Chapter 387: Add One More Spirit Gem
အခန္း ၃၈၇ ေနာက္ထပ္ စိတ္၀ိဥာဏ္ေက်ာက္တံုး တစ္တံုး ထပ္ထဲ့မယ္
“ဒီတစ္ၾကိမ္ေတာ့ ေလလံဆြဲတဲ့သူ သိပ္မ်ားမယ့္ပံု မရွိဘူး” Ling Xiao က တစ္ဖက္ျခမ္းက အခန္းထဲမွ သူမ်ားကို သူ႕ရဲ႕ တစ္၀က္သာ ေမွးဖြင့္ထားေသာ မ်က္၀န္းမ်ားႏွင့္ စူးရွထက္ျမက္စြာ ခံ်ဳၾကည့္လုိက္သည္။
“ဘာလို႕ အမ်ားၾကီး မရွိရမွာလဲ” You XiaoMo က တအံတၾသေမးလိုက္သည္။ ဆာေလာင္ေနေသာ ၀ံပုေလြမ်ားကဲ႕သို႕ ေကာင္းကင္ေဆးၾကိဳအိုးကိုသာ မလြဲမေသြ ၾကည့္ေနသူ အမ်ားေၾကာင့္ ဒီဟာကို ေလလံဆြဲသူ မ်ားမည္ဟု သူေတြးထားတာ ျဖစ္သည္။
Ling Xiao က “ဒီအေျခအေနကို ပဲ ၾကည့္ေလ။ Hu Feng နဲ႕ Tang Hao က ေကာင္းကင္ေဆးၾကိဳအိုးအတြက္ ေသခ်ာေပါက္ ေရာက္လာတာ။ ဒီက လူေတြကလည္း သူတုိ႕ေတြက တိုက္မၾကီးေတာင္ဘက္ပိုင္းက အင္အားၾကီးအဖြဲ႕က လာမွန္းသိေနပံု ရတယ္။ တုိက္မၾကီးေတာင္ဘက္ပိုင္းက အင္အားၾကီးအဖြဲ႕ရဲ႕ လႊမ္းမိုးမႈနဲ႕ ၾသဇာအာဏာက သေရာ္စရာမွမဟုတ္တာ ျပီးေတာ့ သူတုိ႕ရဲ႕ ဘ႑ာေရးအေျခအေနက Bei Dong ကလူေတြထက္ အပံုၾကီးသာတယ္။ သူတုိ႕ေတြ မႏိုင္ဘူးဆိုရင္ ဘာလို႕ အဲဒိလူေတြကို ေဒါသထြက္ေနေအာင္ လုပ္ေနဦးမွာလဲ”
ဒါက အလြန္မွန္ကန္သည္။
You XiaoMo က အခန္းေတြကို ေ၀့၀ိုက္ၾကည့္လုိက္သည္။ အထဲက လူေတြက ေကာင္းကင္ေဆးၾကိဳအိုးကို လိုခ်င္ေသာ ဆႏၵက ျမင္သာေနေပမယ့္လည္း သူတို႕အၾကည့္ေတြက ရွံုးနိမ့္ေနသလုိ ျဖစ္ေနေသးသည္။ သူတုိ႕ေတြ လက္ေျမွာက္ အရွံဳးေပးျပီးတာ ၾကာျပီဟု ထင္ရသည္။
လူတိုင္းရဲက တပ္မက္ေသာအၾကည့္ေတြ ျမင္ေတာ့ Yue QianShan က အေပၚထပ္က အခန္းမ်ားကို ေမာ့ၾကည့္လုိက္သည္။ ထုိအခန္းမ်ားစြာကေန အၾကည့္ေပါင္းမ်ားစြာကိုလည္း သူခံစားမိေသည္။ သိပ္မၾကာခင္တြ တုိက္ပြဲၾကီးတစ္ခု လာေပေတာ့မည္။ သူက စိတ္ေက်နပ္စြာ ေခါင္းညိမ့္ျပီးေတာ့ ျပံဳးကာ “ေကာင္းကင္ေဆးၾကိဳအိုးရဲ႕ ၾကမ္းခင္းေစ်းက စိတ္၀ိဥာဏ္ေက်ာက္တံုး ငါးသိန္းကေန စပါမယ္။ ေက်းဇူးျပဳျပီးေတာ့ စတင္ပါျပီ”
“စိတ္၀ိဥာဏ္ေက်ာက္တံုး ငါးသိန္း???”
ေမွ်ာ္လင့္ေနၾကေသာ သူမ်ားမွာ ဒီနံပါတ္ကို ၾကားသည္ႏွင့္ အသက္ေတာင္ မရွဴႏုိင္ေလာက္ေအာင္ကို အၾကီးအက်ယ္ အထိတ္တလန္႕ကို ျဖစ္သြားသည္။
Bei Dongက အင္အားစုေတြက အမွန္ကို ဘ႑ာေရးအေျခအေန ျပတ္လပ္ေနတာပင္။ အခ်ိဳ႕ေသာအဖြဲ႕မ်ားမွာ သူတို႕ ပိုင္ဆိုင္မႈပစၥည္းမ်ား အားလံုးေပါင္းလွ်င္ပင္ စိတ္၀ိဥာဏ္ေက်ာက္တံုး ငါးသိန္းမျပည့္။ ျပည့္လွ်င္ေတာင္ စိတ္၀ိဥာဏ္ေက်ာက္တံုး တစ္သန္႕ျပည့္ေအာင္ေတာင္ မရွိေလာက္ ဒီေတာ့ ၾကမ္းခင္းေစ်းကတင္ သူတုိ႕ကို ျဖဳတ္ခ်အျပီး ျဖစ္သြားသည္။
မည္သို႕ပင္ဆိုေစကာမူ ေကာင္းကင္ေဆးၾကိဳအုိးက ဒီေစ်းက တကယ္တန္သည္ တကယ့္ေတာ့ ဒီေစ်းက ေစ်းကြက္ေပါက္ေစ်းထက္ေတာင္ နိမ့္ေနေသးသည္။
