Chapter 399: You’ll Get Pregnant
အခန္း ၃၉၉ မင္း ကိုယ္ဝန္ ရလိမ့္မယ္
ႏွိမ့္ခ်ၾကည့္သည္ ဆိုေသာ စာလံုးမွာ ျပဒါးေသြးနီမ်ိဳးႏြယ္က တြန္႕ခနဲ ျဖစ္သြားသည္။
You XiaoMo၏ စကားလံုးမ်ားက သူ႕ရဲ႕ လူေတြကို အာခံတတ္ေသာ အထံုပါရမီကို ေသခ်ာေပါက္ ျပသေနသည္။ သူ မည္သူ႕ကို ညႊန္းဆိုေနေၾကာင္း ေသခ်ာေပါက္ မေျပာေပမယ့္ လူတိုင္းကေတာ့ ဘယ္သူ႕ကို ရည္ညႊန္းသလဲ ဆိုတာ သိၾကသည္။ ထပ္ေဆာင္းေျပာရလွ်င္ ထိုစကားလံုးမ်ားက သူ႕အေရွ႕ေမွာက္မွာ ရွိေနေသာသူမ်ားကို သူေျပာတာ ျဖစ္တာေၾကာင့္ အက်ိဳးသက္ေရာက္မႈက ပိုျပီးေတာင္ ထိေရာက္ေသးသည္။
အေျခအေန အျပည့္အစံုကို သိသူမွာ ေကာင္းကင္ကို တိတ္တဆိတ္ ေငးၾကည့္ေနေသာ Ling Xiao သာ ရွိသည္။
ဒီမွာတင္ မေမွ်ာ္လင့္ထားတာၾကီးကေတာ့ ျပဒါးေသြးနီမ်ိဳးႏြယ္စုကလူမ်ားက ေဒါသကို ဒီမွာမေပါက္ကြဲလုိက္တာပဲ ျဖစ္သည္။
Hu KangNing၏ အမူအယာက ရုပ္ဆိုးသြားသည္ သို႕ေသာ္လည္း တစ္စံုတစ္ေယာက္၏ တားဆီးျခင္း ခံလိုက္ရသလို ဘာမွ မလုပ္ပဲ You XiaoMo ကို တစ္စစီ ဆြဲျဖဲ ပစ္ခ်င္သည့္အၾကည့္မ်ားျဖင့္သာ မ်က္ေထာင့္နီၾကီးႏွင့္ တုန္ရီစြာ ၾကည့္ေနသည္။
သူ႕ကို တားလုိက္သူကေတာ့ You QingShan ျဖစ္သည္။
ေမွာ္ဆရာအဖြဲ႕အစည္းမွ Cheng DongQing က မရိုးမသားျပံဳးကာ You QingShan ကို ေျပာသည္ “ဒီလိုလူျပက္တစ္ေယာက္က ေစာ္ကားလုိက္တာကို သီးခံႏိုင္တဲ့ အစ္ကိုQingShan ကိုေတာ့ ကၽြန္ေတာ္ တကယ္ေလးစားသြားျပီ”
You QingShan ကမတုန္မလႈပ္ႏွင့္ ဘာမွ မဟုတ္သလုိ ျပန္ေျဖသည္ “မင္းျပန္ေျပာလုိက္ရင္ မင္းက လူျပက္တစ္ေယာက္ ထက္ မပိုဘူး ျဖစ္သြားမွာေပ့ါ ဒီေတာ့ သူနဲ႕ ျပိဳင္ျဖစ္ေနရင္ ကိုယ့္အဆင့္ကိုယ္ ခ်ရာ ေရာက္သြားမယ္။ ငါ့မွာလဲ အဲလို လုပ္ဖို႕ အခ်ိန္မရွိဘူး ”
Cheng DongQingက အမူအယာက အနညး္ငယ္ေျပာင္းလဲသြားျပီး သူအရင္က You XiaoMo ႏွင့္ ဘယ္လို အျငင္းပြားခဲ့ သလဲ ဆိုတာ ျပန္သတိရသြားသည္။ သို႕ေသာ္လဲ အဲဒါက အျငင္းပြားသည္ဟုမွ မဆိုႏိုင္တာပဲ ဒီေတာ့ သူက စိတ္ထဲက အျမန္ထုတ္လုိက္ကာ တဖက္လူကို အားခပ္ေပ်ာ့ေပ်ာ့ႏွင့္ ေထာက္ခံလိုက္သည္ “အစ္ကိုQingShan က အရမ္းမွန္တယ္”
ဒါက သူ႕ပိုင္ဖက္ဆီမွာ ဒီလို တုန္႕ျပန္မႈမ်ိဳး ရတာပထဆံုးအၾကိမ္ ျဖစ္တာမို႕ You XiaoMo က ဘယ္လို ျပန္တုန္႕ျပန္ရမလဲ မသိေပ။
အဲဒိအခ်ိန္မွာ You XiaoMoက Ling Xiao ကုိ ျပဴးက်ယ္က်ယ္ မ်က္လံုးမ်ားျဖင့္ ေမာ့ၾကည့္လုိက္သည္။
Ling Xiao က အသာေလး သက္ျပင္းခ်ကာ “ဒီလုိ ႏွိမ့္ခ်ၾကည့္တတ္တဲ့ လူေတြနဲ႕ စကားမေျပာသင့္ဘူးလို႕ ငါ မေျပာဘူးလား၊ ဒါေပမယ့္ မင္းငါ့ကို မယံုဘူးေလ။ အဲဒိလူေတြနဲ႕ စကားေျပာရင္ မင္း ကိုယ္ဝန္ရွိသြားႏိုင္တယ္ ဆိုတာ မသိဘူးလား ”
“ဖြတ္…” You XiaoMo က သူ႕ရင္ဘတ္ေတြ နာတဲ့အထိကို ရယ္ေမာလုိက္ရသည္။
သူမွားသြားသည္ ဒါကမွ တကယ့္အၾကီးအကဲ အစစ္ကြ။
သူတို႕ပတ္လည္က အဲဒါကို ၾကားလိုက္ရေသာ လူမ်ားအားလံုး၏ အမူအယာမ်ားလဲ တြန္႕ခနဲ ျဖစ္သြားသည္။ တစ္စံုတစ္ေယာက္ စကားေျပာတာကို ၾကားတာနဲ႕တင္ ကိုယ္ဝန္ရွိသြားမယ္ …အဲဒါက တကယ့္ကို စကားစု အသစ္တစ္ခု ျဖစ္သည္။ လူအမ်ားစုက You XiaoMo လိုပဲ ရယ္ခ်င္တာကို ထိန္းမထားႏိုင္ေပ။ သို႕ေသာ္လည္း သူတို႕က ပိုမို ထိန္းခ်ဳပ္ႏိုင္တာမို႕ သူ႕တုိ႕လက္ေတြႏွင့္ ကြယ္ကာသာ ရယ္ၾကသည္။
ထိုစကားကို ၾကားေတာ့ You QingShan၏ အၾကည့္ေတြက ေရခဲေတြေတာင္ ပစ္လႊတ္ေတာ့မတတ္ ေအးစက္သြားသည္။ သို႕ေသာ္လည္း သူအေစာက ေျပာထားသည့္ စကားေၾကာင့္မို႕ ဒီလူေတြကို သူဘာမွ မလုပ္ခ်င္ေသး။ ဒါက ကိုယ့္ ေသသြင္း ကိုယ္တူးတာပင္။
