သို့....(completed)

By KhunSat001

211K 11.7K 269

မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... More

သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)

Part-24

2.7K 195 2
By KhunSat001

သို့.....

အပိုင်း၂၄

ဗိုက်ကို ကိုင်ရင်းယောင်ချာချာဖြစ်နေမိသည်။ မလိုချင်သော သူရဲ့ သွေးသားကိုမှ မိမိလွယ်ထားရခြင်းပါလားလို့ မနှစ်မြို့မိပါ။ ဒီကလေးကို နှင်းဒေဝီမလိုချင်ပါ။ ကလေးကိုလည်း မုန်းသလို ကလေးရဲ့အဖေဖြစ်သူကိုလည်း ရင်ထဲ အသဲထဲကပါ မနှစ်မြို့မုန်းတီးမိသည်။

ကလေးကို ပျောက်ကွယ်သွားစေချင်ပေမယ့် နှင်းဒေဝီမလုပ်ရက်။ မလုပ်ရဲတာလည်း ပါသည်။ သက်ရှိအရာတစ်ခုကို လူမဖြစ်ခင် သတ်ပြစ်ရမယ်ဆိုတဲ့ စိတ်ကို မိန်းမသားတို့ရဲ့ မွေးရာပါ မိခင်စိတ်ကတားဆီးတော့သည်။

ကလေးကို သတ်ဖို့တွေးမိတိုင်း လက်တွေခြေတုန်ရီလာသည်။ ဗိုက်ထဲက အကာလေးက လှုပ်ရှားနေသလို ၊သူမအားတားဆီးနေသလို ခံစားရတာကြောင့် ထိုကလေး ဖြတ်ချဖို့ သူမအတွက် အရမ်းကို ခက်ခဲလွန်းနေသည်။

"နှင်း....."

ကျွန်မဒီအသံကို အရမ်းမုန်းလွန်းသည်။ ကျွန်မဘဝကို ဖျက်ဆီးခဲ့တဲ့ လူရဲ့အသံဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကျွန်မအသက်ထက်ပို ချစ်ရပါသော မောင့်ကို လောကထဲ ထွက်သွားအောင် လုပ်ခဲ့တဲ့ လူရဲ့အသံဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ကိုယ်ချစ်တဲ့လူကို သတ်ပြစ်လိုက်တဲ့လူနဲ့ အိပ်ရာပေါ်နေပြီး သူရဲ့ကလေးကို လွယ်ထားရတဲ့ ခံစားချက်က ကျွန်မအပေါ်ကို သိပ်ဆိုးဝါးစွာ သက်ရောက်စေသည်။

"နှင်းကိုခေါ်နေတယ်လေ... "

ကျော်ဖြိုးဝင်းအသံက အခန်းအတွင်း ဟိန်းထွက်လာသည်။ သို့သော် နှင်းဒေဝီ ဘာမှပြန်မပြောပဲ တိတ်ဆိတ်စွာ ထိုင်မြဲရင်းထိုင်နေသေးသည်။ ထို့ကြောင့် ကျော်ဖြိုးဝင်းဒေါသထွက်လာကာ နှင်းဒေဝီရဲ့ ပါးကို လက်ဖြင့်ဆုတ်ကိုင်ကာ သူဘက်ကို လှည့်စေလိုက်သည်။ နှင်းဒေဝီရဲ့ မျက်လုံးအကြည့်များက သူ့့အား နာကျင်စေသည်။ ဒေါသထွက်စေသည်။ အလိုမကျမူ့ကို ဖြစ်စေသည်။

"မင်းကို ငါမေးနေတယ်လေနှင်းးး.....ဘာလို့ထမင်းမစားတာလဲ ဟမ်.....ပြောစမ်း....ငါနဲ့ရတဲ့ ကလေးကို အဲ့လောက်တောင် သတ်ပြစ်စေချင်တယ်ပေါ့...."

"ဟုတ်တယ် နင်နဲ့ရတဲ့ကလေးကို သတ်ပြစ်ချင််တယ် သိလား ဒါပေမယ့် ငါမလုပ်ရဲဘူး...ဘာလို့လဲသိလား....ငါကနင်တို့လို လူသတ်ဖူးတဲ့ သူမဟုတ်ဘူးဟဲ့....ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ လုပ်ရဲတယ်လေ...."

နှင်းဒေဝီရဲ့ စကားကြောင့် ကျော်ဖြိုးဝင ်းခေါင်းငိုက်စိုက်ကျသွားသည်။ ကျော်ဖြိုးဝင်းအသံပါ ထွက်ကာငိုနေမိသည်။ ငါ့အချစ်က ဘာများမှားနေလို့လဲလို့....ငါလိုငါချစ်ပေးရင် ပြန်မချစ်ပေးနိုင်ကျတာလဲ....မင်းတို့က ငါ့ကိုမကောင်းဆိုးဝါးအဖြစ် တွန်းပို့နေကျတာပဲ...ဟုကျော်ဖြိုးဝင်း စိတ်ထဲရေရွတ်နေမိသည်။

"ငါကလူသတ်တယ်....အဲ့တော့ ဘာဖြစ်လဲ မင်းသိလားနှင်း....ကိုယ်အသက်ရှင်ဖို့ နောက်တစ်ယောက်ရဲ့ အသက်ကိုစတေးရတာ တုံးစံပဲကွ.....ငါဘာမှ မမှားဘူးကွ....ငါမမှားဘူး...."

