သို့.....
အပိုင်း၃၈
Blueစားပွဲရှေ့မှာ ထိုင်ချကာ မဟုတ်ဘူး မဖြစ်နိုင်ဘူးဆိုတာကိုသာ ပြောခဲ့တဲ့ လွန်းလေးအား ထွေးပွေ့လိုက်မိသည်။ ဟုတ်ပါတယ် သူလေးမယုံနိုင်ဘူးဆိုတာ ဖြစ်သင့်တာပဲလေ။ ငိုနေသည်ထင်သည် ရှိုက်ကာတုံသွားတဲ့ ကိုယ်လေးကို ထွေးပွေ့ကာ မတ်တပ်ရပ်စေဖို့ ထိန်းမတ်ပေးလိုက်သည်။ ကျောလေးကိုပုတ်ကာပေးနေမိသည်။ စားသောက်ဆိုင်ကာ လူများတာကြောင့် Blue လွန်းသာရဲ့ မျက်နာလေးကို လက်နှစ်ဖက်နဲ့ ထွေးပွေ့ကိုင်တွယ်လိုက်မိသည်။ ပြီးနောက် ညှင်သာသောအသံဖြင့်
"ကိုယ့်အိမ်မှာ အေးဆေးရှင်းပြပေါ့မယ် လိုက်ခဲ့နော်...."
မျက်ရည်တွေနဲ့ ကြည့်နေတဲ့ လွန်းလေးက ဘယမှပြန်မဖြေပဲ မိမိအားတိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ တိတ်ဆိတ်ခြင်းသည် ဝံခံသည်ဟု မှတ်ယူလိုက်ကာ လွန်းလေးရဲ့ လက်ကိုဆွဲရင်း ဆိုင်ထဲကထွက်လာခဲ့လိုက်သည်။ ဆိုင်ရှေ့က တပည့်နှစ်ယောက်ကို နောက်ကပါလာတယ်ဆိုတာ ကုမ္ပဏီကစထွက်ကတည်းက Blueသိနေသည်။ ထို့ကြောင့် တပည့်ဖြစ်သူထဲက အီ့တီအား
"ကားကိုဖုန်းဆက်ခေါ်လိုက် အိမ်ကိုသွားမယ်...."
"ဗျာ... ဟုတ်...ဟုတ်ကဲ့ဆရာ.."
အီ့တီဆရာဖြစ်သူခိုင်းတဲ့ အတိုင်းဖုန်းဆက်ပေးလိုက်ကာ ကားကိုခေါ်လိုက်ရသည်။ ဆိုင်ထဲဝင်ပြီး ဘာတွေများဖြစ်ခဲ့ကျလို့ တစ်ယောက်ကငို တစ်ယောက်က ငိုနေတဲ့သူကို တစိမ့်စိမ့်ကြည့်နေရတာလဲလို့ အီ့တီတွေးနေမိသည်။
လွန်းသာသည်လည်း မယုံနိုင်ခြင်းများ လက်မခံနိုင်ခြင်းများ၊ အံ့သြနေရာများ၊ ပျော်ရွှင်ဝမ်းနည်းခြင်းများဖြင့် ခံစားချက်ကရောထွေးနေတော့သည်။
ခနကြာတော့ Blueအိမ်ကကားလေး ဆိုက်ရောက်လာတာကြောင့် Blueလွန်းသာကို ကားထဲဆွဲခေါ်ကာ ကားကိုမောင်းထွက်ခိုင်းလိုက်သည်။ လမ်းတစ်လျှောက်လုံးလည်း Blue မငိုတော့ပေမာ့် ရှိုက်နေတဲ့ လွန်းသာမျက်နာလေးကို စိုးရိမ်တကြီးငေးကြည့်နေမိသည်။
လမ်းတစ်လျှောက်လည်း ဖြစ်ကြောင်းကုန်စင်မှ တစ်ချို့တဝက်ကို ပြောပြနေမိသည်က အိမ်ရောက်သည်အထိပင်။
အိမ်ရောက်တော့ လွန်းလေးက ကြီးမားကျယ်ပျံသော သူ့စံအိမ်ကို တမေ့တမောငေးကြည့်လို့ နေသည်။
"ခဗျား...အယ်.."
"ခေါ်ချင်သလိုခေါ်ပါ လွန်းလေး အဆင်ပြေဖို့ပဲလိုတာပါ..."
လွန်းသာခေါင်းငုံသွားရသည်။ အကြောင်းအရင်းတစ်ချို့ကို သိရပေမယ့် စိတ်ကလက်ခံဖို့ဆိုတာ အချိန်တော့ယူရမည်ဖြစ်သည်။ ယခုမျက်နာနဲ့ ကိုကိုဟာ အရင်ကရွာမှာတွေ့ခဲ့တဲ့ ကိုကိုမှမဟုတ်ပဲ။ ထို့ကြောင့်လွန်းသာအတွက် နေသားကျဖို့လိုနေသည်။
"တောင်းပန်ပါတယ် ကျွန်တော်ကို အချိန်နည်းနည်းပေးပါလား..."
"ရပါတယ် အချိန်အများကြီးဆိုလည်းရတယ်...."
လွန်းသာ Blueကို မော့ကြည့်လိုက်မိသည်။ လွန်းသာအား နားလည်ပေးနိုင်သော မျက်ဝန်းနက်နက်တို့ဖြင့် Blueကစိုက်ကြည့်နေသည်ဟု လွန်းသာခံစားရသည်။ ချက်ချင်းလက်မခံနိုင်တဲ့ အတွက်လွန်းသာ စိတ်မကောင်းဖြစ်မိရသည်။
"ငါးနှစ်အတွင်း ဘာတွေလုပ်နေတာလဲဟင်... ကျွန်တော်ကိုကော ဘယ်လိုမှတ်မိတာလဲ...."
"ကိုယ်အကုန်လုံးကို မမှတ်မိသေးပါဘူး ဒါပေမယ့်ညတိုင်း အိမ်မက်ထဲက လွန်းလေးမျက်နာရယ် ပြုံးရယ်နေတဲ့အမှတ်တရတွေ ကိုတော့ ကိုယ်မှတ်မိနေတယ်....ကိုယ်ဘယ်လိုပျောက်သွားလဲတော့ မမှတ်မိဘူး...ငါးနှစ်အတွင်း လစ်ဟာနေတဲ့ ဒီနေရာက လွန်းလေးကိုစတွေ့တဲ့နေ့က ပြန်ပြည့်တင်းသွားသလို ခံစားလိုက်ရတယ် ..."
