Chapter 394: Money Making Method
အခန္း ၃၉၄ ေငြရွာနည္း
“အို….”
You XiaoMo တစ္ေယာက္ မသက္မသာညည္းတြားသံ ေပးကာ အလ်င္လိုျခင္း အလ်ဥ္းမရွိပဲ ျဖည္းျဖည္းခ်င္း မ်က္လံုးကို ဖြင့္လုိက္သည္။ သူ ပထမဆံုး ျမင္ရတာကေတာ့ အကၽြမ္းတ၀င္မရွိေသာ မ်က္ႏွာတစ္ခု ကို ျမင္ရသည္။ အထိတ္တလန္႕ႏွင့္ အိပ္ယာေပၚကို ထထိုင္မိကာ ရုတ္တရတ္ မ်က္လံုးမ်ား က်ယ္သြားသည္။
You XiaoMo မွာ ေခါင္းမတရား ထိုးကိုက္တာမို႕ ဘာေတြ ျဖစ္သြားသလဲ ဆိုတာကို ေတာင္ နားလည္ဖို႕ အခ်ိန္မရေပ။ ေအာက္ဘက္မွ ေျပာရခက္ေသာ ေနရာမွ နာက်င္ကိုက္ခဲေနျခင္းလဲ ရွိေသးသည္။ “နာလိုက္တာ…”
လက္တစ္စံုက ရုတ္ခ်ည္း ျမင့္တက္လာကာ သူ႕နားထင္ကို လာဖိေပးသည္။ အားက မျပင္းလြန္း အေပ့ါလြန္းပဲ အေနေတာ္ ျဖစ္ေသည္။ သူအသာေမာ့ကာ ေပ်ာ္ရႊင္စြာ သက္ျပင္းခ်လိုက္သည္။
“ပိုေကာင္းသြားျပီလား” ရင္းႏွီးကၽြမ္း၀င္ေနေသာ အသံက သူ႕ နားရြက္ေဘးနားမွ ျဖည္းျဖည္းေလးေလး ထြက္လာသည္။ နက္ရိႈင္းလွေသာ အသံက အခုမွ အိပ္ယာက ထလာကာစ အရိပ္အျမြက္ ေဖာ္ျပေနကာ သူ႕ကို သက္ေတာင့္သက္သာ ႏွင့္ ေႏြးေထြးေစသည္။
You XiaoMoက အသိအာရံုမ်ား ျပန္ရရွိျပီး ျဖစ္သည္။ သူက ေနရာတြင္ပင္ ထုိသူ၏ ကိုယ္ခႏၶာကို မီျပီးေတာ့ ကလိမ္ကညစ္ဟန္ႏွင့္ “ေခါင္းက ေတာ္ေတာ္ၾကီး ေလးေနတုန္းပဲ။ ေနာက္တစ္ခါက်ရင္ ေသခ်ာေပါက္ မေသာက္ေတာ့ဘူး”
“အင္းပါ၊ ဒါဆိုလဲ မေသာက္နဲ႕” ထိုလူက ရယ္ကာ ျပန္ေျဖသည္။
You XiaoMo က မ်က္လံုးမ်ား ဖြင့္လုိက္ကာ သူ႕ကို ေငးစိုက္ျပီး “ရယ္ ရဲေသးတယ္ေပ့ါ။ နည္းနည္းေလာက္ ထပ္ေသာက္ပါဦး ဆိုျပီးသာ မတိုက္တြန္းရင္ ကၽြန္ေတာ္ ဒီလို ေခါင္းကိုက္ေနမွာ မဟုတ္ဘူး”
ထိုလူက အျပစ္ကင္းစင္စြာႏွင့္ ျပန္ေျဖသည္ “၀ိုင္ က ေသာက္လို႕ မေကာင္းဘူးလို႕ မင္းထင္ရာ ငါက ငွဲ႕ေပးရင္ေတာင္ မင္းေသာက္မွာလား”
You XiaoMo က ေခ်ာင္းေျခာက္တစ္ခ်က္ဆိုးကာ “အဲဒိ၀ိုင္က…….ေတာ္ေတာ္ေလး အရသာ ရွိတာ”
ဒီစားေသာက္ဆုိင္မွာက ၀ိုင္ေပါင္းမ်ားစြာ ရွိသည္။ သို႕ေသာ္လည္း အဲဒါေတြက အသီး၀ိုင္ထဲတြင္ အေကာင္းဆံုးဟု နာမည္ၾကီးသည္။ ဇြန္ျမိဳ႕ေတာ္မွ သစ္သီး၀ိုင္မ်ားက ထူးျခားသည္ဟု ေျပာၾကသည္။ အရသာက မစပ္သလို ျပင္းထန္မႈလည္း မရွိပဲ အသီးအရသာ ေဖ်ာ့ေဖ်ာ့ ရွိသည္။ အရသာက ေကာင္းသည္ ျပီးေတာ့ ဘယ္ေလာက္ ေသာက္လုိက္ ေသာက္လိုက္ မျငီးေငြ႕ေပ။
အစပို္င္းတုန္းကေတာ့ ထို သစ္သီး၀ိုင္က အရသာ အရမ္းျပင္းမည္ဟု You XiaoMo ထင္ထားတာ ျဖစ္သည္။ ေသာက္ျပီးေနာက္မွာေတာ့ အရသာက သစ္သီးေဖ်ာ္ရည္လို ျဖစ္ေနတာ သူ သိသြားသည္။ Ling Xiao ကလည္း သူ႕အတြက္ သစ္သီး၀ိုင္ကုိ မၾကာခဏ ထည့္ေပးေနသည္ ဒီေတာ့ သူက တစ္ခြက္ျပီး တစ္ခြက္ႏွင့္ ၀ိုင္အိုးေပါင္း မ်ားစြာ ကို မသိလုိ္က္ မသိဘာသာ ေသာက္မိသြားသည္။
“အို႕ အဲ မေန႕က မူးေနတုန္းက တစ္ခုခု ျဖစ္သြားေသးသလိုပဲ။ အဲဒါ ဘာလဲ။ ေခါင္းက အခုထိ မူးေနာက္ေနာက္ ျဖစ္ေနတုန္း ဆိုေတာ့ ေသခ်ာ မရွင္းလင္းေသးဘူး ရွင္းျပပါလား”
You XiaoMo က အနည္းငယ္ အျပစ္ရွိသလုိ ခံစားရတာမို႕ ေခါင္းစဥ္ေျပာင္းလိုက္သည္။ သူက မေန႕က ဘာျဖစ္ခဲ့သလဲ ဆိုတာ တစ္ခဏေလာက္ ျပန္စဥ္းစားလုိ္က္သည္။ Yu Xian ျမိဳ႕က လူေတြ ရွိေနတာ သူမွတ္မိသည္ ျပီးေတာ့ အဲဒိမွာ ေမွာ္ဆရာ အစည္းအရံုးကလည္း တစ္ခုခုပဲ ဒါေပမယ့္ သူက အေသးစိတ္ကိုေတာ့ မမွတ္မိႏိုင္ေပ။
Ling Xiao မ်က္၀န္းမ်ား ေမွးက်ဥ္းသြားသည္။ သူ႕လက္ေခ်ာင္းက You XiaoMo ပါးေလးကို မထိတထိ လုပ္ကာ ရယ္ေမာျပီး “မမွတ္မိဘူးလား? မေန႕က မင္း Hu KangNing နဲ႕ Hu Yin တို႕ကို စကားတစ္ခြန္းေတာင္ ျပန္မေခ်ပႏိုင္ေအာင္ လုပ္ခဲ့တာကို”
You XiaoMo မ်က္ႏွာမွာ မသက္မသာဟန္ ေပၚလာကာ Ling Xiao လက္ကို ဖယ္ခ်ျပီး “ကၽြန္ေတာ္ မမွတ္မိဘူး ေျပာတာ ကၽြန္ေတာ္ မမွတ္မိလို႕ေပ့ါ” သူက ဖံုးကြယ္ဖို႕ ၾကိဳးစားလုိက္တာ ျဖစ္ေပမယ့္ အဲဒါက ပိုျပီး ထင္ေပၚသြားေအာင္ လုပ္ေနသည္။
