Chapter-69 ယုံၾကည္မႈ
You XiaoMo အတြက္ေတာ့ ဒီေန႔က သူ TianXinဂိုဏ္း ကို ဝင္ၿပီးကတည္းက အဆိုး႐ြားဆုံးေန႔ တစ္ေန႔ ျဖစ္သည္။ ဒီေန႔မနက္က ကိစၥေၾကာင့္ သူတို႔ေတြ ၿပိဳင္ပြဲကြင္းျပင္ ကိုေရာက္ေတာ့ အခ်ိန္မီတယ္ ဆို႐ုံေလးပဲ။
သူတို႔ႏွစ္ေယာက္ ၿပိဳင္ကြင္း ထဲဝင္လိုက္သည့္ အခ်ိန္တြင္ ပုံမွန္လိုပဲ လာေရာက္သူ ရွစ္ဆယ္ရာခိုင္ႏႈန္းေက်ာ္ ၏ အာ႐ုံစိုက္မႈကို ခံရသည္။သူတို႔ Ling Xiaoက ိုျမင္ေတာ့ လူတိုင္းက ခါတိုင္းလိုပဲ စိတ္လႈပ္ရွား ေနၾကသည္။ ဒါေပမယ့္ သူတို႕ You XiaoMo ကိုေတာ့ အထင္ေသးတဲ့ အၾကည့္ေတြနဲ ႔ၾကည့္ၾကသည္။ အဲ့ဒီ့ေနာက္...….. အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ မ်က္လုံးေတြက မခြာႏိုင္ၾကေတာ့.......
တစ္ခ်က္ေလးပဲ ၾကည့္လိုက္တာနဲ ႔ၿပိဳင္ပြဲဝင္သူနဲ႔ ၾကည့္ရႈသူ ခုံတန္းေတြမွာ ထိုင္ေနတဲ့ လူခုနစ္ဆယ္ ရာခိုင္ႏႈန္းေက်ာ္ဟာ သူတို႔ မ်က္လုံးေတြ ကြၽတ္က်ေတာ့ မတတ္ပင္။ သူတို႔ တစ္ေယာက္ခ်င္း စီတိုင္းက Ling Xiao ေနာက္ကေန ေလွ်ာက္လာတဲ့ You XiaoMo ကို မ်က္လုံးျပဴးႀကီးေတြနဲ ႔ၾကည့္ေန ၾကတယ္။ အိုး မဟုတ္ဘူး တိတိက်က်ေျပာရရင္ သူဝတ္ထားတဲ့ အက်ႌကို ၾကည့္ေနၾကတာ။
လျခမ္းေကြးေရာင္ (အျဖဴေရာင္) ရွိတဲ့ ဝတ္႐ုံရွည္။ အနားသတ္ေတြမွာ အနက္ေရာင္နဲ႔ ေ႐ႊေရာင္ခ်ည္မွ်င္ ေတြနဲ႔ တန္ဆာဆင္ထားသည္။ ႐ိုးရွင္းေပမယ့္ ေတာက္ပသည္။ ေတာက္ပေပမယ့္လည္း ေၾကာ့ရွင္းသည္။ ဒါက ေသခ်ာေပါက္ကို အကိုႀကီးရဲ႕ဝတ္႐ုံပဲ!
ဒီလိုနဲ႔ စပ္စုတတ္သူေတြရဲ႕ေခါင္းထဲမွာေတာ့ မေန႔ညက အကိုႀကီးရဲ႕ အခန္းထဲမွာျဖစ္ခဲ့တဲ့ ေျပာလို႔မရတဲ့ လွ်ိဳ႕ဝွက္ အျဖစ္အပ်က္ေတြ အေၾကာင္း အေတြး ေတြနဲ႔ ျပည့္ေနေတာ့သည္။ ထိန္းခ်ဳပ္လို႔မရတဲ့ တီးတိုးေျပာသံ ေတြ ထြက္ေပၚလာေတာ့သည္။
Ling Xiao ကအေရးစိုက္ပုံ မေပၚေပ။ သူရဲ႕ ေခ်ာေမာတဲ့မ်က္ႏွာမွာ ရည္မြန္ သင့္တင့္တဲ့ အၿပဳံးနဲ ႔ၿပိဳင္ပြဲဝင္သူ ခုံတန္းေတြဆီ ေလွ်ာက္သြားသည္။
ဒါေပမယ့္ သူေနာက္မွာ ရွိတဲ့ You XiaoMo ကေတာ့ သူ႔လို အေရမထူဘူး။ လူတိုင္းရဲ႕ စူးရွတဲ့ အၾကည့္ေတြက သူ႔ကိုယ္ေပၚမွာ ရွိေနေတာ့ ပူေလာင္တဲ့ အၾကည့္ေတြကို လ်စ္လ်ဴရႈ လို႔ မရေလဘူး။ သူ ဘယ္လိုေတာင္ မိုက္မဲတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာလဲ ဆိုတာ ေနာက္ဆုံးေတာ့ နားလည္သြားသည္။
သူတို႔ အႀကီးအကဲေတြကို ျဖတ္ေလွ်ာက္ သြားတုန္းမွာပဲ သူတို႔ထက္ အရင္ ေရာက္ႏွင့္ေနတဲ့ Tang Fan က သူ႔ရဲ႕ တစ္ဝက္ ပိတ္ထားတဲ့ မ်က္လုံး ေတြကို ဖြင့္လိုက္သည္။ သူ႔ရဲ႕ ခန႔္မွန္းလို႔ မရႏိုင္တဲ့အၾကည့္က သူတို႔ ႏွစ္ေယာက္ေပၚ ျဖတ္သြားသည္။ ေနာက္ဆုံးေတာ့ You XiaoMo ေပၚမွာ ရပ္တန႔္သြားသည္။
You XiaoMo ေျခေထာက္ေတြ ဟန္ခ်က္ ပ်က္သြားလု နီးနီးပဲ။ Ling Xiao ကသာ သူ႔ကို အခ်ိန္မီ ဖမ္းမထားဘူး ဆိုရင္ ဒီေနရာမွာ သူ႔ ကိုယ္သူ အ႐ူး လုပ္မိသလို ျဖစ္သြားၿပီး ေလာက္ၿပီ။
ပင္မေဆာင္က တပည့္ေတြရဲ႕ အၾကည့္ကိုေတာင္ You XiaoMo က မခံႏိုင္တာ Tang Fan၏ အၾကည့္က အေလးခ်ိန္ တစ္ေထာင္ေလာက္ ရွိတဲ့ ေက်ာက္တုံးႀကီး လိုပင္။ အသက္ရႉလို႔ မရေလာက္ တဲ့ထိ သူ႔ကို ဖိထားေလသည္။ သူ႔ကို အတြင္းပိုင္းကေန လွီးျဖတ္ေနသလို အဲ့ဒိ ခံစားခ်က္က အလြန္ႀကီးမား လြန္းသည္။ သူ႔ မ်က္လုံးေတြကေန ဘာမွ ကြယ္ဝွက္ လို႔မရသလိုပင္။
Ling Xiao က သူ႔ကို ေထာက္ေပးထားတာေၾကာင့္ မဟုတ္လွ်င္ သူ႔ရင္ဘတ္ေပၚက မ်က္ရည္စက္ (နယ္ေျမ) ကို ေတြ႕သြားေတာ့ မယ္လို႔ ခံစားေနရသည္။
"ဒါဆို မင္းက ဆရာသခင္Kongရဲ႕ ခုနစ္ေယာက္ေျမာက္တပည့္ You XiaoMo ေပါ့?"
