C-76 Looting ice sculptures.
"အစ္ကုိၾကီးLing?"
You XiaoMo တစ္ေယာက္ Ling Xiao ကို ေခၚလုိက္သည္။ ဒီေန႕ Ling Xiao နည္းနည္း ထူးဆန္းေနသည္ဟု သူခံစားမိေနသည္။
Ling Xiao က ေခ်ာင္းဟန္႕ကာ "နည္းလမ္းမရွိဘူးေတာ့ မဟုတ္ဘူး။ ငါ့နည္းလမ္းက အထဲက ေမွာ္ေဆးပင္ကို ထိခိုက္သြားေစမိမွာပဲ ဒီေတာ့ ငါတို႕ အျခားနည္းလမ္း ရွာမွ ရမယ္။ ငါ အထဲကုိ ဝင္လာတုန္းက ဒီေရခဲလိုဏ္ဂူရဲ႕ ဖြဲ႕စည္းပံုက ေတာ္ေတာ္ေလး မူမမွန္တာ သိလုိက္ရေသးတယ္။ ဒီဟာေတြက ေဆာက္တို႕ ပုဆိန္တို႕နဲ႕ လူလုပ္ထားတဲ့ ပံုလဲ မရဘူး။ ဒါေတြက စိတ္စြမ္းအင္နဲ႕ လုပ္ထားသလုိမ်ိဳးၾကီး ခံစားေနရတယ္"
You XiaoMo အသက္ျပင္းျပင္းရႈိက္လိုက္သည္။ တကယ္ပဲ အလြန္အားေကာင္းေသာ စိတ္ဝိဥာဏ္စြမ္အးအင္ေတြ ရွိေနသည္။
ဒါ ေတာ္ေတာ္ေလး မိုက္သည္။ Wu Shuang ေတာင္တြင္ ဒီလို ေမွာ္ဆန္ေသာ ေနရာတစ္ခု ရွိေနမည္ဆိုတာ မေမွ်ာ္လင့္ထားေပ။ ဒါေတြက စိတ္ဝိဥာဏ္စြမ္းအင္ေတြကေန ျဖစ္တည္လာခဲ့သည္ ဆိုလွ်င္ ဒီေရခဲလိုဏ္ဂူထဲမွာ ေရခဲရုပ္တုအားလံုးက စိတ္ဝိဥာဏ္စြမ္းအင္ ထူးကဲသိပ္သည္းစြာႏွင့္ ျပဳလုပ္ထားတာ ျဖစ္ရမည္။
"အစ္ကိုၾကီးLing ဒီေရခဲရုပ္တုေတြကို စိတ္စြမ္းအင္ကေန လုပ္ထားတာ ဆုိရင္ ကၽြန္ေတာ္တို႕ ေမွာ္ေဆးပင္ကို ဘယ္လိုလုပ္ ထုတ္ယူၾကမလဲ"
You XiaoMo မ်က္ႏွာက ေမွ်ာ္လင့္ခ်က္ျဖင့္ ျပည့္ႏွက္ေနသည္။ သူ႕မွာ ေမွာ္ေဆးပင္မ်ား မရွိလို႕ မဟုတ္ေပ။ သို႕ေသာ္လဲ အဲဒါေတြက အဆင့္ တစ္၊ ႏွစ္ ႏွင့္ သံုးေတြသာ။ အဆင့္ေလးႏွင့္ အထက္က သူ႕မွာ တစ္ပင္ေတာင္ မရွိေပ။
အဲဒါက သူ ေရခဲရုပ္တုထဲတြင္ ေမွာ္ေဆးပင္ေတြ႕ခ်ိန္တြင္ စိတ္လႈပ္ရွားရေသာ အေၾကာင္းရင္း ျဖစ္သည္။ သူ Kong Wen၏ ဥယ်ာဥ္ထဲတြင္ ျမင္ထားျပီးသားျဖစ္ေသာ္လည္း ဘာအဆင့္ ေဆးပင္မွန္းေတာ့ သူမသိ အဆင့္ ေလးႏွင့္ အထက္ ေသခ်ာေပါက္ ျဖစ္လိမ့္မည္။
"ဝိဥာဏ္ခြန္အားကို သံုးျပီး စမ္းၾကည့္ပါလား"
Ling Xiao က သူ႕ကို ၾကည့္ေနရင္း ညင္ညင္သာသာေလး အၾကံေပးလုိက္သည္။
You XiaoMo ခ်က္ခ်င္း မ်က္စိမွိတ္ျပီး သူေျပာသလုိမ်ဳိး သူ႕ဝိဥာဏ္ခြန္အားလႊတ္ကာ ေရခဲရုပ္တုကို ျဖည္းျဖည္းခ်င္း ဖံုးလႊမ္းလုိက္သည္။ You XiaoMo၏ ဝိဥာဏ္ခြန္အား ေရခဲရုပ္တုကို ထိမိခ်ိန္တြင္ သာမာန္မ်က္စိႏွင့္ ျမင္ႏိုင္ေအာင္ လ်င္ျမန္ေသာအလ်င္ႏွင့္ ေရခဲရုပ္တုက အေရေပ်ာ္က်လာသည္။ အဲဒိကို ၾကည့္ျပီးေတာ့ You XiaoMo က ခ်က္ခ်င္း ဝိဥာဏ္ခြန္အား ပိုထည့္လုိက္သည္။ မူလက လူတစ္ေယာက္၏ တစ္ဝက္မွ် ရွိေသာ ေရခဲရုပ္တုက ခ်က္ခ်င္း ထိတ္လန္႕ဖြယ္ စြမ္းအင္မ်ား ပါဝင္ေသာ စိတ္ဝိဥာဏ္စြမ္းအင္ ေရအုိင္ေလး ျဖစ္ထြန္းသြားသည္။ စိ္တ္စြမ္းအင္အရည္ေတြထဲ ရွိေသာ ေမွာ္ေဆးပင္သည္လည္း ခပ္သာသာေလး လႈပ္ခါကာ အရြက္မ်ားက ေက်ာက္စိမ္းမ်ားအလား လတ္ဆတ္ကာ ထိခုိက္မိေသာ လကၡဏာမရွိေခ်။
You XiaoMo က သူ႕ေမွာ္အိတ္ထဲက တူရြင္းအေသးေလး ခ်က္ခ်င္း ထုတ္ယူလုိက္သည္။ ေပါ့ပါးေသာ ေျခလက္မ်ားႏွင့္ အျမစ္နားကို ဝိုက္ယူျပီး ေမွာ္ေဆးပင္ကို တူးယူလုိက္သည္။
ဒီေမွာ္ေဆးပင္က အလြန္ေကာင္းမြန္ေသာ အေနအထား ရွိေနသည္။ အျမစ္မ်ား ပင္စည္မ်ားႏွင့္ အရြက္မ်ားက စိတ္စြမ္းအင္ မ်ားႏွင့္ ျပည့္ဝေနသည္ကို သာမာန္မ်က္စိႏွင့္ ေတာင္ ျမင္ႏိုင္ေနသည္မွာ You XiaoMo၏ နယ္ေျမထဲက ေမွာ္ေရ ေလာင္းျပီး စိုက္ထားေသာ ေမွာ္ေဆးပင္မ်ားထက္ေတာင္ ပိုေကာင္းလွသည္။ အဲဒါက စိတ္စြမ္းအင္အရည္ေတြ ျပည့္ႏွက္ေနေသာ ေနရာတြင္ ၾကီးျပင္းလာရ၍ ျပီးျပည့္စံုေသာ ပတ္ဝန္းက်င္တြင္ အျမဲေနရျပီးေတာ့ သူ႕နယ္ေျမထဲက ေရသံုးေလးၾကိမ္သာ ေလာင္းထားေသာေဆးပင္မ်ားႏွင့္ မတူတာ ျဖစ္ႏိုင္သည္။
အဆံုးမရွိေအာင္ ေက်နပ္ႏွစ္သက္ေနျပီးေနာက္ You XiaoMo က သူ႕နယ္ေျမထဲသို႕ တန္းပို႕လုိက္ေတာ့သည္။