ေမွာ္ဆရာမ်ား သိသလိုပင္ ထိပ္တန္းဆယ္ခု၀င္ ေဆးၾကိဳအုိးမ်ားက တန္ဖိုးေတာင္ မျဖတ္္ႏိုင္ေခ်။
Cangမဟာမိတ္က ေကာင္းကင္ေဆးၾကိဳအိုးကို ေလလံတင္တာေတာင္ တကယ့္ကို မေမွ်ာ္လင့္ထားေသာ ေလလံတင္မႈ ျဖစ္သည္။ ဟိုးအေ၀းမွာ ေနထိုင္ေသာ အျခားအဖြဲ႕မ်ားလည္း ဒါကို မေမွ်ာ္လင့္ထားေပ။ ဒီေတာ့ Hu Feng ႏွင့္ အျခားသူမ်ား ဒီသတင္းၾကားေတာ့ သူတို႕ ခ်က္ခ်င္း ေရာက္လာၾကတာ ျဖစ္သည္။
ေစ်းႏႈန္းၾကားေတာ့ Hu Feng ႏွင့္ Tang Hao တုိ႕ အမူအယာေတြက မယိမ္းယိုင္သြားေပ။
အဆင့္ျမင့္ေဆးၾကိဳအိုးတစ္ခု ေလလံတင္ပြဲကို တက္ေရာက္တာ သူတို႕အတြက္ ပထမဆံုးအၾကိမ္ မဟုတ္။ သူတို႕က ပဥၥမအဆင့္ ေဆးၾကိဳအိုး ျဖစ္ေသာ မိုးၾကိဳးနတ္ဘုရားေဆးၾကိဳအိုး၏ ေလလံတင္ပြဲေတာင္ တက္ေရာက္ဖူးသည္။ ေနာက္က်ေတာ့ မိုးၾကိဳးဆးၾကိဳအိုး၏ ၾကမ္းခင္းေစ်းက ေကာင္းကင္ေဆးၾကိဳအိုး၏ ၾကမ္းခင္းေစ်းထက္ေတာင္ ငါးဆမ်ားကာ ေလလံပြဲ တစ္ေလွ်ာက္မွာ ေစ်းက ဆယ္ဆအထိ တိုးတက္သြားတာမို႕ ငါးသိန္းဆိုတာက တကယ္ေတာ့ ဘာမွ မဟုတ္ေသးေပ။
“စိတ္၀ိဥာဏ္ေက်ာက္တံုး တစ္သန္း” တစ္ခဏေလာက္ တိတ္သြားျပီးေတာ့ Tang Hao က ပထမဆံုး ေစ်းကို ျမင့္လုိက္သည္ ျပီးေတာ့ တစ္ၾကိမ္တည္းႏွင့္တင္ စိတ္၀ိဥာဏ္ေက်ာက္တံုးငါးသိန္းျမွင့္လုိက္သည္။ ခန္းမတစ္ခုလံုး တိတ္ဆိတ္သြားသည္။
အဖြဲ႕မ်ားစြာ၏ စိတ္အားထက္သန္မႈက ခ်က္ခ်င္းကို ေပ်ာက္ကြယ္သြားသည္။ ေမွ်ာ္လင့္ထားသလို တိုက္မၾကီးေတာင္ပိုင္းက လူတစ္ေယာက္ ျဖစ္ေနသည္။ သူ႕ရဲ႕ ၾကြယ္၀မႈက သူ႕ကို ေျပာဆိုခြင့္ေပးထားသည္ပဲ သူတို႕ေတြ ျမင္းမ်ားႏွင့္ လုိက္လွ်င္ေတာင္ မမွီႏိုင္။
Hu Feng က သူ႕ေဘးအခန္းမွာ ထိုင္ေနေသာ TangHoa ကို တစ္ခ်က္ၾကည့္ကာ ေအးစက္စက္စိမ္ေခၚလုိက္သည္။ သူက မ်က္ေတာင္ေတာင္ မခတ္ပဲ “စိတ္၀ိဥာဏ္ေက်ာက္တံုး ဆယ့္ငါးသိန္း”
သူလည္းပဲ စိတ္၀ိဥာဏ္ေက်ာက္တံုး ငါးသိန္း ျမွင့္လုိက္သည္။ ေမွ်ာ္လင့္ထားသလိုပင္ သူတို႕ ႏွစ္ေယာက္သာ ျပိဳင္ဖုိ႕ က်န္ခဲ့သည္။
အျခားအခန္းက အဖြဲ႕မ်ားကေတာ့ တုန္လႈပ္စြာ သက္ျပင္းမ်ားသာ ခ်ကုန္သည္။
DuanMu Qing က သူ႕ေဘးခန္းကို ၾကည့္လုိက္ေတာ့ Ling Xiao ႏွင့္ You XiaoMo တို႕က ၀င္ျပိဳင္မည့္ဟန္ မျမင္ေတာ့ သူ သက္မဖြဖြေလး မခ်ပဲ မေနႏိုင္ေတာ့။ ၾကည့္ရတာ ၾကမ္းခင္းေစ်းကပင္ သူတို႕ေမွ်ာ္လင့္ထားသည္ထက္ ေက်ာ္လြန္ပံုပင္။
Hu Feng အသံၾကားေတာ့ Tang Haoအမူအယာက ေအးစက္ကာ သူကမ်က္လံုးမ်ားက လႈပ္ခတ္သြာသည္။ သူႏွင့္ ယွဥ္ျပိဳင္မည့္သူက Hu Feng ျဖစ္မည္ဆိုတာ သူသိျပီးသားျဖစ္သည္။ ဒီေတာ့ သူက ကံေကာင္းစြာပင္ သူ႕ကိုယ္သူ ျပင္ဆင္ထားျပီး ျဖစ္ကာ စိတ္၀ိဥာဏ္ေက်ာက္တံုးမ်ားစြာ ယူလာသည္။ Hu Feng ႏိုင္စရာ အေၾကာင္းကို မရွိေခ်။
“ဆယ့္ခုနစ္သိန္း”
“ဆယ့္ရွစ္သိန္း”
“သိန္းႏွစ္ဆယ္”
………
အခန္းတစ္ခန္းလံုးက အပ္က်သံေတာင္ ၾကားရေလာက္ေအာင္ တိတ္သြားသည္။ လူတုိင္းက ဒီေလာက္ ျမင့္တက္သြားေသာ ေစ်းႏႈန္းမွာ စကားလံုးမ်ား ေပ်ာက္ရွကုန္သည္။
