Chapter 398: Biggest Problem in Life.
အခန္း ၃၉၈ ဘဝ၏ အၾကီးမားဆံုး ျပႆနာ
Hu Yin ေသဆံုးျပီးေနာက္ သူ႕မွတ္ဥာဏ္မ်ားကို Ling Xioa က စုပ္ယူလိ္ုက္သည္။
သူတို႕က ေသေသ ရွင္ရွင္ Ling Xioa ကေတာ့ လူေတြ၏ မွတ္ဥာဏ္မ်ားကို စုပ္ယူႏိုင္သည္ သို႕ေသာ္လည္း အခက္အခဲေလးေတာ့ ရွိသည္။
အသက္ရွင္ေနစဥ္တုန္းတြင္ မွတ္ဥာဏ္မ်ားကို စုပ္ယူေသာအခါ အလိုလို ခုခံျခင္းတစ္ခုက ရွိေနသည္။ အဲဒါက စုပ္ယူရာတြင္ အက်ိဳးသက္ေရာက္မႈ မရွိပဲ အခ်ိန္ေတာင္ ကုန္ေစသည္။ သို႕ေသာ္လည္း ေသျပီးေနာက္တြင္ သတိက ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားသည္။ ေသဆံုးသည့္အခ်ိန္က တစ္ရက္ထက္ မေက်ာ္ေသးသေရြ႕ မွတ္ဥာဏ္မ်ားက စိတ္ထဲတြင္ က်န္ရွိေနေသးသည္။ ပုိင္ရွင္မဲ့ေနေသာ ဥစၥာပစၥည္းမ်ားလိုပင္။ စိတ္ထဲတြင္ က်န္ရစ္ေနေသးေသာ မွတ္ဥာဏ္က စုပ္ယူရန္ ပိုလြယ္ကူလွသည္။
Ling Xioa ဒီလို လုပ္တာကို You XiaoMo ျမင္ဖူးတာ ပထမဆံုးအၾကိမ္ မဟုတ္ေတာ့ေပ။
ဒီျမင္ကြင္းကို သူျမင္တိုင္း Ling Xioa လူေတြကို စားေသာက္ေနသည္လို႕သာ သူခံစားရသည္။
Ling Xioa က မိနစ္အနည္းငယ္အၾကာတြင္ Hu Yin၏ မွတ္ဥာဏ္မ်ား စုပ္ယူတာ ျပီးသြားသည္။ သူ႕မွတ္ဥာဏ္ထဲတြင္ သူတို႕ လိုခ်င္ေသာ အေျဖကို ေတြ႕သြားတာေၾကာင့္ “သြားရေအာင္”
You XiaoMo ေခါင္းညိမ့္ျပသည္။
Ling Xioa က သူတို႕ အခန္းျပင္ကို ထြက္လာသည္ႏွင့္ မီးစရႈိ႕ကာ ႏွစ္ေယာက္စလံုး ဝင္လာတုန္းကအတိုင္းပင္ အလြယ္တကူ ျပန္ထြက္သြားၾကသည္။
ဆယ့္ငါးမိနစ္ၾကာေသာအခါ မီးက ပ်ံႏွံသြားကာ ျမိဳ႕ေတာ္အရွင္သခင္ စံအိမ္ ၏ အေနာက္ဖက္မွ အခန္းမ်ားကို ဝါးျမိဳသြားသည္။ မီးက အလြန္ၾကီးမားက အျခားေသာ အရပ္မ်က္ႏွာမ်ားကိုလည္း ပ်ံႏွံေသာ အရိပ္အေယာင္မ်ား ရွိသည္။ ပိုဆိုးသည္က သူတို႕ေတြ ဘာပဲ လုပ္လုပ္ မီးကို မျငိမ္းသတ္ႏိုင္ဘူး ျဖစ္ေနၾကသည္။ ျမိဳ႕ေတာ္ အရွင္သခင္ စံအိမ္ တစ္ခုလံုးက ခ်က္ခ်င္း အထိတ္တလန္႕ေတြ ျဖစ္ကာ ေအာ္ဟစ္မ်ားက အထဲမွ အခါ အားေလ်ာ္စြာ ထြက္ေပၚေနသည္။
ျမိဳ႕ေတာ္ အရွင္သခင္၏ စံအိမ္ မီးေလာင္ေသာ သတင္းက ဒုတိယေန႕ မနက္မွာတင္ ပ်ံႏွံသြားသည္။
မီးမွာ မနက္မိုးလင္းသည္အထိ ျငိမ္းမသြားဟု ေျပာၾကသည္။ ျမိဳ႕ေတာ္အရွင္သခင္၏ စံအိမ္ တစ္ဝက္နီးပါးေလာက္က မီးေလာင္ပ်က္စီးသြားသည္။
ေစာေစာစီးစီး အသိျမန္သြား၍ ထိခုိက္ဒါဏ္ရာ ရသူမ်ားစြာ မရွိေပ။ သို႕ေသာ္ ေသဆံုးသြားသူ အမ်ားအျပားထဲတြင္ေတာ့ သည္းမခံႏိုင္ေလာက္ေအာင္ ေမာက္မာလွေသာ Hu Yin ႏွင့္ အင္ပါယာထိပ္တန္းအဆင့္ က်င့္ၾကံသူ ေနာက္တစ္ေယာက္ ပါသြားသည္။ ျပဒါးေသြးနီမ်ိဳးႏြယ္စုမွ နတ္ဘုရားအဆင့္ ကၽြမ္းက်င္သူမွာ ထို ကိစၥေၾကာင့္ အလြန္ေဒါသထြက္ကာ လူသတ္သမားကို ေသခ်ာေပါက္ ရေအာင္ ဖမ္းရမည္ဟု ဆိုသည္။ သို႕ေသာ္ သူတို႕ ထိုလူကို ဖမ္းႏို္င္မဖမ္းႏိုင္က ကြဲျပားျခားနားေသာ ကိစၥရပ္တစ္ခု ျဖစ္သြားသည္။
ေန႕လည္တြင္ ေျမေအာက္နန္းေတာ္၏ ဝင္ေပါက္ ဘယ္အခ်ိန္ဖြင့္မလည္းဟူေသာ သတင္း ထြက္လာကာ ေတာမီးပမာ ပ်ံႏွံသြားသည္။
…………
ျမိဳ႕ေတာ္ အရွင္သခင္၏ စံအိမ္အထဲတြင္ တစ္အိမ္လံုးက တင္းမာလွေသာ အေျခအေနကို က်ေရာက္ေနသည္။ အထူးသျဖင့္ မီးေလာက္ကၽြမ္းျခင္းမရွိေသာ ခန္းမေဆာာင္ထဲမွာပင္ ျဖစ္သည္။ ျပဒါးေသြးနီမ်ိဳးႏြယ္စုမွ လူမ်ားက အဲဒိမွာ စုစည္းေနကာ သူတို႕ မ်က္ႏွာမ်ားတြင္ေတာ့ သူတို႕ေတြက ဘယ္သူမည္ဝါေတြ ျဖစ္ေနပါေစ မ်က္ႏွာေပၚတြင္ ေဒါသထြက္ေနေသာ ဟန္မ်ား ရွိေနသည္။
ျပဒါးေသြးနီမ်ိဳးႏြယ္စုမွ နတ္ဘုရားအဆင့္ က်င့္ၾကံသူျဖစ္ေသာ You Ming မွာ သူတို႕ထဲမွ အျမင့္ဆံုးအဆင့္အတန္းရွီေသာ သူကို ၾကည့္ေနျပီး “QingShan ေကာ ဘယ္လို ထင္သလဲ”