“သူတို႕ေတြကို စိတ္ထဲ ထားမေနနဲ႕ အခ်ိန္တန္ေတာ့မယ္ သြားရေအာင္”
Ling Ming က ထို ထူးဆန္းေသာ အေျခအေနကေန ထြက္ႏိုင္ရန္အတြက္ သူတို႕ကို ကူညီေပးလိုက္သည္။
Cheng DongQing က You XiaoMo ကို သဲသဲမဲမဲ စိုက္ၾကည့္သည္မွာ အၾကည့္ႏွင့္တင္ သတ္ေတာ့မလိုပင္။ သူက ဘာမွ မလုပ္ေပမယ့္ You XiaoMo ႏွင့္ Ling Xiao ကို ၏ သ႑ာန္ကို သူ႕စိတ္ထဲ ထင္းေနေအာင္ မွတ္ထားလုိ္က္ေတာ့သည္။
You XiaoMo သာ သူဘာေတြ စဥ္းစားေနလဲ သိလွ်င္ေတာ့ သူတို႕၏ အသြင္အျပင္ေတြက အတုေတြ ျဖစ္ေၾကာင္း ေျပာျပေလာက္သည္။
Xiong Xiao ႏွင့္ Qiao WuShuang က You XiaoMo ႏွင့္ Ling Xiao ကို ၾကည့္ကာ ငိုရမလား ရယ္ရမလားေတာင္ မသိေတာ့။ ဒီလို ကိစၥေတြ အထိ ျဖစ္ေပၚလာတာက ယံုၾကည္ရန္ေတာင္ ခက္ခဲလွသည္။ သူတို႕က You QingShanႏွင့္ ဆက္ဆံေရးေကာင္း ျဖစ္ရမည့္ အခြင့္အလန္းအားလံုးကို ဒီေန႕မွာ လံုးဝ ဖ်တ္ဆီးပစ္လိုက္ႏိုင္သည္။ ျပဒါးေသြးနီ မ်ိဳးႏြယ္စုမွ ဘယ္လူကမွ ခြင့္လႊတ္ေပးေတာ့မွာ မဟုတ္။
Xiong Xiao က အံၾသမႈကို ပထမဆံုး လႊတ္ခ်လိုက္သူပဲ ျဖစ္သည္။ တကယ္ေတာ့ သူက ျပဒါးေသြးနီမ်ိဳးႏြယ္စုမွ လူမ်ားကို ၾကည့္မရ ျဖစ္ေနသည္မွာ ၾကာလွ ရွိေနျပီ။ သူတို႕ေတြ အားလံုးက မာနေတြက ေခါင္ခိုက္ေနရၾကသူမ်ား ျဖစ္သည္။ သူတို႕၏ အဆင့္အတန္းေၾကာင့္သာ မဟုတ္လွ်င္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာထဲက သူ တစ္ခုခုေတာ့ လုပ္ျပီးေနျပီ။
“ေရာင္းရင္းတို႕ ႏွစ္ေယာက္ကေတာ့ က်ဳပ္ေမွ်ာ္လင့္ထားတာထက္ေတာ္င ေက်ာ္လြန္ေနၾကေသးတယ္ ” Xiong Xiao က တက္ၾကြကာ လြတ္လြတ္လပ္လပ္ ရယ္ေမာေတာ့သည္ “ဒါေပမယ့္ အဲဒါက ေကာင္းတယ္”
“ဒါ ဘာမွ မဟုတ္ေသးပါဘူး” You XiaoMo က မ်က္လံုးထဲမွာေတာင္ အျပံဳးေတြ ေပ်ာ္ဝင္ေနသည္။
Qiao WuShuangက အျပံဳးတစ္ပြင့္ႏွင့္ ေခါင္းခါလိုက္သည္။ ေျမေအာက္နန္းေတာ္ထဲ ဝင္ျပီးရင္ ျပဒါးေသြးနီမ်ိဳးႏြယ္မွ လူမ်ား သူတို႕ကို ေသခ်ာေပါက္ လာရွာရင္ေကာ သူတို႕ ဒီလုိ ျပံဳးႏိုင္ဦးမလား။
အခ်ိန္နည္းလာေတာ့ တင္းမာမႈမ်ားလည္း ေလထဲ ျပည့္ႏွက္လာသည္။
Qiao WuShuang က သူ သိေသာ တစ္ေယာက္ေယာက္ကို ျမင္လုိက္ရသလို ရုတ္တရက္ ေျပာလာသည္ “က်ဳပ္ လုပ္စရာေလး ရွိေသးလို႕ အရင္သြားႏွင့္မယ္ေနာ္”
အဲဒိေနာက္ သူက ခပ္ေဝးေဝးေနရာမွ လူတစ္စုဆီ ေလွ်ာက္သြားသည္။ ထိုလူမ်ားက အခုမွ ေရာက္လာပံု ေပၚကာ အရွိန္အဝါေတြ ေတာက္ေျပာင္ေနသည္။
Xiong Xiao က ေျပာသည္ “သူတို႕က သားရဲသ႑ာန္ေျပာင္းအဖြဲ႕အစည္းကေလ”
You XiaoMo မ်က္လံုးမ်ား လက္ခနဲ ျဖစ္သြားကာ “အစ္ကိုၾကီး Qiao က သားရဲသ႑ာန္ေျပာင္းအဖြဲ႕အစည္းကလား”
Xiong Xiao က အံၾသျပီး ျပန္ေျဖသည္ “ဟုတ္တယ္ေလ။ မသိဘူးလား” Qiao WuShuang က တိုက္မၾကီးေတာင္ပိုင္းတြင္ အလြန္နာမည္ၾကီးသည္။ ေယဘူယ်အားျဖင့္ေတာ့ သူ႕ကို မၾကားဖူးေသာ သူဆိုျပီး မရွိသင့္ေပ။
You XiaoMo က ရယ္ကာ “အခုေတာ့ ကၽြန္ေတာ္ သိသြားျပီေလ”
ဘယ္လို လုပ္ေဆာင္ရမည္ ကို သူတုိ႕ မသိေသးခင္တုန္းကေတာ့ ဒါ တကယ့္ကို မလြယ္ကူေပ။ အခုေတာ့ Qiao WuShuang ႏွင့္ သူတို႕၏ ဆက္ဆံေရးႏွင့္ဆို သူ႕အတြက္ သားရဲသ႑ာန္ေျပာင္းလဲျခင္း သင္ယူဖို႕အတြက္ ပိုမို လြယ္ကူသြားျပီ။
Xiong Xiao က က်ိဳးပဲ့ေတာင္ၾကားကို တစ္ခ်က္ၾကည့္ကာ သူတို႕ကို ေျပာသည္ “ေျမေအာက္နန္းေတာ္ ဝင္ေပါက္က ေပၚလာေတာ့မယ္ ေရာင္းရင္းတို႕ ႏွစ္ေယာက္ ဂရုစိုက္ပါ။ က်ဳပ္ေတာ့ အျခားသူေတြနဲ႕ ေတြ႕စရာရွိေသးလို႕ သြားရဦးမယ္ ဒီေတာ့ သြားခြင့္ျပဳပါဦး”