အဲ့အခ်ိန္မွာပဲ Tang Fanက ႐ုတ္တရက္ ေမးလိုက္သည္။
You XiaoMo က အထိတ္တလန႔္ ျဖစ္သြားသည္။ ဂိုဏ္းခ်ဳပ္က သူ႔ကို တကယ္ပဲ မွတ္မိေနတယ္လား။ ေနာက္ၿပီး သူ႔ကို စကားေျပာေနတယ္။ သူ ခဏေလာက္ ေတြေဝေနၿပီးေတာ့ သူ႔ကို မၾကည့္ရဲတာေၾကာင့္ ေခါင္းငုံ႔ၿပီးေျဖလိုက္သည္။
"ဟုတ္ပါတယ္ ၊ဂိုဏ္းခ်ဳပ္!"
"အမ္၊ မင္းအကိုႀကီးLin က အရမ္းေတာ္တဲ့ တပည့္ ပဲ။ ကိစၥတစ္ခုခု ရွိရင္ သူ႔ကိုပဲ ရွာလိုက္ေပါ့။"
Tang Fan က ဆက္ေျပာသည္။ သူ႔ရဲ႕ တည္ၿငိမ္ ေအးေဆးတဲ့ အမူအရာက သူက တကယ္ပဲ ၾကင္နာတတ္ပုံ ေပၚေနတယ္။
ဂိုဏ္းတစ္ခုရဲ႕ ေခါင္းေဆာင္ တစ္ေယာက္ အေနနဲ႔ Tang Fan က ညႇာတာမႈ မရွိတဲ့ ႏွလုံးသားနဲ႔ ၾကမ္းၾကဳတ္တဲ့ လက္ရွိသည္။ သူက Tian Xinဂိုဏ္းကို အေရးပါဆုံးေနရာ မွာ ထားတာ ျဖစ္သည္။ တစ္ေယာက္ေယာက္က သူ႔ေနရာ ဒါမွမဟုတ္ Tian Xinဂိုဏ္းကို အႏၲရာယ္ ျဖစ္ေစရဲတယ္ ဆိုရင္ အဲ့လူက သူ႔တိုက္႐ိုက္ တပည့္ ျဖစ္ေနရင္ေတာင္မွ အဲ့လူကို ရွင္းထုတ္ပစ္ဖို ႔ေတြေဝေနမွာ မဟုတ္ဘူး။ ဒါ့ေၾကာင့္ တစ္ေယာက္ေယာက္က သူနဲ႔ နီးကပ္မႈကို ေဖာ္ျပမယ္ ဆိုရင္ သူ႔ရဲ႕ ေအာက္စည္းကို လာမထိဖို႔လဲ စိတ္ထဲထား ထားရမွာျဖစ္သည္။ "ဟုတ္ကဲ့ပါ၊ ဂိုဏ္းခ်ဳပ္!"
You XiaoMo အသံေတ ြတုန္ေနေပမယ့္ ထပ္ေျပာလိုက္တယ္။
Ling Xiao က သူ႔အသံေတြ တုန္ေနတာကို ခ်က္ခ်င္းပဲ သိလိုက္သည္။ သူ႔ကို သူ႔ဖက္ ပိုနီးေအာင္ ဆြဲလိုက္ ၿပီး Tang Fanရဲ႕ မ်က္လုံးေတြကို ၿပဳံးေနရင္း ၾကည့္လိုက္ သည္။
"ဆရာ စိတ္ပူစရာ မလိုပါဘူး။ ကြၽန္ေတာ္က ညီေလးXiao Mo ကို ေကာင္းေကာင္း ဂ႐ုစိုက္ပါ့မယ္။"
"ဒါဆို ေကာင္းတာေပါ့။ ၿပိဳင္ပ ြဲစေတာ့မယ္။ မင္းတို႔ခုံမွာ မင္းတို႔ သြားထိုင္ေခ်။"
Tang Fanက ေခါင္းညိတ္ၿပီး သူတို႔ကို သြားခြင့္ ျပဳလိုက္သည္။
"ဒီတပည့္က သြားပါေတာ့မယ္!"
ၿပိဳင္ပြဲဝင္ခုံတန္းဆီ အားေပ်ာ့ေနတဲ့ You XiaoMo ကိုေခၚမသြားခင္ Ling Xiao က လက္ဝါးႏွစ္ဖက္ကို လက္ခုပ္ပုံျပဳလုပ္ၿပီး ႐ိုေသစြာနဲ႔ ကိုယ္ကို ကိုင္းၫႊတ္ရင္းေျပာလိုက္သည္။
Tang Fan က ေနာက္ဆုတ္သြားတဲ့ ေက်ာျပင္ႏွစ္ခုကို ထူးမျခားနားစြာ ၾကည့္ေနသည္။ ခဏေလာက္ တိတ္ဆိတ္ေနၿပီးေတာ့ သူ႔ေဘးက အႀကီးအကဲJiang ဘက္ ႐ုတ္တရက္ လွည့္လိုက္ၿပီး ခပ္တိုးတိုးႏွင့္ "အႀကီးအကဲJinag၊ ေရွာင္ေလးနဲ႔ အဲ့ဒီ့ေမွာ္ဆရာ You XiaoMo ရဲ႕ ဆက္ဆံေရးကို ဘယ္လိုထင္လဲ?"
အေခၚခံလိုက္ရေတာ့ အႀကီးအကဲJiangက တည္ၿငိမ္ေအးေဆးစြာနဲ႔ "ဂိုဏ္းခ်ဳပ္ကို တင္ျပပါတယ္၊ သူတို႔ ဆက္ဆံေရးက ေတာ္ေတာ္ ေကာင္းတယ္ ထင္ပါတယ္။ ေရွာင္ေလးက တစ္ျခားတပည့္ေတြကို တစ္ခါမွ ဒီေလာက္ အာ႐ုံမစိုက္ဖူးဘူး။ ဒါ့ေၾကာင့္ သူတို႔ ဆက္ဆံေရးက နဲနဲေတာ့ ပုံမွန္မဟုတ္ဘူး။ ဒါေပမယ့္ မေန႔ညက ကြၽန္ေတာ္ ကင္းလွည့္ေတာ့ သူတို႔အေစာႀကီး အိပ္ယာဝင္သြားၾကၿပီ။ ထူးျခားတာ တစ္ခုမွ မေတြ႕ခဲ့ပါဘူး။"
Tang Fanက ဒီတိုင္းပဲ ေျပာလိုက္တယ္ "ေရွာင္ေလး အဲ့တစ္ေခါက္ ေတာင္ေအာက္ ဆင္းတဲ့ ခရီးက ျပန္လာ ကတည္းက သူ႔စ႐ိုက္ ေတာ္ေတာ္ေလး ေျပာင္းသြားတယ္ အာ!"
အႀကီးအကဲJiangရဲ႕ မ်က္လုံးက လက္သြားသည္။ ဒါေပမယ့္ သူဘာမွ ဝင္မေျပာေပ။
ၿပိဳင္ပြဲဝင္သူခုံတန္းကို ျပန္ရာက္မွပဲ You XiaoMo သက္ျပင္း ခ်ႏိုင္ေတာ့သည္။ သူက ေသာကေရာက္ေနတဲ့ ႏွလုံးသားေလး ႏွင့္ ေျပာလိုက္သည္၊ "ဂိုဏ္းခ်ဳပ္က အရမ္းေၾကာက္စရာ ေကာင္းတာပဲ!"