ႏွစ္ေယာက္သာ ယွဥ္ျပိဳင္ေနေသာ အသံမ်ားက တက္တက္လာကာ ေအာက္ကို ျပန္က်မည့္ပံု မရွိ။ ဆက္တုိက္ ျမင့္တက္သြားသည္မွာ ေစ်းႏႈန္းက BeiDong၏ အရင္ေလလံမ်ားအတုိင္းအတာထက္ေတာင္ မ်ားစြာ ေက်ာ္လြန္သြားျပီျဖစ္သည္။ သို႕ေသာ္လည္း ရပ္တန္႕မည့္ အရိပ္အေယာင္ေတာ့ မေပၚလာေသး။
အဖြဲ႕ ႏွစ္ဖြဲ႕တည္းသာ ေစ်းျပိဳင္ေနေသာ္လည္း အေျခအေနကေတာ့ ထိတ္လန္႕စရာ ျဖစ္ေနသည္။
“စိတ္၀ိဥာဏ္ေက်ာက္တံုး သိန္္းငါးဆယ္” Tang Hao က ထိတ္လန္႕ဖြယ္ေစ်းကို ေပးလိုက္သည္။ ေကာင္းကင္ေဆးၾကိဳအိုး၏ ေစ်းႏႈန္းက မူရင္းေစ်းထက္ ဆယ္ဆ ျဖစ္သြားသည္။ ေစ်းႏႈန္းက သူတို႕ ေမွ်ာ္မွန္းထားတာထက္ မေက်ာ္လြန္ေသးေသာ္လည္း အဲဒိ နီးပါးေတာ့ ေရာက္ေနျပီျဖစ္သည္။
Tang Hao ေစ်းေပးျပီးေတာ့ Hu Feng အမူအယာက ေတာ္ေတာ္ၾကီး တင္းတင္းၾကပ္ၾကပ္ ျဖစ္သြားသည္။ သူ႕ကန္႕သတ္ပမာဏေရာက္ေတာ့မွာ အေသအခ်ာပင္။ အတန္ၾကာ တိတ္ေနျပီးေတာ့ သူက အံၾကိတ္ကာ “စိတ္၀ိဥာဏ္ေက်ာက္တံုး ငါးဆယ့္တစ္သိန္း”
Tang Hao မ်က္လံုးမ်ားက ျဖတ္ခနဲျဖစ္သြားျပီး ငါးစကၠန္႕ၾကာေသာ္ သူက “ Hu Feng ငါ ဒီတစ္ခါ သိန္းေျခာက္ဆယ္ ယူလာတာ။ မင္း ေျခာက္သန္းထက္ ပိုေပးႏိင္ရန္ မင္းကို ေကာင္းကင္ေဆးၾကိဳအိုး ေပးဖုိ႕ စိတ္ဆႏၵရွိတယ္။” အဲဒိေနာက္ သူ႕ရဲ႕ တင္းတိမ္ ေရာင့္ရဲႏိုင္ေသာ အၾကည္ေတြကို Hu Feng ဆီ ပို႕လိုက္သည္။
Hu Feng မ်က္လံုးမ်ားက တြန္႕ခနဲ ျဖစ္ကာ သူကထုိင္ခံုကေန ထခုန္မိေတာ့ မတတ္ ျဖစ္သြားသည္။
Tang Hao စကားမ်ားက သူ႕မ်က္လံုးမ်ားကို နီလာေစကာ လူသတ္ခ်င္ေသာ အစိမ္းေရာင္ အလင္းမ်ားက တစ္ဖ်တ္ဖ်တ္လက္ေနသည္။ သူ႕အမူအယာက အရုပ္ဆိုးလွကာ ယင္ေကာင္တစ္ေကာင္ ျမိဳမိသလိုျဖစ္ေနသည္။ သူ႕မွာ Tang Hao ကို ရုိက္ေတာင္ ပစ္ခ်င္ေနျပီ။ သူဒီတစ္ေခါက္ ယူလာတာလဲ ေျခာက္သန္းပင္ မပိုသလုိ ေလ်ာ့လဲ မေလ်ာ့ဘူး။
Tang Hao လည္း သူႏွင့္ အတူတူပဲ ယူလာမည္ဟု မထင္ထားတာ ျဖစ္သည္။ ေျခာက္သန္း ႏွင့္ ကမ္းလွမ္းလွ်င္ Hu Feng က ေျခာက္သန္း မကမ္းလွမ္းေလာက္ဟု ထင္ခဲ့သည္။
Hu Feng၏ အမူအယာကို ၾကည့္ျပီးေတာ့ သူက အျခားသူမွာလဲ မပါတာမွန္း သိကာ ေပ်ာ္ရႊင္ မျမဴးတူးပဲ မေနႏိုင္ေတာ့။
သူ႕အေလာင္းအစားကေတာ့ ျပီးသြားျပီ။ Hu Feng ယူတာလာက သူႏွင့္ အတူတူ သို႕မဟုတ္ သူ႕ထက္ နည္းလိမ့္မည္။ ဘယ္ေလာက္ပဲ ျဖစ္ပေစေလ သူႏိုင္သြားခဲ့ျပီ။
Hu Feng ေစ်းမေပးႏိုင္တာ ျမင္ေတာ့ Tang Hao က ေအာက္ထပ္က Yue QianShan ကို အျပံဳးေလးတစ္ခုႏွင့္ လွမ္းေျပာသည္။ “အရွင္Yue. အရွင္ေစ်းသတ္မွတ္လို႕ ရသြားျပီလုိ႕ ကၽြန္ေတာ္ ယံုၾကည္ပါတယ္”
Yue QianSan ကသူတို႕ ႏွစ္ေယာက္ကို ၾကည္ေနရာက သူတို႕ေတြ ျပီးသြားပံု ေပၚေတာ့ သူ႕အသံျမွင့္ကာ ေအာ္လုိက္သည္ “ေျခာက္သန္း တစ္ၾကိမ္”
“ႏွစ္ၾကိမ္”
“သံုး..”