You XiaoMo က သူ႕ကို လက္ေ၀့ျပလုိ္က္သည္။
ဇြန္ေတာင္တန္းကို အျမန္ေျပးလာၾကသူမ်ားလဲ မ်ားျပားလွသည္။ ျပဒါးေသြးနီ မ်ိဳးႏြယ္စု လို ထိပ္တန္းမ်ိဳးႏြယ္စုအျပင္ တုိက္မၾကီးေတာင္ပိုင္းမွ အင္အားၾကီးအဖြဲ႕အားလံုးႏွင့္ သိပ္နာမည္မၾကီးေသာ သူမ်ားလဲ ေတာ္ေတာ္မ်ားမ်ားလဲ လာၾကသည္။ အခ်ိန္က်ခါနားနီးလာေတာ့ ထိုလူမ်ားအားလံုးက က်ိဳးပဲ့ေတာင္ၾကား၏ ဝင္ေပါက္ကို အကုန္ စုျပံဳတိုးလာၾကသည္။
You XiaoMo ႏွင့္ Ling Xiao က အေနာက္ခပ္လွမ္းလွမ္းမွာ ျဖစ္ေသာ္လည္း တစ္နာရီ၏ ရွစ္ပံုတစ္ပံု ခုနစ္မိနစ္ခြဲ အခ်ိန္ရတာမို႕ သူတို႕က အရမ္း မစိုးရိ္မ္ေန။
ေနာက္ ဆယ္မိနစ္ၾကာေတာ့ အေရွ႕ဘက္မွ စိတ္လႈပ္ရွားေသာ ေအာ္သံတစ္သံ ထြက္လာသည္ “ေျမေအာက္နန္းေတာ္ ဝင္ေပါက္ ေပၚလာျပီေဟ့”
အသံ ထြက္လာသည္ႏွင့္ လူအုပ္ၾကီးကလည္း စိတ္မရွည္စြာ အေရွ႕ကို ေျပးတက္ၾကသည္။
လူအုပ္ၾကီးက က်ိဳးပဲ့ေတာင္ၾကားဆီသို႕ ပရြက္ဆိတ္မ်ားအလား တိုးဝင္ၾကသည္။ အားနည္းေသာ က်င့္ၾကံသူမ်ားႏွင့္ ေမွာ္ဆရာမ်ားေတာင္ ေသေရးရွင္ေရးအလား ေျပးၾကသည္။
ရလာဒ္ကေတာ့ ေမွ်ာ္လင့္ထားသည့္ အတိုင္းပင္။ ဘယ္သူမွ အသက္မရွင္ အားလံုးက ထက္ရွေသာ ေလသင္တုန္းမ်ား၏ ျဖတ္ရွျခင္း ခံရကာ ဝင္ေပါက္ဝတြင္ ျမင္မေကာင္းေအာင္ အပုိင္းပို္င္း ျဖစ္ကုန္သည္။ လူအမ်ား၏ စိတ္ထဲတြင္လဲ အဲဒါကို ျမင္မွ ရွင္းလင္းသြားကာ ေသဆံုးသြားေသာ သူမ်ားကို သနားစြာ ၾကည့္ရႈျပီး အထဲဝင္ရန္ ထိတ္လန္႕ကုန္သည္။ သူတို႕ အားလံုး လုပ္ႏို္င္တာကေတာ့ အေပါက္ဝတြင္ မတ္တပ္ရပ္ၾကည့္ျပီး သက္ျပင္းခ်ဖို႕သာ ရွိသည္။
ျပဒါးေသြးနီမ်ိဳးႏြယ္စုႏွင့္ အျခားအဖြဲ႕မ်ားကေတာ့ သူတို႕၏ လက္ေရြးစင္အေက်ာ္အေမာ္မ်ားက ဦးေဆာင္မႈ ေအာက္မွာ အထဲကို တိုးဝင္သြားသည္။
You XiaoMo က Ling Xiao ကို အျမန္လွမ္းဆြဲသည္။ သူတုိ႕ေတြ က်ိဳးပဲ႕ေတာင္ၾကားထဲကို မဝင္ရေသးခင္မွာကို အေအးဓါတ္ကို ခံစားရခ်ိန္တြင္ သူ႕တို႕စိတ္ဝိဥာဏ္မ်ားေတာင္ တုန္ရီလာသလုိပင္။
အျခားသူမ်ားႏွင့္ အထဲကို ဝင္ျပီးေနာက္ ျမင္ကြင္းထဲတြင္ အခၽြန္အတက္မ်ား ႏွင့္ ေရညွိမ်ား ဖံုးလႊမ္း ေနေသာ ျမင့္မားလွေသာ ကမ္းပါးနံရံၾကီး နွစ္ဖက္ ေပၚလာသည္။ သူတုိ႕ ေရွ႕မွာ ရွိေနတာကေတာ့ တဝုန္းဝုန္းတိုက္ခတ္ေနေသာ ေလျပင္းမ်ား ၾကက္သီးထဖြယ္ အသံမ်ား လႊင့္ထုတ္ေနသည္မွာ တေစၦသရဲမ်ား ရွိေနသည့္ အလားပင္။
You XiaoMo က ေခါင္းျမွင့္ကာ ေမာ့ၾကည့္လုိက္ေတာ့ ေလထဲမွာပင္ အက္ေၾကာင္းေလးတစ္ခု ျမင္လိုက္ရသလို ရွိသည္။
ထို အက္ကြဲေၾကာင္းက ဒီမွာ ရွိေနတာ ႏွစ္ေပါင္းမ်ားစြာ ရွိျပီ ျဖစ္ျပီး အက္ေၾကာင္းထဲက ေလဟာနယ္စြမ္းအင္က ပိုပို ထြက္ေနတာမို႕ အင္ပါယာအဆင့္ႏွင့္ အထက္ က်င့္ၾကံသူမ်ားသာ ခံႏိုင္ရည္ ရွိျခင္း ျဖစ္သည္။
ဘယ္သူကမွ ထိုအက္ကြဲေၾကာင္းနား မကပ္ဝံ့ပဲ သူတို႕အသက္အတြက္ ေရွာင္ရွားၾကသည္။
You XiaoMo က အေရွ႕က ျပဒါးေသြးနီမ်ိဳးႏြယ္စုကို မျမင္ႏိုင္ပဲ သူတို႕၏ သ႑ာန္ေတြက ဝါးေနသည္။ အျခားသူမ်ားကလည္း သူတို႕ကို ေနာက္ေန လိုက္ပါလာၾကသည္။ သို႕ေသာ္လည္း သူတုိ႕က အလြန္ဂရုစိုက္ေနၾကရကာ ေပ်ာက္သြားမွာကို ထိတ္လန္႕ေနၾကသည္။
သို႕ေသာ္ အဲဒါက နားလည္ႏို္င္ေသာ အရာပဲ ျဖစ္သည္။ လူတိုင္းက က်ိဳးပဲေတာင္ၾကား မွာ ေျမေအာက္နန္းေတာ္ ေပၚလာမည္ သိၾကေသာ္လည္း ေတာင္ၾကားက ထုထည္ၾကီးမားလွသည္။ အျပင္က ဆိုလွ်င္ မီတာႏွစ္ရာသာ က်ယ္သည္ဟု ထင္ရသည္ သို႕ေသာ္ မီတာ ေထာင္ခ်ီ နက္ကာ အႏၱရာယ္ ရွိေသာ ေလမ်ားက ေနရာတုိင္းမွ တုိက္ခတ္ေနသည္။ သူတို႕က ေနရာအႏွံသြားျပီး ပစၥည္းသြားမရွာ ႏိုင္ေခ်။ ဒီေတာ့ ျပဒါးေသြးနီမ်ိဳးႏြယ္စု ေနာက္ကိုလိုက္တာက အေကာင္းဆံုး နည္းလမ္း ျဖစ္သည္။
