Chapter 393: Retreat In Defeat
အခန်း ၃၉၃ ရှုံးနိမ့်ခြင်းကြောင့် ဆုတ်ခွာခြင်း
တည်းခိုခန်းကြီး တစ်ခုလုံးမှာ ပိုမိုပြင်းထန်သောဖိအားများဖြင့် အားကောင်းသောမုန်တိုင်း နှင့် တူနေသည်။ ဖိအားနှစ်ခု ၏ တိုက်ပွဲ က သေးငယ်သော တည်းခိုခန်းလေးအတွင်းတွင် အချင်းချင်း တိုက်ခိုက်ကြသည်။ အချို့သောသူများမှာ အလွန် တုန်လှုပ်ခြောက်ခြားကာ ထိုင်ခုံကနေ လဲကျပြီး သူတို့ ဖင်တွေနှင့် ကြမ်းပြင်မိတ်ဆက်ကုန်သည်။ လူတိုင်း၏ မျက်နှာမှာလဲ မင်သက်နေသော အမူအယာများသာ ရှိနေသည်။ ဖိအားနှစ်ခု၏ လမ်းကြောင်းတွင် ရှိသော Hu KangNing ကတော့ ပထမဆုံး တိုက်ခိုက်ခံရသူ ဖြစ်သည်။
ဒီလို အရှိန်အ၀ါနှင့် ရင်ဆိုင်ရသောအခါ အင်ပါယာအဆင့် အင်အားကြီးသူမှာ သမုဒ္ဒရာလေပြင်းများကြားက လှေငယ်လေး တစ်စင်း ခရီးသွားနေသလိုပဲ ဖြစ်နေသည်။ လက်တုန့်ပြန်ရန် အခွင့်အရေးမရှိပဲ ကြီးမားသော သက်ရောက်မှုကြောင့် တည်းခိုခန်းအပြင် ကို လွှင့်စဉ်ထွက်သွားသည်။ သူ့၏ အတ္တဘော ခန္ဓာကြီးမှာ အခြားတစ်ဖက်က ကျောက်သားနံရံ နှင့် ရိုက်မိပြီး အ၀တ်စုတ်တစ်ခု လို ထိမှန်က တစ်လှိမ့်လှိမ့်နှင့် ကျသွားရာ မြေပြင်ရောက်မှသာ ရပ်သွားသည်။ အဲဒိအချိန်တွင် ထိုသူမှာ အသက်ရှူတာတောင် အားနည်းနေလှပြီ။
တည်းခိုခန်းထဲမှာတော့ အပ်ကျသံမကြားအောင်တောင် တိတ်ဆိတ်သွားသည်။ နောက် စက္ကန့်အနည်းငယ်အကြာ တွင် ပြင်းထန်သော အသက်ရှူသွင်းသံ တစ်ချက်ကို တည်းခိုခန်း အနှံက ကြားလိုက် ရပြီး အဲဒိနောက်မှာတော့ နောက်ထပ် နောက်ထပ် အသက်ရှူသံတွေ လိုက်လာသည်။ လူချောလေးနှင့် လူငယ်လေးကို ကြည့်ကြသော လူတိုင်း၏ အကြည့်တွင် ချက်ချင်းဆိုသလို ပိုမို ကြောက်ရွံ့လာဟန် ပြလာကာ သူတို့ကို လေးစားမှုပါ ပြလာကြသည်။ ဘယ်သူက တိုက်ခိုက်လိုက်မှန်းတော့ သူတို့တွေ မသိပေမယ့် သူတို့နှစ်ယောက်ထဲမှ တစ်ယောက် တိုက်လိုက်တာတော့ သေချာလှကာ အတော်များများကတော့ လူချောလေး လုပ်လိုက်သည်ဟု ယူဆကြသည်။
