Chapter 396: Metal Swallowing Beast
အခန္း ၃၉၆ သတၱဳ၀ါးျမိဳ သားရဲ
“ဒီက ညီေနာင္ႏွစ္ေယာက္ ခဏေလာက္ ေနပါဦး”
ေက်ာက္စိမ္းျပားကို ဝယ္ျပီး You XioaMo က Ling Xiao ႏွင့္ ျပန္ေတာ့မည့္အခ်ိန္မွာပဲ သူတို႕ေနာက္ကေန ၾကည့္ေနေသာ Xiong Xiao က ရုတ္တရတ္ သူတို႕ကို လွမ္းတားလိုက္သည္။ သူတို႕ ႏွစ္ေယာက္လံုး ရပ္တန္႕လိုက္ၾကသည္။
Xiong Xiaoက ေလွ်ာက္လာကာ ဦးညြတ္အရိုအေသေပးကာ “ကၽြန္ေတာ္က Xiong Xiaoပါ။ ေတြ႕ဆံုေနၾကျပီလဲ ဆိုေတာ့ ဒီက ကို ဘယ္လို ေခၚရမလဲ”
ထြက္သြားခါနီးလူေတြက အဲဒါကို ၾကားေတာ့ အားလံုးက သြားရမည့္လမ္းေၾကာင္းေတြ အားလံုးကို ရပ္တန္႕ကာ ေလာကဝတ္ျပဳကာ အေလးအျမတ္ပံုစံျပသေသာ Xiong Xiao ကို အံအားသင့္စြာ လွည့္ၾကည့္ၾကသည္။ Xiong Xiao က Tong Tiang အဆင့္သတ္မွတ္ခ်က္မွာ ႏွစ္ဆယ့္ငါးရွိသူေလ သူကေတာင္ ဒီလိုစကားေလးေတြ စေျပာတာဆိုေတာ့ သူတို႕ကို တကယ္ မ်က္ႏွာသာေပးေနတာပဲ။
Cang မဟာမိတ္က ခ်မ္းသာကာ အာဏာရွိျပီး သူတုိ႕ႏွင့္ ေပါင္းသင္းဆက္ဆံလုိသူ မ်ားစြာရွိသည္။ ျပဒါးေသြးနီမ်ိဳးႏြယ္စု ႏွင့္ သားရဲသ႑ာန္ေျပာင္းအဖြဲ႕အစည္း လိိုမ်ိဳးေတြကေတာင္ Cangမဟာမိတ္ႏွင့္ မိတ္ေဆြ ျဖစ္ခ်င္ၾကသည္။
သုိ႕ေသာ္လည္း အလြန္နည္းပါးလွေသာသူမ်ားသာ သူတုိ႕၏ အာရံုစိုက္မႈကို ခံရသည္။ မဟာမိတ္ကလူမ်ားက မာနၾကီးကာ အျခားသူမ်ားႏွင့္ မိတ္ေဆြ မျဖစ္ခ်င္ၾကတာ မဟုတ္ပဲႏွင့္ သူတို႕က တစ္ဖက္လူႏွင့္ ေနာက္ခံအသုိင္းအဝိုင္းကို ဂရုမစိုက္တတ္ေသာ လူထူးလူဆန္း တစ္စု ျဖစ္ေသာေၾကာင့္သာ ျဖစ္သည္။ သူတို႕က တစ္ေယာက္ေယာက္ကို သေဘာမက်လွ်င္ ထိုသူတုိ႕၏ ေနာက္ခံက ဘာပဲ ျဖစ္ေနေန သူတုိ႕က ဂရုကို မစိုက္ေပ။
Cheng DongQing က ဥပမာ ပဲ ျဖစ္ကာ Xiong Xiao က သူ႕ကို သေဘာမက်ေပ ဒီေတာ့ သူက ေနာင္တမရွိပဲ မ်က္ႏွာသာကို မေပးေပ။ CDQ က အရင္ လာရန္စတာ ျဖစ္ေသာ္ျငားလည္း သူက မစလွ်င္ေတာင္ Xiong Xiao က အျပဳအမူေကာင္းေကာင္းေတာ့ ရွိေနဦးမွာ မဟုတ္။
You XioaMo က အံၾသေနတုန္းပဲျဖစ္ကာ ဘာမွ မစဥ္းစားပဲ “ကၽြန္ေတာ္က You Xiao…အ့”
သူ ေျပာလုိ႕ မျပီးခင္ပဲ သူ႕ ခါးကို လက္တစ္ေခ်ာင္းက လာတို႕ကာ ရပ္ေစတာမို႕ သူ႕မွာ အနည္းငယ္ လန္႕ျဖန္႕သြားသည္
“You XioaAh ?”
အဲဒိအခ်ိန္မွာပဲ Qing WuShuang က ေလွ်ာက္လာကာသူ႕နာမည္ကို ၾကားေတာ့ ထူးဆန္းသလို အမူအယာျပလာသည္။ ဒီလို ထူးဆန္းေသာ နာမည္ၾကားဖူးတာ သူ႕အတြက္ ပထမဆံုးအၾကိမ္ ျဖစ္ကာ လူႏွင့္ နာမည္ႏွင့္ တြဲၾကည့္လွ်င္ ထူးဆန္းေသာ ခံစားခ်က္ၾကီး ေပးစြမ္းေနသည္။ ထို ႏွစ္ေယာက္က သူကို ၾကည့္လာတာ ျမင္ေတာ့ “ကိုယ့္ကိုကိုယ္ မိတ္ဆက္ဖို႕ ေမ့သြားလို႕ပါ င့ါနာမည္က Qiao WuShuangပါ ”
You XioaMoက ေခၽြးေတာင္ အနည္းငယ္ ထြက္ကာ “မဂၤလာပါ”
“You XioaAhမဟုတ္ဘူး You XiaoHaပါ” ႏႈတ္ဆိတ္ေနေသာ Ling Xiao က အနည္းငယ္ ရွင္းျပလုိက္သည္။ (Eng T/N –ရယ္တဲ့အခ်ိန္မွာ သံုးတဲ့ ဟဟ က ဟပါ။ အဲဒိေတာ့ အခ်စ္ေလး နာမည္က ယူေရွာင္းဟ ျဖစ္သြားပါတယ္)
အျပစ္ရွိသလို ခံစားခ်က္ၾကီးနွင့္ You XioaMo က သေဘာတူလုိက္သည္ “ဟုတ္တယ္ ဟုတ္တယ္ အ့ မဟုတ္ဘူး ဟ ပါ”
“အ့ ပဲ ျဖစ္ျဖစ္ ဟ ပဲ ျဖစ္ျဖစ္ မေရးမၾကီးပါဘူး ဒါက နာမည္တစ္ခုပဲ ဟာ” Xiong Xiao က ေတာက္ေတာက္ပပ ေျပာကာ Ling Xiao ကို လွည့္ၾကည့္ျပီးေတာ့ “ဒီက ညီေနာင္ကိုေကာ ဘယ္လို ေခၚရမလဲ”
Ling Xiao က ေလးေလးနက္နက္ႏွင့္ ျပန္ေျဖသည္ “Ling Mo ပါ”