“သြားရေအာင္” Ling Xiao က သူ႕လက္ကို ကိုင္ကာ အေရွ႕ကို ဆြဲေခၚသြားသည္။
You XiaoMo က တစ္ခါတည္း လိုက္သြားသည္။ သူတို႕က ဝင္ေပါက္ ဘယ္မွာလဲ ဆိုတာ သိျပီးသား ျဖစ္ေပမယ့္ ေပၚတင္ ျပလုိ႕ေတာ့ မရေပ မဟုတ္ပါက စံအိမ္မွာ ျဖစ္ပ်က္ေသာ မေတာ္တဆက သူတုိ႕ လုပ္တာပါ ဆိုျပီး ျပဒါးေသြးနီ မ်ိဳးႏြယ္စုမွ သံသယ ဝင္သြားႏိုင္သည္။
သူတို႕က မသိေသာ္လည္း အေရွ႕နားက You Ming ကေတာ့ သူတို႕ကို အမွန္တကယ္ကို ေစာင့္ၾကည့္ေနသည္။
You XiaoMo ႏွင့္ Ling Xiao ကို ျမင္ေတာ့ သူတို႕က သူ႕ၾကည့္ေနတာကို ခ်က္ခ်င္း ဖမ္းမိသြားသည္ အဲဒါက အထူးသျဖင့္ေတာ့ Ling Xiao ပဲ ျဖစ္သည္။ ထိုသူက အျခားသူမ်ားကို ေဖာက္ထြင္း ျမင္ႏိုင္သလို ခံစားခ်က္ကို ေပးစြမ္းသည္။ တစ္ခ်ိန္တည္းမွာပဲ ထင္ေယာင္ထင္မွာ ျဖစ္ေစကာ ခြဲျခားသိျမင္ႏိုင္ရန္ ခက္ခဲလွသည္။
သူတို႕ေတြက Hu Yin ႏွင့္ Hu Lu ကို သတ္သလားဆိုတာ သူမေသခ်ာေသးေသာ္လည္း ဒီႏွစ္ေယာက္ကို သံသယက ဝင္ေနျပီးသာ ျဖစ္သည္။
“အား…..”
လူတိုင္း ခရီးေရာက္ေနခ်ိန္မွာပဲ စူးရွေသာ ေအာ္သံတစ္ခုက ရုတ္တရက္ ထြက္ေပၚလာသည္။ ႏွစ္စကၠန္႕ၾကာေသာ္ ေပါက္ကြဲမႈအေသးေလးတစ္ခု၏ သက္ေသျပခ်က္အျဖစ္ ေအာ္သံတစ္ခုႏွင့္အတူ ရပ္တန္႕ကုန္ၾကသည္။
သနားဖို႕ေကာင္းေသာ လူတစ္ေယာက္က သူ႕ဘာသာ ေလျပင္း တုိက္ေနရာကို ေရာက္သြားသည္။ အက္ေၾကာင္းထဲက စြမ္းအင္တစ္ခု ထြက္လာကာ သူ႕ကို သတ္လုိက္သည့္အခ်ိန္မွာ သူက ေရွ႕တိုးစပဲ ရွိသည္။ ေလထုက ေသြးမ်ားျဖင့္ ျပည့္ႏွက္သြားကာ ေလကလည္း ခပ္ေဝးေဝးအထိကို ပ်ံႏွံသြားေစသည္။ အခ်ိဳ႕ေသာသူမ်ားက အခ်ိန္မီ မေရွာင္ႏိုင္တာမို႕ မ်က္ႏွာအျပည့္ ေသြးမ်ားျဖင့္ ပက္ျဖန္းခံလုိက္ရသည္။
You XiaoMo က Ling Xiao အေနာက္ကို ဝင္ပုန္းကာ ေသြးမ်ားကို သူ႕ကိုယ္ႏွင့္ ကြယ္ထားလိုက္သည္။
ဒါေပ့ါ ေသြးမိုးက Ling Xiao ကို ထိဖို႕ မေျပာႏွင့္ အဝတ္ေတြ၏ အစြန္းကိုေတာင္ မထိႏိုင္ေပ။
အဲဒိေနာက္မွာ You XiaoMo က Ling Xiaoေရွ႕ကို ျပန္ဆြဲေခၚတာ ခံလိုက္ရသည္။
“ဇနီးေလး၊ အဲဒါက ေသျခင္းတရားေလးပဲေလ။ အရင္က ေသတာ မျမင္ဘူးတာလဲ မဟုတ္ပဲနဲ႕ ဒါေလးက ကိစၥပိစိေလး ေၾကာက္ဖို႕ မလိုဘူး”
You XiaoMo က မ်က္လံုးေလးလွန္ကာ “ဒါေပမယ့္ ရြံဖို႕ေတာ့ ေကာင္းေသးတယ္ေလ”
လူသားမ်ား၏ ကိုယ္ခႏၶာကိုယ္က ပ်က္စီးလြယ္ေသးသည္။ အသည္းႏွင့္ အူမ်ားကဲ့သို႕ အဂၤါ မ်ားကလည္း ေသြးမိုးထဲတြင္ ေရာေထြးေနသည္။ သူ႕ကိုယ္ေပၚသာ စင္မိပါက သူ႕မွာ ရပ္ေပါင္းမ်ားစြာ ေနမေကာင္း ျဖစ္ေနလိမ့္မည္။
Ling Xiao က ျပံဳးကာ “မင္း အေလ့အက်င့္ျဖစ္သြားလိမ့္မယ္”
You XiaoMoက ျပန္ေျဖသည္ “ကၽြန္ေတာ္က ဘယ္ေတာ့မွ အေလ့အက်င့္ ျဖစ္မွာ မဟုတ္ဘူး” ။ အေလ့အက်င့္ ျဖစ္သြားလိမ့္မည္ ဆိုတာ၏ အဓိပၸါယ္က သူက ဒါႏွင့္ ဆင္တူေသာ အေျခအေနမ်ားကို ပိုမို ေတြ႕ၾကံဳရမည္ ဆိုတာပင္။
ဒီအျဖစ္အပ်က္ေၾကာင့္ လူအုပ္ၾကီးက တန္႕သြားသည္။
ၾကည့္ရတာ ေျမေအာက္နန္းေတာ္ ဝင္ေပါက္ကို ေတြ႕သြားျပီ ထင္သည္။ Cang မဟာမိတ္ႏွင့္ သားရဲသ႑ာန္ေျပာင္းအဖြဲ႕အစည္း မ်ား အပါအဝင္ အင္အားၾကီး အဖြဲ႕မ်ား စုစည္းလိုက္ၾကသည္။ လူအုပ္ၾကီးက ဒါက ေျမေအာက္နန္းေတာ္၏ ဝင္ေပါက္ ဟုတ္မဟုတ္ကို အတူတကြ အတည္ျပဳေနသည္ဟု ထင္ရေပသည္။
Unicode
Chapter 399: You’ll Get Pregnant
အခန်း ၃၉၉ မင်း ကိုယ်ဝန် ရလိမ့်မယ်