လူတိုင်းက အထိတ်တလန့် အခြေအနေနှင့် တုန်လှုပ်နေတုန်းမှာ ကျယ်လောင်သော အသံတစ်ခုက သူတို့အာရုံကို ရုတ်တရက် ဖမ်းစားသွားသည်။ ထိုအသံ ထွက်ပေါ်လာရာကတော့ ဘေးဘက်မှ ဖြစ်သဖြင့် လူတိုင်းက လှည့်ကြည့် လိုက်ကြ သည်။ အံအားသင့်စရာ မရှိသည်ကတော့ အိုးမည်း မည်းမှောင်နေသော အမူအယာနှင့် Hu Yin ကို မြင်လိုက်ရသည်။ သူ့ညာဘက်လက်က တင်းနေအောင် လက်သီးဆုပ်ကာ စားပွဲပေါ်ကို သူ ထုလိုက်ဟန်ပေါ်သည်။ ရှင်းနေသည်မှာ ထိုအသံကို လုပ်လိုက်သူမှာ သူပဲ ဖြစ်သည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်က သူ့သားကောင်ကို စိုက်ကြည့်နေသလိုမျိုး လူချောလေးနှင့် လူငယ်လေးကို အေးစက်စက် ကြည့်နေသည်။ နောက် စက္ကန့်မရွေးမှာပင် သူတို့ အရိုးများကို ချေဖျတ်ပြီး တစ်ကိုယ်လုံးကို မြိုချတော့ မလိုိပင်။
သူ့အနောက်မှ Yu Xianမြို့တော်မှ လူများကလည်း အလောင်းကောင်များကို ကြည့်နေသလို ရေခဲရိုက်အကြည့်မျိုး တွေ ပစ်လွှတ်နေသည်။ ထိုအကြည့်နှင့်တင် အနှောင့်အယှက်ပြုဖို့အတွက် အဆင်သင့်နေကာ အချိန်မရွေး တိုက်ခိုက်တော့မလို ဖြစ်နေသည်။
“ခင်ဗျားတို့ နှစ်ယောက်က Yu Xianမြို့တော်ကို အထင်သေးလွန်းနေပြီ။ ခင်ဗျားတို့ကများ ကျုပ်အရှေ့မှာ ကျုပ်ရဲ့လူကို တိုက်ရဲတယ်ပေ့ါ။ ဒီနေ့မှ ဖြေရှင်းချက် မရရင် ခင်ဗျားတို့ နှစ်ယောက်က Yu Xianမြို့တော်ကို စိန်ခေါ်ချင်တယ်ပဲ ကျုပ်က မှတ်ယူလိက်တော့မယ် ”
Hu Yin က မတ်မတ်ရပ်နေကာ သူ့ကိုယ်ထဲမှ အင်အားကြီးမားသော အရှိန်အ၀ါက ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ အဲဒိနောက်မှ ပြင်းထန်သော ဖိအားက မုန်တိုင်းတစ်ခုအလား သူတို့ထံသို့ ရွေ့လျားသွားသည်။ လူချောလေးက မျက်လုံးဝင့်ကြည့်ကာ သူတို့ကို ပျင်းရိပျင်းတွဲ စိုက်ကြည့်လိုက်သည်။ Hu Yin ၏ အရှိန်အ၀ါကမှာ အချိန်ကိုက်ပင် မမြင်ရသော နံရံတစ်ခု ဖြင့် တားဆီးခံလိုက်ရသည့်အလား အနားသို့တောင် မကပ်နိုင် ဖြစ်သွားသည်။
တစ်ခဏအကြာတွင် Hu Yin မှ ရည်ရွယ်ချက် ရှိရှိ ပစ်လွှတ်လိုက်သော အရှိန်အ၀ါမှာ သူ့ဆီသို့ တန်ပြန်ရိုက်ခတ် သွားသည်။ သူက လက်မသာသည့်အပြင် သူ့မျက်နှာမှာ လည်း ဖျော့တော့သွားသည်။ ယခုလက်ရှိ သူ့ပုံမှာ လူချောလေးကို အရင်က သူငေးကြည့်နေသလိုမျိုး မာနထောင်လွှားကာ မချေမငံပုံစံတွေ လုံးဝမရှိတော့ပေ။
အရှိန်အ၀ါတစ်ခုတည်း ယှဉ်ပြိုင်ခြင်းတောင် သူက လုံးဝ နင်းပြားပင်။ သူက ထိုချောမောသော သူကို လုံးဝ ရှုံးနိမ့်သွားသည်ဟုတောင် ပြောနိုင်သည်။ Hu Yinက အင်ပါယာအဆင့် ကြယ်သုံးပွင့် အင်အားရှိသူ ဖြစ်ရာ သူ့ကို အရှိန်အ၀ါ တစ်ခုတည်း သုံးပြီးတောင် အနိုင်တိုက်နိုင်သူမှာ အင်ပါယာအဆင့် ကြယ်ခုနစ်ပွင့် သို့မဟုတ် နတ်ဘုရားအဆင့် တန်ခိုးရှိသူ ဖြစ်မှ ရမည်။ သူက ဘယ်တစ်ခုခုပဲ ဖြစ်နေပါစေ ဒီလူချောလေးက အင်အားအရာတွင် သူ့ထက် များစွာ သာလွန်သည်။