ကျော်ဖြိုးဝင်း နှင်းဒေဝီကို ထားခဲ့ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။ ပြီးနောက်သူ့ရဲ့ တပည့်တွေအား ပြတင်းပေါက်တွေကို သံကြိုးခတ်ပြီးပိတ်ရန်နဲ့ ချွန်ထက်တဲ့အရာတွေ ကွဲစေတဲ့ အရာတွေ ဘယ်အရာကိုမှ နှင်းဒေဝီအခန်းထဲမှာ မထားဖို့ မှာထားလိုက်သည်။

လက်ထဲကဖုန်း မြည်နေတာကြောင့် ဖုန်းကိုကိုင်လိုက်ရသည်။

"အေးပြော...."

"ဟုတ်ကဲ့ဆရာ ဆရာခိုင်းထားတဲ့ Blueအကြောင်းကို သိရပါပြီဆရာ..... "

"အေးငါ့ကို မက်ဆေ့နဲ့ပို့လိုက်...."

"ဟုတ်ကဲ့ဆရာ....."

ကျော်ဖြိုးဝင်းမျက်နာပြုံးသွားသည်။ Skyဆိုတဲ့ လူရဲ့မျက်နာကိုတောင် တွေ့ရခက်နေတဲ့ အချိန်မှာ သားတော်တဲ့Blueက ကိုယ်ထင်ပြတယ်တဲ့လား ထိုကောင်ရဲ့အကြောင်းကို အသေးစိတ်စုံစမ်းခိုင်းထားရသည်။

တပည့်ဖြစ်သူပို့လိုက်တဲ့ ကိုယ်ရေးအချက်အလက်ဖိုင်ကို စာကြည့်ခန်းထဲဝင်ကာ ကွန်ပျူတာနဲ့ ချိတ်ဆက်ကာကြည့်နေလိုက်ရသည်။

"အော်ဘယ်သူများလဲလို့ လက်စသတ်တော့ သူကို....."

ကျော်ဖြိုးဝင်း Blueရဲ့ပုံအား အစိပ္ါယ်တစ်ခုဖြင့် ပြုံးကြည့်လိုက်သည်။ မတွေ့တာကြာပြီနော်Blue ။ လွန်းဇွဲသေပြီကတည်းကနဲ့ တူတယ်။ မင်းအတော်ခံစားလိုက်ရမှာပဲ။ အခုတော့ အကောင်းတိုင်းကြီးပြန်ပေါ်လာတာ ဘာကြောင့်လဲ။ ငါ့တို့ရဲ့ လျိုဝုက်ချက်တွေကို ဖော်ထုတ်ပြဖို့လား။ ဒါပေမယ့် အခုထိအချိန်တွေနှစ်တွေ အကြာကြီးငြိမ်နေတယ်ဆိုကတည်းက မင်းငါ့ကို အန္တရာယ်ပေးဖို့ ပြန်လာတာမဟုတ်လောက်တော့ဘူးလို့ ငါထင်တယ်။ဝေလင်းစိုးလည်း မရှိတော့ဘူးဆိုတော့ လွန်းဇွဲအကြောင်းကို ဘယ်သူကမှ အစပြန်ဖော်တော့မှာ မဟုတ်ဘူးလေ။ ဖော်တဲ့လူမုန်သမျှကို ငါကိုယ်တိုင်ရှင်းပြစ်မှာ မို့လို့ပဲ။ ကျော်ဖြိုးဝင်း စိတ်ထဲကနေ တစ်လောကလုံးကို ချုပ်ကိုင်ထားရသဖွယ် ကျူံးဝါးလိုက်သည်။

ကျော်ဖြိုးဝင်းနဲ့ Blueအစစ်တို့ရဲ့ ကြားမှာ ဘာအကြောင်းတွေများ ရှိခဲ့ပြီး၊ လွန်းဇွဲနဲ့ကော ဘယ်လိုပတ်သတ်တယ်ဆိုတာ သက်ဆိုင်သူသုံးဦးသာ အသိဆုံးဖြစ်မည်ထင်သည်။

#################

လွန်းသာ

လွန်းသာအလုပ်လုပ်ရင်း ထိုအိမ်သာလူကြီးများ မိမိတို့ဘက် လှည့်လာမလား လှည့်လာမလားလို့ စောင့်ခဲ့တာ နှစ်ရက်ကျော်သုံးရက်ရောက်နေပြီ ဖြစ်သည်။ သို့သော် ထိုလူကြီးအား မတွေ့။ သတင်းကြားသည်ကတော့ အလုပ်မဆင်းဘူးလို့ သိရသည်။ ဘာများဖြစ်လို့ပါလိမ့် .... အေးလေသူက ကိုယ်စားလှယ်ပြီးတော့ အမွေဆက်ခံသူလေ ဒါ့ကြောင့် ဆင်းချင်ဆင်းမယ် မဆင်းချင်လည်း မဆင်းဘူးပေါ့ရတာပဲ....လို့ တွေးလိုက်မိသည်။

တကယ်တော့ လွန်းသာ တစ်နေ့က သူ့အားတောက်တိုမယ်ရ မလုပ်ခိုင်းဖို့ ပြောပေးတဲ့ အတွက်ကျေးဇူးတင်စကား ပြောချင်လို့ဖြစ်သည်။သို့သော် ထိုလူကြီးက ပေါ်မလာတော့ပါ။ ပေါ်မလာတော့လည်း မပြောရုံပဲပေါ့ ငါကဘာလို့မျှော်ရမှာလည်း ဝေးသေး။ လွန်းသာတစ်ယောက်တည်း စိတ်ထဲမှာ ပြောရင်း ဗြာများနေတော့သည်။

"လွန်းညီလေး အကိုစာရွက်တွေ ဘယ်မှာထားရမလဲ...."

