Chapter 78 Opportunity.
ဝုန္းခနဲ တံခါး အကန္ခံရျပီး ပြင့္သြားခ်ိန္တြင္ You XiaoMo မွာ အိပ္ေမာက်ေနဆဲ ျဖစ္သည္။
ေစာင္ထဲမွာ အထိတ္တလန္႕ ထြက္လာခ်ိန္တြင္ မႈန္ဝါးဝါးမွာ လူသူကင္းမဲ့ေနေသာ ေနရာကို ဥကၠာပ်ံ တစ္ခု က်ဆင္းလာသလို မုတ္ဆိတ္မည္းႏွင့္ မည္းမည္းသည္းသည္း တုတ္တုတ္ခိုင္ခုိင္ အသက္လတ္ပိုင္းလူၾကီးတစ္ေယာက္ အခန္းထဲကို တစ္ရွိန္ထုိး ဝင္လာတာ ျမင္လုိက္ရေတာ့သည္။
"ဘယ္သူလဲ ဆိုတာ ေမးလို႕ရ......."
"မင္းက You XiaoMo ဆိုတာလား"
You XiaoMo ေတာင္ ေမးခြန္းေမးလို႕ မျပီးေသးခင္ အသက္လတ္ပိုင္းလူၾကီးက ေရာက္လာကာ သူ႕ရင္ဘတ္က ေကာ္လံကို ဆြဲစုတ္ျပီး သူ႕ကို မကာ ေဆာင္းတြင္းဘက္မွ မသဲမကြဲမိုးျခိမ္းသံလို နားေထာင္မေကာငး္လွေသာ ကြဲအက္အက္အသံျဖင့္ ေမးေလသည္။
အိပ္ယာထကာစမို႕ သူ႕စိတ္ေတြက ထုိင္းမႈိင္းေနတုန္းပဲ ျဖစ္သျဖင့္ You XiaoMo ၏ တုန္႕ျပန္ခ်က္ေတြက ေနာက္က်ေနေသးကာ ခပ္သာသာပဲ ေခါင္းညိမ့္ျပလုိက္သည္။
အၾကီးအကဲXiao က သူ၏ ခပ္ေပ်ာ့ေပ်ာ့ တုန္႕ျပန္မႈကို ေတြ႕သည္ႏွင့္ သူက ျခိမ္းေျခာက္ႏိုင္သူ မဟုတ္မွန္း သိသည္။ သူက ေအးစက္စက္ ရယ္ကာ "မင္းကို ေမးပါ့ရေစ။ မေန႕က ည ၇ နာရီကေန ၁၁ နာရီအထိ မင္းနဲ႕ ဘယ္သူရွိလဲ ျပီးေတာ့ မင္းတုိ႕ ဘာေတြ လုပ္ေနၾကလဲ"
"ခင္ဗ်ား..... ကၽြန္ေတာ္ အသက္ရႈမရေတာ့ဘူး"
You XiaoMo မ်က္ႏွာက နီရဲလာသည္။ ထိုသူ၏ ခြန္အားက အလြန္သန္မာလြန္းလွသည္။ သူက အၾကီးအကဲXiao ဟြန္႕ခနဲ ႏွာမႈတ္ကာ သူ႕ကို လႊတ္မေပးခင္တြင္ အသက္ေတာင္ ရႈလုိ႕ မရေလာက္ေတာ့သည့္ နီးပါးပင္။
အၾကီးအကဲXiao အေၾကာင္း ေျပာရလွ်င္ သူ႕နာမည္ အျပည့္အစံုက Xiao Shan ျဖစ္ကာ TianXin ဂုိဏ္းထဲတြင္ ေတာ္ေတာ္ေလး ရည္ညႊန္းေျပာဆို ထိုက္သူ တစ္ေယာက္လည္း ျဖစ္သည္။
Xiao Shan က အလြန္သီးျခားေနတတ္သူ ျဖစ္သည္။ သူက လူတုိင္းကို သူ႕ထက္ နိမ့္က်သည္ဟုသာ ထင္တတ္ေသာ အမူအက်င့္က Lei Ju ထက္ေတာင္ ဆိုးလွသည္။ သူ စကားေျပာလွ်င္ လူအမ်ားကို ဆန္႕က်င္ျပီး ေျပာေလ့ ရွိသည္။ သူက အခုခ်ိန္ထိ ေျမွာက္စားခံေနရေသာ အၾကာင္းအရင္းမွာ သူ႕တြင္ ဆရာေကာင္း တစ္ေယာက္ ျဖစ္ေသာေၾကာင့္သာ ျဖစ္သည္။ သူ႕ဆရာမွာ Tang Fanဆရာ၏ ဆရာတူ ညီငယ္ေလး ျဖစ္သည္။ Tang Fan ေတာင္ အာခံရဲေသာသူ မဟုတ္ေပ။
ဒီလို အေရးပါ အရာေရာက္ေသာ ေနာက္ခံ ရွိျခင္းကလည္း Lei Ju တစ္ေယာက္ Ling Xiao ကို အာခံရဲျခင္း၏ အေၾကာင္းရင္း ျဖစ္သည္။ အခုေတာ့ Ling Xiao က သံသယရွိသူမ်ားထဲမွ တစ္ေယာက္ ျဖစ္ေနတာမို႕ Xiao Shan က ဒီအခြင့္အေရးကို လက္လႊတ္ဘယ္ခံပါ့မလဲ။
You XiaoMo က တစ္ဟြတ္ဟြတ္ႏွင့္ အၾကိမ္အနည္းငယ္ ေခ်ာင္းဆိုးျပီးေနာက္ သူ႕ေဘးက လူက စိတ္မရွည္စြာ ထပ္ေမးခြန္းထုတ္တာ ၾကားလိုက္သည္။ အဲဒိေတာ့မွပဲ ထိုသူကို သူ ေမးခြန္းထုတ္မိတာကို မွတ္မိသြားသည္။ တကယ္ေတာ့ Ling Xiao လာ အေစာပိုင္းက လာေခၚသြားတုန္းက အဲဒါက အၾကီးအကဲJiang ႏွင့္ ပတ္သတ္ေသာ ကိစၥ ဆိုတာေတာ့ သူမွတ္မိလုိက္သည္။ သုိ႕ေသာ္ သူတို႕မေန႕က လုပ္ခဲ့တာကို ခပ္တင္းတင္းဖံုးကြယ္ထားမွေတာ့ Ling Xiao က သူတို႕ကို အဲဒိအေၾကာင္း ေဖာ္မွာမဟုတ္။ ဒီလူမ်ားကလည္း သူ ႏွင့္ အၾကီးအကဲJiang၏ အေျခအေနႏွင့္ တစ္ခုခု စပ္ဆက္ေနမွန္း သိမွာမဟုတ္ေလာက္ေပ။
Ling Xiao ထြက္သြားတာ နာရီဝက္ေလာက္သာ ရွိေသးျပီးေတာ့ ဒီလူက သူ႕ကို လာရွာသည္။ ဒီေတာ့ အဲဒါက Ling Xiao သူ႕အေၾကာင္း ေျပာလိုက္လို႕ပဲ ျဖစ္ဖို႕ မ်ားသည္။
သူႏွင့္ Ling Xiao က ဒီကိစၥကို ၾကိဳမေဆြးေႏြးထားေပမယ့္ You XiaoMo က သူ႕အားနည္းခ်က္ေတြကို ေဖာ္ရေလာက္တဲ့ အထိ တုံးအေနသူေတာ့ မဟုတ္ေခ်။ သူတို႕ေတြ ဘာေတြ လုပ္တယ္ဆိုတာ စဥ္းစားၾကည့္ျပီးေနာက္ "ကၽြန္ေတာ္ မေန႕ အစ္ကိုၾကီးLing နဲ႕ ရွိေနတာ။ ကၽြန္ေတာ္က ေမွာ္ေဆးလံုး ေဖာ္တယ္။ သူကေတာ့ တရားထိုင္ေနခဲ့တာ"