"အစ္ကုိၾကီးLing ဘယ္ဟာက ပိုေကာင္းတယ္လို႕ ထင္ထဲ။ စိတ္စြမ္းအင္အရည္လား နယ္ေျမထဲက ေမွာ္ေရလား"
You XiaoMoက သူ႕လက္ကို သံုးျပီး စိတ္စြမ္းအင္အရည္မ်ား လက္တစ္ခုပ္စာ ခပ္ယူကာ ေမွာ္ေရမ်ားထက္ ေပ်ာ္ဝင္သိပ္သည္းမႈ ရွိလား ဆိုတာ ခံစားေနသည္။
သူ ေမွာ္ေဆးပင္ တူးေနခ်ိန္တြင္ Ling Xiaoက စစ္ေဆးရန္ ဟိုဟိုဒီဒီ ၾကည့္ရႈေနသည္။ သူ႕စကားသံ ၾကားေတာ့ သူက တုန္႕ဆို္င္းမႈ မရွိပဲ ျပန္ေျဖသည္ "ေမွာ္ေရက ပိုေကာင္းတာေပ့ါ"
"ဘာလို႕လဲ" You XiaoMo က လွည့္ၾကည့္ကာ ေမးလုိက္သည္။
"ဒီေရခဲလိုဏ္ဂူက ေျမေအာက္မွာ ဆန္းဆန္းျပားျပား စုမိလို႕ ျဖစ္ေနတာ။ ဒီလို စုမိတဲ့ ဟာေတြက တစ္ခုနဲ႕ တစ္ခု ပူးေပါင္းျပီးေတာ့ ဒီလို မယံုႏိုင္ေလာက္စရာ ျဖစ္ရပ္ကို ဖြဲ႕စည္းထားတာ။ ဒါေပမယ့္ ဒီမွာ ရွိေနတဲ့ စိတ္စြမ္းအင္အရည္ေတြက WuShuangေတာင္က စိတ္စြမ္းအင္ေတြကိုပဲ စုပ္ယူႏုိင္ျပီးေတာ့ ဖြဲ႕စည္းထားတာ။ သန္႕စင္မႈကို စဥ္းစားၾကည့္မယ္ ဆိုရင္ မင့္နယ္ေျမထဲက ေမွာ္ေရကိို ယွဥ္လို႕ မရဘူး ဒါေပမယ့္လဲ......"
Ling Xiao က လွည့္ေတာင္ မၾကည့္ပဲ လွပေသာရုပ္တု တစ္ခုေပၚကို ကန္ခ်က္ တစ္ခ်က္ က်ေရာက္သြားသည္။ သူ႕ေျခက လွပေသာ ေရခဲရုပ္တု၏ မ်က္ႏွာေပၚ က်ေရာက္သြားသည္။ You XiaoMo က လွည့္ၾကည့္ျပီး ႏႈတ္ခမ္း မဆူပဲ မေနႏိုင္ေတာ့ပဲ သူ႕စကားကို ေထာက္ေပးလုိက္သည္ "ဒါေပမယ့္ ဆိုတာ ဘာလဲ"
"ဒီ စိတ္စြမ္းအင္အရည္ေတြက အသံုးမဝင္တာေတာ့ မဟုတ္ဘူး မင္း ဒါေတြ သိမ္းထားျပီးေတာ့ အရံအေနနဲ႕ သံုးလုိ႕ ရတယ္"
Ling Xiao က လွည့္လာကာ သူ႕အျပံဳးထဲတြင္ မေကာင္းေသာ အေငြ႕အသက္ ရုတ္တရတ္ ေပၚထြက္လာသည္။ You XiaoMo အဲဒါကို ျမင္ေတာ့ သူ မွားယြင္းသြားသလုိ႕ သူ႕ဝိဥာဏ္ေတြေတာင္ လႈပ္ခါသြားရသည္။
"စိ္တ္စြမ္းအင္အရည္ေတြ စြန္႕ၾကဲဖို႕ ေျပာေနတာလား"
You XiaoMo က တအံ့တၾသ ေျပာလိုက္သည္။
"ဟုတ္တယ္။ စိတ္စြမ္းအင္အရည္ဆိုတာ LongXiang တုိက္မၾကီးရဲ႕ လွ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ အရာဆိုေတာ့ အလြန္ရွားပါးတဲ့ ရတနာတစ္မ်ိဳးပဲ။ ေမွာ္ေဆးပင္ေတြ ၾကီးထြားဖို႕ ျပီးေတာ့ မင္း ေမွာ္ေရကို ဝိဥာဏ္ခြန္အားေတြ ျပန္လည္ ျဖည့္တင္းဖို႕ သံုးသလုိ သူ႕ကိုလဲ သံုးလုိ႕ ရတယ္။ ဟုတ္သားပဲ..... "
Ling Xiao က ရုတ္တရတ္လွည့္ကာ You XiaoMo ကို ၾကည့္ေသာ သူ႕အၾကည့္ေတြက ေလးနက္ျပီး ေတာက္ပေနသည္ "ေမွာ္ေဆးလံုးေတြ ေလလံတင္မလို႕ လို႕ မင္းေျပာခဲ့တယ္မလား။ ဒီ စိတ္စြမ္းအင္ေရေတြလဲ ေလလံတင္လို႕ ရတယ္"
"တကယ္?" You XiaoMo၏ လိမၼာပါးနပ္ေသာ မ်က္လံုးမ်ားက ရုတ္တရတ္ လက္ခနဲ ျဖစ္သြားသည္။
"ဘယ္ဟုတ္မလဲဟ"
Ling Xiao သူ႕ရင္ထဲ ကလိကလိ ျဖစ္ေနသည္။ ဒီ မ်က္ဝန္းတစ္စံုက ဒီေလာက္ အသက္ဝင္တာ သူအရင္က ဘာလုိ႕ မသိခဲ့ရတာလဲ? အဲဒါေတြေၾကာင့္ပဲ သူက သူ႕ကို အလိုအေလ်ာက္ ထပ္စမိျပန္သည္။
You XiaoMo ၏ ေတာက္ပေနေသာ မ်က္ႏွာက ခ်က္ခ်င္း အိုက်သြားျပန္သည္။ ေသလုိက္ပါလား သူ႕ကို ဒီအခ်ိန္ၾကီး လာစေနေသးတယ္။ ဒီလုိ မ်ိဳး လုပ္ေနရမွ ျဖစ္မွာလား ဒင္းက။
Ling Xiao က သူ႕မ်က္ႏွာက ခါးသီးမႈကို ျမင္လုိက္ရခ်ိန္တြင္ သူက ခ်က္ခ်င္း ျပန္ထိန္းလိုက္သည္။ လည္ေခ်ာင္းေလး ရွင္းကာ ခပ္ဟဟ ရယ္ျပီး "စတာပါကြ၊ အမွန္ေပါ့၊ ဒီ စိတ္စြမ္းအင္အရည္ေတြက မင္းရဲ႕ အဆာခံ ေမွာ္ေဆးလံုးေတြ ထက္ေတာင္ အမ်ားၾကီးေစ်းျမင့္လာက္ဦးမယ္။ ျမန္ျမန္ သြက္သြက္ ေရခဲ ရုပ္တုအကုန္ ယူရေအာင္။ ကင္းလွည့္ခ်ိန္ မတိုင္မီ ျပန္ေရာက္ဖို႕ လုပ္ရမွာ"
You XiaoMo က သူ႕ကို ဝင့္ၾကည့္ကာ "နယ္ေျမထဲမွာ စည္ေတြ အမ်ားၾကီး မရွိေတာ့ဘူး။ စိတ္စြမ္းအင္အရည္ေတြ ထည့္ဖို႕ မေလာက္ ေလာက္ဖူး"