နှိမ့်ချကြည့်သည် ဆိုသော စာလုံးမှာ ပြဒါးသွေးနီမျိုးနွယ်က တွန့်ခနဲ ဖြစ်သွားသည်။
You XiaoMo၏ စကားလုံးများက သူ့ရဲ့ လူတွေကို အာခံတတ်သော အထုံပါရမီကို သေချာပေါက် ပြသနေသည်။ သူ မည်သူ့ကို ညွှန်းဆိုနေကြောင်း သေချာပေါက် မပြောပေမယ့် လူတိုင်းကတော့ ဘယ်သူ့ကို ရည်ညွှန်းသလဲ ဆိုတာ သိကြသည်။ ထပ်ဆောင်းပြောရလျှင် ထိုစကားလုံးများက သူ့အရှေ့မှောက်မှာ ရှိနေသောသူများကို သူပြောတာ ဖြစ်တာကြောင့် အကျိုးသက်ရောက်မှုက ပိုပြီးတောင် ထိရောက်သေးသည်။
အခြေအနေ အပြည့်အစုံကို သိသူမှာ ကောင်းကင်ကို တိတ်တဆိတ် ငေးကြည့်နေသော Ling Xiao သာ ရှိသည်။
ဒီမှာတင် မမျှော်လင့်ထားတာကြီးကတော့ ပြဒါးသွေးနီမျိုးနွယ်စုကလူများက ဒေါသကို ဒီမှာမပေါက်ကွဲလိုက်တာပဲ ဖြစ်သည်။
Hu KangNing၏ အမူအယာက ရုပ်ဆိုးသွားသည် သို့သော်လည်း တစ်စုံတစ်ယောက်၏ တားဆီးခြင်း ခံလိုက်ရသလို ဘာမှ မလုပ်ပဲ You XiaoMo ကို တစ်စစီ ဆွဲဖြဲ ပစ်ချင်သည့်အကြည့်များဖြင့်သာ မျက်ထောင့်နီကြီးနှင့် တုန်ရီစွာ ကြည့်နေသည်။
သူ့ကို တားလိုက်သူကတော့ You QingShan ဖြစ်သည်။
မှော်ဆရာအဖွဲ့အစည်းမှ Cheng DongQing က မရိုးမသားပြုံးကာ You QingShan ကို ပြောသည် “ဒီလိုလူပြက်တစ်ယောက်က စော်ကားလိုက်တာကို သီးခံနိုင်တဲ့ အစ်ကိုQingShan ကိုတော့ ကျွန်တော် တကယ်လေးစားသွားပြီ”
You QingShan ကမတုန်မလှုပ်နှင့် ဘာမှ မဟုတ်သလို ပြန်ဖြေသည် “မင်းပြန်ပြောလိုက်ရင် မင်းက လူပြက်တစ်ယောက် ထက် မပိုဘူး ဖြစ်သွားမှာပေ့ါ ဒီတော့ သူနဲ့ ပြိုင်ဖြစ်နေရင် ကိုယ့်အဆင့်ကိုယ် ချရာ ရောက်သွားမယ်။ ငါ့မှာလဲ အဲလို လုပ်ဖို့ အချိန်မရှိဘူး ”
Cheng DongQingက အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး သူအရင်က You XiaoMo နှင့် ဘယ်လို အငြင်းပွားခဲ့ သလဲ ဆိုတာ ပြန်သတိရသွားသည်။ သို့သော်လဲ အဲဒါက အငြင်းပွားသည်ဟုမှ မဆိုနိုင်တာပဲ ဒီတော့ သူက စိတ်ထဲက အမြန်ထုတ်လိုက်ကာ တဖက်လူကို အားခပ်ပျော့ပျော့နှင့် ထောက်ခံလိုက်သည် “အစ်ကိုQingShan က အရမ်းမှန်တယ်”
ဒါက သူ့ပိုင်ဖက်ဆီမှာ ဒီလို တုန့်ပြန်မှုမျိုး ရတာပထဆုံးအကြိမ် ဖြစ်တာမို့ You XiaoMo က ဘယ်လို ပြန်တုန့်ပြန်ရမလဲ မသိပေ။
အဲဒိအချိန်မှာ You XiaoMoက Ling Xiao ကို ပြူးကျယ်ကျယ် မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
Ling Xiao က အသာလေး သက်ပြင်းချကာ “ဒီလို နှိမ့်ချကြည့်တတ်တဲ့ လူတွေနဲ့ စကားမပြောသင့်ဘူးလို့ ငါ မပြောဘူးလား၊ ဒါပေမယ့် မင်းငါ့ကို မယုံဘူးလေ။ အဲဒိလူတွေနဲ့ စကားပြောရင် မင်း ကိုယ်ဝန်ရှိသွားနိုင်တယ် ဆိုတာ မသိဘူးလား ”
“ဖွတ်…” You XiaoMo က သူ့ရင်ဘတ်တွေ နာတဲ့အထိကို ရယ်မောလိုက်ရသည်။
သူမှားသွားသည် ဒါကမှ တကယ့်အကြီးအကဲ အစစ်ကွ။
သူတို့ပတ်လည်က အဲဒါကို ကြားလိုက်ရသော လူများအားလုံး၏ အမူအယာများလဲ တွန့်ခနဲ ဖြစ်သွားသည်။ တစ်စုံတစ်ယောက် စကားပြောတာကို ကြားတာနဲ့တင် ကိုယ်ဝန်ရှိသွားမယ် …အဲဒါက တကယ့်ကို စကားစု အသစ်တစ်ခု ဖြစ်သည်။ လူအများစုက You XiaoMo လိုပဲ ရယ်ချင်တာကို ထိန်းမထားနိုင်ပေ။ သို့သော်လည်း သူတို့က ပိုမို ထိန်းချုပ်နိုင်တာမို့ သူ့တို့လက်တွေနှင့် ကွယ်ကာသာ ရယ်ကြသည်။
ထိုစကားကို ကြားတော့ You QingShan၏ အကြည့်တွေက ရေခဲတွေတောင် ပစ်လွှတ်တော့မတတ် အေးစက်သွားသည်။ သို့သော်လည်း သူအစောက ပြောထားသည့် စကားကြောင့်မို့ ဒီလူတွေကို သူဘာမှ မလုပ်ချင်သေး။ ဒါက ကိုယ့် သေသွင်း ကိုယ်တူးတာပင်။