You XioaMo “………”
Xiong Xiao က သူတို႕ၾကားက ထူးဆန္းလွေသာ ေလထုၾကီးကို သတိမျပဳမိပဲ ေပ်ာ္ရႊင္စြာ အရိုအေသေပး ျပီးေတာ့ “အာ့ ဟုတ္ပါျပီ။ ေရာင္းရင္းLing Mo ၊ ဒီက ညီေနာင္ ႏွစ္ဦးနဲ႕ ေတြ႕ဆံုရတယ္ ဆိုေတာ့ ဒီေန႕အတြက္ကေတာ့ အလဟသတ္ ျဖစ္မသြားဘူးပဲ”
You XioaMo က ေနာက္ဆံုးေတာ့ သူ႕သတိေတြ ျပန္ဝင္လာကာ “ဒီက ညီေနာင္ ႏွစ္ေယာက္နဲ႕ ေတြ႕ဆံုရတာလဲ ဝမ္းသာပါတယ္”
Xiong Xiao က အနည္းငယ္ တည္ျငိမ္သြားကာ ေလးနက္ေသာ အမူအယာ ျပန္ျဖစ္သြားသည္။ ေလးနက္ေသာေလသံႏွင့္ သူက “ေရာင္းရင္းYou XiaoHa ၊ ဒီေန႕ ေရာင္းရင္းတို႕က Cheng DongQing ကို ဆန္႕က်င္လုိက္တယ္ ဆိုေတာ့ ဒီေန႕ကေန စျပီးေတာ့ ပိုျပီး သတိထားရေတာ့မယ္။ သူ႕ရဲ႕စိတ္ထားေသးသိမ္ ပံုနဲ႕ သူက ေသခ်ာေပါက္ လာျပီးေတာ့ ကလဲ့စားျပန္ေခ်လိမ့္မယ္။ အဲဒိေနရာကို သြားဖို႕ ဆံုးျဖတ္ခဲ့လုိ႕ရွိရင္ သူ နဲ႕ Hu Yin ကို ေသခ်ာ ဂရုစိုက္မွ ျဖစ္မယ္”
You XiaoHa ဆိုေသာ စကားလံုးကို ၾကားေတာ့ You XioaMo အနည္းငယ္ ရွက္ရြံသြားသည္။ ထိုေနရာ ဟု သူညႊန္းဆိုေသာ ေနရာမွာ ပံုးကြယ္ေနေသာ ရတနာ ရွိေသာ ေနရာကို ညႊန္းဆိုျခင္း ျဖစ္သည္။ သူက အနည္းငယ္ စိတ္လႈပ္ရွားကာ ျပန္ေျဖလုိက္သည္ “ သတိေပးလို႕ အစ္ကိုၾကီးXiong ကို ေက်းဇူးတင္ပါတယ္ ကၽြန္ေတာ္တုိ႕ သတိထားပါ့မယ္”
အနည္းငယ္ စကားစျမည္ ေျပာဆိုျပီးေနာက္ You XioaMo ႏွင့္ Ling Xiao တို႕ ထြက္ခဲ့သည္။
Qiao WuShaung က သူတို႕ကို ၾကည့္ျပီး ေတြးေတာေနျပီးမွ “အစ္ကိုၾကီးXiong။ ကၽြန္ေတာ္ေတာ့ ဒီလို စိတ္ဝင္စားဖို႕ ေကာင္တဲ့ သူစိ္မ္းႏွစ္ေယာက္ ေတြ႕ရတာ ဒါ ပထမဆံုးပဲ။”
“တကယ္ေတာ့ ငါလဲ ဘာ့ေၾကာင့္မွန္းေတာ့ မသိဘူး သူတို႕ကို သေဘာက်တယ္ အထူးသျဖင့္ You XiaoHa ေပ့ါ။ သူ႕ကို ေတာ္ေတာ္ေလး သေဘာက်တယ္” Xiong Xiao က ေခါင္းခါကာ သူ႕ဘာသာပဲ မရယ္ပဲ ေနႏိုင္ေတာ့ေပ။
Qiao WuShaung က လည္း အဲဒိခံစားခ်က္ၾကီးက ရွင္းျပဖို႕ ခက္ခဲတာကိုသိကာ ထပ္ျပီး ေတာ့ တြန္းအားမေပးပဲႏွင့္ “အစ္ကိုၾကီး Xiong ၊ Ling Mo ကိုေကာ သတိထားမိလား”
Xiong Xiao က ျပံဳးေနတာကို ခ်က္ခ်င္းရပ္လို္က္ကာ တီးတိုးေျပာသည္ “ဒါေပ့ါ သူ႕ကိုလဲ သတိထားမိတယ္ ဒါေပသိ သူ႕အဆင့္ကို မွန္းလို႕မရဘူးျဖစ္ေနတယ္။ သူ႕လက္ရွိအဆင့္ကို ဖုန္းကြယ္ဖို႕ နည္းစနစ္တစ္ခုခု မသံုးထားဘူးဆိုရင္ သူက င့ါထက္ေတာင္ အဆင့္ျမင့္ေလာက္တယ္။ အေနာက္က ဟာပဲ ျဖစ္မွာပါေလ။ သူတုိ႕က Yu Xianျမိဳ႕ေတာ္နဲ႕ ေမွာ္ဆရာအဖြဲ႕အစည္းကိုေတာင္ စိမ္ေခၚရဲတယ္ေလ။ သူ က နတ္ဘုရားအဆင့္ပဲ ဆိုရင္ေတာ့ မလံုေလာက္ေသးဘူး ”
Qioa WuShuang က “အဲဒိအဖြဲ႕ႏွစ္ခုက အားေကာင္းတဲ့က်င့္ၾကံသူေတြနဲ႕ မေတြ႕ပါေစနဲ႕ဦးပဲ ေမွ်ာ္လင့္ရမွာပဲ။ ဒါနဲ႕ ျပဒါးေသြးနီမ်ိဳးႏြယ္စုက သခင္ေလးတစ္ေယာက္ လာမယ္လို႕ ၾကားတယ္ အဲဒါ ဟုတ္လား”
Xiong Xiao က သူအမွန္ကို သိခ်င္လို႕ အစ္ေအာက္ေနတာ သိသည္ သို႕ေသာ္လည္း သူက စိတ္ထဲမထားပဲ “ညီေလးQiao က အေျဖသိျပီးသားကို ဘာလို႕ လာေမးေနတာလဲ”
အျခားတစ္ဖက္မွာေတာ့ You XioaMo ႏွင့္ Ling Xiao က တည္းခိုခန္း ျပန္ဖို႕ မေလာၾကေပ။
သူတို႕က ဇြန္ျမိဳ႕ေတာ္တစ္ခြင္ ခဏေလာက္ လွည့္လည္ျပီးေတာ့ မျပန္ခင္ အမွတ္တရ ပစၥည္းအေျမာက္အျမားလဲ ဝယ္ခဲ့ၾကသည္။