Blueရဲ့စကားလုံးတွေကို လွန်းသာ နားထောင်နေမိရင်း ခုထိအပြည့်အစုံသတိမရသေးဘူးဆိုတာ သိေနမိသည်။ ဒါဆိုကားတိုက်တုံးက အကြောင်းတွေကိုကော သတိမရသေးဘူးပေါ့။ ငါပြောပြလိုက်သင့်လား... ခနတော့ အချိန်ခနလောက်တော့ စောင့်ပြီးမှ ပြောတာကောင်းလိမ့်မည်လို့ လွန်းသာဆုံးဖြတ်ကာ ကားတိုက်တုံးက အကြောင်းကိုမပြောဖို့ ထားလိုက်သည်။
လွန်းသာရဲ့လက်လေးတစ်ခုကို ဆွဲကာ Blueအိမ်အပေါ်ထပ်သို့ တတ်လာခဲ့သည်။ လွန်းသာကတော့ နောက်ကနေ သူတွေ့ချင်လွန်းလို့ လွမ်းနေမိတဲ့လူရဲ့ ကျောပြင်ကိုငေးရင်း လိုက်ပါလာမိသည်။
Blueသူ့အိပ်ခန်းထဲရောက်တော့ လွန်းသာကိုခေါ်ကာ တံခါးပြန်ပိတ်လိုက်သည်။ ပြီးနောက်လွန်းသာအား စာရေးစာပွဲရှေ့က ခုံမှာ ထိုင်ခိုင်းကာ အံဆွဲလေးထဲကို ဖွင့်လိုက်သည်။ လွန်းသာကတော့ခုံမှာထိုင်ရင်း သန့်ရှင်းသပ်ရပ်လှတဲ့ Blueရဲ့အခန်းလေးကို ငေးကြည့်နေမိသည်။ လွန်းသာသူ့ရှေ့ရောက်လာတဲ့ စာအိတ်အထပ်လိုက်ဆီသို့ အကြည့်ပြန်ရောက်သွားမိသည်။ များပြားလှတဲ့စာအိတ်လေးတွေကို လွန်းသာလက်နဲ့ထိကိုင်ရင်း Blueကိုမော့ကြည့်လိုက်မိသည်။ Blueကတော့ လွန်းသာအား နူးညံသောအပြုံးလေးတစ်ခုကို တပ်ဆင်ရင်းဖြင့်
"လွန်းလေးကိုလွမ်းတိုင်း ရင်ဘက်ထဲက လစ်ဟာနေတဲ့ ကိုကိုမေ့နေတဲ့ အရာတစ်ခုကို ရည်ရွယ်ပြီး ရေးထားတဲ့စာတွေပါ...ဒါတွေရဲ့နောက်ဆုံးသော ရည်ရွယ်သူဟာ လွန်းလေးဖြစ်ခဲ့လို့ ကိုယ်ပျော်မိတယ် အရင်ကလွန်းအတိတ်ဘဝနဲ့ကော အခုBlueဘဝနဲ့တုံးကပါ လွန်းလေးကိုပဲ ချစ်မိလို့......"
လွန်းသာ အချစ်တွေပြည့်နှံနေတဲ့ Blueရဲ့အကြည့်တွေကို ခနတာရှောင်လွဲလိုက်မိသည်။ လွန်းသာ မိမိစိတ်ထဲ ကိုကို့ကို အားနာနေမိလို့ဖြစ်သည်။ ကိုကိုကတော့ အတိတ်မေ့နေတာတောင် မိမိတစ်ယောက်တည်းကို တစ်ထပ်တည်းချစ်မိသည်တဲ့လား။ မိမိမှာတော့ အကောင်းတိုင်းရှိနေတာတောင် Blueဆိုတဲ့လူကို ချစ်မိသွားသည်တဲ့လား။ မိမိအချစ်က ကိုကိုအချစ်ထက်စာရင် အရမ်းသေးငယ်သွားသလိုပဲလို့ လွန်းသာခံစားမိလိုက်တော့ နှလုံးသားကနာကျင်ရပါသည်။ အနည်းငယ်ဟောင်းနေတဲ့ အိတ်လေးတွေမှာ ရေးတဲ့နေ့စွဲလေးတွေတပ်ဆင်ထားသည်။
လွန်းသာစာအိတ်တစ်ခုခြင်းစီကို စိတ်ရှည်ရှည်နဲ့ဖောက်ဖန်နေမိသည်က ကိုကိုအနားထွက်သွားသည်ကိုတောင်မသိလိုက်ပါ။ မျက်ရည်များသည်လည်း စာလေးတွေဖတ်ရင်း ဝေ့ဝဲမိသည်။ ကိုကိုရဲ့အချစ်ကို စာလေးတွေထဲကနေတစ်ဆင့် လွန်းသာခံစားမိနေရသည်။
အနားကို ကိုကိုပြန်ရောက်လာတော့ သူ့ဘက်ထဲ ရေခွက်တစ်ဖန်ခွက်ပါလာပြီး လွန်းသာလက်ထဲချပေးလိုက်သည်။ လွန်းသာရေကိုမော့သောက်လိုက်မှ ရင်ထဲကအပူကြီးကျစင်းသွားရတော့သည်။
Bluနရေသောက်နေတဲ့ လွန်းလေးရဲ့ နီရဲနာခေါင်းလေးတွေ မို့နေပြီဖြစ်တဲ့ မျက်အစ်လေးတွေကို ငေးစိုက်ကြည့်နေမိသည်။ Blue သူ့ဖုန်းထဲက ပုံတစ်ခုကို လွန်းလေးအရှေ့ ထိုးပြလိုက်ရင်း
"ဒါက လွန်းလေးတို့ဆီ မရောက်ခင်တုံးက ကိုယ့်ပုံပဲ လွန်းလေး...."
"ဟုတ်ကဲ့...."