တစ်နေ့ကမှ ရောက်လာတဲ့ အကူဝန်ထမ်းအကိုက A4စာရွက်ထုတ်ကြီး မကာပြောနေတာကြောင့် လွန်းသာအမြန်ပင် မိတ္တူစက်နားက ပုံးကို လက်ညိုးထိုးပြလိုက်ကာ ပြုံးပြလိုက်သည်။

"မောလိုက်တာဗျာ လေးနေတာပဲ....."

ဝန်ထမ်းအကို ကိုမြတ်က မောသံနဲ့ ပြောနေတာကြောင့် လွန်းသာ

"အအေးသောက်လေ ရော့အကိုမြတ်...."

မိမိဆောင်ထားတတ်တဲ့ အအေးကို ကိုမြတ် အားပေးလိုက်မိသည်။ ဝန်ထမ်းချင်းပဲ ဂရုစိုက်ရမယ်လို့ လွန်းသာခံယူထားမိသည်။ကိုမြတ်ကတော့ ပြုံးဖီးသွားကာ

"ဝါး....လွန်းလေးက လူလေးလည်း ချစ်ဖို့ကောင်းတယ် အကျင့်လေးကောပဲ အူးးး..."

ကိုမြတ်က လွန်းသာပါးကို လက်ဖြင့်လိမ်ဆွဲကာ ပြောလာတော့သည်။ လွန်းသာမကြိုက်ပေမယ့်လည်း အားနာတာကြောင့် ဘာမှပြန်မပြော ဖြစ်တော့ပါ။

ကိုမြတ်လည်း သူ့အလုပ်တွေ သူလုပ်နေသလို လွန်းသာကလည်း မိမိအလုပ်မိမိလုပ်နေမိသည်။လွန်းသာအပေါ့သွားချင်တာကြောင့် အနည်းငယ်ကြာတော့ အိမ်သာသို့ထွက်လာခဲ့သည်။ အိမ်သာက အလုပ်ချိန်အတွင်းကြီးမို့ လူရှင်းနေသည် ။ ထမင်းစားချိန်၊ နားချိန်ရောက်မှသာ လူများတတ်သည်။ လွန်းသာ ဆီးခွက်မှာ အပေါ့စွန့်ပြီးတာနဲ့ လက်ဆေးနေမိသည်။ ထိုစဥ်အိမ်သာထဲက လူတစ်ယောက်ထွက်လာသည်။ သို့သော်လွန်းသာထိုလူကို မော့မကြည့်ဖြစ်ပါ။ ထိုစဥ်ထိုလူက

"အလုပ်မလုပ်ပဲ သေးခနခနပေါက်နေတာလား...."

ဒီအသံကိုကြားဖူးသည်လို့ လွန်းသာတွေးမိသည်။ ဒါဟိုအိမ်သာလူကြီးအသံပင် ဖြစ်သည်။ လွန်းသာထိုလူကြီးအသံကို ကိုကိုအသံနဲ့တူလို့ မှတ်မိနေမိသည်။ တူတာမှ မျက်လုံးပိတ်ပြီးနားထောင်ကြည့်ရင် လွန်းသာ ကိုကိုလို့ ထင်မှတ်မိလောက်သည်။ လွန်းသာဘေးမှာ လက်ဆေးနေတဲ့ ထိုလူကြီးအား

"မဟုတ်ပါဘူး ခုမှလာတာပါဗျ...."

"အင်းပါ ဆင်ခြေပေးမယ်ဆိုတာ သိပြီသားပါ...."

ဟ...ဒီလူက အပြစ်ပဲလိုက်ပြောနေတာပဲ ဘယ်လိုလူတုံး ငါ့အရင်စိတ်နဲ့သာ ဆိုရင်တော့လား ရန်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး တွေ့မိမှာပဲ။လွန်းသာစိတ်ထဲက ကျိန်ဆဲနေတာ ဘယ်လောက်ထိအားပါ သွားလဲမသိပါ။

လွန်းသာမှန်ထဲက Blueကို မျက်ထောင့်နီဖြင့် အံကိုကျိတ်ကာ ကြည့်နေတော့သည်။ ဒါကိုသိတဲ့ Blueကလည်း လက်ဆေးပြီးတာနဲ့ Hand Dryerအောက်မှာ လက်ကိုခံထားကာ လက်အခြောက်ခံရင်းဖြင့်

"ဖြည်းဖြည်းလည်း ကြည့်အုံး မှန်ကြီးပေါက်ထွက်သွားရင် ပြန်လျောရမှာ...."

"အမ် ဘယ်...ဘယ်မှာကြည့်လို့တုံး...."

လွန်းသာ သူခိုးလူမိသလို ဖြစ်သွားရသည်။ လိမ်ပြောလိုက်ပေမယ့် မိမိကိုယ်ကိုအသိဆုံးပါ။ ထိုလူကတော့ ခေါင်းကိုခါကာ မျက်နာတည်ကြီးနဲ့ ပြန်ထွက်သွားဖို့ပြင်နေတုံး လွန်းသာသူ့လက်ကို လှမ်းဆွဲလိုက်မိသည်။ လက်ဖျံကို ဆွဲလိုက်ပေမယ့် အမြန်ဆွဲလိုက်မိတာကြောင့် သူ့လက်ဖဝါးကို ဆုတ်ကိုင်မိသလိုဖြစ်သွားရသည်။

