သို့....(completed)

By KhunSat001

212K 11.7K 269

မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... More

သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)

Part-31

2.7K 199 6
By KhunSat001

သို့.....

အပိုင်း၃၁

Blue

Blue အီ့တီကိုထားခဲ့ကာ လွန်းသာနဲ့အတူ ကားနဲ့ အတော်လှမ်းလှမ်းကို ထွက်လညခဲ့ကျသည်။ လွမ်းသာကို လယ်ကွင်းတစ်နေရာမှာ ခနနေခဲ့ခိုင်းကာ အခြားနေရာတစ်ခုကို ခနထွက်လာခဲ့သည်။ ပြီးနောက် ဖုန်းကိုထုတ်ကာ ရဲစခန်းကို သတင်းပေးလိုက်မိသည်။ ပျားအုံကို တုတ်နဲ့တော့ စထိုးလိုက်ပြီမို့ ပျားတုပ်မှာတော့ ထွေထွေထူးထူးကြောက်လန့်မနေတော့ပါ။

လွန်းသာရှိရာသို့ Blueပြန်လာခဲ့သည်။ လယ်ကွင်းတစ်နေရာကို ငေးကြည့်နေတဲ့ ထိုကောင်လေးဟာ ခုနက ကားပေါ်မှာ မိမိနဲ့ ရန်ဖြစ်ပြီး စွာတေးလန်နေတဲ့ ကောင်လေးနဲ့ လားလားမှမသက်ဆိုင်တော့ပါ။ တည်ငြိမ်နေပြီး အဝေးတစ်နေရာကို ငေးကြည့်ကာဆွေးနေပုံရသည်။ လွန်းသာအနားBlue သွားရပ်လိုက်သည်။ပြီးနောက်

"တစ်ယောက်ယောက်ကို လွမ်းနေတာလား...."

တည်ငြိမ်နေပညတယ်လို့ ချီးမွန်းမိသည်က မှားသွားခဲ့သည်။ ချက်ချင်းBlueဘက်သို့ လှည့်ကာ ခပ်စွာစွာအသံဖြင့်ပြောလာတော့သည်။

"ဘယ်သူ့လွမ်းလွမ်းပေါ့ ခဗျားအလုပ်ပါလား...."

Blue လွန်းသာမမြင်အောင် ပြုံးလိုက်မိသည်။ Blueသူထို့သို့ မေးလာလျင် ထိုကောင်လေး ယခုလိုဖြေမည်ကို ကြိုတင်သိနေလို့ဖြစ်သည်။ Blue မိမိသိချင်သော မေးခွန်းတစ်ခုကို အရဲစွန့်ကာမေးလိုက်မိသည်။

"အဲ့လူက ငါနဲ့ ဘယ်လောက်တောင်တူလို့ ခနခနမှားရတာလဲ....."

"...."

Blueသူ့ဘေးနားက ကောင်လေးတိတ်ဆိတ်သွားတာကြောင့် ဘေးကိုကြည့်လိုက်မိသည်။ လွန်းသာခေါင်းလေးကိုငုံထားတာကြောင့် Blue မျက်မှောင်ကျုံလိုက်မိသည်။ စိတ်ထဲတွင်တော့ မင်းကိုအဲ့လူက နာကျင်အောင်လုပ်ခဲ့တာလား ဒါမှမဟုတ် မေးမိတဲ့ငါကပဲ မင်းရဲ့ဒဏ်ရာအဟောင်းကိုစွမိတာလား ငါငိချင်မိတယ် ဘယ်အရာက မင်းကို အခုလိုငြိမ်ကုတ်ပြီး နာကျင်စေတာလည်းဆိုတာ။

"မင်းမပြောချင်လည်းရပါတယ် ငါအတင်းမမေးဘူး...."

"မတူဘူး..."

ချက်ချင်းထွက်ပေါလာတဲ့ အသံနဲ့အတူ မိမိကို မော့ကြည့်လာတဲ့ မျက်နာလေးကို Blueစုးစမ်းနေမိသည်။ ပြုံးထားသည် သို့ပေမယ့် စစ်မှန်တဲ့ အပြုံးမဟုတ် တစ်ခုခုကို ဖမ်းကွယ်ဖို့ ဟန်ဆောင်အပြုံးဖြစ်သည် ဆိုတာ Blueသိသည်။ အဘယ့်ကြောင့်ဆိုသော် အဲ့လိုအပြုံးမျိုးကို သူ၏ညီလေးလွန်းဇွဲက သူ့အား ထိုနည်းတူစွာ ပြုံးပြခဲ့ဖူးလို့ဖြစ်သည်။ ထိုအချိန်က သူမသိလိုက်ပါ။

ဒီအပြုံးကို ပြုံးတဲ့လူတွေက ဟန်ဆောင်မကောင်းဘူး ပြုံးနေပေမယ့် မျက်ဝန်းမှအရည်ကြည်လေးများ ဝေ့ဝဲနေတယ် သူတို့မျက်လုံးမှာ သူတို့နာကျင်နေပါတယ်ဆိုတာ အထင်းသားဖော်ပြနေတာကို တကယ်ပဲ မသိကျတာလား။ ဟန်ဆောင်လက်စနဲ့ အဆုံးထိဟန်ဆောင်လိုက်ပါလားလို့ Blue လွန်းသာဆိုတဲ့ ကောင်လေးအား ကြည့်ရင်း စိတ်ထဲတွင်ပြောနေမိသည်။

"သူက ခဗျားနဲ့မတူပါဘူး သူကသိပ်ရုပ်ဆိုးတယ် မခေါ်ပဲရောက်လာတယ် နှင်မထုတ်ပဲနဲ့လည်း ပြန်သွားတယ် တကယ့်တော့ သူကမကောင်းတဲ့လူကြီးပဲ...."

"မင်းကစိတ်ထဲမရှိတာလဲ လိမ်ပြောတတ်တယ်နော်....."

Blue လွန်းသာစိတ်ထဲမပါပဲ လိမ်ပြောနေတာကို သိနေသည်။ အသံရဲ့အတိမ်အနက် အဖျားခတ်သွားတဲ့ နောက်ဆုံးစကားသံလေးတွေက စိတ်မပါပဲ ထိုလူကို ပြစ်တင်ပြောဆိုနေတယ်ဆိုတာ သိသာစေသည်။ ဒီတစ်ခါတော့ Blue အလိမ်ခံလိုက်မိသည်။ လွန်းသာဆိုတဲ့ ကောင်လေးကို ထက်မံဒဏ်ရာကို မဆွလိုသောကြောင့် ဖြစ်သည်။

"ဒါဆိုငါနဲ့ ဘာလို့မှားတာလဲ....."

