Chapter 388: The Man Who Intervenes Once Again
အခန္း ၃၈၈ ၀င္ေရာက္ ေႏွာင့္ယွက္သူ ေနာက္တစ္ဦး
တိတ္ဆိတ္မႈ….
ေအာက္ကလူမ်ားက ေနာက္ထပ္စကၠန္႕အနည္းငယ္အၾကာတြင္ မ်ားလွစြာေသာ အသံရွဴထုတ္သံမ်ား လႈိင္းခတ္ သြားသည္။ လူတိုင္းက You XiaoMo ကို မသိနားမလည္ေသာ မ်က္လံုးမ်ားျဖင့္ ေၾကာင္ေငးေနၾကသည္။
“သူတို႕က တကယ္ပဲ ယင္ယန္ေတာင္ၾကားက လူေတြပဲကြ။ မာနသိပ္ၾကီးတာ အံံ့ၾသစရာေတာ့ မရွိပါဘူးေလ”
“ဘုရားသခင္.. ဒီကေလးကေတာ့ တကယ္လုပ္ေတာ့မယ္ေပ့ါ”
“သူ႕ဘယ္သူလဲ ဆိုတာ သိေနတာေတာင္ သူက ဒီလို ကိစၥၾကီးကို ေျပာႏိုင္ေသးတယ္ ၾကည့္ရတာ သူတုိ႕က ယင္ယန္ ေတာင္ၾကားကိုေတာင္ မ ဂရုစို္က္စရာ မလိုဘူး ထင္တယ္ေနာ္။ သတိၱရွိပံုမ်ား ဒါ့ေပသိ…ဟင္း….”
ဒီလို ပြင့္လင္းျမင္သာေနေသာ အမ်ားဆုိင္ ေနရာမွာ လူငယ္ေလးက ယင္ယန္ေတာင္ၾကားရဲ႕ ဂုဏ္သေရကို စိတ္ထဲေတာင္ မထားဘူး။ အဲဒါတင္မကပဲ သူ႕စကားမ်ားက Tang Hao မ်က္ႏွာကို ခပ္ျပင္းျပင္း ရုိက္ခ်လုိက္သလုိပဲ။ ဒါက အဆိပ္ျပင္းလွေသာ စကားမ်ား ေျပာတာထက္ ပို အဆမ်ားစြာ ျပင္းထန္ကာ Tang Hao ကို ေဒါသတၾကီးေတာင္ ျဖစ္ေစသည္။
Hu Feng မ်က္ႏွာ ေျပာင္းလဲသြားတာကို ဘယ္သူမွ သတိမထားမိေပ။ သူကလည္း Tang Hao၏ ကံမေကာင္းမႈၾကီးကို ၾကည့္ကာ အားရ၀မ္းသာေတြ ျဖစ္ေနသည္။
“ေဟ့ . မင္း. မင္းေနာက္ထပ္တစ္ခါ ေျပာရဲေသးတယ္ၾကည့္စမ္း” Tang Hao၏ ေဒါသထြက္ေနေသာ အသံက တစ္ခါ ထပ္ ထြက္လာျပန္ကာ သူ႕မ်က္ႏွာ တစ္ခုလံုးက မည္းသည္းေနျပီး You XiaoMo ကို သတ္ခ်င္ျဖတ္ခ်င္ေသာ မ်က္လံုးမ်ားႏွင့္ လွည့္ၾကည့္လုိက္သည္။ ထိုသူ၏ အေနာက္ဘက္က ကိုယ္ရံေတာ္ႏွစ္ေယာက္က လည္း မတ္တပ္ေတြရပ္ကာ အားေကာင္းေသာ ဖိအားတစ္ခု ထုတ္လႊတ္ေနသည္။
You XiaoMo ကေတာ့ ဟာသအေနႏွင့္သာ ေတြးမိသည္။ သူ႕ဘာသာ သူ ဘယ္ႏွခါ ေျပာမိေျပာမိ ဘယ္ေလာက္ပဲ ထပ္ခါထပ္ခါ ေျပာေျပာ သူ႕အတြက္ကေတာ့ အတူတူပဲ ျဖစ္လိမ့္မည္။
သုိ႕ေသာ္ ဒီမွာ ယင္ယန္ေတာင္ၾကားက လူႏွင့္ ေတြ႕မိလိမ့္မည္ဟုေတာ့ သူမေမွ်ာ္လင့္ထားေပ။ လူလတ္ပိုင္းလူၾကီး Mu Sheng ႏွင့္ သူတို႕ ဘယ္လုိဆက္ဆံေရး ရွိသလဲ ဆိုတာ သူမသိေပ။ သူ႕ကို ရွာဖို႕ စတင္ေနတာလဲ ျဖစ္ႏိုင္သည္။
တကယ္တမ္းကေတာ့ You XiaoMo က အေတြးလြန္ေနတာ ျဖစ္သည္။ ျပဒါးေသြးနီမ်ိဳးႏြယ္စုက Long Xiang တိုက္မၾကီးကို ခရီးသြားတာႏွင့္ အေမြအႏွစ္ရတနာ ကိစၥဆိုတာက အလြန္နည္းပါးေသာ လူအေရအတြက္သာ သိသည္။ အဲဒါက ထိပ္တန္းလွ်ိဳ႕၀ွက္ခ်က္ တစ္ခု ျဖစ္သည္။ မဟုတ္လွ်င္ လူသိမ်ားသြားျပီ ဆိုသည္ႏွင့္ ျပဒါးေသြးနီမ်ိိဳးႏြယ္စု အျပင္က Dao Yun၏ ဆရာလို လူမ်ိဳးေတြ သိသြားႏို္င္သည္။
“ေဟ့ ဟိုဘက္က အစ္ကိုၾကီး ေလလံပြဲဆိုတာ ေငြနဲ႕တုိက္ရတာ မဟုတ္ဘူးလား? ကၽြန္ေတာ္က ေစ်းေပးျပီးျပီေလ ခင္ဗ်ား ဒီထက္ ပိုျမင့္ျမင့္ မေပးႏိုင္ဘူးဆိုတာ ခင္ဗ်ား ျပႆနာေလဗ်ာ ” You XiaoMo ျပံဳးကာ ေျပာလိုက္သည္။