လွန်းသာဖုန်းမျက်နာပြင်ပေါ်က ကိုကိုမျက်နာကို လက်နဲ့ကွတ်သပ်က ကြည့်နေမိသည်။ ကိုကိုရဲ့အရင်မျက်က မိမိခန့်မှန်းခဲ့တဲ့ အတိုင်းပဲ သိပ်ခန့်ညားလွန်းသည်။ ယောက်ကျားပီသလွန်းသည်။မျက်နာအရွတ်ကြီးကိုသာ ဖယ်လိုက်ရင် သိပ်ခန့်ညားမှာပဲလို့ တွေးခဲ့တာ ခုလည်း အရင်က ကိုကိုရဲ့မျက်နာလိုပင်။
လွန်းသာ မိမိဘေးကခုံမှာ ရပ်နေတဲ့ ကိုကိုရဲ့ခါးကို ဆွဲဖတ်ကာ ကိုကိုရဲ့ဗိုက်မှာမျက်နာလေးကို အပ်ထားရင်း ငိုနေမိသည်။ Blueလည်း မျက်ရည်စတို့ ဝေဝဲနေသည်။ လွန်းလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း
"မငိုပါနဲ့ ကလေးရယ်..."
"တောင်းပန်ပါတယ် လွန်း ကိုကိုအပြင် Blueဆိုတဲ့ လူကိုပါချစ်မိလို့ ...."
တုံရင်နေတဲ့ အသံလေးရဲ့ ပိုရှင်လေးဟာ အသံလေးတင်မက ကိုယ်လေးပါတုံရင်နေသည်။နူးညံသော လေသံလေးနဲ့ Blueက
"ရပါတယ် လွန်းလေးရယ်....လွန်းအတိတ်ကလည်း ကိုကိုပဲ ၊ဝေလင်းစိုးကလည်း ကိုကိုပဲ၊ Blueကလည်း ကိုကိုပဲမို့လို့ တောင်းပန်စရာမလိုပါဘူး...."
"...."
Blue ဗိုက်ကိုမှီကာငိုနေတဲ့ လွန်းလေးကိုယ်ကို အနည်းငယ် ဆွဲထုတ်လိုက်သည်။ ပြီးနောက်လွန်းလေးရှေ့ ဆောင့်ဆောင့်ထိုင်လိုက်ကာကြောင့် လွန်းလေးမျက်နာနဲ့ နီးကပ်သွာယရသည်။ ငိုလွန်းရဲနေတဲ့ မျက်နာလေးကို လက်နှစ်ဖက်နဲ့ ထွေးပွေ့ကိုင်တွယ်ရင်း
"ကို့ကိုကို ချစ်လား...."
လွန်းသာ ဘာဖြေလို့ ဖြေရမှန်းမသိ ဖြစ်နေရသည်။ တွေဝေနေမိတုံး
"ကလင်.....ကလင်....ကလင်..."
လွန်းသာဘောင်းဘီအိတ်ထဲ ဖုန်းဝင်လာတာကြောင့် ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကြည့်လိုက်တော့ အကိုတိမ်တိုက်ဖြစ်နေသည်။ကိုကိုဆီကအကြည့်ခွာလိုက်ကာ ဖုန်းကိုကိုင်လိုက်သည်။
"Hello"
"လွန်းလေး အကိုကားမှတ်တိုင်မှာ စောင့်နေတာ ခုထိမတွေ့သေးဘူး ဘယ်ရောက်နေတာလဲဟင်...."
စိုးရိမ်တကြီးလေသံဖြင့်ဆိုလာတဲ့ အကိုတိမ်တိုက်။
"သူငယ်ချင်းတွေ့နေလို့ပါ အကို ကျွန်တော်ပြန်ရောက်တော့မှာပါ...."
လွန်းသာလိမ့်လိုက်မိသည်။
."အင်း မြန်လာနော် အကိုစောင့်နေတယ်..."
"ဟုတ်..."
လွန်းသာဖုန်းချလိုက်ပြီး ကိုကို့ကိုကြည့်လိုက်တော့ မိမိအားစူးစမ်းကြည့်နေသည်။
"အကိုတိမ်တိုက်ပါ ရွာမှာတုံး ဆရာဝန်လေ...မှတ်မိတယ်မလား..."
Blueစဥ်းစားယူလိုက်ရသည် ပြီးမှ သတိရသွားတော့သည်။
"သိပြီဟိုဆရာဝန်....လွန်းလေးက အမေနဲ့အတူမတူပဲ ဘာလို့အဲ့လူနဲ့နေရတာလဲ ဘာလဲ အမေကရွာမှာလား...ကိုကိုအမေကို သွားတွေ့အုံးမယ်...."
Blueပြောချင်ရာပြောနေပေမယ့် လွန်းသယကတော့ ဘာမှပြန်မပြောဖြစ်ပါ။ အမေဆုံးတာကိုကိုမှ မသိတာပဲ။ ကားတိုက်တာတောင် မမှတ်မိဘူးဆိုတော့ အမေဆုံးတာ ဘယ်မှတ်မိပေါ့မလဲ လွန်းသာ နာကျင်မိသော စိတ်ကိုဖြည့်တွေးလိုက်ရသည်။ ပြီးနောက်အားယူကာပြုံးရင်း
"အမေရှိတဲ့နေရာကို နောက်ကျရင် တူတူသွားရအောင် အမေက ကိုကို့ကို လွမ်းနေမှာ...."
"အင်း...အမေချက်ကျွေးတာ စားချင်လှပြီ...လာကိုယ်လိုက်ပို့ပေးမယ်...."
"ရတယ် လွန်းဘာသာပဲ ပြန်တော့မယ် အကိုတိမ်တိုက်က ကိုကိုပျောက်နေတယ်ထင်နေတာလေ...နောက်မှ တွေ့ကျပေါ့ ခုတော့ ရှောင်ပေးပါနော်...."
"အင်းပါ ..."