ဒါေတြက သူတို႕ တစ္ေန႕က ညက လုပ္ခဲ့ ၾကတာ ျဖစ္သည္။ Ling Xiao သည္လည္း တူညီေသာ အရာကိုပဲ ေျပာလိမ့္မည္ လို႕ သူမွန္းဆမိသည္။
Xiao Shan က မွန္းဆမရသလို သူ႕ကုိ ၾကည့္ေသာ အၾကည့္ေတြကလဲ သူလိမ္ေနတာ ျမင္ရေအာင္ ထိုးေဖာက္လုမတတ္ စူးရွလွသည္။ အဆံုးမွာေတာ့ မွန္းဆမရပဲ ေအးတိေအးစက္ ႏွင့္ လွည့္ထြက္ကာ "ငါနဲ႕ လိုက္ခဲ့"
သူ လွည့္သြားေတာ့မွ You XiaoMo သက္ျပင္းခ်ႏိုင္သည္။ သူလည္း ဗီဒိုထဲမွ ဝတ္စံုတစ္စံု အျမန္ထုတ္ယူကာ လမ္းေလွ်ာက္ေနတုန္း ဝတ္ရသည္။ သူတို႕ ခန္းမၾကီးထဲ ေရာက္ခ်ိန္တြင္မူ သူက သင့္တင့္ေလ်ာက္ပတ္စြာ ဝတ္ဆင္ျပီးေနျပီ။
သူ အသာေလး Xiao Shan ေနာက္မွ လိုက္ဝင္သြားသည္။ You XiaoMo က အနားပတ္လည္ကို ခိုးၾကည့္ေတာ့ ေမွ်ာ္လင့္ထားသလုိပဲ Ling Xiao ကို ျမင္လုိက္သည္။ သူ႕အမူအယာကို ဂရုတစိုက္ ေလ့လာၾကည့္ရေသးသည္။ သာမာန္အတိုင္း အနည္းငယ္ျပံဳးမ်မ် ရွိေသာ မ်က္ႏွာဖံုးႏွင့္ သာ ရွိေနေသးသည္။ ၾကည့္ရတာ သူ႕ေၾကာင့္ ဆိုတာ မသိေသးၾကပံုပင္။
"ဂိုဏ္းခ်ဳပ္ၾကီး ကၽြန္ေတာ္ You XiaoMo ကို ေခၚလာျပီးပါျပီ" ေျပာျပီးေတာ့ Xiao Shan က သူ႕ထုိင္ခံုသို႕ ျပန္သြားထုိင္သည္။
Jiang Liu သည္လည္းပဲ ခန္းမၾကီးထဲတြင္ ရွိေနတာ You XiaoMo သတိျပဳမိသည္။ ေခါင္းငံု႕ေနသျဖင့္ သူ႕အမူအယာက သိပ္မသဲမကြဲ ျဖစ္ေနတာသာ ရွိသည္။ သူလဲပဲ ေရာက္လာကာစ ျဖစ္ကာ ဘာ့ေၾကာင့္ ေခၚလုိက္မွန္း မသိေသးပံု ေပၚေနသည္။
"You XiaoMo မင့္ အစ္ကိုၾကီးLin က ေျပာတာေတာ့ သူနဲ႕ ျပီးခဲ့တဲ့ တစ္ညလံုး ရွိေနတာဆို ဟုတ္သလား"
လူတုိင္း ေရာက္ေနတာ ျမင္ေတာ့ Tang Fan က ထိပ္သီးထုိင္ခံုမွ ေနကာ ေမးခြန္းမ်ား စတင္ေမးျမန္းေတာ့သည္။ သူ႕အသံက တသီးတသန္႕ႏွင့္ ထူးျခားမေနေသာ္လည္း အာဏာသံေတာ့ ေပါက္ေနေသးသည္။ သူကေတာ့ ခပ္ဆဆေျပာတာ ျဖစ္ေပမယ့္ You XiaoMo၏ နားထဲတြင္ေတာ့ နားေလးသူကိုေတာင္ ထိတ္လန္႕သြားေစႏိုင္သည္ဟု ထင္ရသည္။
You XiaoMo က ခ်က္ခ်င္း လက္ႏွစ္ဖက္ကို ယွက္ျပီး အရုိအေသေပးကာ "ဂိုဏ္းခ်ဳပ္ၾကီးကို ျပန္ေျဖပါတယ္။ ကၽြန္ေတာ္က တကယ္ပဲ ျပီးခဲ့တဲ့ ညက အစ္ကိုၾကီးLin နဲ႕ ရွိေနတာပါ"
"အို႕ မင္းတို႕ ႏွစ္ေယာက္ ညတုန္းက ဘာေတြလုပ္ၾကေသးလဲ" Tang Fan အသံက တစ္ေျပးညီတည္း ျဖစ္ကာ သူ႕အေတြးေတြကို မလွစ္ဟေပ။
"ဂိုဏ္းခ်ဳပ္ၾကီးကို အေျဖျပန္ေပးရလွ်င္ေတာ့ မေန႕က ဒီတပည့္ေလးက ေမွာ္ေဆးလံုးေတြ ေဖာ္စပ္ေနတာပါ။ အစ္ကိုၾကီးLin ကေတာ့ တရားထိုင္ပါတယ္"
You XiaoMo က သူ Xiao Shan ကို ေျပာခဲ့တာကိုပဲ ျပန္ေျပာလုိက္သည္။ သူသာ တစ္ခုခု မွားသြားခဲ့လွ်င္ Ling Xiao က ေသခ်ာေပါက္ တစ္နည္းနည္းနဲ႕ ထြက္ေပါက္ ရွာလိမ့္မည္ ဆိုတာ သိေတာ့ ဒီတစ္ၾကိမ္စကားေျပာရတာ ပိုျပီး ယံုၾကည္မႈ ပိုရွိေနသည္။
"ဒီတစ္ေလွ်ာက္လံုးမွာ မင္းလဲ ေတာ္ေတာ္အလုပ္ ၾကိဳးစားတာပဲ။ ညီငယ္ေလးKong က မင္းကို သူ႕တပည့္အျဖစ္ ေခၚတာ အံ့ၾသစရာေတာ့ မရွိပါဘူး။ မဆိုးဘူးပဲ။ မေန႕က ဘာေမွာ္ေဆးလံုးမ်ား ေဖာ္လိုက္လဲ။ ယူလာပါဦး ၾကည့္ရေအာင္"
Tang Fan ၏ အမူအယာက အငယ္ကို ႏွစ္သက္ေက်နပ္ေနေသာ အၾကီးအကဲ တစ္ေယာက္အလား အျပံဳးခပ္ပါးပါး တစ္ခုကို ေဖာ္ျပေနသည္။
"ဟုတ္ကဲ့ ဂုိဏ္းခ်ဳပ္ၾကီး"
You XiaoMo ရင္ေတြ ရုတ္တရတ္ ေအးသြားေပးမယ့္ သူက ထုတ္ေဖာ္ေတာ့ မျပရဲေပ။ အဲဒိေနာက္ သူက စိ္တ္လႈပ္ရွားေနဟန္ႏွင့္ သူ႕ေမွာ္အိတ္ထဲမွ အျဖဴေရာင္ ပုလင္းတစ္လံုးကို ထုတ္ကာ တရုိတေသ အေရွ႕ကို ကို္င္းကာ လက္ထဲအပ္လိုက္သည္။
