Chapter-70 Pretentious Bastard
Ling Xiao မ်က္လုံးထဲတြင္ေတာ ့Liu LiQing ႏွင့္ Tantai MiaoYin က တကယ္ပဲ ကေနသည္ ဟုသာ ျမင္သည္။ စြမ္းအား လုံးဝမပါဘဲ ေလွ်ာက္လြင့္ေန သည္။ ဒီလိုအင္အားေလးနဲ႔ သူတို႔သာ အျပင္ ေလာကမွာဆိုရင္ ရက္အနည္းငယ္တြင္းမွာပဲ တစ္ျခားသူေတြ သတ္ျဖတ္တာ ခံရလိမ့္မယ္။ သူတို႔ ႐ုပ္ရည္ကလဲ သာမာန္ပါပဲ။ ဒါ့ေၾကာင့္ သူတို႔ ႏွစ္ေယာက္ကို ၾကည့္မယ့္အစား You XiaoMo ကို ၾကည့္တာပဲ ပိုေကာင္းသည္။
ဒီလိုေတြးရင္းနဲ႔ Ling Xiao ကသူ႔အၾကည့္ကို အဲ့ႏွစ္ေယာက္ကေန You XiaoMo ဖက္ေျပာင္းလိုက္သည္္။ မေမွ်ာ္လင့္ဘဲ You XiaoMo က စင္ျမင့္ေပၚက မိန္းမႏွစ္ေယာက္ကို ေတာက္ပေနတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ သူ႔မ်က္လုံးေတြက ဖယ္ခြာႏိုင္ပုံမရဘူး။ အေၾကာင္းျပခ်က္ ေရေရရာရာမရွိဘဲ Ling Xiao ႏွလုံးသားထဲမွာ ေဒါသလႈိင္းတစ္ခု တိုးေဝွ႔ ထြက္ေပၚလာေတာ့သည္။
You XiaoMo က သူ႔ေဘးကလူ၏ စိတ္အေျခအေန မေကာင္းေနဘူး ဆိုတာမသိေလဘူး။ သူက လုံးဝကို အာ႐ုံစိုက္ၿပီး စိုက္ၾကည့္ေနတုန္းပင္။
Ling Xiao သူ႔ေဒါသကို ထိန္းလိုက္ၿပီး သိမ္ေမြ႕စြာ ေျပာလိုက္သည္ "ညီငယ္ေလး၊ ၾကည့္ရတာ ေပ်ာ္ဖို႔ေကာင္းလား?"
You XiaoMo ကေပ်ာ္႐ႊင္စြာနဲ႔ ေခါင္းညိတ္လိုက္သည္။ သူ႔ေခါင္းကို လွည့္မၾကည့္ဘဲ ေျဖလိုက္သည္
"ဒါကအရမ္းမိုက္တယ္၊ ဒီအစ္မႀကီး ႏွစ္ေယာက္က တကယ္ကို တစ္ခုခုပဲ။"
Ling Xiao ကသူ႔မ်က္လုံးေတြကို အႏၲရာယ္ရွိစြာ က်ဥ္းေျမာင္းလိုက္သည္
"အိုး၊ သူတို႔အတိုက္အခိုက္စြမ္းရည္ကမိုက္တာလား ဒါမွမဟုတ္ သူတို႔႐ုပ္ရည္က မိုက္တာလား?"
You XiaoMo ေနာက္ဆုံးေတာ့ ျပန္တုံ႔ျပန္ေတာ့သည္။ ဒီစကားေတြကို ၾကားေတာ့ အနဲငယ္ ရွက္႐ြံ႕စြာနဲ႔ ေခါင္းငုံ႔လိုက္ၿပီး အသံေသးေသးေလးနဲ႔၊
"ႏွစ္ခုလုံး မိုက္တယ္။အစ္ကို...... မထင္ဘူးလို႔ေတာ့ ကြၽန္ေတာ့္ကိုမေျပာနဲ႔"
သူေျပာရင္းနဲ႔ ေခါင္းေမာ့ၿပီး Ling Xiao ကိုၾကည့္လိုက္သည္။ ရလဒ္တစ္ခုအေနနဲ႔ ေျပာခါနီး ေနာက္ဆုံးစကားလုံးက သူ႔လည္ေခ်ာင္းမွာတစ္ က်န္ေနခဲ့ေတာ့တယ္။
"ဘာကို မထင္ရမွာလဲ?"
Ling Xiao ကသူ႔ကိုၾကည့္လိုက္ရင္း အၿပဳံးခပ္ႀကီးႀကီးၿပဳံးျပလုိက္သည္။
"ဘာမွမဟုတ္ပါဘူး....."
You XiaoMo ခိုက္ခိုက္တုန္ သြားသည္။သူ ဒီအမူအရာနဲ႔ ေတာ္ေတာ္ေလးကို ရင္းႏွီးေနသည္။ ရင္းႏွီးလြန္းလို႔ အဲ့အၿပဳံးႀကီးကို ေတြ႕လိုက္တိုင္း အမွတ္တမဲ့ တုန္လႈပ္သြားရေလသည္။ အိုက္ယား ေမေမေရ၊ ဘာျဖစ္သြားတာလဲ? ဒီဦးေလးႀကီး၊ အခုဘာလို႔ စိတ္တို သြားျပန္ရတာတုန္း?
သူသိတာ တစ္ခုပဲ ရွိသည္။ အဲ့ဒါကေတာ့ Ling Xiao စိတ္တိုတိုင္း ဒုကၡေရာက္တဲ့သူက သူပဲ။ -_-||
"ဘာမွ မဟုတ္ဘူးလား၊ ဒါဆို ခုနတုန္းက အဲ့ေလာက္ အာ႐ုံစိုက္ၿပီး ဘာေတြ ၾကည့္ေနတာလဲ?"
Ling Xiao ကၿပဳံးထားတုန္းပဲ။
"အာ၊ၾကည့္........သူတို႔တိုက္ခိုက္တာၾကည့္ေနတာ။"
You XiaoMo ကိုယ္ေလးက ဆက္လက္ တုန္လႈပ္ေနေလသည္။
"တိုက္ပြဲေလး တစ္ခုက ဘာမ်ားေကာင္းေနလို႔လဲ?"
Ling Xiao က အသံခ်ိဳခ်ိဳေလးႏွင့္ ဆက္ေျပာသည္။
"တကယ္ေတာ့ ....... တကယ္ေတာ့ ေကာင္းတာ ဘာတစ္ခုမွ မရွိပါဘူး......"