သူ ထေျပးေတာ့မွာကို ျမင္ေတာ့ Ling Xiao ကသူ႕ကို ဆက္ျပီး မစေနာက္ေတာ့ပဲ “မေန႕က YuXianျမိဳ႕ေတာ္က လူေတြနဲ႕ ေမွာ္ဆရာအစည္းအရံုးက လူေတြ ဇြန္ျမိဳ႕ေတာ္မွာ ေပၚလာတယ္။ သူတုိ႕ ေျပာေနပံုအရ ဆိုရင္ ဒီကို လူေတြ ပိုျပီး ေရာက္လာမည့္ ပံုပဲ။ ဇြန္ျမိဳ႕ေတာ္ဘက္က ေတာင္ေၾကာဘက္က တစ္ခုခုက သူတုိ႕ေတြကို ဆြဲေဆာင္ႏိုင္လုိက္တယ္လုိ႕ ထင္တယ္”
“အဲဒါက ဘာလဲ သိလား” You XiaoMo ေမးလုိက္သည္။
Ling Xiao က ေခါင္းခါကာ “မသိေသးဘူး။ သူတုိ႕လွ်ို႕၀ွက္ခ်က္က ေတာ္ေတာ္ တင္းၾကပ္ပံုပဲ။ သူတုိ႕ကလြဲရင္ ဇြန္ျမိဳ႕ေတာ္က လူေတြေတာင္ အဲဒါက ဘာလဲ ဆိုတာ သိပံု မရဘူး”
You XiaoMo က “ရတနာတစ္မ်ိဳးမ်ိဳး ရွိလုိ႕ ေနမွာေပ့ါ”
Ling Xiao က ဟက္ခနဲ ရယ္ကာ “ဘာ ရတနာပဲ ျဖစ္ျဖစ္ ဒီအခြင့္အေရးက ကုိယ္တို႕ အတြက္ အခြင့္ေကာင္းပဲ။ ျပဒါးေသြးနီ မ်ိဳးႏြယ္စုနဲ႕ သူတို႕ရဲ႕ အဖြဲ႕ခြဲကို စံုစမ္းဖို႕အတြက္ အေရးတယူလုပ္ျပီး ေျပးသြားဖို႕ မလိုေတာ့ဘူး”
အဲဒါက ျဖစ္ႏို္င္သည္။ သို႕ေသာ္ YuXian ျမိဳ႕ေတာ္ႏွင့္ ေမွာ္ဆရာ အစည္းအရံုးက တစ္ခ်ိန္တည္းမွာ ဇြန္ျမိဳ႕ေတာ္မွာ ေပၚလာသည္ ဆိုေသာ အခ်က္ျဖစ္သည္။ အဖြဲ႕ၾကီးႏွစ္ခု အတူတကြ ေပၚလာတာက အာရံုစိုက္မႈ အေတာ္မ်ားမ်ားကို ဆြဲယူႏိုင္လိုက္ကာ သူတုိ႕က အဲဒိကို သိခ်င္ေနေသာ သူပဲ မဟုတ္ေတာ့ေပ။ အဲဒိအခ်ိန္တုန္းက ရွိေနေသာ သူမ်ားသည္လည္း အဲဒါက ဘာေၾကာင့္လဲ ဆိုတာ ကို သိခ်င္ေနတာမို႕ ထိုေန႕ညေနကပင္ စံုစမ္းဖို႕ လႊတ္ျပီး ျဖစ္သည္။
တစ္ညတာအျပီးမွာေတာ့ YuXianျမိဳ႕ေတာ္က လူက သူတို႕အဖြဲ႕ေတြ ေရာက္လာဖို႕ ေစာင့္ဆုိင္းေနတယ္ ဆိုေသာ သတင္းက ဇြန္ျမိဳ႕ေတာ္အႏွံ ပ်ံႏွံသြားသည္။ ျပီးေတာ့ ျပဒါးေသြးနီမ်ိဳးႏြယ္စုက လူေတြပဲ ေရာက္လာလိမ့္မည္ဟု အသံထြက္ေနေသးသည္။
ႏွစ္ေယာက္သား အဝတ္လဲျပဳျပီးေနာက္ You XiaoMo က CatQiu ကို ျပန္လာဖို႕ ေခၚလုိက္သည္။
အ၀တ္အစားလဲ ျပီးေတာ့ သူ႕ရုပ္သြင္ကို မေန႕ကလို သာမာန္လူငယ္ေလး တစ္ေယာက္အသြင္ ေျပာင္းလဲ လိုက္သည္။
CatQiu၏ စြမ္းအင္က သူ႕ေဘာလံုးအသင္းထဲတြင္ နိမ့္က်လွေသာ္လည္း သူ႕ရဲ႕ သ႑ာန္ေျပာင္းလဲျခင္း နည္းစနစ္ကေတာ့ ႏွာတစ္ဖ်ားသာလွကာ လူအမ်ားက သူ႕ကို ေက်ာ္လြန္ကာ ျမင္ႏိုင္ဖို႕ ခက္ခဲသည္။ မေန႕က Hu Yun လိုမ်ိဳးေပါ့ သူက အင္ပါယာအထြတ္အထိပ္အဆင့္ က်င့္ၾကံသူ ျဖစ္ေသာ္လညး္ သူ႕ရဲ႕ ရုပ္ဖ်တ္ထားမႈကို ေဖာက္ထြင္း မျမင္ႏိုင္ေပ။
အဲဒိေနာက္ သူတို႕ႏွစ္ေယာက္ ထြက္ခြာၾကသည္။
မေန႕က ျဖစ္ရပ္အျပီးမွာ ဇြန္ျမိဳ႕ေတာ္၏ ဂိတ္တံခါးကို လူေပါင္းမ်ားစြာ ျဖတ္သန္းသြားလာ ေနၾကသည္မည္ မနက္အေစာတည္းက ျဖစ္သည္။ သူတုိ႕က သတင္းမ်ားေၾကာင့္ အကုန္ အလ်င္လိုေနၾကသည္။ လူေပါင္းမ်ားစြာက YuXianျမိဳ႕ေတာ္ ႏွင့္ ေမွာ္ဆရာအစည္းအရံုးက လူေတြ ဘာ့ေၾကာင့္ ဒီကို လာၾကသလဲ ဆိုတာ သိခ်င္ေနၾကသည္။
အခါအားေလ်ာ္စြာ လူစုစု မ်ားစြာကို သူတို႕ေတြ ျဖတ္ေက်ာ္ခဲ့သည္။
You XiaoMo သံသယအခ်ိဳ႕ ျဖစ္ေတာ့မလို ျဖစ္ခ်ိန္တြင္ သူတို႕ အေနာက္မွ ေျခသံ တဖ်တ္ဖ်တ္ ရုတ္တရက္ ထြက္လာသည္။ သူ ေနာက္လွည့္ၾကည့္လုိက္ေတာ့ လူတစ္စု ကတုိက္ကရိုက္လာေနတာ ျမင္လုိက္ရသည္။
“သူတုိ႕ ဘာလို႕ ဇြန္ျမိဳ႕ေတာ္ကို လာတယ္ဆိုတာ သိတဲ့သူ ရွိတယ္လုိ႕ က်ဳပ္ၾကားတယ္”
“အဲဒါ အမွန္လား အမွားၾကီးလား”
“အဲဒါ အမွန္ေပါ့ဗ်၊ Cangမဟာမိတ္က လူေတြလဲ ဒီကို ေရာက္ေနၾကျပီ”
“ေကာင္းခ်က္……”
You XiaoMo က ဒီလူတစ္စု က သူတုိ႕ ေနာက္က်သြားလို႕ အခြင့္အေရး လြတ္သြားမွာ စိုးရိမ္ေနသလို သူတုိ႕ကို အျမန္ေက်ာ္ျဖတ္သြားတာ ေတြ႕သည္။ အစကေတာ့ သူက နားမလည္ေပမယ့္ Cangမဟာမိတ္အဖြဲ႕၏ လႊမ္းမိုးႏိုင္မႈကို ျပန္စဥ္းစားၾကည့္ေသာအခါမွာေတာ့ သူ နားလည္သြားသည္။
Ling Xiao က ဒီေန႕ ေခါင္းကစ ေျခအဆံုး အျဖဴေရာင္ ဝတ္ဆင္ထားကာ လက္ထဲမွာလဲ ယပ္ေတာင္တစ္ခု ကိုင္ထားေသးသည္။ ေၾကာ့ရွင္းျပီး ယဥ္ေက်းလွေသာ အမူအယာျဖင့္ သူကျပံဳးက “စိတ္ဝင္စားစရာပဲ။ သြားၾကည့္ရေအာင္ေလ”