Blue လွန်းသာ ဖြူရော့ရော့မျက်နာလေးကို အားမရပေမယ့် ဘာမှထက်မပြောပဲ လွန်းသာပြောသမျှကို သဘောတူလိုက်မိသည်။
လွန်းသာအကိုတိမ်တိုက်နဲ့ ကိုကို့ကို တွေ့ပေးလို့ မဖြစ်သေးပါ။ ကိုကို့ကို ကားတိုက်တဲ့အကြောင်း ကိုကိုကိုယ်တိုင်ပဲ အရင်မှတ်မိစေချင်လို့ ဖြစ်သည်။
ကောင်လေးနှစ်ယောက်ကတော့ သတိမထားမိပါ သူတို့နှစ်ယောက်ကို လူတစ်ယောက်က ကုမ္ပဏီကစထွက်ကတည်းကကော စားသောက်ဆိုင်နဲ့ Blueအိမ်ရှေ့မှာကတည်းက ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေသည်ဆိုတာကိုပင်။ အန္တရာယ်သည် အနားမှာရှိနေတာ Blueကောလွန်းသာပါ မရိပ်မိခဲ့ပါ။
လွန်းသာTaxiစီးကား တိမ်တိုက်စောင့်နေသော ကားမှတ်တိုင်မှာ ဆင်းလိုက်သည်။ တိမ်တိုက်နဲ့အတူ အိမ်လေးသို့ ပြန်လာခဲ့သည်။ လွန်းသာရင်ထဲမှာတော့ မြန်ဆန်လာတဲ့ အဖြစ်အပျက်တို့ကို ပြန်တွေးနေမိသည်။
Blue ဖုန်းတစ်ခုရတာကြောင့် လွန်းသာထွက်သွားပြီး မကြာမှီမှာပဲ ကားနဲ့ဆေးရုံတစ်ခုသို့ မောင်းထွက်လာခဲ့သည်။ ထိုဆေးရုံသည် Blueအား ကိုရီးယားကဆရာဝန်တွေနဲ့ တိတ်တခိုးမျက်နာခွဲစိတ်ခဲ့သော ဆေးရုံဖြစ်သည်။
Blueကားထဲကဆင်းကာ အမြန်ပင် ဆေးရုံအပေါ်ထပ်က ကန့်သတ်နေရာတစ်ခုသိြု အဆင့်ဆင့်ဝင်လာခဲ့လိုက်သည်။ အဆုံးတစ်နေရာက အခန်းတစ်ခုကိုဖွင့်လိုက်သည်။ အခန်းရှေ့မှာကော လျှောက်လမ်းတစ်ခုလုံးမှာပါ အစောင့်အရှောက်တို့ ရှိနေကျသည်။ အခန်းထဲဝင်လာတော့ ကုတင်တစ်ခုရဲ့ ရှေ့မှာ ရပ်နေတဲ့ B2က အမြန်ပင်အနားရောက်လာသည်။ ပြီးနောက်
"ခွဲစိန်ပေးပြီပါပြီ Blue သတိရဖို့တော့ ရက်အနည်းငယ်ကြာပါလိမ့်မယ် ...ရိုက်နှက်ခံထားရရုံတင်မကဘူး..."
Blueကုတင်ပေါ်က ဆေးပိုက်တွေနဲ့ လဲနေသော မိန်းကလေးကို ကြည့်ရင်း B2ပြောတာတွေကို နားထောင်နေမိသည်။ B2 ဆက်မပြောတာကြောင့် B2ကို ကြည့်လိုက်မိသည်။ ချက်ချင်းပင် B2စကားပြန်ဆက်လာသည်။
"မဒိန်းကျင့်ခံထားရပါတယ် ကျင့်တဲ့လူတွေရဲ့ သုတ်ကိုယူပြီး DNAစစ်ထားပါတယ် ရဲတိုက်မလား Blue...."
Blue အံသြမိသည်။ သူ့သူငယ်ချင်းဟောင်း ကျော်ဖြိုးဝင်းဟာ သိပ်ကိုကြောက်စရာကောင်းတဲ့ လူဆိုတာ ပိုပြီးသိလာရသည်။ သို့သော်မတတ်နိုင်ပါ ကျားကိုသတ်ချင်ရင် ကျားဂူထဲတော့ ဝင်ရမှာပဲလေ။
"ယုကေကိုက ဆုံးဖြတ်လိမ့်မယ် သူရဲကိုတိုင်ချင်ရင် သူသတိရလာတာနဲ့ မင်းရထားတဲ့ အချက်အလတ်တွေနဲ့ တိုင်လိုက် မတိုင်ချင်ဘူးဆိုရင်တော့ ငါ့ကိုခေါ်လိုက် ငါလာခဲ့မယ်... "
"ကောင်းပါပြီ Blue...."
Blue ယုကေကိုကို စိုက်ကြည့်နေမိသည်။ "မင်းလည်း ငါ့လိုပဲနော် နောက်ကျောကို ဓားနဲ့လှကြီးအထိုးခံရတာပဲ ငါတို့ရဲ့ ရန်သူက တစ်ယောက်တည်း ဖြစ်နေတာတော့ သိပ်တိုက်ဆိုင်လွန်းတာပဲ" Blueစိတ်ထဲကနေပြောပြီး ဆေးရုံကနေ အိမ်သို့ ပြန်လှယ်ထွက်ခွာခဲ့လိုက်သည်။
Blueသတိမထားမိသည်က ရန်သူက ကိုယ့်ဆီပြန်လာမယ့် တုန်ပြန်တိုက်ကွပ်ကို မေ့လျော့နေမိသည်။ Blueကို ဖြိုလဲဖို့ အကောင်းဆုံး တိုက်ကွပ်က လွန်းသာဆိုတဲ့ နှနယ်နယ်ကောင်လေးဖြစ်သည်ကို ကျော်ဖြိုးဝင်းက ရိပ်မိသွားမှာကို Blueသတိထားလျှက်နဲ့ပင် မေ့လျော့နေခဲ့သည်။
##############
သို႔.....
အပိုင္း၃၈
Blueစားပြဲေရွ႕မွာ ထိုင္ခ်ကာ မဟုတ္ဘူး မျဖစ္နိုင္ဘူးဆိုတာကိုသာ ေျပာခဲ့တဲ့ လြန္းေလးအား ေထြးေပြ႕လိုက္မိသည္။ ဟုတ္ပါတယ္ သူေလးမယုံနိုင္ဘူးဆိုတာ ျဖစ္သင့္တာပဲေလ။ ငိုေနသည္ထင္သည္ ရွိုက္ကာတုံသြားတဲ့ ကိုယ္ေလးကို ေထြးေပြ႕ကာ မတ္တပ္ရပ္ေစဖို႔ ထိန္းမတ္ေပးလိုက္သည္။ ေက်ာေလးကိုပုတ္ကာေပးေနမိသည္။ စားေသာက္ဆိုင္ကာ လူမ်ားတာေၾကာင့္ Blue လြန္းသာရဲ႕ မ်က္နာေလးကို လက္ႏွစ္ဖက္နဲ႕ ေထြးေပြ႕ကိုင္တြယ္လိုက္မိသည္။ ၿပီးေနာက္ ညွင္သာေသာအသံျဖင့္
"ကိုယ့္အိမ္မွာ ေအးေဆးရွင္းျပေပါ့မယ္ လိုက္ခဲ့ေနာ္...."