Ling Xiao ရဲ႕ ခ်ိဳျမလြန္း ေနတဲ့အသံ ကိုၾကားေတာ့ You XiaoMo ၾကက္သီးေတြ တျဖန္းျဖန္း ထလာသည္။
ဒီစကားေတြက Ling Xiao ကိုေက်နပ္ေစသည္။ သူ႔မ်က္ႏွာေပၚက ခ်ိဳၿမိန္ေပမယ့္ နမိတ္မေကာင္းတဲ့ အၿပဳံးႀကီးက ခ်က္ခ်င္း ေပ်ာက္ကြယ္ သြားေတာ့သည္။ သူက You XiaoMo၏ ေခါင္းေလးကို ပြတ္သပ္ေပးလိုက္ၿပီး 'ညီအစ္ကိုခ်စ္ျခင္း'ေတြက အဲ့အၿပဳံးေနရာမွာ ေရာက္လာေတာ့သည္ သူကၿပဳံးေနရင္း၊
"ၾကည့္စရာ မရွိဘူးဆိုမွေတာ့ ငါတို႔မၾကည့္ပဲ ေန႐ုံပဲ။"
You XiaoMo က ထပ္ခါထပ္ခါ ေခါင္းညိတ္လိုက္တယ္။
ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ တိတ္ဆိတ္စြာ ငိုေႂကြးေနၿပီ။ အကိုႀကီးလင္းက တကယ္ေၾကာက္ဖို႔ေကာင္းတယ္!!
ဒိီအခ်ိန္မွာေတာ့ စင္ျမင့္ေပၚကၿပိဳင္ပြဲက အဆုံးအျဖတ္ခ်ိန္ ေရာက္ေနၿပီ ျဖစ္သည္။ မေမွ်ာ္လင့္ထားစြာနဲ႔ အႏိုင္ရရွိသူက Tantai MiaoYin ျဖစ္သည္။
စင္ျမင့္ေပၚမွာ အျဖဴေရာင္ပိုးထည္ဂါဝန္က တဖ်ပ္ဖ်ပ္ပ်ံ႕လြင့္ေနၿပီး သူမကို ပိုၿပီး ေၾကာ့ရွင္း တင့္တယ္ေစသည္။ ေတာက္ေျပာင္ ေခ်ာေမြ႕တဲ့အသားရည္နဲ႔ သူမဟာ ေကာင္းကင္ဘုံကဆင္းသက္လာတဲ့ နတ္ဘုရားမ တစ္ပါး လိုပဲ စင္ျမင့္ေပၚမွာ မတ္မတ္ရပ္ေနသည္။ ၾကမ္းတမ္းတဲ့ တိုက္ပြဲၿပီးကာစ ျဖစ္တာေၾကာင့္ သူမရဲ႕ဘဲဥပုံမ်က္ႏွာေလးမွာ ပန္းေရာင္ ပန္းပြင့္ေလးေတြနဲ႔တူတဲ့ အနီေရာင္ ပါးေလးႏွစ္ဖက္ ရွိေနေလသည္။ သူမကို ပိုလို႔ေတာင္ ဆြဲေဆာင္မႈ ရွိလာေစသည္။ ဒီလို ႏူးညံ့သိမ္ေမြ႕တယ္လို႔ ထင္ရတဲ့ အလွေလးက ပိုၿပီး သန္မာတယ္ ထင္ရေသာ Liu LiQingကို တကယ္ပဲ အႏိုင္ရခဲ့သည္။
စင္ေအာက္ကို ျပဳတ္က်သြားတဲ့ Liu LiQing က ဒီလို ရလဒ္ ထြက္လိမ့္မယ္ လို႔ မထင္ထားခဲ့ေပ။ စင္ေပၚက Tantai MiaoYin ကို မယုံၾကည္ႏိုင္တဲ့ မ်က္လုံး ေတြနဲ႔ၾကည့္ရင္ မင္သက္ေနသည္။ သူမက ယုံၾကည္မႈ လြန္ကဲသြားခဲ့တာ ျဖစ္ႏိုင္သည္။ ဒါေပမယ့္ Tantai MiaoYinကလည္း သူမရဲ႕ အင္အား ကို ဖုံးကြယ္ထားခဲ့တယ္ဆိုတာ ျငင္းလို႔မရဘူး။
ၿပိဳင္ပြဲစကတည္းက သူမခြန္အားရဲ႕ႏွစ္ဆယ္ ရာခိုင္ႏႈန္းပဲသုံးၿပီး Liu LinQing ခြန္အားေတြ ကုန္ဆုံးသြားတဲ့ထိ လက္ရည္တူသေယာင္ ဟန္ေဆာင္ေနခဲ့သည္။ သူမတို႔ႏွစ္ေယာက္လုံး ေနာက္ဆုံးအေျခအေန ေရာက္ၿပီထင္လို႔ သတိမထားမိလိုက္တဲ့အခ်ိန္မွာ သူမရဲ႕ ခြန္အားအစစ္အမွန္ ႐ုတ္တရက္ထြက္ေပၚလာသည္။ ဒါက သူမဘယ္လို ပြဲသိမ္းတိုက္ခိုက္သြားႏိုင္ လဲဆိုတာပဲ!
ဒါကTantai MiaoYin၏ တကယ့္ခြန္အားကို လူတိုင္းကို သိသြားေစသည္။
"အစ္မLiuကအႏိုင္ေပးခဲ့လို႔ပါ!"
Tantai MiaoYinက စင္ျမင့္ေအာက္မွ Liu LiQingကို လက္ႏွစ္ဖက္ယွက္ၿပီး ေျပာလိုက္သည္။ သူမ၏ တည္ၾကည္႐ိုးသားတဲ့ အသံက လူအမ်ားစု၏ ႏွလုံးသားကို သိမ္းပိုက္သြားေလသည္။ အဲ့ဒီေနာက္ သူမက Ling Xiao ကို မ်က္စိတစ္ခ်က္ ေဝ့ၾကည့္လိုက္သည္။
ဒီအၾကည့္ကို စင္ျမင့္ဘက္ ခိုးေၾကာင္ခိုးဝွက္ ၾကည့္ေနတဲ့ You XiaoMo က သတိျပဳမိတယ္။
ဒါေပမယ့္ Tantai MiaoYinက သူ႔ကို ၾကည့္ေနတယ္ လို ႔ထင္ရေလာက္ေအာင္ ထိ You XiaoMo က ကိုယ့္႐ုပ္ရည္ကိုယ္ အထင္မႀကီးေလဘူး။ သူမက သူတို႔ဘက္ကို ၾကည့္ေနတာ ေသခ်ာေပမယ့္လည္း သူ႔ဘက္မွာက 'အဆမတန္မိုက္' တဲ့ Ling Xiao ရွိ ေနေသးတယ္ေလ။
ဒါက You XiaoMo ကို စိတ္ဓါတ္က် ေခါင္းငုံ႔သြားေစသည္။ သူ႔မွာ မိန္းကေလးေတြကို ဆြဲေဆာင္ႏိုင္တာ မရွိဘူး။ အထူးသျဖင့္ Ling Xiao ႏွင့္အတူရွိေနတဲ့ အခ်ိန္ေပါ့။ သူ႔ရဲ႕ ဒီလုပ္ရပ္ဟာ မရည္႐ြယ္ဘဲနဲ႔ Ling Xiao ကိုအေကာင္းျမင္ေစတယ္ဆိုတာ You XiaoMo မသိေလဘူး။
Tantai MiaoYin၏အၾကည့္ကို Ling Xiao ကလဲ သတိထားမိသည္။ ဒါေပမယ့္ သူတို႔က တူတူထိုင္ေနတာ ေၾကာင့္ Tantai MiaoYinက You XiaoMo ကို ၾကည့္ေနတယ္လို႔ ထင္ခဲ့တာျဖစ္သည္။ သူခ်က္ခ်င္းပဲ မေက်မနပ္ ျဖစ္သြားသည္။ ဒါေပမယ့္ You XiaoMo က ေခါင္းငုံ႔ထားၿပီး သူမဘက္ကို ျပန္မၾကည့္တာ ေတြ႕ေတာ့ အဲ့ဒီ့မေက်မနပ္ ခံစားခ်က္ေလးဟာ ေထာင့္ကို ကန္ထုတ္ခံလိုက္ရေတာ့သည္
"ညီေလး၊ အဲ့ေလာက္ထိ ဝမ္းနည္းမေနပါနဲ႔။ အခုမွ ဒုတိယၿပိဳင္ပြဲပဲ ရွိေသးတာ ၊ဒါၿပီးရင္ ေနာက္ထပ္ပြဲနည္းနည္း ရွိေသးတယ္။ အခ်ိန္ယူၿပီး ၾကည့္ေလ။"
Ling Xiao ကသူ႔ကိုေခ်ာ့ေနရင္း ေက်နပ္စြာၿပဳံးေနသည္။
You XiaoMo က ႏႈတ္ခမ္းစူသြားသည္။ ခုနေလးကတင္ သူ႔ကို ၿပိဳင္ပြဲမၾကည့္ဖို႔ တားျမစ္တာဘယ္သူလဲ?
