Chapter-80 Something substantive.
ေမွ်ာ္လင့္ထားသလိုပင္ Ling Xiao ပ မႏွစ္က Lin Xiao ကဲ့သို႕ ပထမေနရာကုိ ရရွိသည္။ ဒီႏွစ္အတြက္ ထပ္ဆံုး သံုးေနရာအတြက္ ဆုမ်ားကို Tang Fan က ကုိယ္တုိင္ကိုယ္က်ေပးအပ္ေလသည္။
Tangtai Miao Yin ကတတိယေနရာ ရရွိသည္။ ထို အမ်ိဳးသမီးငယ္ေလးက ေမွ်ာ္လင့္ထားသလိုပဲ လုပ္သြားသည္။ တတိယေနရာအတြက္ ျပိဳင္ပြဲအတြင္းတြင္ အႏိုင္ရရွိဖို႕အတြက္ ရွိသမွ် အကုန္ပံုေအာကာ ေလာင္းေၾကးထပ္ခဲ့ျပီး ေနာက္ဆံုးတြင္ Ling Xiao ႏွင့္အတူ အၾကီးအကဲမ်ားအေရွ႕တြင္ မတ္တပ္ရပ္ႏိုင္သြားေလျပီ။
ေနာက္တစ္ေယာက္ကေတာ့ Du YunCai ၏ တပည့္ျဖစ္သည္။ ျပိဳင္ပြဲစဥ္မ်ား အစထဲက အဆံုးအထိ သူ႕လုပ္ေဆာင္ခ်က္မ်ားက အလြန္တည္ျငိမ္ကာ အလြန္ခ်ီးက်ဴးထိုက္လွသည္။ ထိုလူ၏ နာမည္မွာ Huang Jie ျဖစ္သည္။ ျပီးခဲ့ေသာ ႏွစ္ကေတာ့ အဆင့္တစ္ဆယ္နားတြင္ ရစ္ဝဲေနခဲ့သည္။ ဒီႏွစ္ေတာ့ ဒီလို သာလြန္ေကာင္းမြန္ေသာ ေအာင္ျမင္မႈကို ရရွိခဲ့သည္ ျဖစ္ရာ တစ္ႏွစ္ပါတ္လံုး သူ အလြန္ၾကိဳးစားခဲ့မွာ သိသာလွသည္။ သူ႕ဆရာ ျဖစ္ေသာ DuYunCai လည္း သူ႕မ်က္လံုးေတြ ေပ်ာက္လုနီးနီးကို ျပံဳးရႊင္ေနသည္။
Tang Fan က ပထမဦးဆံုး Tantai MiaoYin ကို ေမွာ္ေဆးသံုးလံုး ေပးကာ ဆက္ၾကိဳးစားဖို႕ အားေပးေလသည္။ ေနာက္ေတာ့ Huang Jie ၊ သူလည္းပဲ ခ်ီးက်ဴးေသာစကားအနည္းငယ္ ရရွိလုိက္သည္။ ေနာက္ဆံုးေတာ့ Ling Xiao အလွည့္ ျဖစ္သည္။
"ဒီႏွစ္ မင္းကို အျခားဂိုဏ္ူသားေတြနဲ႕ အတူ ျပိဳင္ခိုင္းလုိက္ရတာက မင္းရဲ႕အရည္အခ်င္းေတြကို မီးေမာင္းထိုးျပလုိက္သလိုပဲ။ မင္းရဲ႕ စြမ္းရည္ေတြ ျမင္ေတာ့ ဆရာေတာင္မွပဲ မင္းက စစ္သည္ဌာနရဲ႕ နံပါတ္တစ္ေနရာ က မင္းနဲ႕ လံုးဝ ထိုက္တန္တယ္လို႕ စဥ္းစားမိတယ္။ အျခားဂိုဏ္းသားေတြေတာင္ မင္းနဲ႕ ယွဥ္လို႕ မရဘူး။ ဒီလုိ ဆိုရင္ေကာ ဘယ္လိုလဲ အခုခ်ိန္ကစျပီးေတာ့ မင္း ခ်စ္ၾကည္ေရး ပြဲစဥ္ေတြမွာ မပါဝင္နဲ႕ေတာ့။ အျခားဂိုဏ္းသားေတြကို အခြင့္အေရး ေပးလုိ္က္ပါဦး ဘယ္လိုလဲ"
Tang Fan က အားက်ေက်နပ္ျပီး Ling Xiao ပခံုးကို ပုတ္လုိက္သည္။ ဒီတပည့္က သူ႕ကို မ်က္ႏွာမပ်က္ေစခဲ့ဘူး။
Ling Xiao က အရိုအေသေပးကာ ျပံဳးျပီး "ဆရာ့အမိန္႕ကို ဆရာ့တပည့္က မလိုက္နာပဲ ဘယ္လိုလုပ္ေနပါ့မလဲ။ ဆရာ ေျပာတဲ့ အတုိင္း လုပ္ပါ့မယ္"
"မင္းစကားေတြက ဆရာက သူ႕ၾသဇာအာဏာနဲ႕ မင္းကို ဖိႏွိပ္ေနသလို ျဖစ္ေနတယ္လို႕ ညႊန္ျပေနသလုိပဲ"
Tang Fan က မေက်မနပ္ဟန္ ပံုေနေပမယ့္ သူ႕ေလသံကေတာ့ ေဒါသထြက္သည့္ အသံေတာ့ မရွိ။
"ဆရာ၊ ဆရာက ကၽြန္ေတာ့ကို အရင္က သင္ဖူးပါတယ္။ လူတစ္ေယာက္က အလယ္အလတ္လမ္းစဥ္ပဲ လိုက္ရမယ္ မဝင့္ဝါရဘူး က်ိဳးေၾကာင္းမဆီေလ်ာ္ပဲ မေနရဘူး"
Ling Xiao က ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ေျပာလိုက္သည္။ အဲဒိအဓိပၸါယ္က သူက Tang Fan၏ စကားမ်ားကို အလြယ္တကူ လက္ခံလိုုက္လွ်င္ သူက Lei Ju လိုမ်ိဳး ကိုယ့္ကုိကုိယ္ ေသြးၾကီးျပီးေတာ့ ကိုယ့္ကိုကုိယ္သာ အေရးအၾကီးဆံုးျဖစ္သူ လိုသာ ျဖစ္သြားလိမ့္မည္။
ထိုစကားမ်ားကို ၾကားေသာအခါ Tang Fan၏ အနည္းငယ္ တည္တန္႕ေနေသာ အမူအယာက ရုတ္တရတ္ ေပ်ာက္ကြယ္သြားကာ ေအာ္ရယ္ျပီး "အေျပာေကာင္းလုိက္တာ လူတစ္ေယာက္က က်ဳိးႏြံရမယ္။ မင္းက ဆရာ့စကားေတြ မွတ္မိေနသားပဲ။ ၾကည့္ရတာ ငါမင္းကို သင္ေပးတာ အလဟသတ္ မျဖစ္သြားဘူးပဲ။ ကဲကဲ.. စကားေျပာတာေလးေတြ ရပ္ရေအာင္ ဒီမွာ မင္းအတြက္ အဆင့္ေျခာက္ေဆးလံုး သံုးလံုး။ ေသခ်ာ သိမ္းထားေနာ္"
Ling Xiao က ပုလင္းကို ယူျပီး ဖြင့္လုိက္သည္။ ေမွာ္ေဆးလံုးသံုးလံုးက အထဲတြင္ ရွိကာ ေဆးနံ႕က ေဘးပတ္လည္ကို ပ်ံႏွံသြားသည္။ သူက ေပ်ာ္ရႊင္ေနဟန္ မ်က္ႏွာအတုၾကီး ဝတ္ဆင္ထားေသးသည္။
Tang Fan က သူ႕မ်က္ႏွာေပၚက အျပံဳးကို တည္လုိက္ျပီး ေလးနက္ေသာ အသံျဖင့္ "မင္းက နံပါတ္တစ္ဆိုေတာ့ မင့္ဦးေလးYe ဆီသြားျပီးေတာ့ အဆင့္ေျခာက္အထိေဆးပင္ သံုးပင္ ေရြးယူလုိ႕ရတယ္။ အဲဒိ ေမွာ္ေဆးပင္ သံုးပင္ကိုေတာ့ ကိုယ့္ဘာသာ ကိုယ္လဲ သိမ္းထားခ်င္ သိမ္းထား ဒါမွမဟုတ္ အျခားသူေတြကို ေပးခ်င္လဲ ေပးေပ့ါ"
