောင်းရှာပြီး ဟိုဟိုဒီဒီတွတ်ထိုးကြပြန်တယ်

ကျောပိုးအိတ်ကိုပုခုံးတစ်ဖက်တင်လွယ်လို့ ကပိုကရိုပုံစံနဲ့လူတစ်ယောက်က အတန်းထဲ၀င်လာတော့ ရိပေါ်တချက်လှမ်းကြည့်မိတယ် 'ဒီလူကို အမြင်ကပ်လိုက်တာ'
ဟုတ်တယ် ရိပေါ်အဲ့လူကိုအမြင်ကပ်တယ် မေးရိုးထင်းထင်း မျက်နှာထားတည်တည်နဲ့ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားတဲ့အဲ့လူကို သူကြည့်မရဘူး အဲ့လူက အသားရည်ကြည်လင်ပြီးအညိုဘက်နည်းနည်းသမ်းတယ် မျက်တောင်စိပ်စိပ်တွေနဲ့မျက်လုံးကြည်ကြည်လေးတွေရှိတယ် အရပ်က အင်း အရင်ကထက်တော်တော်လေးပိုရှည်လာတယ် ရိပေါ်ကတစ်လောကလုံး သူ့လုပ်စာထိုင်စားနေသလိုရုပ်နဲ့ငချေဆို အဲ့လူကငါ့လာထိရင်မီးပွင့်သွားမယ်ဆိုတဲ့ပုံနဲ့ဂျစ်တစ်တစ်ငချေပဲ အဲ့လူကအပေါင်းသင်းလည်းရှိပုံမပေါ်ဘူး အဲ့လိုကပိုကရိုဂျစ်တစ်တစ်မျက်နှာထားနဲ့အမြဲတစ်ယောက်တည်း အဲ့လူနာမည်က ရှောင်းကျန့်တဲ့ ခပ်ချေချေမာနမင်းသားလေးက ဒီလိုလူတစ်ယောက်အကြောင်းကို ဘာလို့ဒီလောက်သိနေရတာလဲဆိုတာ နည်း"တော့တွေးတောစရာပဲ မူလတန်းကနေအထက်တန်းနောက်ဆုံးနှစ်ထိတစ်ခန်းထဲတူတူနေခဲ့ရတဲ့လူတစ်ယောက်အကြောင်းကို ဒီလောက်တော့သိသင့်တယ်မလား မူလတန်းတည်းကအဲ့လူနှုတ်ခမ်းအောက်က အမဲရောင်အစက်အပြောက်ကလေးကို စသတိထားမိတာကိုတော့မသိချင်ယောင်ဆောင်ထားမယ်
ပြီးတော့အဲ့လူက စာဆိုလည်းအမြဲနောက်ဆုံးမှာ ရိပေါ်နဲ့ဆန့်ကျင်ဘက်ပဲ ရိပေါ်ကအဲ့လိုလူတွေနဲ့အပေါင်းသင်းမလုပ်ချင်ဘူး ဂုဏ်တူအဆင့်တူတာမျိုးနဲ့ပဲ အပေါင်းသင်းလုပ်မယ့် အဆင့်တန်းခွဲတတ်တဲ့ကောင်လေး

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now