Tang Hao မွာ ေဒါသေတြ ထြက္လြန္းလို႕ သူ႕ႏွာေခါင္းေတာင္ ပြစိစိ ျဖစ္ေနျပီ။ သူေျပာတာလဲ ဘာမွ မမွားေနဘူး သို႕ေသာ္လည္း Tang Hao၏ ဂုဏ္သေရႏွင့္ တကယ့္ အေရးၾကီးဆံုးအခ်ိန္မွာမွ သူကဆုက အလုခံလုိက္ရသည္ ျဖစ္တာေၾကာင့္ သူ႕မွာ ဘယ္လိုလုပ္ အဆင္ေျပေနပါ့မလဲ။ သူက သတ္ခ်င္လြန္းလို႕ ယားေနျပီ။
“ေကာင္စုတ္ေလး ငါ မင္းကို ေနာက္ဆံုးအၾကိမ္ေျပာမယ္ မင္း ယင္ယန္ေတာင္ၾကားကို လာရႈပ္တယ္ဆိုတာ ျပဒါးေသြးနီ မ်ိဳးႏြယ္စုကို ဆန္႕က်င္တာပဲကြ။ အဲဒါေတာင္ မင္းက ငါနဲ႕ ေကာင္းကင္ေဆးၾကိဳအိုးကို လာျပိဳင္ယူခ်င္ေသးလား ” Tang Hao၏ မ်က္လံုးမ်ားထဲတြင္ ေအးစက္စက္အလင္းတန္းတစ္ခု ျဖစ္ကာ You XiaoMo ကို စိုက္ၾကည့္ေနသည္။ Cang မဟာမိတ္ရဲ႕ ေလလံအိမ္သာ မဟုတ္ရင္ သူက လႈပ္ရွားျပီးေနျပီ။ မဟုတ္လွ်င္ သူ႕အေရွ႕မွာ ဒီေလာက္ မာနၾကီးျပေနေသာ သူတစ္ေယာက္ကို ခြင့္ျပဳေနစရာ အေၾကာင္းကို မရွိေပ။
You XiaoMo က ေခါင္းညိမ့္ကာ “မင္းက ယင္ယန္ေတာင္ၾကားကမွ သိျပီေလ ျပီေတာ့ ျပဒါးေသြးနီမ်ိဳးႏြယ္စုက ေနာက္ခံထားတာ လဲ သိျပီ။ ခင္ဗ်ား ကၽြန္ေတာ့္ကို ေျပာဖို႕ မလုိပါဘူး ကၽြန္ေတာ္က စာမတတ္ေပမတတ္သူ တစ္ေယာက္မွ မဟုတ္ပဲ။ ဒါေပမယ့္ အဲဒါ ဘာျဖစ္လဲ။ ခင္ဗ်ားမွာ ေနာက္ခံေကာင္းေကာင္း ရွိတယ္ဆိုျပီးေတာ့ ေလလံအိမ္ရဲ႕ စည္းကမ္းေတြ လ်စ္လ်ဴရႈလုိ႕ ရလုိ႕လား”
ေနာက္ထပ္တစ္ၾကိမ္ Tang Hao မွာ အလြန္အမင္း ေဒါထြက္လာေသာ လကၡဏာျဖစ္ေသာ သူ႕မ်က္လံုးေတြ နီျမန္းလာတာကို ႏွင့္ တစ္ကိုယ္လံုး အနည္းငယ္ တုန္ရီလာတာကို ဖိႏွပ္ထားရျပန္သည္။
“ေကာင္းျပီ၊ မဟုတ္တာေတြ ရပ္လုိ္က္ၾကရေအာင္ သခင္ေလး Tang သာ ေစ်းအျမင့္ မေပးနိုင္ေတာ့ဘူး ဆိုရင္ ကၽြန္ေတာ္ ေကာင္းကင္ေဆးၾကိဳအိုး ပိုင္ရွင္ကို ေၾကျငာခ်င္ပါတယ္” အဲဒိအခ်ိန္တြင္ပင္ ေဖ်ာေျဖမႈကို အျပည့္အ၀ၾကည့္လုိက္ရေသာ Yan QianShan က ေနာက္ဆံုးေတာ့ စကား၀င္ေျပာလာသည္။
သူ တစ္ၾကိမ္ေျပာလုိက္သည္ႏွင့္ ေလလံအိမ္က တိတ္က်သြားကာ Tang Hao၏ က်ိဳးေၾကာင္းဆီေလ်ာ္မႈကလည္း ေဒါသထြက္ေနရာမွ ျပန္ေရာက္လာခဲ့သည္။ သူ႕ဦးေႏွာ္ကေတာ့ သူ Cangမဟာမိတ္ေလလံခန္းမမွာ ဘာမွ မလုပ္ႏိုင္ဘူး ဆိုေနသည္။ မဟုတ္လွ်င္ သူက ေဖာက္သည္တစ္ေယာက္အျဖစ္ကေန အစဥ္အျမဲ ပိတ္ပင္ခံရႏိုင္သည္။ သူ႕မ်က္ႏွာသည္လည္းပဲ တုိက္မၾကီးေတာင္ပုိ္င္းတြင္ မျပႏုိင္ ျဖစ္သြားလိမ့္မည္။
Tang Hao က အသက္ျပင္းျပင္းတစ္ခ်က္ရႈိက္ကာ You XiaoMo ကို မေက်မခ်မ္း ၾကည့္ကာ “ေကာင္စုတ္ မင္းေစာင့္သာေန”
ေျပာျပီးတာႏွင့္ သူ႕ကိုယ္ရံေတာ္ ႏွစ္ေယာက္ကို ေခၚကာ အခန္းျပင္ထြက္သြားျပီး ေလလံအိမ္ကေန ထြက္သြားေတာ့သည္။ သူ ေစ်းအျမင့္မေပးႏိုင္တာလဲ အမွန္ပဲ ျဖစ္ကာ သူေနလွ်င္ေတာင္ သူက ထပ္အရူးလုပ္ခံေနရတာပဲ ရွိလိမ့္မည္။
သို႕ေသာ္လည္း အေရးအၾကီးဆံုးက သူက ေလလံအိမ္မွာ သတ္လုိ႕ မရႏိုင္ေတာ့ သူက အျပင္မွာ လႈပ္ရွားမႈတစ္ခု လုပ္ခ်င္သည္။
ျပႆနာ ရွာသူ ထြက္သြားသည္ႏွင့္ Yue QianShan က ခ်က္ခ်င္းေၾကညာလိုက္သည္ “ဘယ္သူကမွ ေစ်းအျမင့္ မေပးႏိုင္ေတာ့ဘူး ထင္တယ္ေနာ္ ဒါဆို ကၽြန္ေတာ္ ေၾကညာ…..”
