သို့....(completed)

By KhunSat001

211K 11.7K 269

မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... More

သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)

Part-43

2.6K 176 3
By KhunSat001

သို့.....

အပိုင်း၄၃

Blueတစ်ယောက် လေလေးတချွန်ချွန်နဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အလုပ်သွားရတော့မှာဖြစ်တာကြောင့် Blueပြင်ဆင်ပြီး မနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ စံအိမ်ထဲက ဝန်ထမ်းတွေအကုန်လုံး မျက်နာတွေ ပျက်ယွင်းနေတာကြောင့် Blue ထမင်းစားစာပွဲရဲ့ ထိပ်ကခုံမှာ ထိုင်ကာ တစ်ယောက်ချင်းစီကို အကဲခတ်နေမိသည်။ ဘေးနားမှာလာရပ်တဲ့ အီ့တီရဲ့မျက်နာဟာလည်း မျောက်တစ်ကောင် မှိုင်သလို မှိုင်ထွေနေသည်။

"ဘာတွေဖြစ်နေကျတာလဲ...."

"မနက်စာစားပြီးရင် ပြောပြပေါ့မယ်...."

Blueအမေးကို အီ့တီက မယနောက်မှပြောပြဖို့ ဖြေလာတာကြောင့် Blueသိပ်တော့ ဘဝင်မကျချင် ဖြစ်သွားရသည်။ စားဖို့ပြင်နေတဲ့ ဇွန်းခရင်းကို စာပွဲမှာ ပြန်ချလိုက်ကာ အီ့တီကို မျက်မှောင်ကျုံကာ ကြည့်လိုက်မိသည်။ဒေါသသံအရမ်းမပါပေမယ့် ခပ်မာမာလေသံဖြင့်

"အခုပြော ငါအခုကြားချင်တယ် ....."

"အဲ့ဒါက ဒီမှာပါ...."

အီ့တီခေါင်းလေးကို ကုတ်ရင်း သူ့ကိုင်နေကျ Tapplusကို ထုတ်ပြရင်း တစ်ခုခုကို ရှာနေသည်။ ပြီးနောက်တွေ့သွားမှ ဆရာဖြစ်သူလက်ထဲ ထိုးထည့်ပေးလိုက်ရသည်။ သူလည်းထိုသတင်းကို စတွေ့တုံးက သိပ်ကိုထိပ်လန့်သွားရသည်။

ဆရာဖြစ်သူနဲ့ လွန်းသာရဲ့အကြောင်းက Gayသတင်းအဖြစ်ပါလာတာကြောင့် ဖြစ်သည်။Tapplusကို ကိုင်ထားတဲ့ Blueရဲ့လက်တို့ဟာ တုံရင်နေသည်ကို အီ့တီသတိထားမိနေသည်။ ဆရာကို ကြည့်ရင်း သိပ်မကြာခင် ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲတော့မှာကိုလည်း အီ့တီသတိထားမိသည်။

"တောက်ခ်....."

"ဒုန်းးးး....ခွမ်းးးး...."

တောက်ခ်သံ အကျယ်ကြီးကြားလိုက်ရပြီးနောက် Tapplusကို အီ့တီအား ပေးလိုက်သည်။ ပြီးနောက် အမြန်ပင် အခန်းထဲ ကြေကျသံများဖြင့် ခနတာ ဆူညံသွားတော့သည်။

ထမင်းစားစာပွဲပေါ်မှ ထမင်းပန်းကန်တွေနဲ့ ဟင်းခွက်တွေ ကြမ်းပြင်ပေါ် ကွဲကြေပျက်ဆီးကုန်တော့သည်။ Blueနေတဲ့ခုံကလည်း ကြမ်းပြင်ပေါ်မှာ လဲကျသွားတော့သည်။

"ဆရာစိတ်လျော့ပါဗျာ....ဆရာ...."

"ကားပြင်ထား ခုချက်ချင်း လွန်းလေးရှိတဲ့ နေရာကိုသွားမှရမယ်...."

"ဗျာ ဟုတ်...ဟုတ်ကဲ့...."

အီ့တီလည်း အမိန့်ရတာနဲ့ အိမ်ထဲကအမြန်ထွက်ကာ ကားဂိုထောင်က ကားကိုအပြေး ခြံပြင်ကို ထုတ်ရတော့သည်။

Blue ကားပေါ်ရောက်သည်အထိ လွန်းသာဆီကို ဖုန်းတွေဆက်တိုက် ခေါ်နေပေမယ့် တစ်ဖက်ကဖုန်းမကိုင်ပါ။ ထိုကြောင့် Blueပိုလို့ပင် စိန်ပူနေရတော့သည်။ ကားကိုသာ အမြန်မောင်းဖို့ အမိန့်ပေးနေမိတော့သည်။

လွန်းလေး ဒီသတင်းမြင်ရင် အဆင်ပြေပေါ့မလား...လောလောဆယ် အလုပ်ကိုမဆင်းခိုင်းပဲ ခွင့်ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်....သတင်းသမားတွေက ခုချိန်လောက်ဆို ကုမ္ပဏီရှေ့ကို ရောက်နေမှာ လွန်းလေးတစ်ယောက်ထဲ ကုမ္ပဏီကိုသွားရင် အဲ့လူတွေကြောင့် စိတ်ရှုပ်ရလိမ့်....။ ထိုစိုးရိမ်စိတ်တွေက Blueကို နေမထိထိုင်မသာဖြစ်စေရသည်။

အိမ်လေးရှေ့ကားရပ်တာနဲ့ Blueဆင်းလာလိုက်သည်။ ခြံလေးရှေ့ရောက်တော့ ခေါင်းလေးငိုက်စိုက်ငိုက်စိုက်နဲ့ ခြံတံခါးဖွင့်ကာ အလုပ်သွားဖို့ ထွက်လာတဲ့ လွန်းလေးကြောင့် ပိုလို့စိုးရိမ်သွားရသည်။လွန်းသာကတော့ Blueကိုမမြင် သူ့ရဲ့ပုခုံးလေးအပေါ် လက်နှစ်ဖက်က တစ်ဖက်ဆီ ဆုတ်ကိုင်လိုက်မှ ခေါင်းမော့ကြည့်မိတော့သည်။

"အဆင်ပြေရဲ့လားဟင် ငါ့လိုဒီလောက်မျက်နာညိုးနေရတာလဲ...."

"ကျွန်တော် တောင်းပန်ပါတယ်...ကျွ်တော့်ကြောင့်...."

"လာ ကားပေါ်အရင်တတ်...."