ဆူညံျပီး စိ္တ္လႈပ္ရွားစရာ ေကာင္းေသာ မည္သည့္ေနရာတြင္မဆို Cangမဟာမိတ္က မရွိသည္ဟု မရွိေပ။ Tong Tian တိုက္မၾကီးတြင္ အဲဒါ ဘံုနားလည္မႈအျဖစ္ ရွိေနေသာ အခ်က္ျဖစ္သည္။ ျပီးေတာ့ Cangမဟာမိတ္ ရွိသည့္ေနရာတြင္ လွ်ိဳ႕ဝွက္ခ်က္မ်ားက လွ်ိဳ႕၀ွက္ခ်က္အျဖစ္ ဆက္လက္ က်န္ရွိေနမည္မဟုတ္။ အဲဒါကလည္း အခ်က္အလက္မ်ားကို စုေဆာင္းျခင္းအျပင္ Cangမဟာမိတ္က သတင္းအခ်က္အလက္ေပါင္းမ်ား ေရာင္းခ်ျခင္းတြင္လဲ ပါ၀င္ပတ္သတ္ေနေသာ ေၾကာင့္ပဲ ျဖစ္သည္။
You XiaoMo ႏွင့္ Ling Xiao တုိ႕ ေရာက္ခ်ိန္တြင္ ေစ်းရံုၾကီးတစ္ရံုအေရွ႕တြင္ ၾကီးမားလွေသာ သားရဲတစ္ေကာင္ ကို ေတြ႕သည္။
ဒီ သားရဲ၏ သြင္ျပင္က လိပ္တစ္ေကာင္ႏွင့္ အလြန္တူသည္။ အဲဒါၾကီးက မီတာငါးဆယ္ေလာက္ျမင့္ကာ မီတာငါးရာခန္႕ ရွည္လ်ားသည္။ လိပ္ၾကီး၏အခြံက အစိမ္းေရာင္ ျဖစ္ကာ သူ႕အခြံေပၚတြင္ အိမ္တစ္လံုးႏွင့္ တူလွေသာ အေဆာက္အဦးတစ္ခုကို သယ္ေဆာင္ထားသည္။ အေဆာက္အဦးတြင္ သိမ္ေမြ႕လွပေသာ ပန္းပုလက္ရာမ်ား ရွိကာ တစ္ခ်က္ၾကည့္ရံုႏွင့္ ထိုအရာမွာ အႏုသုခုမလက္ရာ ေျမာက္လွေသာ အရာဆိုတာ သိႏိုင္သည္။
You XiaoMo တို႕ကို ေက်ာ္ျဖတ္ျပီး ေျပးသြားေသာ သူမ်ားက ထိုလိပ္ၾကီး၏ ေဘးတစ္ဖက္တြင္ ဝန္းရံကာ အာေပါင္အာရင္း သန္သန္ႏွင့္ ေျပာဆိုေနၾကတုန္းပင္။
Ling Xiao က ေလွ်ာက္ေနရင္းႏွင့္ သူ႕နားမလည္ေသးေသာအရာမ်ားကို ရွင္းျပသည္ “အဲဒိလိပ္စိမ္းက ေရွးေဟာင္းသားရဲမ်ိဳးႏြယ္ေလးစုထဲက အဘိဥာဏ္လိပ္နက္မ်ိဳးႏြယ္ထဲက မ်ိဳးဆက္ခြဲ တစ္ခုက။ Cangမဟာမိတ္ ေခါင္းေဆာင္က လိ္ပ္စိမ္းမ်ိဳးႏြယ္စုတစ္စုလံုးကို ႏွိ္မ္နင္းခဲ့တာလို႕လဲ ေကာလဟာလ ရွိတယ္။ အဲဒိကစျပီးေတာ့ လိပ္စိမ္းမ်ိဳးႏြယ္စု က Cangမဟာမိတ္ကို မ်ိဳးဆက္ေပါင္းမ်ားစြာ အလုပ္အေကြ်းျပဳခဲ့တယ္တဲ့။”
“အဘိဥာဏ္လိပ္နက္ရဲ႕ မ်ိဳးဆက္ခြဲကိုေတာင္ ႏွိမ္နင္းႏိုင္တယ္ဆိုေတာ့ Cangမဟာမိတ္ေခါင္းေဆာင္က ေတာ္ေတာ္ေလး အံၾသဖို႕ ေကာင္းတာပဲ” You XiaoMo က ေလးစားသြားတာကို သတိၱရွိရွိႏွင့္ ဖြင့္ဟေနသည္။ လိပ္မ်ားကုိ သယ္ယူပို႕ေဆာင္ေရးအတြက္ အသံုးျပဳဖို႕ စဥ္းစားမႈၾကီးက လံုး၀ကို အသစ္ျဖစ္ကာ မူလပထမပဲ ျဖစ္သည္။ အနည္းဆံုးေတာ့ သူလို လူမ်ိဳးက အၾကြင္းမဲ့ယံုၾကည္ထားတာက လိပ္တစ္ေကာင္ ဆိုတာက အလြန္ေႏွးေကြးေသာ သတၱ၀ါတစ္မ်ိဳးျဖစ္သည္ဟုပဲ သူေတြးတာ ျဖစ္သည္။
သူတို႕ ေျပာေနတုန္းမွပဲ လိပ္စိမ္းၾကီး၏ ေက်ာေပၚက လူေတြ တစ္ေယာက္ျပီး တစ္ေယာက္ ခုန္ခ်လာသည္။
တူညီဝတ္စံုဝတ္ထားတာက လူတစ္ဒါဇင္ေက်ာ္ေက်ာ္ရွိကာ ဦးေဆာင္ေသာ သူတစ္ေယာက္၏ အ၀တ္မ်ားကသာ ကြဲျပားေနသည္။ သူ႕အရွိန္အ၀္က အလြန္အားေကာင္းလွကာ သူ႕ကုိယ္လံုးက အလြန္ၾကံံခိုင္လွျပီး သူ႕ပခံုးေပၚတြင္ ေတာင္ၾကီးတစ္ေတာင္ကိုေတာင္ ထမ္းႏိုင္လိမ့္မည္ဟု ထင္ရသည္။ သူ႕ေကာက္ေၾကာင္းက ဓါးသြားတစ္ခုလိုပင္ မယိမ္းမယိုင္ ျပတ္ျပတ္သားသား ရွိလွသည္။ သူ႕ေနာက္ေက်ာမွာေတာ့ ဓါးအိမ္မပါေသာ ဓါးျပားျပားရွည္ရွည္ၾကီး တစ္လက္ ရွိသည္။
ထိုသူမွာ ဓါးအသံုးျပဳေသာ ကၽြမ္းက်င္ပညာရွင္ တစ္ေယာက္ ျဖစ္သည္။
“အဲဒါ အရွင္Xiong Xiao ပဲ Cangမဟာမိတ္က သူကို႕ လႊတ္လိုက္လိမ့္မယ္လုိ႕ ဘယ္သူ ထင္မိမွာလဲကြ ”
“အ..အာ.. အရွင္Xiong Xiao က Tong Tianအဆင့္သတ္မွတ္ခ်က္မွာ ႏွစ္ဆယ့္ငါးရွိတဲ့သူပဲ။ ေလးစားရတဲ့ ပုဂၢိဳလ္တစ္ေယာက္ ေပၚလာတာနဲ႕ ေသခ်ာေပါက္ကြာ ကြဲျပားသြားတာပဲ။ သူက အရမ္း အင္အားၾကီးမားတဲ့သူပဲ”
“ငါၾကားတာေတာ့ အရွင္XiaongXiao က Cangမဟာမိတ္ ေခါင္းေဆာင္ရဲ႕ ရွစ္ေယာက္ေျမာက္ တပည့္တဲ့။ သူက Cangမဟာမိတမွာလဲ အဆင့္အတန္းျမင့္တယ္တဲ့။ Cang မဟာမိတ္ေခါင္းေဆာင္ကေတာ့ သူ႕နာမည္နဲ႕ လုိက္ဖက္ပါတယ္ကြာ။ သူေခၚယူထားတဲ့ တပည့္ေတြ တစ္ေယာက္ခ်င္းစီတုိင္းက အကုန္လံုး ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ထူးျခားဆန္းက်ယ္တဲ့သူေတြ ခ်ည္းပဲ ”
“ဒီတစ္ခါ သတင္းအတြက္ ေစ်းႏႈန္းက ဘယ္ေလာက္ေတာင္ ရွိမလဲ ငါေတာ့သိခ်င္ေနျပီ”