“ေနပါဦး …..” ေလလံဆြဲတာ ျပီးသြားျပီဟု ထင္ခ်ိန္တြင္ အျခားအသံတစ္သံက Yue QianShan ကို ေႏွာင့္ယွက္ျပန္သည္။ ဒီအသံကေတာ့ အနည္းငယ္ နိမ့္တာမို႕ အဲဒါက အမ်ိဳးသမီးတစ္ေယာက္ ဆိုတာ ေျပာႏိုင္သည္။
တစ္စံုတစ္ခုကို မေမွ်ာ္လင့္ထားေသာ ေလလံပြဲက လူေတြ အကုန္ ၾကက္ေသေသသြားျပန္သည္။
အသံထြက္ေပၚရာကို လွည့္ၾကည့္ၾကေတာ့ ေလလံအိမ္၏ ေထာင့္တစ္ေနရာတြင္ ရုတ္တရတ္ မတ္တပ္ရပ္လုိ္က္သူ တစ္ေယာက္ကို သူတုိ႕ ျမင္လုိ္က္သည္။ ထိုသူက အညိဳေရာင္ျခံဳထည္ကို တစ္ကိုယ္လံုး ဖံုးအုပ္ထားသည္။ သူ(မ)က စကားေျပာလိုက္သူ ျဖစ္လိမ့္မည္။ သူ(မ) ရည္ရြယ္ခ်က္ကို မသိရေပမယ့္ လူတုိင္းကေတာ့ အသက္ေတာင္ မရွဴႏိုင္သလိုပဲ။
You XiaoMo မွာ သူ႕နည္းလမ္းအတိုင္း လုပ္သူ တစ္ေယာက္ကို ျမင္ေတာ့ ငိုရမလား ရယ္ရမလားေတာင္ မသိေတာ့။
ေနာက္ဆံုးပိတ္ အဆံုးအျဖတ္ေပးမယ့္ အခ်ိန္က်မွ ျပႆနာေတြ ရွာေနၾကတာ ျဖစ္သည္။ အရင္ကေတာ့ ေနာက္ဆံုးမွာ လာသူသည္ အက်န္မ်ားသာ ရတတ္သည္။ ဒီတစ္ၾကိမ္ကေတာ့ အံ့ၾသစရာေကာင္းေအာင္ပင္ အဲဒါႏွင့္ ဆန္႕က်င္ဘက္ ျဖစ္ကာ လတ္ဆတ္ေနေလသည္။
Ling Xiao က သူ႕ရဲ႕ ေခ်ာေမြ႕ေနေသာ ေမးေစံကို ပြတ္သပ္ကာ ေအာက္ထပ္က သူကို ၾကည့္လိုက္သည့္ မ်က္လံုးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းေနသည္။
သူ(မ)ကေတာ့ စူးစိုက္ၾကည့္ေနေသာ အၾကည့္အားလံုးကို သတိမျပဳမိသလိုပဲ သူ(မ)က မတ္တပ္ရပ္ကာ “ကၽြန္မက စိတ္၀ိဥာဏ္ေက်ာက္တံုး ခုနစ္သန္းေပးမယ္”
သူ(မ) ေျပာလုိ္က္ေတာ့ လူအုပ္ၾကီးတစ္အုပ္လံုး အံအားေတြ သင့္ကုန္သည္။ စိတ္၀ိဥာဏ္ေက်ာက္တံုး ေျခာက္သန္းဆိုတာ ေတာင္ ေစ်းနိမ့္တာမဟုတ္ သိုေသာ္ ေနာက္ထပ္ တစ္သန္း ထပ္ထည့္ၾကျပန္ျပီ။ ဒီေန႕ ဘာေတြ ျဖစ္ေနၾကတာလဲ? ဘယ္လိုျဖစ္ျပီးမ်ား သာလြန္ေအာင္ ခ်မ္းသာသူမ်ား မ်ားေနရတာလဲ။ သူတို႕ႏွင့္ ႏႈိင္းယွဥ္လွ်င္ သူတုိ႕က ဘာမွေတာင္ မဟုတ္။
You XiaoMo က နည္းနည္း နည္းနည္းေလးေတာ့ Tang Hao၏ ခံစားခ်က္ေတြ နားလည္လုိက္သလို ခံစားလုိက္ရသည္။
သုိ႕ေသာ္လဲ သူက စိတ္ထားေသးသိမ္သူ တစ္ေယာက္ မဟုတ္ေပ။ သူေျပာခဲ့သလုိေပါ့ ေလလံပြဲဆိုတာ ခ်မ္းသာမႈႏွင့္ ယွဥ္ျပိဳင္တာ ျဖစ္သည္။
သူတို႕က ေစ်းတစ္ခု ေပးျပီးျပီ ဆိုမွေတာ့ သူက Tang Hao ကို လိုမ်ိဳး သူတုိ႕ကို မျခိမ္းေျခာက္ႏိုင္ေပ။ အဲဒါကလည္း သူ႕မွာ ျပသစရာ မရွိလို႕ေတာ့ မဟုတ္ အနညး္ဆံုးေတာ့ သူ႕ေဘးနားမွာ Ling Xiao ရွိသည္။
“ဆယ္သန္း” ရုတ္တရက္ Ling Xiao ဆီက အသံထြက္လာသည္။ သူက You XiaoMo သံုးေသာ နည္းလမ္းကို မသံုးပဲ တန္းျပီးေတာ့ကို သံုးသန္း ထပ္တိုးေပးလုိက္ကာ ဒီေလလံပြဲတြင္ တစ္ၾကိမ္ကို အမ်ားဆံုး ေငြတိုးသူ ေအာင္ေအာင္ျမင္ျမင္ ျဖစ္သြားေလသည္။
You XiaoMo က စဥ္းစားဥာဏ္ေတာင္ ေပ်ာက္ေတာ့မေလာက္ ျဖစ္ကာ ကတုိက္ကရိုက္ေလသံႏွင့္ အျမန္ေမးလုိက္သည္ “ဘာလို႕ တစ္ၾကိမ္တည္း အမ်ားၾကီး ထပ္တိုးလုိက္တာလဲ”
Ling Xiaoက “အဲဒိတစ္ေယာက္က မရိုးရွင္းဘူး။ သူက တစ္သန္း တိုးေပးတယ္ ဆိုတာက ေသခ်ာေပါက္ သူ႕ကန္႕သတ္ခ်က္အထိ မေရာက္ေသးဘူးလုိ႕ ေျပာတာ။ တစ္ၾကိမ္မွာ နည္းနည္းစီ တုိးေပးတာ အခ်ိန္ကုန္တယ္ လြယ္သြားေအာင္ လုပ္လိုက္တာေပ့ါ”
သို႕ေသာ္လည္း ၾကမ္းခင္းေစ်း ငါးသိန္းကေန ဆယ္သန္းအထိ ျဖစ္သြားသည္ ဆိုတာက Bei Dong မွာ မၾကားဖူးေသာ အရာ ျဖစ္သည္။
အျခားတစ္ဖက္ကလည္း အဲဒါကို အံၾသသြားပံုရသည္။
လူအုပ္ၾကီးက တိတ္ဆိတ္သြားကာ အေလ့အက်င့္ေတာင္ ျဖစ္သြားပံုပင္။
You XiaoMo တို႕ အခန္းေဘးနားက DuanMu မိသားစုကေတာ့ လံုး၀ကို ဆြံအေနသည္ အထူးသျဖင့္ DuanMu Qing က ထံုထိုင္းသြားသလိုေတာင္ ျဖစ္ကာ You XiaoMo ကို Tang Hao က စိတ္၀ိဥာဏ္ေက်ာက္တံုး အမ်ားအျပားယူလာသည္ဟု ေျပာခဲ့တာကို သတိရသြားသည္။
Dao Yun အတြက္ကေတာ့ အစတည္းက သူ႕ပါးစပ္က အံၾသလြန္းလို႕ အက်ယ္ၾကီး ပြင့္ေနတာ ျဖစ္သည္။ သူက သံုးရက္ေတာင္ အတူအခ်ိန္ျဖဳန္းခဲ့သူက ဒီေလာက္ေငြရွိေနမယ္ဆိုတာ မထင္ခဲ့ေပ။ စကားတစ္ခြန္းႏွင့္တင္ စိတ္၀ိဥာဏ္ေက်ာက္တံုး ဆယ္သန္း ဆိုတာ ေျပာႏိုင္ေနသည္။
ေခါင္းအုပ္ထားေသာ အမ်ိဳးသမီးက တုန္႕ဆိုင္းကာ ေနာက္ထပ္ နံပါတ္တစ္ခုေျပာလာသည္ “စိတ္၀ိဥာဏ္ေက်ာက္တံုး ဆယ္သန္းနဲ႕ ႏွစ္သိန္း”
ထိုနံပါတ္က သူ(မ)က အရွံဳးမေပးခ်င္လို႕ ေနာက္ဆံုးထိ ၾကိဳးစားရုန္းကန္ေပးတာ ျဖစ္သည္ဆိုေသာ သေကၤတ ျဖစ္ေနေသာ္လည္း ဒါက ေတာ္ေတာ္ေလးေတာ့ ဆိုးရြားလွသည္။
Ling Xiao က “စိတ္၀ိဥာဏ္ေက်ာက္တံုး ဆယ့္တစ္သန္း”
ေခါင္းအုပ္ထားေသာ အမ်ိဳးသမီးက တိတ္ဆိတ္သြားကာ ေခါင္းခါလုိ္က္သည္။ သူ(မ)က စိတ္ပ်က္လက္ပ်က္ႏွင့္ ထိုင္ခ်လိုက္ကာ အရွံဳးေပးလိုက္သည္။ သူ(မ)က ထပ္ထည့္ႏုိ္င္ေသးေသာ္လည္း သူ(မ)ရဲ႕ ခ်မ္းသာၾကြယ္၀မႈက ေတာ့ မႏႈိင္းယွဥ္ႏိုင္တာ ရွင္းလင္းလွသည္။ သူတုိ႕ စိတ္၀ိဥာဏ္ေက်ာက္တံုး ထပ္ထည့္ေတာ့ သူတို႕က တုန္႕ဆိုင္းျခင္း မရွိေပ။ စိတ္၀ိဥာဏ္ေက်ာက္တံုး သံုးသန္းကိုေတာင္ ဘာမွမဟုတ္သလို ေျပာႏိုင္မွေတာ့ ထပ္မံ မတုိက္ႏို္င္ေပ။
“ဆယ့္တစ္သန္း တစ္ၾကိမ္”
……….