“သူတို့တွေကို စိတ်ထဲ ထားမနေနဲ့ အချိန်တန်တော့မယ် သွားရအောင်”
Ling Ming က ထို ထူးဆန်းသော အခြေအနေကနေ ထွက်နိုင်ရန်အတွက် သူတို့ကို ကူညီပေးလိုက်သည်။
Cheng DongQing က You XiaoMo ကို သဲသဲမဲမဲ စိုက်ကြည့်သည်မှာ အကြည့်နှင့်တင် သတ်တော့မလိုပင်။ သူက ဘာမှ မလုပ်ပေမယ့် You XiaoMo နှင့် Ling Xiao ကို ၏ သဏ္ဍာန်ကို သူ့စိတ်ထဲ ထင်းနေအောင် မှတ်ထားလိုက်တော့သည်။
You XiaoMo သာ သူဘာတွေ စဉ်းစားနေလဲ သိလျှင်တော့ သူတို့၏ အသွင်အပြင်တွေက အတုတွေ ဖြစ်ကြောင်း ပြောပြလောက်သည်။
Xiong Xiao နှင့် Qiao WuShuang က You XiaoMo နှင့် Ling Xiao ကို ကြည့်ကာ ငိုရမလား ရယ်ရမလားတောင် မသိတော့။ ဒီလို ကိစ္စတွေ အထိ ဖြစ်ပေါ်လာတာက ယုံကြည်ရန်တောင် ခက်ခဲလှသည်။ သူတို့က You QingShanနှင့် ဆက်ဆံရေးကောင်း ဖြစ်ရမည့် အခွင့်အလန်းအားလုံးကို ဒီနေ့မှာ လုံးဝ ဖျတ်ဆီးပစ်လိုက်နိုင်သည်။ ပြဒါးသွေးနီ မျိုးနွယ်စုမှ ဘယ်လူကမှ ခွင့်လွှတ်ပေးတော့မှာ မဟုတ်။
Xiong Xiao က အံသြမှုကို ပထမဆုံး လွှတ်ချလိုက်သူပဲ ဖြစ်သည်။ တကယ်တော့ သူက ပြဒါးသွေးနီမျိုးနွယ်စုမှ လူများကို ကြည့်မရ ဖြစ်နေသည်မှာ ကြာလှ ရှိနေပြီ။ သူတို့တွေ အားလုံးက မာနတွေက ခေါင်ခိုက်နေရကြသူများ ဖြစ်သည်။ သူတို့၏ အဆင့်အတန်းကြောင့်သာ မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက သူ တစ်ခုခုတော့ လုပ်ပြီးနေပြီ။
“ရောင်းရင်းတို့ နှစ်ယောက်ကတော့ ကျုပ်မျှော်လင့်ထားတာထက်တော်င ကျော်လွန်နေကြသေးတယ် ” Xiong Xiao က တက်ကြွကာ လွတ်လွတ်လပ်လပ် ရယ်မောတော့သည် “ဒါပေမယ့် အဲဒါက ကောင်းတယ်”
“ဒါ ဘာမှ မဟုတ်သေးပါဘူး” You XiaoMo က မျက်လုံးထဲမှာတောင် အပြုံးတွေ ပျော်ဝင်နေသည်။
Qiao WuShuangက အပြုံးတစ်ပွင့်နှင့် ခေါင်းခါလိုက်သည်။ မြေအောက်နန်းတော်ထဲ ဝင်ပြီးရင် ပြဒါးသွေးနီမျိုးနွယ်မှ လူများ သူတို့ကို သေချာပေါက် လာရှာရင်ကော သူတို့ ဒီလို ပြုံးနိုင်ဦးမလား။
အချိန်နည်းလာတော့ တင်းမာမှုများလည်း လေထဲ ပြည့်နှက်လာသည်။
Qiao WuShuang က သူ သိသော တစ်ယောက်ယောက်ကို မြင်လိုက်ရသလို ရုတ်တရက် ပြောလာသည် “ကျုပ် လုပ်စရာလေး ရှိသေးလို့ အရင်သွားနှင့်မယ်နော်”
အဲဒိနောက် သူက ခပ်ဝေးဝေးနေရာမှ လူတစ်စုဆီ လျှောက်သွားသည်။ ထိုလူများက အခုမှ ရောက်လာပုံ ပေါ်ကာ အရှိန်အဝါတွေ တောက်ပြောင်နေသည်။
Xiong Xiao က ပြောသည် “သူတို့က သားရဲသဏ္ဍာန်ပြောင်းအဖွဲ့အစည်းကလေ”
You XiaoMo မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ “အစ်ကိုကြီး Qiao က သားရဲသဏ္ဍာန်ပြောင်းအဖွဲ့အစည်းကလား”
Xiong Xiao က အံသြပြီး ပြန်ဖြေသည် “ဟုတ်တယ်လေ။ မသိဘူးလား” Qiao WuShuang က တိုက်မကြီးတောင်ပိုင်းတွင် အလွန်နာမည်ကြီးသည်။ ယေဘူယျအားဖြင့်တော့ သူ့ကို မကြားဖူးသော သူဆိုပြီး မရှိသင့်ပေ။
You XiaoMo က ရယ်ကာ “အခုတော့ ကျွန်တော် သိသွားပြီလေ”
ဘယ်လို လုပ်ဆောင်ရမည် ကို သူတို့ မသိသေးခင်တုန်းကတော့ ဒါ တကယ့်ကို မလွယ်ကူပေ။ အခုတော့ Qiao WuShuang နှင့် သူတို့၏ ဆက်ဆံရေးနှင့်ဆို သူ့အတွက် သားရဲသဏ္ဍာန်ပြောင်းလဲခြင်း သင်ယူဖို့အတွက် ပိုမို လွယ်ကူသွားပြီ။
Xiong Xiao က ကျိုးပဲ့တောင်ကြားကို တစ်ချက်ကြည့်ကာ သူတို့ကို ပြောသည် “မြေအောက်နန်းတော် ဝင်ပေါက်က ပေါ်လာတော့မယ် ရောင်းရင်းတို့ နှစ်ယောက် ဂရုစိုက်ပါ။ ကျုပ်တော့ အခြားသူတွေနဲ့ တွေ့စရာရှိသေးလို့ သွားရဦးမယ် ဒီတော့ သွားခွင့်ပြုပါဦး”