Ling Xiao က သူ႔စကားေတြကိုၾကားေတာ့ သူ႔ပါးစပ္ေထာင့္ေလးေတြကို တိတ္တိတ္ေလး ပင့္တက္သြားကာ
"သူကေကာက္က်စ္တဲ့ ေျမေခြးအိုႀကီးတစ္ေကာင္ပါပဲ။ ဘာမွ ေၾကာက္စရာမရွိဘူး။"
"ဒါေပါ့ အစ္ကိုကေတာ့ မေၾကာက္ဘူးေပါ့။"
You XiaoMo က ႏႈတ္ခမ္း ဆူလိုက္တယ္။ ျပႆနာက သူက Ling Xiao မွမဟုတ္ပဲ။ သူ႔မွာ အဲ့ေလာက္ ေကာင္းမြန္တဲ့ ခုခံႏိုင္စြမ္း မရွိဘူး။
သူတို႔ ႏွစ္ေယာက္ ထိုင္ၿပီး မၾကာခင္မွာပဲ ၿပိဳင္ပြဲစခ်ိန္ ေရာက္လာသည္။ ဒိုင္လူႀကီးကေတာ့ အႀကီးအကဲJiangပဲ။ ရင္းႏွီးေနတဲ့ အဖြင့္မွာစကား နဲနဲေျပာၿပီးေတာ့ မဲႏႈိက္တဲ့ အခ်ိန္ျဖစ္သည္။ မဲႏႈိက္ၿပီးေတာ့ အႀကီးအကဲJinagက ေ႐ြးခ်ယ္ထားတဲ့ နာမည္ေတြကို စ ဖတ္သည္။ ကံေကာင္းစြာနဲ႔ ဒီတစ္ေခါက္ ပထမဆုံးၿပိဳင္ပြဲက Ling Xiao မဟုတ္ဘူး။ ခြန္အားတူတူေလာက္ရွိတဲ့ ဂိုဏ္းတူ တပည့္ႏွစ္ေယာက္ ျဖစ္သည္။
သူတို႔ထဲက တစ္ေယာက္က Ling Xiao ကိုမေန႔က စိန္ေခၚသြားတဲ့ Lei Ju ပဲ ျဖစ္သည္။ ေနာက္တစ္ေယာက္က ေတာ့ Zhou Peng နဲ႔ အၿမဲအတူရွိေနတဲ့ အဆင့္ကိုး Luo Xia ျဖစ္သည္။
Lou Xiaက ပထမဆုံးအတန္းတြင္ ထိုင္ေနတယ္။ သူ႔နာမည္ ေခၚသံၾကားေတာ့ သူမတ္တပ္ရပ္လိုက္ေပမယ့္ စင္ေပၚကို ခ်က္ခ်င္း တက္မသြားဘူး။ အဲ့အစား သူက Ling Xiaoဘက္ လွည့္ၿပီး စိန္ေခၚတဲ့အၾကည့္နဲ႔ ၾကည့္လိုက္သည္္။ ခါတိုင္းလို ေမာက္မာေနတုန္းပင္။
ဒီLei Ju က အစကတည္းက Ling Xiao ကို ပစ္မွတ္ထားေနတယ္ ဆိုတာ You XiaoMo ခံစားမိေနသည္။ အထူးသျဖင့္ လူတိုင္းက သူ႔ကိုယ္ေပၚက အက်ႌေတြကို ၾကည့္ေနတုန္းက သူတစ္ေယာက္ပဲ Ling Xiao ကို မေျပာင္းမလဲ စိုက္ၾကည့္ ေနခဲ့တာ ျဖစ္သည္။ You XiaoMo Ling Xiao ကို လွည့္ၾကည့္လိုက္ေတာ့ Ling Xiao ရဲ႕ ေခ်ာေမာတဲ့မ်က္ႏွာက သာမာန္အတိုင္း ၿပဳံးေနတုန္းပဲ။
ဟန္မ်ားတဲ့ မိမစစ္ဖမစစ္ေကာင္! ဆက္ၿပီးဟန္ေဆာင္ေနလိုက္!
ၿပိဳင္ပြဲစၿပီး မၾကာခင္မွာပဲ Lei Ju က ျမန္ျမန္ အႏိုင္ရႏိုင္တဲ့ ရင္ဆိုင္ပုံ ကို ေ႐ြးလိုက္သည္။
Lei Juနဲ Zhou Peng ႏွစ္ေယာက္လုံးက ခြန္အားသုံးၿပီး တိုက္ခိုက္တဲ့ အမ်ိဳးအစား ကြၽမ္းက်င္သူ ေတြ ျဖစ္သည္။ ဒါေပမယ့္ Lei Juရဲ႕ ျပင္းထန္တဲ့ အင္အားနဲ႔ သက္လုံက Zhou Pengထက္ ေကာင္းမြန္သည္။ ဒါ့အျပင္ သူ႔အျမန္ႏႈန္း ကလည္း မဆိုးတာေၾကာင့္ သူက လြယ္လြယ္ ရင္ဆိုင္လို႔ရတဲ့သူ တစ္ေယာက္ မဟုတ္ဘူး။ သူနဲ႔ယွဥ္တိုက္ရင္ Zhou Pengကေတာင္ အခြင့္မသာႏိုင္ဘူး။ Zhou Pengထက္ အားနည္းတဲ့ Luo Xia ဆိုရင္ အႏိုင္ရႏိုင္ေခ် ပိုေတာင္ နည္းေသး သည္။
သူတို႔အကြက္ တစ္ရာေလာက္ ဖလွယ္ျပ္ီးေတာ့ Luo Xiaက အားေလ်ာ့ လာေတာ့သည္။ ဓားကိုင္ထားတဲ့ ညာဘက္လက္က တိုက္ကြက္ေတြေၾကာင့္ စတင္ တုန္ခါလာသည္။
"Luo Xiaရႈံးသြားၿပီ။"
Ling Xiao ကတိုးတိုးသာသာေျပာလိုက္သည္။
သူအဲ့စကား ေျပာၿပီးၿပီးခ်င္းပဲ You XiaoMo က Lei Ju က Luo Xia ရဲ႕ ဓားကို လက္သီးနဲ႔ ထုႏွက္လိုက္ တာ ျမင္လိုက္ရသည္။ အသံ တစ္ခ်က္ ထြက္လာၿပီး ဓားက ႏွစ္ပိုင္းက်ိဳးသြားကာ တစ္ပိုင္းက စင္ေပၚ က်သြားေတာ့သည္။ ရင္ဘတ္ ကို ျပင္းျပင္းထန္ထန္ ႐ိုက္ခံလိုက္ရတဲ့ ခႏၶာကိုယ္ကေတာ့ စင္ေပၚကေန ပ်ံက်သြားၿပီး You XiaoMo ႏွင့္ Ling Xiao ဆီ တည့္တည့္ လြင့္လာေလသည္။
Luo Xia ေျမႀကီးေပၚ က်ခါနီးမွာပဲ Ling Xiao က ႐ုတ္တရက္ သူ႔ကိုဆြဲလိုက္သည္။
Luo Xia က သူ႔ရင္ဘတ္ကို ကိုင္ထားရင္း ႏႈတ္ခမ္းေထာင့္က ေသြးေတြကို သုတ္လိုက္သည္။ သူ က Ling Xiao ဖက္ လွည့္လိုက္ၿပီး ေက်းဇူးတင္စြာနဲ႔ေျပာလိုက္သည္၊
"အကိုႀကီး ေက်းဇူးတင္ပါတယ္။"
Ling Xiao က သူ႔ေနာက္ကို ေထာက္ေပးထားတဲ့ လက္ကို ႐ုတ္လိုက္ရင္း တစ္ခ်က္ ရယ္လိုက္ကာ ေခါင္းညိတ္ျပလိုက္သည္။ အဲ့ခ်ိန္မွာပဲ You XiaoMo က ေနရာေသးေသးေလး ၾကားထဲ အတင္းတိုးဝင္ လာသည္။ Luo Xia ဒဏ္ရာရေနတာ ျမင္ေတာ့ သူ႔ေမွာ္အိတ္ထဲက ေမွာ္ေဆးလုံးတစ္လုံး ထုတ္လိုက္ၿပီး သူ႔ေရွ႕မွာ ထားလိုက္ရင္း ေျပာလိုက္သည္၊