နူးညံသောသူ့လက်ဖဝါးက ကြီးမားပြီး နွေးထွေးလွန်းနေသည်။ ပြီးတော့ ရင်ခုန်စေသည်။ ပိုဆိုးတာက ကိုကို့ကို ပြန်သတိရစေသည်။ ပြန်မြင်ယောင်စေသည်။ ဘာကြောင့် သူနဲ့တွေ့တိုင်း ကိုကို့ကို သတိရစေတာလည်းဆိုတာ လွန်းသာမိမိကိုယ်ကို နားမလည်နိုင်တော့ပါ။

လွန်းသာအတွေးလွန်နေတုံး မိမိအား စုးရှတဲ့ အကြည့်နဲ့စိုက်ကြည့်နေပြီး မိမိလက်အား ခက်မြန်မြန်ဖြုတ်ချလိုက်တဲ့ ထိုလူကြောင့် လွန်းသာအတွေးများမှ ပြန်လည်နိုးထလာရသည်။ ထိုလူကလွန်းသာအား

"ဘောင်းဘီချွတ်ရတာ အားမရသေးလို့ လက်ပါလာကိုင်တာလား နာဘူး..."

"ဘာဗျ...မတော်တဆပါပြီးတော့ ပြော....ပြောစရာရှိလို့ပါ...."

လွန်းသာ ရှက်မိပြီး ဒေါသပါထွက်မိသည်။ မိမိကို နှိမ့်ချပြီး ထိုလူမြင်နေတာကို လွန်းသာ သဘောမကျပါ။ဘာလို့လဲဆိုတဲ့ အကြောင်းပြချက် လွန်းသာမှာမရှိပါ၊ မသိပါ။

ထိုလူက လွန်းသာအား သူ့ရဲ့ ရှည်လျားတဲ့ အရပ်ဖြင့် မတ်မတ်ရပ်ကာ မျက်ဝန်းများက လွန်းသာရှိရာ အောက်ဘက်သို့စွေပြီး ကြည့်နေသည်။ပြီးနောက်

"ပြောစရာ....မင်းနဲ့ငါ့ကြားမှာ ပြောစရာရှိလို့လား...."

"ဟို...မနေ့က ကျွန်တော့်ကို တောက်တိုမရမခိုင်းအောင် ပြောပေးလို့ ကျေးဇူးတင်ပါတယ်....ဘာကြောင့် ကျွန်တော့်ကို အဲလိုပြောပေးတာလဲဗျ....."

လွန်းသာ သူ့အဖြေကို စောင့်ဆိုင်းနေမိသည်။ သို့သော် လွန်းသာ သူကိုယ်တိုင် ဘာအဖြေကို ကြားချင်မိလည်းတော့ သူမသိပါ။

"အထင်လွဲနေပြီထင်တယ်...ငါကမင်းအတွက်ပြောပေးတာမဟုတ်ဘူး....အလုပ်သမားက ကိုယ့်လုပ်ရမယ့် တာဝန်ကို မလုပ်လို့ လုပ်ပေးနိုင်မယ့်လူရှာပေးခိုင်းတဲ့ သဘောပဲ.....ငါလစာအလကားယူနေတဲ့ ဝန်ထမ်းတွေကို သဘောမကျဘူး...."

ပြောချင်တဲ့ စကားပြောပြီး အိမ်သာလူကြီး လွန်းသာရှေ့က ထွက်ခွာသွားတော့သည်။ လွန်းသာ စိတ်မကောင်းဖြစ်မိနေတာလား။ ဝမ်းနည်းမိတာလားမသိ။ သို့ပေမယ့်လည်း သူ်သံကျယ်ကျယ်ဖြင့်သာ ထိုအိမ်သာလူကြီးက အော်ပြောနေမိသည်။

"ကေျးဇူးတင်ပါတယ်....ကျေးဇူးတင်ပါတယ် ကိုယ်စားလှယ်ကြီး...."

###########

"Hello..."

"ကျွန်တော် ကျော်ဖြိုးဝင်းပါ....Blue...."

"အော်ဟုတ်ကဲ့.....ကျွန်တော်ခဗျားကို မသိဘူး....."

"သိလာမှာပါ ကျွန်တော်တို့ တွေ့ကိုတွေ့မှ ရမှာမို့လို့လေ....."

"တေွ့ကို တွေ့မှာရမယ့် အခြေအနေပေါ့ ကိုကျော်ဖြိုးဝင်း....."

############

သို႔.....

အပိုင္း၂၄

ဗိုက္ကို ကိုင္ရင္းေယာင္ခ်ာခ်ာျဖစ္ေနမိသည္။ မလိုခ်င္ေသာ သူရဲ႕ ေသြးသားကိုမွ မိမိလြယ္ထားရျခင္းပါလားလို႔ မႏွစ္ၿမိဳ႕မိပါ။ ဒီကေလးကို ႏွင္းေဒဝီမလိုခ်င္ပါ။ ကေလးကိုလည္း မုန္းသလို ကေလးရဲ႕အေဖျဖစ္သူကိုလည္း ရင္ထဲ အသဲထဲကပါ မႏွစ္ၿမိဳ႕မုန္းတီးမိသည္။

ကေလးကို ေပ်ာက္ကြယ္သြားေစခ်င္ေပမယ့္ ႏွင္းေဒဝီမလုပ္ရက္။ မလုပ္ရဲတာလည္း ပါသည္။ သက္ရွိအရာတစ္ခုကို လူမျဖစ္ခင္ သတ္ျပစ္ရမယ္ဆိုတဲ့ စိတ္ကို မိန္းမသားတို႔ရဲ႕ ေမြးရာပါ မိခင္စိတ္ကတားဆီးေတာ့သည္။

ကေလးကို သတ္ဖို႔ေတြးမိတိုင္း လက္ေတြေျခတုန္ရီလာသည္။ ဗိုက္ထဲက အကာေလးက လႈပ္ရွားေနသလို ၊သူမအားတားဆီးေနသလို ခံစားရတာေၾကာင့္ ထိုကေလး ျဖတ္ခ်ဖိဳ႕ သူမအတြက္ အရမ္းကို ခက္ခဲလြန္းေနသည္။

"ႏွင္း....."