နဘေးနားမှ Cheng DongQing မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး အဲဒိနေရာတွင် သုန်မှုန်သော အကြည့်တွေက အစားထိုး ၀င်ရောက်လာသည်။ သူက လူချောလေးကို စိတ်ရှုပ်ထွေးပြီး ထိတ်လန့်သော အကြည့်နှင့် ကြည့်လိုက်သည်။
“ဒီက နောင်ကြီးက Yu Xianမြို့တော်နဲ့ ရန်သူ ဖြစ်ချင်နေပုံ ရတယ်။ အဲသလို ဖြစ်နေမှတော့လဲ………. ”
Hu Yin ကို Yu Xianမြို့တော်မှ ကျောထောက် နောက်ခံ ပြုထားသော်လည်း Yu Xianမြို့တော်မှ အခြားလူများ မရောက်ခင် သူက မဆင်မခြင် မပြုရဲပေ။ အခြားတစ်ဖက်က လူက အဲဒါကြောင့် သူ့ကို သတ်ချင်ခဲ့သည် ရှိသော် ကောင်းကျိုး ထက် စာလျှင် ထိခိုက်မည့် သူမှာ သူပဲ ဖြစ်သည်။ သို့သော်လည်း စကားစစ်ပွဲတွင်တော့ သူက အရှုံးမပေး ချင်သေး။
လူချောလေးက သနားဟန်ဆောင်ကာ သူ့ရဲ့ ပထမဆုံးသော ၀ါကျကို ပြောလာသည်။ “မင်းက တစ်ချိန်လုံး Yu Xianမြို့တော် အကြောင်းပဲ မရပ်မနား ပြောနေတယ်။ အခြားအရာတွေ ဘယ်လို ပြောရမလဲ မသိဘူးလား။ ငါက အမှုထားစရာမလိုဘူးတို့ ဒါမှမဟုတ် Yu Xianမြို့တော်ကို စိမ်ခေါ်တယ်လို့ မင်းထင်ရင်လဲ ဘာလို့ အခုချက်ချင်း အရေးမယူတာလဲ။ ဒါမှမဟုတ် မင်းက ငါ့ကို ကြောက်နေတယ်လို့ ပြောရင်ကော မှန်နေမလား ”
သူ ပြောတာ ကြားပြီးတော့ Hu Yin မျက်နှာက အစိမ်းရောင် သန်းသွားသည်။
သူ ပြောနေတာ အမှန်တွေပင်။ တကယ်လဲ Hu Yin က သူ့ကို အနိုင်မတိုက်နိုင်ပဲ သူ့အင်အား ကို ကြောက်သည်။ သို့သော် တည်းခိုခန်းက လူတိုင်းရဲ့ ရှေ့မှာ ချပြဖို့ကတော့ သူက မရှက်ပဲ ဘယ်နေလိမ့်မလဲ။
Hu Yin က လက်သီးကို တင်းနေအောင် ကျစ်လိုက်သည်။ မျက်လုံးများကနေ မီးတောက်များ လွှင့်စင်ကာ သူ့မျက်နှာမှာ တစ်ချက် တွန့်သွားပြီး ကိုလူချောကို အော်ဟစ်လိုက်သည်။
“မင်း သတ္တိရှိရင် မင်းဒီမှာနေ ထွက်မသွားနဲ့။ Yu Xianမြို့တော် က အကြီးအကဲတွေ လာပြီး မင်းကို သင်ခန်းစာပေးတာ စောင့်လိုက်ချေ။ မင်းဆက်ပြီး ထောင်ထောင် ထောင်ထောင် နိုင်မလား ကြည့်ကြသေးတာပေ့ါ ”