လွန်းသာသူ့လက်လေးကို ဆွဲကာ ကာူရှိရာသို့ ခေါ်သွားတဲ့ ကိုကိုကျောအားကြည့်နေမိသည်။

ကိုကိုသူ့အကြောင့် ခက်ခဲရတော့မည်ဆိုတာ လွန်းသာသိနေသည်။ ဒီသတင်းက ကိုကိုကုမ္ပဏီကို အများကြီးထိခိုက်စေမှာ သိနေရတော့ ကိုယ့်ကိုယ်ကို အပြစ်သာတင်နေမိသည်။

Blueကားပေါ်ရောက်မှ လွန်းသာရဲ့ ခေါင်းလေးကို လက်ဖဝါးဖြင့်အသာ ပုတ်ပေးရင်း နောက်လက်တစ်ဖက်က မေးဖျားလေးကို မော့ကာ သူ့အားကြည့်စေလိုက်သည်။ အားငယ်ဖျော့ရော့နေသော အကြည့်တွေကို Blueမကြိုက်ပါ။ ချစ်ရသူကို အမြဲလိုလို အားအင်အပြည့်နဲ့ ပျော်ရွှင်စရာ ပုံရိပ်တို့ကိုသာ သူမြင်လိုသည်။

"တောင်းပန်စရာမလိုဘူး လွန်းလေးအမှားမဟုတ်ဘူးလေ...ကိုယ့်ကိုယုံလား...."

"ဟို ကျွန်တော့်ကြောင့်.. "

လွန်းသာရဲ့ နူတ်ဖျားလေးကို လက်ညိုးတစ်ချောင်းကာ ထိကပ်လာကာ ပြောမယ့်စကားတို့ကို တားဆီးလာသည်။ပြီးနောက် နွေးထွေးသော အကြည့်တွေနဲ့ပါ လွန်းသာအကြည့်ခံလိုက်ရသည်။

"ကိုယ့်ကိုယုံလား ဒါပဲဖြေပေး...."

"အင်း...ယုံပါတယ်...."

ခေါင်းလေးညိမ့်ကာ ယုံတယ်ပြောလာလို့ Blue ခုမှစိတ်သက်သာရာ ရသွားရတော့သည်။

"ကိုယ်ဒီကိစ္စကို အကောင်းဆုံးညဖြေရှင်းမှာပါ....အဲ့ဒါကြောင့် ဘာမှမစိုးရိမ်နဲ့.... သတင်းသမားတွေက ဘာမေးမေး မဖြေနဲ့ သူတို့ကိုရှောင်နေ ကိုယ်ကမင်းကိုမထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်...."

"ဒါ....ဒါဆိုကိုကိုကကော ကိုကိုကုမ္ပဏီကကော...."

စိုစရိမ်တကြီးမေးနေတဲ့ မျက်နာလေးကို Blueနူးညံညှင်သာစွာ ထိတွေ့လိုက်မိသည်။ ပြီးနောက်

"ကိုယ်ပြောပြီးပြီလေ ကိုယ့်ကိုယုံပါလို့ ...."

"အင်းပါ...."

လွန်းသာ ခေါင်းညိမ့်လိုက်ပေမယ့် ခုထိဟိုးရိမ်နေတုံးပင် ဖြစ်သည်။

ကုမ္ပဏီရှေ့မှာ ထင်ထားတဲ့ အတိုင်း သတင်းသမားတွေအများအပြားကို တွေ့လိုက်ရသည်။ Blueသက်ပြင်းခပ်ဖွဖွချကာ ဘေးနားက ကြောက်နေတဲ့ ပုံပေါ်တဲ့ လွန်းသာလေးအား မိမိလပ်ဖြန့်ပြလိုက်တော့ မိမိအား မော့ကြည့်လာသည်။ မျက်စပြစ်ပြလိုက်ကာ ကိုင်ဖို့မျက်နာရိပ် ပြလိုက်တော့ အနည်းငယ်မျက်လာသည်။ ပြီးနောက် Blueရဲ့ လက်တစ်ဖက်ဟာ နွေးသွားရသည်။ နူးညံသေးငယ်သော လက်လေးတစ်ဖက်ဟာ သူ့လက်ကို ပြန်လည်ဆုတ်ကိုင်လာတော့သည်။ ထိုအခိုက်အတန့်သည် အခက်အခဲကို ရင်ဆိုင် အကောင်းဆုံး အားအင်လေးတစ်ခု ဖြစ်သည်။

ကိုယ်ဆက်လျှောက်ရမယ့် လမ်းက ဒီထက်ပိုပိုပြီး ခက်ခဲတာကြောင့် အတ္တကြီးကြီးနဲ့ အခုအချိန်တိုင်းမှာ အားအင်ဖြစ်ပေးပါ။ Blueစိတ်ထဲရေရွတ် လိုက်မိသည်။ ချစ်ရသူလေးက ကြားသည်ထင်သည် တောင်ပတဲ့မျက်လုံးလေးနဲ့ မျက်လုံးချင်းစကားပြောနေ သယောင်။

ကားပေါ်ဆင်းလိုက်တာနဲ့ အုံကျတဲ့ လူအုတ်ကြီးကားလွန်းလေးကို အလယ်ညှပ်ကာ မိမိနဲ့ အီ့တီကဘေးကနေ ကာပေးထားသည်။ လုံခြံရေးကို ကားပေါ်မဆင်းခင်ကတည်းက ခေါ်တာကြောင့် မိမိတို့ပတ်လည်ကို လုံခြံရေးတွေက ကာကွယ်ပေးထားသည်။
.

တဖြတ်ဖြတ်လတ်နေတဲ့ ကင်မရာမီးရောင်တွေ၊ ဆူညံစွာ တစ်ယောက်တစ်ပေါက် မေးနေတဲ့ သတင်းသမားတွေအသံတို့ ပတ်လည်ဝိုင်သနေတော့သည်။

"ချစ်သူတွေဆိုတာ အမှန်လားရှင့်..."

"Mr.Blue အနေနဲ့ တကယ်ပဲ Gayတစ်ယောက်လားဗျ...."

"ဒီပုံစံအတိုင်းဆို တကယ်တွဲနေလို့ အတူလားတာဗျ ဖြေပေးခဲ့ပါအုံးနော်...."

"ရင်းနှီးမြှပ်နှံမူ့ ရှယ်ယာစျေးက ထိုးကျနေတဲ့ အပေါ် ဘယ်လိုပြန်ထိန်းချုပ်မလဲဗျ....ရှယ်ယာရှင်တွေက စိုးရိမ်နေလောက်မယ် ထင်ပါတယ်ဗျ...."

ကုမ္ပဏီအပေါက်ရောက်တာနဲ့ လွန်လေးလက်ကို လွှတ်လိုက်ကာ အီ့တီကို မျက်နာရိပ်ပြကာ အထဲခေါ်သွား ခိုင်းလိုက်သည်။ လွန်းလေးကတော့ မိမိကျန်ခဲ့လို့ စိုးရိမ်နေပေမယ့် အီ့တီနဲ့ လုံခြံရေးတစ်ယောက်က တွဲခေါ်သွားတာကြောင့် အထဲပါသွားတော့သည်။ မိမိကတော့ မိမိရှေ့က လူအုတ်ကြီးကို လုံခြံရေးတွေက ထိန်းပေးနေတာကြောင့် သူတို့စောနမေးသော အဖြေတွေကို ဖြေဖို့ ရပ်နေလိုက်တော့သည်။
ပြီးမှ  အနီက သတင်းသမားတစ်ယောက်ရဲ့ မိုက်ကို ယူလိုက်ကာ

"ပထမဆုံးအနေနဲ့ ရှယ်ယာရှင်တွေကို စိတ်မပူဖို့ပြောချင်ပါတယ် ....နောက်တစ်ခုအနေနဲ့ကတော့ ဟုတ်ပါတယ် ကျွန်တော်ကgayပါ..."