ကြၽန္မဒီအသံကို အရမ္းမုန္းလြန္းသည္။ ကြၽန္မဘဝကို ဖ်က္ဆီးခဲ့တဲ့ လူရဲ႕အသံျဖစ္ေနျခင္းေၾကာင့္ျဖစ္သည္။ ကြၽန္မအသက္ထက္ပို ခ်စ္ရပါေသာ ေမာင့္ကို ေလာကထဲ ထြက္သြားေအာင္ လုပ္ခဲ့တဲ့ လူရဲ႕အသံျဖစ္ေနျခင္းေၾကာင့္ ျဖစ္သည္။ ကိုယ္ခ်စ္တဲ့လူကို သတ္ျပစ္လိုက္တဲ့လူနဲ႕ အိပ္ရာေပၚေနၿပီး သူရဲ႕ကေလးကို လြယ္ထားရတဲ့ ခံစားခ်က္က ကြၽန္မအေပၚကို သိပ္ဆိုးဝါးစြာ သက္ေရာက္ေစသည္။

"ႏွင္းကိုေခၚေနတယ္ေလ... "

ေက်ာ္ၿဖိဳးဝင္းအသံက အခန္းအတြင္း ဟိန္းထြက္လာသည္။ သို႔ေသာ္ ႏွင္းေဒဝီ ဘာမွျပန္မေျပာပဲ တိတ္ဆိတ္စြာ ထိုင္ၿမဲရင္းထိုင္ေနေသးသည္။ ထို႔ေၾကာင့္ ေက်ာ္ၿဖိဳးဝင္းေဒါသထြက္လာကာ ႏွင္းေဒဝီရဲ႕ ပါးကို လက္ျဖင့္ဆုတ္ကိုင္ကာ သူဘက္ကို လွည့္ေစလိုက္သည္။ ႏွင္းေဒဝီရဲ႕ မ်က္လုံးအၾကည့္မ်ားက သူ႕့အား နာက်င္ေစသည္။ ေဒါသထြက္ေစသည္။ အလိုမက်မဴ႕ကို ျဖစ္ေစသည္။

"မင္းကို ငါေမးေနတယ္ေလႏွင္းးး.....ဘာလို႔ထမင္းမစားတာလဲ ဟမ္.....ေျပာစမ္း....ငါနဲ႕ရတဲ့ ကေလးကို အဲ့ေလာက္ေတာင္ သတ္ျပစ္ေစခ်င္တယ္ေပါ့...."

"ဟုတ္တယ္ နင္နဲ႕ရတဲ့ကေလးကို သတ္ျပစ္ခ်င္္တယ္ သိလား ဒါေပမယ့္ ငါမလုပ္ရဲဘူး...ဘာလို႔လဲသိလား....ငါကနင္တို႔လို လူသတ္ဖူးတဲ့ သူမဟုတ္ဘူးဟဲ့....ဒါေပမယ့္ ကိုယ့္ကိုယ္ကိုေတာ့ လုပ္ရဲတယ္ေလ...."

ႏွင္းေဒဝီရဲ႕ စကားေၾကာင့္ ေက်ာ္ၿဖိဳးဝင ္းေခါင္းငိုက္စိုက္က်သြားသည္။ ေက်ာ္ၿဖိဳးဝင္းအသံပါ ထြက္ကာငိုေနမိသည္။ ငါ့အခ်စ္က ဘာမ်ားမွားေနလို႔လဲလို႔....ငါလိုငါခ်စ္ေပးရင္ ျပန္မခ်စ္ေပးနိုင္က်တာလဲ....မင္းတို႔က ငါ့ကိုမေကာင္းဆိုးဝါးအျဖစ္ တြန္းပို႔ေနက်တာပဲ...ဟုေက်ာ္ၿဖိဳးဝင္း စိတ္ထဲေရ႐ြတ္ေနမိသည္။

"ငါကလူသတ္တယ္....အဲ့ေတာ့ ဘာျဖစ္လဲ မင္းသိလားႏွင္း....ကိုယ္အသက္ရွင္ဖို႔ ေနာက္တစ္ေယာက္ရဲ႕ အသက္ကိုစေတးရတာ တုံးစံပဲကြ.....ငါဘာမွ မမွားဘူးကြ....ငါမမွားဘူး...."

ေက်ာ္ၿဖိဳးဝင္း ႏွင္းေဒဝီကို ထားခဲ့ကာ အခန္းထဲကေန ထြက္လာခဲ့သည္။ ၿပီးေနာက္သူ႕ရဲ႕ တပည့္ေတြအား ျပတင္းေပါက္ေတြကို သံႀကိဳးခတ္ၿပီးပိတ္ရန္နဲ႕ ခြၽန္ထက္တဲ့အရာေတြ ကြဲေစတဲ့ အရာေတြ ဘယ္အရာကိုမွ ႏွင္းေဒဝီအခန္းထဲမွာ မထားဖို႔ မွာထားလိုက္သည္။

လက္ထဲကဖုန္း ျမည္ေနတာေၾကာင့္ ဖုန္းကိုကိုင္လိုက္ရသည္။

"ေအးေျပာ...."