“စိတ္၀ိဥာဏ္ေက်ာက္တံုး ေျခာက္သန္းႏွင့္ တစ္တံုး” အဲဒိမွာတင္ ရွင္းလင္းပီသျပတ္သားေသာ အသံၾကားျဖတ္ထြက္လာသည္။
Tang Hao အျပံဳးက သူ႕မ်က္ႏွာေပၚတြင္ ေအးခဲသြားသည္။
အခန္းထဲက အသံထြက္လာတာပဲ။ ႏွစ္ေယာက္သား ျပိဳင္ဆိုင္ေနတာကို တိတ္တိတ္ေလး ၾကည့္ေနေသာ ပြဲၾကည့္သူမ်ား ဆီက ခ်က္ခ်င္း ရုတ္ရုတ္သဲသဲ ေတြ ျဖစ္သြားသည္။ အဆံုးနားထိ ေရာက္ေနမွ အျပင္သူတစ္ေယာက္က ရုတ္တရက္ ျဖတ္၀င္လာသည္။ ဘာေတြ ျဖစ္ကုန္တာလဲ။
တစ္ခဏၾကာေတာ့ လူတုိင္၏ အၾကည့္ေတြက အသံထြက္လာရာ အခန္းဆီကို ေမာ့ၾကည့္ၾကသည္။ တုိက္မၾကီးေတာင္ပိုင္းက Tang Hao ႏွင့္ Hu Feng တို႕ႏွင့္ အျပိဳင္ ဘယ္ပုဂၢိဳလ္ကမ်ား ျပိဳင္ရဲသလဲ ဆိုတာ အလြန္သိခ်င္သြားၾကသည္။
ေဖာက္ထြင္းျမင္ႏိုင္ေသာ အခန္းထဲတြင္ လက္ေလးေျမွာက္ကာ ေစ်းေပးေသာ သူက အကၽြမ္းတ၀င္မရွိေသာ လူငယ္ေလး တစ္ေယာက္ျဖစ္သည္။ အခ်ိဳ႕ေသာ မ်က္စိစူးရွသူမ်ားက သူ႕ကို ခ်က္ခ်င္း မွတ္မိသည္။
“အဲဒါသူပဲ”
“သူက ဘယ္သူလဲ”
“တိုက္မၾကီးေတာင္ပိုင္းက လူေတြနဲ႕ စကားမ်ားတဲ့ လူငယ္ေလးေလ။ သူတို႕ေတြ ၀င္ေပါက္ ပိတ္ေနလုိ႕ ဆိုျပီးေတာ့ ဒီလူငယ္ေလးက သူတုိ႕ကို ဖယ္ခိုင္းျပီး ရင္ဆုိင္လုိက္တာပဲ”
“ဘာ.. သူက ေသခ်ာေပါက္ကို လုပ္ရဲကိုင္ရဲပဲဟ။ သူက တုိက္မၾကီးေတာင္ပိုင္းက လူေတြကိုေတာင္ တစ္ခ်ီတည္းမွာ ႏွစ္ခါဆန္႕က်င္လုိက္တယ္။ ေနရတာ ပ်င္းေနတာလားဒါမွမဟုတ္ တစ္ခုခုပဲ Bei Dong က သူတို႕ ေနရာမဟုတ္ေပမယ့္ သူ႕ကိုသတ္ပစ္ဖုိ႕ဆိုတာက လြယ္လြယ္ေလးေလကြာ”
“ဘယ္သူသိမွာလဲကြ? သူ႕မွာလဲ ေနာက္ခံတစ္ခုခု ရွိေလာက္မွေပ့ါ။ မဟုတ္ရင္ သူတုိ႕ေတြ ဘယ္သူေတြဆိုတာ သိသားနဲ႕ ဘယ္ ဆန္႕က်င္ရဲပါ့မလဲ ေနာက္ခံေကာင္းေကာင္းရွိတဲ့သူတုိင္းကေတာ့ နာမည္ၾကီးမဟုတ္ဘူးေလ”
……..
လူတိုင္းက သူတုိ႕ဘာသာ ေျပာဆိုေနတာမို႕ တစ္ခန္းလံုးက ပြက္ေလာညံေနသည္။ တိတ္ဆိတ္ေသာ ေလလံပြဲၾကီးက ေနာက္ဆံုးေတာ့ ဆူညံသံမ်ားျဖင့္ အသက္၀င္သြားျပီ။
ေကာင္းကင္ေဆးၾကိဳအိုးက သူကလက္ထဲ က်ခါနီးတဲတဲေလးမွာပါ ေနာက္ဆံုးအခ်ိန္ေရာက္မွ လူတစ္ေယာက္က သူ႕ထက္ စိတ္၀ိဥာဏ္ေက်ာက္တံုး တစ္တံုးထဲႏွင့္ ေလလံလာဆြဲေနသည္။ သူ႕ရဲ႕ ေပ်ာ္ရႊင္ေနေသာ စိတ္က ဟိုးေအာက္ေျခထိ ခ်က္ခ်င္း ေလ်ာက်သြားသည္။ ၾကီးမားေသာ ယွဥ္ျပိဳင္ျခင္းက လက္ခံႏိုင္ဖို႕ ခက္ခဲလွသည္။ သူ႕မွာ ေထာင္ေခ်ာက္တစ္ခုထဲကို ျမွားေခၚခံလုိက္ရသလို ခံစားလုိက္ရေခ်သည္။
Tang Hao အမူအယာက တြန္႕လိမ္သြားကာ သူ႕ရဲ႕ သတ္ခ်င္ ျဖတ္ခ်င္စိတ္ေတြက You XiaoMo ဆီကို တန္းတန္းမတ္မတ္ က်ေရာက္သြားသည္။ လက္သီးကို တင္းတင္းဆုပ္လုိက္တာမို႕ သူကလက္သည္းေတြက လက္ဖ၀ါးထဲကို နစ္ျမဳပ္သြားကာ ေသြးေတြေတာင္ ထြက္လာေစသည္။
“မင္းပဲလား”
You XiaoMo က ေၾကာက္ရြ႕ံျခငး္မရွိပဲ ျပန္ၾကည့္လုိက္သည္။
ေလလံပြဲမွက အနည္းဆံုးေပးရမည့္ ေစ်းကို သတ္မွတ္ထားတာ မရွိ။ ဒီေတာ့ စိတ္၀ိဥာဏ္ေက်ာက္တံုး တစ္တံုးထဲ ထပ္တိုးရင္ေတာင္ ခြင့္ျပဳသည္။
Tang Hao လည္း သိသည္ ဒီေတာ့ သူက အဲဒါကို လက္မခံႏိုင္ဘူး ျဖစ္ေနကာ You XiaoMo အေပၚထားေသာ သူကအမုန္းမ်ားက ဆူပြက္လာသည္။
မည္သုိ႕ပင္ဆိုေစ လူတစ္ေယာက္ကေတာ့ အဲဒါကို ေက်နပ္ေနသည္။ ထိုသူကေတာ့ Hu Feng ျဖစ္သည္။ Tang Hao ကို မခ်င့္မရဲ ျဖစ္ေစေလ သူပိုေပ်ာ္ေလေလျဖစ္သည္။ ဒါေေပ့ါ အဲဒါက You XiaoMo ေၾကာင့္ေတာ့ မဟုတ္။ ဒါေပမယ့္လည္း သူက သူမရေသာ အရာမ်ားကို Tang Hao ကို မရေစခ်င္ေပ။ ဒီေတာ့ ဒိထက္ေကာင္းတာ ဘာရွိလဲ။
ထပ္ေပါင္းေျပာရလွ်င္ သူက Tang Hao၏ ငါးျမွားခ်ိတ္ထဲ ျငိကာ ေထာင္ေခ်ာက္ထဲ ၀င္ခဲ့ရသည္ ဒီေတာ့ ဒါက ျပန္ေတာင္ မေခ်ပရေသး။ ဒီလူ၏ အရွက္ရ ရွံဳးနိမ့္ျခင္းႏွင့္ Tang Hao၏ ကံမေကာင္းမႈက သူ႕ကို ေသခ်ာေပါက္ အားတက္ေစသည္။