"အိုးးး တကယ်ပေါ့ရှင့်...တွဲနေကျတာက..."

"ဒါဆို ရှယ်ယာစျေးက မစိုးရိမ်လို့ မရတော့ဘူးလေဗျ...."

သတင်းတွေရဲ့ တစ်ယောက်တစ်ပေါက်အသံက ထက်ထွက်လာတော့သည်။ Blue လက်ပြကာ ခနရပ်ခိုင်းတော့ ငြိမ်ကျသွားတော့သည်။

"ကျွန်တော်က သူ့ကိုကြိုက်နေတာပါဗျ...သူကတော့ အဖြေမပေးရသေးပါဘူး.....ပြီးတော့ စိတ်ချပါ ရှယ်ယာပြသာနာ မဖြစ်လာစေရပါဘူး ကျေးဇူးတင်ပါတယ်...."

Blueသတင်းသမားလက်ထဲ မိုက်ပြန်ထည့်ပေးကာ ကုမ္ပဏီထဲသို့ ဝင်လာခဲ့လိုက်တော့သည်။

အလုပ်ခန်းကို တန်းသွားရတော့သည်။ လွန်းလေးဆီ ဝင်ချင်ပေမယ့် ခုချိန်ဆိုရင် အစည်းအဝေးခေါ်ဖို့ ပြင်ရတော့မည်ဆိုတာ သိနေသည်။ ဒယ်ဒီလည်း မြန်မာပြည်ရောက်နေတာဆိုတော့ သေချာပေါက် ရုံးခန်းကို မလာရင်တောင် ဖုန်းခေါ်မှာ အသေချာပင် ဖြစ်သည်။ လုပ်စရာအလုပ်တို့ အချိန်ခနလေးအတွင်း ဖိစီးလာတော့မည် ဖြစ်သည်။

အစည်းအဝေးခေါ်ဖို့ ပြင်ဆင်ရ ရှယ်ယာ စျေးတွေ ကျနေတာကြောင့် ပြင်ဆင်ရနဲ့ Blue ဒေါငိချာဆိုင်းနေရသည်မှာ နေ့လယ်၂နာရီအထိ ရောက်သွားသည် နေ့လယ်စာလည်းမစား ဖြစ်သလို လွန်းလေးရှိရာသို့လည်း မသွားဖြစ်ပါ။

Blue အစည်အဝေးက သိပ်မကြာခင် စတော့မှာ ဖြစ်တာကြောင့် ဖုန်းကို ခနဖွင့်ကာ သတင်းတွေကို ကြည့်နေမိသည်။ မထငိမှတ်ပဲ သတငိးအောက်က မန့်တစ်ချို့ကို တွေ့လိုက်တာကြောင့် Blueအကြံတစ်ခုကို ချက်ချင်းရသွားရတော့သည်။
လိုအပ်တဲ့ Pageတစ်ခုကို အီ့တီအား ထောင်ခိုင်းလိုက်ရသည်။ အီ့တီကတော့ Pageထောင်ရတဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်စွာ ဖြစ်နေရသည်။

Blueအစည်အဝေးခန်းထဲရောက်တာနဲ့ ရှယ်ယာရှင်တွေနဲ့ ကုမ္ပဏီက အထက်လူကြီးအတော်များများ မျက်နာများ ပျက်ယွင်းနေကျသည်။ မာထန်နေကျသည်။ ဒယ်ဒီ မျက်နာမပါတဲ့ ဖုန်းCallကလည်း အသင့်ဖွင့်ထားတာကြောင့် ဒယ်ဒီနားထောင်နေမယ်ဆို Blueသိလိုက်ရသည်။

"မောင်ရင် ဘယ်လိုဖြေရှင်းမှာလဲ ရှယ်ယာစျေးတွေက လုံးဝကို ကျနေတော့တာ မနက်ထဲကနေခုထိပဲ...."

"မောင်ရင်ကတကယ်ပဲ Gayလားကွ...အန်ကယ်တော့ မင်းလို လူမျိုးတွေနဲ့ အလုပ်တွဲ မလုပ်နိုင်ဘူးကွဲ့...."

"အခြောက်တွေ...."

Blueအတော့ အပြုံးမပျက်ပါ လူတစ်ချို့ရဲ့ စကားကို ခပ်ပြုံးပြုံးပင်နေမိသည်။ "အားနည်ချက်လို့ ကိုယ်တိုင်သတ်မှတ်ထားရင်တော့ အားနည်းချက်ဖြစ်လာမှာပါ...အားသာချက်လို့ သတ်မှတ်လိုက်ရင် ဘယ်သူတွေ ဘယ်လိုဆွဲချချ ပြုတ်ကျမှာ မဟုတ်ဘူး" ဆိုတဲ့ စကားတစ်ခုကို လက်ကိုင်လာသူမို့ ခုလိုဝေဖန်ခံရတာက သူ့အားနည်းချက်ကို ဝေဖန်နေသည်လို့ မသတ်မှတ်တော့ပါ ဒါကအားနည်းချက်လို့ မခံယူထားလို့ ဖြစ်သည်။ Gayတာက အားနည်းချက်မဟုတ်ပါ။

စားပွဲ ထိပ်မှာ Blueရပ်လိုက်ကာ
အကောင်းဆုံးလေသံဖြင့်

"ကျွန်တော်ပြောတာ နားထောင်ပေးပါ...."

"..."

အားလုံး တိတ်ဆိတ်သွားမှ Blueစကားပြန်စတော့သည်။

"အခုသတင်းတွေအောက်မှာ အများဆုံးတွေ့နေရတဲ့ မန့်ကို လူကြီးမင်းတို့ သတိထားကျလားဗျ...."

"..."

အားလုံးသူတိ့ဖုန်းသူတို့ ထုတ်ကြည့်ကျတော့သည်။ Blueစကားပြန်စကာ

"လူကြီးမင်းတို့ မြင်တဲ့ အတိုင်းပဲခဗျ မိန်းကလေးအများစုနဲ့ lgbtအများစုက အကောင်းဘက်ကနေ မန့်ထားတယ်ဆိုတာကို....Page တစ်ခုတောင် ထောင်ပြီးကျပြီလေ သူတို့က BlueLoon ဆိုပဲ...."

"အဲ့ဒါငါတို့နဲ့ ဘာဆိုင်လဲ...."

"ယုတ္တိမရှိပေမယ့် အသုံးချတတ်မယ်ဆိုရင် ခဗျားတို့ကျုပ်တို့အတွက် ကောင်းဆုံး ဖြစ်လာမှာပါ.... Lgbtကို ခုခေတ်မှာ သဘောမကျရင်တောင် အောင့်အီးပြီး ပေါင်းသင်းခေါ်ပြောနေကျတာ တွေရှိကျတယ်လေ....ခဗျားတို့သာ သူတို့ကို မကောင်းကြောင်းပြောမယ်ဆိုရင် စီးပွါးရေးက ပိုထိခိုက်လာမှာပါ....သေချာစဥ်းစားကြည့်ပါ သဘောမကျပေမယ့် သူတို့ကိုသာ အသုံးချနိုင်ရင် ရှယ်ယာစေျးက ပြန်တတ်လာမှာပါ...."