“သတင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ အတိုင္းအတာေပၚ မူတည္ျပီးေတာ့ ေစ်းကေတာ့ ျမင့္သြားမွာပဲ။ သိပ္ခပ္မ်ားမ်ားကေတာ့ တတ္ႏိုင္မယ္ မထင္ဘူး”
……………….
Xiong Xiao လိပ္စိမ္းၾကီးေပၚက ခုန္ခ်လာကတည္းက လူအုပ္ၾကီး ေျပာဆိုေဆြးေႏြးေနၾကတာ မရပ္တန္႕ေပ။ ဆူညံေနေသာ္လည္းပဲ You XiaoMo အတြက္ကေတာ့ သတင္းေတြ အမ်ားၾကီး သိလိုက္ရသည္။
Ling Xiao က သူ႕နားထဲကို တီးတုိးဆိုကာ ရွင္းျပသည္ “TongTian အဆင့္သတ္မွတ္ခ်က္က Tong Tianတုိက္မၾကီးက ကၽြမ္းက်င္အရာေတြအားလံုးကို အဆင့္သတ္မွတ္ထားတာ။ အင္အားအလံုးစံု ေပၚမွာ အေျခခံျပီးေတာ့ အဆင့္ေတြ သတ္မွတ္တယ္။ အေျခခံဆိုရင္ေတာ့ ထိပ္တန္းအေယာက္တစ္ရာထဲမွာ ပါတဲ့သူေတြက လက္ရွိ ရွိေနတဲ့ အင္အားၾကီးတဲ့သူေတြခ်ည္းပဲ။ Xiong Xiao ရဲ႕ အခဆင့္က ႏွစ္ဆယ္ငါးေနရာမွာ ဒီေတာ့ သူ႕က်င့္ၾကံဆင့္ကာ နတ္ဘုရာအဆင့္ ၾကယ္တစ္ပြင့္ေလာက္ေတာ့ ရွိေလာက္တယ္”
ႏွစ္ေယာက္စလံုးက ေခ်ာေမာသူေတြပဲေပမယ့္ Xiong Xiao အေပၚ ပထမဆံုးအျမင္ကေတာ့ Hu Yin နဲ႕ သူ႕လူေတြ ထပ္ေတာ့ အမ်ားၾကီးေကာင္းလွသည္။
Xiao Xiao က ရွိေနေသာ သူအမ်ားေပၚကို ျခံဳၾကည့္လုိက္သည္။ သူ႕မ်က္လံုးမ်ားက ဓါးသြားတစ္ခုလိုပင္ စူးရွကာ ထိုးေဖာက္ျမင္ႏို္င္သလုိပင္။ အဲဒါကို ျမင္လုိ္က္ရသူ တစ္ေယာက္ခ်င္းစီတိုင္းက သူတို႕ရဲ႕ အသက္ရွဴႏႈန္းေတြက ေတာင္ ေႏွးေကြးလာသည္ဟု ခံစားရသည္။ သူ႕အရပ္က အလြန္ရွည္သည္။ ေျမျပင္ေပၚ ေရာက္တာေတာင္ သူက လူတုိ္င္းထက္ ေခါင္းတစ္လံုး ပိုျမင့္ေနေသးကာ အျခားသူမ်ားကို အလြယ္တကူ ဖိႏွိပ္ႏို္္င္သည္။
ေစ်းရံုၾကီးက ရုတ္တရက္ တိတ္က်သြားကာ ဆူညံသံမ်ိဳးစံုက သူကအၾကည့္ႏွင့္တင္ ရပ္တန္႕ကုန္သည္။
လူအုပ္ၾကီးက တိတ္ဆိတ္သြားေတာ့ Xiong Xiao ၏ ၾကည္လင္ေသာ အသံက လိုရင္းကိုပဲ တန္းေျပာသည္ “ဇြန္ျမိဳ႕ေတာ္က ေတာင္တန္းေဒသမွာ ရတနာတစ္ပါး ရွိတယ္ ဆိုတဲ့ ေကာလဟာလနဲ႕ ပတ္သတ္ျပီး ေျပာရရင္ အဲဒါက အမွန္လို႕ အတည္ျပဳႏိုင္ခဲ့တယ္။ အရင္ကစည္းမ်ဥ္းေတြ အတိုင္းပဲ အဲဒိသတင္းကို သိခ်င္တဲ့သူတုိင္းက အခ်က္အလက္ေတြ ပါတဲ့ ေက်ာက္စိမ္းျပားကို က်ဳပ္ဆီက ဝယ္လုိ႕ ရတယ္”
ေၾကညာျပီးသည္ႏွင့္ တစ္ျပိဳင္နက္ ဆူညံသံေတြ ထြက္လာသည္။
မူလကေတာ့ ဇြန္ျမိဳ႕ေတာ္မွ ေတာင္တန္းေဒသတြင္ ရတနာတစ္ပါးရွိသည္ဆိုေသာ သတငး္က မွန္သလား မမွန္ဘူးလားဆိုတာ မေသခ်ာဘူး ျဖစ္ေနၾကသည္။ အခုေတာ့ Xiong Xiao က အဲဒါကို ေျပာကာ အတည္ျပဳေပးခဲ့သည္။ ဒီသတင္းက အျခားအဖြဲ႕မ်ားက ျဖစ္ေသာYu Xianျမိဳ႕ေတာ္ကလူေတြ အေျပးလာမွသာ သူတုိ႕ ၾကားဖူးေလာက္ရသည္အထိ သတင္းအခ်က္အလက္ကို ေစာင့္ၾကပ္ထိန္းသိမ္းထားသည္ ဆိုတာကို သူတုိ႕ ဘယ္တုန္းကမွ မေတြးခဲ့ဘူးေပ။
Cangမဟာမိတ္ ေၾကာင့္သာ မဟုတ္လွ်င္ သူတုိ႕က အခုခ်ိန္ထိ အေမွာင္ထဲမွာပဲ ရွိေနလိမ့္ဦးမည္။
“ဟ.ဟ. အစ္ကိုၾကီးXiaong Xiao ကေတာ့….. သြားေလရာ ေနရာတုိ္င္းမွာ Cangမဟာမိတ္ရဲ႕ အရိပ္ေတြ ျမင္ႏုိင္တယ္ ဆိုတာက တကယ့္ကို အမွန္ပါပဲလား။ ၾကည့္ရတာ ဒီတစ္ခါေတာ့ Cangမဟာမိတ္က စိတ္ဝိဥာဏ္ေက်ာက္တံုးေတြ ပမာဏအမ်ားၾကီး ရွာႏို္င္ေလာက္တယ္။ ေစ်းႏႈန္းကိုေကာ ဘယ္လို တြက္ခ်က္ေပးမွာလဲ သိပါရေစဗ်ာ”
လူတို္င္းက တက္တက္ၾကြၾကြ ေဆြးေႏြးမလို႕ဟန္ျပင္တုန္း ေနာက္နားဆီက ရုတ္တရတ္ ရယ္ေမာသံ တစ္ခ်က္ ထြက္လာသည္။ လူတုိင္းက ေခါင္းမ်ားလွည့္ကာ ၾကည့္ၾကေတာ့ အျဖဴေရာင္ ဝတ္ဆင္ထားေသာ ယဥ္ေက်းသိမ္ေမြ႕ေသာ လူငယ္တစ္ဦး ဆီက ဆိုတာ သိသြားၾကသည္။ လူငယ္က နားရြက္တက္ခ်ိတ္မတတ္ အားရပါးရ ျပံဳးရယ္ေနကာ သူတို႕ဆီ ေလွ်ာက္လွမ္းလာေလသည္။
ထိုုုလူငယ္ေလးမွာ သားရဲသ႑ာန္ေျပာင္းအဖြဲ႕အစည္းမွ Qiao WuShaung အျပင္ အျခားဘယ္သူရွိမွာပါလိမ့္…
Unicode
Chapter 394: Money Making Method
အခန်း ၃၉၄ ငွေရှာနည်း
“အို….”
You XiaoMo တစ်ယောက် မသက်မသာညည်းတွားသံ ပေးကာ အလျင်လိုခြင်း အလျဉ်းမရှိပဲ ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်ရတာကတော့ အကျွမ်းတ၀င်မရှိသော မျက်နှာတစ်ခု ကို မြင်ရသည်။ အထိတ်တလန့်နှင့် အိပ်ယာပေါ်ကို ထထိုင်မိကာ ရုတ်တရတ် မျက်လုံးများ ကျယ်သွားသည်။