အခန္းထဲ ျပန္ေရာက္ေတာ့ You XioaMo က ေက်ာက္စိမ္းျပားကို ထုတ္ယူလိုက္သည္။ အဲဒိေက်ာက္စိမ္းျပားက အနက္ေရာင္ တဖ်တ္ဖ်တ္ ေတာက္ပေနသည္။ ကန္႕သတ္ထားတာေတြ ဘာမွ မရွိေတာ့ အထဲက အခ်က္အလက္ေတြကို ဖတ္ရႈဖို႕ လြယ္ကူလွသည္။
သူက သတင္းေတြကို ရွာေဖြဖို႕ အလ်င္မလိုတာေၾကာင့္ Ling Xiao ကို ေက်ာက္စိမ္းျပား အရင္လွမ္းလုိက္သည္။
အခါတိုင္းလုိပဲေလ Ling Xiao က သူ႕ထက္ ပိုျမန္သည္။
You XioaMo က တအံတၾသႏွင့္ “ဇြန္ေတာင္တန္းေဒသၾကီးရဲ႕ ေအာက္ေျခထဲမွာ ဒီေလာက္ၾကီးမားတဲ့ ေျမေအာက္နန္းေတာ္ၾကီး ရွိျပီးေတာ့ သတၱဳဝါးျမိဳသားရဲတစ္ေကာင္ေတာင္ ၾကီးထြားေနတယ္ ဆိုတာ မယံုၾကည္ႏိုင္စရာပဲ”
You XioaMo က စာဖတ္မ်ားသူ တစ္ေယာက္မဟုတ္ေပယမ့္ သူက သတၱဳဝါးျမိဳသားရဲကိုေတာ့ ၾကားဖူးပါသည္။
အဲဒါက တုိက္ခိုက္ႏိုင္သလုိ ခုခံႏိုင္စြမ္းလဲ ရွိေသာ ေမွာ္၀င္သားရဲ တစ္ေကာင္ ျဖစ္ကာ သူ႕ရဲ႕ ခုခံႏိုင္စြမ္းက မယံုုႏိုင္စရာ ေကာင္းေလာက္ေအာင္ အားေကာင္းလွသည္။ သို႕ေသာ္လည္း အဲဒါက သူ႕ရဲ႕စားေသာက္မႈေပၚတြင္ မူတည္ေနသည္။ ရွားပါးျပီး အားေကာင္းေသာ သတၱဳဆိုလွ်င္ သူ၏ ခုခံအားက ပိုေကာင္းသည္။ အဲဒါေတြက သူ႕ရဲ႕ အဆင့္ကိုလဲ ျမွင့္တင္ေပးႏိုင္သည္။ ဒီေတာ့ အေျခခံအားျဖင့္ ဆိုလွ်င္ ရွားပါးေသာ သတၱဳမ်ားကို စားေသာက္ျခင္းအေပၚ မွီတည္ေနေသာ ေမွာ္ဝင္သားရဲ တစ္ေကာင္ ျဖစ္သည္။
သူ႕ရဲ႕ တုိက္ခိုက္မႈ႕ကို ေျပာလွ်င္ေတာ့ သူ႕ရဲ႕ သတၱဳမ်ား စားသံုးမႈအေပၚပဲ မူတည္ျပန္သည္။
သတၱဳဝါးျမိဳသားရဲတြင္ သတၱဳျဒပ္စင္တစ္ခု ရွိကာ ရုပ္ပိုင္းဆုိင္ရာ ပ်က္စီးမႈမ်ားကသူ႕ကို မထိခိုက္ေစေပ။ အဲဒိအစား သူက လူ႕ခႏၶာကိုယ္ထဲက သတၱဳျဒပ္စင္မ်ားကို ထိန္းခ်ဳပ္ႏိုင္သည္။ ေသြးမ်ား ေဖာက္ထုတ္ျခင္း မရွိပဲေတာင္ သတ္ႏိုင္စြမ္းရွိသည္ အဲဒါက ေမွာ္၀င္သားရဲ၏ တကယ့္စြမ္းအင္ျဖစ္သည္။
သူက ဧကရာဇ္သားရဲ မဟုတ္ေသာ္လည္း သူ႕တုိက္ခိုက္မႈႏွင့္ ခုခံႏိုင္ျခင္းက အမ်ားစုထက္ သာလြန္လွသည္ ဒါေၾကာင့္ လူမ်ားက သူ႕ကို ဧကရာဇ္သားရဲအတု ဟုလဲ ေခၚၾကသည္။
“ျခံဳေျပာရရင္ောတ့ ဒီက လူေတြ အားလံုးက သတၱဳဝါးျမိဳသားရဲေၾကာင့္ ေရာက္ေနၾကတာေပ့ါ” You XioaMo က ေမွာ္ဝင္သားရဲ၏ စြမ္းအားကို စဥ္းစားမိကာ ေတာ္ေတာ္ေလး ဆြဲေဆာင္ခံလုိက္ရသည္။ သို႕ေသာ္လည္း သူက အဲဒါကိုေတာ့ တြန္းအားမေပးႏိုင္တာ သိသည္။ ေက်ာက္စိမ္းျပားမွာက သူ႕ရဲ႕ အားအင္အဆင့္ကို မေဖာ္ျပထားေပ ဒီေတာ့ သူက မေသခ်ာေသာ တိုက္ပြဲတစ္ခုကို မတိုက္ခိုက္ခ်င္ေပ။
Ling Xiao က “သတၱဳဝါးျမိဳသားရဲအေၾကာင္းဆိုရင္ ယံုတမ္းတစ္ခုေတာင္ ရွိေသးတယ္”
“ယံုတမ္းဟုတ္လား”
“ယံုတမ္းထဲမွာေတာ့ သတၱဳဝါးျမိဳသားရဲက နတ္ဘုရားကေကာင္းခ်ီးေပးထားတဲ့ အထူးသားရဲတစ္မ်ိဳးတဲ့။ သူ႕ကို ဖမ္းႏုိင္တယ္ ဆိုရင္ သက္ရွိအရာအားလံုးရဲ႕ အေပၚမွာ ေနႏိုင္မယ္ ဆိုတယ္။ အဲဒါက အာဏာ ၊ စည္းစိမ္ဥစၥာနဲ႕ အဆင့္အတန္းရဲ႕ သေကၤတတစ္ခု ျဖစ္တယ္တဲ့”
ၾကားလုိက္ရတာႏွင့္ You XioaMo မ်က္လံုးမ်ား ေတာက္ပကာ “အံၾသစရာၾကီးပဲ။ ဒါနဲ႕ အားလံုးမွာ သတၱဳဝါးျမိဳသားရဲ တစ္ေကာင္ ရွိေနျပီ ဆိုရင္ လူတုိင္းက ထိပ္တန္း ျဖစ္မေနဘူးလား”
Ling Xiao ကသူ႕ကို႕ မႏွစ္ျမိဳ႕စြာ ၾကည့္ျပီးေတာ့ “သတၱဳဝါးျမိဳသားရဲကို ဘာထင္ေနတာလဲ။ မင္း ေနရာတကာ ျမင္ေနရတဲ့ အဆင့္နိမ့္သားရဲေတြလိုမ်ား ထင္ေနတာလား”
You XioaMo က ေျခာက္ကပ္ကပ္ရယ္လုိက္သည္။ သူက ဒီအတိုင္း ဟာသ လုပ္လုိက္တာကို “ဒါဆိုလဲ။ အစ္ကိုေျပာပံုအရဆိုရင္ သတၱဳဝါးျမိဳသားရဲ အေရအတြက္က ၾကီးျမတ္တဲ့ ဧကရာဇ္သားရဲ ေတြလို နည္းတာလား”