"ေက်းဇူးတင္ပါတယ္ဆရာ" Ling Xiao က ျပံဳးျပီး ေျပာလိုက္သည္။
အခုေတာ့ သံုးရက္တာ ျပိဳင္ပြဲၾကီးက တရားဝင္ ျပီးဆံုးသြားျပီ။
Ling Xiao က အဆင့္ေျခာက္ေမွာ္ေဆးပင္ ေျခာက္ပင္ ထပ္ေဆာင္း ရရွိေသာေၾကာင့္ သူ မႏွစ္က အဆင့္ငါး ေဆးပင္ သံုးပင္ ရတုန္းက သူက အျခားဂိုဏ္းသားေတြကို ခ်က္ခ်င္း ေပးပစ္လုိက္သည္။ မ်က္ႏွာခ်င္းဆိုင္ဘက္က Tang YunQi ေတာင္မွ လည္ပင္းက ေညာင္ေရအိုးလို ရွည္ကာ ဒီဘက္ကို ၾကည့္ေနေတာ့သည္။ မႏွစ္က Lin Xiao ပထမ ေနရာကို ရတုန္းက Tang YunQi ကို ႏွစ္ပင္ေပးကာ က်န္တစ္ပင္ကို ေကာင္းကင္ေတာင္ထြတ္က အဆင့္ေကာင္းမြန္လွေသာ အျခား ဂိုဏ္သား တစ္ေယာက္ကို ေပးခဲ့သည္။
Tang YunQiu က အဲဒိအခ်ိန္တုန္းကေတာ့ Lin Xiao က သူ႕ကို အားလံုး မေပးခဲ့လုိ႕ အဲဒါကို သိပ္မေက်နပ္လွ ေသာ္လည္း အလြန္အမင္းေတာ့ ေပ်ာ္ရႊင္ေသးသည္။
ထိုအခ်ိန္တုန္းက သူက အစ္ကိုXiao က သူ႕ရင္ထဲမွာ သူ(မ)ကို တကယ္ထားတာပဲဟု ခံစားလုိက္ရသည္။ မဟုတ္လွ်င္ သူက သူ(မ)ကို အဆင့္ငါးေဆးပင္ ႏွစ္ပင္ ေပးမွာ မဟုတ္ေပ။
ဒီႏွစ္မွာလဲ အစ္ကိုXiao က သူ(မ)ကို ေမွာ္ေဆးပင္ေတြ ေပးလိမ့္မည္ဟု သူ(မ)ယံုၾကည္သည္။ သို႕ေသာ္ အဲဒါက You XiaoMo ေပၚမလာခင္ ျဖစ္သည္။ You XiaoMo ေပၚလာေတာ့ သူ(မ)က ပိုပိုျပီး မေသခ်ာ မေရရာ ခံစားရသည္။ သူ(မ)က အစ္ကိုXiao က You XiaoMo ကို ပံုမွန္မဟုတ္ေအာင္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံသည္ဟု ခံစားရတာမို႕ သူ(မ)ကုိ ကပ္ဆိုးတစ္ခုကို ခံစားမိေအာင္ကို ျဖစ္ေနသည္။ ဒီေတာ့ အစ္ကိုXiao က သူ(မ)ကို ေမွာ္ေဆးပင္မ်ား ေပးပါ့မလား ဆိုတာေတာ့ ရင္ထဲတြင္ မေသမခ်ာ မေရမရာ ခံစားေနရသည္။
သူ(မ)အေဖက TianXinဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ၾကီး သူ(မ)က ဂိုဏ္းခ်ဳပ္၏ သမီးျဖစ္ေနျခင္းက TianXinဂိုဏ္း၏ ေမွာ္ေဆးပင္မ်ားကို သူ(မ)က အလြယ္တကူ ယူႏိုင္သည္ ဆိုသည့္ အဓိပါၸယ္ေတာ့ မဟုတ္။ ဒီေတာ့ Lin Xiao သူ(မ)ကို ေပးေသာ ထိုေဆးပင္မ်ားသည္ သူ(မ)အတြက္ေတာ့ အလြန္အဖိုးတန္သည္။
"အစ္ကိုXiao"
Tang YunQi က ထပ္မံ မသီးခံႏို္င္ အနားေလွ်ာက္လာေတာ့သည္။
သူ(မ)လာတာ ျမင္ေတာ့ အျခားသူမ်ားက တစ္ေယာက္ျပီးတစ္ေယာက္ သူ(မ)ကို လမ္းဖယ္ေပးၾကသည္။ အဲဒါက သူ(မ)ကို သူတို႕ ေၾကာက္ၾကလို႕ မဟုတ္ပဲ ဂ်ဴနီယာညီမေလးTang က ေတာ္ေတာ္ေလး ဆိုးရြားေသာ ေဒါယရွိမွန္း လူတိုင္း သိၾကေသာေၾကာင့္ျဖစ္သည္။ ဒီတစ္ခ်ိန္တြင္ သူ(မ)က ကိုယ့္ကုိကုိယ္ မထိန္းႏိုင္ပဲ လာေနမွေတာ့ ေမွာ္ေဆးပင္မ်ားကို လာေမးတာပဲ ျဖစ္ရလိမ့္မည္။
Ling Xiao က ခပ္ေဖ်ာ့ေဖ်ာ့ေလးျပံဳးကာ "ညီမေလးTang ဘာမ်ားလဲ"
Tang YunQi က ဘာမွ မေျပာႏိုင္ေလာက္ေအာင္ သီးလုနီးပါး ခ်က္ခ်င္း ျဖစ္သြားသည္။ သူ(မ)မ်က္လံုးေထာင့္စြန္းမ်ားက နာက်င္မႈေၾကာင့္ နီရဲသြားသည္။ အရင္တုန္းက အစ္ကုိXiao က အျမဲတမ္း သူ(မ)ကို ညီမငယ္ေလးဟု ေခၚသည္ သို႕ေသာ္ အခုေတာ့ သူက သူ(မ)ကို ဂ်ဴနီယာညီမေလးTang လို႕ေတာင္ ေခၚေနျပီ။ ျပီးေတာ့ အဲဒိဟာက အရင္တုန္းကေလာက္ မရင္းႏွီး မနီးကပ္ေတာ့ သလို ခံစားရသည္။ သုိ႕ေသာ္ မ်က္ႏွာမပ်က္ရေအာင္ ထိန္းရေသာ္အားျဖင့္ ျပီးေတာ့ အဆင့္ေျခာက္ ေမွာ္ေဆးပင္ သံုးပင္ ရရန္အလို႕ငွာ သူ(မ)က ထုတ္ေမးမွကို ရမည္။
"အစ္ကိုXiao၊ မႏွစ္က အစ္ကို ညီမကို ေဆးပင္ ႏွစ္ပင္ေပးတယ္ေလ ဒီႏွစ္ေကာ ေဆးပင္ႏွစ္ပင္ ေပးမွာလားဟင္"
အခုေတာ့ သူ(မ)က သူ(မ)ကို ေမွာ္ေဆးပင္ သံုးပင္ေပးမွာလားဟု မေတာင္းဆိုႏိုင္ေတာ့ သို႕ေသာ္လည္း အနည္းဆံုး ႏွစ္ပင္ေလာက္ေတာ့ ရမွ ျဖစ္မည္။ မဟုတ္ပါက အျခားေသာ ဂိုဏ္းသားမ်ားေရွ႕တြင္ သူ(မ) ေခါင္းမေဖာ္ႏိုင္ ရွိေရာ့မည္။
"အဲဒိ အခ်ိန္ရမွပဲ ေျပာၾကတာေပ့ါေလ"
Ling Xiao က သူ(မ)ကို အဓိပၸါယ္ပါပါ ၾကည့္ျပီး သူ႕ႏႈတ္ခမ္းစြန္းမ်ား ျမင့္တက္သြားကာ အျပံဳးေဖ်ာ့ေဖ်ာ့ ျဖစ္တည္သြားသည္။ သူက တိတိပပ အေျဖမေပးေသးပဲ Tang YunQi ကို ေမွ်ာ္လင့္ခ်က္ေလး ေပးထားေသးသည္။