You Ming ေခၚေဝၚလိုက္ေသာ QingShan ဆိုသူမွာ ျပဒါးေသြးနီမ်ိဳးႏြယ္စု လက္ရွိေခါင္းေဆာင္၏ တတိယသား ျဖစ္သည္။ သူ႕ရဲ႕ ေခ်ာေမာမႈႏွင့္ ပါရမီက မ်ိဳးႏြယ္ထဲမွ အေကာင္းဆံုးမ်ားထဲမွ တစ္ေယာက္ ျဖစ္သည္။ သူ႕အဆင့္အတန္းက You Ming ထက္ ပိုျမင့္သည္။ သူက ဒီမွာ ရွိေနေသာ လူမ်ားၾကားထဲတြင္ အမ်ားဆံုး ေျပာဆိုႏိုင္သူလဲ ျဖစ္သည္။ You Ming ေတာင္မွ အခ်ိန္မ်ားစြာမွာ သူ႕စကား နားေထာင္ရသည္။
You QingShan က ခ်ီတံုခ်တံုႏွင့္ သူ႕ဘာသာသူ ေရရြတ္ေနကာ “မေန႕က ညက ျမိဳ႕ေတာ္အရွင္သခင္ရဲ႕ စံအိမ္ကို ဝင္ေရာက္လာတဲ့သူရဲ႕ က်င့္ၾကံဆင့္က ဦးေလးLu ရဲ႕ အထက္မွာ ရွိသည္။ မဟုတ္လွ်င္ ဦးေလးLu ကို အသံတိတ္ ဘာအေနွာင့္အယွက္မွ မရွိပဲ သတ္သြားဖို႕ ဆိုတာ မျဖစ္ႏိုင္ဘူး။ Hu Yin ကေတာ့ သူ႕ကို အခုထိ ရွာလို႕ မေတြ႕ေသးဘူး မလား”
“ကၽြန္ေတာ္တို႕ေတြ အတြင္းေရာ အျပင္ေရာ ေနရာအားလံုး ရွာျပီးျပီ။ သခင္ေလးHu ရဲ႕ သဲလြန္စ လံုးဝ မေတြ႕ဘူး။ သူလဲ အသတ္ခံရျပီးေလာက္ျပီလို႕ေတာ့ သံသယရွိပါတယ္” Hu Yin၏ လက္ေအာက္ငယ္သားတစ္ေယာက္က ရိုရိုေသေသ ျပန္ေျဖသည္။
You QingShan က စားပြဲမ်က္ႏွာျပင္ကို ေခါက္ကာ “ဦးေလးLu ကို သတ္သြားတဲ့သူက Hu Yin ကို ေခၚသြားတာ ျဖစ္ႏိုင္တယ္။ အဲဒိလူက Hu Yin နဲ႕ ကေတာက္ကဆ ေလးတြင္ ရွိႏိုင္တာလဲ ျဖစ္ႏိုင္တယ္” သူတို႕က Hu Yin၏ ကိုယ္ခႏၶာကို ရွာမေတြ႕ေသာေၾကာင့္ Hu Yin တစ္ေယာက္ ျပန္ေပးဆြဲခံရသည္ဟုပဲ တစ္ညီတစ္ညြတ္ထဲ ဆံုးျဖတ္ခဲ့ ၾကသည္။
“ပဥၥမသခင္ေလး၊ အကယ္လို႕ အျခားတစ္ဖက္သူက သခင္ေလးHu နဲ႕ မေက်မနပ္ ျဖစ္ေလာက္တာဆိုလွ်င္ေတာ့ ကၽြန္ေတာ္ သံသယရွိတာ လူႏွစ္ေယာက္ရွိတယ္” သူ႕ဒါဏ္ရာမ်ားကေန ျပန္လည္ သက္သာလာေသာ Hu KangNing က ထို စကားကို ၾကားသည္ႏွင့္ မတ္တပ္ထကာ ဆိုလာသည္။ သူ လူႏွစ္ေယာက္ကို ေျပာခ်ိန္တြင္ သူ႕မ်က္လံုးထဲ ၌ ခါးသီးလွေသာ မေက်နပ္မႈမ်ားလဲ အရိပ္အေယာင္ ေပၚလြင္ေနသည္။
You QingShan က သူ႕ကို ထူးမျခားနားေသာအၾကည့္ တစ္ခ်က္ေပးကာ “တည္းခိုခန္းမွာ ျဖစ္ပ်က္ခဲ့တာကို ေျပာခ်င္တာလား”
လြန္ခဲ႕ေသာ ရက္အနည္းက သူ ဇြန္ျမိဳ႕ေတာ္ကို ေရာက္စခ်ိန္ထဲက ထိုမေတာ္တဆမႈကို ၾကားခဲ့ျပီးျပီ။
You QingShan၏ မ်က္လံုးမ်ား သူ႕ဆီတြင္ က်ေရာက္ေနခ်ိန္တြင္ Hu KangNing၏ ဦးေရျပားမ်ားက တင္းၾကပ္ေနသည္။ သူ႕လက္မ်ားကို ဆုပ္ကိုင္အရိုအေသျပဳကာ “ဟုတ္ပါတယ္။ သူတို႕ထဲက တစ္ေယာက္ရဲ႕ အင္အားက Hu Yinရဲ႕ အထက္မွာ ရွိပါတယ္။ အဲဒိတုန္းက သခင္ေလး Hu က လက္တုံျပန္ႏိုင္ဖို႕ ခြန္အားအနည္းငယ္ေတာင္ မရွိခဲ့ဘူး။ ဒါ့ေၾကာင့္ ကၽြန္ေတာ္က သူ႕ခြန္အားက စီနီယာLu ထက္ ျမင့္ေလာက္ပါတယ္။”
ထိုအခ်ိန္တြင္ သက္ေတာ္ေစာင့္ တစ္ေယာက္က ေျပးဝင္လာသည္။
ထို သက္ေတာ္ေစာင့္က ဂါရဝျပဳကာ တင္ျပသည္ “သခင္ေလး။ ရွာေနတာ တိုးတက္မႈ နည္းနည္း ရွိပါျပီ။ ကၽြန္ေတာ္တို႕ သခင္ေလးHu Yin ရဲ႕ နယ္ေျမလက္စြပ္ကို အပ်က္အစီးေတြ ၾကားထဲ ေတြ႕ပါတယ္။ လက္စြပ္ရဲ႕ ေအာက္ဘက္မွာ အနက္ေရာင္ ျပာအပံုလိုက္ရွိပါတယ္။ အဲဒါေတြက သခင္ေလးHu Yinရဲ႕ အဝတ္အစားမ်ားနဲ႕ အျခား ကိုယ္ပိုင္ပစၥည္းေတြ ျဖစ္ႏို္င္ေလာက္ပါတယ္”
“Hu Yin ေပ်ာက္သြားရတဲ့ ရည္ရြယ္ခ်က္က တကယ္ေတာ့ သူက မီးေၾကာင့္ ျပာအျဖစ္ ေလာင္က်သြားလို႕ ဆိုတာ ျဖစ္ႏိုင္လား” You QingShan မ်က္ေမွာင္ၾကဳပ္သြားသည္။ နယ္ေျမလက္စြပ္ဆိုတာက ေမွာ္အိတ္ထက္ မ်ားစြာ အဆင့္ျမင့္ေသာ အရာတစ္ခု ျဖစ္သည္။ Hu Yin၏ အဆင့္အတန္းႏွင့္ ဆိုလွ်င္ အဲဒါကို ပိုင္ဆိုင္ႏိုင္ဖို႕ ဆိုတာ မေမွ်ာ္လင့္ထားေပ။ သူသာ ျပန္ေပးအဆြဲခံရလွ်င္ နယ္ေျမလက္စြပ္က အထိမေတြ႕ပဲ က်န္ခဲ့ဖို႕ ဆိုတာ မျဖစ္ႏိုင္ေပ။ ျပီးေတာ့ အနက္ေရာင္ျပာအပံုလုိက္လဲ ရွိေနေသးသည္။ Hu Yin ၏ ေပ်ာက္ဆံုးမႈက ဒီလုိ စဥ္းစားၾကည့္လွ်င္ေတာ့ က်ိဳးေၾကာင္း ဆီေလ်ာ္လွေပသည္။
ဘုန္း..