Ling Xiao က “ၾကီးျမတ္တဲ့ ဧကရာဇ္သားရဲေလးမ်ိဳးက ရွားတယ္ ဒါေပမယ့္ သတၱဳဝါးျမိဳသားရဲက ပိုျပီး ရွားပါးတယ္။ တစ္မ်ိဳးမွာ တစ္ေကာင္ပဲ ရွိတယ္။ ႏွစ္ေပါင္း ကုေဋတစ္သိန္းေနမွ တစ္ခါေမြးဖြားတာ။ အဲဒါက ရွားပါးတယ္ ထင္လား”
You XioaMo မွာ ခက္ခက္ခဲခဲ ျမိဳခ်လိုက္ရသည္။
ကုေဋတစ္သိန္းမွာမွ တစ္ေကာင္ဟုတ္လား။ ေတာ္ေတာ္ၾကီး ေနာက္က်လွတာပဲ။
“သတၱဳဝါးျမိဳသားရဲတစ္ေကာင္ကို ေမြးျမဴဖို႕ကလဲ မလြယ္ကူဘူး ဒီေတာ့ အဲဒိမွာ ငါ့ကို စိတ္အေႏွာင့္အယွက္ ေျဖေစတာ တစ္ခုေတာင္ ရွိေသးတယ္” Ling Xiao က ရုတ္တရတ္ၾကီး အာရံုရလာလုိ ေျပာလာသည္။
You XioaMo က “အဲဒါ ဘာလဲ”
Ling Xiao က ျပန္ေျဖသည္ “ငါ အတည္ျပဳျပီးမွ ေျပာျပမယ္။ ေမွ်ာ္လင့္ထားသလိုဆိုရင္ေတာ့ ဒီတစ္ၾကိမ္က အလြယ္ေလးပဲ”
You XioaMo က အဲဒါကို ၾကားေတာ့ စိတ္မရွည္ျဖစ္ကာ “အခုေျပာျပလို႕ မရဘူးလား”
Ling Xiao က “မရဘူး”
You XioaMo ကထပ္ေမးသည္ “ဘာလို႕မရတာလဲ”
Ling Xiao ကသူ႕ကို ၾကည့္ကာ အျပံဳးတစ္ပြင့္ႏွင့္ “ဘာလို႕လဲ ဆိုေတာ့ မင္းအခု တကယ္ၾကီးသိခ်င္ေနတာမွန္း ငါသိလို႕ေလ”
You XioaMo “………”
ေသေလ။
You XioaMo မွာ အလွည့္စားခံလိုက္ရတာ သိသြားေတာ့ မေက်နပ္ျခင္းေတြက တြင္းနက္ေတြလိုပဲ နက္ရႈိင္းသြားရသည္။ သူ အရမ္း သိခ်င္ေနတာ သူမသိဘူးလား? သူ သိခ်င္ေနလို႕ပဲ ရည္ရြယ္ခ်က္ရွိရွိ မေျပာပဲ ေနသည္တဲ့…. သူသာ အဲဒါကို သိရင္ သူ သိခ်င္ေနတယ္လို႕ မေျပာလိုက္ပါဘူး။ အဲဒါက တံုးအေနသလိုၾကီးပဲ။
ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ သူတုိ႕ေတြ အဲဒိ တည္းခိုခန္းမွာ ေနၾကေသးသည္။ တည္းခိုခန္း၏ စားေသာက္ဆိုင္တြင္ေတာ့ ဇြန္ျမိဳ႕ေတာ္၏ အဝင္အထြက္ေတြအၾကာင္း ေျပာဆိုေနေသာ လူ တစ္ေယာက္ေယာက္ ကေတာ့ အျမဲတမ္းရွိေနသည္။ ဒီေတာ့ သူတုိ႕ေတြက အျပင္မထြက္တာေတာင္ သူတို႕ ေတာ္ေတာ္မ်ားမ်ား သိၾကသည္။
ျပဒါးေသြးနီမ်ိဳးႏြယ္စု ႏွင့္ သားရဲ သ႑ာန္ေျပာင္းအဖြဲ႕အစည္း ႏွစ္ခုစလံုးက ဇြန္ျမိဳ႕ေတာ္ကို တစ္ေန႕က ေရာက္လာၾကသည္။ သူတုိ႕ႏွစ္ဖြဲ႕စလံုးကို နတ္ဘုရားအဆင့္ က်င့္ၾကံသူက ဦးေဆာင္လာသည္ ဆိုမွာေတ့ာ သတၱဳဝါးျမိဳသားရဲ ကို ရဖုိ႕ စိတ္ထဲ ထားမွန္း သိသာလွသည္။
You XioaMo က အစတုန္းကေတာ့ Hu Yin ႏွင့္ Cheng DongQing တို႕ တည္းခိုခန္းလာကာ ကလဲ့စားလာေခ်မည္ကို ေတြးမိေသာ္လည္း ဘာမွ ျဖစ္မလာေပ။ သူတုိ႕ေတြ အေတြးေျပာင္းျပီးသြားျပီ လို႕ေတာင္ သူ ထင္လိုက္ေတာ့သည္။
သို႕ေသာ္လည္း Ling Xiao က ေတာ့ အဲဒါက ထြက္ခြာဖို႕ ရက္က အရမ္းကပ္ေနလို႕ဟု ေျပာသည္။ နတ္ဘုရားအဆင့္ က်င့္ၾကံသူ ႏွစ္ေယာက္စလံုးက သူ႕တို႕ အာရံုကို အျခားကို မေျပာင္းခ်င္တာေၾကာင့္ သူတို႕ကို ခ်က္ခ်င္း လာမရွာျခင္း ျဖစ္ေပသည္။
“ကၽြန္ေတာ္တို႕ ဘယ္ေတာ့ ထြက္သြားၾကမွာလဲ ” ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ ၾကာေတာ့ You XioaMo က မေမးပဲ မေနႏို္င္ေတာ့ေခ်။ ျပဒါးေသြးနီမ်ိဳးႏြယ္စုက သြားႏွင့္တာေတာင္ သူတို႕က ဘာမွကို မလႈပ္ျဖစ္ေသးေပ။
Ling Xiao သိေလာက္သည္ဟု သူေတြးခဲ့တာ ျဖစ္ေပမယ့္လည္း သူကေတာ့ အဲဒိအစား “ငါက ဘယ္လိုလုပ္ သိမွာလဲ ေက်ာက္စိမ္းျပားမွာ ဝင္ေပါက္က က်ပန္းေပၚလာတယ္လို႕ မေျပာထားဘူးလား။ အထဲကို သြားခ်င္ရင္ ဝင္ေပါက္ ရွာမွ ရမွာေပ့ါ” သူက အလြန္ကို ဂရုမစိုက္သလိုမ်ိဳး သေဘာထားႏွင့္ ေျပာလာသည္။