Ling Xiao က စဥ္းစားၾကည့္ျပီးေတာ့ နည္းလမ္းတစ္ခု ရသြားသည္။ "အရင္ဆံုး ေရခဲရုပ္တုေတြ အရည္မေဖ်ာ္ပစ္နဲ႕။ မင္းရဲ႕ စိတ္ဝိဥာဏ္အားသံုးျပီး ျဖတ္ေတာက္ လို႕ ရမလားဆိုတာ စမ္းၾကည့္။ ရတယ္ ဆိုရင္ အတံုးလုိက္ေတြ ေရႊ႕လုိက္။ အဲဒါက စိတ္စြမ္းအင္အရည္အျဖစ္ အရည္ေဖ်ာ္လုိက္တာထက္ ပိုျမန္ျပီး ပိုျပီးသက္ေရာက္မႈ ရွိတယ္ "
You XiaoMoက အဲဒိနည္းက သိပ္မဆိုးလွတာကို ေတြးမိေတာ့ သူ အၾကံေပးသည့္အတုိင္း စလုပ္လုိက္သည္။
ဝိဥာဏ္ခြန္အားက ေရခဲကို အေရေပ်ာ္ေစမွေတာ့ ျဖတ္ေတာက္ဖို႕ ဆိုတာ ခက္ခဲေသာ အရာမဟုတ္ေတာ့။ ေရခဲ ရုပ္တု၏ အေျခကေန ျဖတ္ေတာက္ဖို႕ကို ဝိဥာဏ္ခြန္အားကို ခပ္ပါးပါး သ႑ာန္အျဖစ္ ထိန္းခ်ဳပ္ရသည္။ သိပ္မၾကာခင္တြင္ပင္ ေရခဲ ရုပ္တုမ်ားကို ၾကမ္းျပင္မွေန သီးျခား ခြဲထုတ္ႏိုင္ျပီးေတာ့ You XiaoMo၏ နယ္ေျမထဲကို ေရႊ႕လုိက္သည္။ ၾကမ္းျပင္ မ်က္ႏွာျပင္က မွန္တစ္ခ်က္လို ေခ်ာေမြ႕ေနေသာ မ်က္ႏွာျပင္သာ က်န္ခဲ့သည္။
ဒီနည္းက အလြန္ အက်ိဳးသက္ေရာက္တာကို သိသြားေတာ့ You XiaoMo က သူ႕ အားအင္ေတြကို အဲဒိအထဲသာ ပစ္သြင္းလုိက္ေတာ့သည္။
Ling Xiao က ဘာမွ လုပ္စရာ မရွိတာမို႕ သူက ဘယ္ေရခဲရုပ္တုတြင္ ေဆးပင္မ်ားႏွင့္ ေကာင္းမြန္ေသာ အရာမ်ား ဝွက္ထားသလဲ ဆိုတာကို ကူရွာေပးကာ You XiaoMo ကို ျဖတ္ေတာက္ဖို႕ ေျပာေလသည္။
ႏွစ္ေယာက္သာ အတူတကြ အလုပ္လုပ္ၾကသည္မို႕ အျမန္ႏႈန္းက ေတာ္ေတာ္ေလး ေကာင္းမြန္လွသည္။ ႏွစ္နာရီ အတြင္းမွာကို သူတုိ႕က ေရခဲလုိဏ္ဂူထဲက ေရခဲ ရုပ္တု ဆယ့္ႏွစ္ပံု ပံု တစ္ပံု ျဖတ္ေတာက္ ျပီးသြားျပီ။ You XiaoMo က သူ႕ဝိဥာဏ္ခြန္အားေတြ ကုန္ခန္းေတာ့မည္ အခ်ိန္တြင္ ရပ္လိုက္ရသည္။
"ဒီေန႕ေတာ့ ဒီမွာပဲ ရပ္ၾကရေအာင္။ ေနာက္မွ ဒီကို ထပ္လာဖုိ႕ အခ်ိန္ရွာရေအာင္။ ေတာ္ေတာ္လဲ သိမ္းဆည္းျပီးျပီ ဆိုေတာ့ အခုအသံုးျပဳဖို႕ လံုေလာက္ေနျပီ။"
Ling Xiao က သူ႕ေဘးကို ေလွ်ာက္လာကာ သူ႕လက္ကို You XiaoMo လက္ေမာင္းရင္းေအာင္ လွ်ိဳဝင္ကာ အားနည္းေသာသူ႕ကို ၾကမ္းျပင္ကေန သယ္မလုိက္သည္။
You XiaoMo က ေခါင္းညိမ့္ျပလုိက္သည္။ သူက ပိုလုိခ်င္ေနေပမယ့္လဲ ဒီတစ္ေခါက္ သိမ္းဆည္းတာ ေတာ္ေတာ္ေလး ရလုိက္သည္။ နယ္ေျမထဲက ေရခဲရုပ္တုပံုၾကီးကလည္း ေတာင္ကုန္းအေသးစားေလး တစ္ခုလုိေတာင္ ျဖစ္ေနျပီ။ ေဆးပင္က ဆယ္ပင္ေက်ာ္ေလာက္လဲ ရေနျပီ။ သူက အဆင့္ေလးႏွင့္ အထက္ ေမွာ္ေဆးပင္မ်ားကို မမွတ္မိေသးတာမို႕ အခုေတာ့ အကုန္စုပံုထားရသည္။
ႏွစ္ေယာက္သာ ေရခဲလိုဏ္ဂူကေန ထြက္ခြာခ်ိန္တြင္ ေကာင္းကင္က ေမွာင္ေတာင္ ေမွာင္ေနျပီ။
ေတာင္၏ အေနာက္ဖက္က သိပ္သည္းလွေသာ သစ္ပင္မ်ား၏ အရိပ္ျဖင့္ ဖံုးလြမ္းေနသည္။ ေကာင္းကင္က ေမွာင္လာခ်ိန္တြင္ တစ္ခုခုကို ျမင္ႏိုင္ရန္ ပိုေတာင္ ခက္ခဲလာသည္။ မၾကည္မသာ ထိုိင္းမိႈိင္းလွေသာ ေလေအးမ်ားက အရိုးထိေအာင္ ေအးလွသည္။ သားရုိင္းမ်ား၏ ဟိန္းေဟာက္သံ အခ်ိဳ႕လဲ ရံဖန္ရံခါ ၾကားႏိုင္သည္။ You XiaoMo က သူ႕လက္ေမာင္းႏွစ္ဖက္ မပြတ္သပ္ပဲ မေနႏိုင္ေတာ့။ သူ႕ေျခေထာက္မ်ားက အားနည္းေနသည္။ Ling Xiao က သူ႕ခါးကို ေပြ႕ဖက္ထားတာ မဟုတ္လွ်င္ သူက ေျမျပင္ေပၚတြင္ ထိုင္လ်က္ ျဖစ္ေနေလာက္မွာ ၾကာလွေနျပီ။
"ကိုယ္ မင္းကို ကုန္းပိုးေပးမယ္ေလ"
Ling Xiao က သူ႕နား နားကို ကပ္ကာ ခပ္တုိးတုိး ေျပာလိုက္သည္။ သူ႕ရဲ႕ ပူျပင္းေသာ ထြက္သက္က သူ႕နားရြက္ကို ထံုထုိင္းကာ ကလိကလိ ျဖစ္ေအာင္ လုပ္ႏိုင္သည္။ You XiaoMo၏ နားရြက္ တစ္ခုလံုးက သူ႕ရဲ႕ ထြက္သက္ေလႏွင့္ နီတက္သြားသည္။ သူက နားကို အသာပြတ္ကာ "အျခားနည္း သံုးလုိ႕ မရဘူးလား"
Ling Xiao၏ ႏႈတ္ခမ္းမ်ားက ေကာ့တက္ကာ သူ႕အျပံဳးက ေလွာင္ေျပာင္ရိပ္ေတြ သယ္ေဆာင္ထားသည္။ သူ႕ပခံုးေပၚကေန သူ႕လက္ေမာင္းရင္းကို ဆုပ္ကိုုင္ထားရာက "ညီငယ္ေလး မင္းက မင္းသမီးေလးလုိ သယ္တာ ပို သေဘာက်တယ္လို႕ ေျပာေနတာလား"
"ဒါဆိုလဲ ကုန္းပဲ ပိုးေတာ့ေလ"