Tang YunQi က Ling Xiao မ်က္ႏွာေပၚက အျပံဳးႏုႏုေလးကို ျမင္ေတာ့ သူ(မ)မွာ ေမွ်ာ္လင့္ခ်က္ေလး ရွိေနေသး သည္ဟု ရုတ္တရတ္ ခံစားလုိက္ရသည္။ အနည္းဆံုးေတာ့ အစ္ကုိXiao က You XiaoMo ကို အကုန္လံုး ေပးမည္ဟု မေျပာေပ။ ေပ်ာ္ရႊင္ရိပ္ေလးက သူ(မ)မ်က္လံုးထဲ ဖ်တ္ခနဲ ေပၚလာျပီးေနာက္ သူ(မ)က စကားအနည္းငယ္ ဆက္ေျပာေတာ့မလို လုပ္တုန္း Ling Xiao က ရုတ္ခ်ည္း လွည့္ထြက္သြားသည္။
"ညီငယ္ ငါတို႕ ျပန္သင့္ေနျပီ"
Ling Xiaoမ်က္ႏွာေပၚတြင္ ညင္သာေသာ အျပံဳးမ်ားက စီးဆင္းေနကာ လူအုပ္ၾကီး၏ အစြန္းအဖ်ားနား ေရာက္ေနေသာ You XiaoMo ဆီကို သူ႕လက္လွမ္းလုိက္သည္။
လူတုိင္းက သူ႕ကို လွည့္ၾကည့္တာ ျမင္ေတာ့ You XiaoMo က အနည္းငယ္ ေနရခက္လာသည္။ တကယ္ေတာ့ သူက Ling Xiaoကို ဂုဏ္ျပဳစကား ပထမဆံုး ေျပာသူ ျဖစ္ခ်င္တာ ျဖစ္သည္။ သူ႕ကို ပထမေနရာကို အႏိုင္ရလို႕ ဂုဏ္ျပဳခ်င္တာ ျဖစ္သည္။ အေစာတုန္းကလည္းက ဒီလို ရလာဒ္ပဲ ရမည္လို႕ သိထားျပီးသား ျဖစ္ေသာ္လည္း သူက ဂုဏ္ျပဳစကားေလး ေတာ့ ေျပာခ်င္ေသးသည္။
သုိ႕ေသာ္ သူ အဲဒိကို မသြားႏိုင္ေသးခင္ အျခားသူေတြ တြန္းလို႕ သူေဘးဘက္ ေရာက္သြားေလသည္။ Ling Xiao ကို လူအထပ္ထပ္ ဝန္းရံထားတာ အေရွ႕အေနာက္ ေဘးပတ္လည္ ဝန္းရံေနေသာ လူအမ်ားကို ဘယ္လို တိုးဝင္ရမလဲ လို႕ သူေတြးေနအျပီးမွာေတာ့ You XiaoMo အေနနဲ႕ ပထမဦးဆံုး အၾကိမ္အျဖစ္ သူ႕ရဲ႕ ပိန္လွေသာ ကိုယ္လံုးႏွင့္ ပတ္သတ္ျပီး မေက်မနပ္ ျဖစ္ရသည္။
ျပန္ႏွင့္ဖို႕ရန္အတြက္ အျပင္ကို တိုးထြက္ျပီးေတာ့မွသာ သူ႕အေရွ႕က လူေတြက ရုတ္တရတ္ လမ္းဖယ္ေပးၾကေတာ့သည္။
သူ ေခါင္းေမာ့လုိက္ေတာ့ Ling Xiao က သူ႕ဆီကို လက္ကမ္းထားတာ ျမင္လုိက္ေတာ့ သူ႕မွာ မင္သက္သြားရသည္။ သူ က ဒီလိုအေနအထားၾကီးက ဟုိ...ဟိုတီဗီြဒရမ္မာေတြက ျမင့္ျမတ္ေတာ္ဝင္လွေသာ မင္းသားက မင္းသမီးဆီကို လက္လွမ္းလုိက္ေသာ ဇာတ္ကြက္လိုမ်ိဳး ခံစားရသည္။ ဒီလို ဇာတ္ကြက္ၾကီးက...အာ.... သူက မိန္းမတစ္ေယာက္မွ မဟုတ္တာ။ You XiaoMo ကေတာ့ သူ႕အေတြးႏွင့္သူ မိုးၾကိဳးပစ္ခံလုိ္က္ရသလို ျဖစ္သြားသည္။ သူေတာ့ အျပဳစား ခံလုိက္ရတာပဲ ျဖစ္လိမ့္မည္။
အဆံုးမွာေတာ့ သူတုိ႕ႏွစ္ေယာက္က လူတိုင္း၏ အေရွ႕ကေန အတူထြက္သြားၾကသည္။ Ling Xiao က You XiaoMo ကို လက္တြဲေခၚသြားခ်င္ေသာ္လည္း သူ႕မွာ အျခားတစ္ေယာက္ဆီမွ အျငင္းခံလုိက္ရသည္။ သူေပးေသာ အေၾကာင္းျပခ်က္ကေတာ့ သူက လဲမက်ပဲ လမ္းမေလွ်ာက္တတ္ေသာ သံုးႏွစ္အရြယ္ ကေလးတစ္ေယာက္ မဟုတ္ဟု ဆိုေလသည္။
သူက အားနည္းသူ ေၾကာက္တတ္သူ တစ္ေယာက္မွန္း Ling Xiao သိေနေသာ္လည္း သူက အခ်ိဳ႕ေသာ အရာေတြႏွင့္ ပတ္သတ္လွ်င္ အလြန္ေခါင္းမာတာ သိေသာေၾကာင့္ သူ႔ကို လုပ္ခြင့္ေလးေတာ့ ေပးထားရသည္။
Fu ZiLin ကေတာ့ သူ၏ အရွိန္အဝါ က အလြန္အားေကာင္းလွေသာ္လည္း သူ ေပၚလာျခင္း ေပ်ာက္သြားျခင္းေတြက အျမဲတမ္း အလြန္လွ်ိဳ႕ဝွက္ဆန္းက်ယ္လွသည္။ လူတုိင္းက Ling Xiao အနားတြင္ ဝိုင္းအံုခ်ိန္တြင္ သူက သူ႕ဘာသာသူ ထြက္သြားျပီး ျဖစ္သည္။
သူတို႕ေနာက္မွာေတာ့ Ling Xiao ႏွင့္ သူ႕ညီငယ္ေလး ထြက္ခြာသြားတာကို ဂိုဏ္းသားအားလံုးက ၾကည့္ေနၾကသည္။ စိတ္ပါဝင္စားမႈ အားနည္းသြားျပီးေနာက္ သူတို႕က စတင္ ျပန္႕က်ဲကာ Tang YunQi ကို ထားခဲ့ၾကေတာ့သည္။ သူ(မ)၏ အမူအယာကေတာ့ သူ(မ)ကို ျမင္းငါးေကာင္ႏွင့္ ခ်ည္ျပီး တစစီျဖစ္ေအာင္ ဆြဲျဖဲေနသလို ခံစားေနရသည္။ သူ(မ)က You XiaoMo ၏ ေပ်ာက္ကြယ္သြားျပီ ျဖစ္ေသာ ေနာက္ေက်ာျပင္ကို မုန္းတီးလွစြာ ၾကည့္ေနသည္။
သူ(မ)ေဘးတြင္ မေန႕က အတူရွိေသာ အစ္ကို အစ္မ အျပင္ သူ(မ)ကို ဘယ္လို ႏွစ္သိမ့္ရမလဲ မသိေသာ တည္ျငိမ္ေသာ မ်က္ႏွာႏွင့္ Jiang Liu လည္း ရွိေနေသးသည္။
Ling Xiao အခန္းထဲကို ဝင္လာခ်ိန္တြင္ You XiaoMo က ရုတ္တရတ္ လွည့္လာကာ ေခါင္းငံုျပီး အနည္းငယ္ ကို႕ယိုကားယား ႏိုင္လွစြာ အသံတုိးတိုးႏွင့္ "အစ္ကိုၾကီးLing ပထမရလို႕ ဂုဏ္ယူပါတယ္"