You XiaoMo က သူ့ကို လက်ဝေ့ပြလိုက်သည်။
ဇွန်တောင်တန်းကို အမြန်ပြေးလာကြသူများလဲ များပြားလှသည်။ ပြဒါးသွေးနီ မျိုးနွယ်စု လို ထိပ်တန်းမျိုးနွယ်စုအပြင် တိုက်မကြီးတောင်ပိုင်းမှ အင်အားကြီးအဖွဲ့အားလုံးနှင့် သိပ်နာမည်မကြီးသော သူများလဲ တော်တော်များများလဲ လာကြသည်။ အချိန်ကျခါနားနီးလာတော့ ထိုလူများအားလုံးက ကျိုးပဲ့တောင်ကြား၏ ဝင်ပေါက်ကို အကုန် စုပြုံတိုးလာကြသည်။
You XiaoMo နှင့် Ling Xiao က အနောက်ခပ်လှမ်းလှမ်းမှာ ဖြစ်သော်လည်း တစ်နာရီ၏ ရှစ်ပုံတစ်ပုံ ခုနစ်မိနစ်ခွဲ အချိန်ရတာမို့ သူတို့က အရမ်း မစိုးရ်ိမ်နေ။
နောက် ဆယ်မိနစ်ကြာတော့ အရှေ့ဘက်မှ စိတ်လှုပ်ရှားသော အော်သံတစ်သံ ထွက်လာသည် “မြေအောက်နန်းတော် ဝင်ပေါက် ပေါ်လာပြီဟေ့”
အသံ ထွက်လာသည်နှင့် လူအုပ်ကြီးကလည်း စိတ်မရှည်စွာ အရှေ့ကို ပြေးတက်ကြသည်။
လူအုပ်ကြီးက ကျိုးပဲ့တောင်ကြားဆီသို့ ပရွက်ဆိတ်များအလား တိုးဝင်ကြသည်။ အားနည်းသော ကျင့်ကြံသူများနှင့် မှော်ဆရာများတောင် သေရေးရှင်ရေးအလား ပြေးကြသည်။
ရလာဒ်ကတော့ မျှော်လင့်ထားသည့် အတိုင်းပင်။ ဘယ်သူမှ အသက်မရှင် အားလုံးက ထက်ရှသော လေသင်တုန်းများ၏ ဖြတ်ရှခြင်း ခံရကာ ဝင်ပေါက်ဝတွင် မြင်မကောင်းအောင် အပိုင်းပိုင်း ဖြစ်ကုန်သည်။ လူအများ၏ စိတ်ထဲတွင်လဲ အဲဒါကို မြင်မှ ရှင်းလင်းသွားကာ သေဆုံးသွားသော သူများကို သနားစွာ ကြည့်ရှုပြီး အထဲဝင်ရန် ထိတ်လန့်ကုန်သည်။ သူတို့ အားလုံး လုပ်နိုင်တာကတော့ အပေါက်ဝတွင် မတ်တပ်ရပ်ကြည့်ပြီး သက်ပြင်းချဖို့သာ ရှိသည်။
ပြဒါးသွေးနီမျိုးနွယ်စုနှင့် အခြားအဖွဲ့များကတော့ သူတို့၏ လက်ရွေးစင်အကျော်အမော်များက ဦးဆောင်မှု အောက်မှာ အထဲကို တိုးဝင်သွားသည်။
You XiaoMo က Ling Xiao ကို အမြန်လှမ်းဆွဲသည်။ သူတို့တွေ ကျိုးပဲ့တောင်ကြားထဲကို မဝင်ရသေးခင်မှာကို အအေးဓါတ်ကို ခံစားရချိန်တွင် သူ့တို့စိတ်ဝိဥာဏ်များတောင် တုန်ရီလာသလိုပင်။
အခြားသူများနှင့် အထဲကို ဝင်ပြီးနောက် မြင်ကွင်းထဲတွင် အချွန်အတက်များ နှင့် ရေညှိများ ဖုံးလွှမ်း နေသော မြင့်မားလှသော ကမ်းပါးနံရံကြီး နှစ်ဖက် ပေါ်လာသည်။ သူတို့ ရှေ့မှာ ရှိနေတာကတော့ တဝုန်းဝုန်းတိုက်ခတ်နေသော လေပြင်းများ ကြက်သီးထဖွယ် အသံများ လွှင့်ထုတ်နေသည်မှာ တစ္ဆေသရဲများ ရှိနေသည့် အလားပင်။
You XiaoMo က ခေါင်းမြှင့်ကာ မော့ကြည့်လိုက်တော့ လေထဲမှာပင် အက်ကြောင်းလေးတစ်ခု မြင်လိုက်ရသလို ရှိသည်။
ထို အက်ကွဲကြောင်းက ဒီမှာ ရှိနေတာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပြီး အက်ကြောင်းထဲက လေဟာနယ်စွမ်းအင်က ပိုပို ထွက်နေတာမို့ အင်ပါယာအဆင့်နှင့် အထက် ကျင့်ကြံသူများသာ ခံနိုင်ရည် ရှိခြင်း ဖြစ်သည်။
ဘယ်သူကမှ ထိုအက်ကွဲကြောင်းနား မကပ်ဝံ့ပဲ သူတို့အသက်အတွက် ရှောင်ရှားကြသည်။
You XiaoMo က အရှေ့က ပြဒါးသွေးနီမျိုးနွယ်စုကို မမြင်နိုင်ပဲ သူတို့၏ သဏ္ဍာန်တွေက ဝါးနေသည်။ အခြားသူများကလည်း သူတို့ကို နောက်နေ လိုက်ပါလာကြသည်။ သို့သော်လည်း သူတို့က အလွန်ဂရုစိုက်နေကြရကာ ပျောက်သွားမှာကို ထိတ်လန့်နေကြသည်။
သို့သော် အဲဒါက နားလည်နိုင်သော အရာပဲ ဖြစ်သည်။ လူတိုင်းက ကျိုးပဲတောင်ကြား မှာ မြေအောက်နန်းတော် ပေါ်လာမည် သိကြသော်လည်း တောင်ကြားက ထုထည်ကြီးမားလှသည်။ အပြင်က ဆိုလျှင် မီတာနှစ်ရာသာ ကျယ်သည်ဟု ထင်ရသည် သို့သော် မီတာ ထောင်ချီ နက်ကာ အန္တရာယ် ရှိသော လေများက နေရာတိုင်းမှ တိုက်ခတ်နေသည်။ သူတို့က နေရာအနှံသွားပြီး ပစ္စည်းသွားမရှာ နိုင်ချေ။ ဒီတော့ ပြဒါးသွေးနီမျိုးနွယ်စု နောက်ကိုလိုက်တာက အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