You XiaoMo မှာ ခေါင်းမတရား ထိုးကိုက်တာမို့ ဘာတွေ ဖြစ်သွားသလဲ ဆိုတာကို တောင် နားလည်ဖို့ အချိန်မရပေ။ အောက်ဘက်မှ ပြောရခက်သော နေရာမှ နာကျင်ကိုက်ခဲနေခြင်းလဲ ရှိသေးသည်။ “နာလိုက်တာ…”
လက်တစ်စုံက ရုတ်ချည်း မြင့်တက်လာကာ သူ့နားထင်ကို လာဖိပေးသည်။ အားက မပြင်းလွန်း အပေ့ါလွန်းပဲ အနေတော် ဖြစ်သေည်။ သူအသာမော့ကာ ပျော်ရွှင်စွာ သက်ပြင်းချလိုက်သည်။
“ပိုကောင်းသွားပြီလား” ရင်းနှီးကျွမ်းဝင်နေသော အသံက သူ့ နားရွက်ဘေးနားမှ ဖြည်းဖြည်းလေးလေး ထွက်လာသည်။ နက်ရှိုင်းလှသော အသံက အခုမှ အိပ်ယာက ထလာကာစ အရိပ်အမြွက် ဖော်ပြနေကာ သူ့ကို သက်တောင့်သက်သာ နှင့် နွေးထွေးစေသည်။
You XiaoMoက အသိအာရုံများ ပြန်ရရှိပြီး ဖြစ်သည်။ သူက နေရာတွင်ပင် ထိုသူ၏ ကိုယ်ခန္ဓာကို မီပြီးတော့ ကလိမ်ကညစ်ဟန်နှင့် “ခေါင်းက တော်တော်ကြီး လေးနေတုန်းပဲ။ နောက်တစ်ခါကျရင် သေချာပေါက် မသောက်တော့ဘူး”
“အင်းပါ၊ ဒါဆိုလဲ မသောက်နဲ့” ထိုလူက ရယ်ကာ ပြန်ဖြေသည်။
You XiaoMo က မျက်လုံးများ ဖွင့်လိုက်ကာ သူ့ကို ငေးစိုက်ပြီး “ရယ် ရဲသေးတယ်ပေ့ါ။ နည်းနည်းလောက် ထပ်သောက်ပါဦး ဆိုပြီးသာ မတိုက်တွန်းရင် ကျွန်တော် ဒီလို ခေါင်းကိုက်နေမှာ မဟုတ်ဘူး”
ထိုလူက အပြစ်ကင်းစင်စွာနှင့် ပြန်ဖြေသည် “၀ိုင် က သောက်လို့ မကောင်းဘူးလို့ မင်းထင်ရာ ငါက ငှဲ့ပေးရင်တောင် မင်းသောက်မှာလား”
You XiaoMo က ချောင်းခြောက်တစ်ချက်ဆိုးကာ “အဲဒိဝိုင်က…….တော်တော်လေး အရသာ ရှိတာ”
ဒီစားသောက်ဆိုင်မှာက ၀ိုင်ပေါင်းများစွာ ရှိသည်။ သို့သော်လည်း အဲဒါတွေက အသီးဝိုင်ထဲတွင် အကောင်းဆုံးဟု နာမည်ကြီးသည်။ ဇွန်မြို့တော်မှ သစ်သီးဝိုင်များက ထူးခြားသည်ဟု ပြောကြသည်။ အရသာက မစပ်သလို ပြင်းထန်မှုလည်း မရှိပဲ အသီးအရသာ ဖျော့ဖျော့ ရှိသည်။ အရသာက ကောင်းသည် ပြီးတော့ ဘယ်လောက် သောက်လိုက် သောက်လိုက် မငြီးငွေ့ပေ။
အစပိုင်းတုန်းကတော့ ထို သစ်သီးဝိုင်က အရသာ အရမ်းပြင်းမည်ဟု You XiaoMo ထင်ထားတာ ဖြစ်သည်။ သောက်ပြီးနောက်မှာတော့ အရသာက သစ်သီးဖျော်ရည်လို ဖြစ်နေတာ သူ သိသွားသည်။ Ling Xiao ကလည်း သူ့အတွက် သစ်သီးဝိုင်ကို မကြာခဏ ထည့်ပေးနေသည် ဒီတော့ သူက တစ်ခွက်ပြီး တစ်ခွက်နှင့် ၀ိုင်အိုးပေါင်း များစွာ ကို မသိလိုက် မသိဘာသာ သောက်မိသွားသည်။
“အို့ အဲ မနေ့က မူးနေတုန်းက တစ်ခုခု ဖြစ်သွားသေးသလိုပဲ။ အဲဒါ ဘာလဲ။ ခေါင်းက အခုထိ မူးနောက်နောက် ဖြစ်နေတုန်း ဆိုတော့ သေချာ မရှင်းလင်းသေးဘူး ရှင်းပြပါလား”
You XiaoMo က အနည်းငယ် အပြစ်ရှိသလို ခံစားရတာမို့ ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက မနေ့က ဘာဖြစ်ခဲ့သလဲ ဆိုတာ တစ်ခဏလောက် ပြန်စဉ်းစားလိုက်သည်။ Yu Xian မြို့က လူတွေ ရှိနေတာ သူမှတ်မိသည် ပြီးတော့ အဲဒိမှာ မှော်ဆရာ အစည်းအရုံးကလည်း တစ်ခုခုပဲ ဒါပေမယ့် သူက အသေးစိတ်ကိုတော့ မမှတ်မိနိုင်ပေ။
Ling Xiao မျက်ဝန်းများ မှေးကျဉ်းသွားသည်။ သူ့လက်ချောင်းက You XiaoMo ပါးလေးကို မထိတထိ လုပ်ကာ ရယ်မောပြီး “မမှတ်မိဘူးလား? မနေ့က မင်း Hu KangNing နဲ့ Hu Yin တို့ကို စကားတစ်ခွန်းတောင် ပြန်မချေပနိုင်အောင် လုပ်ခဲ့တာကို”
You XiaoMo မျက်နှာမှာ မသက်မသာဟန် ပေါ်လာကာ Ling Xiao လက်ကို ဖယ်ချပြီး “ကျွန်တော် မမှတ်မိဘူး ပြောတာ ကျွန်တော် မမှတ်မိလို့ပေ့ါ” သူက ဖုံးကွယ်ဖို့ ကြိုးစားလိုက်တာ ဖြစ်ပေမယ့် အဲဒါက ပိုပြီး ထင်ပေါ်သွားအောင် လုပ်နေသည်။
သူ ထပြေးတော့မှာကို မြင်တော့ Ling Xiao ကသူ့ကို ဆက်ပြီး မစနောက်တော့ပဲ “မနေ့က YuXianမြို့တော်က လူတွေနဲ့ မှော်ဆရာအစည်းအရုံးက လူတွေ ဇွန်မြို့တော်မှာ ပေါ်လာတယ်။ သူတို့ ပြောနေပုံအရ ဆိုရင် ဒီကို လူတွေ ပိုပြီး ရောက်လာမည့် ပုံပဲ။ ဇွန်မြို့တော်ဘက်က တောင်ကြောဘက်က တစ်ခုခုက သူတို့တွေကို ဆွဲဆောင်နိုင်လိုက်တယ်လို့ ထင်တယ်”