“မင်းက ရူးနေတာပဲ” ကိုလူချောဘေးနားက လူငယ်လေးက အရွှန်းဖောက်လိုက်သည်။ Hu Yin ကို ကြည့်သော သူ့အကြည့်တွေက စိတ်ပျက်လက်ပျက်တွေ ပြည့်နှက်နေသည်။ သူက ခေါင်းတွေ ကိုက်နေသည်။ ဒီလူက တရစက် ပြောနေသေးသည်။ သူ ပြောလို့ ပြီးသွားတော့ လူငယ်က Hu Yin ကို ဂရုကို မစိုက်တော့ပေ။ သူက ကိုလူချော၏ လက်မောင်းများကြားထဲ မျက်နှာကို မြုပ်နှံကာ တစ်ခုခုကို ပွစိပွစိပြောနေတာမို့ အခြားသူတွေက သူဘာများ ပြောဆိုနေသလဲ ဆိုတာကို သိချင်နေကြသည်။
“မင်း ဘာပြောလိုက်တာလဲ၊ မင်း ထပ်ပြောရဲရင် ထပ်ပြောလိုက်စမ်း” Hu Yin၏ စူးရှသော အသံက နောက်ထပ်တစ်ကြိမ် ထပ်ကြားရပြန်သည်။ လူတစ်ယောက်က သူ့ကို စော်ကားနေတာတင် သူ့အတွက် လုံလောက်နေပြီ အခုတော့ ဒီလို အားနည်းဟန်ပေါ်သော် ကောင်လေးက သူ့ကို အပြစ်တင်ဖို့တောင် သတ္တိတွေ ရှိနေသေးသလား။ သူ့မှာ အစွမ်းထက် မြတ်တဲ့ အဖော်ပါတာနှင့်တင် သူ့ကို ဘယ်လိုတွေတောင် မထီမဲ့မြင်လုပ်ရဲနေရသလဲ။
တစ်ဖက်အဖွဲ့ဆီမှ ထပ်တလဲလဲ ထိုးနှက်ခံရခြင်းကြောင့် Hu Yin၏ ဆင်ခြင်တုံတရားမှာ လောင်ကျွမ်းနေပြီ။ သူ သည်းခံနိုင်စွမ်း၏ အဆုံးသတ်နားသို့ ရောက်ခါနီးနေကာ သူတို့ကို တကယ် သတ်ချင်နေသည်။
“ခေါင်းဆောင်၊ စိတ်အေးအေးထားပါ။ အခု က သူ့နဲ့ ယှဉ်လို့မရသေးဘူး။ နောက်မှ ကလဲ့စားချေလဲ နောက်မကျ လွန်းပါဘူး”
ဘေးက စားပွဲခုံတွင် ထိုင်နေသော အင်ပါယာအဆင့် အင်အားကြီးသူ နှစ်ယောက်မှာလည်း Hu Yin၏ လူများ ဖြစ်သည်။ ဒေါသကြောင့် ဆင်ခြင်တုံတရား ပျောက်လုလု ဖြစ်နေသော သူကိုမြင်တာနှင့် ရှေ့တစ်လှမ်း ဆက်တိုးမည် စိုးသောကြောင့် သူ့ကို အမြန်လာဆွဲခေါ်ကြသည်။
ထိုအချိန်တွင် Cheng DongQingက ရုတ်တရက် ဖြတ်ဝင်ကာ “ညီအကိုHu Yin သူတို့တွေ ပြောတာ ဆီလျော်တယ်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒိလူက တကယ် သတ်လိမ့်မယ်နော်။ ဒေါသတစ်ချက်ထွက်ပြီးတော့ အသက်တစ်ချောင်း တော့ မစွန့်စားဖို့ မလိုပါဘူး။ ကိုယ့်မှာလဲ တောက်ပတဲ့ အနာဂတ်က အရှေ့မှာ ရှိနေတာပဲ။ ဒီမှာ သေသွားမယ် ဆိုရင် မတန်ဘူးလေ။ လာပါ အကြီးအကဲ တွေ ပဲ ကိုင်တွယ်ပါစေ ”
Cheng DongQing ၏ စကားများက Hu Yin ရင်ထဲက မီးများကို ငြိမ်းသတ်ပေးလိုက်သော ရေအလျင် လို ဖြစ်သွားသည်။ ဒေါသမီးများက ချက်ချင်း ငြိမ်းအေးသွားသည်။ သူ့ လက်အောက်ငယ်သား နှစ်ယောက်စကားကို နားမထောင် နိုင်လျှင်တောင် Cheng DongQing ကတော့ ကွဲပြားသည်။ သူက တိုက်မကြီးတောင်ပိုင်း မှော်ဆရာ အစည်းအရုံး၏ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဆရာXiLe ၏ တပည့်ဖြစ်သည်။ Cheng DongQing ပြောတာကို သူနားမထောင် ချင်လျှင်တောင် သူ့ဆရာကို မျက်နှာသာပေးဖို့ အတွက် ဖြစ်သည်။ ပြီးတော့ အရေးအကြီးဆုံးကတော့ ဒါက သူ့ကိုယ်သူ အရှက်တကွဲ မဖြစ်စေပဲ နောက်ဆုတ်ဖို့ လမ်းတစ်ခု လဲ ဖြစ်သည်။
“ဟန့်… ညီအကို DongQing က ပြောနေမှတော့ ညီအကိုDongQing ပြောသလိုပဲ လုပ်ရတော့မှာပေ့ါ” Hu Yin က မြင့်မြတ်ကြီးကျယ်ဟန် ပြောဆိုကာ အေးစက်စက် နှာခေါင်းသံ ပေးပြီး တော့ ထို နှစ်ယောက်ကို ကြည့်လိုက်သည်။ ဘယ်လောက်တောင် မာန်မာနထောင်လွှားသူလဲ။ အဆုံးသတ်မှာ ရှုံးနိမ့်ဖို့ရာပဲ သေချာနေတာတောင် သူ့မာန်မာန ထိခိုက်မှာ စိုးကာ စကားလုံးရှာနိုင်သေးသည်။ အခြားသူများအတွက် သူက ပိုပြီး ဟာသ ဖြစ်အောင် လုပ်နေမိတာကော သူ သတိမထားမိဘူးလား? ဘယ်လို တစ်ပြောင်းတစ်ပြန် အခြေအနေကြီးလဲ။
သူ ပြောရမည့်ဟာ ပြောပြီးသည်နှင့် Hu Yin က သူ့လူများအား အပြင်က Hu KangNing ကို သယ်စေကာ ထွက်သွားကြသည်။
သူက တည်းခိုခန်းထဲမှာ နောက်ထပ် မနေနိုင်တော့။ သူ့မှာ အသတ်မခံရသော်လည်း ဒီမှာ မျက်နှာကတော့ ပြစရာကို မရှိတော့ပေ။ သူ့မှာ ထပ်မံ ဆုံးရုံးစရာလဲ မရှိတော့။ Cheng DongQing သည်လဲ နောက်ချန် မနေခဲ့ပေ။
တည်းခိုခန်းက တစ်ဖန်ပြန် ငြိမ်းချမ်းသွားသည်။ တစ်ခဏလောက် ကြာပြီး သည်နှင့် လူအများက စတင် တီးတိုးပြောဆို လာကြသည်။ Yu Xian မြို့တော်က တိုက်မကြီးတောင်ပိုင်းတွင် နှစ်ပေါင်းများစွာ မျက်နှာမော်နေရာမှ နောက်ဆုံးတော့ ဒီတည်းခိုခန်းလေးတွင် ပြိုင်ဘက် တွေ့သွားလေပြီ။ သူတို့က ပြန် မတိုက်နိုင်ရုံမက တည်းခိုခန်းကနေတောင် အရှုံးဖြင့် တပ်ဆုတ်သွားရသည်။ ဒါက သမိုင်းကြောင်းတွင် ဒီလိုအရာ ဖြစ်ပျက်တာက ပထမဆုံးအကြိမ် ဖြစ်သည်။
ကနဦး ထိတ်လန့်စရာများ ပြီးနောက်………
“ကဲပါခေါင်းစီးကို ပြန်သွားရအောင်၊ ဘာလို့ Yu Xian မြို့တော်နဲ့ မှော်ဆရာ အစည်းအရုံးက တစ်ချိန်တည်းမှာ ဇွန်တောင်တန်းကို ရောက်နေတာလဲ၊ HU Yin ရဲ့ လေသံကို အကဲဖြတ်ရမယ် ဆိုရင် အကြီးအကဲ အချို့လဲ လာမယ့်ပုံပဲ။ ကိစ္စကြီးကြီးမားမား ဖြစ်မယ်တော့ လာမပြောနဲ့ဒါပေမယ့် ငါတို့ကကော ဘာလို့ ဘာသတင်းမှ မရရတာလဲ”