"အကိုႀကီးLuo ၊ဒီေဆးလုံးက အတြင္းဒဏ္ရာေတြ ကုသေပးႏိုင္တယ္။ စားၿပီး ေစာင့္ၾကည့္လိုက္။"
Luo Xiaက အံ့ဩသြားၿပီး ေမာ့ၾကည့္လိုက္ေတာ့ သူ႔ကို စိုးရိမ္ပူပန္မႈေတြနဲ႔ ၾကည့္ေနတဲ့ လူငယ္ေလး ကို ေတြ႕လိိုက္ရသည္။
တကယ္ေတာ့ သူ႔မွာလည္း ကုသေမွာ္ေဆးလုံးေတြ ရွိပါသည္။ ၿပိဳင္ပြဲမွာ ဒဏ္ရာရတာက ေရွာင္လႊဲလို႔မရ ေပဘူး။ ဒါေၾကာင့္ ဂိုဏ္းသားအမ်ားစုက ကုသေဆးလုံး အနည္းနဲ႔အမ်ားေတာ့ ေဆာင္ထားၾကတယ္။ ဒါေပမယ့္ သူ႔အတြက္ တကယ္စိတ္ပူေနတဲ့ လူတစ္ေယာက္ ကိုေတြ႕ရခဲသည္။ ဒါ့ေၾကာင့္ Luo Xiaလည္း ေဆးမေသာက္ခင္ ခဏေလာက္ ေတြေဝေနၿပီးေတာ့ သူ႔ေရွ႕မွာပဲ ေဆးလုံးကို ၿမိဳခ်လိုက္ေတာ့သည္။
You XiaoMoက သူ ေဆးေသာက္ လိုက္တာျမင္ေတာ့ ေပ်ာ္႐ႊင္စြာနဲ႔ၿပဳံးလိုက္သည္။
ဒါေပမယ့္Luo Xiaက သူ႔ေဆးလုံးကို ေသာက္တယ္ ဆိုတာက ယုံၾကည္မႈသေကၤတတစ္ခုဆိုတာ သူမသိေလဘူး။
ဒီလို ျဖစ္ဖို႔ ဆိုတာ အလြန္ ခက္ေလသည္။ ဘာလို႔လဲဆိုေတာ့ က်င့္ႀကံသူေတြဟာ အေၾကာင္းအရင္း မရွိဘဲနဲ႔ ေမွာ္ဆရာေတြကို မယုံတတ္ၾကေပ။ ေမွာ္ဆရာေတြ ကလည္း က်င့္ႀကံသူေတြကို အေၾကာင္းအရင္း မရွိဘဲ မယုံၾက။ သူတို႔က အျပန္အလွန္ မွီခို ေနၾကရ ေပမယ့္လည္း ရန္သူေတြလည္း ျဖစ္လာႏိုင္သည္။ ဒါေပါ့ ေမွာ္ေဆးလုံး အရည္အေသြး ကလည္း ကိစၥတစ္ခုအေနႏွင့္ ပါဝင္သည္။
You XiaoMo က ဒါကိုနားမလည္ေပမယ့္ Ling Xiao ကေတာ့ သိတာေၾကာင့္ Luo Xia ကို ေနာက္တစ္ေခါက္ ထပ္ၾကည့္လိုက္သည္။
စင္ျမင့္ေပၚမွာေတာ့ Lei Ju က ဘာမွမေျပာပဲ 'ငါမင္းကိုေစာင့္ေနမယ္' လို႔ေျပာေနသည့္ စိန္ေခၚတဲ့အၾကည့္နဲ႔ ေတြနဲ႕သာ Ling Xiao ကို ထပ္ၾကည့္ေနသည္။
အႀကီးအကဲJiang က အႏိုင္ရရွိသူကို ေၾကညာၿပီးသည့္ ေနာက္ေတာ့ ေနာက္တစ္ပြဲစတင္သည္။ ဒုတိယပြဲစဥ္က ဂိုဏ္း ကိုေရာက္တာ အခ်ိန္တစ္ခု ေလာက္ၾကာၿပီ ျဖစ္ေသာ ဂိုဏ္းတူညီအစ္မႏွစ္ေယာက္ ျဖစ္သည္။ သဘာဝ အလွေလးေတြ။ သူတို႔႐ုပ္ရည္က Tang YunQi ကို မယွဥ္ႏိုင္ေပမယ့္ လည္း Tian Xinဂိုဏ္းမွာေတာ့ အေတာ္အတန္ ေက်ာ္ၾကားသည္။ သူတို႔ေနာက္လိုက္ ေတြကလည္း မနည္းေပ။
သူတို႔ထဲက တစ္ေယာက္က Liu LiQingျဖစ္ၿပီး ေနာက္တစ္ေယာက္က TanTai MiaoYin ျဖစ္သည္။ ႏွစ္ေယာက္လုံးက ထူးခြၽန္တဲ့မ်က္ႏွာသစ္ အလွေလးေတြ ျဖစ္သည္။ ဒါေပမယ့္ Liu LiQingရဲ႕ စ႐ိုက္က TanTia MiaoYinထက္ သန္မာတယ္။
သူတို႔ ႏွစ္ေယာက္ စင္ေပၚေရာက္တာနဲ႔ စင္ေအာက္က ေယာက်္ားေလး တပည့္ေတြက သူတို႔အစုနဲ႔ သူတို႔ က်ယ္ေလာင္စြာ ေအာ္ဟစ္ အားေပးၾကေတာ့သည္။
ဒီလိုပတ္ဝန္းက်င္နဲ႔မွ ပြဲတစ္ခုကို ၿပိဳင္ပြဲတစ္ခုလို႔ ေခၚေဝၚႏိုင္သည္။ Lei Ji ၿပိဳင္ေနတုန္းက ပရိသတ္က တိတ္ဆိတ္ ေနသည္။ ဒါေၾကာင့္ ပုံရိပ္ကလည္း အရမ္း အေရးႀကီးတယ္ဆိုတာ ထင္ရွားသည္။
အလွေလးႏွစ္ေယာက္လုံးက တစ္ေယာက္ကို တစ္ေယာက္ ေခါင္းငုံ႔ႏႈတ္ဆက္လိုက္ၿပီး အားေပးသံေတြ နဲ႔အတူ စတင္ ယွဥ္ၿပိဳင္ၾကေတာ့သည္။
တစ္ေယာက္ကပန္းေရာင္ တစ္ေယာက္ကအျဖဴေရာင္၊ သိမ္ေမြ႕တဲ့ပုံရိပ္ေလး ႏွစ္ခုဟာ တစ္ခုနဲ႔တစ္ခု ေရာေထြးေနတယ္။
ခၽြင္ ခၽြန္…စတဲ့ ဓားခ်င္းထိခတ္သံေတြကို ဆက္တိုက္ ၾကားေနရသည္။ တင့္တယ္တဲ့ ပုံရိပ္ေလးေတြက ကခုန္ေနသလိုပင္ စင္ေအာက္က ေသြးပူေနေသာ ေယာက်္ားေလးေတြကို စိတ္လႈပ္ရွားစြာ ေအာ္ဟစ္ေစေလသည္။ ေထာက္ခံသူ ႏွစ္ဖက္လုံးက သူတို႔အသံေတြ ျပာၿပီး အဆုတ္ေတြ ကြဲတဲ့အထိ အားေပးေနေတာ့သည္။
You XiaoMo ကလည္း အရမ္းစိတ္လႈပ္ရွားေနသည္။
ဒါက အတိအက်ကို သူႏွလုံးသားထဲက ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးပုံစံပဲ။ လွပ႐ုံတင္ မဟုတ္ဘဲ သန္လည္းသန္မာလွသည္။