“ဆယ့္တစ္သန္း သံုးၾကိမ္၊ ေရာင္းလုိက္ပါျပီ” Yue QianShan ေရာင္းလုိက္ပါျပီဟု ေျပာလုိက္တာက ေလလံပြဲက ေနာက္ဆံုးေတာ့ ျပီးသြားျပီဟု ေျပာလုိ္က္သည့္ အဓိပါၸယ္ ျဖစ္သည္။ ေစ်းေပးသည့္ အခါမွာ မေတာ္အဆေလး နည္းနည္းေတြ႕ေပမယ့္လဲ You XiaoMo က ေကာင္းကင္ေဆးၾကိဳအိုးေတာ့ ရသြားေသးသည္။
တကယ္ေတာ့ ေကာင္းကင္ေဆးၾကိဳအိုးက အဆင့္ခုနစ္ ခ်ိတ္ေနကတည္းက ေစ်းႏႈန္းက မမွ်တေပ ျပီးေတာ့ စိတ္၀ိဥာဏ္ေက်ာက္တံုးေတြက အလြယ္တကူကို ရထားတာ။ You XiaoMo က သူ႕ဘာသာသူ ရွာထားတာ မဟုတ္ထည္းက ေဆးၾကိဳအိုး ရလုိ္က္လို႕ ေပ်ာ္ရႊင္ေသာ ေပ်ာ္ရႊင္မႈက ပိုက္ဆံကုန္လို႕ ေခါင္းကိုက္တာကိုေတာင္ ဖယ္ရွားေပးႏိုင္သည္။
Yue QianShan က ေလလံပြဲက ျပီးသြားျပီဟု ေၾကညာရင္းႏွင့္ စိတ္၀ိဥာဏ္ေက်ာက္တံုးမ်ား ေပးေခ်ရန္နွင့္ ပစၥည္းမ်ား ယူရန္ စင္အေနာက္ဘက္ကို လာရန္ အတြက္ပါ ေျပာလုိက္သည္။
You XiaoMo က Dao Yun ႏွင့္ DuanMu မိသားစုကို အရင္သြားႏွင့္ ရန္ ေျပာကာ သူႏွင့္ Ling Xiao က ေကာင္းကင္ေဆးၾကိဳအိုးယူရန္ အတြက္ စင္အေနာက္ကို သြားၾကသည္။ အစက Dao Yun က သူတို႕လိုက္ကာ ၾကည့္ခ်င္ေသာ္လည္း သူတို႕ရဲ႕ ဆံုးျဖတ္ခ်က္ ခ်ျပီးသား မ်က္ႏွာမ်ား ျမင္ေတာ့ သူက ထို အၾကံကို လက္ေလ်ာ့ လိုက္သည္။
သူတို႕ေတြ စင္ေနာက္ကို ေရာက္ခ်ိန္တြင္ Bei Dongမွ အင္အားစုအခ်ိဳ႕ေတာင္ ေရာက္ႏွင့္ ေနၾကျပီ။
သူတို႕ထဲတြင္ DuanMu မိသားစုကို လိုက္တုိ္က္ခို္က္ေသာ SiKongမိသားစုလဲ ရွိေနသည္။
DuanMu Qing ကို သတ္ရန္ လႊတ္ထားေသာ သူမ်ား ေသကုန္ျပီ ဆိုတာကို Si Kong မိသားစုက သိျပီးျဖစ္သည္။ DuanMu Qing က အဲဒိေန႕က You XiaoMo ႏွင့္ Ling Xiao တို႕ႏွင့္ ျပန္လာကတည္းက သူတို႕ႏွင့္ ပတ္သတ္ေနမွန္းလဲ သိထားျပီးသာ ျဖစ္သည္။
အစတုန္းကေတာ့ ေလလံပြဲျပီးလွ်င္ ျပႆနာ သြားရွာရန္ လုပ္ထားေသာ္လည္း သူတုိ႕ မေမွ်ာ္လင့္ထားေသာ ကိစၥေတြ ေပၚလာလိမ့္မယ္ေတာ့ မထင္ထားေပ။ သူတို႕က ယင္ယန္ေတာင္ၾကားကိုေတာင္ အာခံရဲကာ စိတ္၀ိဥာဏ္ေက်ာက္တံုး ဆယ္သန္းေတာင္သာမာန္ေနႏွင့္ ထုတ္ႏိုင္မွေတာ့ သူတို႕ေတြ သြားရႈပ္လို႕ ရေသာ သူမ်ိဳး မဟုတ္။
You XiaoMo က စိတ္၀ိဥာဏ္ေက်ာက္တံုးေတြ ေပးလုိက္သည္ႏွင့္ Yue QianShan က တစ္ေယာက္ကို ေကာင္းကင္ေဆးၾကိဳအိုး ယူလာေစသည္။
အနီေရာင္ ေဆးၾကိဳအိုးက You XiaoMo စင္ေပၚကေန ျမင္လုိ္က္ရတာထက္ေတာင္ ေသးေသးသည္။ ေဘာလံုးအရြယ္အစားကေန လက္သီးဆုပ္အရြယ္ေတာင္ လုပ္ႏိုင္ကာ အလြန္ေသးငယ္ျပီးေတာ့ သယ္ဖို႕ ျပဳဖို႕ကို အလြန္ လြယ္ကူလွသည္။
“ဒါက လူၾကီးမင္းရဲ႕ ေဆးၾကိဳအိုးပါ” Yue QianShan က သူ႕ကို လက္လွမ္းေပးလိုက္သည္။
You XiaoMo က ေပ်ာ္ရႊင္စြာ ယူလုိက္သည္။ Tong Tian တိုက္မၾကီးကို ေရာက္ေရာက္ျခင္းပဲ ေကာင္းကင္ေဆးၾကိဳအိုးကို ရလုိုက္ႏိုင္တယ္ ဆိုတာကို မယံုႏို္င္ဘူးေတာင္ ျဖစ္ေနသည္။ တကယ့္ကို သူတုိ႕ကံက သာမာန္မဟုတ္ေအာင္ကို ေကာင္းလွသည္။
သူ႕ပစၥည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ယူျပီးေတာ့ You XiaoMo က Ling Xiao ကို ဆြဲကာ ျပန္ရန္ ျပင္သည္။
“ခဏေလး ေနပါဦး” Yue QianShanက သူတို႕ လွည့္ ျပန္ေတာ့မလို႕ လုပ္ေတာ့ ရုတ္တရတ္ တားလို္က္သည္။
You XiaoMo က ေခါင္းေလးလွည့္ကာ သူ႕ကို ၾကည့္လုိက္သည္။
