C-72 Missing.
အခန္း ၇၂ ေပ်ာက္ဆံုးျခင္း
"အစ္ကုိၾကီးYou ဘာလို႕ မလာတာလဲ"
Jiang Liu က သူ႕မ်က္လံုးထဲက တုန္႕ဆုတ္ သံသယျဖစ္ေနေသာ အရိပ္အေယာင္မ်ား ျမင္ေတြ႕သြားသည္။
You XiaoMo က တစ္ခါတစ္ေလ ဟိုေမ့ဒီေမ့ ျဖစ္တတ္ကာ အေရွ႕ကို ေလွ်ာက္ေနလွ်င္ေတာင္ ေနာက္ျပန္လွည့္မၾကည့္ ေသာ သူျဖစ္ေပမယ့္လည္း သူမ်ား၏ ေနရာတြင္ေတာ့ ဂရုတစိုက္ရွိေနရမည္ ဆိုတာ သိပါေသးသည္။ ဒီ Jiang Liu ကေတာ့ သူက ေကာင္းကင္ေတာင္ထြတ္က ျဖစ္တာနဲ႕ပဲ သူ႕ေနာက္ကို ဘာမွ မစဥ္းမစား ဂရုတစိုက္ မရွိပဲ လိုက္လာလိမ့္မည္ ေတြးေနတာေတာ့ အနည္းငယ္ ထူးဆန္းေနသေယာင္ ရွိသည္။
"ဂ်ဴနီယာညီေလးJiang ၊ ငါတို႕က စကားေလး နည္းနည္းပဲ ေျပာယုံပါပဲ။ အေဝးၾကီး သြားေနဖို႕ လိုလို႕လား"
"ဒါက... အမွန္ကေတာ့... ကၽြန္ေတာ္က ျပစရာေလး ရွိလို႕ အဲဒိကို တန္းေခၚသြားမယ္လို႕ ေတြးေနတာပါ"
Jiang Liuက ဆင္ေျခရွာေနရင္းႏွင့္ အထစ္အထစ္ေျပာေလသည္။ တကယ္ေတာ့ သူက ျဖစ္ႏိုင္ေခ်မ်ားကို ေတြးထားျပီးသာ ျဖစ္သည္။ အစကတည္းက You XiaoMoသူ႕ေနာက္ကို အသာတၾကည္ မလုိက္ေလာက္ဖူး ေတြးထားျပီး ျဖစ္သျဖင့္ သူႏွင့္ လုိက္လာရန္ အေၾကာင္းျပခ်က္ တစ္ခု ရွာထားျပီး ျဖစ္သည္။
"ငါထင္တာ မမွားဘူးဆိုရင္ ဒီလမ္းက ေတာင္တဲက အေနာက္ဖက္ကို သြားတာ။ ငါ့ကို ေတာင္ေနာက္ကို ေခၚသြားဖို႕ ေျပာေနတာေတာ့ မဟုတ္ပါဘူးေနာ္"
You XiaoMo က သံသယရွိရွိ ေျပာလုိက္သည္။ သူ မမွားဘူးဆုိလွ်င္ ဒီ Jiang Liu သည္လည္းပဲ သူ႕လို ဗဟိုဌာနခ်ဳပ္ကို ေရာက္တာ ပထမဆံုးအၾကိမ္ ျဖစ္သည္။
"ဟုတ္ ဟုတ္တယ္"
Jiang Liuက အေမာတေကာ ေျပာေလသည္။
You XiaoMo က သူ႕ကို ေျပာစရာ စကားလံုးေတာင္ မရွိသလို ၾကည့္လုိက္သည္။ ဒီလူကေတာ့ လိမ္ေနတာေတာင္ ဘယ္လို ပိရိေအာင္ လိမ္ရမလဲ ဆိုတာ မသိဘူးပဲ။ သူ႕ရဲ႕ ပူပန္ေနတဲ့ အသြင္အျပင္က တစ္ခုခုေတာ့ ျဖစ္ေတာ့မည္ ဆိုတာ ေပၚလြင္ထင္ရွားေနသည္။
သူက တံုး သည္ဟု Ling Xiao က အျမဲ ေျပာေနေသာ္လည္း သူက ဘယ္ေလာက္ပဲ တံုးအပါေစ သူက တစ္ခုခု မွားယြင္းေနလွ်င္ေတာ့ ျမင္ႏိုင္ပါေသးသည္။ Jiang Liu၏ အျေခအေနကုိ ေတြးမိကာ သူ႕ကုိ ဘာ အေၾကာင္းျပခ်က္မွ မရွိပဲ ေကာက္ခါငင္ကာၾကီး လာရွာရပံု ေထာက္လွ်င္ သူ႕ကို တစ္ေယာက္ေယာက္က အမိန္႕ေပးလိုက္သည့္ ပံုပင္။ အမိန္႕ေပးလိုက္သူ ဘယ္သူလဲ ဆိုတာကေတာ့ သူ႕ကို အရိုးထဲကေတာင္ မုန္းတီးလွေသာ Tang YunQi သာ အမ်ားဆံုး ျဖစ္ႏိုင္ေခ်ရွိသည္။ သူ(မ)သာ ဆိုလွ်င္ အရာအားလံုးက ျဖစ္ႏိုင္သြားျပီ။
"ဂ်ဴနီယာညီေလး Jiang ငါတို႕ ေတာင္ေနာက္ကို မသြားတာ ပိုေကာင္းလိမ့္မယ္လုိ႕ ငါေတာ့ ထင္တယ္။ ျပိးေတာ့ ဒါက ဗဟိုဌာနခ်ဳပ္ေလ။ ငါတို႕ေတြ အရမ္းကာေရာၾကီး ေလွ်ာက္သြားေနလို႕ မေကာင္းဘူး"
Jiang Liu တစ္ေယာက္ Tang YunQi ဆီက ျခိမ္းေျခာက္တာ ခံထားရတာ You XiaoMo သိသည္။ သို႕ေသာ္လည္း သူက စာနာတတ္ေပမယ့္လည္း သူ႕ကို ထိခိုက္ေစမွန္း ေကာင္းေကာင္းသိေနတာကိုေတာ့ မသြားႏိုင္ေပ။ ဒီေတာ့ သူက သူ႕ကို အရိပ္အျမြက္ျပႏိုင္ဖို႕သာ ေမွ်ာ္လင့္ျပီး ေကြ႕ဝိုက္ေျပာဖို႕သာ တတ္ႏို္င္သည္။
Jiang Liuက သူ႕ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ သူ႕မ်က္လံုးမ်ားကလဲ အက်ဥ္းအက်ပ္ထဲ ေရာက္ေနမွန္း ျပသေနသည္။
You XiaoMo က သူ႕အေျခအေန သိပ္မဟုတ္တာကို ျမင္ေတာ့ "Tang YunQiက မင္းကို ငါ့ကို ေခၚခိုင္းမွန္း ငါသိတယ္။ ဒီလုိ ဆိုရင္ေကာ ဘယ္လိုလဲ။ ငါက မင္းအၾကံအစီကို သိသြားတယ္လို႕ Tan YunQi ကို သြားဝန္ခံလုိက္ပါလား။ သူ(မ)ဘာသာ သူ(မ)လာပါေစလား၊ ဒီနည္းနဲ႕ဆို မင္းကိုလဲ သူ(မ)က ျပႆနာ မရွာေတာ့ဘူးေလ"
"အစ္ကိုၾကီးYou အဲဒါက အသံုးမဝင္ဘူး"