You XioaMo က သူကို႕ ျခိမ္းေျခာက္ေသာ အမူအရာႏွင့္ ေစာင္းေျမာင္းၾကည့္ကာ သူ႕ကို ထုိးစြရင္ ေအာ္လုိက္သည္။ “အစ္ကို မသိပဲ ဘယ္လုိလုပ္ေနမွာလဲ။ အစ္ကိုပဲ အရမ္းၾကီး အင္အားၾကီးလွတယ္ မဟုတ္ဘူးလား”
Ling Xiao က သူ႕ကို ထိုးေနတာကို ခြင့္ျပဳေပးေနသည္ သို႕ေသာ္ သူ႕လက္တစ္ဖက္ကေတာ့ ေအာက္ကို ေလ်ာကာ တင္ပါး ကို ကို္င္ကာ သူမ်ားအမွားအေပၚ အႏိုင္ယူလိုေသာ အသံၾကီးႏွင့္ “အမွန္တကယ္ကို ေျပာျပရရင္ မင္းရဲ႕လူက မက်ရႈံးႏိုင္တာေတ့ာ မဟုတ္ဘူးေလ။ သူ႕မွာလဲ သူမလုပ္ႏိုင္တာေတြလဲ ရွိတာပဲ။ ဒါေပမယ့္လဲ ကိုယ့္မိန္းမေလးက ကိုယ့္ကိုခပ္ျမင့္ျမင့္ေတြးထားတယ္လို႕ မထင္ထားဘူး။ မင္းရဲ႕ ေယာက္်ားအေနနဲ႕ အရမ္းဂုဏ္ယူရတာပဲ ဒီေတာ့ မင္းရဲ႕ေယာက္်ားက ဆံုးျဖတ္ခ်က္တစ္ခု ခ်လိ္ုက္တယ္။ တူယွဥ္တြဲက်င့္ၾကံရေအာင္ ”
You XioaMo က ဒီ လိင္ကိစၥပဲ ေတြးေနတဲ့ ေခြးေကာင္ကို ေသေလာက္ေအာင္ ကိုက္ခ်င္ေနသည္။
အဲဒိေတာ့ သူ လုပ္လိုက္သည္။ တုန္႕ဆိုင္းမေနပဲ Ling Xiaoလည္ပင္းကို ကိုက္ခ်လိုက္သည္။
Unicode
Chapter 396: Metal Swallowing Beast
အခန်း ၃၉၆ သတ္တုဝါးမြို သားရဲ
“ဒီက ညီနောင်နှစ်ယောက် ခဏလောက် နေပါဦး”
ကျောက်စိမ်းပြားကို ဝယ်ပြီး You XioaMo က Ling Xiao နှင့် ပြန်တော့မည့်အချိန်မှာပဲ သူတို့နောက်ကနေ ကြည့်နေသော Xiong Xiao က ရုတ်တရတ် သူတို့ကို လှမ်းတားလိုက်သည်။ သူတို့ နှစ်ယောက်လုံး ရပ်တန့်လိုက်ကြသည်။
Xiong Xiaoက လျှောက်လာကာ ဦးညွတ်အရိုအသေပေးကာ “ကျွန်တော်က Xiong Xiaoပါ။ တွေ့ဆုံနေကြပြီလဲ ဆိုတော့ ဒီက ကို ဘယ်လို ခေါ်ရမလဲ”
ထွက်သွားခါနီးလူတွေက အဲဒါကို ကြားတော့ အားလုံးက သွားရမည့်လမ်းကြောင်းတွေ အားလုံးကို ရပ်တန့်ကာ လောကဝတ်ပြုကာ အလေးအမြတ်ပုံစံပြသသော Xiong Xiao ကို အံအားသင့်စွာ လှည့်ကြည့်ကြသည်။ Xiong Xiao က Tong Tiang အဆင့်သတ်မှတ်ချက်မှာ နှစ်ဆယ့်ငါးရှိသူလေ သူကတောင် ဒီလိုစကားလေးတွေ စပြောတာဆိုတော့ သူတို့ကို တကယ် မျက်နှာသာပေးနေတာပဲ။
Cang မဟာမိတ်က ချမ်းသာကာ အာဏာရှိပြီး သူတို့နှင့် ပေါင်းသင်းဆက်ဆံလိုသူ များစွာရှိသည်။ ပြဒါးသွေးနီမျိုးနွယ်စု နှင့် သားရဲသဏ္ဍာန်ပြောင်းအဖွဲ့အစည်း လိုမျိုးတွေကတောင် Cangမဟာမိတ်နှင့် မိတ်ဆွေ ဖြစ်ချင်ကြသည်။
သို့သော်လည်း အလွန်နည်းပါးလှသောသူများသာ သူတို့၏ အာရုံစိုက်မှုကို ခံရသည်။ မဟာမိတ်ကလူများက မာနကြီးကာ အခြားသူများနှင့် မိတ်ဆွေ မဖြစ်ချင်ကြတာ မဟုတ်ပဲနှင့် သူတို့က တစ်ဖက်လူနှင့် နောက်ခံအသိုင်းအဝိုင်းကို ဂရုမစိုက်တတ်သော လူထူးလူဆန်း တစ်စု ဖြစ်သောကြောင့်သာ ဖြစ်သည်။ သူတို့က တစ်ယောက်ယောက်ကို သဘောမကျလျှင် ထိုသူတို့၏ နောက်ခံက ဘာပဲ ဖြစ်နေနေ သူတို့က ဂရုကို မစိုက်ပေ။
Cheng DongQing က ဥပမာ ပဲ ဖြစ်ကာ Xiong Xiao က သူ့ကို သဘောမကျပေ ဒီတော့ သူက နောင်တမရှိပဲ မျက်နှာသာကို မပေးပေ။ CDQ က အရင် လာရန်စတာ ဖြစ်သော်ငြားလည်း သူက မစလျှင်တောင် Xiong Xiao က အပြုအမူကောင်းကောင်းတော့ ရှိနေဦးမှာ မဟုတ်။
You XioaMo က အံသြနေတုန်းပဲဖြစ်ကာ ဘာမှ မစဉ်းစားပဲ “ကျွန်တော်က You Xiao…အ့”
သူ ပြောလို့ မပြီးခင်ပဲ သူ့ ခါးကို လက်တစ်ချောင်းက လာတို့ကာ ရပ်စေတာမို့ သူ့မှာ အနည်းငယ် လန့်ဖြန့်သွားသည်
“You XioaAh ?”