Yue QianShan ကသူတို႕ကုိ သတိေပးသည္ “ဒီက လူၾကီးမင္းတို႕ ႏွစ္ေယာက္လံုး ဂရုတစိုက္ ျပန္သင့္တယ္ Tang Hao ေရာ Hu Feng ေရာက ေသးေသးေလး ခံရရင္ေတာင္ ကလဲ့စားေခ်တတ္တဲ့သူမ်ိဳး။ လူၾကီးမင္းတို႕ကို အလြတ္မေပးေလာက္ဘူး”
You XiaoMo က အျပံဳးတစ္ပြင့္ ႏွင့္ ျပန္ေျဖသည္ “ေက်းဇူးတင္ပါတယ္”
အဲဒိေနာက္ေတာ့ သူႏွင့္ Ling Xiao က ေလလံခန္းမ၏ စင္အေနာက္ဘက္ ဧရိယာမွ ထြက္ခြာခဲ့သည္။
Unicode
Chapter 388: The Man Who Intervenes Once Again
အခန်း ၃၈၈ ၀င်ရောက် နှောင့်ယှက်သူ နောက်တစ်ဦး
တိတ်ဆိတ်မှု….
အောက်ကလူများက နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင် များလှစွာသော အသံရှူထုတ်သံများ လှိုင်းခတ် သွားသည်။ လူတိုင်းက You XiaoMo ကို မသိနားမလည်သော မျက်လုံးများဖြင့် ကြောင်ငေးနေကြသည်။
“သူတို့က တကယ်ပဲ ယင်ယန်တောင်ကြားက လူတွေပဲကွ။ မာနသိပ်ကြီးတာ အံ့သြစရာတော့ မရှိပါဘူးလေ”
“ဘုရားသခင်.. ဒီကလေးကတော့ တကယ်လုပ်တော့မယ်ပေ့ါ”
“သူ့ဘယ်သူလဲ ဆိုတာ သိနေတာတောင် သူက ဒီလို ကိစ္စကြီးကို ပြောနိုင်သေးတယ် ကြည့်ရတာ သူတို့က ယင်ယန် တောင်ကြားကိုတောင် မ ဂရုစိုက်စရာ မလိုဘူး ထင်တယ်နော်။ သတ္တိရှိပုံများ ဒါ့ပေသိ…ဟင်း….”
ဒီလို ပွင့်လင်းမြင်သာနေသော အများဆိုင် နေရာမှာ လူငယ်လေးက ယင်ယန်တောင်ကြားရဲ့ ဂုဏ်သရေကို စိတ်ထဲတောင် မထားဘူး။ အဲဒါတင်မကပဲ သူ့စကားများက Tang Hao မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သလိုပဲ။ ဒါက အဆိပ်ပြင်းလှသော စကားများ ပြောတာထက် ပို အဆများစွာ ပြင်းထန်ကာ Tang Hao ကို ဒေါသတကြီးတောင် ဖြစ်စေသည်။
Hu Feng မျက်နှာ ပြောင်းလဲသွားတာကို ဘယ်သူမှ သတိမထားမိပေ။ သူကလည်း Tang Hao၏ ကံမကောင်းမှုကြီးကို ကြည့်ကာ အားရ၀မ်းသာတွေ ဖြစ်နေသည်။
“ဟေ့ . မင်း. မင်းနောက်ထပ်တစ်ခါ ပြောရဲသေးတယ်ကြည့်စမ်း” Tang Hao၏ ဒေါသထွက်နေသော အသံက တစ်ခါ ထပ် ထွက်လာပြန်ကာ သူ့မျက်နှာ တစ်ခုလုံးက မည်းသည်းနေပြီး You XiaoMo ကို သတ်ချင်ဖြတ်ချင်သော မျက်လုံးများနှင့် လှည့်ကြည့်လိုက်သည်။ ထိုသူ၏ အနောက်ဘက်က ကိုယ်ရံတော်နှစ်ယောက်က လည်း မတ်တပ်တွေရပ်ကာ အားကောင်းသော ဖိအားတစ်ခု ထုတ်လွှတ်နေသည်။
You XiaoMo ကတော့ ဟာသအနေနှင့်သာ တွေးမိသည်။ သူ့ဘာသာ သူ ဘယ်နှခါ ပြောမိပြောမိ ဘယ်လောက်ပဲ ထပ်ခါထပ်ခါ ပြောပြော သူ့အတွက်ကတော့ အတူတူပဲ ဖြစ်လိမ့်မည်။
သို့သော် ဒီမှာ ယင်ယန်တောင်ကြားက လူနှင့် တွေ့မိလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားပေ။ လူလတ်ပိုင်းလူကြီး Mu Sheng နှင့် သူတို့ ဘယ်လိုဆက်ဆံရေး ရှိသလဲ ဆိုတာ သူမသိပေ။ သူ့ကို ရှာဖို့ စတင်နေတာလဲ ဖြစ်နိုင်သည်။
တကယ်တမ်းကတော့ You XiaoMo က အတွေးလွန်နေတာ ဖြစ်သည်။ ပြဒါးသွေးနီမျိုးနွယ်စုက Long Xiang တိုက်မကြီးကို ခရီးသွားတာနှင့် အမွေအနှစ်ရတနာ ကိစ္စဆိုတာက အလွန်နည်းပါးသော လူအရေအတွက်သာ သိသည်။ အဲဒါက ထိပ်တန်းလျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။ မဟုတ်လျှင် လူသိများသွားပြီ ဆိုသည်နှင့် ပြဒါးသွေးနီမျိုးနွယ်စု အပြင်က Dao Yun၏ ဆရာလို လူမျိုးတွေ သိသွားနိုင်သည်။