"ပြီးတော့ ကျွန်တော့်နဲ့လွန်းသာတွဲနေတဲ့ဆိုတဲ့ သတင်းကို ထုတ်လိုက်တာနဲ့ Lgbtစီးပွါးရလုပ်ငန်းရှင်တွေရဲ့ အာရုံစိုက်မူ့အပြင် ခဗျားတို့သိတဲ့အတိုင်းပဲလေ ကမ္ဘာမှာ ယောက်ကျလေးဦးရေထက် မိန်းကလေးဦးရေက ပိုများတယ် မိန်းကလေးအားလုံးက Lgbtကို မထောက်ခံကျပေမယ့် သူတို့ထဲက တစ်ဝက်ကျော်လောက်က အားပေးလာပါပြီ...ပြီးတော့ ယောက်ကျားလေးတွေရဲ့ လေးပုံ ပုံတစ်ပုံဟာ lgbtအသိုင်းအဝိုင်းက ပါပဲ....ဝယ်သူရဲ့ စိတ်ဝင်စားမူ့ပါ ခံလာရနိုင်သလို ကျွန်တော်ရဲ့ အိမ်ဆောက်ပစ္စည်း ထုတ်ကုန်ပိုင်းမှာ နာမည်ကြီးတဲ့ Ladyကုမ္ပဏီကိုတော့ လူကြီးမင်းတို့သိမှာပါ...."

"သိတယ်လေ ဟိုLadyboy ကုမ္ပဏီမလား...."

"ဟုတ်ပါတယ် သူက အစည်းအဝေးခန်း မဝင်ခင်ပဲ အရင်က ကျွန်တော်တို့ ပူးပေါင်းဖို့ တောင်းဆိုဖူးတာ အကျူံးဝင်သေးလာလို့ မေးလာပါတယ် လူကြီးမင်းတို့ ဘယ်လိုသဘောရပါသလဲ...."

"အင်း ကောင်း...ကောင်းပါတယ်..."

(အသုံးချတယ်ဆိုတဲ့ စကားကို စာဖတ်သူတွေ နားလည်ပေးစေချင်ပါတယ် စီးပွာရေးသမားတွေကို စီးပွားရေးဆန်ဆန် မယ်ဆွဲရတာကြောင့် ကျွန်တော့်ရဲ့ Blueလေးကို အထင်မလွဲစေချင်ပါဘူး။)

"ပြီးတော့ ခဗျားတို့သိတဲ့ အတိုင်း Lgbtစုံတွဲတွေဟာ နာမည်ကြီးဆယ်လီတွေလို ကျော်ကြားလာကျတယ်ဆိုကိုပေါ့.... ပြီးတော့ အနှပညာရှင်တွေထဲမှာလည်း ရှိလာကျတာကို မိတ်ကပ်ပညာရှင်စတဲ့ ပညာရှင်တွေကြားမှာလဲ ခေတ်စားလာကျပါတယ် အဓိက ကတော့ ဝယ်သူတွေရဲ အကောင်းမြင်တာ ခံရပြီး ကျွန်တော်တို့အနေနဲ့ သူတို့တွေနဲ့ ပးးပေါင်းနိုင်မယ်ဆိုရင် အခြားလုပ်ငန်းအသစ်တွေကိုပါ ထူထောင်လာနိုင်မှာပါ...."

"ဒါကစိတ်ကူးသက်သက်ကြီးလေ..."

"ကျွန်တော်ကတော့ ယုံကြည်တယ် လုပ်နိုင်မယ်လို့...."

"အင်း ဒါဆို ဒယ်ဒီယုံကြည်လိုက်မယ်သား...."

တိတ်ဆိတ်နေတဲ့ ဒယ်ဒီအသံပါထွက်လာသည်။ နောက်ဆုံးမှာတော့ ရှယ်ယာအစီးအဝေးကပြီးဆုံး သွားတော့သည်။ ထိုအခါမှသာ Blueသက်ပြင်းချနိုင်တော့သည်။ သို့ပေမယ့် ကိုယ်တိုင်က Lgbtဖြစ်ပြီး Lgbtကို အသုံးချမယ်ဆိုတဲ့ စကားကတော့ Blueအား အားနာစိတ်တွေနဲ့ ထိုအသိုင်းအဝိုင်းအပေါ် အပြစ်ရှိသလို ခံစားမိလိုက်ရသည်။ တောင်းပန်ပါတယ် ကျွန်တော်လည်း အမြဲဖြူစင်လို့မရလို့ပါ ဒီလိုလူတွေအတွက် ဒီလိုပြောမှ နားလည်မှာမို့လို့ ခွင့်လွှတ်ပေးကျပါ။

ညနေစောင်းသွားတာနဲ့ ရှယ်ယာစျေးဝါ ပြန်မတတ်လာပေမယ့် ဆက်မကျတော့ပဲ ငြိမ်သက်သွားတော့သည်။ ထိုဖြစ်ရပ်က တစ်ဖက်က စောင့်ကြည့်နေသူ ကျော်ဖြိုးဝင်းကိုတော့ ဒေါကန်စရာ ဖြစ်လာတော့သည်။

######################

သို႔.....

အပိုင္း၄၃

Blueတစ္ေယာက္ ေလေလးတခြၽန္ခြၽန္နဲ႕ ေအာက္ထပ္ကို ဆင္းလာခဲ့သည္။ အလုပ္သြားရေတာ့မွာျဖစ္တာေၾကာင့္ Blueျပင္ဆင္ၿပီး မနက္စာစားဖို႔ ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္သည္။ စံအိမ္ထဲက ဝန္ထမ္းေတြအကုန္လုံး မ်က္နာေတြ ပ်က္ယြင္းေနတာေၾကာင့္ Blue ထမင္းစားစာပြဲရဲ႕ ထိပ္ကခုံမွာ ထိုင္ကာ တစ္ေယာက္ခ်င္းစီကို အကဲခတ္ေနမိသည္။ ေဘးနားမွာလာရပ္တဲ့ အီ့တီရဲ႕မ်က္နာဟာလည္း ေမ်ာက္တစ္ေကာင္ မွိုင္သလို မွိုင္ေထြေနသည္။

"ဘာေတြျဖစ္ေနက်တာလဲ...."

"မနက္စာစားၿပီးရင္ ေျပာျပေပါ့မယ္...."

Blueအေမးကို အီ့တီက မယေနာက္မွေျပာျပဖို႔ ေျဖလာတာေၾကာင့္ Blueသိပ္ေတာ့ ဘဝင္မက်ခ်င္ ျဖစ္သြားရသည္။ စားဖို႔ျပင္ေနတဲ့ ဇြန္းခရင္းကို စာပြဲမွာ ျပန္ခ်လိဳက္ကာ အီ့တီကို မ်က္ေမွာင္က်ဳံကာ ၾကည့္လိုက္မိသည္။ေဒါသသံအရမ္းမပါေပမယ့္ ခပ္မာမာေလသံျဖင့္

"အခုေျပာ ငါအခုၾကားခ်င္တယ္ ....."