တစ္ျခားတစ္ဖက္မွာေတာ့ Ling Xiao အာ႐ုံက သူမဆီမွာ မဟုတ္တာေၾကာင့္ Tantai MiaoYin က စိတ္ပ်က္စြာႏွင့္ စင္ျမင့္ေပၚက ဆင္းသြားေလသည္။
ဂိုဏ္းတူအကိုႀကီး သူမကို ပိုသတိထားမိေစဖို ႔ဒီၿပိဳင္ပြဲကို အသုံးခ်လို ႔ရမယ္ထင္ခဲ့တာ။ ဒီနည္းနဲ႔ အကိုႀကီးကို သူမရဲ႕ ေကာင္းတဲ့အခ်က္ ေတြျပဖို႔ အခြင့္အေရး ရမယ္ ထင္ခဲ့တာျဖစ္သည္။
မ်က္ႏွာခ်င္းဆိုင္ ဘက္ျခမ္းမွာ သူမရဲ႕လႈပ္ရွားမႈတိုင္းကို ၾကည့္ေနရင္း Tang YunQiက ကဲ့ရဲ႕လိုက္သည္။ အကိုႀကီးအတြက္ သူမနဲ႔ လာၿပိဳင္ရဲတယ္? အခြင့္ေရးတစ္ခု ေတာင္ မရေစရဘူး!
သူမရဲ႕ အကိုႀကီးေရွာင္က အရမ္းကို ထူးခြၽန္တယ္ဆိုတာ Tang YunQi သိသည္။ အကိုႀကီးေရွာင္ကို ႀကိဳက္တဲ့ TianXinဂိုဏ္းသူေတ ြအမ်ားႀကီးရွိသည္။ TanTai MiaoYin ကလဲ တစ္ေယာက္အပါအဝင္ပဲ။ သူမအကိုႀကီးေရွာင္ကို စိတ္ဝင္စားေနတာ တစ္ျခားလူေတ ြသိခ်င္မွသိလိမ့္မယ္။ ဒါေပမယ့္ သူမကေတာ့ မိန္းမတစ္ေယာက္ျဖစ္တာ ေၾကာင့္ ေန႔ဘက္လိုပဲ ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။ ဒါေပမယ့္ ဒီလိုၿပိဳင္ဖက္မ်ိဳးက သူမမ်က္လုံးထဲ ထည့္စရာမလိုဘူး။ အခုေလာေလာဆယ္ သူမအတြက္ အႀကီးမားဆုံး အေႏွာင့္အယွက္က အကိုႀကီးေရွာင္ ေဘးမွာထိုင္ေနတဲ့သူ၊ You XiaoMo ပဲ။
ဒါကိုေတြးမိေတာ့ Tang YunQi က You XiaoMo ကို မုန္းတီးစြာ စိန္းစိန္းဝါးဝါး ၾကည့္လိုက္သည္။ သူမက ၿပိဳင္ပြဲေနာက္ဆုံးဆင့္ထိ ေစာင့္ခ်င္ ခဲ့တာျဖစ္သည္။ ဒါေပမယ့္ You XiaoMo က အကိုႀကီးေရွာင္ရဲ႕ ဝတ္႐ုံ ဝတ္ထားတာ ျမင္ေတာ့ သူမ သဝန္တိုလြန္းလို႔ေသေတာ့မတတ္ပဲ။ သူမ ထပ္မေစာင့္ႏိုင္ေတာ့ေအာင္ ျဖစ္ေစတယ္။
အခ်ိန္ ေတာ္ေတာ္ၾကာၿပီးေတာ့ ၿပိဳင္ပြဲထပ္စတယ္။
တတိယပြဲ ၊စတုတၳပြဲ၊ ......... ဆယ့္တစ္ပြဲေျမာက္၊ လူတိုင္းက ေမွ်ာ္လင့္ခ်က္ေတြႏွင့္ ေခါင္းေတြ ေမာ့ရလြန္းလို႔ လည္ပင္းေတြေတာင္ ရွည္လာတယ္လို႔ထင္ရသည္။ ဆယ့္တစ္ပြဲေျမာက္တဲ့ထိ Ling Xiao နာမည္က အေ႐ြးခံရတဲ့ အထဲမပါဘူး။ တစ္ပြဲၿပီးတစ္ပြဲ စိတ္ပ်က္စရာေကာင္းစြာနဲ႔၊ ေနာက္ဆုံးမွာေတာ့ မဲပုံးထဲမွာ စာ႐ြက္ပိုင္းသုံးခုပဲ က်န္ေတာ့သည္။
ဒုတိယေျမာက္စင္ျမင့္မွာ ၿပိဳင္ပြဲဝင္ႏွစ္ဆယ့္ငါးေယာက္ ရွိတာေၾကာင့္ တစ္ေယာက္-တစ္ေယာက္ခ်င္းၿပိဳင္ပြဲက ဆယ့္ႏွစ္ပြဲရွိသည္။ ဒီလိုနဲ႔ ေနာက္ဆုံးမွာ တစ္ေယာက္က မၿပိဳင္ရဘဲ က်န္ခဲ့မွာျဖစ္သည္။ ဒါေၾကာင့္ ဒီတစ္ေခါက္မဲႏႈိက္တာက ေနာက္ဆုံးၿပိဳင္ပြဲျဖစ္လိမ့္မည္။ မဲပုံးထဲမွာ က်န္ခဲ့တဲ့စာ႐ြက္ပိုင္း ကေတာ့ ၿပိဳင္စရာ မလိုဘဲ ေနာက္ပြဲစဥ္ ကိုေရာက္ရွိသြားမယ့္ ကံေကာင္းတဲ့သူပဲျဖစ္တယ္။