Jiang Liu ငိုခ်င္ေနသလို ဟန္ပန္ႏွင့္ ေခါင္းငိုက္စိုက္က်ကာ သူ႕ကို ဖ်တ္ခနဲ ၾကည့္လုိက္သည္။
"အမၾကီးTang က ကၽြန္ေတာ္သာ သူ(မ) အမိန္႕ကို မလုပ္ႏုိင္တာ သိရင္ ေသခ်ာေပါက္ လႊတ္ေပးမွာ မဟုတ္ဘူး။ ကၽြန္ေတာ္က ေကာင္းကင္ေတာင္ထြတ္ ဂိုဏ္းသားတစ္ေယာက္ ျဖစ္ေနေပမယ့္လဲ အမၾကီး Tang က ကၽြန္ေတာ္က အစ္ကိုနဲ႕ တစ္ရြာတည္းက လာမွန္း သိေနေတာ့ သူ(မ)က ကၽြန္ေတာ့ကို ဖိႏွိပ္လိမ့္မယ္။ တစ္ခါတစ္ေလ ဆိုရင္ သူ(မ)က လူနည္းနည္းေခၚလာျပီးေတာ့ ကၽြန္ေတာ့ကို ျပႆနာ ရွာတတ္ေသးတယ္။ ျပီးေတာ့ ဆရာ့ကို ျပန္မေျပာဖို႕လဲ ျခိမ္းေျခာက္ေသးတယ္။"
အဲဒါကုိ ၾကားေသာအခါ You XiaoMo မ်က္ေမွာင္က တင္းေနေအာင္ က်ံဳသြားသည္။ သူက Tang YunQi ကုိ ဒီလိုလူစား ျဖစ္လိမ့္မည္ဟု မထင္ေပ။သူ႕ကို မုန္းသည္ႏွင့္ သူႏွင့္ ရြာတူေသာသူကို ေတာင္ မုန္းတီးေနသည္။ ျပီးေတာ့ သူ(မ)၏ ဂိုဏ္းခ်ဳပ္သမီးဟူေသာ အဆင့္အတန္းကို သံုးျပီးေတာ့ ဂ်ဴနီယာညီေလးJiang ကိုေတာင္ အႏိုင္က်င့္ေနသည္။ ထိုအျပဳအမူဟာ ရွက္ဖြယ္လိလိပင္။ သို႕ေသာ္ သူက စာနာတတ္တဲ့သူ ျဖစ္လွ်င္တာင္ သူလုပ္ႏိုင္တာ မရွိေတာ့။ Ling Xiao ၏ အကာအကြယ္ ေပးမႈေၾကာင့္သာ မဟုတ္လွ်င္ သူက Tang YunQi၏ ေသေလာက္ေအာင္ ႏွိပ္စက္တာကို ခံေနတာ ၾကာလွေလာက္ျပီ။
"ဂ်ဴနီယာညီေလးJiang ငါကေတာ့ အဲဒါကို မင္းဆရာကို ေျပာသင့္တယ္လို႕ေတာ့ ခံစားမိတယ္။ မင္းဆရာက မင္းရဲ႕ လုပ္ႏိုင္စြမ္းေတြကို ၾကိဳက္ေနေတာ့ မင္းကို တန္ဖိုးထားမွာ။ သူ႕ကို ေျပာလုိ္က္ရင္ သူက မင္းကို ဂရုစိုက္ေလာက္ပါတယ္"
You XiaoMo က စိ္တ္ပါလက္ပါႏွင့္ အၾကံေပးလုိ္က္သည္။
"ေက်းဇူးတင္ပါတယ္ ဒါေပမယ့္ သူ(မ)က ဂိုဏ္းခ်ဳပ္ၾကီးရဲ႕ သမီးေလ။ ကၽြန္ေတာ္က ကၽြန္ေတာ္က သူ(မ)ကို မႏိုင္ ႏိုင္ပါဘူးဗ်ာ၊ ကၽြန္ေတာ့္ဆရာကေတာ့ ကၽြန္ေတာ့ကို ကူညီေပးႏို္င္ေပမယ့္ အရာတုိင္းေတာ့ မကူေပးႏိုင္ဘူးေလ"
Jiag Liu၏ မ်က္လံုးမ်ားက မ်က္ရည္မ်ားႏွင့္ ျပည့္ေနေသာ္လည္း You XiaoMo ကိုေတာ့ ေက်းဇူးတင္သလုိ ၾကည့္ေနေသးသည္။
ဒီလို အမူအယာႏွင့္ ၾကည့္တာ ခံလုိက္ရေသာအခါတြင္ You XiaoMo မွာ ရုတ္တရတ္ အနည္းငယ္ေတာင္ အျပစ္ရွိသလို ခံစားလုိက္ရသည္။
ေသခ်ာစဥ္းစားၾကည့္မည္ ဆိုလွ်င္ သူ ဒီလို မွားယြင္းစြာ အဆက္ဆံ ခံရသည္က အားလံုး သူ႕ေၾကာင့္ပဲ ျဖစ္သည္။ သူသာ Tang YunQi ကိုသာ သူ မေရွာင္ရွားခဲ့လွ်င္ Tang YunQi သည္လည္း သူ(မ)ေဒါသကို သူ႕ႏွင့္ ရြာတူေသာ သူကို အျပစ္ပံုခ်မွာ မဟုတ္ေပ။ သူက Jiang Liu ကို ျပႆနာေတြေတာင္ ျဖစ္ေစခဲ့သည္။
"ဒီလိုဆိုလွ်င္ေကာ ဘယ္လိုလဲ သူ(မ)ကို ေျပာလုိက္ေလ ငါတို႕ျဖတ္လာခဲ့တဲ့ လမ္းေလးခြဆံုေလးမွာ ငါေစာင့္ေနမယ္လို႕ေလ ။ ငါ အားလံုးကို ရွင္းျပေပးမယ္"
တကယ္ေတာ့ အဲဒါကလည္း You XiaoMo က ျမင့္ျမတ္လွေသာ ရည္ရြယ္ခ်က္ေၾကာင့္မဟုတ္။ Tang YunQi ႏွင့္ သီးသန္႕ေတြ႕ဆံုျခင္းမွာ အႏၱရာယ္ ရွိေသာ အရာတစ္ခုျဖစ္သည္။ Jiang Liu က သူ႕မ်က္လံုးစပြင့္တုန္းက ပထမဆံုး ျမင္ခဲ့ရသူလည္းျဖစ္ကာ ထုိသူ႕ေၾကာင့္မို႕ သူေျခခ်မိေသာ ကမၻာေလာကၾကီး က ဘယ္လုိပံုလဲ ဆိုတာ သိရသျဖင့္ ေက်းဇူးတင္တာရယ္ ႏွင့္ တစ္ရြာသားတည္း ျဖစ္ေသာ Jiang Liu ကို ဒီလို ျမင္လုိ္က္အခါရယ္ ျပီးေတာ့ အခုက Tang YunQi က သူ႕(မ)ေဒါသကို သူ႕အေပၚပံုခ်ေနတာျမင္ရလုိ္က္ေတာ့ သူက တာဝန္အနည္းငယ္ေတာ့ ယူလုိက္သင့္သည္ဟု ခံစားလိုက္ရေလသည္။
"အဲလို ေကာ ရလား" Jiang Liu က မ်က္ရည္ဝိုင္းကာ ေမးလုိက္သည္။
"ငါ အဆင္ေျပလို႕ ရတယ္။ ျပီးေတာ့ Tang YunQi က ဒီတစ္ခါ မေအာင္ျမင္ရင္ သူ(မ)က ထပ္လာျပီး ျပႆနာ ရွာေနဦးမွာပဲ ဆိုေတာ့ ဒီလို ရွင္းလုိက္တာ ေကာင္းပါတယ္"