You Ming က စားပြဲခံုကို ျပင္းျပင္းထန္ထန္ ရုိက္ခ်ကာ သူ႕မ်က္ႏွာကလည္း မည္းေမွာင္ေနသည္။ “ေတာ္ေတာ္ေလးကို ေကာင္းတယ္။YuXian ျမိဳ႕ေတာ္ရဲ႕ ဆက္ခံသူ ကိုေတာင္ သတ္ရဲတယ္။ ျပဒါးေသြးနီမ်ိဳးႏြယ္စုက ဒီႏွစ္ေတြမွာ လႈပ္ရွားမႈ ၾကီးၾကီးမားမား မလုပ္တာနဲ႕ ငါတို႕ေတြကို ေၾကာင္နာေတြလို မွားယြင္းယံုမွားေစေနၾကသလား။ ငါတို႕ အဲဒိလူကို မသတ္ရင္ ငါတို႕ရဲ႕ ျပဒါးေသြးနီမ်ိဳးႏြယ္စုရဲ႕ ဂုဏ္သိကၡာက ဘယ္ေရာက္သြားမလဲ”
You QingShan၏ အမူအယာက ေတြးမရေအာင္ကို နက္နဲေနလွသည္။
“အဲဒိလူက ေသခ်ာေပါက္ မနက္ျဖန္ ေပၚလာလိမ့္မယ္။ အဲဒိက်မွ ဘယ္သူက သံသယအျဖစ္ႏိုင္ဆံုး ျဖစ္မလဲ ဆိုတာ ၾကည့္ၾကတာေပ့ါ” Hu KnangNingက လက္မ်ားက်စ္ေနေအာင္ ဆုပ္ထားသည္။ အဲဒိႏွစ္ေယာက္က လူသတ္သမား ဟုတ္ဟုတ္ မဟုတ္ဟုတ္ သူကေတာ့ အဲဒိလူေတြကို ဘယ္ေတာ့မွ မလြတ္မေပးႏိုင္ေခ်။
……..
ေနာက္တစ္ရက္ ေန႕လည္မတိုင္ခင္..
ဇြန္ျမိဳ႕ေတာ္ ေတာင္တန္းေဒသ၏ အေနာက္ေတာင္ဘက္ မွ ေတာင္ၾကားထဲတြင္ လူမ်ားျဖင့္ ျပည့္ေနသည္။
ဇြန္ျမိဳ႕ေတာ္မွ က်င့္ၾကံသူ အားလံုးနီးပါး ေရာက္လာသည္။ ေျမာက္မ်ားစြာေသာ လူအုပ္ၾကီးက ပြတ္သိပ္ၾကပ္ညပ္ေနသည္။ တသီးတျခားသာ အျမဲ ရွိေနတတ္ေသာ ေတာင္တန္းေဒသၾကီးမွာ အသက္ဝင္ကာ လႈပ္ရွားေနေလသည္။
You XiaoMo ႏွင့္ Ling Xioa တို႕ ေရာက္ခ်ိန္တြင္ လူတိုင္းက စိတ္အားထက္သန္စြာ ေဆြးေႏြးေနၾကသည္။
ထုိအခ်ိန္မွာ ေျမေအာက္နန္းေတာ္ဝင္ေပါက္ ေပၚထြက္လာရန္ နာရီဝက္မွ်သာ လုိေတာ့သည္။
“အင္အားၾကီးလူေတြ အမ်ားၾကီးပဲ” You XiaoMo က စိတ္လႈပ္ရွားစြာ အသံထြက္လာသည္။ သတင္းက ေတာ္ေတာ္ေလး ေနာက္က်မွ ထြက္သြားတာ ျဖစ္ေပမယ့္ ဇြန္ျမိဳ႕ေတာ္၏ ေတာင္တန္းေဒသ၏ အေပၚကို ဖံုးကြယ္ကာ ေနထိုင္ၾကေသာ အင္အားၾကီးလူေတာ္ေတာ္မ်ားမ်ားရွိရာ ေတာ္ေတာ္မ်ားမ်ား ေရာက္လာၾကသည္။ ထို႕ေၾကာင့္ ဦးေလးLu ထက္ အဆင့္ျမင့္ေသာ သူမ်ားမွာ သံသယရွိသူမ်ား ျဖစ္ကုန္သည္။
“ေပါ့ေပါ့တန္တန္ မေနနဲ႕” Ling Xioa က သတိေပးလုိက္သည္။
“ကၽြန္ေတာ္သိပါတယ္။ ေဟး.. ဒီေတာင္ၾကားက ဝင္ေပါက္လား” You XiaoMo က အေရွ႕ဘက္မွ မတ္ေစာက္လွေသာ ေျမျပင္တစ္ေနရာကို ညႊန္ျပကာ စပ္စုလုိက္သည္။
ေရွ႕တြင္ ရွိေနေသာ ေတာင္တန္းၾကီးတြင္ မီတာႏွစ္ရာေလာက္ က်ယ္ျပန္႕ကာ ထူးျခားလွသည့္အက္ၾကားေနရာၾကီး ရွိေနသည္။ အဲဒိ က်ိဳးပဲ့ေနေသာ အက္ၾကားေနရာၾကီးက ဒီေန႕ ပါးစပ္မ်ားစြာထံမွ ၾကားေနရေသာအရာလည္း ျဖစ္သည္။ ဟိုးလြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ဒီေနရာတြင္ က်င့္ၾကံသူႏွစ္ေယာက္က တုိက္ခို္က္ခဲ့ျပီး ဒီ အႏၱရာယ္ရွိေသာ ေတာင္တန္းေၾကာၾကီးက ထို ကၽြမ္းက်င္က်င့္ၾကံသူမ်ား၏ လက္ရာ ျဖစ္သည္ဟု ေကာလဟာလမ်ား ရွိသည္။
သူတုိ႕၏ အထင္ၾကီးအံအားစရာ အဖ်တ္စြမ္းအင္၏ ရလာဒ္ကေတာ့ ဒီက်ိဳးပဲ့သြားေသာ အပိုင္းေနရာ၏ ေတာင္ၾကားထဲတြင္ ေနရာတစ္ခု ျဖစ္တည္သြားသည္။ မိုးရမ်ား၏ ႏွစ္ေပါင္းမ်ားစြာ တိုက္စားမႈအျပီး ထို အက္ကြဲေတာင္ၾကားက ဇြန္ျမိဳ႕ေတာ္၏ ေတာင္တန္းေဒသ၏ ထင္ရွားေသာ အႏၱရာယ္ရွိရာ ေနရာ ျဖစ္သြားသည္။ ထို အက္ကြဲေနေသာ ေတာင္ၾကားတြင္ ဟာရီကိန္းမုန္တိုင္းလို ျပင္းထန္ ထူထဲလွေသာ ေရခဲမ်ားက ဓါးသြားမ်ားကဲ႕သို႕ ခၽြန္ထက္ျပီး ျပည့္ႏွက္ေနသည္။ မုန္တိုင္းအတြင္းတြင္ ကြက္လပ္အင္အား အရိပ္အေယာင္မ်ားက ေရာေထြးေနေသးသည္။ အဲဒါအင္အားမ်ားက စိတ္ဝိဥာဏ္အဆင့္ က်င့္ၾကံသူမ်ား၏ ခုခံအားကိုပင္ အလြယ္ေလး ျဖိဳခြဲႏိုင္သည္။ ဒီေတာ့ အင္ပါယာအဆင့္ ႏွင့္ အထက္ က်င့္ၾကံသူမ်ားသာ ဝင္ႏိုင္သည္။
“ျပဒါးေသြးနီမ်ိဳးႏြယ္စုနဲ႕ ေမွာ္ဆရာအဖြဲ႕အစည္းက လူေတြလဲ ေရာက္လာၾကျပီ”
အဲဒိမွာ အေရွ႕က လူအုပ္ၾကီးထံမွ ဆူညံသံေတြ ထြက္လာသည္။
You XiaoMo ကလဲ သူတို႕ေတြ ၾကည့္ေနေသာ ဘက္ကို ဖ်တ္ခနဲ လွမ္းၾကည့္လုိက္သည္။ ေကာင္းကင္တြင္ ခပ္ေဖ်ာ့ေဖ်ာ့ အလင္းတန္း ဆယ္ခု စီးဆင္းလာသည္။ ထိုအလင္းတန္းမ်ားက အေဝးကေန နီးလာျပီး သိပ္မၾကာခင္ သူတို႕ေရွ႕ ေရာက္လာကာ လြတ္ေနေသာ ေနရာကို ေျခခ်လုိက္ၾကျပီးေနာက္ ဘယ္သူမွ သူတို႕ဆီ မခ်ဥ္းကပ္ရဲၾကေပ။
သူက Cheng DongQing ႏွင့္ Hu KagNingကလြဲျပီး အျခားသူမ်ားကို မသိ။