ဒီတစ်ခါတော့ လွန်းသာ Blueကို မော့ကြည့်လာသည်။ လွန်းသာမဖြေရဲပါ သူ့ခံစားချက်ကို သူသာအသိဆုံးဖြစ်သည်။ Blueကိုသာ ပြောလိုက်လို့ ရလာတဲ့ အထင််လွဲစရာရလဒ်ကို မခံချင်တော့ပါ။

"အကျင့်မကောင်းတာချင်းတူလို့လေ သူနဲ့ခဗျားက သူများအပေါ် အမြဲအနိုင်ကျင့် တတ်လို့...."

အမြဲအနိုင်ကျင့်တယ် အမြဲရင်ခုန်အောင်လုပ်တယ် သူ့ကိုမပြောပြခဲ့သလို ခဗျားကိုလည်း သူအပေါ်မှာလိုပဲ တူညီတဲ့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး ဟု လွန်းသာစိတ်ထဲကနေ စကားတစ်ချို့ကို Blue မသိအောင်ပြောလိုက်မိသည်။

"ဘာကွ....ငါကအကျင့်မကောင်းဘူး ဟုတ်လား....မင်းကကော ဘယ်လောက်အကျင့်ကောင်းနေလို့လဲ..... အထက်လူကြီးကို လေးေမစားရန်တွေ့နေပြီးတော့ ငါအလုပ်ထုတ်မှာမကြောက်ဘူးလား....."

"ခဗျားက ကျွန်တော့်ကို အလုပ်ထုတ်မှာ မဟုတ်ဘူးဆိုတာ သိပါတယ် ခဗျားက တိကျတာ် စည်းကမ်းကြီးတယ် အမှားမရှိပဲ အလုပ်မထုတ်ဘူး....."

"အဟမ်းးးး....သိရင်....သိရင်ပြီးရော  ...."

Blue ရှက်သလို ရင်တုံသလို ခံစားမိသွားရသည်။ ဒီကောင်လေး မိမိအား အကောင်းပြောနေတာလား ဘာလဲကွ အနာပေးလိုက်ဆေးပေးလိုက်နဲ့ အရှူးလေးပဲ။

"ပွေးးးးးး.....ပွေးးးးးး....."

"မင်းဘာပြောတာလဲ....."

Blue ပြေးပြေးဆိုတဲ့ အသံကြောင့် ဘေးကကောင်လေးကို ကြည့်ကာမေးလိုက်တော့ ဘေးက လွန်းသာက ခေါင်းလေးခါပြကာ အဝေးတစ်နေရာကို မေးထိုးပြသည်။ သူမေးထိုးပြတဲ့ အဝေးကို ကြည့်လိုက်တော့ အီ့တီတစ်ယောက် ကင်မရာကြီး လည်ပင်းမှာ လွယ်ကာ အမောတကောနဲ့ မိမိတို့ရှိရာသို့ ဦးတည်ပြေးလာနေသည်။
ဘာဖြစ်တာလဲဟ။

"သူဘာဖြစ်နေတာလဲဗျ....."

"ပြေးးးးး ဆရာရေ.... နောက်မှာ လိုက်လာတယ်..... ပြေးးးးးး.... "

Blueမျက်လုံးမျက်စံပါ ပြူးသွားရသည်။ မိမိတို့အနားရောက်တော့မယ့် အီ့တီရဲ့ အနေက်ခပ်လှမ်းလှမ်းမှာ တုတ်တွေကိုင်ကာ လိုက်လာတဲ့ လူတစ်ချို့ ။

"ဘာလဲကွ အဲ့ကောင်တွေကို ရဲမဖမ်းဘူးလား...."

"ဖမ်းနေတယ် သူတို့ကလူအင်အားမိများတယ် တစ်ချို့ပဲမိပြီး လိုက်လာကျတာ ပြေးးးးပါဆိုနေဗျာ....."

Blueလည်း ခုနေသူအရစ်ရှည်စကားများလို့ မရမှန်းသိတော့ ဘေးက အူကြောင်ကြောင်ဖြစ်နေတဲ့ လွန်းသာရဲ့ လက်လေးတစ်ဖက်ကိုဆွဲကာ ရွာလမ်းမကြီးဘက်ကို ပြေးရတော့သည်။ နောက်အီ့တီကလည်း ခပ်သွက်သွက်ပင် ပြေးနေသည်။

"ဘာ... ဘာလို့....ပြေးနေတာလဲ...."

"စကားမရှည်နဲ့ ပြေးမှာသာပြေး.... မိရင် မြေကြီးထဲရောက်သွားမယ်ကွ.... "

လွန်းသာလည်း နားမလည်တော့ ဒီလူနှစ်ယောက်က ဘာလို့အကြောင်းမဲ့ ပြေးနေပြီး နောက်က လူလေးငါးယောက်ကလည်း ဘာလို့အကြောင်းမဲ့ တုတ်တွေကိုင်ပြီးလိုက်နေတာလဲ နားမလည်တော့ပါ။အီ့တီရုပ်နဲ့အီတီဆိုတဲ့လူ ဘာတွေများ သွားလုပ်လိုက်လို့ ခုလိုသုံးယောက်လုံး ပြေးလွှားနေရတာလဲ။ တကယ်ပါပဲ။သို့ပေမယ့် လွန်းသာတစ်ခုကို သတိရမိသွားသည်။ သူ့ကိုလက်ဆွဲက ရှေ့ကပြေးနေတဲ့ လူရဲ့ကျောပြင်ဟာ ကိုကိုအရင်ကကျွဲလိုက်ခွေ့လို်ဘပြေးနေတဲ့ ကျောပြင်နဲ့တောင် တူလာသည်။

"ဟားးး...."

"ဒီလောက်ပြေးနေတာ မင်းရယ်နိုင်တယ်...."

နောက်လှည့်ကြည့်လာတဲ့ အကြည့်တွေ ချွေးတွေစီးကျနေတဲ့ မျက်နာက ခုလိုချိန်မှာတောင် ဘာလို့အလောက်တောင် ဆွဲဆောင်မူ့ရှိနေရတာလဲ။ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေ၊ စူးရဲရဲအကြည့်တွေ၊ ခနဲ့တဲ့တဲ့ အပြုံးတွေကအစ Blueဆိုတဲ့ လူကြီးက ဆွဲဆောင်မူ့ရှိစေသည်။

Blueတို့သုံးယောက် လယ်ကွင်းတွေအလီလီကို ဖြတ်လာကျသည်။တစ်ချို့လယ်ကွပ်များဟာ ရိတ်သိမ်းပြီး တာကြောင့် မြေပြင်ပေါ်မှာ အနည်းငယ်ထိုးထောင်နေတဲ့ စပါးပင်အရိုးအတိုအစများသာ ရှိကျတော့သည်။ မြေလည်းမာ စပါးရိုကးလည်း မာတာကြောင့် ပြေးရင်း ဘောင်းဘီအနားစများပြဲကာ ခြေထောက်တွေကို ထိခိုက်မိစေသည်။ တော်တော်ကြာကြာပြေးလာတော့ ရွာထဲလမ်းကိုရောက်ပြီမို့ ရွာထဲကို ဦးတည်ပြေးလိုက်ကျသည်။

နောက်ကငါးယောက်ကလည်း ဘယ်ချိန်ကတည်းက မလိုက်နိုင်ကျတော့သည်မသိ သူတို့ရွာထဲမဝင်လှည့်ကြည့်တော့ တစ်ယောက်မှလိုက်မလာကျတော့ပါ။ မစိရင်သုံးယောက်သား မကြီးမငယ်အပျော်ပြေးလွှားနေတယ်လို့ ထင်ကျတော့မည်။

ရွာထဲရောက်တာနဲ့ အနီးဆုံးပျင်ထောင်အိမ်ကလေးကို ဝင်လာလိုက်ကျသည်။ လွန်းသာကပဲ အိမ်ရှေ့မှာရပ်ကာ အနည်းငယ်အသံကျယ်ကျယ်ဖြင့်

"အိမ်ရှင်တို့.....ဗျို့အရီးတို့ရေ..... "

"ဝေ့ ဘယ်သူတွေတုံးဟ....."

လွန်းသာခေါ်သံကြောင့် နောက်ဖေးက အသံတစ်ခုထွက်ပေါ်လာသည်။ အိမ်ခြေသို့ ခပ်သုတ်သုတ်လျှောက်လာသော ခြေသံမှာ အလျင်လိုနေတာကြောင့် ဘယ်သူခေါ်တာလဲသိချင်တာကြောင့် ဖြစ်မည် ကြမ်းနင်းသံတို့ ညံစီသွားတော့သည်။

"အယ်.... မောင်ရင်တို့က ဘယ်သူတွေလဲကွဲ့ ....ဒီရွာမှာတော့ မတွေ့ဖူးပါဘူး...."

အသက်၆၀အရွယ်အဖွားအိုတစ်ဦး ဖြစ်နေသည်။ အဖွားအိုသာဆိုသည် ဖြတ်လတ်သွက်လတ်နေသည်ကို ဖBlueသတိထားမိသည်။ ထိုအဖွားအိုက မိမိတို့ကြည့်ရင်းဆိုလာသည်ကို လွန်းသာကဝင်ဖြေလိုက်သည်။

"ဟုတ်တယ်အရီးရဲ့ ကျုပ်က ***ရွာသားပါဗျ....သူတို့ကမြို့က ကျုပ်ဆရာတွေပါဗျ..... ကားပျက်သွားတာကြောင့် ပြန်လို့မရတော့လို အရီးတို့ရွာထဲ ဝင်လာရတာပါအရီးရယ်...."

"အအော် အဲ့ရွာကျုပ်သိတယ် ကျုပ်တူလေးက အခုဒီရွာကိုရောက်နေတာလေ သူမင်းပြောတဲ့ရွာသားပဲကွဲ့....လာကျလာကျ...."

Blueတို့ အဖွားခေါ်တဲ့ အိမ်ရှေ့ကွပ်ပျစ်ကို သွားထိုင်လိုက်ကျသည်။အဖွားအိုကတော့ ရွေနွေးကြမ်းတွေ လက်ဖတ်သုတ်တွေ ချပေးကာ စကားစမြည်ပြောနေမိကျသည်။ Blue တောက်ပသောအပြုံးတွေ ဖြူစင်သောမျက်နာထားလေးနဲ့ အဖွားအိုနဲ့ စကားအပြန်အလှန်ပြောနေသော ကောင်လေးကို ငေးကြည့်နေမိသည်။ အီ့တီကတော့ လက်ဖက်သုတ်ကိုအရစားနေတော့သည်။

"ဟာ.....မင်းးးးက.....လွန်းသာမလား....."

"ကိုကြီး....ကိုကြီးသာထူးမလား.....အဖွားရဲ့တူဆိုတာက ကိုကြီးသာထူးလားအဖွားရဲ့....."

"အေးကွဲ့ မိန်းမခိုးမလာပဲ ယောက်ကျားခိုးလာတဲ့ အကောင်ပေါ့.... "

"ဗျာ...တကယ်လားကိုကြီးသာထူး....."

Blue သူ့ရဲ့အနောက်ကို ဝမ်းပန်းတသာ ကြည့်ပြောနေတဲ့ ကောင်လေးမျက်နာသာငေးကြည့်နေမိသည်။ တောက်ပတဲ့ အချိန်လေးတော့ရှိသား လွန်းသာ မင်းက။

"ဟာလွန်းကြီး....နေကောင်းလားကွ...."

နောက်ကျောကနေ နာမည်တစ်ခုကို ခေါ်ပြီး Blueမိမိရဲ့ ပုခုံး အဖတ်ခံလိုက်ရတာကြောင့် သဘောမကျစွာ လာဖတ်တဲ့လူအား နောက်ပြန်ကြည့်လိုက်မိသည်။

လွန်းသာကြောင်အသွားရသည်။ မျက်နာကိုသေချာမမြင်ပဲ ကိုကြီးသာထူးက နောက်ကျောကို ကြည့်ပြီး ကိုကိုနဲ့ အထင်မှားသွားတာပဲ ဖြစ်သည်။ ဒါဆို လွန်းသာတစ်ယောက်ထဲ အထင်မှားခြင်းမဟုတ်ဘူးဆိုတာ လွန်းသာသိလိုက်ရသည်။ ကိုကြီးကိုသာထူးအားအကြည့်စူးစူးနဲ့ အလိုမကျစွာ ကြည့်နေတာမို့ လွန်းသာဝင်ဖြေရှင်းမှ ဖြစ်တော့မည်။

"ကိုကြီးသာထူး မျက်နာကို သေချာငုံကြည့်အုံးဗျ လူမှားနေပြီ..... ကိုလွန်းမဟုတ်ဘူး...."