လူတိုင္းက အႀကီးအကဲJiang၏ လႈပ္ရွားမႈတိုင္းကို မ်က္ေတာင္မခတ္ ၾကည့္ေနၾကတယ္။ ဒါေပမယ့္ စိတ္အလႈပ္ရွားဆုံးကေတာ့ ခုထိမၿပိဳင္ရေသးတဲ့ ဂိုဏ္းသားႏွစ္ေယာက္ ျဖစ္သည္။ သူတို႔ Ling Xiaoႏွင့္ ရင္ဆိုင္ရႏိုင္ေခ် မ်ားတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ ဒါ့ေၾကာင့္ သူတို႔ႏွလုံးသားထဲမွာ တိတ္တိတ္ေလး ဆုေတာင္းေနၾကသည္။ ေက်းဇူးျပဳၿပီး အစ္ကိုႀကီးနဲ႔ မတိုက္ရပါေစနဲ႔။ သူတို႔ ျဖတ္သန္းခြင့္မဲရရင္ရ၊ သူတို႔မရခဲ့ရင္လည္းအစ္ကိုႀကီးရပါေစ။
အႀကီးအကဲJiangက ေရလိုပဲ တည္ၿငိမ္ေနသည္္။ လူတိုင္း၏ အၾကည့္ေအာက္မွာ မဲပုံးဆီ တည္တည္ၿငိမ္ၿငိမ္ႏွင့္ လက္လွမ္းလိုက္ၿပီး စာ႐ြက္ပိုင္းႏွစ္ခု ကိုထုတ္ယူလိုက္သည္။ ဖြင့္ၿပီးေတာ့ နာမည္ေတြကို တစ္ခ်က္ ၾကည့္လိုက္သည္။ ဘယ္သူမွ သတိမျပဳမိလိုက္ေစဘဲ မ်က္ေမွာင္ႀကဳံ႕ၿပီးေျပာလိုက္သည္၊
"ဆယ့္ႏွစ္ပြဲေျမာက္အတြက္ ယွဥ္ၿပိဳင္သူမ်ားကေတာ့ Chen Yang နဲ႔ Gao Jun ျဖစ္ပါတယ္။"
ဒီရလဒ္က တစ္ခ်ိဳ႕ကို စိတ္ပ်က္သြားေစၿပီးေတာ့ တစ္ခ်ိဳ႕ကိုေတာ့ ေပ်ာ္႐ႊင္သြားေစသည္။
စိတ္ပ်က္ရတာက စီနီယာအကိုႀကီးက ႏွစ္ရက္ဆက္တိုက္ တစ္ပြဲမွ မတိုက္ရေသးဘူး။ ဒါက Ling Xiao တိုက္ခိုက္တာ ျမင္ခ်င္ေနတယ့္ လူေတြကိုအရမ္းပဲ စိတ္ပ်က္သြားေစသည္။ ေပ်ာ္ေနတဲ့ လူေတြကေတာ့ အစ္ကိုႀကီးက တကယ္ ကံေကာင္းတာပဲလို႔ ေတြးေနၾကသည္။ ပထမစင္ျမင့္တုန္းက Zhou Pengက ႏႈတ္ထြက္ သြားသည္၊ ဒုတိယစင္ျမင့္က်ေတာ့ သူက ေနာက္တစ္ပြဲ တက္ေရာက္ခြင့္ ရသည္။သူ႔ကံက တကယ္ကို သာမာန္မဟုတ္ဘူး။
ဒါေပမယ့္ ေပ်ာ္လည္းေပ်ာ္ ဝမ္းလည္း ဝမ္းနည္းေနတဲ့ သူေတြလည္းရွိတယ္ -Chen Yang ႏွင့္ Gao Jun။ ေပ်ာ္တာက အကိုႀကီးနဲ႔ မတိုက္ရလို႔ျဖစ္ၿပီး ဝမ္းနည္းတာကေတာ့ ေနာက္တစ္ပြဲတက္ခြင့္ရသူက သူတို႔ မဟုတ္လို႔ပဲ ျဖစ္သည္။ တစ္သက္လုံးမွာ ႀကဳံရခဲတဲ့ တကယ္ကို မသက္မသာျဖစ္ေစတဲ့ ခံစားခ်က္ျဖစ္သည္။
"အကိုႀကီးလင္း၊ခင္ဗ်ားရဲ႕ကံက တကယ္ကို ေကာင္းလြန္းတာပဲ။"
You XiaoMo က ေလးစားမႈေတြအျပည့္နဲ ႔ပင့္သက္ရႈိက္လိုက္သည္။ သူ႔ကံကသာ ဒီေလာက္ ေကာင္းမယ္ ဆိုရင္……….
"တစ္ခါတစ္ေလက် ကံေကာင္းတာကလဲ ေကာင္းတဲ့အရာတစ္ခုမဟုတ္ဘူး။"
Ling Xiaoက ဖတ္လို႔မရတဲ့အမူအရာနဲ႔ၿပဳံးလိုက္သည္္။
"ဘာလို႔လဲ?" You XioaMo က အံ့ဩစြာနဲ ႔ေမးလိုက္သည္။
Ling Xiaoက ဒီတစ္ေခါက္ အရံအတားတစ္ခု မတားထားတာေၾကာင့္ သူေျပာတာကို ေဘးနားက ဂိုဏ္းသားေတြလဲ ၾကားလိုက္သည္။ သူတို႔အားလုံး နားႀကီးေတြ ေထာင္လာၾကေတာ့တယ္။ အစ္ကိုႀကီးက ဘာလို႔ ဒီလိုေျပာတာလဲဆိုတာ သူတို႔လဲ သိခ်င္ၾကသည္။ ျဖတ္သန္းခြင့္ရတာ ေကာင္းတဲ့အရာ မဟုတ္ဘူးလား?
Ling Xiaoက သူ႔ပါးစပ္ေထာင့္စြန္းေတြကို ေျဖးေျဖးခ်င္းပင့္လိုက္ရင္း "ငါအၾကာႀကီး ေစာင့္ေနရၿပီးၿပီ။ မၾကာခင္ စင္ေပၚ တက္ရျပ္ီး ငါ့တိုက္ကြက္ေတြကို ေလ့က်င့္ရေတာ့မယ္ ထင္ထားတာ၊ ဒါေပမယ့္.........."