You XiaoMo ပထမ ထင္ထားတာက သူတို႕ ေျမာက္ပိုင္းေဒသမွ Tian Xiang ျမိဳ႕ေတာ္တြင္ ေတြ႕ခဲ့ေသာ Hu Feng ႏွင့္ Tang Hao တို႕ကို ဒီမွာ ေတြ႕ရေလာက္မည္ဟု ထင္ထားခဲ့သည္။ အခုခ်ိန္ထိ မည္သည္အရိပ္မေယာင္မွ် မေတြ႕ေတာ့မွသာ သူတို႕ေတြ တကယ္မလာေလာက္ဘူးဆိုတာ စိတ္ဒုန္းဒုန္းခ်လိုက္ရသည္။
Hu Feng ႏွင့္ Tang Hao တို႕က ေကာင္းကင္ေဆးၾကိဳအိုးတာဝန္ကိ မျပီးဆံုးခဲ့သျဖင့္ အက်ဥ္းခ်ထား ခံရသည္ ဆိုေတာ့ သူမသိလိုက္ေခ်။
သူတုိ႕ေနာက္တြင္ Xiong Xiao၏ လိပ္စိမ္းၾကီးလဲ ေပၚလာသည္။ ဧရာမလိပ္စိမ္းၾကီးက ေကာင္းကင္အထက္တြင္ ေပၚလာတာေၾကာင့္ သူကေအာက္က ေျမျပင္ၾကီးက အရိပ္မ်ားျဖင့္ ဖံုးလႊမ္းသြားသည္။ လိပ္စိမ္းၾကီးက လြတ္ေနေသာ ေနရာကို ရွာေဖြျပီးမွ ဆင္းလာေလသည္။ (t/n- ေကာင္းကင္မွာ ပ်ံတက္ႏိုင္ေသာ လိပ္စိမ္းပ်ံၾကီးပါ)
Xiong Xiao ႏွင့္ Qiao WuShuang က လိပ္စိမ္းၾကီး၏ ေက်ာေပၚမွ ဆက္တိုက္ ခုန္ဆင္းလာသည္။ တိုက္ဆိုင္တာ ပဲလား ဘာလားေတာ့ မသိ သူတုိ႕ ခုန္ဆင္းလိုက္ေသာ ေနရာက You XiaoMo ႏွင့္ Ling Xiao တို႕ Ling Xioa တို႕ မတ္တပ္ရပ္ေနေသာ ေနရာနား ျဖစ္ေနတာမို႕ သူတို႕ကို ျမင္ၾကသည္။
“ေရာင္းရင္းLing Mo၊ ေရာင္းရင္း You XiaoHa ထပ္ေတြ႕ျပန္ျပီေနာ္”
Xiong Xiao က လွမ္းလာကာ ရႊင္လန္းအားရစြာျဖင့္ အရင္ႏႈတ္ဆက္ေနသည္။
You XiaoMoမွာ သူ႕ကို You XiaoHa ဟု အေခၚခံလိုက္ရတာမို႕ တစ္ခါ ရွက္ရြံသြားသည္။ သူသာ ၾကိဳသိခဲ့ရင္ Ling Xiao ကို အရင္မေျပာေစခဲ့ပါဘူး။ အဆံုးမွာေတာ့ သူက You XiaoHa ဆိုတာၾကီး ျဖစ္သြားျပီ။ Ling Xiao ၏ နာမည္အတုက ေကာင္းမြန္လွသည္။ သူ႕နာမည္က စာလံုးတစ္လံုးယူသံုးကာ Ling Mo Ling Mo နဲ႕ အသံထြက္ရတာလဲ ေကာင္းလွသည္။ (လင္ ကို မနာလို ေနေသာ ခ်စ္ဖ)
Ling Xiao က သာမာန္ပဲ ျပန္ေျဖသည္ “က်ဳပ္တို႕လဲ အခုတင္ ေရာက္တာ”
Qiao WuShuang က You XiaoMo၏ မ်က္ႏွာက ေဘာလံုးတစ္လံုး မွန္ထားသလုိ ျဖစ္ေနတာ ျမင္ေတာ့ ဂရုတစိုက္ႏွင့္ ေမးလာသည္ “ေရာင္းရင္းYou ဘာျဖစ္ေနတာလဲ”
You XiaoMo မွာ သူ႕ကို ေရာင္းရင္းYou ဟု အေခၚခံလုိက္ရေတာ့ စိတ္သက္သာရာရသြားသည္။ ဒါက You XiaoHa ဆိုတာ ၾကီးထက္ ပိုေကာင္းလွတာမို႕ ေက်နပ္ေနေသာ အျပံဳးၾကီးႏွင့္ “ဘာမွ မျဖစ္ပါဘူး။ ကၽြန္ေတာ့ဘဝရဲ႕ အၾကီးမားဆံုး ျပႆနာ ၾကီးကို စဥ္းစားမိလုိက္လုိ႕ပါ”
Qiao WuShuang က အေျမာ္အျမင္ရွိစြာႏွင့္ “ေရာင္းရင္းဘဝရဲ႕ အၾကီးမားဆံုး ျပႆနာ ဆိုတာ ဘာလဲ လို႕ ေမးလို႕ ရမလား”
You XiaoMo က သက္ျပင္းခ်ကာ “ကၽြန္ေတာ့ မ်ိဳးရိုးနာမည္က You ေလ။ ျပဒါးေသြးနီ မ်ိဳးႏြယ္စုရဲ႕ အဓိက မိသားစုရဲ႕ မ်ိဳးရိုးနာမည္ကလည္း You ပဲ။ ကၽြန္ေတာ္ ေျပာတာက ကၽြန္ေတာ္က အျပင္မွာ ေသာင္တင္ေနတဲ့ သူတို႕မ်ိဳးႏြယ္စုက လူတစ္ေယာက္လို႕မ်ားေတြးမိသလား”
“အာ….” Qiao WuShuang တန္႕သြားသည္။
“အခုက ေလာကၾကီးမွာ လူအမ်ိဳးမ်ိဳး ရွိေနတာပါပဲ။ ဘယ္ တြန္၊ ဒစ္ ဒါမွမဟုတ္ ဟယ္ရီ စသျဖင့္ေပါ့ အဲဒိလူေတြလဲ သူတုိ႕ရဲ႕ အဆင့္အတန္းကို မစဥ္းစားပဲနဲ႕ ျပဒါးေသြးနီမ်ိဳးႏြယ္စုက လူေတြအျဖစ္ ဟန္ေဆာင္ႏုိင္တာပဲ။ မင္းက ဘာက္ုိ ၾကည့္ျပီး ထုိက္တန္တယ္ ထင္ေနတာလဲ”
သူ႕နားရြက္ေနာက္က ကေန ေလွာင္ေျပာင္သေရာ္သလုိ ေလသံထြက္လာသည္။ အႏၱရာယ္ရွိေသာ ေလသံႏွင့္ တမင္ရန္စေသာအသံတို႕က You XiaoMo ကို ပုဂၢိဳလ္ေရးအရ မေကာင္းေသာဆႏၵျဖင့္ တိုက္ခိုက္လိုက္တာ ျဖစ္သည္။
လူအုပ္ၾကီးက အသံလာရာ ဘက္ကို လွည့္ၾကည့္လို္က္ၾကသည္။ အဲဒါကေတာ့ Ling Xiao ၏ ကန္ခ်က္တစ္ခ်က္ႏွင့္ လြင့္ပ်ံသြားျခင္းကို ခံလုိက္ရသူ Hu KangNing ျဖစ္သည္။
You QingShan ႏွင့္ You Ming တို႕ကလည္း Hu KangNing ေဘးတြင္ ပါလာသည္။ သူတို႕ ႏွစ္ဦး၏ အမူအယာမ်ားက နားလည္းရခက္ခဲကာ You XiaoMo ကို ေျပာလုိက္ေသာ စကား၏ အဓိပၸါယ္ ကို သူတုိ႕ ဘယ္လို ေတြးေနသလဲ ဆိုတာ ေျပာျပဖို႕ ခက္သည္။ သို႕ေသာ္လည္း သူဘာေျပာလုိက္ေသာ စကားကိုေတာ့ သူတို႕လဲ သေဘာတူေၾကာင္း ကို Hu KangNing ကို မတားတာကေန ေဖာ္ျပေနသည္။