"ဟေ....အေးဟကန့်တော့ဗျာ ကျုပ်ကနောက်ကျက ကြည့်တာ တကယ်ဗျာ လွန်းကြီးထိုင်နေတဲ့အတိုင်းမို့လို့ပါ...."

"ရပါတယ်ဗျ....ကျွန်တော့်နာမည်Blueပါ...."

"ဘ...ဘီလူး...."

လွန်းသာ ရယ်ချင်မိသွားသည်။ ရယ်ချင်စိတ်ကို ထိန်းရင်း ကိုကြီးသာထူးအား

"ဘီလူးမဟုတ်ဘူး....အပြာရောင် Blue...."

"အားးးး...သိပြီ...ဒါနဲ့ လွန်းကြီးကို ခုထိရှာမတွေ့သေးဘူးလား လွန်းလေး....."

Blue မိမိရှေ့မှာ စပ်ဖြီးဖြီးနဲ့ တောက်ပစွာ ပြုံးနေသော ကောင်လေးရဲ့ပုံရိပ်မှာ သာထူးဆိုတဲ့ လူရဲ့စကားတစ်ခွန်းကြောင့် ချက်ချင်းညိုးကျသွားတာကို သတိထားမိလိုက်သည်။ မင်းကအဲ့လူအကြောင်းပြောရင် ဘာလို့ ထိခိုက်နာကျင်လွယ်ရတာလဲ ကောင်လေး။

"ယောက်ကျားခိုးလာတယ်ဆို ကိုဆန်းမောင်မလား...."

Blue ဘာမှမဖြစ်သလို စကားလွဲပြောလိုက်တဲ့ ကောင်လေးကို ကြည့်ကာ ပြုံးလိုက်မိသည်။ဟန်ဆောင်နေပြန်ပြီ အဲ့အပြုံးနဲ့။ သာထူးဆိုတဲ့ လူလည်းထက်မမေးတော့ပါ။ ပြီး​ေနာက်သာထူးက

"အေးပေါ့ကွ ဆန်းမောင်ပဲ ခိုးမှာပေါ့ကွ....ဟိုသူ့အဖေကသဘောမတူလို့ ခိုးလာတာကွာ....ဟားးး..... သူရွာထဲခနသွားနေတယ်ကွ.... "

ဘာလဲဟ ခူမှ သတိထားမိတဲ့ ဒီလူက ယောက်ကျားချင်း ကြိုက်တဲ့လူလား။ အဲ့ဒါကြောင့် ကောင်လေးကိုကြည့်တဲ့ အကြည့်တွေက မသတီစရာဖြစ်နေတာကို။ အခုလည်းအသားယူနေပြန်ပြီ ခေါင်းပွတ်တာဘာလို့ ဒီကောင်လေး ငြိမ်ခံနေတာလဲ။ သာယာနေတာလား မဖြစ်တော့ဘူး။ Blue တစ်ယောက်တည်း စိတ်ထဲမှာပြောနေရင်း လွန်းသာဆိုတဲ့ ကောင်လေးအနားတိုးကပ်ထိုင်လိုက်ကာ သားထူးဆိုတဲ့ လူရဲ့လက်ကို လွန်းသာခေါင်းကနေ ဖယ်ချလိုက်သည်။ သားထူးအပါအဝင် လွန်းသာကော အဖွားအိုကော ခြံတံခါးပေါက်မှာရောက်နေတဲ့ ဆန်းမောင်ကော အီ့တီပါ Blueရဲ့လုပ်ရက်အပြင်စကားကြောင့်ပါ လန့်သွားကျသည်။ ထိုစကားသည်ကား

"ခဗျား အဲ့လိုခေါင်းမကိုင်နဲ့ဗျ ကျွန်တော်မကြိုက်ဘူး ခဗျားမှာ ယောက်ကျားရှိတယ်မလား ခဗျားယောက်ကျားခဗျားကိုင်ပါဗျ....သူ့ကိုကိုင်တာ ကျွန်တော်....မကြိုက်....ဘူးးးး"

################

သို႔.....

အပိုင္း၃၁

Blue

Blue အီ့တီကိုထားခဲ့ကာ လြန္းသာနဲ႕အတူ ကားနဲ႕ အေတာ္လွမ္းလွမ္းကို ထြက္လညခဲ့က်သည္။ လြမ္းသာကို လယ္ကြင္းတစ္ေနရာမွာ ခနေနခဲ့ခိုင္းကာ အျခားေနရာတစ္ခုကို ခနထြက္လာခဲ့သည္။ ၿပီးေနာက္ ဖုန္းကိုထုတ္ကာ ရဲစခန္းကို သတင္းေပးလိုက္မိသည္။ ပ်ားအုံကို တုတ္နဲ႕ေတာ့ စထိုးလိုက္ၿပီမို႔ ပ်ားတုပ္မွာေတာ့ ေထြေထြထူးထူးေၾကာက္လန့္မေနေတာ့ပါ။

လြန္းသာရွိရာသို႔ Blueျပန္လာခဲ့သည္။ လယ္ကြင္းတစ္ေနရာကို ေငးၾကည့္ေနတဲ့ ထိုေကာင္ေလးဟာ ခုနက ကားေပၚမွာ မိမိနဲ႕ ရန္ျဖစ္ၿပီး စြာေတးလန္ေနတဲ့ ေကာင္ေလးနဲ႕ လားလားမွမသက္ဆိုင္ေတာ့ပါ။ တည္ၿငိမ္ေနၿပီး အေဝးတစ္ေနရာကို ေငးၾကည့္ကာေဆြးေနပုံရသည္။ လြန္းသာအနားBlue သြားရပ္လိုက္သည္။ၿပီးေနာက္

"တစ္ေယာက္ေယာက္ကို လြမ္းေနတာလား...."