You XiaoMo က ခ်က္ခ်င္း ေျပာလိုက္သည္။ မင္းသမီး သယ္သလို ဟုတ္လား။ သူက မိန္းမတစ္ေယာက္မွ မဟုတ္တာ။
"ဒါဆိုလဲ တက္ေလ"
Ling Xiao က သူ႕ကို ေက်ာေပးလိုက္သည္။ သူက အနည္းငယ္ ကံုးလုိက္ကာ သူ႕ရဲ႕ သန္မာအားေကာင္းေသာ ေက်ာျပင္ကို ေဖာ္ျပကာ ျပီးျပည့္စံုေသာ ခံစားခ်က္ကို ေပးစြမ္းေနသည္။ သူ႕ရဲ႕ ေနာက္ေက်ာကေတာင္ ျပီးျပည့္စံုေနရာ သူ႕ကို ၾကယ္ေလးေတြလို လက္ေနသာ မ်က္ဝန္းမ်ားႏွင့္ မိန္းမမ်ားစြာ ၾကည့္တာ မဆန္းပါဘူး။ သူ႕ႏွင့္ ယွဥ္လုိက္လွ်င္ စိတ္ဓါတ္က်ကာ ေသသြားခ်င္သားလိမ့္မည္။
You XiaoMo က နည္းနည္း တုန္႕ဆို္င္းျပီးမွ သူ႕ေက်ာေပၚကို မၾကည္မသာႏွင့္ တက္လုိက္သည္။ သူ႕ရဲ႕ လက္မ်ားကို ဆက္ကာ သူ႕လည္ပင္းကို တင္းတင္း ဖက္ထားသည္။ ေယာက်္ားမ်ားၾကားမွ နီးကပ္ေသာ ထိေတြ႕မႈက ဘာမွ ထူးဆန္းတာ မရွိ ျပန္မက်သြားရန္သာ လုပ္လိုက္တာမို႕ သူက ရွက္ရြံ႕သြားေသာ အမူအယာမ်ား မရွိ။
သူ႕ေက်ာေပၚကို ေႏြးေထြးေသာ ကိုယ္ေလးတက္လာတာ ခံစားမိျပီး Ling Xiao က ေအာင္ျမင္သြားေသာ အျပံဳး ေပၚထြက္လာသည္။ သူ႕ကိုယ္ကို မတ္လုိက္ေတာ့ သူ႕ရဲ႕ လက္ႏွစ္ဖက္လံုးက You XiaoMo ၏ ျပီးျပည့္စံုစြာ တင္းရင္း လံုးဝိုင္းေနသာ တင္ပါးႏွစ္ဖက္ကို ခပ္တင္းတင္း ဆုပ္ကုိ္င္လိုက္သည္။ မနက္တုန္းထဲက သူက အဲဒါကို ခံစားမိျပီးသား You XiaoMo၏ တင္ပါးမ်ားက အလြန္ တင္းရင္းလွသည္။ သူ႕ေပါင္ေပၚတြင္ ထိုင္ေနခ်ိန္တြင္ အဲဒါက အလြန္ႏူးညံ့ျပီးေတာ့ သူ႕မ်က္လံုးထဲက အလုိအဆႏၵမ်ားက အျပင္ေတာက္ ေဖာက္ထြက္လု မတတ္ပင္။
သူ႕တင္ပါးေတြကို လက္ႏွစ္ဖက္ႏွင့္ ဆုပ္ကိုင္လုိက္တာ ခံစားလုိက္ရေတာ့ You XiaoMo တုန္တက္သြားသည္။
ေယာက်္ားတစ္ေယာက္က သူ႕တင္ပါးကို ပြတ္သပ္တာ ခံရတာက နည္းနည္းေတာ့ ကသိကေအာက္ ျဖစ္လွသည္။ သို႕ေသာ္လည္း အဲဒါကလဲ အျခားသူက သူေကာင္းဖို႕ လုပ္တာ ျဖစ္ေပမယ့္လဲ သူ႕ရင္ထဲမွာေတာ့ နည္းနည္း ကက်ိကက်ိေတာ့ျဖစ္ေသးသည္။
ဘာမွ လုပ္လုိ႕မရ။ You XiaoMo က သူ႕ရင္ထဲမွာ သူ႕ကိုယ္သူ ခ်က္ခ်င္း ျပန္ေျပာလုိက္သည္။ သူတို႕က ေယာက်္ားသားေတြ ခ်ည္းပဲ။ ဘာမွ မျဖစ္ဘူး။ ခဏေလးႏွင့္ ျပီးသြားမွာ။
သိပ္မၾကာခင္ သူက လြင့္ေမ်ာေနတာမွန္း သိသြားသည္။ တဟူးဟူးႏွင့္ ေလေအးမ်ားက သူ႕ေဘးႏွစ္ဖက္လံုးက တုိက္ခတ္ေနသည္။ Ling Xiao၏ ကိုယ္လံုးက သူ႕ကို ကာကြယ္ေပးထားေသာေၾကာင့္ You XiaoMo က နည္းနည္းေလးေတာင္ မေအးေပ။ အဲဒိအျခား Ling Xiaoခႏၶာကိုယ္က အေႏြးဓါတ္က သူ႕ကို ေႏြးေထြးေနေစတာေတာင္ ခံစားမိသည္။ ျဖစ္ႏိုင္မည္ ဆိုလွ်င္ သူက လႊတ္ေတာင္ မေပးခ်င္ေပ။
Ling Xiao၏ အလ်င္က အလြန္ျမန္သည္။ ဆယ့္ငါးမိနစ္ၾကာေသာ အခါ သူတုိ႕ေတြ ေတာင္အေနာက္ဖက္ကေန ထြက္လာကာ ေန႕အခ်ိန္တုန္းကသူတုိ႕ ေရာက္ခဲ့ေသာ လမ္းေလးသို႕ ေရာက္သြားသည္။ ခပ္ေဝးေဝးက ဗဟိုဌာနမွ မီးအိမ္မ်ားကိုေတာင္ ျမင္ႏိုင္ေနသည္။ လေရာင္ကို အကာအကြယ္လုပ္ကာ Ling Xiao က ေနအိမ္မ်ား အျပင္ဖက္တြင္ ကင္းလွည့္လည္ ေနေသာ အေစာင့္မ်ားကို ေရွာင္ရွားလုိက္သည္။ ကံေကာင္းစြာႏွင့္ အေစာင့္မ်ားက ကင္းလွည့္စ ျဖစ္တာမို႕ သူတုိ႕ေတြ ဆီကို မေရာက္လာေသးေပ။ သူ အရင္က ခ်ထားေသာ စည္းေတာင္ အခန္းမွာ ရွိေနေသးကာ အခန္းထဲတြင္ ေလးနာရီ နီးပါး တစ္ေယာက္မွ မရွိတာ ဘယ္သူမွ မသိေသးေခ်။
အခန္းထဲ ဝင္လာျပီးေတာ့ Ling Xiao က You XiaoMo ကို ေအာက္ခ်ျပီး "အခန္းထဲမွာပဲ ေန။ ငါ ခဏေနရင္ ျပန္လာခဲ့မယ္"
သူ လွည့္ထြက္လိုက္သည္။
You XiaoMo က ခ်က္ခ်င္းေမးေလသည္ "ဘယ္သြားမလို႕လဲ"
"ျပန္ေရာက္မွ ေျပာျပမယ္"
Ling Xiao က ေျပာျပီးတာႏွင့္ ထြက္သြားသည္။ အခန္းထဲက ထြက္ေတာ့ ညအေမွာင္ထဲကို အျမန္ ပ်ံသန္း မသြားခင္ စည္းျပန္ခ်ခဲ့လိုက္သည္။
Unicode