You XiaoMo က ထိုသူမ်ားကို ၾကည့္မိေသာ သူ႕မ်က္လံးမ်ားကို ျပန္သိမ္းကာ သူ႕အၾကည့္ေတြကို တည္တည္ျငိမ္ျငိမ္ ျပန္ထိန္းျပီး Qiao WuShaung ကို ၾကည့္ကာ ဆက္ေျပာသည္ “ကၽြန္ေတာ္ ေျပာတာက ကၽြန္ေတာ္ မ်ိဳးရုိးနာမည္ေျပာင္း သင့္တယ္လို႕ ထင္လား မဟုတ္ရင္ အျခားသူေတြက အျခားသူေတြကို ႏွိ္မ့္ခ်ျပီးပဲ ၾကည့္တတ္တဲ့ လူတစ္စုနဲ႕ ပတ္သတ္ဆက္ႏြယ္ေနတယ္လို႕ ထင္ေနၾကဦးမယ္။ ျပီးေတာ့ ဆိုးက်ိဳးျဖစ္သြားမွာက ကၽြန္ေတာ္ပဲေလ မဟုတ္ဘူးလား”
Qiao WuShang ကေတာ့ ဝါးလံုးကြဲသာ ရယ္ႏိုင္ေတာ့သည္။
Unicode
Chapter 398: Biggest Problem in Life.
အခန်း ၃၉၈ ဘဝ၏ အကြီးမားဆုံး ပြဿနာ
Hu Yin သေဆုံးပြီးနောက် သူ့မှတ်ဥာဏ်များကို Ling Xioa က စုပ်ယူလိ်ုက်သည်။
သူတို့က သေသေ ရှင်ရှင် Ling Xioa ကတော့ လူတွေ၏ မှတ်ဥာဏ်များကို စုပ်ယူနိုင်သည် သို့သော်လည်း အခက်အခဲလေးတော့ ရှိသည်။
အသက်ရှင်နေစဉ်တုန်းတွင် မှတ်ဥာဏ်များကို စုပ်ယူသောအခါ အလိုလို ခုခံခြင်းတစ်ခုက ရှိနေသည်။ အဲဒါက စုပ်ယူရာတွင် အကျိုးသက်ရောက်မှု မရှိပဲ အချိန်တောင် ကုန်စေသည်။ သို့သော်လည်း သေပြီးနောက်တွင် သတိက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သေဆုံးသည့်အချိန်က တစ်ရက်ထက် မကျော်သေးသရွေ့ မှတ်ဥာဏ်များက စိတ်ထဲတွင် ကျန်ရှိနေသေးသည်။ ပိုင်ရှင်မဲ့နေသော ဥစ္စာပစ္စည်းများလိုပင်။ စိတ်ထဲတွင် ကျန်ရစ်နေသေးသော မှတ်ဥာဏ်က စုပ်ယူရန် ပိုလွယ်ကူလှသည်။
Ling Xioa ဒီလို လုပ်တာကို You XiaoMo မြင်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
ဒီမြင်ကွင်းကို သူမြင်တိုင်း Ling Xioa လူတွေကို စားသောက်နေသည်လို့သာ သူခံစားရသည်။
Ling Xioa က မိနစ်အနည်းငယ်အကြာတွင် Hu Yin၏ မှတ်ဥာဏ်များ စုပ်ယူတာ ပြီးသွားသည်။ သူ့မှတ်ဥာဏ်ထဲတွင် သူတို့ လိုချင်သော အဖြေကို တွေ့သွားတာကြောင့် “သွားရအောင်”
You XiaoMo ခေါင်းညိမ့်ပြသည်။
Ling Xioa က သူတို့ အခန်းပြင်ကို ထွက်လာသည်နှင့် မီးစရှို့ကာ နှစ်ယောက်စလုံး ဝင်လာတုန်းကအတိုင်းပင် အလွယ်တကူ ပြန်ထွက်သွားကြသည်။
ဆယ့်ငါးမိနစ်ကြာသောအခါ မီးက ပျံနှံသွားကာ မြို့တော်အရှင်သခင် စံအိမ် ၏ အနောက်ဖက်မှ အခန်းများကို ဝါးမြိုသွားသည်။ မီးက အလွန်ကြီးမားက အခြားသော အရပ်မျက်နှာများကိုလည်း ပျံနှံသော အရိပ်အယောင်များ ရှိသည်။ ပိုဆိုးသည်က သူတို့တွေ ဘာပဲ လုပ်လုပ် မီးကို မငြိမ်းသတ်နိုင်ဘူး ဖြစ်နေကြသည်။ မြို့တော် အရှင်သခင် စံအိမ် တစ်ခုလုံးက ချက်ချင်း အထိတ်တလန့်တွေ ဖြစ်ကာ အော်ဟစ်များက အထဲမှ အခါ အားလျော်စွာ ထွက်ပေါ်နေသည်။
မြို့တော် အရှင်သခင်၏ စံအိမ် မီးလောင်သော သတင်းက ဒုတိယနေ့ မနက်မှာတင် ပျံနှံသွားသည်။
မီးမှာ မနက်မိုးလင်းသည်အထိ ငြိမ်းမသွားဟု ပြောကြသည်။ မြို့တော်အရှင်သခင်၏ စံအိမ် တစ်ဝက်နီးပါးလောက်က မီးလောင်ပျက်စီးသွားသည်။
စောစောစီးစီး အသိမြန်သွား၍ ထိခိုက်ဒါဏ်ရာ ရသူများစွာ မရှိပေ။ သို့သော် သေဆုံးသွားသူ အများအပြားထဲတွင်တော့ သည်းမခံနိုင်လောက်အောင် မောက်မာလှသော Hu Yin နှင့် အင်ပါယာထိပ်တန်းအဆင့် ကျင့်ကြံသူ နောက်တစ်ယောက် ပါသွားသည်။ ပြဒါးသွေးနီမျိုးနွယ်စုမှ နတ်ဘုရားအဆင့် ကျွမ်းကျင်သူမှာ ထို ကိစ္စကြောင့် အလွန်ဒေါသထွက်ကာ လူသတ်သမားကို သေချာပေါက် ရအောင် ဖမ်းရမည်ဟု ဆိုသည်။ သို့သော် သူတို့ ထိုလူကို ဖမ်းနိုင်မဖမ်းနိုင်က ကွဲပြားခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်သွားသည်။
နေ့လည်တွင် မြေအောက်နန်းတော်၏ ဝင်ပေါက် ဘယ်အချိန်ဖွင့်မလည်းဟူသော သတင်း ထွက်လာကာ တောမီးပမာ ပျံနှံသွားသည်။
…………
မြို့တော် အရှင်သခင်၏ စံအိမ်အထဲတွင် တစ်အိမ်လုံးက တင်းမာလှသော အခြေအနေကို ကျရောက်နေသည်။ အထူးသဖြင့် မီးလောက်ကျွမ်းခြင်းမရှိသော ခန်းမဆောာင်ထဲမှာပင် ဖြစ်သည်။ ပြဒါးသွေးနီမျိုးနွယ်စုမှ လူများက အဲဒိမှာ စုစည်းနေကာ သူတို့ မျက်နှာများတွင်တော့ သူတို့တွေက ဘယ်သူမည်ဝါတွေ ဖြစ်နေပါစေ မျက်နှာပေါ်တွင် ဒေါသထွက်နေသော ဟန်များ ရှိနေသည်။