You XiaoMo မ်က္လုံးေတြက ေကာင္မေလးေတြဆီမွာ ေကာ္ကပ္သလို ကပ္ေနသည့္အခ်ိန္ သူ႔ေဘးက Ling Xiao ကေတာ့ အရမ္းပ်င္းစရာေကာင္းတယ္ လို႔ ခံစားေနရသည္။
Translated by khin0625
Edited by MZO
Unicode
Chapter-69 ယုံကြည်မှု
You XiaoMo အတွက်တော့ ဒီနေ့က သူ TianXinဂိုဏ်း ကို ဝင်ပြီးကတည်းက အဆိုးရွားဆုံးနေ့ တစ်နေ့ ဖြစ်သည်။ ဒီနေ့မနက်က ကိစ္စကြောင့် သူတို့တွေ ပြိုင်ပွဲကွင်းပြင် ကိုရောက်တော့ အချိန်မီတယ် ဆိုရုံလေးပဲ။
သူတို့နှစ်ယောက် ပြိုင်ကွင်း ထဲဝင်လိုက်သည့် အချိန်တွင် ပုံမှန်လိုပဲ လာရောက်သူ ရှစ်ဆယ်ရာခိုင်နှုန်းကျော် ၏ အာရုံစိုက်မှုကို ခံရသည်။သူတို့ Ling Xiaoကိုမြင်တော့ လူတိုင်းက ခါတိုင်းလိုပဲ စိတ်လှုပ်ရှား နေကြသည်။ ဒါပေမယ့် သူတို့ You XiaoMo ကိုတော့ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ကြသည်။ အဲ့ဒီ့နောက်...….. အဲ့ဒီ့နောက်မှာတော့ သူတို့ မျက်လုံးတွေက မခွာနိုင်ကြတော့.......
တစ်ချက်လေးပဲ ကြည့်လိုက်တာနဲ့ ပြိုင်ပွဲဝင်သူနဲ့ ကြည့်ရှုသူ ခုံတန်းတွေမှာ ထိုင်နေတဲ့ လူခုနစ်ဆယ် ရာခိုင်နှုန်းကျော်ဟာ သူတို့ မျက်လုံးတွေ ကျွတ်ကျတော့ မတတ်ပင်။ သူတို့ တစ်ယောက်ချင်း စီတိုင်းက Ling Xiao နောက်ကနေ လျှောက်လာတဲ့ You XiaoMo ကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်နေ ကြတယ်။ အိုး မဟုတ်ဘူး တိတိကျကျပြောရရင် သူဝတ်ထားတဲ့ အင်္ကျီကို ကြည့်နေကြတာ။
လခြမ်းကွေးရောင် (အဖြူရောင်) ရှိတဲ့ ဝတ်ရုံရှည်။ အနားသတ်တွေမှာ အနက်ရောင်နဲ့ ရွှေရောင်ချည်မျှင် တွေနဲ့ တန်ဆာဆင်ထားသည်။ ရိုးရှင်းပေမယ့် တောက်ပသည်။ တောက်ပပေမယ့်လည်း ကြော့ရှင်းသည်။ ဒါက သေချာပေါက်ကို အကိုကြီးရဲ့ဝတ်ရုံပဲ!
ဒီလိုနဲ့ စပ်စုတတ်သူတွေရဲ့ခေါင်းထဲမှာတော့ မနေ့ညက အကိုကြီးရဲ့ အခန်းထဲမှာဖြစ်ခဲ့တဲ့ ပြောလို့မရတဲ့ လျှို့ဝှက် အဖြစ်အပျက်တွေ အကြောင်း အတွေး တွေနဲ့ ပြည့်နေတော့သည်။ ထိန်းချုပ်လို့မရတဲ့ တီးတိုးပြောသံ တွေ ထွက်ပေါ်လာတော့သည်။
Ling Xiao ကအရေးစိုက်ပုံ မပေါ်ပေ။ သူရဲ့ ချောမောတဲ့မျက်နှာမှာ ရည်မွန် သင့်တင့်တဲ့ အပြုံးနဲ့ ပြိုင်ပွဲဝင်သူ ခုံတန်းတွေဆီ လျှောက်သွားသည်။
ဒါပေမယ့် သူနောက်မှာ ရှိတဲ့ You XiaoMo ကတော့ သူ့လို အရေမထူဘူး။ လူတိုင်းရဲ့ စူးရှတဲ့ အကြည့်တွေက သူ့ကိုယ်ပေါ်မှာ ရှိနေတော့ ပူလောင်တဲ့ အကြည့်တွေကို လျစ်လျူရှု လို့ မရလေဘူး။ သူ ဘယ်လိုတောင် မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာလဲ ဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။
သူတို့ အကြီးအကဲတွေကို ဖြတ်လျှောက် သွားတုန်းမှာပဲ သူတို့ထက် အရင် ရောက်နှင့်နေတဲ့ Tang Fan က သူ့ရဲ့ တစ်ဝက် ပိတ်ထားတဲ့ မျက်လုံး တွေကို ဖွင့်လိုက်သည်။ သူ့ရဲ့ ခန့်မှန်းလို့ မရနိုင်တဲ့အကြည့်က သူတို့ နှစ်ယောက်ပေါ် ဖြတ်သွားသည်။ နောက်ဆုံးတော့ You XiaoMo ပေါ်မှာ ရပ်တန့်သွားသည်။
You XiaoMo ခြေထောက်တွေ ဟန်ချက် ပျက်သွားလု နီးနီးပဲ။ Ling Xiao ကသာ သူ့ကို အချိန်မီ ဖမ်းမထားဘူး ဆိုရင် ဒီနေရာမှာ သူ့ ကိုယ်သူ အရူး လုပ်မိသလို ဖြစ်သွားပြီး လောက်ပြီ။
ပင်မဆောင်က တပည့်တွေရဲ့ အကြည့်ကိုတောင် You XiaoMo က မခံနိုင်တာ Tang Fan၏ အကြည့်က အလေးချိန် တစ်ထောင်လောက် ရှိတဲ့ ကျောက်တုံးကြီး လိုပင်။ အသက်ရှူလို့ မရလောက် တဲ့ထိ သူ့ကို ဖိထားလေသည်။ သူ့ကို အတွင်းပိုင်းကနေ လှီးဖြတ်နေသလို အဲ့ဒိ ခံစားချက်က အလွန်ကြီးမား လွန်းသည်။ သူ့ မျက်လုံးတွေကနေ ဘာမှ ကွယ်ဝှက် လို့မရသလိုပင်။
Ling Xiao က သူ့ကို ထောက်ပေးထားတာကြောင့် မဟုတ်လျှင် သူ့ရင်ဘတ်ပေါ်က မျက်ရည်စက် (နယ်မြေ) ကို တွေ့သွားတော့ မယ်လို့ ခံစားနေရသည်။
"ဒါဆို မင်းက ဆရာသခင်Kongရဲ့ ခုနစ်ယောက်မြောက်တပည့် You XiaoMo ပေါ့?"