အဲဒိအချိန်မှာပဲ Qing WuShuang က လျှောက်လာကာသူ့နာမည်ကို ကြားတော့ ထူးဆန်းသလို အမူအယာပြလာသည်။ ဒီလို ထူးဆန်းသော နာမည်ကြားဖူးတာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ကာ လူနှင့် နာမည်နှင့် တွဲကြည့်လျှင် ထူးဆန်းသော ခံစားချက်ကြီး ပေးစွမ်းနေသည်။ ထို နှစ်ယောက်က သူကို ကြည့်လာတာ မြင်တော့ “ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မေ့သွားလို့ပါ င့ါနာမည်က Qiao WuShuangပါ ”
You XioaMoက ချွေးတောင် အနည်းငယ် ထွက်ကာ “မင်္ဂလာပါ”
“You XioaAhမဟုတ်ဘူး You XiaoHaပါ” နှုတ်ဆိတ်နေသော Ling Xiao က အနည်းငယ် ရှင်းပြလိုက်သည်။ (Eng T/N –ရယ်တဲ့အချိန်မှာ သုံးတဲ့ ဟဟ က ဟပါ။ အဲဒိတော့ အချစ်လေး နာမည်က ယူရှောင်းဟ ဖြစ်သွားပါတယ်)
အပြစ်ရှိသလို ခံစားချက်ကြီးနှင့် You XioaMo က သဘောတူလိုက်သည် “ဟုတ်တယ် ဟုတ်တယ် အ့ မဟုတ်ဘူး ဟ ပါ”
“အ့ ပဲ ဖြစ်ဖြစ် ဟ ပဲ ဖြစ်ဖြစ် မရေးမကြီးပါဘူး ဒါက နာမည်တစ်ခုပဲ ဟာ” Xiong Xiao က တောက်တောက်ပပ ပြောကာ Ling Xiao ကို လှည့်ကြည့်ပြီးတော့ “ဒီက ညီနောင်ကိုကော ဘယ်လို ခေါ်ရမလဲ”
Ling Xiao က လေးလေးနက်နက်နှင့် ပြန်ဖြေသည် “Ling Mo ပါ”
You XioaMo “………”
Xiong Xiao က သူတို့ကြားက ထူးဆန်းလှသော လေထုကြီးကို သတိမပြုမိပဲ ပျော်ရွှင်စွာ အရိုအသေပေး ပြီးတော့ “အာ့ ဟုတ်ပါပြီ။ ရောင်းရင်းLing Mo ၊ ဒီက ညီနောင် နှစ်ဦးနဲ့ တွေ့ဆုံရတယ် ဆိုတော့ ဒီနေ့အတွက်ကတော့ အလဟသတ် ဖြစ်မသွားဘူးပဲ”
You XioaMo က နောက်ဆုံးတော့ သူ့သတိတွေ ပြန်ဝင်လာကာ “ဒီက ညီနောင် နှစ်ယောက်နဲ့ တွေ့ဆုံရတာလဲ ဝမ်းသာပါတယ်”
Xiong Xiao က အနည်းငယ် တည်ငြိမ်သွားကာ လေးနက်သော အမူအယာ ပြန်ဖြစ်သွားသည်။ လေးနက်သောလေသံနှင့် သူက “ရောင်းရင်းYou XiaoHa ၊ ဒီနေ့ ရောင်းရင်းတို့က Cheng DongQing ကို ဆန့်ကျင်လိုက်တယ် ဆိုတော့ ဒီနေ့ကနေ စပြီးတော့ ပိုပြီး သတိထားရတော့မယ်။ သူ့ရဲ့စိတ်ထားသေးသိမ် ပုံနဲ့ သူက သေချာပေါက် လာပြီးတော့ ကလဲ့စားပြန်ချေလိမ့်မယ်။ အဲဒိနေရာကို သွားဖို့ ဆုံးဖြတ်ခဲ့လို့ရှိရင် သူ နဲ့ Hu Yin ကို သေချာ ဂရုစိုက်မှ ဖြစ်မယ်”
You XiaoHa ဆိုသော စကားလုံးကို ကြားတော့ You XioaMo အနည်းငယ် ရှက်ရွံသွားသည်။ ထိုနေရာ ဟု သူညွှန်းဆိုသော နေရာမှာ ပုံးကွယ်နေသော ရတနာ ရှိသော နေရာကို ညွှန်းဆိုခြင်း ဖြစ်သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားကာ ပြန်ဖြေလိုက်သည် “ သတိပေးလို့ အစ်ကိုကြီးXiong ကို ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ သတိထားပါ့မယ်”
အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် You XioaMo နှင့် Ling Xiao တို့ ထွက်ခဲ့သည်။
Qiao WuShaung က သူတို့ကို ကြည့်ပြီး တွေးတောနေပြီးမှ “အစ်ကိုကြီးXiong။ ကျွန်တော်တော့ ဒီလို စိတ်ဝင်စားဖို့ ကောင်တဲ့ သူစ်ိမ်းနှစ်ယောက် တွေ့ရတာ ဒါ ပထမဆုံးပဲ။”
“တကယ်တော့ ငါလဲ ဘာ့ကြောင့်မှန်းတော့ မသိဘူး သူတို့ကို သဘောကျတယ် အထူးသဖြင့် You XiaoHa ပေ့ါ။ သူ့ကို တော်တော်လေး သဘောကျတယ်” Xiong Xiao က ခေါင်းခါကာ သူ့ဘာသာပဲ မရယ်ပဲ နေနိုင်တော့ပေ။
Qiao WuShaung က လည်း အဲဒိခံစားချက်ကြီးက ရှင်းပြဖို့ ခက်ခဲတာကိုသိကာ ထပ်ပြီး တော့ တွန်းအားမပေးပဲနှင့် “အစ်ကိုကြီး Xiong ၊ Ling Mo ကိုကော သတိထားမိလား”
Xiong Xiao က ပြုံးနေတာကို ချက်ချင်းရပ်လိုက်ကာ တီးတိုးပြောသည် “ဒါပေ့ါ သူ့ကိုလဲ သတိထားမိတယ် ဒါပေသိ သူ့အဆင့်ကို မှန်းလို့မရဘူးဖြစ်နေတယ်။ သူ့လက်ရှိအဆင့်ကို ဖုန်းကွယ်ဖို့ နည်းစနစ်တစ်ခုခု မသုံးထားဘူးဆိုရင် သူက င့ါထက်တောင် အဆင့်မြင့်လောက်တယ်။ အနောက်က ဟာပဲ ဖြစ်မှာပါလေ။ သူတို့က Yu Xianမြို့တော်နဲ့ မှော်ဆရာအဖွဲ့အစည်းကိုတောင် စိမ်ခေါ်ရဲတယ်လေ။ သူ က နတ်ဘုရားအဆင့်ပဲ ဆိုရင်တော့ မလုံလောက်သေးဘူး ”
Qioa WuShuang က “အဲဒိအဖွဲ့နှစ်ခုက အားကောင်းတဲ့ကျင့်ကြံသူတွေနဲ့ မတွေ့ပါစေနဲ့ဦးပဲ မျှော်လင့်ရမှာပဲ။ ဒါနဲ့ ပြဒါးသွေးနီမျိုးနွယ်စုက သခင်လေးတစ်ယောက် လာမယ်လို့ ကြားတယ် အဲဒါ ဟုတ်လား”