ပြဒါးသွေးနီမျိုးနွယ်စုမှ နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်သော You Ming မှာ သူတို့ထဲမှ အမြင့်ဆုံးအဆင့်အတန်းရှီသော သူကို ကြည့်နေပြီး “QingShan ကော ဘယ်လို ထင်သလဲ”
You Ming ခေါ်ဝေါ်လိုက်သော QingShan ဆိုသူမှာ ပြဒါးသွေးနီမျိုးနွယ်စု လက်ရှိခေါင်းဆောင်၏ တတိယသား ဖြစ်သည်။ သူ့ရဲ့ ချောမောမှုနှင့် ပါရမီက မျိုးနွယ်ထဲမှ အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။ သူ့အဆင့်အတန်းက You Ming ထက် ပိုမြင့်သည်။ သူက ဒီမှာ ရှိနေသော လူများကြားထဲတွင် အများဆုံး ပြောဆိုနိုင်သူလဲ ဖြစ်သည်။ You Ming တောင်မှ အချိန်များစွာမှာ သူ့စကား နားထောင်ရသည်။
You QingShan က ချီတုံချတုံနှင့် သူ့ဘာသာသူ ရေရွတ်နေကာ “မနေ့က ညက မြို့တော်အရှင်သခင်ရဲ့ စံအိမ်ကို ဝင်ရောက်လာတဲ့သူရဲ့ ကျင့်ကြံဆင့်က ဦးလေးLu ရဲ့ အထက်မှာ ရှိသည်။ မဟုတ်လျှင် ဦးလေးLu ကို အသံတိတ် ဘာအနှောင့်အယှက်မှ မရှိပဲ သတ်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ Hu Yin ကတော့ သူ့ကို အခုထိ ရှာလို့ မတွေ့သေးဘူး မလား”
“ကျွန်တော်တို့တွေ အတွင်းရော အပြင်ရော နေရာအားလုံး ရှာပြီးပြီ။ သခင်လေးHu ရဲ့ သဲလွန်စ လုံးဝ မတွေ့ဘူး။ သူလဲ အသတ်ခံရပြီးလောက်ပြီလို့တော့ သံသယရှိပါတယ်” Hu Yin၏ လက်အောက်ငယ်သားတစ်ယောက်က ရိုရိုသေသေ ပြန်ဖြေသည်။
You QingShan က စားပွဲမျက်နှာပြင်ကို ခေါက်ကာ “ဦးလေးLu ကို သတ်သွားတဲ့သူက Hu Yin ကို ခေါ်သွားတာ ဖြစ်နိုင်တယ်။ အဲဒိလူက Hu Yin နဲ့ ကတောက်ကဆ လေးတွင် ရှိနိုင်တာလဲ ဖြစ်နိုင်တယ်” သူတို့က Hu Yin၏ ကိုယ်ခန္ဓာကို ရှာမတွေ့သောကြောင့် Hu Yin တစ်ယောက် ပြန်ပေးဆွဲခံရသည်ဟုပဲ တစ်ညီတစ်ညွတ်ထဲ ဆုံးဖြတ်ခဲ့ ကြသည်။
“ပဉ္စမသခင်လေး၊ အကယ်လို့ အခြားတစ်ဖက်သူက သခင်လေးHu နဲ့ မကျေမနပ် ဖြစ်လောက်တာဆိုလျှင်တော့ ကျွန်တော် သံသယရှိတာ လူနှစ်ယောက်ရှိတယ်” သူ့ဒါဏ်ရာများကနေ ပြန်လည် သက်သာလာသော Hu KangNing က ထို စကားကို ကြားသည်နှင့် မတ်တပ်ထကာ ဆိုလာသည်။ သူ လူနှစ်ယောက်ကို ပြောချိန်တွင် သူ့မျက်လုံးထဲ ၌ ခါးသီးလှသော မကျေနပ်မှုများလဲ အရိပ်အယောင် ပေါ်လွင်နေသည်။
You QingShan က သူ့ကို ထူးမခြားနားသောအကြည့် တစ်ချက်ပေးကာ “တည်းခိုခန်းမှာ ဖြစ်ပျက်ခဲ့တာကို ပြောချင်တာလား”
လွန်ခဲ့သော ရက်အနည်းက သူ ဇွန်မြို့တော်ကို ရောက်စချိန်ထဲက ထိုမတော်တဆမှုကို ကြားခဲ့ပြီးပြီ။
You QingShan၏ မျက်လုံးများ သူ့ဆီတွင် ကျရောက်နေချိန်တွင် Hu KangNing၏ ဦးရေပြားများက တင်းကြပ်နေသည်။ သူ့လက်များကို ဆုပ်ကိုင်အရိုအသေပြုကာ “ဟုတ်ပါတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ အင်အားက Hu Yinရဲ့ အထက်မှာ ရှိပါတယ်။ အဲဒိတုန်းက သခင်လေး Hu က လက်တုံပြန်နိုင်ဖို့ ခွန်အားအနည်းငယ်တောင် မရှိခဲ့ဘူး။ ဒါ့ကြောင့် ကျွန်တော်က သူ့ခွန်အားက စီနီယာLu ထက် မြင့်လောက်ပါတယ်။”
ထိုအချိန်တွင် သက်တော်စောင့် တစ်ယောက်က ပြေးဝင်လာသည်။
ထို သက်တော်စောင့်က ဂါရဝပြုကာ တင်ပြသည် “သခင်လေး။ ရှာနေတာ တိုးတက်မှု နည်းနည်း ရှိပါပြီ။ ကျွန်တော်တို့ သခင်လေးHu Yin ရဲ့ နယ်မြေလက်စွပ်ကို အပျက်အစီးတွေ ကြားထဲ တွေ့ပါတယ်။ လက်စွပ်ရဲ့ အောက်ဘက်မှာ အနက်ရောင် ပြာအပုံလိုက်ရှိပါတယ်။ အဲဒါတွေက သခင်လေးHu Yinရဲ့ အဝတ်အစားများနဲ့ အခြား ကိုယ်ပိုင်ပစ္စည်းတွေ ဖြစ်နိုင်လောက်ပါတယ်”
“Hu Yin ပျောက်သွားရတဲ့ ရည်ရွယ်ချက်က တကယ်တော့ သူက မီးကြောင့် ပြာအဖြစ် လောင်ကျသွားလို့ ဆိုတာ ဖြစ်နိုင်လား” You QingShan မျက်မှောင်ကြုပ်သွားသည်။ နယ်မြေလက်စွပ်ဆိုတာက မှော်အိတ်ထက် များစွာ အဆင့်မြင့်သော အရာတစ်ခု ဖြစ်သည်။ Hu Yin၏ အဆင့်အတန်းနှင့် ဆိုလျှင် အဲဒါကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ မမျှော်လင့်ထားပေ။ သူသာ ပြန်ပေးအဆွဲခံရလျှင် နယ်မြေလက်စွပ်က အထိမတွေ့ပဲ ကျန်ခဲ့ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ပြီးတော့ အနက်ရောင်ပြာအပုံလိုက်လဲ ရှိနေသေးသည်။ Hu Yin ၏ ပျောက်ဆုံးမှုက ဒီလို စဉ်းစားကြည့်လျှင်တော့ ကျိုးကြောင်း ဆီလျော်လှပေသည်။
ဘုန်း..