Tang Fan က ပုလင္းကို ယူကာ အစို႕ကို ဖြင့္လုိက္ျပီး ေမွာ္ေဆးလံုး တစ္လံုးကို သြန္ခ်လိုက္သည္။ ေဆးအနံ႕က အရမ္းေတာ့ မျပင္းလွေပ။ ဒါက သာမာန္ အဆင့္တစ္ အစာခံေဆးလံုး သာ ျဖစ္သည္။ ဘာမွ ထူးဆန္းတာ မရွိေပ။ တစ္ခ်က္ေလာက္ အၾကမ္းဖ်င္း ၾကည့္လုိက္ျပီး သူက ျပန္ထဲ့ကာ "မဆိုးဘူး ဆက္ၾကိဳးစားထား။ TianXin ဂုိဏ္းကို အေထာက္အပံ့ ျဖစ္ေစမယ့္ ေတာ္တဲ့ ေမွာ္ဆရာတစ္ေယာက္ ျဖစ္ေအာင္ အျပင္းအထန္ ၾကိဳးစား။ ဇြဲမေလ်ာ့နဲ႕"
You XiaoMo က ေျခတစ္လွမ္းတုိးကာ ေဆးပုလင္းကို ျပန္ယူလို္က္သည္။ သူက ရိုေသစြာႏွင့္ "ကၽြန္ေတာ္ အေကာင္းဆံုး ၾကိဳးစားမွာပါ။ ကၽြန္ေတာ္ ဂုိဏ္းခ်ဳပ္ၾကီးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို မက်ဆံုးေစရပါဘူး"
အဲလိုလဲ ေျပာျပီးေရာ ေဘးတစ္ဖက္ကို ကပ္ကာ ေနာက္ျဖစ္လာမည့္ ကိစၥေတြက သူႏွင့္ မဆိုင္ေတာ့ဘူးသာ ေတြးလိုက္ေတာ့သည္။
"ဒီကိစၥကေတာ့ ဒီေန႕အဖို႕ ဒီမွာတင္ ျပီးသြားျပီ။ အၾကီးအကဲJiang က ဒါဏ္ရာ ရသြားတယ္။ စံုစမ္းဖို႕ လူလႊတ္လုိက္ဦးမယ္။ လူတုိင္းသြားႏိုင္ျပီ"
Tang Fan က ရွိေနေသာ လူတိုင္းကို လက္ေဝ့ျပကာ ဒီကိစၥကို မဆက္မဆြဲေစလိုေပ။ ျပီးေတာ့ ျပိဳင္ပြဲ တတိယအဆင့္လဲ လာေပေတာ့မည္။
Xiao Shan ႏွင့္ Lei Ju တို႕ ဆရာတပည့္ ႏွစ္ေယာက္က စိတ္ခ်င္း ဆက္ေနသလို ခန္းမၾကီးမွ မထြက္သြားခင္ Ling Xiao ကို တစ္ေယာက္ျပီး တစ္ေယာက္ လွည့္ၾကည့္သြားေသးသည္။
Ling Xiao က You XiaoMo ဆီကို ေလွ်ာက္သြားကာ သူႏွင့္ ခန္းမၾကီးမွ ထြက္ခဲ့ေတာ့သည္။ အျခားေသာ ဂိုဏ္းသားမ်ားသည္လလည္း တစ္ေယာက္ျပီး တစ္ေယာက္ ထြက္သြားကာ Jiang Liu က သူ႕ဘာသာသူ ထြက္လာသည္။ လူတိုင္းက သူ႕ကို ေမ့ေနသလုိေတာင္ ျဖစ္ေနသည္။
ေနထုိင္ရာ အေဆာင္ကို ျပန္ေရာက္ၾကေတာ့မွ You XiaoMo က အခန္းထဲကို ခ်က္ခ်င္း ေျပးဝင္သြားသည္။ ထိတ္လန္႕ေနေသာ ရင္ဘတ္ကို ကို္င္ထားကာ "ေသေလာက္ေအာင္ ေၾကာက္သြားတာ။ ဂိုဏ္းခ်ဳပ္ၾကီးရဲ႕ မ်က္လံုးေတြက အရမ္း စူးရွတာပဲ။ အခုေလးတြင္ မိသြားျပီေတာင္ ထင္ေနမိတယ္"
Ling Xiao က သူ႕ေဘးကို ေလွ်ာက္လာကာ ေရေႏြးအုိးကို ေကာက္မျပီးေတာ့ သူ႕အတြက္ ေရေႏြးတစ္ခြက္ ငွဲ႕ေပးလုိက္ကာ "Tang Fan က ေကာက္က်စ္တဲ့ ေျမေခြးအိုၾကီးပဲ။ ငါ့ကို သံသယ ျဖစ္ေနေတာ့ ငါနဲ႕ အနီးကပ္တဲ့ မင္းကို ေမးခြန္းထုတ္တာ မွန္းထားသလုိပါပဲ"
"ကၽြန္ေတာ္ အဆင့္တစ္ အဆာခံေမွာ္ေဆးလံုး တစ္ပုလင္း ေဖာ္ထားမိလို႕ ကံေကာင္းသြားတယ္ မဟုတ္လွ်င္ ကၽြန္ေတာ့္မွာ သူ႕ကို ေပးစရာ ဘာေမွာ္ေဆးလံုးမွ ရွိမွာ မဟုတ္လို႕ကေတာ့ ကၽြန္ေတာ့္ အလိမ္ေတြ ကို သူ ျမင္သြားေလာက္တယ္ "
You XiaoMo က သူ႕ရဲ႕ စဥ္းစားဥာဏ္ေလးကို လက္ခုပ္ၾသဘာေပးတာ ခံခ်င္ေသးသည္။ ဂိုဏ္းခ်ဳပ္ၾကီးႏွင့္ စကားေျပာရသည္မွာ သူ႕အတြက္ သူ႕ႏွလံုးကို အလြန္အမင္း ဖိစိေနေလသည္။
"အေစာတုန္းက Xiao Shan မင္းကို လာေခၚတုန္းက သူ မင္းကို တစ္ခုခု လုပ္ေသးလား"
Ling Xiao က သူ႕ေရွ႕တြင္ ထိုင္ကာ အနဲငယ္ ပန္းေသြးသန္းေနေသာ You XiaoMo ၏ ပါးျပင္ကုိ ေတာက္ပေသာ မ်က္လံုးမ်ားႏွင့္ ေငးၾကည့္ေနသည္မွာ သူ႕ ဦးေခါင္းခြံၾကီးကိုေတာင္ ေဖာက္ထြင္း ျမင္ခ်င္ေနသလိုပင္။
You XiaoMo က ေခါင္းခါျပီး "မလုပ္ပါဘူး ဒါေပမယ့္ သူက အရမ္းရုိင္းတာပဲ။ တံခါးလဲ မေခါက္ဘူး။ တံခါးကို ကန္ဖြင့္ျပီးေတာ့ အထဲဝင္လာတယ္။ အၾကီးအကဲ တစ္ေယာက္နဲ႕ နည္းနည္းေလးမွ မတူဘူး။ ျပီးေတာ့ ကၽြန္ေတာ္ အက်ီ ၤဝတ္တာကိုေတာင္ မေစာင့္ေပးဘူး။ အထဲ တန္းဝင္လာျပီးေတာ့ ကၽြန္ေတာ့္ ေကာ္လံကို လာဆုပ္ေတာ့တာ။ ကံေကာင္းလို႕ ကၽြန္ေတာ္က ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနတာမဟုတ္လို႕ ခပ္ျမန္ျမန္ ႏိုးလာတာ "