"ဟုတ္ကဲ့ဆရာ ဆရာခိုင္းထားတဲ့ Blueအေၾကာင္းကို သိရပါၿပီဆရာ..... "

"ေအးငါ့ကို မက္ေဆ့နဲ႕ပို႔လိုက္...."

"ဟုတ္ကဲ့ဆရာ....."

ေက်ာ္ၿဖိဳးဝင္းမ်က္နာၿပဳံးသြားသည္။ Skyဆိုတဲ့ လူရဲ႕မ်က္နာကိုေတာင္ ေတြ႕ရခက္ေနတဲ့ အခ်ိန္မွာ သားေတာ္တဲ့Blueက ကိုယ္ထင္ျပတယ္တဲ့လား ထိုေကာင္ရဲ႕အေၾကာင္းကို အေသးစိတ္စုံစမ္းခိုင္းထားရသည္။

တပည့္ျဖစ္သူပို႔လိုက္တဲ့ ကိုယ္ေရးအခ်က္အလက္ဖိုင္ကို စာၾကည့္ခန္းထဲဝင္ကာ ကြန္ပ်ဴတာနဲ႕ ခ်ိတ္ဆက္ကာၾကည့္ေနလိုက္ရသည္။

"ေအာ္ဘယ္သူမ်ားလဲလို႔ လက္စသတ္ေတာ့ သူကို....."

ေက်ာ္ၿဖိဳးဝင္း Blueရဲ႕ပုံအား အစိပ္ါယ္တစ္ခုျဖင့္ ၿပဳံးၾကည့္လိုက္သည္။ မေတြ႕တာၾကာၿပီေနာ္Blue ။ လြန္းဇြဲေသၿပီကတည္းကနဲ႕ တူတယ္။ မင္းအေတာ္ခံစားလိုက္ရမွာပဲ။ အခုေတာ့ အေကာင္းတိုင္းႀကီးျပန္ေပၚလာတာ ဘာေၾကာင့္လဲ။ ငါ့တို႔ရဲ႕ လ်ိဳဝုက္ခ်က္ေတြကို ေဖာ္ထုတ္ျပဖို႔လား။ ဒါေပမယ့္ အခုထိအခ်ိန္ေတြႏွစ္ေတြ အၾကာႀကီးၿငိမ္ေနတယ္ဆိုကတည္းက မင္းငါ့ကို အႏၲရာယ္ေပးဖို႔ ျပန္လာတာမဟုတ္ေလာက္ေတာ့ဘူးလို႔ ငါထင္တယ္။ေဝလင္းစိုးလည္း မရွိေတာ့ဘူးဆိုေတာ့ လြန္းဇြဲအေၾကာင္းကို ဘယ္သူကမွ အစျပန္ေဖာ္ေတာ့မွာ မဟုတ္ဘူးေလ။ ေဖာ္တဲ့လူမုန္သမွ်ကို ငါကိုယ္တိုင္ရွင္းျပစ္မွာ မို႔လို႔ပဲ။ ေက်ာ္ၿဖိဳးဝင္း စိတ္ထဲကေန တစ္ေလာကလုံးကို ခ်ဳပ္ကိုင္ထားရသဖြယ္ က်ဴံးဝါးလိုက္သည္။

ေက်ာ္ၿဖိဳးဝင္းနဲ႕ Blueအစစ္တို႔ရဲ႕ ၾကားမွာ ဘာအေၾကာင္းေတြမ်ား ရွိခဲ့ၿပီး၊ လြန္းဇြဲနဲ႕ေကာ ဘယ္လိုပတ္သတ္တယ္ဆိုတာ သက္ဆိုင္သူသုံးဦးသာ အသိဆုံးျဖစ္မည္ထင္သည္။

#################

လြန္းသာ

လြန္းသာအလုပ္လုပ္ရင္း ထိုအိမ္သာလူႀကီးမ်ား မိမိတို႔ဘက္ လွည့္လာမလား လွည့္လာမလားလို႔ ေစာင့္ခဲ့တာ ႏွစ္ရက္ေက်ာ္သုံးရက္ေရာက္ေနၿပီ ျဖစ္သည္။ သို႔ေသာ္ ထိုလူႀကီးအား မေတြ႕။ သတင္းၾကားသည္ကေတာ့ အလုပ္မဆင္းဘူးလို႔ သိရသည္။ ဘာမ်ားျဖစ္လို႔ပါလိမ့္ .... ေအးေလသူက ကိုယ္စားလွယ္ၿပီးေတာ့ အေမြဆက္ခံသူေလ ဒါ့ေၾကာင့္ ဆင္းခ်င္ဆင္းမယ္ မဆင္းခ်င္လည္း မဆင္းဘူးေပါ့ရတာပဲ....လို႔ ေတြးလိုက္မိသည္။

တကယ္ေတာ့ လြန္းသာ တစ္ေန႕က သူ႕အားေတာက္တိုမယ္ရ မလုပ္ခိုင္းဖို႔ ေျပာေပးတဲ့ အတြက္ေက်းဇူးတင္စကား ေျပာခ်င္လို႔ျဖစ္သည္။သို႔ေသာ္ ထိုလူႀကီးက ေပၚမလာေတာ့ပါ။ ေပၚမလာေတာ့လည္း မေျပာ႐ုံပဲေပါ့ ငါကဘာလို႔ေမွ်ာ္ရမွာလည္း ေဝးေသး။ လြန္းသာတစ္ေယာက္တည္း စိတ္ထဲမွာ ေျပာရင္း ျဗာမ်ားေနေတာ့သည္။

"လြန္းညီေလး အကိုစာ႐ြက္ေတြ ဘယ္မွာထားရမလဲ...."