"အဲ့ဒါက ဒီမွာပါ...."

အီ့တီေခါင္းေလးကို ကုတ္ရင္း သူ႕ကိုင္ေနက် Tapplusကို ထုတ္ျပရင္း တစ္ခုခုကို ရွာေနသည္။ ၿပီးေနာက္ေတြ႕သြားမွ ဆရာျဖစ္သူလက္ထဲ ထိုးထည့္ေပးလိုက္ရသည္။ သူလည္းထိုသတင္းကို စေတြ႕တုံးက သိပ္ကိုထိပ္လန့္သြားရသည္။

ဆရာျဖစ္သူနဲ႕ လြန္းသာရဲ႕အေၾကာင္းက Gayသတင္းအျဖစ္ပါလာတာေၾကာင့္ ျဖစ္သည္။Tapplusကို ကိုင္ထားတဲ့ Blueရဲ႕လက္တို႔ဟာ တုံရင္ေနသည္ကို အီ့တီသတိထားမိေနသည္။ ဆရာကို ၾကည့္ရင္း သိပ္မၾကာခင္ ခ်ိန္ကိုက္ဗုံးတစ္လုံးလို ေပါက္ကြဲေတာ့မွာကိုလည္း အီ့တီသတိထားမိသည္။

"ေတာက္ခ္....."

"ဒုန္းးးး....ခြမ္းးးး...."

ေတာက္ခ္သံ အက်ယ္ႀကီးၾကားလိုက္ရၿပီးေနာက္ Tapplusကို အီ့တီအား ေပးလိုက္သည္။ ၿပီးေနာက္ အျမန္ပင္ အခန္းထဲ ေၾကက်သံမ်ားျဖင့္ ခနတာ ဆူညံသြားေတာ့သည္။

ထမင္းစားစာပြဲေပၚမွ ထမင္းပန္းကန္ေတြနဲ႕ ဟင္းခြက္ေတြ ၾကမ္းျပင္ေပၚ ကြဲေၾကပ်က္ဆီးကုန္ေတာ့သည္။ Blueေနတဲ့ခုံကလည္း ၾကမ္းျပင္ေပၚမွာ လဲက်သြားေတာ့သည္။

"ဆရာစိတ္ေလ်ာ့ပါဗ်ာ....ဆရာ...."

"ကားျပင္ထား ခုခ်က္ခ်င္း လြန္းေလးရွိတဲ့ ေနရာကိုသြားမွရမယ္...."

"ဗ်ာ ဟုတ္...ဟုတ္ကဲ့...."

အီ့တီလည္း အမိန့္ရတာနဲ႕ အိမ္ထဲကအျမန္ထြက္ကာ ကားဂိုေထာင္က ကားကိုအေျပး ၿခံျပင္ကို ထုတ္ရေတာ့သည္။

Blue ကားေပၚေရာက္သည္အထိ လြန္းသာဆီကို ဖုန္းေတြဆက္တိုက္ ေခၚေနေပမယ့္ တစ္ဖက္ကဖုန္းမကိုင္ပါ။ ထိုေၾကာင့္ Blueပိုလို႔ပင္ စိန္ပူေနရေတာ့သည္။ ကားကိုသာ အျမန္ေမာင္းဖို႔ အမိန့္ေပးေနမိေတာ့သည္။

လြန္းေလး ဒီသတင္းျမင္ရင္ အဆင္ေျပေပါ့မလား...ေလာေလာဆယ္ အလုပ္ကိုမဆင္းခိုင္းပဲ ခြင့္ေပးလိုက္တာ ပိုေကာင္းမယ္ထင္တယ္....သတင္းသမားေတြက ခုခ်ိန္ေလာက္ဆို ကုမၸဏီေရွ႕ကို ေရာက္ေနမွာ လြန္းေလးတစ္ေယာက္ထဲ ကုမၸဏီကိုသြားရင္ အဲ့လူေတြေၾကာင့္ စိတ္ရႈပ္ရလိမ့္....။ ထိုစိုးရိမ္စိတ္ေတြက Blueကို ေနမထိထိုင္မသာျဖစ္ေစရသည္။

အိမ္ေလးေရွ႕ကားရပ္တာနဲ႕ Blueဆင္းလာလိုက္သည္။ ၿခံေလးေရွ႕ေရာက္ေတာ့ ေခါင္းေလးငိုက္စိုက္ငိုက္စိုက္နဲ႕ ၿခံတံခါးဖြင့္ကာ အလုပ္သြားဖို႔ ထြက္လာတဲ့ လြန္းေလးေၾကာင့္ ပိုလို႔စိုးရိမ္သြားရသည္။လြန္းသာကေတာ့ Blueကိုမျမင္ သူ႕ရဲ႕ပုခုံးေလးအေပၚ လက္ႏွစ္ဖက္က တစ္ဖက္ဆီ ဆုတ္ကိုင္လိုက္မွ ေခါင္းေမာ့ၾကည့္မိေတာ့သည္။

"အဆင္ေျပရဲ႕လားဟင္ ငါ့လိုဒီေလာက္မ်က္နာညိုးေနရတာလဲ...."

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...ကြၽ္ေတာ့္ေၾကာင့္...."

"လာ ကားေပၚအရင္တတ္...."

လြန္းသာသူ႕လက္ေလးကို ဆြဲကာ ကာူရွိရာသို႔ ေခၚသြားတဲ့ ကိုကိုေက်ာအားၾကည့္ေနမိသည္။

ကိုကိုသူ႕အေၾကာင့္ ခက္ခဲရေတာ့မည္ဆိုတာ လြန္းသာသိေနသည္။ ဒီသတင္းက ကိုကိုကုမၸဏီကို အမ်ားႀကီးထိခိုက္ေစမွာ သိေနရေတာ့ ကိုယ့္ကိုယ္ကို အျပစ္သာတင္ေနမိသည္။

Blueကားေပၚေရာက္မွ လြန္းသာရဲ႕ ေခါင္းေလးကို လက္ဖဝါးျဖင့္အသာ ပုတ္ေပးရင္း ေနာက္လက္တစ္ဖက္က ေမးဖ်ားေလးကို ေမာ့ကာ သူ႕အားၾကည့္ေစလိုက္သည္။ အားငယ္ေဖ်ာ့ေရာ့ေနေသာ အၾကည့္ေတြကို Blueမႀကိဳက္ပါ။ ခ်စ္ရသူကို အၿမဲလိုလို အားအင္အျပည့္နဲ႕ ေပ်ာ္႐ႊင္စရာ ပုံရိပ္တို႔ကိုသာ သူျမင္လိုသည္။

"ေတာင္းပန္စရာမလိုဘူး လြန္းေလးအမွားမဟုတ္ဘူးေလ...ကိုယ့္ကိုယုံလား...."