အဲ့အချိန်မှာပဲ Tang Fanက ရုတ်တရက် မေးလိုက်သည်။
You XiaoMo က အထိတ်တလန့် ဖြစ်သွားသည်။ ဂိုဏ်းချုပ်က သူ့ကို တကယ်ပဲ မှတ်မိနေတယ်လား။ နောက်ပြီး သူ့ကို စကားပြောနေတယ်။ သူ ခဏလောက် တွေဝေနေပြီးတော့ သူ့ကို မကြည့်ရဲတာကြောင့် ခေါင်းငုံ့ပြီးဖြေလိုက်သည်။
"ဟုတ်ပါတယ် ၊ဂိုဏ်းချုပ်!"
"အမ်၊ မင်းအကိုကြီးLin က အရမ်းတော်တဲ့ တပည့် ပဲ။ ကိစ္စတစ်ခုခု ရှိရင် သူ့ကိုပဲ ရှာလိုက်ပေါ့။"
Tang Fan က ဆက်ပြောသည်။ သူ့ရဲ့ တည်ငြိမ် အေးဆေးတဲ့ အမူအရာက သူက တကယ်ပဲ ကြင်နာတတ်ပုံ ပေါ်နေတယ်။
ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ Tang Fan က ညှာတာမှု မရှိတဲ့ နှလုံးသားနဲ့ ကြမ်းကြုတ်တဲ့ လက်ရှိသည်။ သူက Tian Xinဂိုဏ်းကို အရေးပါဆုံးနေရာ မှာ ထားတာ ဖြစ်သည်။ တစ်ယောက်ယောက်က သူ့နေရာ ဒါမှမဟုတ် Tian Xinဂိုဏ်းကို အန္တရာယ် ဖြစ်စေရဲတယ် ဆိုရင် အဲ့လူက သူ့တိုက်ရိုက် တပည့် ဖြစ်နေရင်တောင်မှ အဲ့လူကို ရှင်းထုတ်ပစ်ဖို့ တွေဝေနေမှာ မဟုတ်ဘူး။ ဒါ့ကြောင့် တစ်ယောက်ယောက်က သူနဲ့ နီးကပ်မှုကို ဖော်ပြမယ် ဆိုရင် သူ့ရဲ့ အောက်စည်းကို လာမထိဖို့လဲ စိတ်ထဲထား ထားရမှာဖြစ်သည်။ "ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်!"
You XiaoMo အသံတွေတုန်နေပေမယ့် ထပ်ပြောလိုက်တယ်။
Ling Xiao က သူ့အသံတွေ တုန်နေတာကို ချက်ချင်းပဲ သိလိုက်သည်။ သူ့ကို သူ့ဖက် ပိုနီးအောင် ဆွဲလိုက် ပြီး Tang Fanရဲ့ မျက်လုံးတွေကို ပြုံးနေရင်း ကြည့်လိုက် သည်။
"ဆရာ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်က ညီလေးXiao Mo ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်။"
"ဒါဆို ကောင်းတာပေါ့။ ပြိုင်ပွဲစတော့မယ်။ မင်းတို့ခုံမှာ မင်းတို့ သွားထိုင်ချေ။"
Tang Fanက ခေါင်းညိတ်ပြီး သူတို့ကို သွားခွင့် ပြုလိုက်သည်။
"ဒီတပည့်က သွားပါတော့မယ်!"
ပြိုင်ပွဲဝင်ခုံတန်းဆီ အားပျော့နေတဲ့ You XiaoMo ကိုခေါ်မသွားခင် Ling Xiao က လက်ဝါးနှစ်ဖက်ကို လက်ခုပ်ပုံပြုလုပ်ပြီး ရိုသေစွာနဲ့ ကိုယ်ကို ကိုင်းညွှတ်ရင်းပြောလိုက်သည်။
Tang Fan က နောက်ဆုတ်သွားတဲ့ ကျောပြင်နှစ်ခုကို ထူးမခြားနားစွာ ကြည့်နေသည်။ ခဏလောက် တိတ်ဆိတ်နေပြီးတော့ သူ့ဘေးက အကြီးအကဲJiang ဘက် ရုတ်တရက် လှည့်လိုက်ပြီး ခပ်တိုးတိုးနှင့် "အကြီးအကဲJinag၊ ရှောင်လေးနဲ့ အဲ့ဒီ့မှော်ဆရာ You XiaoMo ရဲ့ ဆက်ဆံရေးကို ဘယ်လိုထင်လဲ?"
အခေါ်ခံလိုက်ရတော့ အကြီးအကဲJiangက တည်ငြိမ်အေးဆေးစွာနဲ့ "ဂိုဏ်းချုပ်ကို တင်ပြပါတယ်၊ သူတို့ ဆက်ဆံရေးက တော်တော် ကောင်းတယ် ထင်ပါတယ်။ ရှောင်လေးက တစ်ခြားတပည့်တွေကို တစ်ခါမှ ဒီလောက် အာရုံမစိုက်ဖူးဘူး။ ဒါ့ကြောင့် သူတို့ ဆက်ဆံရေးက နဲနဲတော့ ပုံမှန်မဟုတ်ဘူး။ ဒါပေမယ့် မနေ့ညက ကျွန်တော် ကင်းလှည့်တော့ သူတို့အစောကြီး အိပ်ယာဝင်သွားကြပြီ။ ထူးခြားတာ တစ်ခုမှ မတွေ့ခဲ့ပါဘူး။"
Tang Fanက ဒီတိုင်းပဲ ပြောလိုက်တယ် "ရှောင်လေး အဲ့တစ်ခေါက် တောင်အောက် ဆင်းတဲ့ ခရီးက ပြန်လာ ကတည်းက သူ့စရိုက် တော်တော်လေး ပြောင်းသွားတယ် အာ!"
အကြီးအကဲJiangရဲ့ မျက်လုံးက လက်သွားသည်။ ဒါပေမယ့် သူဘာမှ ဝင်မပြောပေ။
ပြိုင်ပွဲဝင်သူခုံတန်းကို ပြန်ရာက်မှပဲ You XiaoMo သက်ပြင်း ချနိုင်တော့သည်။ သူက သောကရောက်နေတဲ့ နှလုံးသားလေး နှင့် ပြောလိုက်သည်၊ "ဂိုဏ်းချုပ်က အရမ်းကြောက်စရာ ကောင်းတာပဲ!"