အဲဒါကို ၾကားေသာ အခါတြင္ Ling Xiao က သူ႕မ်က္လံုးေတြကို ေမွးက်ဥ္းသြားကာ သူ႕မ်က္လံုး၏ နက္ရႈိင္းလွေသာ ေအာက္ေျခတြင္ ေအးစက္စက္အရွိန္အဝါေတြ ဖံုးကြယ္လုိက္သည္။
အဲဒိအဖိုးၾကီးကေတာ့ သူ႕လူကိုေတာင္ လာထိရဲတယ္။ သူတို႕က ထပ္တလဲလဲ လာစေနမွေတာ့ သူ မယဥ္ေက်းေတာ့တာ သူ႕ကို လာအျပစ္မတင္ေလႏွင့္။
အၾကီးအကဲJiang ကိစၥက အျပင္ကုိ မေပါက္ၾကားတာမို႕ မ်ားစြာေသာ ဂိုဏ္းသားမ်ားက အဲဒိကိစၥကို မသိၾကေခ်။
ျပိဳင္ပြဲ၏ တာဝန္ခံက Xiao Shan ဆီကို ေျပာင္းလဲျပီးေနာက္ ျပိဳင္ပြဲက သူ႕ဇယားအတုိင္း ဆက္သြားသည္။ သူက အၾကီးအကဲJiang ေလာက္ ေခ်ာေခ်ာေမြ႕ေမြ႕ မရွိေပယ့္ ဘယ္သူကမွ သိပ္ အာရံုမထားၾက။ သာမာန္ အဖြင့္စကားကို ေျပာျပီးသည္ႏွင့္ သူက မဲ စႏႈိက္ေတာ့သည္။
ရႈံးထြက္ ပြဲစဥ္ ႏွစ္ပြဲ အျပီးတြင္ ဆယ့္သံုးေယာက္သာ က်န္ရွိေတာ့သည္။ မေမွ်ာ္လင့္ထားေသာ အျဖစ္အပ်က္မ်ားသာ မျဖစ္ပ်က္ဘူး ဆိုလွ်င္ ဒီေန႕က ေနာက္ဆံုးအႏုိင္ရသူကို ဆံုးျဖတ္ေပးမွာ ျဖစ္သည္။
Xiao Shan က ဘူးထဲမွ စာလိပ္ ႏွစ္ခု ထုတ္ယူလုိက္သည္။ ဖြင့္လုိက္ေသာအခါ သူ ျမင္လုိက္ရတာ သူမယံုႏိုင္သလုိ သူ႕မ်က္လံုးေတြ အနည္းငယ္ ျပဴးက်ယ္သြားေလသည္။ သို႕ေသာ္လဲ အားလံုး၏ ေစာင့္ၾကည့္ေနေသာ မ်က္လံုးမ်ား ေအာက္တြင္ သူလုပ္ႏိုင္တာ ဘာမွ မရွိေပ။ သူက နားထင္ကိုသာ ဖိႏွိပ္ကာ "ပထမပြဲစဥ္ရဲ႕ ယွဥ္ျပိဳင္သူေတြက Ling Xiao နဲ႕ Lei Ju. စင္ေပၚ တက္လာခဲ့ေပးပါ"
ျပိဳင္ပြဲ ဝင္သူမ်ားႏွင့္ ပရိတ္သတ္မ်ားက ရုတ္တရတ္ တိတ္က်သြားသည္။
ဒီအေျခအေနၾကီးက ျပိဳင္ပြဲ၏ ပထမဆံုး ပြဲစဥ္ႏွင့္ တူညီေနသည္။ မဲႏႈိက္သူက အခုတစ္ၾကိမ္က Xiao Shan ျဖစ္သြားတာသာ ရွိကာ သူက Lei Ju ကို Ling Xiao ႏွင့္ ယွဥ္ျပိဳင္ရန္ မဲႏႈိက္သူ ျဖစ္သြားသည္။ ဒီအဓိပၸါယ္က ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ကေတာ့ ထြက္ရမည္ ျဖစ္ကာ ထိပ္ဆံုး ခုနစ္ေယာက္ထဲတြင္ ပါဝင္ခြင့္ မရွိေတာ့။
လူတိုင္း၏ အမူအယာက ရုတ္တရက္ အလြန္ စိတ္အားတက္ၾကြလာကာ အေသအေၾကတုိက္မယ့္ ပြဲ တစ္ပြဲကို ၾကည့္ရေတာ့ေပမည္။
Ling Xiao ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားက အသာျမင့္တက္သြားသည္။ စိတ္ဆႏၵသာ ရွိရင္ ျဖစ္လာတယ္ဆိုတာ မွန္ေနသည္ပဲ။ သူက အခုေလးတင္ Lei Ju ကို သင္ခန္းစာတစ္ခုေလာက္ ေပးဖို႕ နည္းလမ္းတစ္ခု ေတြးေနေသးသည္ သူ႕အခန္းေရွ႕ စိုက္စို္က္ျမိဳက္ျမိဳက္ ေရာက္လာသည္။ Xiao Shan ကေပးေသာ ဒီအခြင့္အေရးကို အျပည့္အဝ အသံုးမခ်လွ်င္ မွားယြင္းသြားေပလိမ့္မည္။
အဲဒါကုိ ေတြးမိေတာ့ Ling Xiao မတ္တပ္ရပ္ကာ စင္ေပၚကို တက္ေတာ့ဟန္ ျပင္တုန္းမွာ သူ႕အက်ီ ၤစကို ဆြဲလုိက္သလို ခံစားလိုက္ရသည္။ ငံုၾကည့္လုိက္ေတာ့ You XiaoMo က သူ႕အက်ီ ၤစကို ဆြဲထားတာ ျမင္လုိက္ရသည္။
"အစ္ကိုၾကီးLing ဂရုစိုက္ေနာ္။ အဲဒိ Lei Ju က အရမ္းသန္ပံုပဲ" You XiaoMo က ခပ္ေပ်ာ့ေပ်ာ့ေလး ဆိုသည္။
ေႏြးေထြးမႈေလးက ျဖတ္ခနဲ Ling Xiao မ်က္လံုးထဲ ေပၚလာသည္။ သူ႕ေခါင္းေလးကို မပုတ္ေပးပဲ မေနႏိုင္စြာ ပုတ္ေပးျပီးေတာ့ "စိတ္မပူနဲ႕။ ငါက ဂရုစိုက္စရာ မလိုပါဘူး Lei Ju ကသာ ဂရုစိုက္ရမွာ"
အဲလို ေျပာျပီးေတာ့ Luo Xia လက္လွမ္းေပးေသာ ဓါးရွည္ကို ဆြဲယူလုိက္သည္။
Lin Xiao အစစ္က ဓါးရွည္တစ္လက္ အသံုးျပဳသည္။
သူ လွည့္ထြက္သြားတာကို ျမင္ေတာ့ You XiaoMo ႏႈတ္ခမ္းစူေလသည္။ ဒီ ဘဝင္ရူး ကေတာ့ ေနာ္။ သုိ႕ေသာ္လည္း သူက ေျပာသလို လုပ္ႏိုင္ေနေလသည္။ Lei Ju က ၾကည့္တာႏွင့္ အလြန္သန္မာပံု ရေသာ္လည္း သူက အၾကီးအကဲ Jiang ေလာက္ေတာ့ မသန္မာေပ။ Ling Xiao က အၾကီးအကဲ Jiang ကိုေတာင္ သတ္ႏို္င္ေလရာ Lei Ju ေလာက္က စာဖြဲ႕ေနစရာပင္ မလို။
Unicode