တည္ၿငိမ္ေနပညတယ္လို႔ ခ်ီးမြန္းမိသည္က မွားသြားခဲ့သည္။ ခ်က္ခ်င္းBlueဘက္သို႔ လွည့္ကာ ခပ္စြာစြာအသံျဖင့္ေျပာလာေတာ့သည္။

"ဘယ္သူ႕လြမ္းလြမ္းေပါ့ ခဗ်ားအလုပ္ပါလား...."

Blue လြန္းသာမျမင္ေအာင္ ၿပဳံးလိုက္မိသည္။ Blueသူထို႔သို႔ ေမးလာလ်င္ ထိုေကာင္ေလး ယခုလိုေျဖမည္ကို ႀကိဳတင္သိေနလို႔ျဖစ္သည္။ Blue မိမိသိခ်င္ေသာ ေမးခြန္းတစ္ခုကို အရဲစြန့္ကာေမးလိုက္မိသည္။

"အဲ့လူက ငါနဲ႕ ဘယ္ေလာက္ေတာင္တူလို႔ ခနခနမွားရတာလဲ....."

"...."

Blueသူ႕ေဘးနားက ေကာင္ေလးတိတ္ဆိတ္သြားတာေၾကာင့္ ေဘးကိုၾကည့္လိုက္မိသည္။ လြန္းသာေခါင္းေလးကိုငုံထားတာေၾကာင့္ Blue မ်က္ေမွာင္က်ဳံလိုက္မိသည္။ စိတ္ထဲတြင္ေတာ့ မင္းကိုအဲ့လူက နာက်င္ေအာင္လုပ္ခဲ့တာလား ဒါမွမဟုတ္ ေမးမိတဲ့ငါကပဲ မင္းရဲ႕ဒဏ္ရာအေဟာင္းကိုစြမိတာလား ငါငိခ်င္မိတယ္ ဘယ္အရာက မင္းကို အခုလိုၿငိမ္ကုတ္ၿပီး နာက်င္ေစတာလည္းဆိုတာ။

"မင္းမေျပာခ်င္လည္းရပါတယ္ ငါအတင္းမေမးဘူး...."

"မတူဘူး..."

ခ်က္ခ်င္းထြက္ေပါလာတဲ့ အသံနဲ႕အတူ မိမိကို ေမာ့ၾကည့္လာတဲ့ မ်က္နာေလးကို Blueစုးစမ္းေနမိသည္။ ၿပဳံးထားသည္ သို႔ေပမယ့္ စစ္မွန္တဲ့ အၿပဳံးမဟုတ္ တစ္ခုခုကို ဖမ္းကြယ္ဖို႔ ဟန္ေဆာင္အၿပဳံးျဖစ္သည္ ဆိုတာ Blueသိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အဲ့လိုအၿပဳံးမ်ိဳးကို သူ၏ညီေလးလြန္းဇြဲက သူ႕အား ထိုနည္းတူစြာ ၿပဳံးျပခဲ့ဖူးလို႔ျဖစ္သည္။ ထိုအခ်ိန္က သူမသိလိုက္ပါ။

ဒီအၿပဳံးကို ၿပဳံးတဲ့လူေတြက ဟန္ေဆာင္မေကာင္းဘူး ၿပဳံးေနေပမယ့္ မ်က္ဝန္းမွအရည္ၾကည္ေလးမ်ား ေဝ့ဝဲေနတယ္ သူတို႔မ်က္လုံးမွာ သူတို႔နာက်င္ေနပါတယ္ဆိုတာ အထင္းသားေဖာ္ျပေနတာကို တကယ္ပဲ မသိက်တာလား။ ဟန္ေဆာင္လက္စနဲ႕ အဆုံးထိဟန္ေဆာင္လိုက္ပါလားလို႔ Blue လြန္းသာဆိုတဲ့ ေကာင္ေလးအား ၾကည့္ရင္း စိတ္ထဲတြင္ေျပာေနမိသည္။

"သူက ခဗ်ားနဲ႕မတူပါဘူး သူကသိပ္႐ုပ္ဆိုးတယ္ မေခၚပဲေရာက္လာတယ္ ႏွင္မထုတ္ပဲနဲ႕လည္း ျပန္သြားတယ္ တကယ့္ေတာ့ သူကမေကာင္းတဲ့လူႀကီးပဲ...."

"မင္းကစိတ္ထဲမရွိတာလဲ လိမ္ေျပာတတ္တယ္ေနာ္....."

Blue လြန္းသာစိတ္ထဲမပါပဲ လိမ္ေျပာေနတာကို သိေနသည္။ အသံရဲ႕အတိမ္အနက္ အဖ်ားခတ္သြားတဲ့ ေနာက္ဆုံးစကားသံေလးေတြက စိတ္မပါပဲ ထိုလူကို ျပစ္တင္ေျပာဆိုေနတယ္ဆိုတာ သိသာေစသည္။ ဒီတစ္ခါေတာ့ Blue အလိမ္ခံလိုက္မိသည္။ လြန္းသာဆိုတဲ့ ေကာင္ေလးကို ထက္မံဒဏ္ရာကို မဆြလိုေသာေၾကာင့္ ျဖစ္သည္။

"ဒါဆိုငါနဲ႕ ဘာလို႔မွားတာလဲ....."

ဒီတစ္ခါေတာ့ လြန္းသာ Blueကို ေမာ့ၾကည့္လာသည္။ လြန္းသာမေျဖရဲပါ သူ႕ခံစားခ်က္ကို သူသာအသိဆုံးျဖစ္သည္။ Blueကိုသာ ေျပာလိုက္လို႔ ရလာတဲ့ အထင္္လြဲစရာရလဒ္ကို မခံခ်င္ေတာ့ပါ။

"အက်င့္မေကာင္းတာခ်င္းတူလို႔ေလ သူနဲ႕ခဗ်ားက သူမ်ားအေပၚ အၿမဲအနိုင္က်င့္ တတ္လို႔...."