"ဟို ကြၽန္ေတာ့္ေၾကာင့္.. "

လြန္းသာရဲ႕ ႏူတ္ဖ်ားေလးကို လက္ညိုးတစ္ေခ်ာင္းကာ ထိကပ္လာကာ ေျပာမယ့္စကားတို႔ကို တားဆီးလာသည္။ၿပီးေနာက္ ေႏြးေထြးေသာ အၾကည့္ေတြနဲ႕ပါ လြန္းသာအၾကည့္ခံလိုက္ရသည္။

"ကိုယ့္ကိုယုံလား ဒါပဲေျဖေပး...."

"အင္း...ယုံပါတယ္...."

ေခါင္းေလးညိမ့္ကာ ယုံတယ္ေျပာလာလို႔ Blue ခုမွစိတ္သက္သာရာ ရသြားရေတာ့သည္။

"ကိုယ္ဒီကိစၥကို အေကာင္းဆုံးညေျဖရွင္းမွာပါ....အဲ့ဒါေၾကာင့္ ဘာမွမစိုးရိမ္နဲ႕.... သတင္းသမားေတြက ဘာေမးေမး မေျဖနဲ႕ သူတို႔ကိုေရွာင္ေန ကိုယ္ကမင္းကိုမထိခိုက္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္...."

"ဒါ....ဒါဆိုကိုကိုကေကာ ကိုကိုကုမၸဏီကေကာ...."

စိုစရိမ္တႀကီးေမးေနတဲ့ မ်က္နာေလးကို Blueႏူးညံညွင္သာစြာ ထိေတြ႕လိုက္မိသည္။ ၿပီးေနာက္

"ကိုယ္ေျပာၿပီးၿပီေလ ကိုယ့္ကိုယုံပါလို႔ ...."

"အင္းပါ...."

လြန္းသာ ေခါင္းညိမ့္လိုက္ေပမယ့္ ခုထိဟိုးရိမ္ေနတုံးပင္ ျဖစ္သည္။

ကုမၸဏီေရွ႕မွာ ထင္ထားတဲ့ အတိုင္း သတင္းသမားေတြအမ်ားအျပားကို ေတြ႕လိုက္ရသည္။ Blueသက္ျပင္းခပ္ဖြဖြခ်ကာ ေဘးနားက ေၾကာက္ေနတဲ့ ပုံေပၚတဲ့ လြန္းသာေလးအား မိမိလပ္ျဖန့္ျပလိုက္ေတာ့ မိမိအား ေမာ့ၾကည့္လာသည္။ မ်က္စျပစ္ျပလိုက္ကာ ကိုင္ဖို႔မ်က္နာရိပ္ ျပလိုက္ေတာ့ အနည္းငယ္မ်က္လာသည္။ ၿပီးေနာက္ Blueရဲ႕ လက္တစ္ဖက္ဟာ ေႏြးသြားရသည္။ ႏူးညံေသးငယ္ေသာ လက္ေလးတစ္ဖက္ဟာ သူ႕လက္ကို ျပန္လည္ဆုတ္ကိုင္လာေတာ့သည္။ ထိုအခိုက္အတန့္သည္ အခက္အခဲကို ရင္ဆိုင္ အေကာင္းဆုံး အားအင္ေလးတစ္ခု ျဖစ္သည္။

ကိုယ္ဆက္ေလွ်ာက္ရမယ့္ လမ္းက ဒီထက္ပိုပိုၿပီး ခက္ခဲတာေၾကာင့္ အတၱႀကီးႀကီးနဲ႕ အခုအခ်ိန္တိုင္းမွာ အားအင္ျဖစ္ေပးပါ။ Blueစိတ္ထဲေရ႐ြတ္ လိုက္မိသည္။ ခ်စ္ရသူေလးက ၾကားသည္ထင္သည္ ေတာင္ပတဲ့မ်က္လုံးေလးနဲ႕ မ်က္လုံးခ်င္းစကားေျပာေန သေယာင္။

ကားေပၚဆင္းလိုက္တာနဲ႕ အုံက်တဲ့ လူအုတ္ႀကီးကားလြန္းေလးကို အလယ္ညွပ္ကာ မိမိနဲ႕ အီ့တီကေဘးကေန ကာေပးထားသည္။ လုံၿခံေရးကို ကားေပၚမဆင္းခင္ကတည္းက ေခၚတာေၾကာင့္ မိမိတို႔ပတ္လည္ကို လုံၿခံေရးေတြက ကာကြယ္ေပးထားသည္။
.

တျဖတ္ျဖတ္လတ္ေနတဲ့ ကင္မရာမီးေရာင္ေတြ၊ ဆူညံစြာ တစ္ေယာက္တစ္ေပါက္ ေမးေနတဲ့ သတင္းသမားေတြအသံတို႔ ပတ္လည္ဝိုင္သေနေတာ့သည္။

"ခ်စ္သူေတြဆိုတာ အမွန္လားရွင့္..."

"Mr.Blue အေနနဲ႕ တကယ္ပဲ Gayတစ္ေယာက္လားဗ်...."

"ဒီပုံစံအတိုင္းဆို တကယ္တြဲေနလို႔ အတူလားတာဗ် ေျဖေပးခဲ့ပါအုံးေနာ္...."

"ရင္းႏွီးျမႇပ္ႏွံမူ႕ ရွယ္ယာေစ်းက ထိုးက်ေနတဲ့ အေပၚ ဘယ္လိုျပန္ထိန္းခ်ဳပ္မလဲဗ်....ရွယ္ယာရွင္ေတြက စိုးရိမ္ေနေလာက္မယ္ ထင္ပါတယ္ဗ်...."

ကုမၸဏီအေပါက္ေရာက္တာနဲ႕ လြန္ေလးလက္ကို လႊတ္လိုက္ကာ အီ့တီကို မ်က္နာရိပ္ျပကာ အထဲေခၚသြား ခိုင္းလိုက္သည္။ လြန္းေလးကေတာ့ မိမိက်န္ခဲ့လို႔ စိုးရိမ္ေနေပမယ့္ အီ့တီနဲ႕ လုံၿခံေရးတစ္ေယာက္က တြဲေခၚသြားတာေၾကာင့္ အထဲပါသြားေတာ့သည္။ မိမိကေတာ့ မိမိေရွ႕က လူအုတ္ႀကီးကို လုံၿခံေရးေတြက ထိန္းေပးေနတာေၾကာင့္ သူတို႔ေစာနေမးေသာ အေျဖေတြကို ေျဖဖို႔ ရပ္ေနလိုက္ေတာ့သည္။
ၿပီးမွ  အနီက သတင္းသမားတစ္ေယာက္ရဲ႕ မိုက္ကို ယူလိုက္ကာ

"ပထမဆုံးအေနနဲ႕ ရွယ္ယာရွင္ေတြကို စိတ္မပူဖို႔ေျပာခ်င္ပါတယ္ ....ေနာက္တစ္ခုအေနနဲ႕ကေတာ့ ဟုတ္ပါတယ္ ကြၽန္ေတာ္ကgayပါ..."

"အိုးးး တကယ္ေပါ့ရွင့္...တြဲေနက်တာက..."