သူ႕ေခါင္းကို ငံုထားေသာ္လည္း Ling Xiao ကေတာ့ သူ႔ပါးေပၚက ပန္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေလးကို ျမင္ႏို္င္ေသးသည္။ သူ႕ႏႈတ္ခမ္းစြန္းမ်ားက ျမင့္တက္လာကာ မျပတ္မသားအျပံဳးတစ္ခု ျဖစ္တည္လာျပီးေတာ့ "ညီငယ္ေလးရည္စူးတာကိုေတာ့ ကို္ယ္ လက္ခံပါတယ္။ ဒါေပမယ့္ ဒီလုိ ေျပာတာမ်ိဳးၾကီးက အျပင္မွာလဲ အဲလိုအမ်ားၾကီး ရထားတာ။ ညီငယ္ေလးက ပို္ေကာင္းတဲ့ အရာ တစ္မ်ိဳးမ်ိဳးေလး ထပ္ေဆာင္းမေပးခ်င္ဘူးလား။ ေပးမယ္ဆိုရင္ေတာ့ ကို္ယ္က ပိုေပ်ာ္မိမွာပဲ"
You XiaoMo က ခ်က္ခ်င္း -_-|| ျဖစ္သြားသည္။ ပိုေကာင္းတာ။ Ling Xiao ေမွာ္ေဆးလံုးမ်ားႏွင့္ ေမွာ္ေဆးပင္ေတြ ဆုအျဖစ္ ရထားျပီးသားကို သူ႕ဆီကေန ဆုအျဖစ္ တစ္ခုခု လုိခ်င္ေနေသးတာလား? ဘယ္ေလာက္ေတာင္ အေရထူရသလဲ။
သို႕ေသာ္လည္း သူက အစျပဳျပီးျပီ ဆုိေတာ့ ျငင္းလုိက္ဖို႕ကလည္း မေကာင္းဘူး ျဖစ္ေနသည္။
"ဒါ.ဒါ ဆိုရင္ အစ္ကိုၾကီးLing က ဘာလိုခ်င္လို႕လဲ"
Ling Xiao က သူ႕ကို အထက္ေအာက္ ၾကည့္ေနတာမို႕ သူ႕ကို မသက္မသာ ခံစားရေစကာ သူ႕ေျခေတြ လက္ေတြ ဘယ္နားထားရမလဲ ဆုိတာေတာင္ မသိဘူး ျဖစ္ေနသည္။ သူ႕မ်က္ႏွာေပၚတြင္ အၾကံဆိုးႏွင့္ အျပံဳးၾကီး ေပၚလာကာ "ဒီည သိလိမ့္မယ္"
ဒီည ဟုတ္လား။ You XiaoMo က ဘာေျပာခ်င္မွန္း မသိဘူးျဖစ္ေနသည္။
အဲဒါကို ေတြးၾကည့္ေတာ့ သူ႕ရဲ႕ တစ္ခုတည္းေသာ လုပ္ႏို္င္စြမ္းက ေမွာ္ေဆးလံုး ေဖာ္တာပဲ ရွိသည္။ သူ႕မွာ ရွိတာက ေမွာ္ေဆးလံုးမ်ားသာ ရွိသည္။ ပံုမွန္ဆိုလွ်င္ Ling Xiao က သူ႕ေမွာ္ေဆးလံုးေတြ စားရတာ ႏွစ္ျခိဳက္လွသည္။ သူ လိုခ်င္ေနတာ ေမွာ္ေဆးလံုးမ်ားကို ရည္ညြန္းတာပဲ ျဖစ္လိမ့္မည္။ ထပ္ေဆာင္းျပီး ေျပာရလွ်င္ သူ ဒီကို ေရာက္လာ ကတည္းက သူက ညဘက္တြင္သာ ေမွာ္ေဆးလံုး ေဖာ္ႏိုင္သည္။ အဲဒါေၾကာင့္မို႕ Ling Xiao က အဲလို ေျပာတာ ျဖစ္လိမ့္မည္။
အဲလို ေတြးမိေတာ့ အဲဒါက ကိစၥၾကီး မဟုတ္ဘူးဟု You XiaoMo ခံစားရသည္။ အဆိုးဆံုးအေနႏွင့္ကေတာ့ သူက ေမွာ္ေဆးလံုး ဆယ္လံုးေက်ာ္ေလာက္ ထပ္ေဆာင္းေပးဖို႕ပဲ ရွိလိမ့္မည္။ ျပီးေတာ့ သူ႕အတြက္ ေမွာ္ေဆးလံုး ေဖာ္စပ္ေပးထားတာေတြ ရွိေသးသည္။
သုိ႕ေသာ္ ညဖက္ ေရာက္ခ်ိန္တြင္ Ling Xiao က သူ႕ကို အိပ္ယာေပၚတက္ဟု ေျပာခ်ိန္တြင္ေတာ့ You XiaoMo မွာ သူ႕၏ ထပ္ေဆာင္းေတာင္းဆိုျခင္းက ဘာလဲ ဆိုတာ သိသြားရသည္။
"ဘာလို႕လဲ"
You XiaoMo က Ling Xiao ကို ရွက္လဲရွက္ ဝမ္းလဲနည္းကား ေအာ္လိုက္သည္။ သူလိုခ်င္တာကသာ ဒါျဖစ္မွန္း သူသိခဲ့မည္ ဆိုလွ်င္ သူ႕ကို ေသေအာင္ ရိုက္တာေတာင္ ဒီလို ေသာက္အေရးမပါေသာ အပိုဆု ကို လက္ခံခဲ့မွာ မဟုတ္။ သူ႕ကို ၾကံစည္ေနတာ ၾကာလွျပီဟု ထင္ရေလသည္။
"ငါ့ကို ကတိေပးထားတယ္ေလ။ ကိုယ့္စကား ကိုယ္ျပန္ရုတ္သိမ္းမယ္လို႕ေတာ့ လာမေျပာနဲ႕"
Ling Xiaoက အိ္ပ္ယာေပၚတြင္ ပ်င္းရိပ်င္းတြဲ ႏွင့္ ကိုယ္တစ္ဝက္ကို လွဲလ်က္ေနသည္။ သူ႕ရဲ႕ မည္းနက္ေနေသာ ဆံပင္မ်ားက သူ႕ပခံုးေပၚကေန ဝဲျဖာက်ေနကာ သူ႕ရဲ႕ ရွိရင္းစြဲ ယုတ္မာလွေသာ အရွိန္အဝါကို ထပ္ေဆာင္း ေပါင္းထည့္ေနေသးသည္။
သာမာန္လူဆိုလွ်င္ေတာ့ ဒီလို ျမင္ကြင္းမ်ိဳးကို ရင္ဆို္င္လိုက္ရခ်ိန္တြင္ အလြန္အၾကဴး အရူးအမူးျဖစ္ကာ မ်က္ဝန္းထဲတြင္ ၾကယ္ေတြလေတြလုိ တလက္လက္ ေျပာင္းေနေလာက္ျပီ။ သူ႕ေရွ႕မွာ ရွိေနသူက You XiaoMo ျဖစ္တာ ဆိုးလွကာ သူ႕စကားမ်ား ေျပာလုိက္သည္ႏွင့္ သူ႕ရုပ္သြင္ ဘယ္ေလာက္ေကာင္းေကာင္း ဘာအေတြးမွ မရွိေတာ့။
ထိုစကားကို ၾကားေတာ့ You XiaoMo မ်က္ႏွာက ရဲေတာက္သြားသည္။ "အဲဒါက ဒီလိုမွန္းကိုမွ ကၽြန္ေတာ့္ကို မေျပာပဲကိုး၊ အေစာတည္းက သိရင္ ကၽြန္ေတာ္က လက္ခံမွာမွမဟုတ္တာ"
Ling Xiao က မ်က္လံုးေလးေမွးကာ သူ႕ကို ၾကည့္ျပီး "ညီငယ္ေလး။ ေျပာျပီးသားကို ျဖစ္ေအာင္လုပ္ရတယ္"
You XiaoMo ေသြးေတာင္ အန္ခ်င္သြားသည္။ သူသာ ေစာေစာက သိခဲ့ရပါက သူ႕ကို မေန႕က မနက္တုန္းက မကူညီေပးခဲ့ပါဘူး။
Unicode
Chapter-80 Something substantive.မျှော်လင့်ထားသလိုပင် Ling Xiao ပ မနှစ်က Lin Xiao ကဲ့သို့ ပထမနေရာကို ရရှိသည်။ ဒီနှစ်အတွက် ထပ်ဆုံး သုံးနေရာအတွက် ဆုများကို Tang Fan က ကိုယ်တိုင်ကိုယ်ကျပေးအပ်လေသည်။Tangtai Miao Yin ကတတိယနေရာ ရရှိသည်။ ထို အမျိုးသမီးငယ်လေးက မျှော်လင့်ထားသလိုပဲ လုပ်သွားသည်။ တတိယနေရာအတွက် ပြိုင်ပွဲအတွင်းတွင် အနိုင်ရရှိဖို့အတွက် ရှိသမျှ အကုန်ပုံအောကာ လောင်းကြေးထပ်ခဲ့ပြီး နောက်ဆုံးတွင် Ling Xiao နှင့်အတူ အကြီးအကဲများအရှေ့တွင် မတ်တပ်ရပ်နိုင်သွားလေပြီ။နောက်တစ်ယောက်ကတော့ Du YunCai ၏ တပည့်ဖြစ်သည်။ ပြိုင်ပွဲစဉ်များ အစထဲက အဆုံးအထိ သူ့လုပ်ဆောင်ချက်များက အလွန်တည်ငြိမ်ကာ အလွန်ချီးကျူးထိုက်လှသည်။ ထိုလူ၏ နာမည်မှာ Huang Jie ဖြစ်သည်။ ပြီးခဲ့သော နှစ်ကတော့ အဆင့်တစ်ဆယ်နားတွင် ရစ်ဝဲနေခဲ့သည်။ ဒီနှစ်တော့ ဒီလို သာလွန်ကောင်းမွန်သော အောင်မြင်မှုကို ရရှိခဲ့သည် ဖြစ်ရာ တစ်နှစ်ပါတ်လုံး သူ အလွန်ကြိုးစားခဲ့မှာ သိသာလှသည်။ သူ့ဆရာ ဖြစ်သော DuYunCai လည်း သူ့မျက်လုံးတွေ ပျောက်လုနီးနီးကို ပြုံးရွှင်နေသည်။ Tang Fan က ပထမဦးဆုံး Tantai MiaoYin ကို မှော်ဆေးသုံးလုံး ပေးကာ ဆက်ကြိုးစားဖို့ အားပေးလေသည်။ နောက်တော့ Huang Jie ၊ သူလည်းပဲ ချီးကျူးသောစကားအနည်းငယ် ရရှိလိုက်သည်။ နောက်ဆုံးတော့ Ling Xiao အလှည့် ဖြစ်သည်။"ဒီနှစ် မင်းကို အခြားဂိုဏ်ူသားတွေနဲ့ အတူ ပြိုင်ခိုင်းလိုက်ရတာက မင်းရဲ့အရည်အချင်းတွေကို မီးမောင်းထိုးပြလိုက်သလိုပဲ။ မင်းရဲ့ စွမ်းရည်တွေ မြင်တော့ ဆရာတောင်မှပဲ မင်းက စစ်သည်ဌာနရဲ့ နံပါတ်တစ်နေရာ က မင်းနဲ့ လုံးဝ ထိုက်တန်တယ်လို့ စဉ်းစားမိတယ်။ အခြားဂိုဏ်းသားတွေတောင် မင်းနဲ့ ယှဉ်လို့ မရဘူး။ ဒီလို ဆိုရင်ကော ဘယ်လိုလဲ အခုချိန်ကစပြီးတော့ မင်း ချစ်ကြည်ရေး ပွဲစဉ်တွေမှာ မပါဝင်နဲ့တော့။ အခြားဂိုဏ်းသားတွေကို အခွင့်အရေး ပေးလိုက်ပါဦး ဘယ်လိုလဲ"Tang Fan က အားကျကျေနပ်ပြီး Ling Xiao ပခုံးကို ပုတ်လိုက်သည်။ ဒီတပည့်က သူ့ကို မျက်နှာမပျက်စေခဲ့ဘူး။Ling Xiao က အရိုအသေပေးကာ ပြုံးပြီး "ဆရာ့အမိန့်ကို ဆရာ့တပည့်က မလိုက်နာပဲ ဘယ်လိုလုပ်နေပါ့မလဲ။ ဆရာ ပြောတဲ့ အတိုင်း လုပ်ပါ့မယ်""မင်းစကားတွေက ဆရာက သူ့သြဇာအာဏာနဲ့ မင်းကို ဖိနှိပ်နေသလို ဖြစ်နေတယ်လို့ ညွှန်ပြနေသလိုပဲ"Tang Fan က မကျေမနပ်ဟန် ပုံနေပေမယ့် သူ့လေသံကတော့ ဒေါသထွက်သည့် အသံတော့ မရှိ။"ဆရာ၊ ဆရာက ကျွန်တော့ကို အရင်က သင်ဖူးပါတယ်။ လူတစ်ယောက်က အလယ်အလတ်လမ်းစဉ်ပဲ လိုက်ရမယ် မဝင့်ဝါရဘူး ကျိုးကြောင်းမဆီလျော်ပဲ မနေရဘူး"Ling Xiao က ချင့်ချင့်ချိန်ချိန် ပြောလိုက်သည်။ အဲဒိအဓိပ္ပါယ်က သူက Tang Fan၏ စကားများကို အလွယ်တကူ လက်ခံလိုက်လျှင် သူက Lei Ju လိုမျိုး ကိုယ့်ကိုကိုယ် သွေးကြီးပြီးတော့ ကိုယ့်ကိုကိုယ်သာ အရေးအကြီးဆုံးဖြစ်သူ လိုသာ ဖြစ်သွားလိမ့်မည်။ထိုစကားများကို ကြားသောအခါ Tang Fan၏ အနည်းငယ် တည်တန့်နေသော အမူအယာက ရုတ်တရတ် ပျောက်ကွယ်သွားကာ အော်ရယ်ပြီး "အပြောကောင်းလိုက်တာ လူတစ်ယောက်က ကျိုးနွံရမယ်။ မင်းက ဆရာ့စကားတွေ မှတ်မိနေသားပဲ။ ကြည့်ရတာ ငါမင်းကို သင်ပေးတာ အလဟသတ် မဖြစ်သွားဘူးပဲ။ ကဲကဲ.. စကားပြောတာလေးတွေ ရပ်ရအောင် ဒီမှာ မင်းအတွက် အဆင့်ခြောက်ဆေးလုံး သုံးလုံး။ သေချာ သိမ်းထားနော်"Ling Xiao က ပုလင်းကို ယူပြီး ဖွင့်လိုက်သည်။ မှော်ဆေးလုံးသုံးလုံးက အထဲတွင် ရှိကာ ဆေးနံ့က ဘေးပတ်လည်ကို ပျံနှံသွားသည်။ သူက ပျော်ရွှင်နေဟန် မျက်နှာအတုကြီး ဝတ်ဆင်ထားသေးသည်။Tang Fan က သူ့မျက်နှာပေါ်က အပြုံးကို တည်လိုက်ပြီး လေးနက်သော အသံဖြင့် "မင်းက နံပါတ်တစ်ဆိုတော့ မင့်ဦးလေးYe ဆီသွားပြီးတော့ အဆင့်ခြောက်အထိဆေးပင် သုံးပင် ရွေးယူလို့ရတယ်။ အဲဒိ မှော်ဆေးပင် သုံးပင်ကိုတော့ ကိုယ့်ဘာသာ ကိုယ်လဲ သိမ်းထားချင် သိမ်းထား ဒါမှမဟုတ် အခြားသူတွေကို ပေးချင်လဲ ပေးပေ့ါ""ကျေးဇူးတင်ပါတယ်ဆရာ" Ling Xiao က ပြုံးပြီး ပြောလိုက်သည်။အခုတော့ သုံးရက်တာ ပြိုင်ပွဲကြီးက တရားဝင် ပြီးဆုံးသွားပြီ။Ling Xiao က အဆင့်ခြောက်မှော်ဆေးပင် ခြောက်ပင် ထပ်ဆောင်း ရရှိသောကြောင့် သူ မနှစ်က အဆင့်ငါး ဆေးပင် သုံးပင် ရတုန်းက သူက အခြားဂိုဏ်းသားတွေကို ချက်ချင်း ပေးပစ်လိုက်သည်။ မျက်နှာချင်းဆိုင်ဘက်က Tang YunQi တောင်မှ လည်ပင်းက ညောင်ရေအိုးလို ရှည်ကာ ဒီဘက်ကို ကြည့်နေတော့သည်။ မနှစ်က Lin Xiao ပထမ နေရာကို ရတုန်းက Tang YunQi ကို နှစ်ပင်ပေးကာ ကျန်တစ်ပင်ကို ကောင်းကင်တောင်ထွတ်က အဆင့်ကောင်းမွန်လှသော အခြား ဂိုဏ်သား တစ်ယောက်ကို ပေးခဲ့သည်။Tang YunQiu က အဲဒိအချိန်တုန်းကတော့ Lin Xiao က သူ့ကို အားလုံး မပေးခဲ့လို့ အဲဒါကို သိပ်မကျေနပ်လှ သော်လည်း အလွန်အမင်းတော့ ပျော်ရွှင်သေးသည်။ထိုအချိန်တုန်းက သူက အစ်ကိုXiao က သူ့ရင်ထဲမှာ သူ(မ)ကို တကယ်ထားတာပဲဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် သူက သူ(မ)ကို အဆင့်ငါးဆေးပင် နှစ်ပင် ပေးမှာ မဟုတ်ပေ။ဒီနှစ်မှာလဲ အစ်ကိုXiao က သူ(မ)ကို မှော်ဆေးပင်တွေ ပေးလိမ့်မည်ဟု သူ(မ)ယုံကြည်သည်။ သို့သော် အဲဒါက You XiaoMo ပေါ်မလာခင် ဖြစ်သည်။ You XiaoMo ပေါ်လာတော့ သူ(မ)က ပိုပိုပြီး မသေချာ မရေရာ ခံစားရသည်။ သူ(မ)က အစ်ကိုXiao က You XiaoMo ကို ပုံမှန်မဟုတ်အောင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်ဟု ခံစားရတာမို့ သူ(မ)ကို ကပ်ဆိုးတစ်ခုကို ခံစားမိအောင်ကို ဖြစ်နေသည်။ ဒီတော့ အစ်ကိုXiao က သူ(မ)ကို မှော်ဆေးပင်များ ပေးပါ့မလား ဆိုတာတော့ ရင်ထဲတွင် မသေမချာ မရေမရာ ခံစားနေရသည်။သူ(မ)အဖေက TianXinဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး သူ(မ)က ဂိုဏ်းချုပ်၏ သမီးဖြစ်နေခြင်းက TianXinဂိုဏ်း၏ မှော်ဆေးပင်များကို သူ(မ)က အလွယ်တကူ ယူနိုင်သည် ဆိုသည့် အဓိပါ္ပယ်တော့ မဟုတ်။ ဒီတော့ Lin Xiao သူ(မ)ကို ပေးသော ထိုဆေးပင်များသည် သူ(မ)အတွက်တော့ အလွန်အဖိုးတန်သည်။"အစ်ကိုXiao"Tang YunQi က ထပ်မံ မသီးခံနိုင် အနားလျှောက်လာတော့သည်။သူ(မ)လာတာ မြင်တော့ အခြားသူများက တစ်ယောက်ပြီးတစ်ယောက် သူ(မ)ကို လမ်းဖယ်ပေးကြသည်။ အဲဒါက သူ(မ)ကို သူတို့ ကြောက်ကြလို့ မဟုတ်ပဲ ဂျူနီယာညီမလေးTang က တော်တော်လေး ဆိုးရွားသော ဒေါယရှိမှန်း လူတိုင်း သိကြသောကြောင့်ဖြစ်သည်။ ဒီတစ်ချိန်တွင် သူ(မ)က ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ လာနေမှတော့ မှော်ဆေးပင်များကို လာမေးတာပဲ ဖြစ်ရလိမ့်မည်။Ling Xiao က ခပ်ဖျော့ဖျော့လေးပြုံးကာ "ညီမလေးTang ဘာများလဲ"Tang YunQi က ဘာမှ မပြောနိုင်လောက်အောင် သီးလုနီးပါး ချက်ချင်း ဖြစ်သွားသည်။ သူ(မ)မျက်လုံးထောင့်စွန်းများက နာကျင်မှုကြောင့် နီရဲသွားသည်။ အရင်တုန်းက အစ်ကိုXiao က အမြဲတမ်း သူ(မ)ကို ညီမငယ်လေးဟု ခေါ်သည် သို့သော် အခုတော့ သူက သူ(မ)ကို ဂျူနီယာညီမလေးTang လို့တောင် ခေါ်နေပြီ။ ပြီးတော့ အဲဒိဟာက အရင်တုန်းကလောက် မရင်းနှီး မနီးကပ်တော့ သလို ခံစားရသည်။ သို့သော် မျက်နှာမပျက်ရအောင် ထိန်းရသော်အားဖြင့် ပြီးတော့ အဆင့်ခြောက် မှော်ဆေးပင် သုံးပင် ရရန်အလို့ငှာ သူ(မ)က ထုတ်မေးမှကို ရမည်။"အစ်ကိုXiao၊ မနှစ်က အစ်ကို ညီမကို ဆေးပင် နှစ်ပင်ပေးတယ်လေ ဒီနှစ်ကော ဆေးပင်နှစ်ပင် ပေးမှာလားဟင်"အခုတော့ သူ(မ)က သူ(မ)ကို မှော်ဆေးပင် သုံးပင်ပေးမှာလားဟု မတောင်းဆိုနိုင်တော့ သို့သော်လည်း အနည်းဆုံး နှစ်ပင်လောက်တော့ ရမှ ဖြစ်မည်။ မဟုတ်ပါက အခြားသော ဂိုဏ်းသားများရှေ့တွင် သူ(မ) ခေါင်းမဖော်နိုင် ရှိရော့မည်။"အဲဒိ အချိန်ရမှပဲ ပြောကြတာပေ့ါလေ"Ling Xiao က သူ(မ)ကို အဓိပ္ပါယ်ပါပါ ကြည့်ပြီး သူ့နှုတ်ခမ်းစွန်းများ မြင့်တက်သွားကာ အပြုံးဖျော့ဖျော့ ဖြစ်တည်သွားသည်။ သူက တိတိပပ အဖြေမပေးသေးပဲ Tang YunQi ကို မျှော်လင့်ချက်လေး ပေးထားသေးသည်။Tang YunQi က Ling Xiao မျက်နှာပေါ်က အပြုံးနုနုလေးကို မြင်တော့ သူ(မ)မှာ မျှော်လင့်ချက်လေး ရှိနေသေး သည်ဟု ရုတ်တရတ် ခံစားလိုက်ရသည်။ အနည်းဆုံးတော့ အစ်ကိုXiao က You XiaoMo ကို အကုန်လုံး ပေးမည်ဟု မပြောပေ။ ပျော်ရွှင်ရိပ်လေးက သူ(မ)မျက်လုံးထဲ ဖျတ်ခနဲ ပေါ်လာပြီးနောက် သူ(မ)က စကားအနည်းငယ် ဆက်ပြောတော့မလို လုပ်တုန်း Ling Xiao က ရုတ်ချည်း လှည့်ထွက်သွားသည်။ "ညီငယ် ငါတို့ ပြန်သင့်နေပြီ"Ling Xiaoမျက်နှာပေါ်တွင် ညင်သာသော အပြုံးများက စီးဆင်းနေကာ လူအုပ်ကြီး၏ အစွန်းအဖျားနား ရောက်နေသော You XiaoMo ဆီကို သူ့လက်လှမ်းလိုက်သည်။လူတိုင်းက သူ့ကို လှည့်ကြည့်တာ မြင်တော့ You XiaoMo က အနည်းငယ် နေရခက်လာသည်။ တကယ်တော့ သူက Ling Xiaoကို ဂုဏ်ပြုစကား ပထမဆုံး ပြောသူ ဖြစ်ချင်တာ ဖြစ်သည်။ သူ့ကို ပထမနေရာကို အနိုင်ရလို့ ဂုဏ်ပြုချင်တာ ဖြစ်သည်။ အစောတုန်းကလည်းက ဒီလို ရလာဒ်ပဲ ရမည်လို့ သိထားပြီးသား ဖြစ်သော်လည်း သူက ဂုဏ်ပြုစကားလေး တော့ ပြောချင်သေးသည်။သို့သော် သူ အဲဒိကို မသွားနိုင်သေးခင် အခြားသူတွေ တွန်းလို့ သူဘေးဘက် ရောက်သွားလေသည်။ Ling Xiao ကို လူအထပ်ထပ် ဝန်းရံထားတာ အရှေ့အနောက် ဘေးပတ်လည် ဝန်းရံနေသော လူအများကို ဘယ်လို တိုးဝင်ရမလဲ လို့ သူတွေးနေအပြီးမှာတော့ You XiaoMo အနေနဲ့ ပထမဦးဆုံး အကြိမ်အဖြစ် သူ့ရဲ့ ပိန်လှသော ကိုယ်လုံးနှင့် ပတ်သတ်ပြီး မကျေမနပ် ဖြစ်ရသည်။ပြန်နှင့်ဖို့ရန်အတွက် အပြင်ကို တိုးထွက်ပြီးတော့မှသာ သူ့အရှေ့က လူတွေက ရုတ်တရတ် လမ်းဖယ်ပေးကြတော့သည်။ သူ ခေါင်းမော့လိုက်တော့ Ling Xiao က သူ့ဆီကို လက်ကမ်းထားတာ မြင်လိုက်တော့ သူ့မှာ မင်သက်သွားရသည်။ သူ က ဒီလိုအနေအထားကြီးက ဟို...ဟိုတီဗွီဒရမ်မာတွေက မြင့်မြတ်တော်ဝင်လှသော မင်းသားက မင်းသမီးဆီကို လက်လှမ်းလိုက်သော ဇာတ်ကွက်လိုမျိုး ခံစားရသည်။ ဒီလို ဇာတ်ကွက်ကြီးက...အာ.... သူက မိန်းမတစ်ယောက်မှ မဟုတ်တာ။ You XiaoMo ကတော့ သူ့အတွေးနှင့်သူ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။ သူတော့ အပြုစား ခံလိုက်ရတာပဲ ဖြစ်လိမ့်မည်။အဆုံးမှာတော့ သူတို့နှစ်ယောက်က လူတိုင်း၏ အရှေ့ကနေ အတူထွက်သွားကြသည်။ Ling Xiao က You XiaoMo ကို လက်တွဲခေါ်သွားချင်သော်လည်း သူ့မှာ အခြားတစ်ယောက်ဆီမှ အငြင်းခံလိုက်ရသည်။ သူပေးသော အကြောင်းပြချက်ကတော့ သူက လဲမကျပဲ လမ်းမလျှောက်တတ်သော သုံးနှစ်အရွယ် ကလေးတစ်ယောက် မဟုတ်ဟု ဆိုလေသည်။သူက အားနည်းသူ ကြောက်တတ်သူ တစ်ယောက်မှန်း Ling Xiao သိနေသော်လည်း သူက အချို့သော အရာတွေနှင့် ပတ်သတ်လျှင် အလွန်ခေါင်းမာတာ သိသောကြောင့် သူ့ကို လုပ်ခွင့်လေးတော့ ပေးထားရသည်။Fu ZiLin ကတော့ သူ၏ အရှိန်အဝါ က အလွန်အားကောင်းလှသော်လည်း သူ ပေါ်လာခြင်း ပျောက်သွားခြင်းတွေက အမြဲတမ်း အလွန်လျှို့ဝှက်ဆန်းကျယ်လှသည်။ လူတိုင်းက Ling Xiao အနားတွင် ဝိုင်းအုံချိန်တွင် သူက သူ့ဘာသာသူ ထွက်သွားပြီး ဖြစ်သည်။သူတို့နောက်မှာတော့ Ling Xiao နှင့် သူ့ညီငယ်လေး ထွက်ခွာသွားတာကို ဂိုဏ်းသားအားလုံးက ကြည့်နေကြသည်။ စိတ်ပါဝင်စားမှု အားနည်းသွားပြီးနောက် သူတို့က စတင် ပြန့်ကျဲကာ Tang YunQi ကို ထားခဲ့ကြတော့သည်။ သူ(မ)၏ အမူအယာကတော့ သူ(မ)ကို မြင်းငါးကောင်နှင့် ချည်ပြီး တစစီဖြစ်အောင် ဆွဲဖြဲနေသလို ခံစားနေရသည်။ သူ(မ)က You XiaoMo ၏ ပျောက်ကွယ်သွားပြီ ဖြစ်သော နောက်ကျောပြင်ကို မုန်းတီးလှစွာ ကြည့်နေသည်။သူ(မ)ဘေးတွင် မနေ့က အတူရှိသော အစ်ကို အစ်မ အပြင် သူ(မ)ကို ဘယ်လို နှစ်သိမ့်ရမလဲ မသိသော တည်ငြိမ်သော မျက်နှာနှင့် Jiang Liu လည်း ရှိနေသေးသည်။Ling Xiao အခန်းထဲကို ဝင်လာချိန်တွင် You XiaoMo က ရုတ်တရတ် လှည့်လာကာ ခေါင်းငုံပြီး အနည်းငယ် ကို့ယိုကားယား