သိပ်မကြာခင်မှာတင် လူအုပ်ကြီး၏ စိတ်ဝင်စားမှုက ပြန်လည်သွားသည်။
“ကျုပ်ကတော့ Yu Xian မြို့တော်နဲ့ မှော်ဆရာအစည်းအရုံးက ဒီမှာလာ လေ့ကျင့်တာထင်တာပဲ၊ တစ်ခုခု ဖြစ်သွားလို့ သတင်းတွေ ရမှာပဲလေ။ ဒါကြောင့်မို့ ကျုပ်တို့ ဘာမှ မသိတာပေါ့ ”
“ Yu Xian မြို့တော်နဲ့ မှော်ဆရာအစည်းအရုံးသာ ဒီမှာ ရှိရင် အခြားအဖွဲ့တွေကလဲ သေချာပေါက် လိုက်နာမှာပဲ”
“ဒါက လူတွေကို နိုးဆွပေးလိုက်သလိုပဲ။ ဒီတစ်ခါ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျုပ်တော့ သိချင်လှပြီ”
………
အနားက လူတိုင်းက အလုပ်များနေချိန်တွင်ပင် လူချောလေးနှင့် လူငယ်လေး မတ်တပ်ထ ရပ်ကြသည်။ သူတို့တွေ၏ လှုပ်ရှားမှုတိုင်းက ဒီမှာ ရှိသော လူများ၏ စူးစမ်းမှုကို ခံနေရကာ သူတို့ မတ်တပ်ရပ်လိုက်တော့ အသံတွေက အနည်းငယ် တိုးကျသွားသည်။
လူချောလေးက အနည်းငယ်ထွေနေသော လူငယ်ကို လှေခါးပေါ် တက်ရာတွင် ကူညီပေးနေကာ အခြားသူများ၏ သူတို့ကို လေ့လာကြည့်ရှုနေသော အကြည့်များအောက်ကနေ ချက်ချင်း ပုန်းကွယ်သွားသည်။ ဒါတောင် လူအုပ်ကြီးက အရှုံးမပေးသေးပဲ သူတို့ ထွက်ခွာရာ ဘက်ကို ငေးနေတုန်းပင်။
သူတို့တွေ သူတို့ အခန်းထဲ ပြန်ရောက်တော့ လူငယ်လေးက သူ့ရဲ့ အနည်းငယ် နီမြန်းနေသော မျက်နှာကို ရုတ်တရက် မော့လိုက်ကာ ကိုလူချော၏ လည်ပင်းဆီကို သူ့လက်မောင်းများနှင့် ချိတ်တွယ်လိုက်သည်။ အဲဒိနောက် သူ့ကို နမ်းလိုက်လေသည်။
လူငယ်လေးက သူ့နှုတ်ခမ်းများကို ကို့ယိုကားယား လှမ်းဟပ်ကာ ၀ိုင်၏အရသာကို ယစ်မူးနေသောအနမ်းများ ကြားထဲက မျှဝေကြသည်။ ချောတောတော အနည်းငယ် နာကျင်မှုများမှ ထိုသူ၏ စိတ်ဆန္ဒကို အားပေးအားမြှောက်ပြုနေသည်မှာ သံသယ ဖြစ်စရာပင် မလို။ သူက အလျင်အမြန် ငုံကိုင်းကာ သူ့လက်မောင်းကြားထဲက လူငယ်လေးကို စုသိမ်းကာ အိပ်ယာပေါ် ခေါ်ဆောင်လိုက်သည်။
ထိုလူက အပေါ်မှာ အုပ်မိုးပြီးနောက် အဖြူရောင် အလုံးတစ်လှမ်းကို ရုတ်တရက် လှမ်းဆွဲကာ လွှင့်ပစ်လိုက်သည်။ ဒီပြုမူချက်များ နောက်တွင် လူငယ်၏ ရုပ်သွင်က အကြီးအကျယ် ပြောင်းလဲသွားသည်။
လူငယ်လေးမှ ဆယ်ကျော်သက်လေး အဖြစ် ပြောင်းသွားသလို သာမာန်မျက်နှာမှ သိမ်မွေ့ နူးညံသော အသွင်အပြင်ကို ပြောင်းလဲသွားသည်။ အဆိုပါ ဆယ်ကျော်သက်လေးမှာ You XiaoMo မှ လွဲလျှင် အခြားသူ မဟုတ်တော့ချေ။