မ်က္ရည္ေတြနဲ႕ ၾကည့္ေနတဲ့ လြန္းေလးက ဘယမွျပန္မေျဖပဲ မိမိအားတိတ္ဆိတ္စြာ စိုက္ၾကည့္ေနသည္။ တိတ္ဆိတ္ျခင္းသည္ ဝံခံသည္ဟု မွတ္ယူလိုက္ကာ လြန္းေလးရဲ႕ လက္ကိုဆြဲရင္း ဆိုင္ထဲကထြက္လာခဲ့လိုက္သည္။ ဆိုင္ေရွ႕က တပည့္ႏွစ္ေယာက္ကို ေနာက္ကပါလာတယ္ဆိုတာ ကုမၸဏီကစထြက္ကတည္းက Blueသိေနသည္။ ထို႔ေၾကာင့္ တပည့္ျဖစ္သူထဲက အီ့တီအား
"ကားကိုဖုန္းဆက္ေခၚလိုက္ အိမ္ကိုသြားမယ္...."
"ဗ်ာ... ဟုတ္...ဟုတ္ကဲ့ဆရာ.."
အီ့တီဆရာျဖစ္သူခိုင္းတဲ့ အတိုင္းဖုန္းဆက္ေပးလိုက္ကာ ကားကိုေခၚလိုက္ရသည္။ ဆိုင္ထဲဝင္ၿပီး ဘာေတြမ်ားျဖစ္ခဲ့က်လိဳ႕ တစ္ေယာက္ကငို တစ္ေယာက္က ငိုေနတဲ့သူကို တစိမ့္စိမ့္ၾကည့္ေနရတာလဲလို႔ အီ့တီေတြးေနမိသည္။
လြန္းသာသည္လည္း မယုံနိုင္ျခင္းမ်ား လက္မခံနိုင္ျခင္းမ်ား၊ အံ့ၾသေနရာမ်ား၊ ေပ်ာ္႐ႊင္ဝမ္းနည္းျခင္းမ်ားျဖင့္ ခံစားခ်က္ကေရာေထြးေနေတာ့သည္။
ခနၾကာေတာ့ Blueအိမ္ကကားေလး ဆိုက္ေရာက္လာတာေၾကာင့္ Blueလြန္းသာကို ကားထဲဆြဲေခၚကာ ကားကိုေမာင္းထြက္ခိုင္းလိုက္သည္။ လမ္းတစ္ေလွ်ာက္လုံးလည္း Blue မငိုေတာ့ေပမာ့္ ရွိုက္ေနတဲ့ လြန္းသာမ်က္နာေလးကို စိုးရိမ္တႀကီးေငးၾကည့္ေနမိသည္။
လမ္းတစ္ေလွ်ာက္လည္း ျဖစ္ေၾကာင္းကုန္စင္မွ တစ္ခ်ိဳ႕တဝက္ကို ေျပာျပေနမိသည္က အိမ္ေရာက္သည္အထိပင္။
အိမ္ေရာက္ေတာ့ လြန္းေလးက ႀကီးမားက်ယ္ပ်ံေသာ သူ႕စံအိမ္ကို တေမ့တေမာေငးၾကည့္လို႔ ေနသည္။
"ခဗ်ား...အယ္.."
"ေခၚခ်င္သလိုေခၚပါ လြန္းေလး အဆင္ေျပဖို႔ပဲလိုတာပါ..."
လြန္းသာေခါင္းငုံသြားရသည္။ အေၾကာင္းအရင္းတစ္ခ်ိဳ႕ကို သိရေပမယ့္ စိတ္ကလက္ခံဖို႔ဆိုတာ အခ်ိန္ေတာ့ယူရမည္ျဖစ္သည္။ ယခုမ်က္နာနဲ႕ ကိုကိုဟာ အရင္က႐ြာမွာေတြ႕ခဲ့တဲ့ ကိုကိုမွမဟုတ္ပဲ။ ထို႔ေၾကာင့္လြန္းသာအတြက္ ေနသားက်ဖိဳ႕လိုေနသည္။
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ကို အခ်ိန္နည္းနည္းေပးပါလား..."
"ရပါတယ္ အခ်ိန္အမ်ားႀကီးဆိုလည္းရတယ္...."
လြန္းသာ Blueကို ေမာ့ၾကည့္လိုက္မိသည္။ လြန္းသာအား နားလည္ေပးနိုင္ေသာ မ်က္ဝန္းနက္နက္တို႔ျဖင့္ Blueကစိုက္ၾကည့္ေနသည္ဟု လြန္းသာခံစားရသည္။ ခ်က္ခ်င္းလက္မခံနိုင္တဲ့ အတြက္လြန္းသာ စိတ္မေကာင္းျဖစ္မိရသည္။
"ငါးႏွစ္အတြင္း ဘာေတြလုပ္ေနတာလဲဟင္... ကြၽန္ေတာ္ကိုေကာ ဘယ္လိုမွတ္မိတာလဲ...."
"ကိုယ္အကုန္လုံးကို မမွတ္မိေသးပါဘူး ဒါေပမယ့္ညတိုင္း အိမ္မက္ထဲက လြန္းေလးမ်က္နာရယ္ ၿပဳံးရယ္ေနတဲ့အမွတ္တရေတြ ကိုေတာ့ ကိုယ္မွတ္မိေနတယ္....ကိုယ္ဘယ္လိုေပ်ာက္သြားလဲေတာ့ မမွတ္မိဘူး...ငါးႏွစ္အတြင္း လစ္ဟာေနတဲ့ ဒီေနရာက လြန္းေလးကိုစေတြ႕တဲ့ေန႕က ျပန္ျပည့္တင္းသြားသလို ခံစားလိုက္ရတယ္ ..."