“Tang Hao ဒီလုိအျဖစ္လဲ မင္းဆီကုိ လာလိမ့္မယ္လို႕ ငါဘယ္တုန္းကမွ မထင္ခဲ့ဘူး ဂုဏ္ယူပါတယ္ကြာ” Hu Feng က အျခားသူရဲ႕ ကံဆုိးမႈကို ေပ်ာ္ရႊင္ေက်နပ္စြာ မေျပာပဲေတာင္ မေနႏိုင္ေခ်။
“Hu Feng” Tang Hao က ေဒါသေတြ ထြက္ေနတာကို Ha Feng က သူ႕ကို ဒါဏ္ရာေတြ ထပ္ေပးေနသည္ သူ႕မ်က္လံုးမ်ားက သတိေပးသံပင္မထြက္ပဲ မီးေတြ ေတာက္ေတာ့မည္ပံု ျဖစ္ေနသည္။
Hu Feng က တစ္ခုခုကို သတိရသြားေပၚပံုကာ သူ ရယ္ေမာေနတာကို ရုတ္တရတ္ ရပ္လုိက္ျပီး ေအးစက္စက္ဟန္ ျပန္ျဖစ္ကာ သူမ်ားအနာ ဆားျဖဴးေနတာ ရပ္လုိက္သည္။
Tang Hao က သူ႕ေဒါသေတြကို သူ႕ဘာသာ အတတ္ႏိုင္ဆံုးျပန္သိမ္းကာ You XiaoMo ကို လွံတံတစ္ခု ပစ္လႊတ္လုိ္က္သလိုမ်ိဳး ၾကည့္ကာ အက္ရွေသာအသံျဖင့္ “ေကာင္စုတ္ေလး။ ေသခ်ာနားေထာင္ မင္း ယင္ယန္ေတာင္ၾကားမ်ား ျဖတ္မိလုိ႕ကေတာ့ မင္း TongTian တုိက္မၾကီးမွာ ေကာင္းေကာင္းမေနရေစဘူးလုိ႕ ငါအာမခံတယ္”
ဒါက သူ႕ရဲ႕ ကိုယ္ပုိင္အဆင့္အတန္းကို ေဖာ္ျပျပီးေတာ့ ျပိဳင္ဖက္ကို ေျပာင္ေျပာင္တင္းတင္း ျခိမ္ေျခာက္တာျဖစ္သည္။ ဒါက ေလလံပြဲေတြမွာ ျဖစ္ေလ့ ျဖစ္ထရွိတတ္ေသာ အရာျဖစ္သည။ ျခိမ္းေျခာက္ခံရသူအမ်ားက ျပန္ရုတ္သိမ္းကာ သူတို႕ဘာသာ ကံမေကာင္းမႈဟု ေတြးရေတာ့သည္။ ေလလံပြဲေတြမွာ အျခားသူကို မျခိမ္းေျခာက္ရဟူေသာ စည္းကမ္းခ်က္ မရွိတည္းက ရုပ္ပိုင္းဆိုင္ရာ တုိက္ပြဲတစ္ခု မစသေရြ႕ အဆင္ေျပသည္။ ဒါ့ေၾကာင့္ပဲ Tang Hao က Yue QianShan ေရွ႕မွာ ဒီလို ေျပာရဲတာ ျဖစ္သည္။
Yue QingShan ကို ပြဲၾကည့္ပရိသတ္မ်ားက ၾကည့္ေတာ့လဲ ေမွ်ာ္လင့္ထားသလိုပဲ သူ႕မွာ ဘာ တုန္႕ျပန္ခ်က္မွမရွိ။ ၾကည့္ရတာ Tang Hao က တကယ္မတိုက္ခုိက္သေရြ႕ သူက ၀င္တားမွာမဟုတ္။
Tang Hao ေျပာလိုက္ေတာ့ အခန္းထဲက လူငယ္ေလးက တိတ္သြားသည္။ တစ္ခဏၾကာေတာ့ ပရိသတ္ေတြကေတာ့ You XiaoMo ဒီစကားေတြ ေၾကာက္သြားျပီ ထင္တယ္လို႕ ေတြးခ်ိန္မွာပဲ သူက စကားထပ္ေျပာသည္။
“ဒါဆိုလဲ ကၽြန္ေတာ့ရဲ႕ ေလလံေစ်းမွာ ေနာက္ထပ္ စိတ္၀ိဥာဏ္ေက်ာက္တံုးတစ္တံုး ထပ္ထည့္မယ္”
Unicode
Chapter 387: Add One More Spirit Gem
အခန်း ၃၈၇ နောက်ထပ် စိတ်ဝိဥာဏ်ကျောက်တုံး တစ်တုံး ထပ်ထဲ့မယ်
“ဒီတစ်ကြိမ်တော့ လေလံဆွဲတဲ့သူ သိပ်များမယ့်ပုံ မရှိဘူး” Ling Xiao က တစ်ဖက်ခြမ်းက အခန်းထဲမှ သူများကို သူ့ရဲ့ တစ်ဝက်သာ မှေးဖွင့်ထားသော မျက်ဝန်းများနှင့် စူးရှထက်မြက်စွာ ချုံကြည့်လိုက်သည်။
“ဘာလို့ အများကြီး မရှိရမှာလဲ” You XiaoMo က တအံတသြမေးလိုက်သည်။ ဆာလောင်နေသော ၀ံပုလွေများကဲ့သို့ ကောင်းကင်ဆေးကြိုအိုးကိုသာ မလွဲမသွေ ကြည့်နေသူ အများကြောင့် ဒီဟာကို လေလံဆွဲသူ များမည်ဟု သူတွေးထားတာ ဖြစ်သည်။
Ling Xiao က “ဒီအခြေအနေကို ပဲ ကြည့်လေ။ Hu Feng နဲ့ Tang Hao က ကောင်းကင်ဆေးကြိုအိုးအတွက် သေချာပေါက် ရောက်လာတာ။ ဒီက လူတွေကလည်း သူတို့တွေက တိုက်မကြီးတောင်ဘက်ပိုင်းက အင်အားကြီးအဖွဲ့က လာမှန်းသိနေပုံ ရတယ်။ တိုက်မကြီးတောင်ဘက်ပိုင်းက အင်အားကြီးအဖွဲ့ရဲ့ လွှမ်းမိုးမှုနဲ့ သြဇာအာဏာက သရော်စရာမှမဟုတ်တာ ပြီးတော့ သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေက Bei Dong ကလူတွေထက် အပုံကြီးသာတယ်။ သူတို့တွေ မနိုင်ဘူးဆိုရင် ဘာလို့ အဲဒိလူတွေကို ဒေါသထွက်နေအောင် လုပ်နေဦးမှာလဲ”
ဒါက အလွန်မှန်ကန်သည်။
You XiaoMo က အခန်းတွေကို ဝေ့၀ိုက်ကြည့်လိုက်သည်။ အထဲက လူတွေက ကောင်းကင်ဆေးကြိုအိုးကို လိုချင်သော ဆန္ဒက မြင်သာနေပေမယ့်လည်း သူတို့အကြည့်တွေက ရှုံးနိမ့်နေသလို ဖြစ်နေသေးသည်။ သူတို့တွေ လက်မြှောက် အရှုံးပေးပြီးတာ ကြာပြီဟု ထင်ရသည်။