က်န္တာက ဆက္ေျပာစရာကို မလိုေတာ့ဘူး။ လူတိုင္းက သူ႕မွာ အေ႐ြးမခံရတာကို စိတ္ပ်က္ေနၿပီးေတာ့ တကယ့္ကို စင္ေပၚတက္ၿပီး တစ္ပြဲေလာက္ ပဲျဖစ္ျဖစ္တိုက္ခ်င္ ေသးတယ္ဆိုတာကို သိလိုက္သည္။
သူလွည့္စားတာ မခံလိုက္ရတဲ့ တစ္ေယာက္တည္းေသာ သူက You XioaMo ပင္။ Ling Xiao မၿပိဳင္ခ်င္ဘူး ဆိုတာကို သူတစ္ေယာက္ပဲ သိသည္။
တစ္ျခားလူေတ ြၾကည့္ဖို႔ တိုက္ခိုက္ရမွာ ထက္စာရင္ သူက တစ္ျခားသူေတြ တိုက္ခိုက္တာကိုပဲ ၾကည့္လိမ့္မည္။ ေသခ်ာေပါက္ကို အဲ့ဒီိ့အမူအရာက လူထင္ႀကီးေအာင္ လုပ္ထားတာပဲ။ Ling Xiaoက အလြန႔္အလြန္ကို မ႐ိုးေျဖာင့္တဲ့ လူတစ္ေယာက္ျဖစ္သည္။ သူ႔အေပၚ တစ္ျခားတပည့္ေတြ၏အျမင္က ေကာင္းလြန္းေနတာ ျဖစ္သည္။ အထူးသျဖင့္ သူက တစ္ျခားတပည့္ေတြေပၚ ေအးစက္စက္ႀကီး မျဖစ္ေတာ့ကတည္းက ေယာက်္ားေလးေတြက သူ႔ကို သူတို႔ရဲ႕ စံျပပုဂၢိဳလ္တစ္ေယာက္ အျဖစ္ ထားထားၾက တာျဖစ္သည္။ မိန္းကေလးေတြကလဲ သူ႔ရဲ႕အတုအေယာင္ ႏူးညံ့သိမ္ေမြ႕တဲ့ အမူအရာကို ခ်စ္ကြၽမ္းဝင္သြားၾကသည္။ ဒါ့ေၾကာင့္ တစ္ေယာက္ကမွ သူ႔စကားေတြကို နည္းနည္းေလးမွ သကၤာမကင္းမျဖစ္ၾကဘူး။
ဒါေပမယ့္ သူ႔ရဲ႕ ညႇင္းပန္းႏွိပ္စက္မႈကို ျပင္းျပင္းထန္ထန္ခံစားရတဲ့ လူတစ္ေယာက္အေနနဲ႔ You XioaMoကေတာ့ ေကာင္းေကာင္းသိေနသည္္။
You XioaMoက စိတ္ထဲမွာ ေျပာလိုက္သည္ ဟန္မ်ားတဲ့ေကာင္!
Translated by khin0625
Edited by MZO
Unicode
Chapter-70 Pretentious Bastard
Ling Xiao မျက်လုံးထဲတွင်တော့ Liu LiQing နှင့် Tantai MiaoYin က တကယ်ပဲ ကနေသည် ဟုသာ မြင်သည်။ စွမ်းအား လုံးဝမပါဘဲ လျှောက်လွင့်နေ သည်။ ဒီလိုအင်အားလေးနဲ့ သူတို့သာ အပြင် လောကမှာဆိုရင် ရက်အနည်းငယ်တွင်းမှာပဲ တစ်ခြားသူတွေ သတ်ဖြတ်တာ ခံရလိမ့်မယ်။ သူတို့ ရုပ်ရည်ကလဲ သာမာန်ပါပဲ။ ဒါ့ကြောင့် သူတို့ နှစ်ယောက်ကို ကြည့်မယ့်အစား You XiaoMo ကို ကြည့်တာပဲ ပိုကောင်းသည်။
ဒီလိုတွေးရင်းနဲ့ Ling Xiao ကသူ့အကြည့်ကို အဲ့နှစ်ယောက်ကနေ You XiaoMo ဖက်ပြောင်းလိုက်သည်။ မမျှော်လင့်ဘဲ You XiaoMo က စင်မြင့်ပေါ်က မိန်းမနှစ်ယောက်ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက ဖယ်ခွာနိုင်ပုံမရဘူး။ အကြောင်းပြချက် ရေရေရာရာမရှိဘဲ Ling Xiao နှလုံးသားထဲမှာ ဒေါသလှိုင်းတစ်ခု တိုးဝှေ့ ထွက်ပေါ်လာတော့သည်။
You XiaoMo က သူ့ဘေးကလူ၏ စိတ်အခြေအနေ မကောင်းနေဘူး ဆိုတာမသိလေဘူး။ သူက လုံးဝကို အာရုံစိုက်ပြီး စိုက်ကြည့်နေတုန်းပင်။
Ling Xiao သူ့ဒေါသကို ထိန်းလိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည် "ညီငယ်လေး၊ ကြည့်ရတာ ပျော်ဖို့ကောင်းလား?"
You XiaoMo ကပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်းကို လှည့်မကြည့်ဘဲ ဖြေလိုက်သည်
"ဒါကအရမ်းမိုက်တယ်၊ ဒီအစ်မကြီး နှစ်ယောက်က တကယ်ကို တစ်ခုခုပဲ။"
Ling Xiao ကသူ့မျက်လုံးတွေကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်သည်
"အိုး၊ သူတို့အတိုက်အခိုက်စွမ်းရည်ကမိုက်တာလား ဒါမှမဟုတ် သူတို့ရုပ်ရည်က မိုက်တာလား?"
You XiaoMo နောက်ဆုံးတော့ ပြန်တုံ့ပြန်တော့သည်။ ဒီစကားတွေကို ကြားတော့ အနဲငယ် ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့လိုက်ပြီး အသံသေးသေးလေးနဲ့၊
"နှစ်ခုလုံး မိုက်တယ်။အစ်ကို...... မထင်ဘူးလို့တော့ ကျွန်တော့်ကိုမပြောနဲ့"
သူပြောရင်းနဲ့ ခေါင်းမော့ပြီး Ling Xiao ကိုကြည့်လိုက်သည်။ ရလဒ်တစ်ခုအနေနဲ့ ပြောခါနီး နောက်ဆုံးစကားလုံးက သူ့လည်ချောင်းမှာတစ် ကျန်နေခဲ့တော့တယ်။
"ဘာကို မထင်ရမှာလဲ?"
Ling Xiao ကသူ့ကိုကြည့်လိုက်ရင်း အပြုံးခပ်ကြီးကြီးပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး....."
You XiaoMo ခိုက်ခိုက်တုန် သွားသည်။သူ ဒီအမူအရာနဲ့ တော်တော်လေးကို ရင်းနှီးနေသည်။ ရင်းနှီးလွန်းလို့ အဲ့အပြုံးကြီးကို တွေ့လိုက်တိုင်း အမှတ်တမဲ့ တုန်လှုပ်သွားရလေသည်။ အိုက်ယား မေမေရေ၊ ဘာဖြစ်သွားတာလဲ? ဒီဦးလေးကြီး၊ အခုဘာလို့ စိတ်တို သွားပြန်ရတာတုန်း?
သူသိတာ တစ်ခုပဲ ရှိသည်။ အဲ့ဒါကတော့ Ling Xiao စိတ်တိုတိုင်း ဒုက္ခရောက်တဲ့သူက သူပဲ။ -_-||
"ဘာမှ မဟုတ်ဘူးလား၊ ဒါဆို ခုနတုန်းက အဲ့လောက် အာရုံစိုက်ပြီး ဘာတွေ ကြည့်နေတာလဲ?"
Ling Xiao ကပြုံးထားတုန်းပဲ။
"အာ၊ကြည့်........သူတို့တိုက်ခိုက်တာကြည့်နေတာ။"
You XiaoMo ကိုယ်လေးက ဆက်လက် တုန်လှုပ်နေလေသည်။
"တိုက်ပွဲလေး တစ်ခုက ဘာများကောင်းနေလို့လဲ?"
Ling Xiao က အသံချိုချိုလေးနှင့် ဆက်ပြောသည်။
"တကယ်တော့ ....... တကယ်တော့ ကောင်းတာ ဘာတစ်ခုမှ မရှိပါဘူး......"
Ling Xiao ရဲ့ ချိုမြလွန်း နေတဲ့အသံ ကိုကြားတော့ You XiaoMo ကြက်သီးတွေ တဖြန်းဖြန်း ထလာသည်။
ဒီစကားတွေက Ling Xiao ကိုကျေနပ်စေသည်။ သူ့မျက်နှာပေါ်က ချိုမြိန်ပေမယ့် နမိတ်မကောင်းတဲ့ အပြုံးကြီးက ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ သူက You XiaoMo၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး 'ညီအစ်ကိုချစ်ခြင်း'တွေက အဲ့အပြုံးနေရာမှာ ရောက်လာတော့သည် သူကပြုံးနေရင်း၊
"ကြည့်စရာ မရှိဘူးဆိုမှတော့ ငါတို့မကြည့်ပဲ နေရုံပဲ။"
You XiaoMo က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်တယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ တိတ်ဆိတ်စွာ ငိုကြွေးနေပြီ။ အကိုကြီးလင်းက တကယ်ကြောက်ဖို့ကောင်းတယ်!!
ဒီအချိန်မှာတော့ စင်မြင့်ပေါ်ကပြိုင်ပွဲက အဆုံးအဖြတ်ချိန် ရောက်နေပြီ ဖြစ်သည်။ မမျှော်လင့်ထားစွာနဲ့ အနိုင်ရရှိသူက Tantai MiaoYin ဖြစ်သည်။
စင်မြင့်ပေါ်မှာ အဖြူရောင်ပိုးထည်ဂါဝန်က တဖျပ်ဖျပ်ပျံ့လွင့်နေပြီး သူမကို ပိုပြီး ကြော့ရှင်း တင့်တယ်စေသည်။ တောက်ပြောင် ချောမွေ့တဲ့အသားရည်နဲ့ သူမဟာ ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါး လိုပဲ စင်မြင့်ပေါ်မှာ မတ်မတ်ရပ်နေသည်။ ကြမ်းတမ်းတဲ့ တိုက်ပွဲပြီးကာစ ဖြစ်တာကြောင့် သူမရဲ့ဘဲဥပုံမျက်နှာလေးမှာ ပန်းရောင် ပန်းပွင့်လေးတွေနဲ့တူတဲ့ အနီရောင် ပါးလေးနှစ်ဖက် ရှိနေလေသည်။ သူမကို ပိုလို့တောင် ဆွဲဆောင်မှု ရှိလာစေသည်။ ဒီလို နူးညံ့သိမ်မွေ့တယ်လို့ ထင်ရတဲ့ အလှလေးက ပိုပြီး သန်မာတယ် ထင်ရသော Liu LiQingကို တကယ်ပဲ အနိုင်ရခဲ့သည်။
စင်အောက်ကို ပြုတ်ကျသွားတဲ့ Liu LiQing က ဒီလို ရလဒ် ထွက်လိမ့်မယ် လို့ မထင်ထားခဲ့ပေ။ စင်ပေါ်က Tantai MiaoYin ကို မယုံကြည်နိုင်တဲ့ မျက်လုံး တွေနဲ့ကြည့်ရင် မင်သက်နေသည်။ သူမက ယုံကြည်မှု လွန်ကဲသွားခဲ့တာ ဖြစ်နိုင်သည်။ ဒါပေမယ့် Tantai MiaoYinကလည်း သူမရဲ့ အင်အား ကို ဖုံးကွယ်ထားခဲ့တယ်ဆိုတာ ငြင်းလို့မရဘူး။
ပြိုင်ပွဲစကတည်းက သူမခွန်အားရဲ့နှစ်ဆယ် ရာခိုင်နှုန်းပဲသုံးပြီး Liu LinQing ခွန်အားတွေ ကုန်ဆုံးသွားတဲ့ထိ လက်ရည်တူသယောင် ဟန်ဆောင်နေခဲ့သည်။ သူမတို့နှစ်ယောက်လုံး နောက်ဆုံးအခြေအနေ ရောက်ပြီထင်လို့ သတိမထားမိလိုက်တဲ့အချိန်မှာ သူမရဲ့ ခွန်အားအစစ်အမှန် ရုတ်တရက်ထွက်ပေါ်လာသည်။ ဒါက သူမဘယ်လို ပွဲသိမ်းတိုက်ခိုက်သွားနိုင် လဲဆိုတာပဲ!
ဒါကTantai MiaoYin၏ တကယ့်ခွန်အားကို လူတိုင်းကို သိသွားစေသည်။
"အစ်မLiuကအနိုင်ပေးခဲ့လို့ပါ!"
Tantai MiaoYinက စင်မြင့်အောက်မှ Liu LiQingကို လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။ သူမ၏ တည်ကြည်ရိုးသားတဲ့ အသံက လူအများစု၏ နှလုံးသားကို သိမ်းပိုက်သွားလေသည်။ အဲ့ဒီနောက် သူမက Ling Xiao ကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။
ဒီအကြည့်ကို စင်မြင့်ဘက် ခိုးကြောင်ခိုးဝှက် ကြည့်နေတဲ့ You XiaoMo က သတိပြုမိတယ်။
ဒါပေမယ့် Tantai MiaoYinက သူ့ကို ကြည့်နေတယ် လို့ ထင်ရလောက်အောင် ထိ You XiaoMo က ကိုယ့်ရုပ်ရည်ကိုယ် အထင်မကြီးလေဘူး။ သူမက သူတို့ဘက်ကို ကြည့်နေတာ သေချာပေမယ့်လည်း သူ့ဘက်မှာက 'အဆမတန်မိုက်' တဲ့ Ling Xiao ရှိ နေသေးတယ်လေ။
ဒါက You XiaoMo ကို စိတ်ဓါတ်ကျ ခေါင်းငုံ့သွားစေသည်။ သူ့မှာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာ မရှိဘူး။ အထူးသဖြင့် Ling Xiao နှင့်အတူရှိနေတဲ့ အချိန်ပေါ့။ သူ့ရဲ့ ဒီလုပ်ရပ်ဟာ မရည်ရွယ်ဘဲနဲ့ Ling Xiao ကိုအကောင်းမြင်စေတယ်ဆိုတာ You XiaoMo မသိလေဘူး။
Tantai MiaoYin၏အကြည့်ကို Ling Xiao ကလဲ သတိထားမိသည်။ ဒါပေမယ့် သူတို့က တူတူထိုင်နေတာ ကြောင့် Tantai MiaoYinက You XiaoMo ကို ကြည့်နေတယ်လို့ ထင်ခဲ့တာဖြစ်သည်။ သူချက်ချင်းပဲ မကျေမနပ် ဖြစ်သွားသည်။ ဒါပေမယ့် You XiaoMo က ခေါင်းငုံ့ထားပြီး သူမဘက်ကို ပြန်မကြည့်တာ တွေ့တော့ အဲ့ဒီ့မကျေမနပ် ခံစားချက်လေးဟာ ထောင့်ကို ကန်ထုတ်ခံလိုက်ရတော့သည်
"ညီလေး၊ အဲ့လောက်ထိ ဝမ်းနည်းမနေပါနဲ့။ အခုမှ ဒုတိယပြိုင်ပွဲပဲ ရှိသေးတာ ၊ဒါပြီးရင် နောက်ထပ်ပွဲနည်းနည်း ရှိသေးတယ်။ အချိန်ယူပြီး ကြည့်လေ။"
Ling Xiao ကသူ့ကိုချော့နေရင်း ကျေနပ်စွာပြုံးနေသည်။
You XiaoMo က နှုတ်ခမ်းစူသွားသည်။ ခုနလေးကတင် သူ့ကို ပြိုင်ပွဲမကြည့်ဖို့ တားမြစ်တာဘယ်သူလဲ?