C-76 Looting ice sculptures."အစ်ကိုကြီးLing?"You XiaoMo တစ်ယောက် Ling Xiao ကို ခေါ်လိုက်သည်။ ဒီနေ့ Ling Xiao နည်းနည်း ထူးဆန်းနေသည်ဟု သူခံစားမိနေသည်။Ling Xiao က ချောင်းဟန့်ကာ "နည်းလမ်းမရှိဘူးတော့ မဟုတ်ဘူး။ ငါ့နည်းလမ်းက အထဲက မှော်ဆေးပင်ကို ထိခိုက်သွားစေမိမှာပဲ ဒီတော့ ငါတို့ အခြားနည်းလမ်း ရှာမှ ရမယ်။ ငါ အထဲကို ဝင်လာတုန်းက ဒီရေခဲလိုဏ်ဂူရဲ့ ဖွဲ့စည်းပုံက တော်တော်လေး မူမမှန်တာ သိလိုက်ရသေးတယ်။ ဒီဟာတွေက ဆောက်တို့ ပုဆိန်တို့နဲ့ လူလုပ်ထားတဲ့ ပုံလဲ မရဘူး။ ဒါတွေက စိတ်စွမ်းအင်နဲ့ လုပ်ထားသလိုမျိုးကြီး ခံစားနေရတယ်"You XiaoMo အသက်ပြင်းပြင်းရှိုက်လိုက်သည်။ တကယ်ပဲ အလွန်အားကောင်းသော စိတ်ဝိဉာဏ်စွမ်အးအင်တွေ ရှိနေသည်။ဒါ တော်တော်လေး မိုက်သည်။ Wu Shuang တောင်တွင် ဒီလို မှော်ဆန်သော နေရာတစ်ခု ရှိနေမည်ဆိုတာ မမျှော်လင့်ထားပေ။ ဒါတွေက စိတ်ဝိဉာဏ်စွမ်းအင်တွေကနေ ဖြစ်တည်လာခဲ့သည် ဆိုလျှင် ဒီရေခဲလိုဏ်ဂူထဲမှာ ရေခဲရုပ်တုအားလုံးက စိတ်ဝိဉာဏ်စွမ်းအင် ထူးကဲသိပ်သည်းစွာနှင့် ပြုလုပ်ထားတာ ဖြစ်ရမည်။"အစ်ကိုကြီးLing ဒီရေခဲရုပ်တုတွေကို စိတ်စွမ်းအင်ကနေ လုပ်ထားတာ ဆိုရင် ကျွန်တော်တို့ မှော်ဆေးပင်ကို ဘယ်လိုလုပ် ထုတ်ယူကြမလဲ"You XiaoMo မျက်နှာက မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။ သူ့မှာ မှော်ဆေးပင်များ မရှိလို့ မဟုတ်ပေ။ သို့သော်လဲ အဲဒါတွေက အဆင့် တစ်၊ နှစ် နှင့် သုံးတွေသာ။ အဆင့်လေးနှင့် အထက်က သူ့မှာ တစ်ပင်တောင် မရှိပေ။အဲဒါက သူ ရေခဲရုပ်တုထဲတွင် မှော်ဆေးပင်တွေ့ချိန်တွင် စိတ်လှုပ်ရှားရသော အကြောင်းရင်း ဖြစ်သည်။ သူ Kong Wen၏ ဥယျာဉ်ထဲတွင် မြင်ထားပြီးသားဖြစ်သော်လည်း ဘာအဆင့် ဆေးပင်မှန်းတော့ သူမသိ အဆင့် လေးနှင့် အထက် သေချာပေါက် ဖြစ်လိမ့်မည်။"ဝိဉာဏ်ခွန်အားကို သုံးပြီး စမ်းကြည့်ပါလား"Ling Xiao က သူ့ကို ကြည့်နေရင်း ညင်ညင်သာသာလေး အကြံပေးလိုက်သည်။You XiaoMo ချက်ချင်း မျက်စိမှိတ်ပြီး သူပြောသလိုမျိုး သူ့ဝိဉာဏ်ခွန်အားလွှတ်ကာ ရေခဲရုပ်တုကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းလိုက်သည်။ You XiaoMo၏ ဝိဉာဏ်ခွန်အား ရေခဲရုပ်တုကို ထိမိချိန်တွင် သာမာန်မျက်စိနှင့် မြင်နိုင်အောင် လျင်မြန်သောအလျင်နှင့် ရေခဲရုပ်တုက အရေပျော်ကျလာသည်။ အဲဒိကို ကြည့်ပြီးတော့ You XiaoMo က ချက်ချင်း ဝိဉာဏ်ခွန်အား ပိုထည့်လိုက်သည်။ မူလက လူတစ်ယောက်၏ တစ်ဝက်မျှ ရှိသော ရေခဲရုပ်တုက ချက်ချင်း ထိတ်လန့်ဖွယ် စွမ်းအင်များ ပါဝင်သော စိတ်ဝိဉာဏ်စွမ်းအင် ရေအိုင်လေး ဖြစ်ထွန်းသွားသည်။ စိတ်စွမ်းအင်အရည်တွေထဲ ရှိသော မှော်ဆေးပင်သည်လည်း ခပ်သာသာလေး လှုပ်ခါကာ အရွက်များက ကျောက်စိမ်းများအလား လတ်ဆတ်ကာ ထိခိုက်မိသော လက္ခဏာမရှိချေ။You XiaoMo က သူ့မှော်အိတ်ထဲက တူရွင်းအသေးလေး ချက်ချင်း ထုတ်ယူလိုက်သည်။ ပေါ့ပါးသော ခြေလက်များနှင့် အမြစ်နားကို ဝိုက်ယူပြီး မှော်ဆေးပင်ကို တူးယူလိုက်သည်။ဒီမှော်ဆေးပင်က အလွန်ကောင်းမွန်သော အနေအထား ရှိနေသည်။ အမြစ်များ ပင်စည်များနှင့် အရွက်များက စိတ်စွမ်းအင် များနှင့် ပြည့်ဝနေသည်ကို သာမာန်မျက်စိနှင့် တောင် မြင်နိုင်နေသည်မှာ You XiaoMo၏ နယ်မြေထဲက မှော်ရေ လောင်းပြီး စိုက်ထားသော မှော်ဆေးပင်များထက်တောင် ပိုကောင်းလှသည်။ အဲဒါက စိတ်စွမ်းအင်အရည်တွေ ပြည့်နှက်နေသော နေရာတွင် ကြီးပြင်းလာရ၍ ပြီးပြည့်စုံသော ပတ်ဝန်းကျင်တွင် အမြဲနေရပြီးတော့ သူ့နယ်မြေထဲက ရေသုံးလေးကြိမ်သာ လောင်းထားသောဆေးပင်များနှင့် မတူတာ ဖြစ်နိုင်သည်။အဆုံးမရှိအောင် ကျေနပ်နှစ်သက်နေပြီးနောက် You XiaoMo က သူ့နယ်မြေထဲသို့ တန်းပို့လိုက်တော့သည်။"အစ်ကိုကြီးLing ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်ထဲ။ စိတ်စွမ်းအင်အရည်လား နယ်မြေထဲက မှော်ရေလား"You XiaoMoက သူ့လက်ကို သုံးပြီး စိတ်စွမ်းအင်အရည်များ လက်တစ်ခုပ်စာ ခပ်ယူကာ မှော်ရေများထက် ပျော်ဝင်သိပ်သည်းမှု ရှိလား ဆိုတာ ခံစားနေသည်။သူ မှော်ဆေးပင် တူးနေချိန်တွင် Ling Xiaoက စစ်ဆေးရန် ဟိုဟိုဒီဒီ ကြည့်ရှုနေသည်။ သူ့စကားသံ ကြားတော့ သူက တုန့်ဆိုင်းမှု မရှိပဲ ပြန်ဖြေသည် "မှော်ရေက ပိုကောင်းတာပေ့ါ""ဘာလို့လဲ" You XiaoMo က လှည့်ကြည့်ကာ မေးလိုက်သည်။"ဒီရေခဲလိုဏ်ဂူက မြေအောက်မှာ ဆန်းဆန်းပြားပြား စုမိလို့ ဖြစ်နေတာ။ ဒီလို စုမိတဲ့ ဟာတွေက တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီးတော့ ဒီလို မယုံနိုင်လောက်စရာ ဖြစ်ရပ်ကို ဖွဲ့စည်းထားတာ။ ဒါပေမယ့် ဒီမှာ ရှိနေတဲ့ စိတ်စွမ်းအင်အရည်တွေက WuShuangတောင်က စိတ်စွမ်းအင်တွေကိုပဲ စုပ်ယူနိုင်ပြီးတော့ ဖွဲ့စည်းထားတာ။ သန့်စင်မှုကို စဉ်းစားကြည့်မယ် ဆိုရင် မင့်နယ်မြေထဲက မှော်ရေကို ယှဉ်လို့ မရဘူး ဒါပေမယ့်လဲ......" Ling Xiao က လှည့်တောင် မကြည့်ပဲ လှပသောရုပ်တု တစ်ခုပေါ်ကို ကန်ချက် တစ်ချက် ကျရောက်သွားသည်။ သူ့ခြေက လှပသော ရေခဲရုပ်တု၏ မျက်နှာပေါ် ကျရောက်သွားသည်။ You XiaoMo က လှည့်ကြည့်ပြီး နှုတ်ခမ်း မဆူပဲ မနေနိုင်တော့ပဲ သူ့စကားကို ထောက်ပေးလိုက်သည် "ဒါပေမယ့် ဆိုတာ ဘာလဲ""ဒီ စိတ်စွမ်းအင်အရည်တွေက အသုံးမဝင်တာတော့ မဟုတ်ဘူး မင်း ဒါတွေ သိမ်းထားပြီးတော့ အရံအနေနဲ့ သုံးလို့ ရတယ်"Ling Xiao က လှည့်လာကာ သူ့အပြုံးထဲတွင် မကောင်းသော အငွေ့အသက် ရုတ်တရတ် ပေါ်ထွက်လာသည်။ You XiaoMo အဲဒါကို မြင်တော့ သူ မှားယွင်းသွားသလို့ သူ့ဝိဉာဏ်တွေတောင် လှုပ်ခါသွားရသည်။"စိတ်စွမ်းအင်အရည်တွေ စွန့်ကြဲဖို့ ပြောနေတာလား"You XiaoMo က တအံ့တသြ ပြောလိုက်သည်။"ဟုတ်တယ်။ စိတ်စွမ်းအင်အရည်ဆိုတာ LongXiang တိုက်မကြီးရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ အရာဆိုတော့ အလွန်ရှားပါးတဲ့ ရတနာတစ်မျိုးပဲ။ မှော်ဆေးပင်တွေ ကြီးထွားဖို့ ပြီးတော့ မင်း မှော်ရေကို ဝိဉာဏ်ခွန်အားတွေ ပြန်လည် ဖြည့်တင်းဖို့ သုံးသလို သူ့ကိုလဲ သုံးလို့ ရတယ်။ ဟုတ်သားပဲ..... "Ling Xiao က ရုတ်တရတ်လှည့်ကာ You XiaoMo ကို ကြည့်သော သူ့အကြည့်တွေက လေးနက်ပြီး တောက်ပနေသည် "မှော်ဆေးလုံးတွေ လေလံတင်မလို့ လို့ မင်းပြောခဲ့တယ်မလား။ ဒီ စိတ်စွမ်းအင်ရေတွေလဲ လေလံတင်လို့ ရတယ်""တကယ်?" You XiaoMo၏ လိမ္မာပါးနပ်သော မျက်လုံးများက ရုတ်တရတ် လက်ခနဲ ဖြစ်သွားသည်။"ဘယ်ဟုတ်မလဲဟ" Ling Xiao သူ့ရင်ထဲ ကလိကလိ ဖြစ်နေသည်။ ဒီ မျက်ဝန်းတစ်စုံက ဒီလောက် အသက်ဝင်တာ သူအရင်က ဘာလို့ မသိခဲ့ရတာလဲ? အဲဒါတွေကြောင့်ပဲ သူက သူ့ကို အလိုအလျောက် ထပ်စမိပြန်သည်။You XiaoMo ၏ တောက်ပနေသော မျက်နှာက ချက်ချင်း အိုကျသွားပြန်သည်။ သေလိုက်ပါလား သူ့ကို ဒီအချိန်ကြီး လာစနေသေးတယ်။ ဒီလို မျိုး လုပ်နေရမှ ဖြစ်မှာလား ဒင်းက။Ling Xiao က သူ့မျက်နှာက ခါးသီးမှုကို မြင်လိုက်ရချိန်တွင် သူက ချက်ချင်း ပြန်ထိန်းလိုက်သည်။ လည်ချောင်းလေး ရှင်းကာ ခပ်ဟဟ ရယ်ပြီး "စတာပါကွ၊ အမှန်ပေါ့၊ ဒီ စိတ်စွမ်းအင်အရည်တွေက မင်းရဲ့ အဆာခံ မှော်ဆေးလုံးတွေ ထက်တောင် အများကြီးဈေးမြင့်လာက်ဦးမယ်။ မြန်မြန် သွက်သွက် ရေခဲ ရုပ်တုအကုန် ယူရအောင်။ ကင်းလှည့်ချိန် မတိုင်မီ ပြန်ရောက်ဖို့ လုပ်ရမှာ"You XiaoMo က သူ့ကို ဝင့်ကြည့်ကာ "နယ်မြေထဲမှာ စည်တွေ အများကြီး မရှိတော့ဘူး။ စိတ်စွမ်းအင်အရည်တွေ ထည့်ဖို့ မလောက် လောက်ဖူး"Ling Xiao က စဉ်းစားကြည့်ပြီးတော့ နည်းလမ်းတစ်ခု ရသွားသည်။ "အရင်ဆုံး ရေခဲရုပ်တုတွေ အရည်မဖျော်ပစ်နဲ့။ မင်းရဲ့ စိတ်ဝိဉာဏ်အားသုံးပြီး ဖြတ်တောက် လို့ ရမလားဆိုတာ စမ်းကြည့်။ ရတယ် ဆိုရင် အတုံးလိုက်တွေ ရွှေ့လိုက်။ အဲဒါက စိတ်စွမ်းအင်အရည်အဖြစ် အရည်ဖျော်လိုက်တာထက် ပိုမြန်ပြီး ပိုပြီးသက်ရောက်မှု ရှိတယ် "You XiaoMoက အဲဒိနည်းက သိပ်မဆိုးလှတာကို တွေးမိတော့ သူ အကြံပေးသည့်အတိုင်း စလုပ်လိုက်သည်။ဝိဉာဏ်ခွန်အားက ရေခဲကို အရေပျော်စေမှတော့ ဖြတ်တောက်ဖို့ ဆိုတာ ခက်ခဲသော အရာမဟုတ်တော့။ ရေခဲ ရုပ်တု၏ အခြေကနေ ဖြတ်တောက်ဖို့ကို ဝိဉာဏ်ခွန်အားကို ခပ်ပါးပါး သဏ္ဍာန်အဖြစ် ထိန်းချုပ်ရသည်။ သိပ်မကြာခင်တွင်ပင် ရေခဲ ရုပ်တုများကို ကြမ်းပြင်မှနေ သီးခြား ခွဲထုတ်နိုင်ပြီးတော့ You XiaoMo၏ နယ်မြေထဲကို ရွှေ့လိုက်သည်။ ကြမ်းပြင် မျက်နှာပြင်က မှန်တစ်ချက်လို ချောမွေ့နေသော မျက်နှာပြင်သာ ကျန်ခဲ့သည်။ဒီနည်းက အလွန် အကျိုးသက်ရောက်တာကို သိသွားတော့ You XiaoMo က သူ့ အားအင်တွေကို အဲဒိအထဲသာ ပစ်သွင်းလိုက်တော့သည်။Ling Xiao က ဘာမှ လုပ်စရာ မရှိတာမို့ သူက ဘယ်ရေခဲရုပ်တုတွင် ဆေးပင်များနှင့် ကောင်းမွန်သော အရာများ ဝှက်ထားသလဲ ဆိုတာကို ကူရှာပေးကာ You XiaoMo ကို ဖြတ်တောက်ဖို့ ပြောလေသည်။နှစ်ယောက်သာ အတူတကွ အလုပ်လုပ်ကြသည်မို့ အမြန်နှုန်းက တော်တော်လေး ကောင်းမွန်လှသည်။ နှစ်နာရီ အတွင်းမှာကို သူတို့က ရေခဲလိုဏ်ဂူထဲက ရေခဲ ရုပ်တု ဆယ့်နှစ်ပုံ ပုံ တစ်ပုံ ဖြတ်တောက် ပြီးသွားပြီ။ You XiaoMo က သူ့ဝိဉာဏ်ခွန်အားတွေ ကုန်ခန်းတော့မည် အချိန်တွင် ရပ်လိုက်ရသည်။"ဒီနေ့တော့ ဒီမှာပဲ ရပ်ကြရအောင်။ နောက်မှ ဒီကို ထပ်လာဖို့ အချိန်ရှာရအောင်။ တော်တော်လဲ သိမ်းဆည်းပြီးပြီ ဆိုတော့ အခုအသုံးပြုဖို့ လုံလောက်နေပြီ။" Ling Xiao က သူ့ဘေးကို လျှောက်လာကာ သူ့လက်ကို You XiaoMo လက်မောင်းရင်းအောင် လျှိုဝင်ကာ အားနည်းသောသူ့ကို ကြမ်းပြင်ကနေ သယ်မလိုက်သည်။You XiaoMo က ခေါင်းညိမ့်ပြလိုက်သည်။ သူက ပိုလိုချင်နေပေမယ့်လဲ ဒီတစ်ခေါက် သိမ်းဆည်းတာ တော်တော်လေး ရလိုက်သည်။ နယ်မြေထဲက ရေခဲရုပ်တုပုံကြီးကလည်း တောင်ကုန်းအသေးစားလေး တစ်ခုလိုတောင် ဖြစ်နေပြီ။ ဆေးပင်က ဆယ်ပင်ကျော်လောက်လဲ ရနေပြီ။ သူက အဆင့်လေးနှင့် အထက် မှော်ဆေးပင်များကို မမှတ်မိသေးတာမို့ အခုတော့ အကုန်စုပုံထားရသည်။နှစ်ယောက်သာ ရေခဲလိုဏ်ဂူကနေ ထွက်ခွာချိန်တွင် ကောင်းကင်က မှောင်တောင် မှောင်နေပြီ။တောင်၏ အနောက်ဖက်က သိပ်သည်းလှသော သစ်ပင်များ၏ အရိပ်ဖြင့် ဖုံးလွမ်းနေသည်။ ကောင်းကင်က မှောင်လာချိန်တွင် တစ်ခုခုကို မြင်နိုင်ရန် ပိုတောင် ခက်ခဲလာသည်။ မကြည်မသာ ထိုင်းမှိုင်းလှသော လေအေးများက အရိုးထိအောင် အေးလှသည်။ သားရိုင်းများ၏ ဟိန်းဟောက်သံ အချို့လဲ ရံဖန်ရံခါ ကြားနိုင်သည်။ You XiaoMo က သူ့လက်မောင်းနှစ်ဖက် မပွတ်သပ်ပဲ မနေနိုင်တော့။ သူ့ခြေထောက်များက အားနည်းနေသည်။ Ling Xiao က သူ့ခါးကို ပွေ့ဖက်ထားတာ မဟုတ်လျှင် သူက မြေပြင်ပေါ်တွင် ထိုင်လျက် ဖြစ်နေလောက်မှာ ကြာလှနေပြီ။"ကိုယ် မင်းကို ကုန်းပိုးပေးမယ်လေ"Ling Xiao က သူ့နား နားကို ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ သူ့ရဲ့ ပူပြင်းသော ထွက်သက်က သူ့နားရွက်ကို ထုံထိုင်းကာ ကလိကလိ ဖြစ်အောင် လုပ်နိုင်သည်။ You XiaoMo၏ နားရွက် တစ်ခုလုံးက သူ့ရဲ့ ထွက်သက်လေနှင့် နီတက်သွားသည်။ သူက နားကို အသာပွတ်ကာ "အခြားနည်း သုံးလို့ မရဘူးလား"Ling Xiao၏ နှုတ်ခမ်းများက ကော့တက်ကာ သူ့အပြုံးက လှောင်ပြောင်ရိပ်တွေ သယ်ဆောင်ထားသည်။ သူ့ပခုံးပေါ်ကနေ သူ့လက်မောင်းရင်းကို ဆုပ်ကိုင်ထားရာက "ညီငယ်လေး မင်းက မင်းသမီးလေးလို သယ်တာ ပို