လူတိုင်းရဲက တပ်မက်သောအကြည့်တွေ မြင်တော့ Yue QianShan က အပေါ်ထပ်က အခန်းများကို မော့ကြည့်လိုက်သည်။ ထိုအခန်းများစွာကနေ အကြည့်ပေါင်းများစွာကိုလည်း သူခံစားမိသေည်။ သိပ်မကြာခင်တွ တိုက်ပွဲကြီးတစ်ခု လာပေတော့မည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိမ့်ပြီးတော့ ပြုံးကာ “ကောင်းကင်ဆေးကြိုအိုးရဲ့ ကြမ်းခင်းဈေးက စိတ်ဝိဥာဏ်ကျောက်တုံး ငါးသိန်းကနေ စပါမယ်။ ကျေးဇူးပြုပြီးတော့ စတင်ပါပြီ”
“စိတ်ဝိဥာဏ်ကျောက်တုံး ငါးသိန်း???”
မျှော်လင့်နေကြသော သူများမှာ ဒီနံပါတ်ကို ကြားသည်နှင့် အသက်တောင် မရှူနိုင်လောက်အောင်ကို အကြီးအကျယ် အထိတ်တလန့်ကို ဖြစ်သွားသည်။
Bei Dongက အင်အားစုတွေက အမှန်ကို ဘဏ္ဍာရေးအခြေအနေ ပြတ်လပ်နေတာပင်။ အချို့သောအဖွဲ့များမှာ သူတို့ ပိုင်ဆိုင်မှုပစ္စည်းများ အားလုံးပေါင်းလျှင်ပင် စိတ်ဝိဥာဏ်ကျောက်တုံး ငါးသိန်းမပြည့်။ ပြည့်လျှင်တောင် စိတ်ဝိဥာဏ်ကျောက်တုံး တစ်သန့်ပြည့်အောင်တောင် မရှိလောက် ဒီတော့ ကြမ်းခင်းဈေးကတင် သူတို့ကို ဖြုတ်ချအပြီး ဖြစ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဆေးကြိုအိုးက ဒီဈေးက တကယ်တန်သည် တကယ့်တော့ ဒီဈေးက ဈေးကွက်ပေါက်ဈေးထက်တောင် နိမ့်နေသေးသည်။
မှော်ဆရာများ သိသလိုပင် ထိပ်တန်းဆယ်ခုဝင် ဆေးကြိုအိုးများက တန်ဖိုးတောင် မဖြတ်နိုင်ချေ။
Cangမဟာမိတ်က ကောင်းကင်ဆေးကြိုအိုးကို လေလံတင်တာတောင် တကယ့်ကို မမျှော်လင့်ထားသော လေလံတင်မှု ဖြစ်သည်။ ဟိုးအဝေးမှာ နေထိုင်သော အခြားအဖွဲ့များလည်း ဒါကို မမျှော်လင့်ထားပေ။ ဒီတော့ Hu Feng နှင့် အခြားသူများ ဒီသတင်းကြားတော့ သူတို့ ချက်ချင်း ရောက်လာကြတာ ဖြစ်သည်။
ဈေးနှုန်းကြားတော့ Hu Feng နှင့် Tang Hao တို့ အမူအယာတွေက မယိမ်းယိုင်သွားပေ။
အဆင့်မြင့်ဆေးကြိုအိုးတစ်ခု လေလံတင်ပွဲကို တက်ရောက်တာ သူတို့အတွက် ပထမဆုံးအကြိမ် မဟုတ်။ သူတို့က ပဉ္စမအဆင့် ဆေးကြိုအိုး ဖြစ်သော မိုးကြိုးနတ်ဘုရားဆေးကြိုအိုး၏ လေလံတင်ပွဲတောင် တက်ရောက်ဖူးသည်။ နောက်ကျတော့ မိုးကြိုးဆးကြိုအိုး၏ ကြမ်းခင်းဈေးက ကောင်းကင်ဆေးကြိုအိုး၏ ကြမ်းခင်းဈေးထက်တောင် ငါးဆများကာ လေလံပွဲ တစ်လျှောက်မှာ ဈေးက ဆယ်ဆအထိ တိုးတက်သွားတာမို့ ငါးသိန်းဆိုတာက တကယ်တော့ ဘာမှ မဟုတ်သေးပေ။
“စိတ်ဝိဥာဏ်ကျောက်တုံး တစ်သန်း” တစ်ခဏလောက် တိတ်သွားပြီးတော့ Tang Hao က ပထမဆုံး ဈေးကို မြင့်လိုက်သည် ပြီးတော့ တစ်ကြိမ်တည်းနှင့်တင် စိတ်ဝိဥာဏ်ကျောက်တုံးငါးသိန်းမြှင့်လိုက်သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အဖွဲ့များစွာ၏ စိတ်အားထက်သန်မှုက ချက်ချင်းကို ပျောက်ကွယ်သွားသည်။ မျှော်လင့်ထားသလို တိုက်မကြီးတောင်ပိုင်းက လူတစ်ယောက် ဖြစ်နေသည်။ သူ့ရဲ့ ကြွယ်ဝမှုက သူ့ကို ပြောဆိုခွင့်ပေးထားသည်ပဲ သူတို့တွေ မြင်းများနှင့် လိုက်လျှင်တောင် မမှီနိုင်။
Hu Feng က သူ့ဘေးအခန်းမှာ ထိုင်နေသော TangHoa ကို တစ်ချက်ကြည့်ကာ အေးစက်စက်စိမ်ခေါ်လိုက်သည်။ သူက မျက်တောင်တောင် မခတ်ပဲ “စိတ်ဝိဥာဏ်ကျောက်တုံး ဆယ့်ငါးသိန်း”
သူလည်းပဲ စိတ်ဝိဥာဏ်ကျောက်တုံး ငါးသိန်း မြှင့်လိုက်သည်။ မျှော်လင့်ထားသလိုပင် သူတို့ နှစ်ယောက်သာ ပြိုင်ဖို့ ကျန်ခဲ့သည်။
အခြားအခန်းက အဖွဲ့များကတော့ တုန်လှုပ်စွာ သက်ပြင်းများသာ ချကုန်သည်။