"ဒါဆို ရွယ္ယာေစ်းက မစိုးရိမ္လို႔ မရေတာ့ဘူးေလဗ်...."

သတင္းေတြရဲ႕ တစ္ေယာက္တစ္ေပါက္အသံက ထက္ထြက္လာေတာ့သည္။ Blue လက္ျပကာ ခနရပ္ခိုင္းေတာ့ ၿငိမ္က်သြားေတာ့သည္။

"ကြၽန္ေတာ္က သူ႕ကိုႀကိဳက္ေနတာပါဗ်...သူကေတာ့ အေျဖမေပးရေသးပါဘူး.....ၿပီးေတာ့ စိတ္ခ်ပါ ရွယ္ယာျပသာနာ မျဖစ္လာေစရပါဘူး ေက်းဇူးတင္ပါတယ္...."

Blueသတင္းသမားလက္ထဲ မိုက္ျပန္ထည့္ေပးကာ ကုမၸဏီထဲသို႔ ဝင္လာခဲ့လိုက္ေတာ့သည္။

အလုပ္ခန္းကို တန္းသြားရေတာ့သည္။ လြန္းေလးဆီ ဝင္ခ်င္ေပမယ့္ ခုခ်ိန္ဆိုရင္ အစည္းအေဝးေခၚဖို႔ ျပင္ရေတာ့မည္ဆိုတာ သိေနသည္။ ဒယ္ဒီလည္း ျမန္မာျပည္ေရာက္ေနတာဆိုေတာ့ ေသခ်ာေပါက္ ႐ုံးခန္းကို မလာရင္ေတာင္ ဖုန္းေခၚမွာ အေသခ်ာပင္ ျဖစ္သည္။ လုပ္စရာအလုပ္တို႔ အခ်ိန္ခနေလးအတြင္း ဖိစီးလာေတာ့မည္ ျဖစ္သည္။

အစည္းအေဝးေခၚဖို႔ ျပင္ဆင္ရ ရွယ္ယာ ေစ်းေတြ က်ေနတာေၾကာင့္ ျပင္ဆင္ရနဲ႕ Blue ေဒါငိခ်ာဆိုင္းေနရသည္မွာ ေန႕လယ္၂နာရီအထိ ေရာက္သြားသည္ ေန႕လယ္စာလည္းမစား ျဖစ္သလို လြန္းေလးရွိရာသို႔လည္း မသြားျဖစ္ပါ။

Blue အစည္အေဝးက သိပ္မၾကာခင္ စေတာ့မွာ ျဖစ္တာေၾကာင့္ ဖုန္းကို ခနဖြင့္ကာ သတင္းေတြကို ၾကည့္ေနမိသည္။ မထငိမွတ္ပဲ သတငိးေအာက္က မန့္တစ္ခ်ိဳ႕ကို ေတြ႕လိုက္တာေၾကာင့္ Blueအႀကံတစ္ခုကို ခ်က္ခ်င္းရသြားရေတာ့သည္။
လိုအပ္တဲ့ Pageတစ္ခုကို အီ့တီအား ေထာင္ခိုင္းလိုက္ရသည္။ အီ့တီကေတာ့ Pageေထာင္ရတဲ့ ရည္႐ြယ္ခ်က္ကို နားမလည္နိုင္စြာ ျဖစ္ေနရသည္။

Blueအစည္အေဝးခန္းထဲေရာက္တာနဲ႕ ရွယ္ယာရွင္ေတြနဲ႕ ကုမၸဏီက အထက္လူႀကီးအေတာ္မ်ားမ်ား မ်က္နာမ်ား ပ်က္ယြင္းေနက်သည္။ မာထန္ေနက်သည္။ ဒယ္ဒီ မ်က္နာမပါတဲ့ ဖုန္းCallကလည္း အသင့္ဖြင့္ထားတာေၾကာင့္ ဒယ္ဒီနားေထာင္ေနမယ္ဆို Blueသိလိုက္ရသည္။

"ေမာင္ရင္ ဘယ္လိုေျဖရွင္းမွာလဲ ရွယ္ယာေစ်းေတြက လုံးဝကို က်ေနေတာ့တာ မနက္ထဲကေနခုထိပဲ...."

"ေမာင္ရင္ကတကယ္ပဲ Gayလားကြ...အန္ကယ္ေတာ့ မင္းလို လူမ်ိဳးေတြနဲ႕ အလုပ္တြဲ မလုပ္နိုင္ဘူးကြဲ႕...."

"အေျခာက္ေတြ...."

Blueအေတာ့ အၿပဳံးမပ်က္ပါ လူတစ္ခ်ိဳ႕ရဲ႕ စကားကို ခပ္ၿပဳံးၿပဳံးပင္ေနမိသည္။ "အားနည္ခ်က္လို႔ ကိုယ္တိုင္သတ္မွတ္ထားရင္ေတာ့ အားနည္းခ်က္ျဖစ္လာမွာပါ...အားသာခ်က္လို႔ သတ္မွတ္လိုက္ရင္ ဘယ္သူေတြ ဘယ္လိုဆြဲခ်ခ် ျပဳတ္က်မွာ မဟုတ္ဘူး" ဆိုတဲ့ စကားတစ္ခုကို လက္ကိုင္လာသူမို႔ ခုလိုေဝဖန္ခံရတာက သူ႕အားနည္းခ်က္ကို ေဝဖန္ေနသည္လို႔ မသတ္မွတ္ေတာ့ပါ ဒါကအားနည္းခ်က္လို႔ မခံယူထားလို႔ ျဖစ္သည္။ Gayတာက အားနည္းခ်က္မဟုတ္ပါ။

စားပြဲ ထိပ္မွာ Blueရပ္လိုက္ကာ
အေကာင္းဆုံးေလသံျဖင့္

"ကြၽန္ေတာ္ေျပာတာ နားေထာင္ေပးပါ...."

"..."

အားလုံး တိတ္ဆိတ္သြားမွ Blueစကားျပန္စေတာ့သည္။

"အခုသတင္းေတြေအာက္မွာ အမ်ားဆုံးေတြ႕ေနရတဲ့ မန့္ကို လူႀကီးမင္းတို႔ သတိထားက်လားဗ်...."

"..."

အားလုံးသူတိ့ဖုန္းသူတို႔ ထုတ္ၾကည့္က်ေတာ့သည္။ Blueစကားျပန္စကာ

"လူႀကီးမင္းတို႔ ျမင္တဲ့ အတိုင္းပဲခဗ် မိန္းကေလးအမ်ားစုနဲ႕ lgbtအမ်ားစုက အေကာင္းဘက္ကေန မန့္ထားတယ္ဆိုတာကို....Page တစ္ခုေတာင္ ေထာင္ၿပီးက်ၿပီေလ သူတို႔က BlueLoon ဆိုပဲ...."

"အဲ့ဒါငါတို႔နဲ႕ ဘာဆိုင္လဲ...."