“အဲဒါက ဘာလဲ သိလား” You XiaoMo မေးလိုက်သည်။
Ling Xiao က ခေါင်းခါကာ “မသိသေးဘူး။ သူတို့လျှို့ဝှက်ချက်က တော်တော် တင်းကြပ်ပုံပဲ။ သူတို့ကလွဲရင် ဇွန်မြို့တော်က လူတွေတောင် အဲဒါက ဘာလဲ ဆိုတာ သိပုံ မရဘူး”
You XiaoMo က “ရတနာတစ်မျိုးမျိုး ရှိလို့ နေမှာပေ့ါ”
Ling Xiao က ဟက်ခနဲ ရယ်ကာ “ဘာ ရတနာပဲ ဖြစ်ဖြစ် ဒီအခွင့်အရေးက ကိုယ်တို့ အတွက် အခွင့်ကောင်းပဲ။ ပြဒါးသွေးနီ မျိုးနွယ်စုနဲ့ သူတို့ရဲ့ အဖွဲ့ခွဲကို စုံစမ်းဖို့အတွက် အရေးတယူလုပ်ပြီး ပြေးသွားဖို့ မလိုတော့ဘူး”
အဲဒါက ဖြစ်နိုင်သည်။ သို့သော် YuXian မြို့တော်နှင့် မှော်ဆရာ အစည်းအရုံးက တစ်ချိန်တည်းမှာ ဇွန်မြို့တော်မှာ ပေါ်လာသည် ဆိုသော အချက်ဖြစ်သည်။ အဖွဲ့ကြီးနှစ်ခု အတူတကွ ပေါ်လာတာက အာရုံစိုက်မှု အတော်များများကို ဆွဲယူနိုင်လိုက်ကာ သူတို့က အဲဒိကို သိချင်နေသော သူပဲ မဟုတ်တော့ပေ။ အဲဒိအချိန်တုန်းက ရှိနေသော သူများသည်လည်း အဲဒါက ဘာကြောင့်လဲ ဆိုတာ ကို သိချင်နေတာမို့ ထိုနေ့ညနေကပင် စုံစမ်းဖို့ လွှတ်ပြီး ဖြစ်သည်။
တစ်ညတာအပြီးမှာတော့ YuXianမြို့တော်က လူက သူတို့အဖွဲ့တွေ ရောက်လာဖို့ စောင့်ဆိုင်းနေတယ် ဆိုသော သတင်းက ဇွန်မြို့တော်အနှံ ပျံနှံသွားသည်။ ပြီးတော့ ပြဒါးသွေးနီမျိုးနွယ်စုက လူတွေပဲ ရောက်လာလိမ့်မည်ဟု အသံထွက်နေသေးသည်။
နှစ်ယောက်သား အဝတ်လဲပြုပြီးနောက် You XiaoMo က CatQiu ကို ပြန်လာဖို့ ခေါ်လိုက်သည်။
အ၀တ်အစားလဲ ပြီးတော့ သူ့ရုပ်သွင်ကို မနေ့ကလို သာမာန်လူငယ်လေး တစ်ယောက်အသွင် ပြောင်းလဲ လိုက်သည်။
CatQiu၏ စွမ်းအင်က သူ့ဘောလုံးအသင်းထဲတွင် နိမ့်ကျလှသော်လည်း သူ့ရဲ့ သဏ္ဍာန်ပြောင်းလဲခြင်း နည်းစနစ်ကတော့ နှာတစ်ဖျားသာလှကာ လူအများက သူ့ကို ကျော်လွန်ကာ မြင်နိုင်ဖို့ ခက်ခဲသည်။ မနေ့က Hu Yun လိုမျိုးပေါ့ သူက အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ရဲ့ ရုပ်ဖျတ်ထားမှုကို ဖောက်ထွင်း မမြင်နိုင်ပေ။
အဲဒိနောက် သူတို့နှစ်ယောက် ထွက်ခွာကြသည်။
မနေ့က ဖြစ်ရပ်အပြီးမှာ ဇွန်မြို့တော်၏ ဂိတ်တံခါးကို လူပေါင်းများစွာ ဖြတ်သန်းသွားလာ နေကြသည်မည် မနက်အစောတည်းက ဖြစ်သည်။ သူတို့က သတင်းများကြောင့် အကုန် အလျင်လိုနေကြသည်။ လူပေါင်းများစွာက YuXianမြို့တော် နှင့် မှော်ဆရာအစည်းအရုံးက လူတွေ ဘာ့ကြောင့် ဒီကို လာကြသလဲ ဆိုတာ သိချင်နေကြသည်။
အခါအားလျော်စွာ လူစုစု များစွာကို သူတို့တွေ ဖြတ်ကျော်ခဲ့သည်။
You XiaoMo သံသယအချို့ ဖြစ်တော့မလို ဖြစ်ချိန်တွင် သူတို့ အနောက်မှ ခြေသံ တဖျတ်ဖျတ် ရုတ်တရက် ထွက်လာသည်။ သူ နောက်လှည့်ကြည့်လိုက်တော့ လူတစ်စု ကတိုက်ကရိုက်လာနေတာ မြင်လိုက်ရသည်။
“သူတို့ ဘာလို့ ဇွန်မြို့တော်ကို လာတယ်ဆိုတာ သိတဲ့သူ ရှိတယ်လို့ ကျုပ်ကြားတယ်”
“အဲဒါ အမှန်လား အမှားကြီးလား”
“အဲဒါ အမှန်ပေါ့ဗျ၊ Cangမဟာမိတ်က လူတွေလဲ ဒီကို ရောက်နေကြပြီ”
“ကောင်းချက်……”
You XiaoMo က ဒီလူတစ်စု က သူတို့ နောက်ကျသွားလို့ အခွင့်အရေး လွတ်သွားမှာ စိုးရိမ်နေသလို သူတို့ကို အမြန်ကျော်ဖြတ်သွားတာ တွေ့သည်။ အစကတော့ သူက နားမလည်ပေမယ့် Cangမဟာမိတ်အဖွဲ့၏ လွှမ်းမိုးနိုင်မှုကို ပြန်စဉ်းစားကြည့်သောအခါမှာတော့ သူ နားလည်သွားသည်။
Ling Xiao က ဒီနေ့ ခေါင်းကစ ခြေအဆုံး အဖြူရောင် ဝတ်ဆင်ထားကာ လက်ထဲမှာလဲ ယပ်တောင်တစ်ခု ကိုင်ထားသေးသည်။ ကြော့ရှင်းပြီး ယဉ်ကျေးလှသော အမူအယာဖြင့် သူကပြုံးက “စိတ်ဝင်စားစရာပဲ။ သွားကြည့်ရအောင်လေ”
ဆူညံပြီး စ်ိတ်လှုပ်ရှားစရာ ကောင်းသော မည်သည့်နေရာတွင်မဆို Cangမဟာမိတ်က မရှိသည်ဟု မရှိပေ။ Tong Tian တိုက်မကြီးတွင် အဲဒါ ဘုံနားလည်မှုအဖြစ် ရှိနေသော အချက်ဖြစ်သည်။ ပြီးတော့ Cangမဟာမိတ် ရှိသည့်နေရာတွင် လျှို့ဝှက်ချက်များက လျှို့ဝှက်ချက်အဖြစ် ဆက်လက် ကျန်ရှိနေမည်မဟုတ်။ အဲဒါကလည်း အချက်အလက်များကို စုဆောင်းခြင်းအပြင် Cangမဟာမိတ်က သတင်းအချက်အလက်ပေါင်းများ ရောင်းချခြင်းတွင်လဲ ပါဝင်ပတ်သတ်နေသော ကြောင့်ပဲ ဖြစ်သည်။