Chapter 78 Opportunity.ဝုန်းခနဲ တံခါး အကန်ခံရပြီး ပွင့်သွားချိန်တွင် You XiaoMo မှာ အိပ်မောကျနေဆဲ ဖြစ်သည်။စောင်ထဲမှာ အထိတ်တလန့် ထွက်လာချိန်တွင် မှုန်ဝါးဝါးမှာ လူသူကင်းမဲ့နေသော နေရာကို ဥက္ကာပျံ တစ်ခု ကျဆင်းလာသလို မုတ်ဆိတ်မည်းနှင့် မည်းမည်းသည်းသည်း တုတ်တုတ်ခိုင်ခိုင် အသက်လတ်ပိုင်းလူကြီးတစ်ယောက် အခန်းထဲကို တစ်ရှိန်ထိုး ဝင်လာတာ မြင်လိုက်ရတော့သည်။"ဘယ်သူလဲ ဆိုတာ မေးလို့ရ.......""မင်းက You XiaoMo ဆိုတာလား"You XiaoMo တောင် မေးခွန်းမေးလို့ မပြီးသေးခင် အသက်လတ်ပိုင်းလူကြီးက ရောက်လာကာ သူ့ရင်ဘတ်က ကော်လံကို ဆွဲစုတ်ပြီး သူ့ကို မကာ ဆောင်းတွင်းဘက်မှ မသဲမကွဲမိုးခြိမ်းသံလို နားထောင်မကောင်းလှသော ကွဲအက်အက်အသံဖြင့် မေးလေသည်။အိပ်ယာထကာစမို့ သူ့စိတ်တွေက ထိုင်းမှိုင်းနေတုန်းပဲ ဖြစ်သဖြင့် You XiaoMo ၏ တုန့်ပြန်ချက်တွေက နောက်ကျနေသေးကာ ခပ်သာသာပဲ ခေါင်းညိမ့်ပြလိုက်သည်။အကြီးအကဲXiao က သူ၏ ခပ်ပျော့ပျော့ တုန့်ပြန်မှုကို တွေ့သည်နှင့် သူက ခြိမ်းခြောက်နိုင်သူ မဟုတ်မှန်း သိသည်။ သူက အေးစက်စက် ရယ်ကာ "မင်းကို မေးပါ့ရစေ။ မနေ့က ည ၇ နာရီကနေ ၁၁ နာရီအထိ မင်းနဲ့ ဘယ်သူရှိလဲ ပြီးတော့ မင်းတို့ ဘာတွေ လုပ်နေကြလဲ""ခင်ဗျား..... ကျွန်တော် အသက်ရှုမရတော့ဘူး"You XiaoMo မျက်နှာက နီရဲလာသည်။ ထိုသူ၏ ခွန်အားက အလွန်သန်မာလွန်းလှသည်။ သူက အကြီးအကဲXiao ဟွန့်ခနဲ နှာမှုတ်ကာ သူ့ကို လွှတ်မပေးခင်တွင် အသက်တောင် ရှုလို့ မရလောက်တော့သည့် နီးပါးပင်။အကြီးအကဲXiao အကြောင်း ပြောရလျှင် သူ့နာမည် အပြည့်အစုံက Xiao Shan ဖြစ်ကာ TianXin ဂိုဏ်းထဲတွင် တော်တော်လေး ရည်ညွှန်းပြောဆို ထိုက်သူ တစ်ယောက်လည်း ဖြစ်သည်။Xiao Shan က အလွန်သီးခြားနေတတ်သူ ဖြစ်သည်။ သူက လူတိုင်းကို သူ့ထက် နိမ့်ကျသည်ဟုသာ ထင်တတ်သော အမူအကျင့်က Lei Ju ထက်တောင် ဆိုးလှသည်။ သူ စကားပြောလျှင် လူအများကို ဆန့်ကျင်ပြီး ပြောလေ့ ရှိသည်။ သူက အခုချိန်ထိ မြှောက်စားခံနေရသော အကြာင်းအရင်းမှာ သူ့တွင် ဆရာကောင်း တစ်ယောက် ဖြစ်သောကြောင့်သာ ဖြစ်သည်။ သူ့ဆရာမှာ Tang Fanဆရာ၏ ဆရာတူ ညီငယ်လေး ဖြစ်သည်။ Tang Fan တောင် အာခံရဲသောသူ မဟုတ်ပေ။ဒီလို အရေးပါ အရာရောက်သော နောက်ခံ ရှိခြင်းကလည်း Lei Ju တစ်ယောက် Ling Xiao ကို အာခံရဲခြင်း၏ အကြောင်းရင်း ဖြစ်သည်။ အခုတော့ Ling Xiao က သံသယရှိသူများထဲမှ တစ်ယောက် ဖြစ်နေတာမို့ Xiao Shan က ဒီအခွင့်အရေးကို လက်လွှတ်ဘယ်ခံပါ့မလဲ။ You XiaoMo က တစ်ဟွတ်ဟွတ်နှင့် အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် သူ့ဘေးက လူက စိတ်မရှည်စွာ ထပ်မေးခွန်းထုတ်တာ ကြားလိုက်သည်။ အဲဒိတော့မှပဲ ထိုသူကို သူ မေးခွန်းထုတ်မိတာကို မှတ်မိသွားသည်။ တကယ်တော့ Ling Xiao လာ အစောပိုင်းက လာခေါ်သွားတုန်းက အဲဒါက အကြီးအကဲJiang နှင့် ပတ်သတ်သော ကိစ္စ ဆိုတာတော့ သူမှတ်မိလိုက်သည်။ သို့သော် သူတို့မနေ့က လုပ်ခဲ့တာကို ခပ်တင်းတင်းဖုံးကွယ်ထားမှတော့ Ling Xiao က သူတို့ကို အဲဒိအကြောင်း ဖော်မှာမဟုတ်။ ဒီလူများကလည်း သူ နှင့် အကြီးအကဲJiang၏ အခြေအနေနှင့် တစ်ခုခု စပ်ဆက်နေမှန်း သိမှာမဟုတ်လောက်ပေ။Ling Xiao ထွက်သွားတာ နာရီဝက်လောက်သာ ရှိသေးပြီးတော့ ဒီလူက သူ့ကို လာရှာသည်။ ဒီတော့ အဲဒါက Ling Xiao သူ့အကြောင်း ပြောလိုက်လို့ပဲ ဖြစ်ဖို့ များသည်။သူနှင့် Ling Xiao က ဒီကိစ္စကို ကြိုမဆွေးနွေးထားပေမယ့် You XiaoMo က သူ့အားနည်းချက်တွေကို ဖော်ရလောက်တဲ့ အထိ တုံးအနေသူတော့ မဟုတ်ချေ။ သူတို့တွေ ဘာတွေ လုပ်တယ်ဆိုတာ စဉ်းစားကြည့်ပြီးနောက် "ကျွန်တော် မနေ့ အစ်ကိုကြီးLing နဲ့ ရှိနေတာ။ ကျွန်တော်က မှော်ဆေးလုံး ဖော်တယ်။ သူကတော့ တရားထိုင်နေခဲ့တာ"ဒါတွေက သူတို့ တစ်နေ့က ညက လုပ်ခဲ့ ကြတာ ဖြစ်သည်။ Ling Xiao သည်လည်း တူညီသော အရာကိုပဲ ပြောလိမ့်မည် လို့ သူမှန်းဆမိသည်။Xiao Shan က မှန်းဆမရသလို သူ့ကို ကြည့်သော အကြည့်တွေကလဲ သူလိမ်နေတာ မြင်ရအောင် ထိုးဖောက်လုမတတ် စူးရှလှသည်။ အဆုံးမှာတော့ မှန်းဆမရပဲ အေးတိအေးစက် နှင့် လှည့်ထွက်ကာ "ငါနဲ့ လိုက်ခဲ့"သူ လှည့်သွားတော့မှ You XiaoMo သက်ပြင်းချနိုင်သည်။ သူလည်း ဗီဒိုထဲမှ ဝတ်စုံတစ်စုံ အမြန်ထုတ်ယူကာ လမ်းလျှောက်နေတုန်း ဝတ်ရသည်။ သူတို့ ခန်းမကြီးထဲ ရောက်ချိန်တွင်မူ သူက သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ပြီးနေပြီ။သူ အသာလေး Xiao Shan နောက်မှ လိုက်ဝင်သွားသည်။ You XiaoMo က အနားပတ်လည်ကို ခိုးကြည့်တော့ မျှော်လင့်ထားသလိုပဲ Ling Xiao ကို မြင်လိုက်သည်။ သူ့အမူအယာကို ဂရုတစိုက် လေ့လာကြည့်ရသေးသည်။ သာမာန်အတိုင်း အနည်းငယ်ပြုံးမျမျ ရှိသော မျက်နှာဖုံးနှင့် သာ ရှိနေသေးသည်။ ကြည့်ရတာ သူ့ကြောင့် ဆိုတာ မသိသေးကြပုံပင်။"ဂိုဏ်းချုပ်ကြီး ကျွန်တော် You XiaoMo ကို ခေါ်လာပြီးပါပြီ" ပြောပြီးတော့ Xiao Shan က သူ့ထိုင်ခုံသို့ ပြန်သွားထိုင်သည်။Jiang Liu သည်လည်းပဲ ခန်းမကြီးထဲတွင် ရှိနေတာ You XiaoMo သတိပြုမိသည်။ ခေါင်းငုံ့နေသဖြင့် သူ့အမူအယာက သိပ်မသဲမကွဲ ဖြစ်နေတာသာ ရှိသည်။ သူလဲပဲ ရောက်လာကာစ ဖြစ်ကာ ဘာ့ကြောင့် ခေါ်လိုက်မှန်း မသိသေးပုံ ပေါ်နေသည်။"You XiaoMo မင့် အစ်ကိုကြီးLin က ပြောတာတော့ သူနဲ့ ပြီးခဲ့တဲ့ တစ်ညလုံး ရှိနေတာဆို ဟုတ်သလား"လူတိုင်း ရောက်နေတာ မြင်တော့ Tang Fan က ထိပ်သီးထိုင်ခုံမှ နေကာ မေးခွန်းများ စတင်မေးမြန်းတော့သည်။ သူ့အသံက တသီးတသန့်နှင့် ထူးခြားမနေသော်လည်း အာဏာသံတော့ ပေါက်နေသေးသည်။ သူကတော့ ခပ်ဆဆပြောတာ ဖြစ်ပေမယ့် You XiaoMo၏ နားထဲတွင်တော့ နားလေးသူကိုတောင် ထိတ်လန့်သွားစေနိုင်သည်ဟု ထင်ရသည်။You XiaoMo က ချက်ချင်း လက်နှစ်ဖက်ကို ယှက်ပြီး အရိုအသေပေးကာ "ဂိုဏ်းချုပ်ကြီးကို ပြန်ဖြေပါတယ်။ ကျွန်တော်က တကယ်ပဲ ပြီးခဲ့တဲ့ ညက အစ်ကိုကြီးLin နဲ့ ရှိနေတာပါ""အို့ မင်းတို့ နှစ်ယောက် ညတုန်းက ဘာတွေလုပ်ကြသေးလဲ" Tang Fan အသံက တစ်ပြေးညီတည်း ဖြစ်ကာ သူ့အတွေးတွေကို မလှစ်ဟပေ။"ဂိုဏ်းချုပ်ကြီးကို အဖြေပြန်ပေးရလျှင်တော့ မနေ့က ဒီတပည့်လေးက မှော်ဆေးလုံးတွေ ဖော်စပ်နေတာပါ။ အစ်ကိုကြီးLin ကတော့ တရားထိုင်ပါတယ်"You XiaoMo က သူ Xiao Shan ကို ပြောခဲ့တာကိုပဲ ပြန်ပြောလိုက်သည်။ သူသာ တစ်ခုခု မှားသွားခဲ့လျှင် Ling Xiao က သေချာပေါက် တစ်နည်းနည်းနဲ့ ထွက်ပေါက် ရှာလိမ့်မည် ဆိုတာ သိတော့ ဒီတစ်ကြိမ်စကားပြောရတာ ပိုပြီး ယုံကြည်မှု ပိုရှိနေသည်။"ဒီတစ်လျှောက်လုံးမှာ မင်းလဲ တော်တော်အလုပ် ကြိုးစားတာပဲ။ ညီငယ်လေးKong က မင်းကို သူ့တပည့်အဖြစ် ခေါ်တာ အံ့သြစရာတော့ မရှိပါဘူး။ မဆိုးဘူးပဲ။ မနေ့က ဘာမှော်ဆေးလုံးများ ဖော်လိုက်လဲ။ ယူလာပါဦး ကြည့်ရအောင်"Tang Fan ၏ အမူအယာက အငယ်ကို နှစ်သက်ကျေနပ်နေသော အကြီးအကဲ တစ်ယောက်အလား အပြုံးခပ်ပါးပါး တစ်ခုကို ဖော်ပြနေသည်။"ဟုတ်ကဲ့ ဂိုဏ်းချုပ်ကြီး"You XiaoMo ရင်တွေ ရုတ်တရတ် အေးသွားပေးမယ့် သူက ထုတ်ဖော်တော့ မပြရဲပေ။ အဲဒိနောက် သူက စိတ်လှုပ်ရှားနေဟန်နှင့် သူ့မှော်အိတ်ထဲမှ အဖြူရောင် ပုလင်းတစ်လုံးကို ထုတ်ကာ တရိုတသေ အရှေ့ကို ကိုင်းကာ လက်ထဲအပ်လိုက်သည်။Tang Fan က ပုလင်းကို ယူကာ အစို့ကို ဖွင့်လိုက်ပြီး မှော်ဆေးလုံး