"ယုတၱိမရွိေပမယ့္ အသုံးခ်တတ္မယ္ဆိုရင္ ခဗ်ားတို႔က်ဳပ္တို႔အတြက္ ေကာင္းဆုံး ျဖစ္လာမွာပါ.... Lgbtကို ခုေခတ္မွာ သေဘာမက်ရင္ေတာင္ ေအာင့္အီးၿပီး ေပါင္းသင္းေခၚေျပာေနက်တာ ေတြရွိက်တယ္ေလ....ခဗ်ားတို႔သာ သူတို႔ကို မေကာင္းေၾကာင္းေျပာမယ္ဆိုရင္ စီးပြါးေရးက ပိုထိခိုက္လာမွာပါ....ေသခ်ာစဥ္းစားၾကည့္ပါ သေဘာမက်ေပမယ့္ သူတို႔ကိုသာ အသုံးခ်နိဳင္ရင္ ရွယ္ယာေစ်းက ျပန္တတ္လာမွာပါ...."

"ၿပီးေတာ့ ကြၽန္ေတာ့္နဲ႕လြန္းသာတြဲေနတဲ့ဆိုတဲ့ သတင္းကို ထုတ္လိုက္တာနဲ႕ Lgbtစီးပြါးရလုပ္ငန္းရွင္ေတြရဲ႕ အာ႐ုံစိုက္မူ႕အျပင္ ခဗ်ားတို႔သိတဲ့အတိုင္းပဲေလ ကမာၻမွာ ေယာက္က်ေလးဦးေရထက္ မိန္းကေလးဦးေရက ပိုမ်ားတယ္ မိန္းကေလးအားလုံးက Lgbtကို မေထာက္ခံက်ေပမယ့္ သူတို႔ထဲက တစ္ဝက္ေက်ာ္ေလာက္က အားေပးလာပါၿပီ...ၿပီးေတာ့ ေယာက္က်ားေလးေတြရဲ႕ ေလးပုံ ပုံတစ္ပုံဟာ lgbtအသိုင္းအဝိုင္းက ပါပဲ....ဝယ္သူရဲ႕ စိတ္ဝင္စားမူ႕ပါ ခံလာရနိုင္သလို ကြၽန္ေတာ္ရဲ႕ အိမ္ေဆာက္ပစၥည္း ထုတ္ကုန္ပိုင္းမွာ နာမည္ႀကီးတဲ့ Ladyကုမၸဏီကိုေတာ့ လူႀကီးမင္းတို႔သိမွာပါ...."

"သိတယ္ေလ ဟိုLadyboy ကုမၸဏီမလား...."

"ဟုတ္ပါတယ္ သူက အစည္းအေဝးခန္း မဝင္ခင္ပဲ အရင္က ကြၽန္ေတာ္တို႔ ပူးေပါင္းဖို႔ ေတာင္းဆိုဖူးတာ အက်ဴံးဝင္ေသးလာလို႔ ေမးလာပါတယ္ လူႀကီးမင္းတို႔ ဘယ္လိုသေဘာရပါသလဲ...."

"အင္း ေကာင္း...ေကာင္းပါတယ္..."

(အသုံးခ်တယ္ဆိုတဲ့ စကားကို စာဖတ္သူေတြ နားလည္ေပးေစခ်င္ပါတယ္ စီးပြာေရးသမားေတြကို စီးပြားေရးဆန္ဆန္ မယ္ဆြဲရတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ Blueေလးကို အထင္မလြဲေစခ်င္ပါဘူး။)

"ၿပီးေတာ့ ခဗ်ားတို႔သိတဲ့ အတိုင္း Lgbtစုံတြဲေတြဟာ နာမည္ႀကီးဆယ္လီေတြလို ေက်ာ္ၾကားလာက်တယ္ဆိုကိုေပါ့.... ၿပီးေတာ့ အႏွပညာရွင္ေတြထဲမွာလည္း ရွိလာက်တာကို မိတ္ကပ္ပညာရွင္စတဲ့ ပညာရွင္ေတြၾကားမွာလဲ ေခတ္စားလာက်ပါတယ္ အဓိက ကေတာ့ ဝယ္သူေတြရဲ အေကာင္းျမင္တာ ခံရၿပီး ကြၽန္ေတာ္တို႔အေနနဲ႕ သူတို႔ေတြနဲ႕ ပးးေပါင္းနိုင္မယ္ဆိုရင္ အျခားလုပ္ငန္းအသစ္ေတြကိုပါ ထူေထာင္လာနိုင္မွာပါ...."

"ဒါကစိတ္ကူးသက္သက္ႀကီးေလ..."

"ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္ လုပ္နိုင္မယ္လို႔...."

"အင္း ဒါဆို ဒယ္ဒီယုံၾကည္လိုက္မယ္သား...."

တိတ္ဆိတ္ေနတဲ့ ဒယ္ဒီအသံပါထြက္လာသည္။ ေနာက္ဆုံးမွာေတာ့ ရွယ္ယာအစီးအေဝးကၿပီးဆုံး သြားေတာ့သည္။ ထိုအခါမွသာ Blueသက္ျပင္းခ်နိဳင္ေတာ့သည္။ သို႔ေပမယ့္ ကိုယ္တိုင္က Lgbtျဖစ္ၿပီး Lgbtကို အသုံးခ်မယ္ဆိုတဲ့ စကားကေတာ့ Blueအား အားနာစိတ္ေတြနဲ႕ ထိုအသိုင္းအဝိုင္းအေပၚ အျပစ္ရွိသလို ခံစားမိလိုက္ရသည္။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္လည္း အၿမဲျဖဴစင္လို႔မရလို႔ပါ ဒီလိုလူေတြအတြက္ ဒီလိုေျပာမွ နားလည္မွာမို႔လို႔ ခြင့္လႊတ္ေပးက်ပါ။

ညေနေစာင္းသြားတာနဲ႕ ရွယ္ယာေစ်းဝါ ျပန္မတတ္လာေပမယ့္ ဆက္မက်ေတာ့ပဲ ၿငိမ္သက္သြားေတာ့သည္။ ထိုျဖစ္ရပ္က တစ္ဖက္က ေစာင့္ၾကည့္ေနသူ ေက်ာ္ၿဖိဳးဝင္းကိုေတာ့ ေဒါကန္စရာ ျဖစ္လာေတာ့သည္။

Continue Reading

You'll Also Like

1.3M 64.6K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
2.2M 145K 60
ေမွာင္ခိုစီးပြားေရးေလာကမွာ နာမည္တစ္လံုးနဲ႔ ေအာင္ျမင္ဆဲ စစ္သခင္ဆိုသည့္သူ။ စစ္သခင္ဟာ ခ်မ္းသာတာနဲ႔အမွ် ေမာက္မာသလို လူမႈဆက္ဆံေရးလည္းအေတာ္ေလးည့ံတယ္။ အခ်စ္...
21.7K 1.6K 39
နေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ
913K 55.4K 63
******Zawgyi***** အြန္လိုင္းေပၚကအခ်စ္ေလလိႈင္းထဲကအခ်စ္ကိုအယံုၾကည္မရွိေသာေကာင္ေလး၊Actionကား၊သိုင္းကားနဲ႔KDramaကားေတြေလာက္သာစိတ္ဝင္စားပီး Qဖို႔Chatဖို႔စ...