You XiaoMo သူ႕မ်က္လံုးစြႏ္းေတြ တြန္႕ခနဲ ျဖစ္သြားသည္လို႕ေတာင္ ခံစားလိုက္ရသည္။ သူက Jiang Liu က ေတာက္ပျပီး အေကာင္းျမင္တတ္ေသာ စရိုက္ရွိေသာ လူငယ္ေလးတစ္ေယာက္ဟု သူထင္ထားသည္။ ဒီလုိ ငိုယိုတတ္ေသာ ကေလးတစ္ေယာက္အျဖစ္ေတာ့ သူမေမွ်ာ္လင့္ထားေပ။ သူ႕မ်က္ရည္ဂလင္းန္ ေတြက မိန္းကေလး တစ္ေယာက္လိုပင္ ေကာင္းေကာင္း ဖြံ႕ျဖိဳးပံုရသည္။ ငိုလုိက္တာ ပုလဲလံုး ရြဲလံုးေတြအလားပင္။
"ေက်းဇူးတင္ပါတယ္" Jiang Liu က ငိုတာ ရပ္လုိက္ကာ ရႈိက္ေနရင္း သူ႕ကို ေက်းဇူးတင္ေနသည္။
"အင္း၊ ဒါဆို မင္း ျမန္ျမန္သြားသင့္ေနျပီ မင္းကို ေစာင့္ေနရလုိ႕ ေဒသေတြ ထြက္ေနဦးမယ္။ ငါသြားႏွင့္ျပီး အဲ့မွာ ေစာင့္ေနမယ္"
သူက မိန္းကေလး တစ္ေယာက္ မဟုတ္တာ ဆိုးလွတာပဲ မဟုတ္ရင္ သူ႔ကုိယ္ကို သူ႕လက္ေလးနဲ႕ပုတ္ကာ လက္ကိုင္ပဝါေလး သံုးျပီး မ်က္ႏွာေလးေတာင္ သုတ္ေပးလို႕ ရႏုိင္ဦးမွာ။
"ဒါဆို ကၽြန္ေတာ္ အရင္သြားႏွင့္မယ္ တာ့တာ အစ္ကုိၾကီးYou"
Jiang Liu က Tang YunQi ကို အေၾကာင္းၾကားဖို႕ မေျပးခင္ေလးမွာ You XiaoMo ကို လက္ျပလုိက္ေသးသည္။
Jiang Liu ျမင္ကြင္းကေန ေပ်ာက္သြားေသာအခါတြင္ You XiaoMo ဆက္ ထိန္းမထားႏိုင္ေတာ့ ။ ဘယ္သူက သူ႕ကို ခပ္ၾကမ္းၾကမ္း သရုပ္ေဆာင္လုိ႕လဲ? ဘယ္သူကမ်ား သူ႕ကို စိတ္ထားႏူးညံ့ခိုင္းလို႕လဲ? အခုေတာ့ သူဝင္ပါမိျပီ။ မၾကာခင္မွာ အဲဒိ ေကာက္က်စ္ျပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိပါေသာ မင္းသမီး Tang YunQi ႏွင့္ ရင္ဆုိင္ရေတာ့မည္။ တကယ္ေတာ့ .... သူက နည္းနည္းေတာ့ ထိတ္လန္႕ေနပါသည္။ ျပန္စဥ္းစားၾကည့္ေတာ့လဲ Ling Xiao ကို ေခၚလုိက္တာက ပိုေကာင္းလွသည္ဟု You XiaoMo ရုတ္တရတ္ အေတြးေပါက္သြားသည္။ Tang YunQi ႏွင့္ အေပါင္းအပါမ်ားက You XiaoMo က သူ႕ဘာသာ ခ်ိန္းဆိုလိုက္တာဆိုေတာ့ You XiaoMo က Ling Xiao ကို ပါဝင္ေစလိမ့္မည့္ဟု သူတို႕ ေမွ်ာ္လင့္ထားမွာ မဟုတ္ေပ။ အဲလို ဆံုးျဖတ္ခ်က္ ခ်ျပီးေနာက္ You XiaoMo က သီခ်င္းေလး ညီးကာ သူ႕ေျခလွမ္းမ်ားအတုိင္း ျပန္ ဆုတ္ခြာေတာ့သည္။
သူ ထြက္သြားျပီး သိပ္မၾကာ အမည္းေရာင္သ႑ာန္တစ္ခုက သူတုိ႕ႏွစ္ေယာက္ ရပ္ခဲ့ေသာ ေနရာတြင္ ေပၚလာေလသည္။ ထို အမည္းေရာင္ သ႑ာန္က You XiaoMo ဦးတည္သြားရာ အရပ္ကို အမူအယာကင္းမဲ့စြာ ၾကည့္လုိက္ျပီး ဖ်တ္ခနဲ ေပ်ာက္ကြယ္သြားျပန္သည္။ You XiaoMo သြားရာဘက္ကို တူညီစြာ ဦးတည္လိမ့္မည္ ဆိုတာေတာ့ မျမင္ရေတာင္ သိႏိုင္ေပသည္။
အျခားတစ္ဖက္မွာလဲ Jiang Liuက တကယ္ၾကီး You XiaoMo ၏ စကားမ်ားကုိ Tang YunQi ကို ေျပာျပလုိက္သည္။
You XiaoMo က သူ(မ)ကို ေတြ႕ဆံုရဲတယ္ ဆိုတာ ၾကားလိုက္ရေတာ့ Tang YunQi၏ မ်က္လံုးထဲတြင္ ေက်နပ္သည့္အရိပ္အေယာင္မ်ား ဖ်တ္ခနဲ ေပၚလာကာ "ဂ်ဴနီယာညီေလး Jiang အဲဒါ အမွန္ပဲလား? You XiaoMo က တကယ္ၾကီး င့ါကို ၾကိဳေစာင့္ေနတာလား? င့ါ အၾကံအစည္ သူသိသြားလို႕ သူက ငါတို႕ကို ေရွာင္ခ်င္လုိ႕ တမင္ေျပာလုိက္တာလား"
"မဟုတ္ဘူး သူက အဲဒိမွာေစာင့္ေနမွာ" Jiang Liuက ေခါင္းငံုထားသျဖင့္ သူ႕အမူအယာကို ဖတ္လို႕မရႏို္င္ေပ။
"ေကာင္းျပီေလ၊ ငါ နင့္ကို ယံုပါတယ္။ နင့္ကို လႊတ္ရင္ ေအာင္ျမင္မယ္ ဆိုတာ ငါသိသားပဲ။ နင္ ေကာင္းေကာင္း လုပ္ခဲ့တယ္။ ေနာက္ ထပ္ျဖစ္လာမွာေတြက နင္နဲ႕ မဆုိင္ဘူး နင္အရင္သြားႏွင့္ေတာ့။ ျပီးေတာ့ေနာ္ ငါ အျခားသူေတြ အဲဒါသိသြားတာ မလိုခ်င္ဘူး ဆိုေတာ့ကာ နင္ဘာလုပ္ရမလဲ ဆိုတာ နင္သိတယ္မလား"
Tang YunQi က ေက်နပ္စြာႏွင့္ သူ႕ပခံုးကို ပုတ္လုိက္သည္။ ကံေကာင္းလို႕ သူ(မ)မွာ Jiang Liu ကို ထုတ္သံုးလို႕ ရေသးသည္။ ဒီတစ္ခါေတာ့ သူ(မ)က You XiaoMo ကို သင္ခန္းစာတစ္ခု ေသခ်ာေပါက္ သင္ေပးကာ အစ္ကိုၾကီးက ဘယ္သူနဲ႕ သက္ဆိုင္ရသလဲ ဆိုတာ သိေအာင္ လုပ္ေပးရမည္။