“ဟေ့ ဟိုဘက်က အစ်ကိုကြီး လေလံပွဲဆိုတာ ငွေနဲ့တိုက်ရတာ မဟုတ်ဘူးလား? ကျွန်တော်က ဈေးပေးပြီးပြီလေ ခင်ဗျား ဒီထက် ပိုမြင့်မြင့် မပေးနိုင်ဘူးဆိုတာ ခင်ဗျား ပြဿနာလေဗျာ ” You XiaoMo ပြုံးကာ ပြောလိုက်သည်။
Tang Hao မှာ ဒေါသတွေ ထွက်လွန်းလို့ သူ့နှာခေါင်းတောင် ပွစိစိ ဖြစ်နေပြီ။ သူပြောတာလဲ ဘာမှ မမှားနေဘူး သို့သော်လည်း Tang Hao၏ ဂုဏ်သရေနှင့် တကယ့် အရေးကြီးဆုံးအချိန်မှာမှ သူကဆုက အလုခံလိုက်ရသည် ဖြစ်တာကြောင့် သူ့မှာ ဘယ်လိုလုပ် အဆင်ပြေနေပါ့မလဲ။ သူက သတ်ချင်လွန်းလို့ ယားနေပြီ။
“ကောင်စုတ်လေး ငါ မင်းကို နောက်ဆုံးအကြိမ်ပြောမယ် မင်း ယင်ယန်တောင်ကြားကို လာရှုပ်တယ်ဆိုတာ ပြဒါးသွေးနီ မျိုးနွယ်စုကို ဆန့်ကျင်တာပဲကွ။ အဲဒါတောင် မင်းက ငါနဲ့ ကောင်းကင်ဆေးကြိုအိုးကို လာပြိုင်ယူချင်သေးလား ” Tang Hao၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖြစ်ကာ You XiaoMo ကို စိုက်ကြည့်နေသည်။ Cang မဟာမိတ်ရဲ့ လေလံအိမ်သာ မဟုတ်ရင် သူက လှုပ်ရှားပြီးနေပြီ။ မဟုတ်လျှင် သူ့အရှေ့မှာ ဒီလောက် မာနကြီးပြနေသော သူတစ်ယောက်ကို ခွင့်ပြုနေစရာ အကြောင်းကို မရှိပေ။
You XiaoMo က ခေါင်းညိမ့်ကာ “မင်းက ယင်ယန်တောင်ကြားကမှ သိပြီလေ ပြီတော့ ပြဒါးသွေးနီမျိုးနွယ်စုက နောက်ခံထားတာ လဲ သိပြီ။ ခင်ဗျား ကျွန်တော့်ကို ပြောဖို့ မလိုပါဘူး ကျွန်တော်က စာမတတ်ပေမတတ်သူ တစ်ယောက်မှ မဟုတ်ပဲ။ ဒါပေမယ့် အဲဒါ ဘာဖြစ်လဲ။ ခင်ဗျားမှာ နောက်ခံကောင်းကောင်း ရှိတယ်ဆိုပြီးတော့ လေလံအိမ်ရဲ့ စည်းကမ်းတွေ လျစ်လျူရှုလို့ ရလို့လား”
နောက်ထပ်တစ်ကြိမ် Tang Hao မှာ အလွန်အမင်း ဒေါထွက်လာသော လက္ခဏာဖြစ်သော သူ့မျက်လုံးတွေ နီမြန်းလာတာကို နှင့် တစ်ကိုယ်လုံး အနည်းငယ် တုန်ရီလာတာကို ဖိနှပ်ထားရပြန်သည်။
“ကောင်းပြီ၊ မဟုတ်တာတွေ ရပ်လိုက်ကြရအောင် သခင်လေး Tang သာ ဈေးအမြင့် မပေးနိုင်တော့ဘူး ဆိုရင် ကျွန်တော် ကောင်းကင်ဆေးကြိုအိုး ပိုင်ရှင်ကို ကြေငြာချင်ပါတယ်” အဲဒိအချိန်တွင်ပင် ဖျောဖြေမှုကို အပြည့်အ၀ကြည့်လိုက်ရသော Yan QianShan က နောက်ဆုံးတော့ စကားဝင်ပြောလာသည်။
သူ တစ်ကြိမ်ပြောလိုက်သည်နှင့် လေလံအိမ်က တိတ်ကျသွားကာ Tang Hao၏ ကျိုးကြောင်းဆီလျော်မှုကလည်း ဒေါသထွက်နေရာမှ ပြန်ရောက်လာခဲ့သည်။ သူ့ဦးနှော်ကတော့ သူ Cangမဟာမိတ်လေလံခန်းမမှာ ဘာမှ မလုပ်နိုင်ဘူး ဆိုနေသည်။ မဟုတ်လျှင် သူက ဖောက်သည်တစ်ယောက်အဖြစ်ကနေ အစဉ်အမြဲ ပိတ်ပင်ခံရနိုင်သည်။ သူ့မျက်နှာသည်လည်းပဲ တိုက်မကြီးတောင်ပိုင်းတွင် မပြနိုင် ဖြစ်သွားလိမ့်မည်။
Tang Hao က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ You XiaoMo ကို မကျေမချမ်း ကြည့်ကာ “ကောင်စုတ် မင်းစောင့်သာနေ”
ပြောပြီးတာနှင့် သူ့ကိုယ်ရံတော် နှစ်ယောက်ကို ခေါ်ကာ အခန်းပြင်ထွက်သွားပြီး လေလံအိမ်ကနေ ထွက်သွားတော့သည်။ သူ ဈေးအမြင့်မပေးနိုင်တာလဲ အမှန်ပဲ ဖြစ်ကာ သူနေလျှင်တောင် သူက ထပ်အရူးလုပ်ခံနေရတာပဲ ရှိလိမ့်မည်။
သို့သော်လည်း အရေးအကြီးဆုံးက သူက လေလံအိမ်မှာ သတ်လို့ မရနိုင်တော့ သူက အပြင်မှာ လှုပ်ရှားမှုတစ်ခု လုပ်ချင်သည်။
ပြဿနာ ရှာသူ ထွက်သွားသည်နှင့် Yue QianShan က ချက်ချင်းကြေညာလိုက်သည် “ဘယ်သူကမှ ဈေးအမြင့် မပေးနိုင်တော့ဘူး ထင်တယ်နော် ဒါဆို ကျွန်တော် ကြေညာ…..”
“နေပါဦး …..” လေလံဆွဲတာ ပြီးသွားပြီဟု ထင်ချိန်တွင် အခြားအသံတစ်သံက Yue QianShan ကို နှောင့်ယှက်ပြန်သည်။ ဒီအသံကတော့ အနည်းငယ် နိမ့်တာမို့ အဲဒါက အမျိုးသမီးတစ်ယောက် ဆိုတာ ပြောနိုင်သည်။
တစ်စုံတစ်ခုကို မမျှော်လင့်ထားသော လေလံပွဲက လူတွေ အကုန် ကြက်သေသေသွားပြန်သည်။
အသံထွက်ပေါ်ရာကို လှည့်ကြည့်ကြတော့ လေလံအိမ်၏ ထောင့်တစ်နေရာတွင် ရုတ်တရတ် မတ်တပ်ရပ်လိုက်သူ တစ်ယောက်ကို သူတို့ မြင်လိုက်သည်။ ထိုသူက အညိုရောင်ခြုံထည်ကို တစ်ကိုယ်လုံး ဖုံးအုပ်ထားသည်။ သူ(မ)က စကားပြောလိုက်သူ ဖြစ်လိမ့်မည်။ သူ(မ) ရည်ရွယ်ချက်ကို မသိရပေမယ့် လူတိုင်းကတော့ အသက်တောင် မရှူနိုင်သလိုပဲ။
You XiaoMo မှာ သူ့နည်းလမ်းအတိုင်း လုပ်သူ တစ်ယောက်ကို မြင်တော့ ငိုရမလား ရယ်ရမလားတောင် မသိတော့။
နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးမယ့် အချိန်ကျမှ ပြဿနာတွေ ရှာနေကြတာ ဖြစ်သည်။ အရင်ကတော့ နောက်ဆုံးမှာ လာသူသည် အကျန်များသာ ရတတ်သည်။ ဒီတစ်ကြိမ်ကတော့ အံ့သြစရာကောင်းအောင်ပင် အဲဒါနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ လတ်ဆတ်နေလေသည်။
Ling Xiao က သူ့ရဲ့ ချောမွေ့နေသော မေးစေံကို ပွတ်သပ်ကာ အောက်ထပ်က သူကို ကြည့်လိုက်သည့် မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေသည်။
သူ(မ)ကတော့ စူးစိုက်ကြည့်နေသော အကြည့်အားလုံးကို သတိမပြုမိသလိုပဲ သူ(မ)က မတ်တပ်ရပ်ကာ “ကျွန်မက စိတ်ဝိဥာဏ်ကျောက်တုံး ခုနစ်သန်းပေးမယ်”
သူ(မ) ပြောလိုက်တော့ လူအုပ်ကြီးတစ်အုပ်လုံး အံအားတွေ သင့်ကုန်သည်။ စိတ်ဝိဥာဏ်ကျောက်တုံး ခြောက်သန်းဆိုတာ တောင် ဈေးနိမ့်တာမဟုတ် သိုသော် နောက်ထပ် တစ်သန်း ထပ်ထည့်ကြပြန်ပြီ။ ဒီနေ့ ဘာတွေ ဖြစ်နေကြတာလဲ? ဘယ်လိုဖြစ်ပြီးများ သာလွန်အောင် ချမ်းသာသူများ များနေရတာလဲ။ သူတို့နှင့် နှိုင်းယှဉ်လျှင် သူတို့က ဘာမှတောင် မဟုတ်။
You XiaoMo က နည်းနည်း နည်းနည်းလေးတော့ Tang Hao၏ ခံစားချက်တွေ နားလည်လိုက်သလို ခံစားလိုက်ရသည်။
သို့သော်လဲ သူက စိတ်ထားသေးသိမ်သူ တစ်ယောက် မဟုတ်ပေ။ သူပြောခဲ့သလိုပေါ့ လေလံပွဲဆိုတာ ချမ်းသာမှုနှင့် ယှဉ်ပြိုင်တာ ဖြစ်သည်။
သူတို့က ဈေးတစ်ခု ပေးပြီးပြီ ဆိုမှတော့ သူက Tang Hao ကို လိုမျိုး သူတို့ကို မခြိမ်းခြောက်နိုင်ပေ။ အဲဒါကလည်း သူ့မှာ ပြသစရာ မရှိလို့တော့ မဟုတ် အနည်းဆုံးတော့ သူ့ဘေးနားမှာ Ling Xiao ရှိသည်။
“ဆယ်သန်း” ရုတ်တရက် Ling Xiao ဆီက အသံထွက်လာသည်။ သူက You XiaoMo သုံးသော နည်းလမ်းကို မသုံးပဲ တန်းပြီးတော့ကို သုံးသန်း ထပ်တိုးပေးလိုက်ကာ ဒီလေလံပွဲတွင် တစ်ကြိမ်ကို အများဆုံး ငွေတိုးသူ အောင်အောင်မြင်မြင် ဖြစ်သွားလေသည်။
You XiaoMo က စဉ်းစားဥာဏ်တောင် ပျောက်တော့မလောက် ဖြစ်ကာ ကတိုက်ကရိုက်လေသံနှင့် အမြန်မေးလိုက်သည် “ဘာလို့ တစ်ကြိမ်တည်း အများကြီး ထပ်တိုးလိုက်တာလဲ”
Ling Xiaoက “အဲဒိတစ်ယောက်က မရိုးရှင်းဘူး။ သူက တစ်သန်း တိုးပေးတယ် ဆိုတာက သေချာပေါက် သူ့ကန့်သတ်ချက်အထိ မရောက်သေးဘူးလို့ ပြောတာ။ တစ်ကြိမ်မှာ နည်းနည်းစီ တိုးပေးတာ အချိန်ကုန်တယ် လွယ်သွားအောင် လုပ်လိုက်တာပေ့ါ”
သို့သော်လည်း ကြမ်းခင်းဈေး ငါးသိန်းကနေ ဆယ်သန်းအထိ ဖြစ်သွားသည် ဆိုတာက Bei Dong မှာ မကြားဖူးသော အရာ ဖြစ်သည်။
အခြားတစ်ဖက်ကလည်း အဲဒါကို အံသြသွားပုံရသည်။
လူအုပ်ကြီးက တိတ်ဆိတ်သွားကာ အလေ့အကျင့်တောင် ဖြစ်သွားပုံပင်။
You XiaoMo တို့ အခန်းဘေးနားက DuanMu မိသားစုကတော့ လုံးဝကို ဆွံအနေသည် အထူးသဖြင့် DuanMu Qing က ထုံထိုင်းသွားသလိုတောင် ဖြစ်ကာ You XiaoMo ကို Tang Hao က စိတ်ဝိဥာဏ်ကျောက်တုံး အများအပြားယူလာသည်ဟု ပြောခဲ့တာကို သတိရသွားသည်။
Dao Yun အတွက်ကတော့ အစတည်းက သူ့ပါးစပ်က အံသြလွန်းလို့ အကျယ်ကြီး ပွင့်နေတာ ဖြစ်သည်။ သူက သုံးရက်တောင် အတူအချိန်ဖြုန်းခဲ့သူက ဒီလောက်ငွေရှိနေမယ်ဆိုတာ မထင်ခဲ့ပေ။ စကားတစ်ခွန်းနှင့်တင် စိတ်ဝိဥာဏ်ကျောက်တုံး ဆယ်သန်း ဆိုတာ ပြောနိုင်နေသည်။
ခေါင်းအုပ်ထားသော အမျိုးသမီးက တုန့်ဆိုင်းကာ နောက်ထပ် နံပါတ်တစ်ခုပြောလာသည် “စိတ်ဝိဥာဏ်ကျောက်တုံး ဆယ်သန်းနဲ့ နှစ်သိန်း”
ထိုနံပါတ်က သူ(မ)က အရှုံးမပေးချင်လို့ နောက်ဆုံးထိ ကြိုးစားရုန်းကန်ပေးတာ ဖြစ်သည်ဆိုသော သင်္ကေတ ဖြစ်နေသော်လည်း ဒါက တော်တော်လေးတော့ ဆိုးရွားလှသည်။
Ling Xiao က “စိတ်ဝိဥာဏ်ကျောက်တုံး ဆယ့်တစ်သန်း”
ခေါင်းအုပ်ထားသော အမျိုးသမီးက တိတ်ဆိတ်သွားကာ ခေါင်းခါလိုက်သည်။ သူ(မ)က စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ကာ အရှုံးပေးလိုက်သည်။ သူ(မ)က ထပ်ထည့်နိုင်သေးသော်လည်း သူ(မ)ရဲ့ ချမ်းသာကြွယ်ဝမှုက တော့ မနှိုင်းယှဉ်နိုင်တာ ရှင်းလင်းလှသည်။ သူတို့ စိတ်ဝိဥာဏ်ကျောက်တုံး ထပ်ထည့်တော့ သူတို့က တုန့်ဆိုင်းခြင်း မရှိပေ။ စိတ်ဝိဥာဏ်ကျောက်တုံး သုံးသန်းကိုတောင် ဘာမှမဟုတ်သလို ပြောနိုင်မှတော့ ထပ်မံ မတိုက်နိုင်ပေ။
“ဆယ့်တစ်သန်း တစ်ကြိမ်”
……….