အၿမဲအနိုင္က်င့္တယ္ အၿမဲရင္ခုန္ေအာင္လုပ္တယ္ သူ႕ကိုမေျပာျပခဲ့သလို ခဗ်ားကိုလည္း သူအေပၚမွာလိုပဲ တူညီတဲ့ ကြၽန္ေတာ္ရဲ႕ခံစားခ်က္ေတြကို ဘယ္ေတာ့မွ ထုတ္ေျပာမွာ မဟုတ္ဘူး ဟု လြန္းသာစိတ္ထဲကေန စကားတစ္ခ်ိဳ႕ကို Blue မသိေအာင္ေျပာလိုက္မိသည္။

"ဘာကြ....ငါကအက်င့္မေကာင္းဘူး ဟုတ္လား....မင္းကေကာ ဘယ္ေလာက္အက်င့္ေကာင္းေနလို႔လဲ..... အထက္လူႀကီးကို ေလးေမစားရန္ေတြ႕ေနၿပီးေတာ့ ငါအလုပ္ထုတ္မွာမေၾကာက္ဘူးလား....."

"ခဗ်ားက ကြၽန္ေတာ့္ကို အလုပ္ထုတ္မွာ မဟုတ္ဘူးဆိုတာ သိပါတယ္ ခဗ်ားက တိက်တာ္ စည္းကမ္းႀကီးတယ္ အမွားမရွိပဲ အလုပ္မထုတ္ဘူး....."

"အဟမ္းးးး....သိရင္....သိရင္ၿပီးေရာ  ...."

Blue ရွက္သလို ရင္တုံသလို ခံစားမိသြားရသည္။ ဒီေကာင္ေလး မိမိအား အေကာင္းေျပာေနတာလား ဘာလဲကြ အနာေပးလိုက္ေဆးေပးလိုက္နဲ႕ အရႉးေလးပဲ။

"ေပြးးးးးး.....ေပြးးးးးး....."

"မင္းဘာေျပာတာလဲ....."

Blue ေျပးေျပးဆိုတဲ့ အသံေၾကာင့္ ေဘးကေကာင္ေလးကို ၾကည့္ကာေမးလိုက္ေတာ့ ေဘးက လြန္းသာက ေခါင္းေလးခါျပကာ အေဝးတစ္ေနရာကို ေမးထိုးျပသည္။ သူေမးထိုးျပတဲ့ အေဝးကို ၾကည့္လိုက္ေတာ့ အီ့တီတစ္ေယာက္ ကင္မရာႀကီး လည္ပင္းမွာ လြယ္ကာ အေမာတေကာနဲ႕ မိမိတို႔ရွိရာသို႔ ဦးတည္ေျပးလာေနသည္။
ဘာျဖစ္တာလဲဟ။

"သူဘာျဖစ္ေနတာလဲဗ်....."

"ေျပးးးးး ဆရာေရ.... ေနာက္မွာ လိုက္လာတယ္..... ေျပးးးးးး.... "

Blueမ်က္လုံးမ်က္စံပါ ျပဴးသြားရသည္။ မိမိတို႔အနားေရာက္ေတာ့မယ့္ အီ့တီရဲ႕ အေနက္ခပ္လွမ္းလွမ္းမွာ တုတ္ေတြကိုင္ကာ လိုက္လာတဲ့ လူတစ္ခ်ိဳ႕ ။

"ဘာလဲကြ အဲ့ေကာင္ေတြကို ရဲမဖမ္းဘူးလား...."

"ဖမ္းေနတယ္ သူတို႔ကလူအင္အားမိမ်ားတယ္ တစ္ခ်ိဳ႕ပဲမိၿပီး လိုက္လာက်တာ ေျပးးးးပါဆိုေနဗ်ာ....."

Blueလည္း ခုေနသူအရစ္ရွည္စကားမ်ားလို႔ မရမွန္းသိေတာ့ ေဘးက အူေၾကာင္ေၾကာင္ျဖစ္ေနတဲ့ လြန္းသာရဲ႕ လက္ေလးတစ္ဖက္ကိုဆြဲကာ ႐ြာလမ္းမႀကီးဘက္ကို ေျပးရေတာ့သည္။ ေနာက္အီ့တီကလည္း ခပ္သြက္သြက္ပင္ ေျပးေနသည္။

"ဘာ... ဘာလို႔....ေျပးေနတာလဲ...."

"စကားမရွည္နဲ႕ ေျပးမွာသာေျပး.... မိရင္ ေျမႀကီးထဲေရာက္သြားမယ္ကြ.... "

လြန္းသာလည္း နားမလည္ေတာ့ ဒီလူႏွစ္ေယာက္က ဘာလို႔အေၾကာင္းမဲ့ ေျပးေနၿပီး ေနာက္က လူေလးငါးေယာက္ကလည္း ဘာလို႔အေၾကာင္းမဲ့ တုတ္ေတြကိုင္ၿပီးလိုက္ေနတာလဲ နားမလည္ေတာ့ပါ။အီ့တီ႐ုပ္နဲ႕အီတီဆိုတဲ့လူ ဘာေတြမ်ား သြားလုပ္လိုက္လို႔ ခုလိုသုံးေယာက္လုံး ေျပးလႊားေနရတာလဲ။ တကယ္ပါပဲ။သို႔ေပမယ့္ လြန္းသာတစ္ခုကို သတိရမိသြားသည္။ သူ႕ကိုလက္ဆြဲက ေရွ႕ကေျပးေနတဲ့ လူရဲ႕ေက်ာျပင္ဟာ ကိုကိုအရင္ကကြၽဲလိုက္ေခြ႕လို္ဘေျပးေနတဲ့ ေက်ာျပင္နဲ႕ေတာင္ တူလာသည္။

"ဟားးး...."

"ဒီေလာက္ေျပးေနတာ မင္းရယ္နိုင္တယ္...."