Ling Xiao က သူ့စကားတွေကိုကြားတော့ သူ့ပါးစပ်ထောင့်လေးတွေကို တိတ်တိတ်လေး ပင့်တက်သွားကာ
"သူကကောက်ကျစ်တဲ့ မြေခွေးအိုကြီးတစ်ကောင်ပါပဲ။ ဘာမှ ကြောက်စရာမရှိဘူး။"
"ဒါပေါ့ အစ်ကိုကတော့ မကြောက်ဘူးပေါ့။"
You XiaoMo က နှုတ်ခမ်း ဆူလိုက်တယ်။ ပြဿနာက သူက Ling Xiao မှမဟုတ်ပဲ။ သူ့မှာ အဲ့လောက် ကောင်းမွန်တဲ့ ခုခံနိုင်စွမ်း မရှိဘူး။
သူတို့ နှစ်ယောက် ထိုင်ပြီး မကြာခင်မှာပဲ ပြိုင်ပွဲစချိန် ရောက်လာသည်။ ဒိုင်လူကြီးကတော့ အကြီးအကဲJiangပဲ။ ရင်းနှီးနေတဲ့ အဖွင့်မှာစကား နဲနဲပြောပြီးတော့ မဲနှိုက်တဲ့ အချိန်ဖြစ်သည်။ မဲနှိုက်ပြီးတော့ အကြီးအကဲJinagက ရွေးချယ်ထားတဲ့ နာမည်တွေကို စ ဖတ်သည်။ ကံကောင်းစွာနဲ့ ဒီတစ်ခေါက် ပထမဆုံးပြိုင်ပွဲက Ling Xiao မဟုတ်ဘူး။ ခွန်အားတူတူလောက်ရှိတဲ့ ဂိုဏ်းတူ တပည့်နှစ်ယောက် ဖြစ်သည်။
သူတို့ထဲက တစ်ယောက်က Ling Xiao ကိုမနေ့က စိန်ခေါ်သွားတဲ့ Lei Ju ပဲ ဖြစ်သည်။ နောက်တစ်ယောက်က တော့ Zhou Peng နဲ့ အမြဲအတူရှိနေတဲ့ အဆင့်ကိုး Luo Xia ဖြစ်သည်။
Lou Xiaက ပထမဆုံးအတန်းတွင် ထိုင်နေတယ်။ သူ့နာမည် ခေါ်သံကြားတော့ သူမတ်တပ်ရပ်လိုက်ပေမယ့် စင်ပေါ်ကို ချက်ချင်း တက်မသွားဘူး။ အဲ့အစား သူက Ling Xiaoဘက် လှည့်ပြီး စိန်ခေါ်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ ခါတိုင်းလို မောက်မာနေတုန်းပင်။
ဒီLei Ju က အစကတည်းက Ling Xiao ကို ပစ်မှတ်ထားနေတယ် ဆိုတာ You XiaoMo ခံစားမိနေသည်။ အထူးသဖြင့် လူတိုင်းက သူ့ကိုယ်ပေါ်က အင်္ကျီတွေကို ကြည့်နေတုန်းက သူတစ်ယောက်ပဲ Ling Xiao ကို မပြောင်းမလဲ စိုက်ကြည့် နေခဲ့တာ ဖြစ်သည်။ You XiaoMo Ling Xiao ကို လှည့်ကြည့်လိုက်တော့ Ling Xiao ရဲ့ ချောမောတဲ့မျက်နှာက သာမာန်အတိုင်း ပြုံးနေတုန်းပဲ။
ဟန်များတဲ့ မိမစစ်ဖမစစ်ကောင်! ဆက်ပြီးဟန်ဆောင်နေလိုက်!
ပြိုင်ပွဲစပြီး မကြာခင်မှာပဲ Lei Ju က မြန်မြန် အနိုင်ရနိုင်တဲ့ ရင်ဆိုင်ပုံ ကို ရွေးလိုက်သည်။
Lei Juနဲ Zhou Peng နှစ်ယောက်လုံးက ခွန်အားသုံးပြီး တိုက်ခိုက်တဲ့ အမျိုးအစား ကျွမ်းကျင်သူ တွေ ဖြစ်သည်။ ဒါပေမယ့် Lei Juရဲ့ ပြင်းထန်တဲ့ အင်အားနဲ့ သက်လုံက Zhou Pengထက် ကောင်းမွန်သည်။ ဒါ့အပြင် သူ့အမြန်နှုန်း ကလည်း မဆိုးတာကြောင့် သူက လွယ်လွယ် ရင်ဆိုင်လို့ရတဲ့သူ တစ်ယောက် မဟုတ်ဘူး။ သူနဲ့ယှဉ်တိုက်ရင် Zhou Pengကတောင် အခွင့်မသာနိုင်ဘူး။ Zhou Pengထက် အားနည်းတဲ့ Luo Xia ဆိုရင် အနိုင်ရနိုင်ချေ ပိုတောင် နည်းသေး သည်။
သူတို့အကွက် တစ်ရာလောက် ဖလှယ်ပြ်ီးတော့ Luo Xiaက အားလျော့ လာတော့သည်။ ဓားကိုင်ထားတဲ့ ညာဘက်လက်က တိုက်ကွက်တွေကြောင့် စတင် တုန်ခါလာသည်။
"Luo Xiaရှုံးသွားပြီ။"
Ling Xiao ကတိုးတိုးသာသာပြောလိုက်သည်။
သူအဲ့စကား ပြောပြီးပြီးချင်းပဲ You XiaoMo က Lei Ju က Luo Xia ရဲ့ ဓားကို လက်သီးနဲ့ ထုနှက်လိုက် တာ မြင်လိုက်ရသည်။ အသံ တစ်ချက် ထွက်လာပြီး ဓားက နှစ်ပိုင်းကျိုးသွားကာ တစ်ပိုင်းက စင်ပေါ် ကျသွားတော့သည်။ ရင်ဘတ် ကို ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရတဲ့ ခန္ဓာကိုယ်ကတော့ စင်ပေါ်ကနေ ပျံကျသွားပြီး You XiaoMo နှင့် Ling Xiao ဆီ တည့်တည့် လွင့်လာလေသည်။
Luo Xia မြေကြီးပေါ် ကျခါနီးမှာပဲ Ling Xiao က ရုတ်တရက် သူ့ကိုဆွဲလိုက်သည်။
Luo Xia က သူ့ရင်ဘတ်ကို ကိုင်ထားရင်း နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်သည်။ သူ က Ling Xiao ဖက် လှည့်လိုက်ပြီး ကျေးဇူးတင်စွာနဲ့ပြောလိုက်သည်၊
"အကိုကြီး ကျေးဇူးတင်ပါတယ်။"
Ling Xiao က သူ့နောက်ကို ထောက်ပေးထားတဲ့ လက်ကို ရုတ်လိုက်ရင်း တစ်ချက် ရယ်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ အဲ့ချိန်မှာပဲ You XiaoMo က နေရာသေးသေးလေး ကြားထဲ အတင်းတိုးဝင် လာသည်။ Luo Xia ဒဏ်ရာရနေတာ မြင်တော့ သူ့မှော်အိတ်ထဲက မှော်ဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး သူ့ရှေ့မှာ ထားလိုက်ရင်း ပြောလိုက်သည်၊