You XiaoMo နှင့် Ling Xiao တို့ ရောက်ချိန်တွင် ဈေးရုံကြီးတစ်ရုံအရှေ့တွင် ကြီးမားလှသော သားရဲတစ်ကောင် ကို တွေ့သည်။
ဒီ သားရဲ၏ သွင်ပြင်က လိပ်တစ်ကောင်နှင့် အလွန်တူသည်။ အဲဒါကြီးက မီတာငါးဆယ်လောက်မြင့်ကာ မီတာငါးရာခန့် ရှည်လျားသည်။ လိပ်ကြီး၏အခွံက အစိမ်းရောင် ဖြစ်ကာ သူ့အခွံပေါ်တွင် အိမ်တစ်လုံးနှင့် တူလှသော အဆောက်အဦးတစ်ခုကို သယ်ဆောင်ထားသည်။ အဆောက်အဦးတွင် သိမ်မွေ့လှပသော ပန်းပုလက်ရာများ ရှိကာ တစ်ချက်ကြည့်ရုံနှင့် ထိုအရာမှာ အနုသုခုမလက်ရာ မြောက်လှသော အရာဆိုတာ သိနိုင်သည်။
You XiaoMo တို့ကို ကျော်ဖြတ်ပြီး ပြေးသွားသော သူများက ထိုလိပ်ကြီး၏ ဘေးတစ်ဖက်တွင် ဝန်းရံကာ အာပေါင်အာရင်း သန်သန်နှင့် ပြောဆိုနေကြတုန်းပင်။
Ling Xiao က လျှောက်နေရင်းနှင့် သူ့နားမလည်သေးသောအရာများကို ရှင်းပြသည် “အဲဒိလိပ်စိမ်းက ရှေးဟောင်းသားရဲမျိုးနွယ်လေးစုထဲက အဘိဥာဏ်လိပ်နက်မျိုးနွယ်ထဲက မျိုးဆက်ခွဲ တစ်ခုက။ Cangမဟာမိတ် ခေါင်းဆောင်က လ်ိပ်စိမ်းမျိုးနွယ်စုတစ်စုလုံးကို နှိ်မ်နင်းခဲ့တာလို့လဲ ကောလဟာလ ရှိတယ်။ အဲဒိကစပြီးတော့ လိပ်စိမ်းမျိုးနွယ်စု က Cangမဟာမိတ်ကို မျိုးဆက်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တယ်တဲ့။”
“အဘိဥာဏ်လိပ်နက်ရဲ့ မျိုးဆက်ခွဲကိုတောင် နှိမ်နင်းနိုင်တယ်ဆိုတော့ Cangမဟာမိတ်ခေါင်းဆောင်က တော်တော်လေး အံသြဖို့ ကောင်းတာပဲ” You XiaoMo က လေးစားသွားတာကို သတ္တိရှိရှိနှင့် ဖွင့်ဟနေသည်။ လိပ်များကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုဖို့ စဉ်းစားမှုကြီးက လုံးဝကို အသစ်ဖြစ်ကာ မူလပထမပဲ ဖြစ်သည်။ အနည်းဆုံးတော့ သူလို လူမျိုးက အကြွင်းမဲ့ယုံကြည်ထားတာက လိပ်တစ်ကောင် ဆိုတာက အလွန်နှေးကွေးသော သတ္တ၀ါတစ်မျိုးဖြစ်သည်ဟုပဲ သူတွေးတာ ဖြစ်သည်။
သူတို့ ပြောနေတုန်းမှပဲ လိပ်စိမ်းကြီး၏ ကျောပေါ်က လူတွေ တစ်ယောက်ပြီး တစ်ယောက် ခုန်ချလာသည်။
တူညီဝတ်စုံဝတ်ထားတာက လူတစ်ဒါဇင်ကျော်ကျော်ရှိကာ ဦးဆောင်သော သူတစ်ယောက်၏ အ၀တ်များကသာ ကွဲပြားနေသည်။ သူ့အရှိန်အ၀်က အလွန်အားကောင်းလှကာ သူ့ကိုယ်လုံးက အလွန်ကြံခိုင်လှပြီး သူ့ပခုံးပေါ်တွင် တောင်ကြီးတစ်တောင်ကိုတောင် ထမ်းနိုင်လိမ့်မည်ဟု ထင်ရသည်။ သူ့ကောက်ကြောင်းက ဓါးသွားတစ်ခုလိုပင် မယိမ်းမယိုင် ပြတ်ပြတ်သားသား ရှိလှသည်။ သူ့နောက်ကျောမှာတော့ ဓါးအိမ်မပါသော ဓါးပြားပြားရှည်ရှည်ကြီး တစ်လက် ရှိသည်။
ထိုသူမှာ ဓါးအသုံးပြုသော ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်သည်။
“အဲဒါ အရှင်Xiong Xiao ပဲ Cangမဟာမိတ်က သူကို့ လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲကွ ”
“အ..အာ.. အရှင်Xiong Xiao က Tong Tianအဆင့်သတ်မှတ်ချက်မှာ နှစ်ဆယ့်ငါးရှိတဲ့သူပဲ။ လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတာနဲ့ သေချာပေါက်ကွာ ကွဲပြားသွားတာပဲ။ သူက အရမ်း အင်အားကြီးမားတဲ့သူပဲ”
“ငါကြားတာတော့ အရှင်XiaongXiao က Cangမဟာမိတ် ခေါင်းဆောင်ရဲ့ ရှစ်ယောက်မြောက် တပည့်တဲ့။ သူက Cangမဟာမိတမှာလဲ အဆင့်အတန်းမြင့်တယ်တဲ့။ Cang မဟာမိတ်ခေါင်းဆောင်ကတော့ သူ့နာမည်နဲ့ လိုက်ဖက်ပါတယ်ကွာ။ သူခေါ်ယူထားတဲ့ တပည့်တွေ တစ်ယောက်ချင်းစီတိုင်းက အကုန်လုံး ကြောက်မက်ဖွယ်ကောင်းအောင် ထူးခြားဆန်းကျယ်တဲ့သူတွေ ချည်းပဲ ”
“ဒီတစ်ခါ သတင်းအတွက် ဈေးနှုန်းက ဘယ်လောက်တောင် ရှိမလဲ ငါတော့သိချင်နေပြီ”
“သတင်းရဲ့ လျှို့ဝှက်ချက် အတိုင်းအတာပေါ် မူတည်ပြီးတော့ ဈေးကတော့ မြင့်သွားမှာပဲ။ သိပ်ခပ်များများကတော့ တတ်နိုင်မယ် မထင်ဘူး”
……………….