ေနာက္လွည့္ၾကည့္လာတဲ့ အၾကည့္ေတြ ေခြၽးေတြစီးက်ေနတဲ့ မ်က္နာက ခုလိုခ်ိန္မွာေတာင္ ဘာလို႔အေလာက္ေတာင္ ဆြဲေဆာင္မူ႕ရွိေနရတာလဲ။ တြန့္ခ်ိဳးသြားတဲ့ မ်က္ခုံးေတြ၊ စူးရဲရဲအၾကည့္ေတြ၊ ခနဲ႕တဲ့တဲ့ အၿပဳံးေတြကအစ Blueဆိုတဲ့ လူႀကီးက ဆြဲေဆာင္မူ႕ရွိေစသည္။

Blueတို႔သုံးေယာက္ လယ္ကြင္းေတြအလီလီကို ျဖတ္လာက်သည္။တစ္ခ်ိဳ႕လယ္ကြပ္မ်ားဟာ ရိတ္သိမ္းၿပီး တာေၾကာင့္ ေျမျပင္ေပၚမွာ အနည္းငယ္ထိုးေထာင္ေနတဲ့ စပါးပင္အရိုးအတိုအစမ်ားသာ ရွိက်ေတာ့သည္။ ေျမလည္းမာ စပါးရိုကးလည္း မာတာေၾကာင့္ ေျပးရင္း ေဘာင္းဘီအနားစမ်ားၿပဲကာ ေျခေထာက္ေတြကို ထိခိုက္မိေစသည္။ ေတာ္ေတာ္ၾကာၾကာေျပးလာေတာ့ ႐ြာထဲလမ္းကိုေရာက္ၿပီမို႔ ႐ြာထဲကို ဦးတည္ေျပးလိုက္က်သည္။

ေနာက္ကငါးေယာက္ကလည္း ဘယ္ခ်ိန္ကတည္းက မလိုက္နိုင္က်ေတာ့သည္မသိ သူတို႔႐ြာထဲမဝင္လွည့္ၾကည့္ေတာ့ တစ္ေယာက္မွလိုက္မလာက်ေတာ့ပါ။ မစိရင္သုံးေယာက္သား မႀကီးမငယ္အေပ်ာ္ေျပးလႊားေနတယ္လို႔ ထင္က်ေတာ့မည္။

႐ြာထဲေရာက္တာနဲ႕ အနီးဆုံးပ်င္ေထာင္အိမ္ကေလးကို ဝင္လာလိုက္က်သည္။ လြန္းသာကပဲ အိမ္ေရွ႕မွာရပ္ကာ အနည္းငယ္အသံက်ယ္က်ယ္ျဖင့္

"အိမ္ရွင္တို႔.....ဗ်ိဳ႕အရီးတို႔ေရ..... "

"ေဝ့ ဘယ္သူေတြတုံးဟ....."

လြန္းသာေခၚသံေၾကာင့္ ေနာက္ေဖးက အသံတစ္ခုထြက္ေပၚလာသည္။ အိမ္ေျခသို႔ ခပ္သုတ္သုတ္ေလွ်ာက္လာေသာ ေျခသံမွာ အလ်င္လိုေနတာေၾကာင့္ ဘယ္သူေခၚတာလဲသိခ်င္တာေၾကာင့္ ျဖစ္မည္ ၾကမ္းနင္းသံတို႔ ညံစီသြားေတာ့သည္။

"အယ္.... ေမာင္ရင္တို႔က ဘယ္သူေတြလဲကြဲ႕ ....ဒီ႐ြာမွာေတာ့ မေတြ႕ဖူးပါဘူး...."

အသက္၆၀အ႐ြယ္အဖြားအိုတစ္ဦး ျဖစ္ေနသည္။ အဖြားအိုသာဆိုသည္ ျဖတ္လတ္သြက္လတ္ေနသည္ကို ဖBlueသတိထားမိသည္။ ထိုအဖြားအိုက မိမိတို႔ၾကည့္ရင္းဆိုလာသည္ကို လြန္းသာကဝင္ေျဖလိုက္သည္။

"ဟုတ္တယ္အရီးရဲ႕ က်ဳပ္က ***႐ြာသားပါဗ်....သူတို႔ကၿမိဳ႕က က်ဳပ္ဆရာေတြပါဗ်..... ကားပ်က္သြားတာေၾကာင့္ ျပန္လို႔မရေတာ့လို အရီးတို႔႐ြာထဲ ဝင္လာရတာပါအရီးရယ္...."

"အေအာ္ အဲ့႐ြာက်ဳပ္သိတယ္ က်ဳပ္တူေလးက အခုဒီ႐ြာကိုေရာက္ေနတာေလ သူမင္းေျပာတဲ့႐ြာသားပဲကြဲ႕....လာက်လာက်...."

Blueတို႔ အဖြားေခၚတဲ့ အိမ္ေရွ႕ကြပ္ပ်စ္ကို သြားထိုင္လိုက္က်သည္။အဖြားအိုကေတာ့ ေ႐ြေႏြးၾကမ္းေတြ လက္ဖတ္သုတ္ေတြ ခ်ေပးကာ စကားစျမည္ေျပာေနမိက်သည္။ Blue ေတာက္ပေသာအၿပဳံးေတြ ျဖဴစင္ေသာမ်က္နာထားေလးနဲ႕ အဖြားအိုနဲ႕ စကားအျပန္အလွန္ေျပာေနေသာ ေကာင္ေလးကို ေငးၾကည့္ေနမိသည္။ အီ့တီကေတာ့ လက္ဖက္သုတ္ကိုအရစားေနေတာ့သည္။

"ဟာ.....မင္းးးးက.....လြန္းသာမလား....."

"ကိုႀကီး....ကိုႀကီးသာထူးမလား.....အဖြားရဲ႕တူဆိုတာက ကိုႀကီးသာထူးလားအဖြားရဲ႕....."

"ေအးကြဲ႕ မိန္းမခိုးမလာပဲ ေယာက္က်ားခိုးလာတဲ့ အေကာင္ေပါ့.... "

"ဗ်ာ...တကယ္လားကိုႀကီးသာထူး....."

Blue သူ႕ရဲ႕အေနာက္ကို ဝမ္းပန္းတသာ ၾကည့္ေျပာေနတဲ့ ေကာင္ေလးမ်က္နာသာေငးၾကည့္ေနမိသည္။ ေတာက္ပတဲ့ အခ်ိန္ေလးေတာ့ရွိသား လြန္းသာ မင္းက။

"ဟာလြန္းႀကီး....ေနေကာင္းလားကြ...."