You Ming က စားပွဲခုံကို ပြင်းပြင်းထန်ထန် ရိုက်ချကာ သူ့မျက်နှာကလည်း မည်းမှောင်နေသည်။ “တော်တော်လေးကို ကောင်းတယ်။YuXian မြို့တော်ရဲ့ ဆက်ခံသူ ကိုတောင် သတ်ရဲတယ်။ ပြဒါးသွေးနီမျိုးနွယ်စုက ဒီနှစ်တွေမှာ လှုပ်ရှားမှု ကြီးကြီးမားမား မလုပ်တာနဲ့ ငါတို့တွေကို ကြောင်နာတွေလို မှားယွင်းယုံမှားစေနေကြသလား။ ငါတို့ အဲဒိလူကို မသတ်ရင် ငါတို့ရဲ့ ပြဒါးသွေးနီမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ”
You QingShan၏ အမူအယာက တွေးမရအောင်ကို နက်နဲနေလှသည်။
“အဲဒိလူက သေချာပေါက် မနက်ဖြန် ပေါ်လာလိမ့်မယ်။ အဲဒိကျမှ ဘယ်သူက သံသယအဖြစ်နိုင်ဆုံး ဖြစ်မလဲ ဆိုတာ ကြည့်ကြတာပေ့ါ” Hu KnangNingက လက်များကျစ်နေအောင် ဆုပ်ထားသည်။ အဲဒိနှစ်ယောက်က လူသတ်သမား ဟုတ်ဟုတ် မဟုတ်ဟုတ် သူကတော့ အဲဒိလူတွေကို ဘယ်တော့မှ မလွတ်မပေးနိုင်ချေ။
……..
နောက်တစ်ရက် နေ့လည်မတိုင်ခင်..
ဇွန်မြို့တော် တောင်တန်းဒေသ၏ အနောက်တောင်ဘက် မှ တောင်ကြားထဲတွင် လူများဖြင့် ပြည့်နေသည်။
ဇွန်မြို့တော်မှ ကျင့်ကြံသူ အားလုံးနီးပါး ရောက်လာသည်။ မြောက်များစွာသော လူအုပ်ကြီးက ပွတ်သိပ်ကြပ်ညပ်နေသည်။ တသီးတခြားသာ အမြဲ ရှိနေတတ်သော တောင်တန်းဒေသကြီးမှာ အသက်ဝင်ကာ လှုပ်ရှားနေလေသည်။
You XiaoMo နှင့် Ling Xioa တို့ ရောက်ချိန်တွင် လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
ထိုအချိန်မှာ မြေအောက်နန်းတော်ဝင်ပေါက် ပေါ်ထွက်လာရန် နာရီဝက်မျှသာ လိုတော့သည်။
“အင်အားကြီးလူတွေ အများကြီးပဲ” You XiaoMo က စိတ်လှုပ်ရှားစွာ အသံထွက်လာသည်။ သတင်းက တော်တော်လေး နောက်ကျမှ ထွက်သွားတာ ဖြစ်ပေမယ့် ဇွန်မြို့တော်၏ တောင်တန်းဒေသ၏ အပေါ်ကို ဖုံးကွယ်ကာ နေထိုင်ကြသော အင်အားကြီးလူတော်တော်များများရှိရာ တော်တော်များများ ရောက်လာကြသည်။ ထို့ကြောင့် ဦးလေးLu ထက် အဆင့်မြင့်သော သူများမှာ သံသယရှိသူများ ဖြစ်ကုန်သည်။
“ပေါ့ပေါ့တန်တန် မနေနဲ့” Ling Xioa က သတိပေးလိုက်သည်။
“ကျွန်တော်သိပါတယ်။ ဟေး.. ဒီတောင်ကြားက ဝင်ပေါက်လား” You XiaoMo က အရှေ့ဘက်မှ မတ်စောက်လှသော မြေပြင်တစ်နေရာကို ညွှန်ပြကာ စပ်စုလိုက်သည်။
ရှေ့တွင် ရှိနေသော တောင်တန်းကြီးတွင် မီတာနှစ်ရာလောက် ကျယ်ပြန့်ကာ ထူးခြားလှသည့်အက်ကြားနေရာကြီး ရှိနေသည်။ အဲဒိ ကျိုးပဲ့နေသော အက်ကြားနေရာကြီးက ဒီနေ့ ပါးစပ်များစွာထံမှ ကြားနေရသောအရာလည်း ဖြစ်သည်။ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီနေရာတွင် ကျင့်ကြံသူနှစ်ယောက်က တိုက်ခိုက်ခဲ့ပြီး ဒီ အန္တရာယ်ရှိသော တောင်တန်းကြောကြီးက ထို ကျွမ်းကျင်ကျင့်ကြံသူများ၏ လက်ရာ ဖြစ်သည်ဟု ကောလဟာလများ ရှိသည်။
သူတို့၏ အထင်ကြီးအံအားစရာ အဖျတ်စွမ်းအင်၏ ရလာဒ်ကတော့ ဒီကျိုးပဲ့သွားသော အပိုင်းနေရာ၏ တောင်ကြားထဲတွင် နေရာတစ်ခု ဖြစ်တည်သွားသည်။ မိုးရများ၏ နှစ်ပေါင်းများစွာ တိုက်စားမှုအပြီး ထို အက်ကွဲတောင်ကြားက ဇွန်မြို့တော်၏ တောင်တန်းဒေသ၏ ထင်ရှားသော အန္တရာယ်ရှိရာ နေရာ ဖြစ်သွားသည်။ ထို အက်ကွဲနေသော တောင်ကြားတွင် ဟာရီကိန်းမုန်တိုင်းလို ပြင်းထန် ထူထဲလှသော ရေခဲများက ဓါးသွားများကဲ့သို့ ချွန်ထက်ပြီး ပြည့်နှက်နေသည်။ မုန်တိုင်းအတွင်းတွင် ကွက်လပ်အင်အား အရိပ်အယောင်များက ရောထွေးနေသေးသည်။ အဲဒါအင်အားများက စိတ်ဝိဥာဏ်အဆင့် ကျင့်ကြံသူများ၏ ခုခံအားကိုပင် အလွယ်လေး ဖြိုခွဲနိုင်သည်။ ဒီတော့ အင်ပါယာအဆင့် နှင့် အထက် ကျင့်ကြံသူများသာ ဝင်နိုင်သည်။
“ပြဒါးသွေးနီမျိုးနွယ်စုနဲ့ မှော်ဆရာအဖွဲ့အစည်းက လူတွေလဲ ရောက်လာကြပြီ”
အဲဒိမှာ အရှေ့က လူအုပ်ကြီးထံမှ ဆူညံသံတွေ ထွက်လာသည်။
You XiaoMo ကလဲ သူတို့တွေ ကြည့်နေသော ဘက်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ကောင်းကင်တွင် ခပ်ဖျော့ဖျော့ အလင်းတန်း ဆယ်ခု စီးဆင်းလာသည်။ ထိုအလင်းတန်းများက အဝေးကနေ နီးလာပြီး သိပ်မကြာခင် သူတို့ရှေ့ ရောက်လာကာ လွတ်နေသော နေရာကို ခြေချလိုက်ကြပြီးနောက် ဘယ်သူမှ သူတို့ဆီ မချဉ်းကပ်ရဲကြပေ။
သူက Cheng DongQing နှင့် Hu KagNingကလွဲပြီး အခြားသူများကို မသိ။
You XiaoMo ပထမ ထင်ထားတာက သူတို့ မြောက်ပိုင်းဒေသမှ Tian Xiang မြို့တော်တွင် တွေ့ခဲ့သော Hu Feng နှင့် Tang Hao တို့ကို ဒီမှာ တွေ့ရလောက်မည်ဟု ထင်ထားခဲ့သည်။ အခုချိန်ထိ မည်သည်အရိပ်မယောင်မျှ မတွေ့တော့မှသာ သူတို့တွေ တကယ်မလာလောက်ဘူးဆိုတာ စိတ်ဒုန်းဒုန်းချလိုက်ရသည်။