“သွားရအောင်” Ling Xiao က သူ့လက်ကို ကိုင်ကာ အရှေ့ကို ဆွဲခေါ်သွားသည်။
You XiaoMo က တစ်ခါတည်း လိုက်သွားသည်။ သူတို့က ဝင်ပေါက် ဘယ်မှာလဲ ဆိုတာ သိပြီးသား ဖြစ်ပေမယ့် ပေါ်တင် ပြလို့တော့ မရပေ မဟုတ်ပါက စံအိမ်မှာ ဖြစ်ပျက်သော မတော်တဆက သူတို့ လုပ်တာပါ ဆိုပြီး ပြဒါးသွေးနီ မျိုးနွယ်စုမှ သံသယ ဝင်သွားနိုင်သည်။
သူတို့က မသိသော်လည်း အရှေ့နားက You Ming ကတော့ သူတို့ကို အမှန်တကယ်ကို စောင့်ကြည့်နေသည်။
You XiaoMo နှင့် Ling Xiao ကို မြင်တော့ သူတို့က သူ့ကြည့်နေတာကို ချက်ချင်း ဖမ်းမိသွားသည် အဲဒါက အထူးသဖြင့်တော့ Ling Xiao ပဲ ဖြစ်သည်။ ထိုသူက အခြားသူများကို ဖောက်ထွင်း မြင်နိုင်သလို ခံစားချက်ကို ပေးစွမ်းသည်။ တစ်ချိန်တည်းမှာပဲ ထင်ယောင်ထင်မှာ ဖြစ်စေကာ ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလှသည်။
သူတို့တွေက Hu Yin နှင့် Hu Lu ကို သတ်သလားဆိုတာ သူမသေချာသေးသော်လည်း ဒီနှစ်ယောက်ကို သံသယက ဝင်နေပြီးသာ ဖြစ်သည်။
“အား…..”
လူတိုင်း ခရီးရောက်နေချိန်မှာပဲ စူးရှသော အော်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ နှစ်စက္ကန့်ကြာသော် ပေါက်ကွဲမှုအသေးလေးတစ်ခု၏ သက်သေပြချက်အဖြစ် အော်သံတစ်ခုနှင့်အတူ ရပ်တန့်ကုန်ကြသည်။
သနားဖို့ကောင်းသော လူတစ်ယောက်က သူ့ဘာသာ လေပြင်း တိုက်နေရာကို ရောက်သွားသည်။ အက်ကြောင်းထဲက စွမ်းအင်တစ်ခု ထွက်လာကာ သူ့ကို သတ်လိုက်သည့်အချိန်မှာ သူက ရှေ့တိုးစပဲ ရှိသည်။ လေထုက သွေးများဖြင့် ပြည့်နှက်သွားကာ လေကလည်း ခပ်ဝေးဝေးအထိကို ပျံနှံသွားစေသည်။ အချို့သောသူများက အချိန်မီ မရှောင်နိုင်တာမို့ မျက်နှာအပြည့် သွေးများဖြင့် ပက်ဖြန်းခံလိုက်ရသည်။
You XiaoMo က Ling Xiao အနောက်ကို ဝင်ပုန်းကာ သွေးများကို သူ့ကိုယ်နှင့် ကွယ်ထားလိုက်သည်။
ဒါပေ့ါ သွေးမိုးက Ling Xiao ကို ထိဖို့ မပြောနှင့် အဝတ်တွေ၏ အစွန်းကိုတောင် မထိနိုင်ပေ။
အဲဒိနောက်မှာ You XiaoMo က Ling Xiaoရှေ့ကို ပြန်ဆွဲခေါ်တာ ခံလိုက်ရသည်။
“ဇနီးလေး၊ အဲဒါက သေခြင်းတရားလေးပဲလေ။ အရင်က သေတာ မမြင်ဘူးတာလဲ မဟုတ်ပဲနဲ့ ဒါလေးက ကိစ္စပိစိလေး ကြောက်ဖို့ မလိုဘူး”
You XiaoMo က မျက်လုံးလေးလှန်ကာ “ဒါပေမယ့် ရွံဖို့တော့ ကောင်းသေးတယ်လေ”
လူသားများ၏ ကိုယ်ခန္ဓာကိုယ်က ပျက်စီးလွယ်သေးသည်။ အသည်းနှင့် အူများကဲ့သို့ အင်္ဂါ များကလည်း သွေးမိုးထဲတွင် ရောထွေးနေသည်။ သူ့ကိုယ်ပေါ်သာ စင်မိပါက သူ့မှာ ရပ်ပေါင်းများစွာ နေမကောင်း ဖြစ်နေလိမ့်မည်။
Ling Xiao က ပြုံးကာ “မင်း အလေ့အကျင့်ဖြစ်သွားလိမ့်မယ်”
You XiaoMoက ပြန်ဖြေသည် “ကျွန်တော်က ဘယ်တော့မှ အလေ့အကျင့် ဖြစ်မှာ မဟုတ်ဘူး” ။ အလေ့အကျင့် ဖြစ်သွားလိမ့်မည် ဆိုတာ၏ အဓိပ္ပါယ်က သူက ဒါနှင့် ဆင်တူသော အခြေအနေများကို ပိုမို တွေ့ကြုံရမည် ဆိုတာပင်။
ဒီအဖြစ်အပျက်ကြောင့် လူအုပ်ကြီးက တန့်သွားသည်။
ကြည့်ရတာ မြေအောက်နန်းတော် ဝင်ပေါက်ကို တွေ့သွားပြီ ထင်သည်။ Cang မဟာမိတ်နှင့် သားရဲသဏ္ဍာန်ပြောင်းအဖွဲ့အစည်း များ အပါအဝင် အင်အားကြီး အဖွဲ့များ စုစည်းလိုက်ကြသည်။ လူအုပ်ကြီးက ဒါက မြေအောက်နန်းတော်၏ ဝင်ပေါက် ဟုတ်မဟုတ်ကို အတူတကွ အတည်ပြုနေသည်ဟု ထင်ရပေသည်။