ကိုလူချော၏ လွှင့်ပစ်ခြင်း ခံလိုက်ရသော အဖြူရောင်အလုံးလေးက မြေပြင်ပေါ်ကို ပေါ့ပေါ့ပါးပါး ကျဆင်းသွားသည်။ ကုတင်ပေါ်က လူနှစ်ယောက်ကို မြောင်ခနဲအော်သံ တစ်ချက်ပေးကာ အခန်းထဲကနေ ထွက်သွားတော့သည်။
သူ့အောက်က လူက မူးနေတုန်း ဆိုတာ မြင်တော့ ထိုလူက အဲဒါကို အခွင့်ကောင်းယူကာ အသာလေး ကုန်းပြီး ဆယ်ကျော်သက်လေး၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် ချိတ်ပိတ်လိုက်တော့သည်။ တင်းတင်းစေ့ထားသော သွားများကို အလွယ်တကူ ဖွင့်ဟစေကာ ဆယ်ကျော်သက်လေး၏ ပါးစပ်ထဲက ထောင့်ပေါင်းများစွာကို စိတ်စားထက်သန်စွာ သူ့လျှာနှင့် ခရီးနှင်လေသည်။ ဆယ်ကျော်သက်လေး၏ လျှာကို ဆွဲငင်စုပ်ယူပြီး ထိုသူက ဆယ်ကျော်သက်လေး၏ အကျီ င်္အောက်ကို သူ့လက်များက လျှောဝင်ကာ အလုပ်များနေသည်။ အဲဒိနောက် အချက်အချာလေးကိုလဲ တွေ့သွားရော သူက အားအနည်းငယ်သုံးကာ ဆွဲဖိလိုက်သည်။
“အာ့…..”
You XiaoMo မှာ လှုံ့ဆော်မှုများ ခံစားရချိန်တွင် မညည်းညူပဲ မနေနိုင်ပေ။ တန်ပြန်အနေနှင့် ထိုသူကိုသာ ခပ်တင်းတင်း ဆွဲဖက်ထားလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ့နှုတ်ခမ်းများက နောက်တစ်ကြိမ် ထိုသူ၏ ဖမ်းဆီးခြင်းကို ခံရပြန်ကာ သူ့ညည်းညူသံများက အနမ်းများအောက်တွင် မြိုချခံလိုက်သည်။ You XiaoMo က မူးနေပြီ ဖြစ်ကာ အလွယ်လေး စိတ်ကြွနိုင်နေသည်။ သူ့တစ်ကိုယ်လုံးက ပျော့ပြောင်းပြီး အားနည်းနေကာ ထိုသူ၏ လမ်းကြောင်းပေါ်လိုက်ပါရန် အဆင်သင့် ဖြစ်နေပြီ။
ထိုလူက သူ့နှုတ်ခမ်းများကို လွှတ်ပေးကာ သူ့ပါးလေးကို ပွတ်သပ်လိုက်သည်။၏
“မင်းက မူးနေမှပဲ နည်းနည်းလေး ပိုပြီး စိတ်အားထက်သန်ပုံ ရတယ် ”ထိုလူက နူးနူးညံ့ညံ့လေး ပြုံးလိုက်သည်။
ထိုအချိန်မှာပဲ You XiaoMo က သူ့ခြေတစ်ဖက်ကို ရုတ်တရက် မလိုက်သည်။ သူ့ဒူးခေါင်းက ထိုသူ၏ ခြေထောင်များကြား ဖောင်းကားနေသော နေရာကို ပွတ်သပ်မိချိန်မှာ သူ့တစ်ကိုယ်လုံးက အပူလှိုင်းတစ်လှိုင်း စီးဆင်းသွားစေသည်။ ဤအတောအတွင်းတွင် စတင်သော သူမှာတော့ အမှုမထားပဲ အသံထွက်ကာ ကျယ်လောင်စွာ ရယ်မောနေသည်။
ထိုသူက ငုံမနမ်းခင်မှာ အသက်ကို တစ်ချက် ပြင်းပြင်းရှိုက်လိုက်သည်။
“မင်းလေးကတော့….”