Blueရဲ႕စကားလုံးေတြကို လြန္းသာ နားေထာင္ေနမိရင္း ခုထိအျပည့္အစုံသတိမရေသးဘူးဆိုတာ သိေနမိသည္။ ဒါဆိုကားတိုက္တုံးက အေၾကာင္းေတြကိုေကာ သတိမရေသးဘူးေပါ့။ ငါေျပာျပလိုက္သင့္လား... ခနေတာ့ အခ်ိန္ခနေလာက္ေတာ့ ေစာင့္ၿပီးမွ ေျပာတာေကာင္းလိမ့္မည္လို႔ လြန္းသာဆုံးျဖတ္ကာ ကားတိုက္တုံးက အေၾကာင္းကိုမေျပာဖို႔ ထားလိုက္သည္။
လြန္းသာရဲ႕လက္ေလးတစ္ခုကို ဆြဲကာ Blueအိမ္အေပၚထပ္သို႔ တတ္လာခဲ့သည္။ လြန္းသာကေတာ့ ေနာက္ကေန သူေတြ႕ခ်င္လြန္းလို႔ လြမ္းေနမိတဲ့လူရဲ႕ ေက်ာျပင္ကိုေငးရင္း လိုက္ပါလာမိသည္။
Blueသူ႕အိပ္ခန္းထဲေရာက္ေတာ့ လြန္းသာကိုေခၚကာ တံခါးျပန္ပိတ္လိုက္သည္။ ၿပီးေနာက္လြန္းသာအား စာေရးစာပြဲေရွ႕က ခုံမွာ ထိုင္ခိုင္းကာ အံဆြဲေလးထဲကို ဖြင့္လိုက္သည္။ လြန္းသာကေတာ့ခုံမွာထိုင္ရင္း သန့္ရွင္းသပ္ရပ္လွတဲ့ Blueရဲ႕အခန္းေလးကို ေငးၾကည့္ေနမိသည္။ လြန္းသာသူ႕ေရွ႕ေရာက္လာတဲ့ စာအိတ္အထပ္လိုက္ဆီသို႔ အၾကည့္ျပန္ေရာက္သြားမိသည္။ မ်ားျပားလွတဲ့စာအိတ္ေလးေတြကို လြန္းသာလက္နဲ႕ထိကိုင္ရင္း Blueကိုေမာ့ၾကည့္လိုက္မိသည္။ Blueကေတာ့ လြန္းသာအား ႏူးညံေသာအၿပဳံးေလးတစ္ခုကို တပ္ဆင္ရင္းျဖင့္
"လြန္းေလးကိုလြမ္းတိုင္း ရင္ဘက္ထဲက လစ္ဟာေနတဲ့ ကိုကိုေမ့ေနတဲ့ အရာတစ္ခုကို ရည္႐ြယ္ၿပီး ေရးထားတဲ့စာေတြပါ...ဒါေတြရဲ႕ေနာက္ဆုံးေသာ ရည္႐ြယ္သူဟာ လြန္းေလးျဖစ္ခဲ့လို႔ ကိုယ္ေပ်ာ္မိတယ္ အရင္ကလြန္းအတိတ္ဘဝနဲ႕ေကာ အခုBlueဘဝနဲ႕တုံးကပါ လြန္းေလးကိုပဲ ခ်စ္မိလို႔......"
လြန္းသာ အခ်စ္ေတြျပည့္ႏွံေနတဲ့ Blueရဲ႕အၾကည့္ေတြကို ခနတာေရွာင္လြဲလိုက္မိသည္။ လြန္းသာ မိမိစိတ္ထဲ ကိုကို႔ကို အားနာေနမိလို႔ျဖစ္သည္။ ကိုကိုကေတာ့ အတိတ္ေမ့ေနတာေတာင္ မိမိတစ္ေယာက္တည္းကို တစ္ထပ္တည္းခ်စ္မိသည္တဲ့လား။ မိမိမွာေတာ့ အေကာင္းတိုင္းရွိေနတာေတာင္ Blueဆိုတဲ့လူကို ခ်စ္မိသြားသည္တဲ့လား။ မိမိအခ်စ္က ကိုကိုအခ်စ္ထက္စာရင္ အရမ္းေသးငယ္သြားသလိုပဲလို႔ လြန္းသာခံစားမိလိုက္ေတာ့ ႏွလုံးသားကနာက်င္ရပါသည္။ အနည္းငယ္ေဟာင္းေနတဲ့ အိတ္ေလးေတြမွာ ေရးတဲ့ေန႕စြဲေလးေတြတပ္ဆင္ထားသည္။
လြန္းသာစာအိတ္တစ္ခုျခင္းစီကို စိတ္ရွည္ရွည္နဲ႕ေဖာက္ဖန္ေနမိသည္က ကိုကိုအနားထြက္သြားသည္ကိုေတာင္မသိလိုက္ပါ။ မ်က္ရည္မ်ားသည္လည္း စာေလးေတြဖတ္ရင္း ေဝ့ဝဲမိသည္။ ကိုကိုရဲ႕အခ်စ္ကို စာေလးေတြထဲကေနတစ္ဆင့္ လြန္းသာခံစားမိေနရသည္။
အနားကို ကိုကိုျပန္ေရာက္လာေတာ့ သူ႕ဘက္ထဲ ေရခြက္တစ္ဖန္ခြက္ပါလာၿပီး လြန္းသာလက္ထဲခ်ေပးလိုက္သည္။ လြန္းသာေရကိုေမာ့ေသာက္လိုက္မွ ရင္ထဲကအပူႀကီးက်စင္းသြားရေတာ့သည္။
Bluနေရေသာက္ေနတဲ့ လြန္းေလးရဲ႕ နီရဲနာေခါင္းေလးေတြ မို႔ေနၿပီျဖစ္တဲ့ မ်က္အစ္ေလးေတြကို ေငးစိုက္ၾကည့္ေနမိသည္။ Blue သူ႕ဖုန္းထဲက ပုံတစ္ခုကို လြန္းေလးအေရွ႕ ထိုးျပလိုက္ရင္း
"ဒါက လြန္းေလးတို႔ဆီ မေရာက္ခင္တုံးက ကိုယ့္ပုံပဲ လြန္းေလး...."
"ဟုတ္ကဲ့...."