"အကိုကြီးLuo ၊ဒီဆေးလုံးက အတွင်းဒဏ်ရာတွေ ကုသပေးနိုင်တယ်။ စားပြီး စောင့်ကြည့်လိုက်။"
Luo Xiaက အံ့ဩသွားပြီး မော့ကြည့်လိုက်တော့ သူ့ကို စိုးရိမ်ပူပန်မှုတွေနဲ့ ကြည့်နေတဲ့ လူငယ်လေး ကို တွေ့လိုက်ရသည်။
တကယ်တော့ သူ့မှာလည်း ကုသမှော်ဆေးလုံးတွေ ရှိပါသည်။ ပြိုင်ပွဲမှာ ဒဏ်ရာရတာက ရှောင်လွှဲလို့မရ ပေဘူး။ ဒါကြောင့် ဂိုဏ်းသားအများစုက ကုသဆေးလုံး အနည်းနဲ့အများတော့ ဆောင်ထားကြတယ်။ ဒါပေမယ့် သူ့အတွက် တကယ်စိတ်ပူနေတဲ့ လူတစ်ယောက် ကိုတွေ့ရခဲသည်။ ဒါ့ကြောင့် Luo Xiaလည်း ဆေးမသောက်ခင် ခဏလောက် တွေဝေနေပြီးတော့ သူ့ရှေ့မှာပဲ ဆေးလုံးကို မြိုချလိုက်တော့သည်။
You XiaoMoက သူ ဆေးသောက် လိုက်တာမြင်တော့ ပျော်ရွှင်စွာနဲ့ပြုံးလိုက်သည်။
ဒါပေမယ့်Luo Xiaက သူ့ဆေးလုံးကို သောက်တယ် ဆိုတာက ယုံကြည်မှုသင်္ကေတတစ်ခုဆိုတာ သူမသိလေဘူး။
ဒီလို ဖြစ်ဖို့ ဆိုတာ အလွန် ခက်လေသည်။ ဘာလို့လဲဆိုတော့ ကျင့်ကြံသူတွေဟာ အကြောင်းအရင်း မရှိဘဲနဲ့ မှော်ဆရာတွေကို မယုံတတ်ကြပေ။ မှော်ဆရာတွေ ကလည်း ကျင့်ကြံသူတွေကို အကြောင်းအရင်း မရှိဘဲ မယုံကြ။ သူတို့က အပြန်အလှန် မှီခို နေကြရ ပေမယ့်လည်း ရန်သူတွေလည်း ဖြစ်လာနိုင်သည်။ ဒါပေါ့ မှော်ဆေးလုံး အရည်အသွေး ကလည်း ကိစ္စတစ်ခုအနေနှင့် ပါဝင်သည်။
You XiaoMo က ဒါကိုနားမလည်ပေမယ့် Ling Xiao ကတော့ သိတာကြောင့် Luo Xia ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။
စင်မြင့်ပေါ်မှာတော့ Lei Ju က ဘာမှမပြောပဲ 'ငါမင်းကိုစောင့်နေမယ်' လို့ပြောနေသည့် စိန်ခေါ်တဲ့အကြည့်နဲ့ တွေနဲ့သာ Ling Xiao ကို ထပ်ကြည့်နေသည်။
အကြီးအကဲJiang က အနိုင်ရရှိသူကို ကြေညာပြီးသည့် နောက်တော့ နောက်တစ်ပွဲစတင်သည်။ ဒုတိယပွဲစဉ်က ဂိုဏ်း ကိုရောက်တာ အချိန်တစ်ခု လောက်ကြာပြီ ဖြစ်သော ဂိုဏ်းတူညီအစ်မနှစ်ယောက် ဖြစ်သည်။ သဘာဝ အလှလေးတွေ။ သူတို့ရုပ်ရည်က Tang YunQi ကို မယှဉ်နိုင်ပေမယ့် လည်း Tian Xinဂိုဏ်းမှာတော့ အတော်အတန် ကျော်ကြားသည်။ သူတို့နောက်လိုက် တွေကလည်း မနည်းပေ။
သူတို့ထဲက တစ်ယောက်က Liu LiQingဖြစ်ပြီး နောက်တစ်ယောက်က TanTai MiaoYin ဖြစ်သည်။ နှစ်ယောက်လုံးက ထူးချွန်တဲ့မျက်နှာသစ် အလှလေးတွေ ဖြစ်သည်။ ဒါပေမယ့် Liu LiQingရဲ့ စရိုက်က TanTia MiaoYinထက် သန်မာတယ်။
သူတို့ နှစ်ယောက် စင်ပေါ်ရောက်တာနဲ့ စင်အောက်က ယောက်ျားလေး တပည့်တွေက သူတို့အစုနဲ့ သူတို့ ကျယ်လောင်စွာ အော်ဟစ် အားပေးကြတော့သည်။
ဒီလိုပတ်ဝန်းကျင်နဲ့မှ ပွဲတစ်ခုကို ပြိုင်ပွဲတစ်ခုလို့ ခေါ်ဝေါ်နိုင်သည်။ Lei Ji ပြိုင်နေတုန်းက ပရိသတ်က တိတ်ဆိတ် နေသည်။ ဒါကြောင့် ပုံရိပ်ကလည်း အရမ်း အရေးကြီးတယ်ဆိုတာ ထင်ရှားသည်။
အလှလေးနှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် ခေါင်းငုံ့နှုတ်ဆက်လိုက်ပြီး အားပေးသံတွေ နဲ့အတူ စတင် ယှဉ်ပြိုင်ကြတော့သည်။
တစ်ယောက်ကပန်းရောင် တစ်ယောက်ကအဖြူရောင်၊ သိမ်မွေ့တဲ့ပုံရိပ်လေး နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ရောထွေးနေတယ်။
ချွင် ချွန်…စတဲ့ ဓားချင်းထိခတ်သံတွေကို ဆက်တိုက် ကြားနေရသည်။ တင့်တယ်တဲ့ ပုံရိပ်လေးတွေက ကခုန်နေသလိုပင် စင်အောက်က သွေးပူနေသော ယောက်ျားလေးတွေကို စိတ်လှုပ်ရှားစွာ အော်ဟစ်စေလေသည်။ ထောက်ခံသူ နှစ်ဖက်လုံးက သူတို့အသံတွေ ပြာပြီး အဆုတ်တွေ ကွဲတဲ့အထိ အားပေးနေတော့သည်။
You XiaoMo ကလည်း အရမ်းစိတ်လှုပ်ရှားနေသည်။
ဒါက အတိအကျကို သူနှလုံးသားထဲက ချစ်စရာကောင်းတဲ့ ကောင်မလေးပုံစံပဲ။ လှပရုံတင် မဟုတ်ဘဲ သန်လည်းသန်မာလှသည်။
You XiaoMo မျက်လုံးတွေက ကောင်မလေးတွေဆီမှာ ကော်ကပ်သလို ကပ်နေသည့်အချိန် သူ့ဘေးက Ling Xiao ကတော့ အရမ်းပျင်းစရာကောင်းတယ် လို့ ခံစားနေရသည်။
Translated by khin0625
Edited by MZO