DuanMu Qing က သူ့ဘေးခန်းကို ကြည့်လိုက်တော့ Ling Xiao နှင့် You XiaoMo တို့က ၀င်ပြိုင်မည့်ဟန် မမြင်တော့ သူ သက်မဖွဖွလေး မချပဲ မနေနိုင်တော့။ ကြည့်ရတာ ကြမ်းခင်းဈေးကပင် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်ပုံပင်။
Hu Feng အသံကြားတော့ Tang Haoအမူအယာက အေးစက်ကာ သူကမျက်လုံးများက လှုပ်ခတ်သွာသည်။ သူနှင့် ယှဉ်ပြိုင်မည့်သူက Hu Feng ဖြစ်မည်ဆိုတာ သူသိပြီးသားဖြစ်သည်။ ဒီတော့ သူက ကံကောင်းစွာပင် သူ့ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်ကာ စိတ်ဝိဥာဏ်ကျောက်တုံးများစွာ ယူလာသည်။ Hu Feng နိုင်စရာ အကြောင်းကို မရှိချေ။
“ဆယ့်ခုနစ်သိန်း”
“ဆယ့်ရှစ်သိန်း”
“သိန်းနှစ်ဆယ်”
………
အခန်းတစ်ခန်းလုံးက အပ်ကျသံတောင် ကြားရလောက်အောင် တိတ်သွားသည်။ လူတိုင်းက ဒီလောက် မြင့်တက်သွားသော ဈေးနှုန်းမှာ စကားလုံးများ ပျောက်ရှကုန်သည်။
နှစ်ယောက်သာ ယှဉ်ပြိုင်နေသော အသံများက တက်တက်လာကာ အောက်ကို ပြန်ကျမည့်ပုံ မရှိ။ ဆက်တိုက် မြင့်တက်သွားသည်မှာ ဈေးနှုန်းက BeiDong၏ အရင်လေလံများအတိုင်းအတာထက်တောင် များစွာ ကျော်လွန်သွားပြီဖြစ်သည်။ သို့သော်လည်း ရပ်တန့်မည့် အရိပ်အယောင်တော့ မပေါ်လာသေး။
အဖွဲ့ နှစ်ဖွဲ့တည်းသာ ဈေးပြိုင်နေသော်လည်း အခြေအနေကတော့ ထိတ်လန့်စရာ ဖြစ်နေသည်။
“စိတ်ဝိဥာဏ်ကျောက်တုံး သိန်းငါးဆယ်” Tang Hao က ထိတ်လန့်ဖွယ်ဈေးကို ပေးလိုက်သည်။ ကောင်းကင်ဆေးကြိုအိုး၏ ဈေးနှုန်းက မူရင်းဈေးထက် ဆယ်ဆ ဖြစ်သွားသည်။ ဈေးနှုန်းက သူတို့ မျှော်မှန်းထားတာထက် မကျော်လွန်သေးသော်လည်း အဲဒိ နီးပါးတော့ ရောက်နေပြီဖြစ်သည်။
Tang Hao ဈေးပေးပြီးတော့ Hu Feng အမူအယာက တော်တော်ကြီး တင်းတင်းကြပ်ကြပ် ဖြစ်သွားသည်။ သူ့ကန့်သတ်ပမာဏရောက်တော့မှာ အသေအချာပင်။ အတန်ကြာ တိတ်နေပြီးတော့ သူက အံကြိတ်ကာ “စိတ်ဝိဥာဏ်ကျောက်တုံး ငါးဆယ့်တစ်သိန်း”
Tang Hao မျက်လုံးများက ဖြတ်ခနဲဖြစ်သွားပြီး ငါးစက္ကန့်ကြာသော် သူက “ Hu Feng ငါ ဒီတစ်ခါ သိန်းခြောက်ဆယ် ယူလာတာ။ မင်း ခြောက်သန်းထက် ပိုပေးနိင်ရန် မင်းကို ကောင်းကင်ဆေးကြိုအိုး ပေးဖို့ စိတ်ဆန္ဒရှိတယ်။” အဲဒိနောက် သူ့ရဲ့ တင်းတိမ် ရောင့်ရဲနိုင်သော အကြည်တွေကို Hu Feng ဆီ ပို့လိုက်သည်။
Hu Feng မျက်လုံးများက တွန့်ခနဲ ဖြစ်ကာ သူကထိုင်ခုံကနေ ထခုန်မိတော့ မတတ် ဖြစ်သွားသည်။
Tang Hao စကားများက သူ့မျက်လုံးများကို နီလာစေကာ လူသတ်ချင်သော အစိမ်းရောင် အလင်းများက တစ်ဖျတ်ဖျတ်လက်နေသည်။ သူ့အမူအယာက အရုပ်ဆိုးလှကာ ယင်ကောင်တစ်ကောင် မြိုမိသလိုဖြစ်နေသည်။ သူ့မှာ Tang Hao ကို ရိုက်တောင် ပစ်ချင်နေပြီ။ သူဒီတစ်ခေါက် ယူလာတာလဲ ခြောက်သန်းပင် မပိုသလို လျော့လဲ မလျော့ဘူး။
Tang Hao လည်း သူနှင့် အတူတူပဲ ယူလာမည်ဟု မထင်ထားတာ ဖြစ်သည်။ ခြောက်သန်း နှင့် ကမ်းလှမ်းလျှင် Hu Feng က ခြောက်သန်း မကမ်းလှမ်းလောက်ဟု ထင်ခဲ့သည်။
Hu Feng၏ အမူအယာကို ကြည့်ပြီးတော့ သူက အခြားသူမှာလဲ မပါတာမှန်း သိကာ ပျော်ရွှင် မမြူးတူးပဲ မနေနိုင်တော့။
သူ့အလောင်းအစားကတော့ ပြီးသွားပြီ။ Hu Feng ယူတာလာက သူနှင့် အတူတူ သို့မဟုတ် သူ့ထက် နည်းလိမ့်မည်။ ဘယ်လောက်ပဲ ဖြစ်ပစေလေ သူနိုင်သွားခဲ့ပြီ။
Hu Feng ဈေးမပေးနိုင်တာ မြင်တော့ Tang Hao က အောက်ထပ်က Yue QianShan ကို အပြုံးလေးတစ်ခုနှင့် လှမ်းပြောသည်။ “အရှင်Yue. အရှင်ဈေးသတ်မှတ်လို့ ရသွားပြီလို့ ကျွန်တော် ယုံကြည်ပါတယ်”
Yue QianSan ကသူတို့ နှစ်ယောက်ကို ကြည်နေရာက သူတို့တွေ ပြီးသွားပုံ ပေါ်တော့ သူ့အသံမြှင့်ကာ အော်လိုက်သည် “ခြောက်သန်း တစ်ကြိမ်”
“နှစ်ကြိမ်”
“သုံး..”