လြန္းသာဖုန္းမ်က္နာျပင္ေပၚက ကိုကိုမ်က္နာကို လက္နဲ႕ကြတ္သပ္က ၾကည့္ေနမိသည္။ ကိုကိုရဲ႕အရင္မ်က္က မိမိခန့္မွန္းခဲ့တဲ့ အတိုင္းပဲ သိပ္ခန့္ညားလြန္းသည္။ ေယာက္က်ားပီသလြန္းသည္။မ်က္နာအ႐ြတ္ႀကီးကိုသာ ဖယ္လိုက္ရင္ သိပ္ခန့္ညားမွာပဲလို႔ ေတြးခဲ့တာ ခုလည္း အရင္က ကိုကိုရဲ႕မ်က္နာလိုပင္။
လြန္းသာ မိမိေဘးကခုံမွာ ရပ္ေနတဲ့ ကိုကိုရဲ႕ခါးကို ဆြဲဖတ္ကာ ကိုကိုရဲ႕ဗိုက္မွာမ်က္နာေလးကို အပ္ထားရင္း ငိုေနမိသည္။ Blueလည္း မ်က္ရည္စတို႔ ေဝဝဲေနသည္။ လြန္းေလးရဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးရင္း
"မငိုပါနဲ႕ ကေလးရယ္..."
"ေတာင္းပန္ပါတယ္ လြန္း ကိုကိုအျပင္ Blueဆိုတဲ့ လူကိုပါခ်စ္မိလို႔ ...."
တုံရင္ေနတဲ့ အသံေလးရဲ႕ ပိုရွင္ေလးဟာ အသံေလးတင္မက ကိုယ္ေလးပါတုံရင္ေနသည္။ႏူးညံေသာ ေလသံေလးနဲ႕ Blueက
"ရပါတယ္ လြန္းေလးရယ္....လြန္းအတိတ္ကလည္း ကိုကိုပဲ ၊ေဝလင္းစိုးကလည္း ကိုကိုပဲ၊ Blueကလည္း ကိုကိုပဲမို႔လို႔ ေတာင္းပန္စရာမလိုပါဘူး...."
"...."
Blue ဗိုက္ကိုမွီကာငိုေနတဲ့ လြန္းေလးကိုယ္ကို အနည္းငယ္ ဆြဲထုတ္လိုက္သည္။ ၿပီးေနာက္လြန္းေလးေရွ႕ ေဆာင့္ေဆာင့္ထိုင္လိုက္ကာေၾကာင့္ လြန္းေလးမ်က္နာနဲ႕ နီးကပ္သြာယရသည္။ ငိုလြန္းရဲေနတဲ့ မ်က္နာေလးကို လက္ႏွစ္ဖက္နဲ႕ ေထြးေပြ႕ကိုင္တြယ္ရင္း
"ကို႔ကိုကို ခ်စ္လား...."
လြန္းသာ ဘာေျဖလို႔ ေျဖရမွန္းမသိ ျဖစ္ေနရသည္။ ေတြေဝေနမိတုံး
"ကလင္.....ကလင္....ကလင္..."
လြန္းသာေဘာင္းဘီအိတ္ထဲ ဖုန္းဝင္လာတာေၾကာင့္ ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ အကိုတိမ္တိုက္ျဖစ္ေနသည္။ကိုကိုဆီကအၾကည့္ခြာလိုက္ကာ ဖုန္းကိုကိုင္လိုက္သည္။
"Hello"
"လြန္းေလး အကိုကားမွတ္တိုင္မွာ ေစာင့္ေနတာ ခုထိမေတြ႕ေသးဘူး ဘယ္ေရာက္ေနတာလဲဟင္...."
စိုးရိမ္တႀကီးေလသံျဖင့္ဆိုလာတဲ့ အကိုတိမ္တိုက္။
"သူငယ္ခ်င္းေတြ႕ေနလို႔ပါ အကို ကြၽန္ေတာ္ျပန္ေရာက္ေတာ့မွာပါ...."
လြန္းသာလိမ့္လိုက္မိသည္။
."အင္း ျမန္လာေနာ္ အကိုေစာင့္ေနတယ္..."
"ဟုတ္..."
လြန္းသာဖုန္းခ်လိဳက္ၿပီး ကိုကို႔ကိုၾကည့္လိုက္ေတာ့ မိမိအားစူးစမ္းၾကည့္ေနသည္။
"အကိုတိမ္တိုက္ပါ ႐ြာမွာတုံး ဆရာဝန္ေလ...မွတ္မိတယ္မလား..."
Blueစဥ္းစားယူလိုက္ရသည္ ၿပီးမွ သတိရသြားေတာ့သည္။
"သိၿပီဟိုဆရာဝန္....လြန္းေလးက အေမနဲ႕အတူမတူပဲ ဘာလို႔အဲ့လူနဲ႕ေနရတာလဲ ဘာလဲ အေမက႐ြာမွာလား...ကိုကိုအေမကို သြားေတြ႕အုံးမယ္...."
Blueေျပာခ်င္ရာေျပာေနေပမယ့္ လြန္းသယကေတာ့ ဘာမွျပန္မေျပာျဖစ္ပါ။ အေမဆုံးတာကိုကိုမွ မသိတာပဲ။ ကားတိုက္တာေတာင္ မမွတ္မိဘူးဆိုေတာ့ အေမဆုံးတာ ဘယ္မွတ္မိေပါ့မလဲ လြန္းသာ နာက်င္မိေသာ စိတ္ကိုျဖည့္ေတြးလိုက္ရသည္။ ၿပီးေနာက္အားယူကာၿပဳံးရင္း
"အေမရွိတဲ့ေနရာကို ေနာက္က်ရင္ တူတူသြားရေအာင္ အေမက ကိုကို႔ကို လြမ္းေနမွာ...."
"အင္း...အေမခ်က္ေကြၽးတာ စားခ်င္လွၿပီ...လာကိုယ္လိုက္ပို႔ေပးမယ္...."
"ရတယ္ လြန္းဘာသာပဲ ျပန္ေတာ့မယ္ အကိုတိမ္တိုက္က ကိုကိုေပ်ာက္ေနတယ္ထင္ေနတာေလ...ေနာက္မွ ေတြ႕က်ေပါ့ ခုေတာ့ ေရွာင္ေပးပါေနာ္...."
"အင္းပါ ..."