သဘောကျတယ်လို့ ပြောနေတာလား""ဒါဆိုလဲ ကုန်းပဲ ပိုးတော့လေ"You XiaoMo က ချက်ချင်း ပြောလိုက်သည်။ မင်းသမီး သယ်သလို ဟုတ်လား။ သူက မိန်းမတစ်ယောက်မှ မဟုတ်တာ။"ဒါဆိုလဲ တက်လေ"Ling Xiao က သူ့ကို ကျောပေးလိုက်သည်။ သူက အနည်းငယ် ကုံးလိုက်ကာ သူ့ရဲ့ သန်မာအားကောင်းသော ကျောပြင်ကို ဖော်ပြကာ ပြီးပြည့်စုံသော ခံစားချက်ကို ပေးစွမ်းနေသည်။ သူ့ရဲ့ နောက်ကျောကတောင် ပြီးပြည့်စုံနေရာ သူ့ကို ကြယ်လေးတွေလို လက်နေသာ မျက်ဝန်းများနှင့် မိန်းမများစွာ ကြည့်တာ မဆန်းပါဘူး။ သူ့နှင့် ယှဉ်လိုက်လျှင် စိတ်ဓါတ်ကျကာ သေသွားချင်သားလိမ့်မည်။You XiaoMo က နည်းနည်း တုန့်ဆိုင်းပြီးမှ သူ့ကျောပေါ်ကို မကြည်မသာနှင့် တက်လိုက်သည်။ သူ့ရဲ့ လက်များကို ဆက်ကာ သူ့လည်ပင်းကို တင်းတင်း ဖက်ထားသည်။ ယောကျ်ားများကြားမှ နီးကပ်သော ထိတွေ့မှုက ဘာမှ ထူးဆန်းတာ မရှိ ပြန်မကျသွားရန်သာ လုပ်လိုက်တာမို့ သူက ရှက်ရွံ့သွားသော အမူအယာများ မရှိ။သူ့ကျောပေါ်ကို နွေးထွေးသော ကိုယ်လေးတက်လာတာ ခံစားမိပြီး Ling Xiao က အောင်မြင်သွားသော အပြုံး ပေါ်ထွက်လာသည်။ သူ့ကိုယ်ကို မတ်လိုက်တော့ သူ့ရဲ့ လက်နှစ်ဖက်လုံးက You XiaoMo ၏ ပြီးပြည့်စုံစွာ တင်းရင်း လုံးဝိုင်းနေသာ တင်ပါးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ မနက်တုန်းထဲက သူက အဲဒါကို ခံစားမိပြီးသား You XiaoMo၏ တင်ပါးများက အလွန် တင်းရင်းလှသည်။ သူ့ပေါင်ပေါ်တွင် ထိုင်နေချိန်တွင် အဲဒါက အလွန်နူးညံ့ပြီးတော့ သူ့မျက်လုံးထဲက အလိုအဆန္ဒများက အပြင်တောက် ဖောက်ထွက်လု မတတ်ပင်။သူ့တင်ပါးတွေကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရတော့ You XiaoMo တုန်တက်သွားသည်။ယောကျ်ားတစ်ယောက်က သူ့တင်ပါးကို ပွတ်သပ်တာ ခံရတာက နည်းနည်းတော့ ကသိကအောက် ဖြစ်လှသည်။ သို့သော်လည်း အဲဒါကလဲ အခြားသူက သူကောင်းဖို့ လုပ်တာ ဖြစ်ပေမယ့်လဲ သူ့ရင်ထဲမှာတော့ နည်းနည်း ကကျိကကျိတော့ဖြစ်သေးသည်။ဘာမှ လုပ်လို့မရ။ You XiaoMo က သူ့ရင်ထဲမှာ သူ့ကိုယ်သူ ချက်ချင်း ပြန်ပြောလိုက်သည်။ သူတို့က ယောကျ်ားသားတွေ ချည်းပဲ။ ဘာမှ မဖြစ်ဘူး။ ခဏလေးနှင့် ပြီးသွားမှာ။သိပ်မကြာခင် သူက လွင့်မျောနေတာမှန်း သိသွားသည်။ တဟူးဟူးနှင့် လေအေးများက သူ့ဘေးနှစ်ဖက်လုံးက တိုက်ခတ်နေသည်။ Ling Xiao၏ ကိုယ်လုံးက သူ့ကို ကာကွယ်ပေးထားသောကြောင့် You XiaoMo က နည်းနည်းလေးတောင် မအေးပေ။ အဲဒိအခြား Ling Xiaoခန္ဓာကိုယ်က အနွေးဓါတ်က သူ့ကို နွေးထွေးနေစေတာတောင် ခံစားမိသည်။ ဖြစ်နိုင်မည် ဆိုလျှင် သူက လွှတ်တောင် မပေးချင်ပေ။Ling Xiao၏ အလျင်က အလွန်မြန်သည်။ ဆယ့်ငါးမိနစ်ကြာသော အခါ သူတို့တွေ တောင်အနောက်ဖက်ကနေ ထွက်လာကာ နေ့အချိန်တုန်းကသူတို့ ရောက်ခဲ့သော လမ်းလေးသို့ ရောက်သွားသည်။ ခပ်ဝေးဝေးက ဗဟိုဌာနမှ မီးအိမ်များကိုတောင် မြင်နိုင်နေသည်။ လရောင်ကို အကာအကွယ်လုပ်ကာ Ling Xiao က နေအိမ်များ အပြင်ဖက်တွင် ကင်းလှည့်လည် နေသော အစောင့်များကို ရှောင်ရှားလိုက်သည်။ ကံကောင်းစွာနှင့် အစောင့်များက ကင်းလှည့်စ ဖြစ်တာမို့ သူတို့တွေ ဆီကို မရောက်လာသေးပေ။ သူ အရင်က ချထားသော စည်းတောင် အခန်းမှာ ရှိနေသေးကာ အခန်းထဲတွင် လေးနာရီ နီးပါး တစ်ယောက်မှ မရှိတာ ဘယ်သူမှ မသိသေးချေ။အခန်းထဲ ဝင်လာပြီးတော့ Ling Xiao က You XiaoMo ကို အောက်ချပြီး "အခန်းထဲမှာပဲ နေ။ ငါ ခဏနေရင် ပြန်လာခဲ့မယ်"သူ လှည့်ထွက်လိုက်သည်။You XiaoMo က ချက်ချင်းမေးလေသည် "ဘယ်သွားမလို့လဲ""ပြန်ရောက်မှ ပြောပြမယ်"Ling Xiao က ပြောပြီးတာနှင့် ထွက်သွားသည်။ အခန်းထဲက ထွက်တော့ ညအမှောင်ထဲကို အမြန် ပျံသန်း မသွားခင် စည်းပြန်ချခဲ့လိုက်သည်။