“ဆယ့်တစ်သန်း သုံးကြိမ်၊ ရောင်းလိုက်ပါပြီ” Yue QianShan ရောင်းလိုက်ပါပြီဟု ပြောလိုက်တာက လေလံပွဲက နောက်ဆုံးတော့ ပြီးသွားပြီဟု ပြောလိုက်သည့် အဓိပ္ပါယ် ဖြစ်သည်။ ဈေးပေးသည့် အခါမှာ မတော်အဆလေး နည်းနည်းတွေ့ပေမယ့်လဲ You XiaoMo က ကောင်းကင်ဆေးကြိုအိုးတော့ ရသွားသေးသည်။
တကယ်တော့ ကောင်းကင်ဆေးကြိုအိုးက အဆင့်ခုနစ် ချိတ်နေကတည်းက ဈေးနှုန်းက မမျှတပေ ပြီးတော့ စိတ်ဝိဥာဏ်ကျောက်တုံးတွေက အလွယ်တကူကို ရထားတာ။ You XiaoMo က သူ့ဘာသာသူ ရှာထားတာ မဟုတ်ထည်းက ဆေးကြိုအိုး ရလိုက်လို့ ပျော်ရွှင်သော ပျော်ရွှင်မှုက ပိုက်ဆံကုန်လို့ ခေါင်းကိုက်တာကိုတောင် ဖယ်ရှားပေးနိုင်သည်။
Yue QianShan က လေလံပွဲက ပြီးသွားပြီဟု ကြေညာရင်းနှင့် စိတ်ဝိဥာဏ်ကျောက်တုံးများ ပေးချေရန်နှင့် ပစ္စည်းများ ယူရန် စင်အနောက်ဘက်ကို လာရန် အတွက်ပါ ပြောလိုက်သည်။
You XiaoMo က Dao Yun နှင့် DuanMu မိသားစုကို အရင်သွားနှင့် ရန် ပြောကာ သူနှင့် Ling Xiao က ကောင်းကင်ဆေးကြိုအိုးယူရန် အတွက် စင်အနောက်ကို သွားကြသည်။ အစက Dao Yun က သူတို့လိုက်ကာ ကြည့်ချင်သော်လည်း သူတို့ရဲ့ ဆုံးဖြတ်ချက် ချပြီးသား မျက်နှာများ မြင်တော့ သူက ထို အကြံကို လက်လျော့ လိုက်သည်။
သူတို့တွေ စင်နောက်ကို ရောက်ချိန်တွင် Bei Dongမှ အင်အားစုအချို့တောင် ရောက်နှင့် နေကြပြီ။
သူတို့ထဲတွင် DuanMu မိသားစုကို လိုက်တိုက်ခိုက်သော SiKongမိသားစုလဲ ရှိနေသည်။
DuanMu Qing ကို သတ်ရန် လွှတ်ထားသော သူများ သေကုန်ပြီ ဆိုတာကို Si Kong မိသားစုက သိပြီးဖြစ်သည်။ DuanMu Qing က အဲဒိနေ့က You XiaoMo နှင့် Ling Xiao တို့နှင့် ပြန်လာကတည်းက သူတို့နှင့် ပတ်သတ်နေမှန်းလဲ သိထားပြီးသာ ဖြစ်သည်။
အစတုန်းကတော့ လေလံပွဲပြီးလျှင် ပြဿနာ သွားရှာရန် လုပ်ထားသော်လည်း သူတို့ မမျှော်လင့်ထားသော ကိစ္စတွေ ပေါ်လာလိမ့်မယ်တော့ မထင်ထားပေ။ သူတို့က ယင်ယန်တောင်ကြားကိုတောင် အာခံရဲကာ စိတ်ဝိဥာဏ်ကျောက်တုံး ဆယ်သန်းတောင်သာမာန်နေနှင့် ထုတ်နိုင်မှတော့ သူတို့တွေ သွားရှုပ်လို့ ရသော သူမျိုး မဟုတ်။
You XiaoMo က စိတ်ဝိဥာဏ်ကျောက်တုံးတွေ ပေးလိုက်သည်နှင့် Yue QianShan က တစ်ယောက်ကို ကောင်းကင်ဆေးကြိုအိုး ယူလာစေသည်။
အနီရောင် ဆေးကြိုအိုးက You XiaoMo စင်ပေါ်ကနေ မြင်လိုက်ရတာထက်တောင် သေးသေးသည်။ ဘောလုံးအရွယ်အစားကနေ လက်သီးဆုပ်အရွယ်တောင် လုပ်နိုင်ကာ အလွန်သေးငယ်ပြီးတော့ သယ်ဖို့ ပြုဖို့ကို အလွန် လွယ်ကူလှသည်။
“ဒါက လူကြီးမင်းရဲ့ ဆေးကြိုအိုးပါ” Yue QianShan က သူ့ကို လက်လှမ်းပေးလိုက်သည်။
You XiaoMo က ပျော်ရွှင်စွာ ယူလိုက်သည်။ Tong Tian တိုက်မကြီးကို ရောက်ရောက်ခြင်းပဲ ကောင်းကင်ဆေးကြိုအိုးကို ရလိုက်နိုင်တယ် ဆိုတာကို မယုံနိုင်ဘူးတောင် ဖြစ်နေသည်။ တကယ့်ကို သူတို့ကံက သာမာန်မဟုတ်အောင်ကို ကောင်းလှသည်။
သူ့ပစ္စည်း ပျော်ပျော်ရွှင်ရွှင်ယူပြီးတော့ You XiaoMo က Ling Xiao ကို ဆွဲကာ ပြန်ရန် ပြင်သည်။
“ခဏလေး နေပါဦး” Yue QianShanက သူတို့ လှည့် ပြန်တော့မလို့ လုပ်တော့ ရုတ်တရတ် တားလိုက်သည်။
You XiaoMo က ခေါင်းလေးလှည့်ကာ သူ့ကို ကြည့်လိုက်သည်။
Yue QianShan ကသူတို့ကို သတိပေးသည် “ဒီက လူကြီးမင်းတို့ နှစ်ယောက်လုံး ဂရုတစိုက် ပြန်သင့်တယ် Tang Hao ရော Hu Feng ရောက သေးသေးလေး ခံရရင်တောင် ကလဲ့စားချေတတ်တဲ့သူမျိုး။ လူကြီးမင်းတို့ကို အလွတ်မပေးလောက်ဘူး”
You XiaoMo က အပြုံးတစ်ပွင့် နှင့် ပြန်ဖြေသည် “ကျေးဇူးတင်ပါတယ်”
အဲဒိနောက်တော့ သူနှင့် Ling Xiao က လေလံခန်းမ၏ စင်အနောက်ဘက် ဧရိယာမှ ထွက်ခွာခဲ့သည်။