Xiong Xiao လိပ်စိမ်းကြီးပေါ်က ခုန်ချလာကတည်းက လူအုပ်ကြီး ပြောဆိုဆွေးနွေးနေကြတာ မရပ်တန့်ပေ။ ဆူညံနေသော်လည်းပဲ You XiaoMo အတွက်ကတော့ သတင်းတွေ အများကြီး သိလိုက်ရသည်။
Ling Xiao က သူ့နားထဲကို တီးတိုးဆိုကာ ရှင်းပြသည် “TongTian အဆင့်သတ်မှတ်ချက်က Tong Tianတိုက်မကြီးက ကျွမ်းကျင်အရာတွေအားလုံးကို အဆင့်သတ်မှတ်ထားတာ။ အင်အားအလုံးစုံ ပေါ်မှာ အခြေခံပြီးတော့ အဆင့်တွေ သတ်မှတ်တယ်။ အခြေခံဆိုရင်တော့ ထိပ်တန်းအယောက်တစ်ရာထဲမှာ ပါတဲ့သူတွေက လက်ရှိ ရှိနေတဲ့ အင်အားကြီးတဲ့သူတွေချည်းပဲ။ Xiong Xiao ရဲ့ အခဆင့်က နှစ်ဆယ်ငါးနေရာမှာ ဒီတော့ သူ့ကျင့်ကြံဆင့်ကာ နတ်ဘုရာအဆင့် ကြယ်တစ်ပွင့်လောက်တော့ ရှိလောက်တယ်”
နှစ်ယောက်စလုံးက ချောမောသူတွေပဲပေမယ့် Xiong Xiao အပေါ် ပထမဆုံးအမြင်ကတော့ Hu Yin နဲ့ သူ့လူတွေ ထပ်တော့ အများကြီးကောင်းလှသည်။
Xiao Xiao က ရှိနေသော သူအများပေါ်ကို ခြုံကြည့်လိုက်သည်။ သူ့မျက်လုံးများက ဓါးသွားတစ်ခုလိုပင် စူးရှကာ ထိုးဖောက်မြင်နိုင်သလိုပင်။ အဲဒါကို မြင်လိုက်ရသူ တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ အသက်ရှူနှုန်းတွေက တောင် နှေးကွေးလာသည်ဟု ခံစားရသည်။ သူ့အရပ်က အလွန်ရှည်သည်။ မြေပြင်ပေါ် ရောက်တာတောင် သူက လူတိုင်းထက် ခေါင်းတစ်လုံး ပိုမြင့်နေသေးကာ အခြားသူများကို အလွယ်တကူ ဖိနှိပ်နို်င်သည်။
ဈေးရုံကြီးက ရုတ်တရက် တိတ်ကျသွားကာ ဆူညံသံမျိုးစုံက သူကအကြည့်နှင့်တင် ရပ်တန့်ကုန်သည်။
လူအုပ်ကြီးက တိတ်ဆိတ်သွားတော့ Xiong Xiao ၏ ကြည်လင်သော အသံက လိုရင်းကိုပဲ တန်းပြောသည် “ဇွန်မြို့တော်က တောင်တန်းဒေသမှာ ရတနာတစ်ပါး ရှိတယ် ဆိုတဲ့ ကောလဟာလနဲ့ ပတ်သတ်ပြီး ပြောရရင် အဲဒါက အမှန်လို့ အတည်ပြုနိုင်ခဲ့တယ်။ အရင်ကစည်းမျဉ်းတွေ အတိုင်းပဲ အဲဒိသတင်းကို သိချင်တဲ့သူတိုင်းက အချက်အလက်တွေ ပါတဲ့ ကျောက်စိမ်းပြားကို ကျုပ်ဆီက ဝယ်လို့ ရတယ်”
ကြေညာပြီးသည်နှင့် တစ်ပြိုင်နက် ဆူညံသံတွေ ထွက်လာသည်။
မူလကတော့ ဇွန်မြို့တော်မှ တောင်တန်းဒေသတွင် ရတနာတစ်ပါးရှိသည်ဆိုသော သတင်းက မှန်သလား မမှန်ဘူးလားဆိုတာ မသေချာဘူး ဖြစ်နေကြသည်။ အခုတော့ Xiong Xiao က အဲဒါကို ပြောကာ အတည်ပြုပေးခဲ့သည်။ ဒီသတင်းက အခြားအဖွဲ့များက ဖြစ်သောYu Xianမြို့တော်ကလူတွေ အပြေးလာမှသာ သူတို့ ကြားဖူးလောက်ရသည်အထိ သတင်းအချက်အလက်ကို စောင့်ကြပ်ထိန်းသိမ်းထားသည် ဆိုတာကို သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေ။
Cangမဟာမိတ် ကြောင့်သာ မဟုတ်လျှင် သူတို့က အခုချိန်ထိ အမှောင်ထဲမှာပဲ ရှိနေလိမ့်ဦးမည်။
“ဟ.ဟ. အစ်ကိုကြီးXiaong Xiao ကတော့….. သွားလေရာ နေရာတိုင်းမှာ Cangမဟာမိတ်ရဲ့ အရိပ်တွေ မြင်နိုင်တယ် ဆိုတာက တကယ့်ကို အမှန်ပါပဲလား။ ကြည့်ရတာ ဒီတစ်ခါတော့ Cangမဟာမိတ်က စိတ်ဝိဥာဏ်ကျောက်တုံးတွေ ပမာဏအများကြီး ရှာနိုင်လောက်တယ်။ ဈေးနှုန်းကိုကော ဘယ်လို တွက်ချက်ပေးမှာလဲ သိပါရစေဗျာ”
လူတိုင်းက တက်တက်ကြွကြွ ဆွေးနွေးမလို့ဟန်ပြင်တုန်း နောက်နားဆီက ရုတ်တရတ် ရယ်မောသံ တစ်ချက် ထွက်လာသည်။ လူတိုင်းက ခေါင်းများလှည့်ကာ ကြည့်ကြတော့ အဖြူရောင် ဝတ်ဆင်ထားသော ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦး ဆီက ဆိုတာ သိသွားကြသည်။ လူငယ်က နားရွက်တက်ချိတ်မတတ် အားရပါးရ ပြုံးရယ်နေကာ သူတို့ဆီ လျှောက်လှမ်းလာလေသည်။
ထိုလူငယ်လေးမှာ သားရဲသဏ္ဍာန်ပြောင်းအဖွဲ့အစည်းမှ Qiao WuShaung အပြင် အခြားဘယ်သူရှိမှာပါလိမ့်…