Xiong Xiao က သူအမှန်ကို သိချင်လို့ အစ်အောက်နေတာ သိသည် သို့သော်လည်း သူက စိတ်ထဲမထားပဲ “ညီလေးQiao က အဖြေသိပြီးသားကို ဘာလို့ လာမေးနေတာလဲ”
အခြားတစ်ဖက်မှာတော့ You XioaMo နှင့် Ling Xiao က တည်းခိုခန်း ပြန်ဖို့ မလောကြပေ။
သူတို့က ဇွန်မြို့တော်တစ်ခွင် ခဏလောက် လှည့်လည်ပြီးတော့ မပြန်ခင် အမှတ်တရ ပစ္စည်းအမြောက်အမြားလဲ ဝယ်ခဲ့ကြသည်။
အခန်းထဲ ပြန်ရောက်တော့ You XioaMo က ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ အဲဒိကျောက်စိမ်းပြားက အနက်ရောင် တဖျတ်ဖျတ် တောက်ပနေသည်။ ကန့်သတ်ထားတာတွေ ဘာမှ မရှိတော့ အထဲက အချက်အလက်တွေကို ဖတ်ရှုဖို့ လွယ်ကူလှသည်။
သူက သတင်းတွေကို ရှာဖွေဖို့ အလျင်မလိုတာကြောင့် Ling Xiao ကို ကျောက်စိမ်းပြား အရင်လှမ်းလိုက်သည်။
အခါတိုင်းလိုပဲလေ Ling Xiao က သူ့ထက် ပိုမြန်သည်။
You XioaMo က တအံတသြနှင့် “ဇွန်တောင်တန်းဒေသကြီးရဲ့ အောက်ခြေထဲမှာ ဒီလောက်ကြီးမားတဲ့ မြေအောက်နန်းတော်ကြီး ရှိပြီးတော့ သတ္တုဝါးမြိုသားရဲတစ်ကောင်တောင် ကြီးထွားနေတယ် ဆိုတာ မယုံကြည်နိုင်စရာပဲ”
You XioaMo က စာဖတ်များသူ တစ်ယောက်မဟုတ်ပေယမ့် သူက သတ္တုဝါးမြိုသားရဲကိုတော့ ကြားဖူးပါသည်။
အဲဒါက တိုက်ခိုက်နိုင်သလို ခုခံနိုင်စွမ်းလဲ ရှိသော မှော်ဝင်သားရဲ တစ်ကောင် ဖြစ်ကာ သူ့ရဲ့ ခုခံနိုင်စွမ်းက မယုံနိုင်စရာ ကောင်းလောက်အောင် အားကောင်းလှသည်။ သို့သော်လည်း အဲဒါက သူ့ရဲ့စားသောက်မှုပေါ်တွင် မူတည်နေသည်။ ရှားပါးပြီး အားကောင်းသော သတ္တုဆိုလျှင် သူ၏ ခုခံအားက ပိုကောင်းသည်။ အဲဒါတွေက သူ့ရဲ့ အဆင့်ကိုလဲ မြှင့်တင်ပေးနိုင်သည်။ ဒီတော့ အခြေခံအားဖြင့် ဆိုလျှင် ရှားပါးသော သတ္တုများကို စားသောက်ခြင်းအပေါ် မှီတည်နေသော မှော်ဝင်သားရဲ တစ်ကောင် ဖြစ်သည်။
သူ့ရဲ့ တိုက်ခိုက်မှု့ကို ပြောလျှင်တော့ သူ့ရဲ့ သတ္တုများ စားသုံးမှုအပေါ်ပဲ မူတည်ပြန်သည်။
သတ္တုဝါးမြိုသားရဲတွင် သတ္တုဒြပ်စင်တစ်ခု ရှိကာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများကသူ့ကို မထိခိုက်စေပေ။ အဲဒိအစား သူက လူ့ခန္ဓာကိုယ်ထဲက သတ္တုဒြပ်စင်များကို ထိန်းချုပ်နိုင်သည်။ သွေးများ ဖောက်ထုတ်ခြင်း မရှိပဲတောင် သတ်နိုင်စွမ်းရှိသည် အဲဒါက မှော်ဝင်သားရဲ၏ တကယ့်စွမ်းအင်ဖြစ်သည်။
သူက ဧကရာဇ်သားရဲ မဟုတ်သော်လည်း သူ့တိုက်ခိုက်မှုနှင့် ခုခံနိုင်ခြင်းက အများစုထက် သာလွန်လှသည် ဒါကြောင့် လူများက သူ့ကို ဧကရာဇ်သားရဲအတု ဟုလဲ ခေါ်ကြသည်။
“ခြုံပြောရရင်ောတ့ ဒီက လူတွေ အားလုံးက သတ္တုဝါးမြိုသားရဲကြောင့် ရောက်နေကြတာပေ့ါ” You XioaMo က မှော်ဝင်သားရဲ၏ စွမ်းအားကို စဉ်းစားမိကာ တော်တော်လေး ဆွဲဆောင်ခံလိုက်ရသည်။ သို့သော်လည်း သူက အဲဒါကိုတော့ တွန်းအားမပေးနိုင်တာ သိသည်။ ကျောက်စိမ်းပြားမှာက သူ့ရဲ့ အားအင်အဆင့်ကို မဖော်ပြထားပေ ဒီတော့ သူက မသေချာသော တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ချင်ပေ။
Ling Xiao က “သတ္တုဝါးမြိုသားရဲအကြောင်းဆိုရင် ယုံတမ်းတစ်ခုတောင် ရှိသေးတယ်”
“ယုံတမ်းဟုတ်လား”
“ယုံတမ်းထဲမှာတော့ သတ္တုဝါးမြိုသားရဲက နတ်ဘုရားကကောင်းချီးပေးထားတဲ့ အထူးသားရဲတစ်မျိုးတဲ့။ သူ့ကို ဖမ်းနိုင်တယ် ဆိုရင် သက်ရှိအရာအားလုံးရဲ့ အပေါ်မှာ နေနိုင်မယ် ဆိုတယ်။ အဲဒါက အာဏာ ၊ စည်းစိမ်ဥစ္စာနဲ့ အဆင့်အတန်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်တဲ့”
ကြားလိုက်ရတာနှင့် You XioaMo မျက်လုံးများ တောက်ပကာ “အံသြစရာကြီးပဲ။ ဒါနဲ့ အားလုံးမှာ သတ္တုဝါးမြိုသားရဲ တစ်ကောင် ရှိနေပြီ ဆိုရင် လူတိုင်းက ထိပ်တန်း ဖြစ်မနေဘူးလား”
Ling Xiao ကသူ့ကို့ မနှစ်မြို့စွာ ကြည့်ပြီးတော့ “သတ္တုဝါးမြိုသားရဲကို ဘာထင်နေတာလဲ။ မင်း နေရာတကာ မြင်နေရတဲ့ အဆင့်နိမ့်သားရဲတွေလိုများ ထင်နေတာလား”
You XioaMo က ခြောက်ကပ်ကပ်ရယ်လိုက်သည်။ သူက ဒီအတိုင်း ဟာသ လုပ်လိုက်တာကို “ဒါဆိုလဲ။ အစ်ကိုပြောပုံအရဆိုရင် သတ္တုဝါးမြိုသားရဲ အရေအတွက်က ကြီးမြတ်တဲ့ ဧကရာဇ်သားရဲ တွေလို နည်းတာလား”
Ling Xiao က “ကြီးမြတ်တဲ့ ဧကရာဇ်သားရဲလေးမျိုးက ရှားတယ် ဒါပေမယ့် သတ္တုဝါးမြိုသားရဲက ပိုပြီး ရှားပါးတယ်။ တစ်မျိုးမှာ တစ်ကောင်ပဲ ရှိတယ်။ နှစ်ပေါင်း ကုဋေတစ်သိန်းနေမှ တစ်ခါမွေးဖွားတာ။ အဲဒါက ရှားပါးတယ် ထင်လား”