တစ်ခြားတစ်ဖက်မှာတော့ Ling Xiao အာရုံက သူမဆီမှာ မဟုတ်တာကြောင့် Tantai MiaoYin က စိတ်ပျက်စွာနှင့် စင်မြင့်ပေါ်က ဆင်းသွားလေသည်။
ဂိုဏ်းတူအကိုကြီး သူမကို ပိုသတိထားမိစေဖို့ ဒီပြိုင်ပွဲကို အသုံးချလို့ ရမယ်ထင်ခဲ့တာ။ ဒီနည်းနဲ့ အကိုကြီးကို သူမရဲ့ ကောင်းတဲ့အချက် တွေပြဖို့ အခွင့်အရေး ရမယ် ထင်ခဲ့တာဖြစ်သည်။
မျက်နှာချင်းဆိုင် ဘက်ခြမ်းမှာ သူမရဲ့လှုပ်ရှားမှုတိုင်းကို ကြည့်နေရင်း Tang YunQiက ကဲ့ရဲ့လိုက်သည်။ အကိုကြီးအတွက် သူမနဲ့ လာပြိုင်ရဲတယ်? အခွင့်ရေးတစ်ခု တောင် မရစေရဘူး!
သူမရဲ့ အကိုကြီးရှောင်က အရမ်းကို ထူးချွန်တယ်ဆိုတာ Tang YunQi သိသည်။ အကိုကြီးရှောင်ကို ကြိုက်တဲ့ TianXinဂိုဏ်းသူတွေအများကြီးရှိသည်။ TanTai MiaoYin ကလဲ တစ်ယောက်အပါအဝင်ပဲ။ သူမအကိုကြီးရှောင်ကို စိတ်ဝင်စားနေတာ တစ်ခြားလူတွေသိချင်မှသိလိမ့်မယ်။ ဒါပေမယ့် သူမကတော့ မိန်းမတစ်ယောက်ဖြစ်တာ ကြောင့် နေ့ဘက်လိုပဲ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒါပေမယ့် ဒီလိုပြိုင်ဖက်မျိုးက သူမမျက်လုံးထဲ ထည့်စရာမလိုဘူး။ အခုလောလောဆယ် သူမအတွက် အကြီးမားဆုံး အနှောင့်အယှက်က အကိုကြီးရှောင် ဘေးမှာထိုင်နေတဲ့သူ၊ You XiaoMo ပဲ။
ဒါကိုတွေးမိတော့ Tang YunQi က You XiaoMo ကို မုန်းတီးစွာ စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူမက ပြိုင်ပွဲနောက်ဆုံးဆင့်ထိ စောင့်ချင် ခဲ့တာဖြစ်သည်။ ဒါပေမယ့် You XiaoMo က အကိုကြီးရှောင်ရဲ့ ဝတ်ရုံ ဝတ်ထားတာ မြင်တော့ သူမ သဝန်တိုလွန်းလို့သေတော့မတတ်ပဲ။ သူမ ထပ်မစောင့်နိုင်တော့အောင် ဖြစ်စေတယ်။
အချိန် တော်တော်ကြာပြီးတော့ ပြိုင်ပွဲထပ်စတယ်။
တတိယပွဲ ၊စတုတ္ထပွဲ၊ ......... ဆယ့်တစ်ပွဲမြောက်၊ လူတိုင်းက မျှော်လင့်ချက်တွေနှင့် ခေါင်းတွေ မော့ရလွန်းလို့ လည်ပင်းတွေတောင် ရှည်လာတယ်လို့ထင်ရသည်။ ဆယ့်တစ်ပွဲမြောက်တဲ့ထိ Ling Xiao နာမည်က အရွေးခံရတဲ့ အထဲမပါဘူး။ တစ်ပွဲပြီးတစ်ပွဲ စိတ်ပျက်စရာကောင်းစွာနဲ့၊ နောက်ဆုံးမှာတော့ မဲပုံးထဲမှာ စာရွက်ပိုင်းသုံးခုပဲ ကျန်တော့သည်။
ဒုတိယမြောက်စင်မြင့်မှာ ပြိုင်ပွဲဝင်နှစ်ဆယ့်ငါးယောက် ရှိတာကြောင့် တစ်ယောက်-တစ်ယောက်ချင်းပြိုင်ပွဲက ဆယ့်နှစ်ပွဲရှိသည်။ ဒီလိုနဲ့ နောက်ဆုံးမှာ တစ်ယောက်က မပြိုင်ရဘဲ ကျန်ခဲ့မှာဖြစ်သည်။ ဒါကြောင့် ဒီတစ်ခေါက်မဲနှိုက်တာက နောက်ဆုံးပြိုင်ပွဲဖြစ်လိမ့်မည်။ မဲပုံးထဲမှာ ကျန်ခဲ့တဲ့စာရွက်ပိုင်း ကတော့ ပြိုင်စရာ မလိုဘဲ နောက်ပွဲစဉ် ကိုရောက်ရှိသွားမယ့် ကံကောင်းတဲ့သူပဲဖြစ်တယ်။
လူတိုင်းက အကြီးအကဲJiang၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ် ကြည့်နေကြတယ်။ ဒါပေမယ့် စိတ်အလှုပ်ရှားဆုံးကတော့ ခုထိမပြိုင်ရသေးတဲ့ ဂိုဏ်းသားနှစ်ယောက် ဖြစ်သည်။ သူတို့ Ling Xiaoနှင့် ရင်ဆိုင်ရနိုင်ချေ များတာကြောင့် သူတို့နှစ်ယောက်လုံး မျှော်လင့်ချက်မရှိတော့ဘူး။ ဒါ့ကြောင့် သူတို့နှလုံးသားထဲမှာ တိတ်တိတ်လေး ဆုတောင်းနေကြသည်။ ကျေးဇူးပြုပြီး အစ်ကိုကြီးနဲ့ မတိုက်ရပါစေနဲ့။ သူတို့ ဖြတ်သန်းခွင့်မဲရရင်ရ၊ သူတို့မရခဲ့ရင်လည်းအစ်ကိုကြီးရပါစေ။
အကြီးအကဲJiangက ရေလိုပဲ တည်ငြိမ်နေသည်။ လူတိုင်း၏ အကြည့်အောက်မှာ မဲပုံးဆီ တည်တည်ငြိမ်ငြိမ်နှင့် လက်လှမ်းလိုက်ပြီး စာရွက်ပိုင်းနှစ်ခု ကိုထုတ်ယူလိုက်သည်။ ဖွင့်ပြီးတော့ နာမည်တွေကို တစ်ချက် ကြည့်လိုက်သည်။ ဘယ်သူမှ သတိမပြုမိလိုက်စေဘဲ မျက်မှောင်ကြုံ့ပြီးပြောလိုက်သည်၊