"ကၽြန္ေတာ္ နားလည္ပါတယ္ အစ္မၾကီးTang"
Jiang Liu မ်က္ႏွာက မဲ့သြားကာ မႏွစ္ျမိဳ႕ဟန္ အနည္းငယ္ ေဖာ္ျပေနသညါ။ ဘယ္သူမွ သတိမထားမိတာ ဆိုးလွေပသည္။
အဲဒိေနာက္ Tang YunQiက သူ(မ)၏ အျခံအရံမ်ား ျခံရံကာ You XiaoMo ညႊန္းဆိုေသာ ေနရာသို႕ ထြက္ခြာေတာ့သည္။ ထိုေနရာက ပံုမွန္ဆိုလွ်င္ေတာ့ ေျခခ်င္းလိမ္ေနတတ္သည့္ ေနရာ ျဖစ္ေပမယ့္ အခုအခ်ိန္က ျပိဳင္ပြဲၾကီး က်င္းပေနခ်ိန္ ျဖစ္တာမို႕ လူအမ်ားစုက ျပိဳင္ပြဲက်င္းပရာတြင္ အားအင္ျပည့္ဝေနေစရန္ အနားယူႏွင့္ ေနၾကျပီ ျဖစ္သည္။ ဒီေတာ့ ျဖတ္သြားျဖတ္လား လူ သိပ္မရွိေပ။ You XiaoMo အတြက္အခ်က္ မွားတာသာ ျဖစ္သည္။
ေပ်ာ္ရႊင္စြာႏွင့္ သက္ေတာင့္သက္သာပဲ Tang YunQi ႏွင့္ အေပါင္းအပါမ်ားက သိပ္မၾကာခင္ ခ်ိန္းဆိုထားေသာ ေနရာသို႕ ေရာက္ရွိေတာ့သည္။
သူတို႕ကို မတ္တပ္ရပ္ကာ ေစာင့္ေနရမည့္ You XiaoMo ၏ ပံုရိပ္ကား အရိ္ပ္ေတာင္ မျမင္ရေပ။
"ဂ်ဴနီယာညီေလးJiang က ေျပာေတာ့ You XiaoMo က ငါတို႕ကို ဒီမွာ ေစာင့္ေနမွာဆို မဟုတ္ဘူးလား သူ႕အရိပ္အေယာင္ေတာင္ မေတြ႕ဘူး။ ငါတို႕မ်ား အလွည့္စား ခံလုိက္ရတာလား"
လက္ပါးေစနံပါတ္တစ္က ရုတ္တရတ္ သံသယဝင္သြားသည္။
"ဂ်ဴနီယာညီေလးJiang ေတာ့ You XiaoMo အရူးလုပ္တာ ခံလိုက္ရျပီ ထင္တယ္" လက္ပါးေစ နံပါတ္ႏွစ္ကလည္း သူ႕အေတြးေတြ ထုတ္ေျပာလာသည္။
Tang YunQi အမူအယာက ဖ်တ္ခနဲ ေျပာင္းသြားကာ "နင္ေျပာတာလဲ ဆီေလ်ာ္တာပဲ ဒါေပမယ့္ ဂ်ဴနီယာညီေလးJiang ေျပာသလုိ ဆိုရင္ေတာ့ You XiaoMo က သူ႕ကို လွည့္စားမွာ မဟုတ္ဘူး။ အခုေတာ့ သူ႕အရိပ္အေယာင္ေတာင္ မျမင္ဘူး အျခား အေၾကာင္းအရင္း ရွိမယ္ ထင္တယ္"
အဆံုးမွာေတာ့ သူ(မ)က ဒီလို အခြင့္ေကာင္းကို လက္လႊတ္ရဖို႕ ဆႏၵမရွိဘူး ျဖစ္ေနေသးသည္။
"ခဏေလာက္ေစာင့္ၾကည့္ရင္ေကာ" လက္ပါးေစနံပါတ္တစ္က သတိထားျပီး ေျပာလုိက္သည္။
"အဲလို လုပ္ၾကည့္တာေပ့ါ"
Tang YunQi က ေအးတိေအးစက္ ေျပာလိုက္သည္။ You XiaoMo က သူ(မ) ကို လိမ္ညာရဲမွေတာ့ အမုန္းတရား အေဟာင္းေတြက အသစ္ေတြ ျဖစ္ကာ သူ႕ကို ေအးေအးခ်မ္းခ်မ္းေတာင္ ေသခြင့္ မေပးႏိုင္ဖို႕ကေတာ့ သူ(မ)ဘက္က ေသခ်ာသေလာက္ပင္။
သူတုိ႕သံုးေယာက္ မေမွ်ာ္လင့္ထားတာကေတာ့ သူတုိ႕ ေစာင့္ေနေသာ You XiaoMo က ေပၚမလာပဲႏွင့္ အျခားတစ္ေယာက္ ေရာက္လာေတာ့သည္။
တကယ့္ေတာ့ Ling Xiao က You XiaoMo အခန္းထဲက ထြက္သြားသည္ႏွင့္ သူသိျပီး ျဖစ္သည္။ သူ ခ်ထားေသာ အရံအတားက တားဆီးဖို႕သာမဟုတ္ အာရံုလဲ ခံႏိုင္သည္။ အထဲကို အဝင္အထြက္ လုပ္သူ မည္သူမဆို သူက အာရံုခံစား မိမွာ ျဖစ္သည္။ You XiaoMo ကို တစ္ေယာက္ေယာက္က လာရွာတာ သူသိသည္ သို႕ေသာ္လည္း ကိုယ္နံက သူႏွင့္ မရင္းႏွီးသူ ျဖစ္ေနသည္။ ျပီးေတာ့ You XiaoMo က ထိုလူေနာက္မွ သူ႕ဘာသာ လုိက္သြားတာျဖစ္သည္။
အဲလို စဥ္းစားမိေတာ့ ျပႆနာေတာ့ မျဖစ္ႏိုင္ေလာက္ဖူးဟု ခံစားလိုက္ကာ သူက သိပ္အာရံုမထားမိတာ ျဖစ္သည္။ သို႕ေသာ္ တစ္နာရီ ၾကာျပီးေနာက္မွာေတာ့ တစ္ခုခု လြဲေနမွန္း Ling Xiao ခံစားမိသြားသည္။ You XiaoMo က ျပန္မလာေသးေပ အဲဒါက အနည္းငယ္ ထူးဆန္းေနသည္။
You XiaoMo က လူေတြ သိပ္မသိေပ အထူးသျဖင့္ ဗဟိုဌာနခ်ဳပ္က ဆို ပိုဆိုးသည္။ သူႏွင့္ ရင္းႏွီးေသာ သူမွာ Fu ZiLin သာ ရွိသည္။ သူတုိ႕ ညီအစ္ကိုက ေတာင္ထြတ္တစ္ခုတည္းက ျဖစ္တာမို႕ သူ႕ကို လာမရွာေပ။ သူတို႕ You XiaoMo ကို လာရွာကာ ေခၚသြားလွ်င္ေတာင္ ဘယ္သူေခၚသြားတာမွန္း Ling Xiao မသိစရာ မရွိေပ။
တစ္ခုခု မွားေနမွန္း သိသြားသည့္ေနာက္ Ling Xiao က သူ႕ညီငယ္ ႏွစ္ေယာက္ကို ႏႈတ္ဆက္ကာ You XiaoMo ၏ အနံ႔ေနာက္ကို လိုက္ျပီး လုိက္ရွာေတာ့သည္။
Unicode