တစ်လုံးကို သွန်ချလိုက်သည်။ ဆေးအနံ့က အရမ်းတော့ မပြင်းလှပေ။ ဒါက သာမာန် အဆင့်တစ် အစာခံဆေးလုံး သာ ဖြစ်သည်။ ဘာမှ ထူးဆန်းတာ မရှိပေ။ တစ်ချက်လောက် အကြမ်းဖျင်း ကြည့်လိုက်ပြီး သူက ပြန်ထဲ့ကာ "မဆိုးဘူး ဆက်ကြိုးစားထား။ TianXin ဂိုဏ်းကို အထောက်အပံ့ ဖြစ်စေမယ့် တော်တဲ့ မှော်ဆရာတစ်ယောက် ဖြစ်အောင် အပြင်းအထန် ကြိုးစား။ ဇွဲမလျော့နဲ့"You XiaoMo က ခြေတစ်လှမ်းတိုးကာ ဆေးပုလင်းကို ပြန်ယူလိုက်သည်။ သူက ရိုသေစွာနှင့် "ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ကျွန်တော် ဂိုဏ်းချုပ်ကြီးရဲ့ မျှော်လင့်ချက်တွေကို မကျဆုံးစေရပါဘူး"အဲလိုလဲ ပြောပြီးရော ဘေးတစ်ဖက်ကို ကပ်ကာ နောက်ဖြစ်လာမည့် ကိစ္စတွေက သူနှင့် မဆိုင်တော့ဘူးသာ တွေးလိုက်တော့သည်။"ဒီကိစ္စကတော့ ဒီနေ့အဖို့ ဒီမှာတင် ပြီးသွားပြီ။ အကြီးအကဲJiang က ဒါဏ်ရာ ရသွားတယ်။ စုံစမ်းဖို့ လူလွှတ်လိုက်ဦးမယ်။ လူတိုင်းသွားနိုင်ပြီ"Tang Fan က ရှိနေသော လူတိုင်းကို လက်ဝေ့ပြကာ ဒီကိစ္စကို မဆက်မဆွဲစေလိုပေ။ ပြီးတော့ ပြိုင်ပွဲ တတိယအဆင့်လဲ လာပေတော့မည်။Xiao Shan နှင့် Lei Ju တို့ ဆရာတပည့် နှစ်ယောက်က စိတ်ချင်း ဆက်နေသလို ခန်းမကြီးမှ မထွက်သွားခင် Ling Xiao ကို တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်သွားသေးသည်။Ling Xiao က You XiaoMo ဆီကို လျှောက်သွားကာ သူနှင့် ခန်းမကြီးမှ ထွက်ခဲ့တော့သည်။ အခြားသော ဂိုဏ်းသားများသည်လလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကာ Jiang Liu က သူ့ဘာသာသူ ထွက်လာသည်။ လူတိုင်းက သူ့ကို မေ့နေသလိုတောင် ဖြစ်နေသည်။နေထိုင်ရာ အဆောင်ကို ပြန်ရောက်ကြတော့မှ You XiaoMo က အခန်းထဲကို ချက်ချင်း ပြေးဝင်သွားသည်။ ထိတ်လန့်နေသော ရင်ဘတ်ကို ကိုင်ထားကာ "သေလောက်အောင် ကြောက်သွားတာ။ ဂိုဏ်းချုပ်ကြီးရဲ့ မျက်လုံးတွေက အရမ်း စူးရှတာပဲ။ အခုလေးတွင် မိသွားပြီတောင် ထင်နေမိတယ်"Ling Xiao က သူ့ဘေးကို လျှောက်လာကာ ရေနွေးအိုးကို ကောက်မပြီးတော့ သူ့အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ကာ "Tang Fan က ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ။ ငါ့ကို သံသယ ဖြစ်နေတော့ ငါနဲ့ အနီးကပ်တဲ့ မင်းကို မေးခွန်းထုတ်တာ မှန်းထားသလိုပါပဲ""ကျွန်တော် အဆင့်တစ် အဆာခံမှော်ဆေးလုံး တစ်ပုလင်း ဖော်ထားမိလို့ ကံကောင်းသွားတယ် မဟုတ်လျှင် ကျွန်တော့်မှာ သူ့ကို ပေးစရာ ဘာမှော်ဆေးလုံးမှ ရှိမှာ မဟုတ်လို့ကတော့ ကျွန်တော့် အလိမ်တွေ ကို သူ မြင်သွားလောက်တယ် "You XiaoMo က သူ့ရဲ့ စဉ်းစားဉာဏ်လေးကို လက်ခုပ်သြဘာပေးတာ ခံချင်သေးသည်။ ဂိုဏ်းချုပ်ကြီးနှင့် စကားပြောရသည်မှာ သူ့အတွက် သူ့နှလုံးကို အလွန်အမင်း ဖိစိနေလေသည်။"အစောတုန်းက Xiao Shan မင်းကို လာခေါ်တုန်းက သူ မင်းကို တစ်ခုခု လုပ်သေးလား"Ling Xiao က သူ့ရှေ့တွင် ထိုင်ကာ အနဲငယ် ပန်းသွေးသန်းနေသော You XiaoMo ၏ ပါးပြင်ကို တောက်ပသော မျက်လုံးများနှင့် ငေးကြည့်နေသည်မှာ သူ့ ဦးခေါင်းခွံကြီးကိုတောင် ဖောက်ထွင်း မြင်ချင်နေသလိုပင်။You XiaoMo က ခေါင်းခါပြီး "မလုပ်ပါဘူး ဒါပေမယ့် သူက အရမ်းရိုင်းတာပဲ။ တံခါးလဲ မခေါက်ဘူး။ တံခါးကို ကန်ဖွင့်ပြီးတော့ အထဲဝင်လာတယ်။ အကြီးအကဲ တစ်ယောက်နဲ့ နည်းနည်းလေးမှ မတူဘူး။ ပြီးတော့ ကျွန်တော် အကျီ ၤဝတ်တာကိုတောင် မစောင့်ပေးဘူး။ အထဲ တန်းဝင်လာပြီးတော့ ကျွန်တော့် ကော်လံကို လာဆုပ်တော့တာ။ ကံကောင်းလို့ ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမဟုတ်လို့ ခပ်မြန်မြန် နိုးလာတာ "အဲဒါကို ကြားသော အခါတွင် Ling Xiao က သူ့မျက်လုံးတွေကို မှေးကျဉ်းသွားကာ သူ့မျက်လုံး၏ နက်ရှိုင်းလှသော အောက်ခြေတွင် အေးစက်စက်အရှိန်အဝါတွေ ဖုံးကွယ်လိုက်သည်။ အဲဒိအဖိုးကြီးကတော့ သူ့လူကိုတောင် လာထိရဲတယ်။ သူတို့က ထပ်တလဲလဲ လာစနေမှတော့ သူ မယဉ်ကျေးတော့တာ သူ့ကို လာအပြစ်မတင်လေနှင့်။အကြီးအကဲJiang ကိစ္စက အပြင်ကို မပေါက်ကြားတာမို့ များစွာသော ဂိုဏ်းသားများက အဲဒိကိစ္စကို မသိကြချေ။ပြိုင်ပွဲ၏ တာဝန်ခံက Xiao Shan ဆီကို ပြောင်းလဲပြီးနောက် ပြိုင်ပွဲက သူ့ဇယားအတိုင်း ဆက်သွားသည်။ သူက အကြီးအကဲJiang လောက် ချောချောမွေ့မွေ့ မရှိပေယ့် ဘယ်သူကမှ သိပ် အာရုံမထားကြ။ သာမာန် အဖွင့်စကားကို ပြောပြီးသည်နှင့် သူက မဲ စနှိုက်တော့သည်။ရှုံးထွက် ပွဲစဉ် နှစ်ပွဲ အပြီးတွင် ဆယ့်သုံးယောက်သာ ကျန်ရှိတော့သည်။ မမျှော်လင့်ထားသော အဖြစ်အပျက်များသာ မဖြစ်ပျက်ဘူး ဆိုလျှင် ဒီနေ့က နောက်ဆုံးအနိုင်ရသူကို ဆုံးဖြတ်ပေးမှာ ဖြစ်သည်။Xiao Shan က ဘူးထဲမှ စာလိပ် နှစ်ခု ထုတ်ယူလိုက်သည်။ ဖွင့်လိုက်သောအခါ သူ မြင်လိုက်ရတာ သူမယုံနိုင်သလို သူ့မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားလေသည်။ သို့သော်လဲ အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများ အောက်တွင် သူလုပ်နိုင်တာ ဘာမှ မရှိပေ။ သူက နားထင်ကိုသာ ဖိနှိပ်ကာ "ပထမပွဲစဉ်ရဲ့ ယှဉ်ပြိုင်သူတွေက Ling Xiao နဲ့ Lei Ju. စင်ပေါ် တက်လာခဲ့ပေးပါ"ပြိုင်ပွဲ ဝင်သူများနှင့် ပရိတ်သတ်များက ရုတ်တရတ် တိတ်ကျသွားသည်။ဒီအခြေအနေကြီးက ပြိုင်ပွဲ၏ ပထမဆုံး ပွဲစဉ်နှင့် တူညီနေသည်။ မဲနှိုက်သူက အခုတစ်ကြိမ်က Xiao Shan ဖြစ်သွားတာသာ ရှိကာ သူက Lei Ju ကို Ling Xiao နှင့် ယှဉ်ပြိုင်ရန် မဲနှိုက်သူ ဖြစ်သွားသည်။ ဒီအဓိပ္ပါယ်က နှစ်ယောက်ထဲက တစ်ယောက်ယောက်ကတော့ ထွက်ရမည် ဖြစ်ကာ ထိပ်ဆုံး ခုနစ်ယောက်ထဲတွင် ပါဝင်ခွင့် မရှိတော့။လူတိုင်း၏ အမူအယာက ရုတ်တရက် အလွန် စိတ်အားတက်ကြွလာကာ အသေအကြေတိုက်မယ့် ပွဲ တစ်ပွဲကို ကြည့်ရတော့ပေမည်။Ling Xiao ၏ နှုတ်ခမ်းထောင့်စွန်းများက အသာမြင့်တက်သွားသည်။ စိတ်ဆန္ဒသာ ရှိရင် ဖြစ်လာတယ်ဆိုတာ မှန်နေသည်ပဲ။ သူက အခုလေးတင် Lei Ju ကို သင်ခန်းစာတစ်ခုလောက် ပေးဖို့ နည်းလမ်းတစ်ခု တွေးနေသေးသည် သူ့အခန်းရှေ့ စိုက်စိုက်မြိုက်မြိုက် ရောက်လာသည်။ Xiao Shan ကပေးသော ဒီအခွင့်အရေးကို အပြည့်အဝ အသုံးမချလျှင် မှားယွင်းသွားပေလိမ့်မည်။အဲဒါကို တွေးမိတော့ Ling Xiao မတ်တပ်ရပ်ကာ စင်ပေါ်ကို တက်တော့ဟန် ပြင်တုန်းမှာ သူ့အကျီ ၤစကို ဆွဲလိုက်သလို ခံစားလိုက်ရသည်။ ငုံကြည့်လိုက်တော့ You XiaoMo က သူ့အကျီ ၤစကို ဆွဲထားတာ မြင်လိုက်ရသည်။"အစ်ကိုကြီးLing ဂရုစိုက်နော်။ အဲဒိ Lei Ju က အရမ်းသန်ပုံပဲ" You XiaoMo က ခပ်ပျော့ပျော့လေး ဆိုသည်။နွေးထွေးမှုလေးက ဖြတ်ခနဲ Ling Xiao မျက်လုံးထဲ ပေါ်လာသည်။ သူ့ခေါင်းလေးကို မပုတ်ပေးပဲ မနေနိုင်စွာ ပုတ်ပေးပြီးတော့ "စိတ်မပူနဲ့။ ငါက ဂရုစိုက်စရာ မလိုပါဘူး Lei Ju ကသာ ဂရုစိုက်ရမှာ"အဲလို ပြောပြီးတော့ Luo Xia လက်လှမ်းပေးသော ဓါးရှည်ကို ဆွဲယူလိုက်သည်။Lin Xiao အစစ်က ဓါးရှည်တစ်လက် အသုံးပြုသည်။သူ လှည့်ထွက်သွားတာကို မြင်တော့ You XiaoMo နှုတ်ခမ်းစူလေသည်။ ဒီ ဘဝင်ရူး ကတော့ နော်။ သို့သော်လည်း သူက ပြောသလို လုပ်နိုင်နေလေသည်။ Lei Ju က ကြည့်တာနှင့် အလွန်သန်မာပုံ ရသော်လည်း သူက အကြီးအကဲ Jiang လောက်တော့ မသန်မာပေ။ Ling Xiao က အကြီးအကဲ Jiang ကိုတောင် သတ်နိုင်လေရာ Lei Ju လောက်က စာဖွဲ့နေစရာပင် မလို။