"ဆယ့်နှစ်ပွဲမြောက်အတွက် ယှဉ်ပြိုင်သူများကတော့ Chen Yang နဲ့ Gao Jun ဖြစ်ပါတယ်။"
ဒီရလဒ်က တစ်ချို့ကို စိတ်ပျက်သွားစေပြီးတော့ တစ်ချို့ကိုတော့ ပျော်ရွှင်သွားစေသည်။
စိတ်ပျက်ရတာက စီနီယာအကိုကြီးက နှစ်ရက်ဆက်တိုက် တစ်ပွဲမှ မတိုက်ရသေးဘူး။ ဒါက Ling Xiao တိုက်ခိုက်တာ မြင်ချင်နေတယ့် လူတွေကိုအရမ်းပဲ စိတ်ပျက်သွားစေသည်။ ပျော်နေတဲ့ လူတွေကတော့ အစ်ကိုကြီးက တကယ် ကံကောင်းတာပဲလို့ တွေးနေကြသည်။ ပထမစင်မြင့်တုန်းက Zhou Pengက နှုတ်ထွက် သွားသည်၊ ဒုတိယစင်မြင့်ကျတော့ သူက နောက်တစ်ပွဲ တက်ရောက်ခွင့် ရသည်။သူ့ကံက တကယ်ကို သာမာန်မဟုတ်ဘူး။
ဒါပေမယ့် ပျော်လည်းပျော် ဝမ်းလည်း ဝမ်းနည်းနေတဲ့ သူတွေလည်းရှိတယ် -Chen Yang နှင့် Gao Jun။ ပျော်တာက အကိုကြီးနဲ့ မတိုက်ရလို့ဖြစ်ပြီး ဝမ်းနည်းတာကတော့ နောက်တစ်ပွဲတက်ခွင့်ရသူက သူတို့ မဟုတ်လို့ပဲ ဖြစ်သည်။ တစ်သက်လုံးမှာ ကြုံရခဲတဲ့ တကယ်ကို မသက်မသာဖြစ်စေတဲ့ ခံစားချက်ဖြစ်သည်။
"အကိုကြီးလင်း၊ခင်ဗျားရဲ့ကံက တကယ်ကို ကောင်းလွန်းတာပဲ။"
You XiaoMo က လေးစားမှုတွေအပြည့်နဲ့ ပင့်သက်ရှိုက်လိုက်သည်။ သူ့ကံကသာ ဒီလောက် ကောင်းမယ် ဆိုရင်……….
"တစ်ခါတစ်လေကျ ကံကောင်းတာကလဲ ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး။"
Ling Xiaoက ဖတ်လို့မရတဲ့အမူအရာနဲ့ပြုံးလိုက်သည်။
"ဘာလို့လဲ?" You XioaMo က အံ့ဩစွာနဲ့ မေးလိုက်သည်။
Ling Xiaoက ဒီတစ်ခေါက် အရံအတားတစ်ခု မတားထားတာကြောင့် သူပြောတာကို ဘေးနားက ဂိုဏ်းသားတွေလဲ ကြားလိုက်သည်။ သူတို့အားလုံး နားကြီးတွေ ထောင်လာကြတော့တယ်။ အစ်ကိုကြီးက ဘာလို့ ဒီလိုပြောတာလဲဆိုတာ သူတို့လဲ သိချင်ကြသည်။ ဖြတ်သန်းခွင့်ရတာ ကောင်းတဲ့အရာ မဟုတ်ဘူးလား?
Ling Xiaoက သူ့ပါးစပ်ထောင့်စွန်းတွေကို ဖြေးဖြေးချင်းပင့်လိုက်ရင်း "ငါအကြာကြီး စောင့်နေရပြီးပြီ။ မကြာခင် စင်ပေါ် တက်ရပြ်ီး ငါ့တိုက်ကွက်တွေကို လေ့ကျင့်ရတော့မယ် ထင်ထားတာ၊ ဒါပေမယ့်.........."
ကျန်တာက ဆက်ပြောစရာကို မလိုတော့ဘူး။ လူတိုင်းက သူ့မှာ အရွေးမခံရတာကို စိတ်ပျက်နေပြီးတော့ တကယ့်ကို စင်ပေါ်တက်ပြီး တစ်ပွဲလောက် ပဲဖြစ်ဖြစ်တိုက်ချင် သေးတယ်ဆိုတာကို သိလိုက်သည်။
သူလှည့်စားတာ မခံလိုက်ရတဲ့ တစ်ယောက်တည်းသော သူက You XioaMo ပင်။ Ling Xiao မပြိုင်ချင်ဘူး ဆိုတာကို သူတစ်ယောက်ပဲ သိသည်။
တစ်ခြားလူတွေကြည့်ဖို့ တိုက်ခိုက်ရမှာ ထက်စာရင် သူက တစ်ခြားသူတွေ တိုက်ခိုက်တာကိုပဲ ကြည့်လိမ့်မည်။ သေချာပေါက်ကို အဲ့ဒီိ့အမူအရာက လူထင်ကြီးအောင် လုပ်ထားတာပဲ။ Ling Xiaoက အလွန့်အလွန်ကို မရိုးဖြောင့်တဲ့ လူတစ်ယောက်ဖြစ်သည်။ သူ့အပေါ် တစ်ခြားတပည့်တွေ၏အမြင်က ကောင်းလွန်းနေတာ ဖြစ်သည်။ အထူးသဖြင့် သူက တစ်ခြားတပည့်တွေပေါ် အေးစက်စက်ကြီး မဖြစ်တော့ကတည်းက ယောက်ျားလေးတွေက သူ့ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် အဖြစ် ထားထားကြ တာဖြစ်သည်။ မိန်းကလေးတွေကလဲ သူ့ရဲ့အတုအယောင် နူးညံ့သိမ်မွေ့တဲ့ အမူအရာကို ချစ်ကျွမ်းဝင်သွားကြသည်။ ဒါ့ကြောင့် တစ်ယောက်ကမှ သူ့စကားတွေကို နည်းနည်းလေးမှ သင်္ကာမကင်းမဖြစ်ကြဘူး။
ဒါပေမယ့် သူ့ရဲ့ ညှင်းပန်းနှိပ်စက်မှုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့ လူတစ်ယောက်အနေနဲ့ You XioaMoကတော့ ကောင်းကောင်းသိနေသည်။
You XioaMoက စိတ်ထဲမှာ ပြောလိုက်သည် ဟန်များတဲ့ကောင်!
Translated by khin0625
Edited by MZO