C-72 Missing.အခန်း ၇၂ ပျောက်ဆုံးခြင်း"အစ်ကိုကြီးYou ဘာလို့ မလာတာလဲ"Jiang Liu က သူ့မျက်လုံးထဲက တုန့်ဆုတ် သံသယဖြစ်နေသော အရိပ်အယောင်များ မြင်တွေ့သွားသည်။You XiaoMo က တစ်ခါတစ်လေ ဟိုမေ့ဒီမေ့ ဖြစ်တတ်ကာ အရှေ့ကို လျှောက်နေလျှင်တောင် နောက်ပြန်လှည့်မကြည့် သော သူဖြစ်ပေမယ့်လည်း သူများ၏ နေရာတွင်တော့ ဂရုတစိုက်ရှိနေရမည် ဆိုတာ သိပါသေးသည်။ ဒီ Jiang Liu ကတော့ သူက ကောင်းကင်တောင်ထွတ်က ဖြစ်တာနဲ့ပဲ သူ့နောက်ကို ဘာမှ မစဉ်းမစား ဂရုတစိုက် မရှိပဲ လိုက်လာလိမ့်မည် တွေးနေတာတော့ အနည်းငယ် ထူးဆန်းနေသယောင် ရှိသည်။"ဂျူနီယာညီလေးJiang ၊ ငါတို့က စကားလေး နည်းနည်းပဲ ပြောယုံပါပဲ။ အဝေးကြီး သွားနေဖို့ လိုလို့လား""ဒါက... အမှန်ကတော့... ကျွန်တော်က ပြစရာလေး ရှိလို့ အဲဒိကို တန်းခေါ်သွားမယ်လို့ တွေးနေတာပါ"Jiang Liuက ဆင်ခြေရှာနေရင်းနှင့် အထစ်အထစ်ပြောလေသည်။ တကယ်တော့ သူက ဖြစ်နိုင်ချေများကို တွေးထားပြီးသာ ဖြစ်သည်။ အစကတည်းက You XiaoMoသူ့နောက်ကို အသာတကြည် မလိုက်လောက်ဖူး တွေးထားပြီး ဖြစ်သဖြင့် သူနှင့် လိုက်လာရန် အကြောင်းပြချက် တစ်ခု ရှာထားပြီး ဖြစ်သည်။"ငါထင်တာ မမှားဘူးဆိုရင် ဒီလမ်းက တောင်တဲက အနောက်ဖက်ကို သွားတာ။ ငါ့ကို တောင်နောက်ကို ခေါ်သွားဖို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်"You XiaoMo က သံသယရှိရှိ ပြောလိုက်သည်။ သူ မမှားဘူးဆိုလျှင် ဒီ Jiang Liu သည်လည်းပဲ သူ့လို ဗဟိုဌာနချုပ်ကို ရောက်တာ ပထမဆုံးအကြိမ် ဖြစ်သည်။"ဟုတ် ဟုတ်တယ်"Jiang Liuက အမောတကော ပြောလေသည်။You XiaoMo က သူ့ကို ပြောစရာ စကားလုံးတောင် မရှိသလို ကြည့်လိုက်သည်။ ဒီလူကတော့ လိမ်နေတာတောင် ဘယ်လို ပိရိအောင် လိမ်ရမလဲ ဆိုတာ မသိဘူးပဲ။ သူ့ရဲ့ ပူပန်နေတဲ့ အသွင်အပြင်က တစ်ခုခုတော့ ဖြစ်တော့မည် ဆိုတာ ပေါ်လွင်ထင်ရှားနေသည်။ သူက တုံး သည်ဟု Ling Xiao က အမြဲ ပြောနေသော်လည်း သူက ဘယ်လောက်ပဲ တုံးအပါစေ သူက တစ်ခုခု မှားယွင်းနေလျှင်တော့ မြင်နိုင်ပါသေးသည်။ Jiang Liu၏ အြခေအနေကို တွေးမိကာ သူ့ကို ဘာ အကြောင်းပြချက်မှ မရှိပဲ ကောက်ခါငင်ကာကြီး လာရှာရပုံ ထောက်လျှင် သူ့ကို တစ်ယောက်ယောက်က အမိန့်ပေးလိုက်သည့် ပုံပင်။ အမိန့်ပေးလိုက်သူ ဘယ်သူလဲ ဆိုတာကတော့ သူ့ကို အရိုးထဲကတောင် မုန်းတီးလှသော Tang YunQi သာ အများဆုံး ဖြစ်နိုင်ချေရှိသည်။ သူ(မ)သာ ဆိုလျှင် အရာအားလုံးက ဖြစ်နိုင်သွားပြီ။"ဂျူနီယာညီလေး Jiang ငါတို့ တောင်နောက်ကို မသွားတာ ပိုကောင်းလိမ့်မယ်လို့ ငါတော့ ထင်တယ်။ ပြိးတော့ ဒါက ဗဟိုဌာနချုပ်လေ။ ငါတို့တွေ အရမ်းကာရောကြီး လျှောက်သွားနေလို့ မကောင်းဘူး"Jiang Liu တစ်ယောက် Tang YunQi ဆီက ခြိမ်းခြောက်တာ ခံထားရတာ You XiaoMo သိသည်။ သို့သော်လည်း သူက စာနာတတ်ပေမယ့်လည်း သူ့ကို ထိခိုက်စေမှန်း ကောင်းကောင်းသိနေတာကိုတော့ မသွားနိုင်ပေ။ ဒီတော့ သူက သူ့ကို အရိပ်အမြွက်ပြနိုင်ဖို့သာ မျှော်လင့်ပြီး ကွေ့ဝိုက်ပြောဖို့သာ တတ်နိုင်သည်။Jiang Liuက သူ့အောက်နှုတ်ခမ်းကို ကိုက်ကာ သူ့မျက်လုံးများကလဲ အကျဉ်းအကျပ်ထဲ ရောက်နေမှန်း ပြသနေသည်။You XiaoMo က သူ့အခြေအနေ သိပ်မဟုတ်တာကို မြင်တော့ "Tang YunQiက မင်းကို ငါ့ကို ခေါ်ခိုင်းမှန်း ငါသိတယ်။ ဒီလို ဆိုရင်ကော ဘယ်လိုလဲ။ ငါက မင်းအကြံအစီကို သိသွားတယ်လို့ Tan YunQi ကို သွားဝန်ခံလိုက်ပါလား။ သူ(မ)ဘာသာ သူ(မ)လာပါစေလား၊ ဒီနည်းနဲ့ဆို မင်းကိုလဲ သူ(မ)က ပြဿနာ မရှာတော့ဘူးလေ""အစ်ကိုကြီးYou အဲဒါက အသုံးမဝင်ဘူး"Jiang Liu ငိုချင်နေသလို ဟန်ပန်နှင့် ခေါင်းငိုက်စိုက်ကျကာ သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။"အမကြီးTang က ကျွန်တော်သာ သူ(မ) အမိန့်ကို မလုပ်နိုင်တာ သိရင် သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်က ကောင်းကင်တောင်ထွတ် ဂိုဏ်းသားတစ်ယောက် ဖြစ်နေပေမယ့်လဲ အမကြီး Tang က ကျွန်တော်က အစ်ကိုနဲ့ တစ်ရွာတည်းက လာမှန်း သိနေတော့ သူ(မ)က ကျွန်တော့ကို ဖိနှိပ်လိမ့်မယ်။ တစ်ခါတစ်လေ ဆိုရင် သူ(မ)က လူနည်းနည်းခေါ်လာပြီးတော့ ကျွန်တော့ကို ပြဿနာ ရှာတတ်သေးတယ်။ ပြီးတော့ ဆရာ့ကို ပြန်မပြောဖို့လဲ ခြိမ်းခြောက်သေးတယ်။" အဲဒါကို ကြားသောအခါ You XiaoMo မျက်မှောင်က တင်းနေအောင် ကျုံသွားသည်။ သူက Tang YunQi ကို ဒီလိုလူစား ဖြစ်လိမ့်မည်ဟု မထင်ပေ။သူ့ကို မုန်းသည်နှင့် သူနှင့် ရွာတူသောသူကို တောင် မုန်းတီးနေသည်။ ပြီးတော့ သူ(မ)၏ ဂိုဏ်းချုပ်သမီးဟူသော အဆင့်အတန်းကို သုံးပြီးတော့ ဂျူနီယာညီလေးJiang ကိုတောင် အနိုင်ကျင့်နေသည်။ ထိုအပြုအမူဟာ ရှက်ဖွယ်လိလိပင်။ သို့သော် သူက စာနာတတ်တဲ့သူ ဖြစ်လျှင်တာင် သူလုပ်နိုင်တာ မရှိတော့။ Ling Xiao ၏ အကာအကွယ် ပေးမှုကြောင့်သာ မဟုတ်လျှင် သူက Tang YunQi၏ သေလောက်အောင် နှိပ်စက်တာကို ခံနေတာ ကြာလှလောက်ပြီ။"ဂျူနီယာညီလေးJiang ငါကတော့ အဲဒါကို မင်းဆရာကို ပြောသင့်တယ်လို့တော့ ခံစားမိတယ်။ မင်းဆရာက မင်းရဲ့ လုပ်နိုင်စွမ်းတွေကို ကြိုက်နေတော့ မင်းကို တန်ဖိုးထားမှာ။ သူ့ကို ပြောလိုက်ရင် သူက မင်းကို ဂရုစိုက်လောက်ပါတယ်"You XiaoMo က စိတ်ပါလက်ပါနှင့် အကြံပေးလိုက်သည်။"ကျေးဇူးတင်ပါတယ် ဒါပေမယ့် သူ(မ)က ဂိုဏ်းချုပ်ကြီးရဲ့ သမီးလေ။ ကျွန်တော်က ကျွန်တော်က သူ(မ)ကို မနိုင် နိုင်ပါဘူးဗျာ၊ ကျွန်တော့်ဆရာကတော့ ကျွန်တော့ကို ကူညီပေးနိုင်ပေမယ့် အရာတိုင်းတော့ မကူပေးနိုင်ဘူးလေ"Jiag Liu၏ မျက်လုံးများက မျက်ရည်များနှင့် ပြည့်နေသော်လည်း You XiaoMo ကိုတော့ ကျေးဇူးတင်သလို ကြည့်နေသေးသည်။ဒီလို အမူအယာနှင့် ကြည့်တာ ခံလိုက်ရသောအခါတွင် You XiaoMo မှာ ရုတ်တရတ် အနည်းငယ်တောင် အပြစ်ရှိသလို ခံစားလိုက်ရသည်။သေချာစဉ်းစားကြည့်မည် ဆိုလျှင် သူ ဒီလို မှားယွင်းစွာ အဆက်ဆံ ခံရသည်က အားလုံး သူ့ကြောင့်ပဲ ဖြစ်သည်။ သူသာ Tang YunQi ကိုသာ သူ မရှောင်ရှားခဲ့လျှင် Tang YunQi သည်လည်း သူ(မ)ဒေါသကို သူ့နှင့် ရွာတူသော သူကို အပြစ်ပုံချမှာ မဟုတ်ပေ။ သူက Jiang Liu ကို ပြဿနာတွေတောင် ဖြစ်စေခဲ့သည်။"ဒီလိုဆိုလျှင်ကော ဘယ်လိုလဲ သူ(မ)ကို ပြောလိုက်လေ ငါတို့ဖြတ်လာခဲ့တဲ့ လမ်းလေးခွဆုံလေးမှာ ငါစောင့်နေမယ်လို့လေ ။ ငါ အားလုံးကို ရှင်းပြပေးမယ်"တကယ်တော့ အဲဒါကလည်း You XiaoMo က မြင့်မြတ်လှသော ရည်ရွယ်ချက်ကြောင့်မဟုတ်။ Tang YunQi နှင့် သီးသန့်တွေ့ဆုံခြင်းမှာ အန္တရာယ် ရှိသော အရာတစ်ခုဖြစ်သည်။ Jiang Liu က သူ့မျက်လုံးစပွင့်တုန်းက ပထမဆုံး မြင်ခဲ့ရသူလည်းဖြစ်ကာ ထိုသူ့ကြောင့်မို့ သူခြေချမိသော ကမ္ဘာလောကကြီး က ဘယ်လိုပုံလဲ ဆိုတာ သိရသဖြင့် ကျေးဇူးတင်တာရယ် နှင့် တစ်ရွာသားတည်း ဖြစ်သော Jiang Liu ကို ဒီလို မြင်လိုက်အခါရယ် ပြီးတော့ အခုက Tang YunQi က သူ့(မ)ဒေါသကို သူ့အပေါ်ပုံချနေတာမြင်ရလိုက်တော့ သူက တာဝန်အနည်းငယ်တော့ ယူလိုက်သင့်သည်ဟု ခံစားလိုက်ရလေသည်။"အဲလို ကော ရလား" Jiang Liu က မျက်ရည်ဝိုင်းကာ မေးလိုက်သည်။"ငါ အဆင်ပြေလို့ ရတယ်။ ပြီးတော့ Tang YunQi က ဒီတစ်ခါ မအောင်မြင်ရင် သူ(မ)က ထပ်လာပြီး ပြဿနာ ရှာနေဦးမှာပဲ ဆိုတော့ ဒီလို ရှင်းလိုက်တာ ကောင်းပါတယ်"You XiaoMo သူ့မျက်လုံးစွန်းတွေ တွန့်ခနဲ ဖြစ်သွားသည်လို့တောင် ခံစားလိုက်ရသည်။ သူက Jiang Liu