တစ္ေန႕ကမွ ေရာက္လာတဲ့ အကူဝန္ထမ္းအကိုက A4စာ႐ြက္ထုတ္ႀကီး မကာေျပာေနတာေၾကာင့္ လြန္းသာအျမန္ပင္ မိတၱဴစက္နားက ပုံးကို လက္ညိုးထိုးျပလိုက္ကာ ၿပဳံးျပလိုက္သည္။

"ေမာလိုက္တာဗ်ာ ေလးေနတာပဲ....."

ဝန္ထမ္းအကို ကိုျမတ္က ေမာသံနဲ႕ ေျပာေနတာေၾကာင့္ လြန္းသာ

"အေအးေသာက္ေလ ေရာ့အကိုျမတ္...."

မိမိေဆာင္ထားတတ္တဲ့ အေအးကို ကိုျမတ္ အားေပးလိုက္မိသည္။ ဝန္ထမ္းခ်င္းပဲ ဂ႐ုစိုက္ရမယ္လို႔ လြန္းသာခံယူထားမိသည္။ကိုျမတ္ကေတာ့ ၿပဳံးဖီးသြားကာ

"ဝါး....လြန္းေလးက လူေလးလည္း ခ်စ္ဖို႔ေကာင္းတယ္ အက်င့္ေလးေကာပဲ အူးးး..."

ကိုျမတ္က လြန္းသာပါးကို လက္ျဖင့္လိမ္ဆြဲကာ ေျပာလာေတာ့သည္။ လြန္းသာမႀကိဳက္ေပမယ့္လည္း အားနာတာေၾကာင့္ ဘာမွျပန္မေျပာ ျဖစ္ေတာ့ပါ။

ကိုျမတ္လည္း သူ႕အလုပ္ေတြ သူလုပ္ေနသလို လြန္းသာကလည္း မိမိအလုပ္မိမိလုပ္ေနမိသည္။လြန္းသာအေပါ့သြားခ်င္တာေၾကာင့္ အနည္းငယ္ၾကာေတာ့ အိမ္သာသို႔ထြက္လာခဲ့သည္။ အိမ္သာက အလုပ္ခ်ိန္အတြင္းႀကီးမို႔ လူရွင္းေနသည္ ။ ထမင္းစားခ်ိန္၊ နားခ်ိန္ေရာက္မွသာ လူမ်ားတတ္သည္။ လြန္းသာ ဆီးခြက္မွာ အေပါ့စြန့္ၿပီးတာနဲ႕ လက္ေဆးေနမိသည္။ ထိုစဥ္အိမ္သာထဲက လူတစ္ေယာက္ထြက္လာသည္။ သို႔ေသာ္လြန္းသာထိုလူကို ေမာ့မၾကည့္ျဖစ္ပါ။ ထိုစဥ္ထိုလူက

"အလုပ္မလုပ္ပဲ ေသးခနခနေပါက္ေနတာလား...."

ဒီအသံကိုၾကားဖူးသည္လို႔ လြန္းသာေတြးမိသည္။ ဒါဟိုအိမ္သာလူႀကီးအသံပင္ ျဖစ္သည္။ လြန္းသာထိုလူႀကီးအသံကို ကိုကိုအသံနဲ႕တူလို႔ မွတ္မိေနမိသည္။ တူတာမွ မ်က္လုံးပိတ္ၿပီးနားေထာင္ၾကည့္ရင္ လြန္းသာ ကိုကိုလို႔ ထင္မွတ္မိေလာက္သည္။ လြန္းသာေဘးမွာ လက္ေဆးေနတဲ့ ထိုလူႀကီးအား

"မဟုတ္ပါဘူး ခုမွလာတာပါဗ်...."

"အင္းပါ ဆင္ေျခေပးမယ္ဆိုတာ သိၿပီသားပါ...."

ဟ...ဒီလူက အျပစ္ပဲလိုက္ေျပာေနတာပဲ ဘယ္လိုလူတုံး ငါ့အရင္စိတ္နဲ႕သာ ဆိုရင္ေတာ့လား ရန္ကို လက္ညိုးေငါက္ေငါက္ထိုးၿပီး ေတြ႕မိမွာပဲ။လြန္းသာစိတ္ထဲက က်ိန္ဆဲေနတာ ဘယ္ေလာက္ထိအားပါ သြားလဲမသိပါ။

လြန္းသာမွန္ထဲက Blueကို မ်က္ေထာင့္နီျဖင့္ အံကိုက်ိတ္ကာ ၾကည့္ေနေတာ့သည္။ ဒါကိုသိတဲ့ Blueကလည္း လက္ေဆးၿပီးတာနဲ႕ Hand Dryerေအာက္မွာ လက္ကိုခံထားကာ လက္အေျခာက္ခံရင္းျဖင့္

"ျဖည္းျဖည္းလည္း ၾကည့္အုံး မွန္ႀကီးေပါက္ထြက္သြားရင္ ျပန္ေလ်ာရမွာ...."

"အမ္ ဘယ္...ဘယ္မွာၾကည့္လို႔တုံး...."