Blue လြန္းသာ ျဖဴေရာ့ေရာ့မ်က္နာေလးကို အားမရေပမယ့္ ဘာမွထက္မေျပာပဲ လြန္းသာေျပာသမွ်ကို သေဘာတူလိုက္မိသည္။
လြန္းသာအကိုတိမ္တိုက္နဲ႕ ကိုကို႔ကို ေတြ႕ေပးလို႔ မျဖစ္ေသးပါ။ ကိုကို႔ကို ကားတိုက္တဲ့အေၾကာင္း ကိုကိုကိုယ္တိုင္ပဲ အရင္မွတ္မိေစခ်င္လို႔ ျဖစ္သည္။
ေကာင္ေလးႏွစ္ေယာက္ကေတာ့ သတိမထားမိပါ သူတို႔ႏွစ္ေယာက္ကို လူတစ္ေယာက္က ကုမၸဏီကစထြက္ကတည္းကေကာ စားေသာက္ဆိုင္နဲ႕ Blueအိမ္ေရွ႕မွာကတည္းက ဓာတ္ပုံေတြ တျဖတ္ျဖတ္ရိုက္ေနသည္ဆိုတာကိုပင္။ အႏၲရာယ္သည္ အနားမွာရွိေနတာ Blueေကာလြန္းသာပါ မရိပ္မိခဲ့ပါ။
လြန္းသာTaxiစီးကား တိမ္တိုက္ေစာင့္ေနေသာ ကားမွတ္တိုင္မွာ ဆင္းလိုက္သည္။ တိမ္တိုက္နဲ႕အတူ အိမ္ေလးသို႔ ျပန္လာခဲ့သည္။ လြန္းသာရင္ထဲမွာေတာ့ ျမန္ဆန္လာတဲ့ အျဖစ္အပ်က္တို႔ကို ျပန္ေတြးေနမိသည္။
Blue ဖုန္းတစ္ခုရတာေၾကာင့္ လြန္းသာထြက္သြားၿပီး မၾကာမွီမွာပဲ ကားနဲ႕ေဆး႐ုံတစ္ခုသို႔ ေမာင္းထြက္လာခဲ့သည္။ ထိုေဆး႐ုံသည္ Blueအား ကိုရီးယားကဆရာဝန္ေတြနဲ႕ တိတ္တခိုးမ်က္နာခြဲစိတ္ခဲ့ေသာ ေဆး႐ုံျဖစ္သည္။
Blueကားထဲကဆင္းကာ အျမန္ပင္ ေဆး႐ုံအေပၚထပ္က ကန့္သတ္ေနရာတစ္ခုသိျု အဆင့္ဆင့္ဝင္လာခဲ့လိုက္သည္။ အဆုံးတစ္ေနရာက အခန္းတစ္ခုကိုဖြင့္လိုက္သည္။ အခန္းေရွ႕မွာေကာ ေလွ်ာက္လမ္းတစ္ခုလုံးမွာပါ အေစာင့္အေရွာက္တို႔ ရွိေနက်သည္။ အခန္းထဲဝင္လာေတာ့ ကုတင္တစ္ခုရဲ႕ ေရွ႕မွာ ရပ္ေနတဲ့ B2က အျမန္ပင္အနားေရာက္လာသည္။ ၿပီးေနာက္
"ခြဲစိန္ေပးၿပီပါၿပီ Blue သတိရဖို႔ေတာ့ ရက္အနည္းငယ္ၾကာပါလိမ့္မယ္ ...ရိုက္ႏွက္ခံထားရ႐ုံတင္မကဘူး..."
Blueကုတင္ေပၚက ေဆးပိုက္ေတြနဲ႕ လဲေနေသာ မိန္းကေလးကို ၾကည့္ရင္း B2ေျပာတာေတြကို နားေထာင္ေနမိသည္။ B2 ဆက္မေျပာတာေၾကာင့္ B2ကို ၾကည့္လိုက္မိသည္။ ခ်က္ခ်င္းပင္ B2စကားျပန္ဆက္လာသည္။
"မဒိန္းက်င့္ခံထားရပါတယ္ က်င့္တဲ့လူေတြရဲ႕ သုတ္ကိုယူၿပီး DNAစစ္ထားပါတယ္ ရဲတိုက္မလား Blue...."
Blue အံၾသမိသည္။ သူ႕သူငယ္ခ်င္းေဟာင္း ေက်ာ္ၿဖိဳးဝင္းဟာ သိပ္ကိုေၾကာက္စရာေကာင္းတဲ့ လူဆိုတာ ပိုၿပီးသိလာရသည္။ သို႔ေသာ္မတတ္နိုင္ပါ က်ားကိုသတ္ခ်င္ရင္ က်ားဂူထဲေတာ့ ဝင္ရမွာပဲေလ။
"ယုေကကိုက ဆုံးျဖတ္လိမ့္မယ္ သူရဲကိုတိုင္ခ်င္ရင္ သူသတိရလာတာနဲ႕ မင္းရထားတဲ့ အခ်က္အလတ္ေတြနဲ႕ တိုင္လိုက္ မတိုင္ခ်င္ဘူးဆိုရင္ေတာ့ ငါ့ကိုေခၚလိုက္ ငါလာခဲ့မယ္... "
"ေကာင္းပါၿပီ Blue...."
Blue ယုေကကိုကို စိုက္ၾကည့္ေနမိသည္။ "မင္းလည္း ငါ့လိုပဲေနာ္ ေနာက္ေက်ာကို ဓားနဲ႕လွႀကီးအထိုးခံရတာပဲ ငါတို႔ရဲ႕ ရန္သူက တစ္ေယာက္တည္း ျဖစ္ေနတာေတာ့ သိပ္တိုက္ဆိုင္လြန္းတာပဲ" Blueစိတ္ထဲကေနေျပာၿပီး ေဆး႐ုံကေန အိမ္သို႔ ျပန္လွယ္ထြက္ခြာခဲ့လိုက္သည္။
Blueသတိမထားမိသည္က ရန္သူက ကိုယ့္ဆီျပန္လာမယ့္ တုန္ျပန္တိုက္ကြပ္ကို ေမ့ေလ်ာ့ေနမိသည္။ Blueကို ၿဖိဳလဲဖို႔ အေကာင္းဆုံး တိုက္ကြပ္က လြန္းသာဆိုတဲ့ ႏွနယ္နယ္ေကာင္ေလးျဖစ္သည္ကို ေက်ာ္ၿဖိဳးဝင္းက ရိပ္မိသြားမွာကို Blueသတိထားလွ်က္နဲ႕ပင္ ေမ့ေလ်ာ့ေနခဲ့သည္။