Hu Feng နှင့် Tang Hao တို့က ကောင်းကင်ဆေးကြိုအိုးတာဝန်ကိ မပြီးဆုံးခဲ့သဖြင့် အကျဉ်းချထား ခံရသည် ဆိုတော့ သူမသိလိုက်ချေ။
သူတို့နောက်တွင် Xiong Xiao၏ လိပ်စိမ်းကြီးလဲ ပေါ်လာသည်။ ဧရာမလိပ်စိမ်းကြီးက ကောင်းကင်အထက်တွင် ပေါ်လာတာကြောင့် သူကအောက်က မြေပြင်ကြီးက အရိပ်များဖြင့် ဖုံးလွှမ်းသွားသည်။ လိပ်စိမ်းကြီးက လွတ်နေသော နေရာကို ရှာဖွေပြီးမှ ဆင်းလာလေသည်။ (t/n- ကောင်းကင်မှာ ပျံတက်နိုင်သော လိပ်စိမ်းပျံကြီးပါ)
Xiong Xiao နှင့် Qiao WuShuang က လိပ်စိမ်းကြီး၏ ကျောပေါ်မှ ဆက်တိုက် ခုန်ဆင်းလာသည်။ တိုက်ဆိုင်တာ ပဲလား ဘာလားတော့ မသိ သူတို့ ခုန်ဆင်းလိုက်သော နေရာက You XiaoMo နှင့် Ling Xiao တို့ Ling Xioa တို့ မတ်တပ်ရပ်နေသော နေရာနား ဖြစ်နေတာမို့ သူတို့ကို မြင်ကြသည်။
“ရောင်းရင်းLing Mo၊ ရောင်းရင်း You XiaoHa ထပ်တွေ့ပြန်ပြီနော်”
Xiong Xiao က လှမ်းလာကာ ရွှင်လန်းအားရစွာဖြင့် အရင်နှုတ်ဆက်နေသည်။
You XiaoMoမှာ သူ့ကို You XiaoHa ဟု အခေါ်ခံလိုက်ရတာမို့ တစ်ခါ ရှက်ရွံသွားသည်။ သူသာ ကြိုသိခဲ့ရင် Ling Xiao ကို အရင်မပြောစေခဲ့ပါဘူး။ အဆုံးမှာတော့ သူက You XiaoHa ဆိုတာကြီး ဖြစ်သွားပြီ။ Ling Xiao ၏ နာမည်အတုက ကောင်းမွန်လှသည်။ သူ့နာမည်က စာလုံးတစ်လုံးယူသုံးကာ Ling Mo Ling Mo နဲ့ အသံထွက်ရတာလဲ ကောင်းလှသည်။ (လင် ကို မနာလို နေသော ချစ်ဖ)
Ling Xiao က သာမာန်ပဲ ပြန်ဖြေသည် “ကျုပ်တို့လဲ အခုတင် ရောက်တာ”
Qiao WuShuang က You XiaoMo၏ မျက်နှာက ဘောလုံးတစ်လုံး မှန်ထားသလို ဖြစ်နေတာ မြင်တော့ ဂရုတစိုက်နှင့် မေးလာသည် “ရောင်းရင်းYou ဘာဖြစ်နေတာလဲ”
You XiaoMo မှာ သူ့ကို ရောင်းရင်းYou ဟု အခေါ်ခံလိုက်ရတော့ စိတ်သက်သာရာရသွားသည်။ ဒါက You XiaoHa ဆိုတာ ကြီးထက် ပိုကောင်းလှတာမို့ ကျေနပ်နေသော အပြုံးကြီးနှင့် “ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့ဘဝရဲ့ အကြီးမားဆုံး ပြဿနာ ကြီးကို စဉ်းစားမိလိုက်လို့ပါ”
Qiao WuShuang က အမြော်အမြင်ရှိစွာနှင့် “ရောင်းရင်းဘဝရဲ့ အကြီးမားဆုံး ပြဿနာ ဆိုတာ ဘာလဲ လို့ မေးလို့ ရမလား”
You XiaoMo က သက်ပြင်းချကာ “ကျွန်တော့ မျိုးရိုးနာမည်က You လေ။ ပြဒါးသွေးနီ မျိုးနွယ်စုရဲ့ အဓိက မိသားစုရဲ့ မျိုးရိုးနာမည်ကလည်း You ပဲ။ ကျွန်တော် ပြောတာက ကျွန်တော်က အပြင်မှာ သောင်တင်နေတဲ့ သူတို့မျိုးနွယ်စုက လူတစ်ယောက်လို့များတွေးမိသလား”
“အာ….” Qiao WuShuang တန့်သွားသည်။
“အခုက လောကကြီးမှာ လူအမျိုးမျိုး ရှိနေတာပါပဲ။ ဘယ် တွန်၊ ဒစ် ဒါမှမဟုတ် ဟယ်ရီ စသဖြင့်ပေါ့ အဲဒိလူတွေလဲ သူတို့ရဲ့ အဆင့်အတန်းကို မစဉ်းစားပဲနဲ့ ပြဒါးသွေးနီမျိုးနွယ်စုက လူတွေအဖြစ် ဟန်ဆောင်နိုင်တာပဲ။ မင်းက ဘာက်ို ကြည့်ပြီး ထိုက်တန်တယ် ထင်နေတာလဲ”
သူ့နားရွက်နောက်က ကနေ လှောင်ပြောင်သရော်သလို လေသံထွက်လာသည်။ အန္တရာယ်ရှိသော လေသံနှင့် တမင်ရန်စသောအသံတို့က You XiaoMo ကို ပုဂ္ဂိုလ်ရေးအရ မကောင်းသောဆန္ဒဖြင့် တိုက်ခိုက်လိုက်တာ ဖြစ်သည်။
လူအုပ်ကြီးက အသံလာရာ ဘက်ကို လှည့်ကြည့်လိုက်ကြသည်။ အဲဒါကတော့ Ling Xiao ၏ ကန်ချက်တစ်ချက်နှင့် လွင့်ပျံသွားခြင်းကို ခံလိုက်ရသူ Hu KangNing ဖြစ်သည်။
You QingShan နှင့် You Ming တို့ကလည်း Hu KangNing ဘေးတွင် ပါလာသည်။ သူတို့ နှစ်ဦး၏ အမူအယာများက နားလည်းရခက်ခဲကာ You XiaoMo ကို ပြောလိုက်သော စကား၏ အဓိပ္ပါယ် ကို သူတို့ ဘယ်လို တွေးနေသလဲ ဆိုတာ ပြောပြဖို့ ခက်သည်။ သို့သော်လည်း သူဘာပြောလိုက်သော စကားကိုတော့ သူတို့လဲ သဘောတူကြောင်း ကို Hu KangNing ကို မတားတာကနေ ဖော်ပြနေသည်။
You XiaoMo က ထိုသူများကို ကြည့်မိသော သူ့မျက်လံးများကို ပြန်သိမ်းကာ သူ့အကြည့်တွေကို တည်တည်ငြိမ်ငြိမ် ပြန်ထိန်းပြီး Qiao WuShaung ကို ကြည့်ကာ ဆက်ပြောသည် “ကျွန်တော် ပြောတာက ကျွန်တော် မျိုးရိုးနာမည်ပြောင်း သင့်တယ်လို့ ထင်လား မဟုတ်ရင် အခြားသူတွေက အခြားသူတွေကို နှိ်မ့်ချပြီးပဲ ကြည့်တတ်တဲ့ လူတစ်စုနဲ့ ပတ်သတ်ဆက်နွယ်နေတယ်လို့ ထင်နေကြဦးမယ်။ ပြီးတော့ ဆိုးကျိုးဖြစ်သွားမှာက ကျွန်တော်ပဲလေ မဟုတ်ဘူးလား”
Qiao WuShang ကတော့ ဝါးလုံးကွဲသာ ရယ်နိုင်တော့သည်။