နိုင်လှစွာ အသံတိုးတိုးနှင့် "အစ်ကိုကြီးLing ပထမရလို့ ဂုဏ်ယူပါတယ်"သူ့ခေါင်းကို ငုံထားသော်လည်း Ling Xiao ကတော့ သူ့ပါးပေါ်က ပန်းရောင်ခပ်ဖျော့ဖျော့လေးကို မြင်နိုင်သေးသည်။ သူ့နှုတ်ခမ်းစွန်းများက မြင့်တက်လာကာ မပြတ်မသားအပြုံးတစ်ခု ဖြစ်တည်လာပြီးတော့ "ညီငယ်လေးရည်စူးတာကိုတော့ ကိုယ် လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ပြောတာမျိုးကြီးက အပြင်မှာလဲ အဲလိုအများကြီး ရထားတာ။ ညီငယ်လေးက ပိုကောင်းတဲ့ အရာ တစ်မျိုးမျိုးလေး ထပ်ဆောင်းမပေးချင်ဘူးလား။ ပေးမယ်ဆိုရင်တော့ ကိုယ်က ပိုပျော်မိမှာပဲ"You XiaoMo က ချက်ချင်း -_-|| ဖြစ်သွားသည်။ ပိုကောင်းတာ။ Ling Xiao မှော်ဆေးလုံးများနှင့် မှော်ဆေးပင်တွေ ဆုအဖြစ် ရထားပြီးသားကို သူ့ဆီကနေ ဆုအဖြစ် တစ်ခုခု လိုချင်နေသေးတာလား? ဘယ်လောက်တောင် အရေထူရသလဲ။သို့သော်လည်း သူက အစပြုပြီးပြီ ဆိုတော့ ငြင်းလိုက်ဖို့ကလည်း မကောင်းဘူး ဖြစ်နေသည်။"ဒါ.ဒါ ဆိုရင် အစ်ကိုကြီးLing က ဘာလိုချင်လို့လဲ"Ling Xiao က သူ့ကို အထက်အောက် ကြည့်နေတာမို့ သူ့ကို မသက်မသာ ခံစားရစေကာ သူ့ခြေတွေ လက်တွေ ဘယ်နားထားရမလဲ ဆိုတာတောင် မသိဘူး ဖြစ်နေသည်။ သူ့မျက်နှာပေါ်တွင် အကြံဆိုးနှင့် အပြုံးကြီး ပေါ်လာကာ "ဒီည သိလိမ့်မယ်"ဒီည ဟုတ်လား။ You XiaoMo က ဘာပြောချင်မှန်း မသိဘူးဖြစ်နေသည်။အဲဒါကို တွေးကြည့်တော့ သူ့ရဲ့ တစ်ခုတည်းသော လုပ်နိုင်စွမ်းက မှော်ဆေးလုံး ဖော်တာပဲ ရှိသည်။ သူ့မှာ ရှိတာက မှော်ဆေးလုံးများသာ ရှိသည်။ ပုံမှန်ဆိုလျှင် Ling Xiao က သူ့မှော်ဆေးလုံးတွေ စားရတာ နှစ်ခြိုက်လှသည်။ သူ လိုချင်နေတာ မှော်ဆေးလုံးများကို ရည်ညွန်းတာပဲ ဖြစ်လိမ့်မည်။ ထပ်ဆောင်းပြီး ပြောရလျှင် သူ ဒီကို ရောက်လာ ကတည်းက သူက ညဘက်တွင်သာ မှော်ဆေးလုံး ဖော်နိုင်သည်။ အဲဒါကြောင့်မို့ Ling Xiao က အဲလို ပြောတာ ဖြစ်လိမ့်မည်။အဲလို တွေးမိတော့ အဲဒါက ကိစ္စကြီး မဟုတ်ဘူးဟု You XiaoMo ခံစားရသည်။ အဆိုးဆုံးအနေနှင့်ကတော့ သူက မှော်ဆေးလုံး ဆယ်လုံးကျော်လောက် ထပ်ဆောင်းပေးဖို့ပဲ ရှိလိမ့်မည်။ ပြီးတော့ သူ့အတွက် မှော်ဆေးလုံး ဖော်စပ်ပေးထားတာတွေ ရှိသေးသည်။သို့သော် ညဖက် ရောက်ချိန်တွင် Ling Xiao က သူ့ကို အိပ်ယာပေါ်တက်ဟု ပြောချိန်တွင်တော့ You XiaoMo မှာ သူ့၏ ထပ်ဆောင်းတောင်းဆိုခြင်းက ဘာလဲ ဆိုတာ သိသွားရသည်။"ဘာလို့လဲ"You XiaoMo က Ling Xiao ကို ရှက်လဲရှက် ဝမ်းလဲနည်းကား အော်လိုက်သည်။ သူလိုချင်တာကသာ ဒါဖြစ်မှန်း သူသိခဲ့မည် ဆိုလျှင် သူ့ကို သေအောင် ရိုက်တာတောင် ဒီလို သောက်အရေးမပါသော အပိုဆု ကို လက်ခံခဲ့မှာ မဟုတ်။ သူ့ကို ကြံစည်နေတာ ကြာလှပြီဟု ထင်ရလေသည်။"ငါ့ကို ကတိပေးထားတယ်လေ။ ကိုယ့်စကား ကိုယ်ပြန်ရုတ်သိမ်းမယ်လို့တော့ လာမပြောနဲ့"Ling Xiaoက အိပ်ယာပေါ်တွင် ပျင်းရိပျင်းတွဲ နှင့် ကိုယ်တစ်ဝက်ကို လှဲလျက်နေသည်။ သူ့ရဲ့ မည်းနက်နေသော ဆံပင်များက သူ့ပခုံးပေါ်ကနေ ဝဲဖြာကျနေကာ သူ့ရဲ့ ရှိရင်းစွဲ ယုတ်မာလှသော အရှိန်အဝါကို ထပ်ဆောင်း ပေါင်းထည့်နေသေးသည်။သာမာန်လူဆိုလျှင်တော့ ဒီလို မြင်ကွင်းမျိုးကို ရင်ဆိုင်လိုက်ရချိန်တွင် အလွန်အကြူး အရူးအမူးဖြစ်ကာ မျက်ဝန်းထဲတွင် ကြယ်တွေလတွေလို တလက်လက် ပြောင်းနေလောက်ပြီ။ သူ့ရှေ့မှာ ရှိနေသူက You XiaoMo ဖြစ်တာ ဆိုးလှကာ သူ့စကားများ ပြောလိုက်သည်နှင့် သူ့ရုပ်သွင် ဘယ်လောက်ကောင်းကောင်း ဘာအတွေးမှ မရှိတော့။ထိုစကားကို ကြားတော့ You XiaoMo မျက်နှာက ရဲတောက်သွားသည်။ "အဲဒါက ဒီလိုမှန်းကိုမှ ကျွန်တော့်ကို မပြောပဲကိုး၊ အစောတည်းက သိရင် ကျွန်တော်က လက်ခံမှာမှမဟုတ်တာ"Ling Xiao က မျက်လုံးလေးမှေးကာ သူ့ကို ကြည့်ပြီး "ညီငယ်လေး။ ပြောပြီးသားကို ဖြစ်အောင်လုပ်ရတယ်"You XiaoMo သွေးတောင် အန်ချင်သွားသည်။ သူသာ စောစောက သိခဲ့ရပါက သူ့ကို မနေ့က မနက်တုန်းက မကူညီပေးခဲ့ပါဘူး။