က တောက်ပပြီး အကောင်းမြင်တတ်သော စရိုက်ရှိသော လူငယ်လေးတစ်ယောက်ဟု သူထင်ထားသည်။ ဒီလို ငိုယိုတတ်သော ကလေးတစ်ယောက်အဖြစ်တော့ သူမမျှော်လင့်ထားပေ။ သူ့မျက်ရည်ဂလင်းန် တွေက မိန်းကလေး တစ်ယောက်လိုပင် ကောင်းကောင်း ဖွံ့ဖြိုးပုံရသည်။ ငိုလိုက်တာ ပုလဲလုံး ရွဲလုံးတွေအလားပင်။"ကျေးဇူးတင်ပါတယ်" Jiang Liu က ငိုတာ ရပ်လိုက်ကာ ရှိုက်နေရင်း သူ့ကို ကျေးဇူးတင်နေသည်။"အင်း၊ ဒါဆို မင်း မြန်မြန်သွားသင့်နေပြီ မင်းကို စောင့်နေရလို့ ဒေသတွေ ထွက်နေဦးမယ်။ ငါသွားနှင့်ပြီး အဲ့မှာ စောင့်နေမယ်"သူက မိန်းကလေး တစ်ယောက် မဟုတ်တာ ဆိုးလှတာပဲ မဟုတ်ရင် သူ့ကိုယ်ကို သူ့လက်လေးနဲ့ပုတ်ကာ လက်ကိုင်ပဝါလေး သုံးပြီး မျက်နှာလေးတောင် သုတ်ပေးလို့ ရနိုင်ဦးမှာ။"ဒါဆို ကျွန်တော် အရင်သွားနှင့်မယ် တာ့တာ အစ်ကိုကြီးYou"Jiang Liu က Tang YunQi ကို အကြောင်းကြားဖို့ မပြေးခင်လေးမှာ You XiaoMo ကို လက်ပြလိုက်သေးသည်။Jiang Liu မြင်ကွင်းကနေ ပျောက်သွားသောအခါတွင် You XiaoMo ဆက် ထိန်းမထားနိုင်တော့ ။ ဘယ်သူက သူ့ကို ခပ်ကြမ်းကြမ်း သရုပ်ဆောင်လို့လဲ? ဘယ်သူကများ သူ့ကို စိတ်ထားနူးညံ့ခိုင်းလို့လဲ? အခုတော့ သူဝင်ပါမိပြီ။ မကြာခင်မှာ အဲဒိ ကောက်ကျစ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိပါသော မင်းသမီး Tang YunQi နှင့် ရင်ဆိုင်ရတော့မည်။ တကယ်တော့ .... သူက နည်းနည်းတော့ ထိတ်လန့်နေပါသည်။ ပြန်စဉ်းစားကြည့်တော့လဲ Ling Xiao ကို ခေါ်လိုက်တာက ပိုကောင်းလှသည်ဟု You XiaoMo ရုတ်တရတ် အတွေးပေါက်သွားသည်။ Tang YunQi နှင့် အပေါင်းအပါများက You XiaoMo က သူ့ဘာသာ ချိန်းဆိုလိုက်တာဆိုတော့ You XiaoMo က Ling Xiao ကို ပါဝင်စေလိမ့်မည့်ဟု သူတို့ မျှော်လင့်ထားမှာ မဟုတ်ပေ။ အဲလို ဆုံးဖြတ်ချက် ချပြီးနောက် You XiaoMo က သီချင်းလေး ညီးကာ သူ့ခြေလှမ်းများအတိုင်း ပြန် ဆုတ်ခွာတော့သည်။သူ ထွက်သွားပြီး သိပ်မကြာ အမည်းရောင်သဏ္ဍာန်တစ်ခုက သူတို့နှစ်ယောက် ရပ်ခဲ့သော နေရာတွင် ပေါ်လာလေသည်။ ထို အမည်းရောင် သဏ္ဍာန်က You XiaoMo ဦးတည်သွားရာ အရပ်ကို အမူအယာကင်းမဲ့စွာ ကြည့်လိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားပြန်သည်။ You XiaoMo သွားရာဘက်ကို တူညီစွာ ဦးတည်လိမ့်မည် ဆိုတာတော့ မမြင်ရတောင် သိနိုင်ပေသည်။အခြားတစ်ဖက်မှာလဲ Jiang Liuက တကယ်ကြီး You XiaoMo ၏ စကားများကို Tang YunQi ကို ပြောပြလိုက်သည်။You XiaoMo က သူ(မ)ကို တွေ့ဆုံရဲတယ် ဆိုတာ ကြားလိုက်ရတော့ Tang YunQi၏ မျက်လုံးထဲတွင် ကျေနပ်သည့်အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာကာ "ဂျူနီယာညီလေး Jiang အဲဒါ အမှန်ပဲလား? You XiaoMo က တကယ်ကြီး င့ါကို ကြိုစောင့်နေတာလား? င့ါ အကြံအစည် သူသိသွားလို့ သူက ငါတို့ကို ရှောင်ချင်လို့ တမင်ပြောလိုက်တာလား" "မဟုတ်ဘူး သူက အဲဒိမှာစောင့်နေမှာ" Jiang Liuက ခေါင်းငုံထားသဖြင့် သူ့အမူအယာကို ဖတ်လို့မရနိုင်ပေ။"ကောင်းပြီလေ၊ ငါ နင့်ကို ယုံပါတယ်။ နင့်ကို လွှတ်ရင် အောင်မြင်မယ် ဆိုတာ ငါသိသားပဲ။ နင် ကောင်းကောင်း လုပ်ခဲ့တယ်။ နောက် ထပ်ဖြစ်လာမှာတွေက နင်နဲ့ မဆိုင်ဘူး နင်အရင်သွားနှင့်တော့။ ပြီးတော့နော် ငါ အခြားသူတွေ အဲဒါသိသွားတာ မလိုချင်ဘူး ဆိုတော့ကာ နင်ဘာလုပ်ရမလဲ ဆိုတာ နင်သိတယ်မလား"Tang YunQi က ကျေနပ်စွာနှင့် သူ့ပခုံးကို ပုတ်လိုက်သည်။ ကံကောင်းလို့ သူ(မ)မှာ Jiang Liu ကို ထုတ်သုံးလို့ ရသေးသည်။ ဒီတစ်ခါတော့ သူ(မ)က You XiaoMo ကို သင်ခန်းစာတစ်ခု သေချာပေါက် သင်ပေးကာ အစ်ကိုကြီးက ဘယ်သူနဲ့ သက်ဆိုင်ရသလဲ ဆိုတာ သိအောင် လုပ်ပေးရမည်။"ကျွန်တော် နားလည်ပါတယ် အစ်မကြီးTang"Jiang Liu မျက်နှာက မဲ့သွားကာ မနှစ်မြို့ဟန် အနည်းငယ် ဖော်ပြနေသညါ။ ဘယ်သူမှ သတိမထားမိတာ ဆိုးလှပေသည်။အဲဒိနောက် Tang YunQiက သူ(မ)၏ အခြံအရံများ ခြံရံကာ You XiaoMo ညွှန်းဆိုသော နေရာသို့ ထွက်ခွာတော့သည်။ ထိုနေရာက ပုံမှန်ဆိုလျှင်တော့ ခြေချင်းလိမ်နေတတ်သည့် နေရာ ဖြစ်ပေမယ့် အခုအချိန်က ပြိုင်ပွဲကြီး ကျင်းပနေချိန် ဖြစ်တာမို့ လူအများစုက ပြိုင်ပွဲကျင်းပရာတွင် အားအင်ပြည့်ဝနေစေရန် အနားယူနှင့် နေကြပြီ ဖြစ်သည်။ ဒီတော့ ဖြတ်သွားဖြတ်လား လူ သိပ်မရှိပေ။ You XiaoMo အတွက်အချက် မှားတာသာ ဖြစ်သည်။ပျော်ရွှင်စွာနှင့် သက်တောင့်သက်သာပဲ Tang YunQi နှင့် အပေါင်းအပါများက သိပ်မကြာခင် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိတော့သည်။သူတို့ကို မတ်တပ်ရပ်ကာ စောင့်နေရမည့် You XiaoMo ၏ ပုံရိပ်ကား အရိပ်တောင် မမြင်ရပေ။"ဂျူနီယာညီလေးJiang က ပြောတော့ You XiaoMo က ငါတို့ကို ဒီမှာ စောင့်နေမှာဆို မဟုတ်ဘူးလား သူ့အရိပ်အယောင်တောင် မတွေ့ဘူး။ ငါတို့များ အလှည့်စား ခံလိုက်ရတာလား"လက်ပါးစေနံပါတ်တစ်က ရုတ်တရတ် သံသယဝင်သွားသည်။"ဂျူနီယာညီလေးJiang တော့ You XiaoMo အရူးလုပ်တာ ခံလိုက်ရပြီ ထင်တယ်" လက်ပါးစေ နံပါတ်နှစ်ကလည်း သူ့အတွေးတွေ ထုတ်ပြောလာသည်။Tang YunQi အမူအယာက ဖျတ်ခနဲ ပြောင်းသွားကာ "နင်ပြောတာလဲ ဆီလျော်တာပဲ ဒါပေမယ့် ဂျူနီယာညီလေးJiang ပြောသလို ဆိုရင်တော့ You XiaoMo က သူ့ကို လှည့်စားမှာ မဟုတ်ဘူး။ အခုတော့ သူ့အရိပ်အယောင်တောင် မမြင်ဘူး အခြား အကြောင်းအရင်း ရှိမယ် ထင်တယ်"အဆုံးမှာတော့ သူ(မ)က ဒီလို အခွင့်ကောင်းကို လက်လွှတ်ရဖို့ ဆန္ဒမရှိဘူး ဖြစ်နေသေးသည်။"ခဏလောက်စောင့်ကြည့်ရင်ကော" လက်ပါးစေနံပါတ်တစ်က သတိထားပြီး ပြောလိုက်သည်။"အဲလို လုပ်ကြည့်တာပေ့ါ"Tang YunQi က အေးတိအေးစက် ပြောလိုက်သည်။ You XiaoMo က သူ(မ) ကို လိမ်ညာရဲမှတော့ အမုန်းတရား အဟောင်းတွေက အသစ်တွေ ဖြစ်ကာ သူ့ကို အေးအေးချမ်းချမ်းတောင် သေခွင့် မပေးနိုင်ဖို့ကတော့ သူ(မ)ဘက်က သေချာသလောက်ပင်။သူတို့သုံးယောက် မမျှော်လင့်ထားတာကတော့ သူတို့ စောင့်နေသော You XiaoMo က ပေါ်မလာပဲနှင့် အခြားတစ်ယောက် ရောက်လာတော့သည်။တကယ့်တော့ Ling Xiao က You XiaoMo အခန်းထဲက ထွက်သွားသည်နှင့် သူသိပြီး ဖြစ်သည်။ သူ ချထားသော အရံအတားက တားဆီးဖို့သာမဟုတ် အာရုံလဲ ခံနိုင်သည်။ အထဲကို အဝင်အထွက် လုပ်သူ မည်သူမဆို သူက အာရုံခံစား မိမှာ ဖြစ်သည်။ You XiaoMo ကို တစ်ယောက်ယောက်က လာရှာတာ သူသိသည် သို့သော်လည်း ကိုယ်နံက သူနှင့် မရင်းနှီးသူ ဖြစ်နေသည်။ ပြီးတော့ You XiaoMo က ထိုလူနောက်မှ သူ့ဘာသာ လိုက်သွားတာဖြစ်သည်။အဲလို စဉ်းစားမိတော့ ပြဿနာတော့ မဖြစ်နိုင်လောက်ဖူးဟု ခံစားလိုက်ကာ သူက သိပ်အာရုံမထားမိတာ ဖြစ်သည်။ သို့သော် တစ်နာရီ ကြာပြီးနောက်မှာတော့ တစ်ခုခု လွဲနေမှန်း Ling Xiao ခံစားမိသွားသည်။ You XiaoMo က ပြန်မလာသေးပေ အဲဒါက အနည်းငယ် ထူးဆန်းနေသည်။You XiaoMo က လူတွေ သိပ်မသိပေ အထူးသဖြင့် ဗဟိုဌာနချုပ်က ဆို ပိုဆိုးသည်။ သူနှင့် ရင်းနှီးသော သူမှာ Fu ZiLin သာ ရှိသည်။ သူတို့ ညီအစ်ကိုက တောင်ထွတ်တစ်ခုတည်းက ဖြစ်တာမို့ သူ့ကို လာမရှာပေ။ သူတို့ You XiaoMo ကို လာရှာကာ ခေါ်သွားလျှင်တောင် ဘယ်သူခေါ်သွားတာမှန်း Ling Xiao မသိစရာ မရှိပေ။တစ်ခုခု မှားနေမှန်း သိသွားသည့်နောက် Ling Xiao က သူ့ညီငယ် နှစ်ယောက်ကို နှုတ်ဆက်ကာ You XiaoMo ၏ အနံ့နောက်ကို လိုက်ပြီး လိုက်ရှာတော့သည်။