You XioaMo မှာ ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
ကုဋေတစ်သိန်းမှာမှ တစ်ကောင်ဟုတ်လား။ တော်တော်ကြီး နောက်ကျလှတာပဲ။
“သတ္တုဝါးမြိုသားရဲတစ်ကောင်ကို မွေးမြူဖို့ကလဲ မလွယ်ကူဘူး ဒီတော့ အဲဒိမှာ ငါ့ကို စိတ်အနှောင့်အယှက် ဖြေစေတာ တစ်ခုတောင် ရှိသေးတယ်” Ling Xiao က ရုတ်တရတ်ကြီး အာရုံရလာလို ပြောလာသည်။
You XioaMo က “အဲဒါ ဘာလဲ”
Ling Xiao က ပြန်ဖြေသည် “ငါ အတည်ပြုပြီးမှ ပြောပြမယ်။ မျှော်လင့်ထားသလိုဆိုရင်တော့ ဒီတစ်ကြိမ်က အလွယ်လေးပဲ”
You XioaMo က အဲဒါကို ကြားတော့ စိတ်မရှည်ဖြစ်ကာ “အခုပြောပြလို့ မရဘူးလား”
Ling Xiao က “မရဘူး”
You XioaMo ကထပ်မေးသည် “ဘာလို့မရတာလဲ”
Ling Xiao ကသူ့ကို ကြည့်ကာ အပြုံးတစ်ပွင့်နှင့် “ဘာလို့လဲ ဆိုတော့ မင်းအခု တကယ်ကြီးသိချင်နေတာမှန်း ငါသိလို့လေ”
You XioaMo “………”
သေလေ။
You XioaMo မှာ အလှည့်စားခံလိုက်ရတာ သိသွားတော့ မကျေနပ်ခြင်းတွေက တွင်းနက်တွေလိုပဲ နက်ရှိုင်းသွားရသည်။ သူ အရမ်း သိချင်နေတာ သူမသိဘူးလား? သူ သိချင်နေလို့ပဲ ရည်ရွယ်ချက်ရှိရှိ မပြောပဲ နေသည်တဲ့…. သူသာ အဲဒါကို သိရင် သူ သိချင်နေတယ်လို့ မပြောလိုက်ပါဘူး။ အဲဒါက တုံးအနေသလိုကြီးပဲ။
နောက်ထပ် ရက်အနည်းငယ်လောက် သူတို့တွေ အဲဒိ တည်းခိုခန်းမှာ နေကြသေးသည်။ တည်းခိုခန်း၏ စားသောက်ဆိုင်တွင်တော့ ဇွန်မြို့တော်၏ အဝင်အထွက်တွေအကြာင်း ပြောဆိုနေသော လူ တစ်ယောက်ယောက် ကတော့ အမြဲတမ်းရှိနေသည်။ ဒီတော့ သူတို့တွေက အပြင်မထွက်တာတောင် သူတို့ တော်တော်များများ သိကြသည်။
ပြဒါးသွေးနီမျိုးနွယ်စု နှင့် သားရဲ သဏ္ဍာန်ပြောင်းအဖွဲ့အစည်း နှစ်ခုစလုံးက ဇွန်မြို့တော်ကို တစ်နေ့က ရောက်လာကြသည်။ သူတို့နှစ်ဖွဲ့စလုံးကို နတ်ဘုရားအဆင့် ကျင့်ကြံသူက ဦးဆောင်လာသည် ဆိုမှာတေ့ာ သတ္တုဝါးမြိုသားရဲ ကို ရဖို့ စိတ်ထဲ ထားမှန်း သိသာလှသည်။
You XioaMo က အစတုန်းကတော့ Hu Yin နှင့် Cheng DongQing တို့ တည်းခိုခန်းလာကာ ကလဲ့စားလာချေမည်ကို တွေးမိသော်လည်း ဘာမှ ဖြစ်မလာပေ။ သူတို့တွေ အတွေးပြောင်းပြီးသွားပြီ လို့တောင် သူ ထင်လိုက်တော့သည်။
သို့သော်လည်း Ling Xiao က တော့ အဲဒါက ထွက်ခွာဖို့ ရက်က အရမ်းကပ်နေလို့ဟု ပြောသည်။ နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ယောက်စလုံးက သူ့တို့ အာရုံကို အခြားကို မပြောင်းချင်တာကြောင့် သူတို့ကို ချက်ချင်း လာမရှာခြင်း ဖြစ်ပေသည်။
“ကျွန်တော်တို့ ဘယ်တော့ ထွက်သွားကြမှာလဲ ” နောက်ထပ် ရက်အနည်းငယ်လောက် ကြာတော့ You XioaMo က မမေးပဲ မနေနိုင်တော့ချေ။ ပြဒါးသွေးနီမျိုးနွယ်စုက သွားနှင့်တာတောင် သူတို့က ဘာမှကို မလှုပ်ဖြစ်သေးပေ။
Ling Xiao သိလောက်သည်ဟု သူတွေးခဲ့တာ ဖြစ်ပေမယ့်လည်း သူကတော့ အဲဒိအစား “ငါက ဘယ်လိုလုပ် သိမှာလဲ ကျောက်စိမ်းပြားမှာ ဝင်ပေါက်က ကျပန်းပေါ်လာတယ်လို့ မပြောထားဘူးလား။ အထဲကို သွားချင်ရင် ဝင်ပေါက် ရှာမှ ရမှာပေ့ါ” သူက အလွန်ကို ဂရုမစိုက်သလိုမျိုး သဘောထားနှင့် ပြောလာသည်။
You XioaMo က သူကို့ ခြိမ်းခြောက်သော အမူအရာနှင့် စောင်းမြောင်းကြည့်ကာ သူ့ကို ထိုးစွရင် အော်လိုက်သည်။ “အစ်ကို မသိပဲ ဘယ်လိုလုပ်နေမှာလဲ။ အစ်ကိုပဲ အရမ်းကြီး အင်အားကြီးလှတယ် မဟုတ်ဘူးလား”
Ling Xiao က သူ့ကို ထိုးနေတာကို ခွင့်ပြုပေးနေသည် သို့သော် သူ့လက်တစ်ဖက်ကတော့ အောက်ကို လျောကာ တင်ပါး ကို ကိုင်ကာ သူများအမှားအပေါ် အနိုင်ယူလိုသော အသံကြီးနှင့် “အမှန်တကယ်ကို ပြောပြရရင် မင်းရဲ့လူက မကျရှုံးနိုင်တာတေ့ာ မဟုတ်ဘူးလေ။ သူ့မှာလဲ သူမလုပ်နိုင်တာတွေလဲ ရှိတာပဲ။ ဒါပေမယ့်လဲ ကိုယ့်မိန်းမလေးက ကိုယ့်ကိုခပ်မြင့်မြင့်တွေးထားတယ်လို့ မထင်ထားဘူး။ မင်းရဲ့ ယောက်ျားအနေနဲ့ အရမ်းဂုဏ်ယူရတာပဲ ဒီတော့ မင်းရဲ့ယောက်ျားက ဆုံးဖြတ်ချက်တစ်ခု ချလိ်ုက်တယ်။ တူယှဉ်တွဲကျင့်ကြံရအောင် ”
You XioaMo က ဒီ လိင်ကိစ္စပဲ တွေးနေတဲ့ ခွေးကောင်ကို သေလောက်အောင် ကိုက်ချင်နေသည်။
အဲဒိတော့ သူ လုပ်လိုက်သည်။ တုန့်ဆိုင်းမနေပဲ Ling Xiaoလည်ပင်းကို ကိုက်ချလိုက်သည်။