ေနာက္ေက်ာကေန နာမည္တစ္ခုကို ေခၚၿပီး Blueမိမိရဲ႕ ပုခုံး အဖတ္ခံလိုက္ရတာေၾကာင့္ သေဘာမက်စြာ လာဖတ္တဲ့လူအား ေနာက္ျပန္ၾကည့္လိုက္မိသည္။

လြန္းသာေၾကာင္အသြားရသည္။ မ်က္နာကိုေသခ်ာမျမင္ပဲ ကိုႀကီးသာထူးက ေနာက္ေက်ာကို ၾကည့္ၿပီး ကိုကိုနဲ႕ အထင္မွားသြားတာပဲ ျဖစ္သည္။ ဒါဆို လြန္းသာတစ္ေယာက္ထဲ အထင္မွားျခင္းမဟုတ္ဘူးဆိုတာ လြန္းသာသိလိုက္ရသည္။ ကိုႀကီးကိုသာထူးအားအၾကည့္စူးစူးနဲ႕ အလိုမက်စြာ ၾကည့္ေနတာမို႔ လြန္းသာဝင္ေျဖရွင္းမွ ျဖစ္ေတာ့မည္။

"ကိုႀကီးသာထူး မ်က္နာကို ေသခ်ာငုံၾကည့္အုံးဗ် လူမွားေနၿပီ..... ကိုလြန္းမဟုတ္ဘူး...."

"ေဟ....ေအးဟကန့္ေတာ့ဗ်ာ က်ဳပ္ကေနာက္က်က ၾကည့္တာ တကယ္ဗ်ာ လြန္းႀကီးထိုင္ေနတဲ့အတိုင္းမို႔လို႔ပါ...."

"ရပါတယ္ဗ်....ကြၽန္ေတာ့္နာမည္Blueပါ...."

"ဘ...ဘီလူး...."

လြန္းသာ ရယ္ခ်င္မိသြားသည္။ ရယ္ခ်င္စိတ္ကို ထိန္းရင္း ကိုႀကီးသာထူးအား

"ဘီလူးမဟုတ္ဘူး....အျပာေရာင္ Blue...."

"အားးးး...သိၿပီ...ဒါနဲ႕ လြန္းႀကီးကို ခုထိရွာမေတြ႕ေသးဘူးလား လြန္းေလး....."

Blue မိမိေရွ႕မွာ စပ္ၿဖီးၿဖီးနဲ႕ ေတာက္ပစြာ ၿပဳံးေနေသာ ေကာင္ေလးရဲ႕ပုံရိပ္မွာ သာထူးဆိုတဲ့ လူရဲ႕စကားတစ္ခြန္းေၾကာင့္ ခ်က္ခ်င္းညိုးက်သြားတာကို သတိထားမိလိုက္သည္။ မင္းကအဲ့လူအေၾကာင္းေျပာရင္ ဘာလို႔ ထိခိုက္နာက်င္လြယ္ရတာလဲ ေကာင္ေလး။

"ေယာက္က်ားခိုးလာတယ္ဆို ကိုဆန္းေမာင္မလား...."

Blue ဘာမွမျဖစ္သလို စကားလြဲေျပာလိုက္တဲ့ ေကာင္ေလးကို ၾကည့္ကာ ၿပဳံးလိုက္မိသည္။ဟန္ေဆာင္ေနျပန္ၿပီ အဲ့အၿပဳံးနဲ႕။ သာထူးဆိုတဲ့ လူလည္းထက္မေမးေတာ့ပါ။ ၿပီး​ေနာက္သာထူးက

"ေအးေပါ့ကြ ဆန္းေမာင္ပဲ ခိုးမွာေပါ့ကြ....ဟိုသူ႕အေဖကသေဘာမတူလို႔ ခိုးလာတာကြာ....ဟားးး..... သူ႐ြာထဲခနသြားေနတယ္ကြ.... "

ဘာလဲဟ ခူမွ သတိထားမိတဲ့ ဒီလူက ေယာက္က်ားခ်င္း ႀကိဳက္တဲ့လူလား။ အဲ့ဒါေၾကာင့္ ေကာင္ေလးကိုၾကည့္တဲ့ အၾကည့္ေတြက မသတီစရာျဖစ္ေနတာကို။ အခုလည္းအသားယူေနျပန္ၿပီ ေခါင္းပြတ္တာဘာလို႔ ဒီေကာင္ေလး ၿငိမ္ခံေနတာလဲ။ သာယာေနတာလား မျဖစ္ေတာ့ဘူး။ Blue တစ္ေယာက္တည္း စိတ္ထဲမွာေျပာေနရင္း လြန္းသာဆိုတဲ့ ေကာင္ေလးအနားတိုးကပ္ထိုင္လိုက္ကာ သားထူးဆိုတဲ့ လူရဲ႕လက္ကို လြန္းသာေခါင္းကေန ဖယ္ခ်လိဳက္သည္။ သားထူးအပါအဝင္ လြန္းသာေကာ အဖြားအိုေကာ ၿခံတံခါးေပါက္မွာေရာက္ေနတဲ့ ဆန္းေမာင္ေကာ အီ့တီပါ Blueရဲ႕လုပ္ရက္အျပင္စကားေၾကာင့္ပါ လန့္သြားက်သည္။ ထိုစကားသည္ကား

"ခဗ်ား အဲ့လိုေခါင္းမကိုင္နဲ႕ဗ် ကြၽန္ေတာ္မႀကိဳက္ဘူး ခဗ်ားမွာ ေယာက္က်ားရွိတယ္မလား ခဗ်ားေယာက္က်ားခဗ်ားကိုင္ပါဗ်....သူ႕ကိုကိုင္တာ ကြၽန္ေတာ္....မႀကိဳက္....ဘူးးးး"

Continue Reading

You'll Also Like

3.3K 107 31
လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အ...
155K 7.1K 35
-နိုင်းနိုပိုင်- *ငါအဆင်ပြေပါတယ် ဒါဟာငါအမြဲလိမ်ညာနေကျစကားတစ်ခွန်း... ငါအဆင်ပြေပါတယ်...* -သက်တံကို- *ဘာ့ကြောင့်ဆိုတာ ငါမသိဘူး သိလဲမသိချင်ဘူး သူနဲ့ပတ်သ...
9.5K 469 17
ငါက​ေယာက်ာ္း​ေလးတစ္​ေယာက္​ေလ ​ေမာင္ ​ေယာက်ာ္း​ေလးတစ္​ေယာက္ကို ခ်စ္လို႔မရဘူး လက္ထပ္လို္႔မရဘူးလို႔ ငါထင္ခဲ့တာ တကယ္ခ်စ္မိသြားတဲ့အခ်ိန္မွာ ​ ေမာင္ကငါ့ကို...
30.2K 2.8K 26
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။