လြန္းသာ သူခိုးလူမိသလို ျဖစ္သြားရသည္။ လိမ္ေျပာလိုက္ေပမယ့္ မိမိကိုယ္ကိုအသိဆုံးပါ။ ထိုလူကေတာ့ ေခါင္းကိုခါကာ မ်က္နာတည္ႀကီးနဲ႕ ျပန္ထြက္သြားဖို႔ျပင္ေနတုံး လြန္းသာသူ႕လက္ကို လွမ္းဆြဲလိုက္မိသည္။ လက္ဖ်ံကို ဆြဲလိုက္ေပမယ့္ အျမန္ဆြဲလိုက္မိတာေၾကာင့္ သူ႕လက္ဖဝါးကို ဆုတ္ကိုင္မိသလိုျဖစ္သြားရသည္။

ႏူးညံေသာသူ႕လက္ဖဝါးက ႀကီးမားၿပီး ေႏြးေထြးလြန္းေနသည္။ ၿပီးေတာ့ ရင္ခုန္ေစသည္။ ပိုဆိုးတာက ကိုကို႔ကို ျပန္သတိရေစသည္။ ျပန္ျမင္ေယာင္ေစသည္။ ဘာေၾကာင့္ သူနဲ႕ေတြ႕တိုင္း ကိုကို႔ကို သတိရေစတာလည္းဆိုတာ လြန္းသာမိမိကိုယ္ကို နားမလည္နိုင္ေတာ့ပါ။

လြန္းသာအေတြးလြန္ေနတုံး မိမိအား စုးရွတဲ့ အၾကည့္နဲ႕စိုက္ၾကည့္ေနၿပီး မိမိလက္အား ခက္ျမန္ျမန္ျဖဳတ္ခ်လိဳက္တဲ့ ထိုလူေၾကာင့္ လြန္းသာအေတြးမ်ားမွ ျပန္လည္နိုးထလာရသည္။ ထိုလူကလြန္းသာအား

"ေဘာင္းဘီခြၽတ္ရတာ အားမရေသးလို႔ လက္ပါလာကိုင္တာလား နာဘူး..."

"ဘာဗ်...မေတာ္တဆပါၿပီးေတာ့ ေျပာ....ေျပာစရာရွိလို႔ပါ...."

လြန္းသာ ရွက္မိၿပီး ေဒါသပါထြက္မိသည္။ မိမိကို ႏွိမ့္ခ်ၿပီး ထိုလူျမင္ေနတာကို လြန္းသာ သေဘာမက်ပါ။ဘာလို႔လဲဆိုတဲ့ အေၾကာင္းျပခ်က္ လြန္းသာမွာမရွိပါ၊ မသိပါ။

ထိုလူက လြန္းသာအား သူ႕ရဲ႕ ရွည္လ်ားတဲ့ အရပ္ျဖင့္ မတ္မတ္ရပ္ကာ မ်က္ဝန္းမ်ားက လြန္းသာရွိရာ ေအာက္ဘက္သို႔ေစြၿပီး ၾကည့္ေနသည္။ၿပီးေနာက္

"ေျပာစရာ....မင္းနဲ႕ငါ့ၾကားမွာ ေျပာစရာရွိလို႔လား...."

"ဟို...မေန႕က ကြၽန္ေတာ့္ကို ေတာက္တိုမရမခိုင္းေအာင္ ေျပာေပးလို႔ ေက်းဇူးတင္ပါတယ္....ဘာေၾကာင့္ ကြၽန္ေတာ့္ကို အဲလိုေျပာေပးတာလဲဗ်....."

လြန္းသာ သူ႕အေျဖကို ေစာင့္ဆိုင္းေနမိသည္။ သို႔ေသာ္ လြန္းသာ သူကိုယ္တိုင္ ဘာအေျဖကို ၾကားခ်င္မိလည္းေတာ့ သူမသိပါ။

"အထင္လြဲေနၿပီထင္တယ္...ငါကမင္းအတြက္ေျပာေပးတာမဟုတ္ဘူး....အလုပ္သမားက ကိုယ့္လုပ္ရမယ့္ တာဝန္ကို မလုပ္လို႔ လုပ္ေပးနိုင္မယ့္လူရွာေပးခိုင္းတဲ့ သေဘာပဲ.....ငါလစာအလကားယူေနတဲ့ ဝန္ထမ္းေတြကို သေဘာမက်ဘဴး...."

ေျပာခ်င္တဲ့ စကားေျပာၿပီး အိမ္သာလူႀကီး လြန္းသာေရွ႕က ထြက္ခြာသြားေတာ့သည္။ လြန္းသာ စိတ္မေကာင္းျဖစ္မိေနတာလား။ ဝမ္းနည္းမိတာလားမသိ။ သို႔ေပမယ့္လည္း သူ္သံက်ယ္က်ယ္ျဖင့္သာ ထိုအိမ္သာလူႀကီးက ေအာ္ေျပာေနမိသည္။

"ေက်းဇူးတင္ပါတယ္....ေက်းဇူးတင္ပါတယ္ ကိုယ္စားလွယ္ႀကီး...."

###########

"Hello..."

"ကြၽန္ေတာ္ ေက်ာ္ၿဖိဳးဝင္းပါ....Blue...."

"ေအာ္ဟုတ္ကဲ့.....ကြၽန္ေတာ္ခဗ်ားကို မသိဘူး....."

"သိလာမွာပါ ကြၽန္ေတာ္တို႔ ေတြ႕ကိုေတြ႕မွ ရမွာမို႔လို႔ေလ....."

"ေတြ႕ကို ေတြ႕မွာရမယ့္ အေျခအေနေပါ့ ကိုေက်ာ္ၿဖိဳးဝင္း....."

############

Continue Reading

You'll Also Like

594K 33.5K 45
ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆုံးရှုံးလိုက်ရတဲ့အခါ .... သူနားခိုရမယ့်...
1.3M 64.6K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
398K 22.8K 38
​ေရြးခ်ယ္​ခြင္​့မ႐ွိတဲ့ ႏွလုံးသားမုိ႔ ......
29.9K 2.8K 26
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။