“စိတ်ဝိဥာဏ်ကျောက်တုံး ခြောက်သန်းနှင့် တစ်တုံး” အဲဒိမှာတင် ရှင်းလင်းပီသပြတ်သားသော အသံကြားဖြတ်ထွက်လာသည်။
Tang Hao အပြုံးက သူ့မျက်နှာပေါ်တွင် အေးခဲသွားသည်။
အခန်းထဲက အသံထွက်လာတာပဲ။ နှစ်ယောက်သား ပြိုင်ဆိုင်နေတာကို တိတ်တိတ်လေး ကြည့်နေသော ပွဲကြည့်သူများ ဆီက ချက်ချင်း ရုတ်ရုတ်သဲသဲ တွေ ဖြစ်သွားသည်။ အဆုံးနားထိ ရောက်နေမှ အပြင်သူတစ်ယောက်က ရုတ်တရက် ဖြတ်ဝင်လာသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။
တစ်ခဏကြာတော့ လူတိုင်၏ အကြည့်တွေက အသံထွက်လာရာ အခန်းဆီကို မော့ကြည့်ကြသည်။ တိုက်မကြီးတောင်ပိုင်းက Tang Hao နှင့် Hu Feng တို့နှင့် အပြိုင် ဘယ်ပုဂ္ဂိုလ်ကများ ပြိုင်ရဲသလဲ ဆိုတာ အလွန်သိချင်သွားကြသည်။
ဖောက်ထွင်းမြင်နိုင်သော အခန်းထဲတွင် လက်လေးမြှောက်ကာ ဈေးပေးသော သူက အကျွမ်းတ၀င်မရှိသော လူငယ်လေး တစ်ယောက်ဖြစ်သည်။ အချို့သော မျက်စိစူးရှသူများက သူ့ကို ချက်ချင်း မှတ်မိသည်။
“အဲဒါသူပဲ”
“သူက ဘယ်သူလဲ”
“တိုက်မကြီးတောင်ပိုင်းက လူတွေနဲ့ စကားများတဲ့ လူငယ်လေးလေ။ သူတို့တွေ ၀င်ပေါက် ပိတ်နေလို့ ဆိုပြီးတော့ ဒီလူငယ်လေးက သူတို့ကို ဖယ်ခိုင်းပြီး ရင်ဆိုင်လိုက်တာပဲ”
“ဘာ.. သူက သေချာပေါက်ကို လုပ်ရဲကိုင်ရဲပဲဟ။ သူက တိုက်မကြီးတောင်ပိုင်းက လူတွေကိုတောင် တစ်ချီတည်းမှာ နှစ်ခါဆန့်ကျင်လိုက်တယ်။ နေရတာ ပျင်းနေတာလားဒါမှမဟုတ် တစ်ခုခုပဲ Bei Dong က သူတို့ နေရာမဟုတ်ပေမယ့် သူ့ကိုသတ်ပစ်ဖို့ဆိုတာက လွယ်လွယ်လေးလေကွာ”
“ဘယ်သူသိမှာလဲကွ? သူ့မှာလဲ နောက်ခံတစ်ခုခု ရှိလောက်မှပေ့ါ။ မဟုတ်ရင် သူတို့တွေ ဘယ်သူတွေဆိုတာ သိသားနဲ့ ဘယ် ဆန့်ကျင်ရဲပါ့မလဲ နောက်ခံကောင်းကောင်းရှိတဲ့သူတိုင်းကတော့ နာမည်ကြီးမဟုတ်ဘူးလေ”
……..
လူတိုင်းက သူတို့ဘာသာ ပြောဆိုနေတာမို့ တစ်ခန်းလုံးက ပွက်လောညံနေသည်။ တိတ်ဆိတ်သော လေလံပွဲကြီးက နောက်ဆုံးတော့ ဆူညံသံများဖြင့် အသက်ဝင်သွားပြီ။
ကောင်းကင်ဆေးကြိုအိုးက သူကလက်ထဲ ကျခါနီးတဲတဲလေးမှာပါ နောက်ဆုံးအချိန်ရောက်မှ လူတစ်ယောက်က သူ့ထက် စိတ်ဝိဥာဏ်ကျောက်တုံး တစ်တုံးထဲနှင့် လေလံလာဆွဲနေသည်။ သူ့ရဲ့ ပျော်ရွှင်နေသော စိတ်က ဟိုးအောက်ခြေထိ ချက်ချင်း လျောကျသွားသည်။ ကြီးမားသော ယှဉ်ပြိုင်ခြင်းက လက်ခံနိုင်ဖို့ ခက်ခဲလှသည်။ သူ့မှာ ထောင်ချောက်တစ်ခုထဲကို မြှားခေါ်ခံလိုက်ရသလို ခံစားလိုက်ရချေသည်။
Tang Hao အမူအယာက တွန့်လိမ်သွားကာ သူ့ရဲ့ သတ်ချင် ဖြတ်ချင်စိတ်တွေက You XiaoMo ဆီကို တန်းတန်းမတ်မတ် ကျရောက်သွားသည်။ လက်သီးကို တင်းတင်းဆုပ်လိုက်တာမို့ သူကလက်သည်းတွေက လက်ဖ၀ါးထဲကို နစ်မြုပ်သွားကာ သွေးတွေတောင် ထွက်လာစေသည်။
“မင်းပဲလား”
You XiaoMo က ကြောက်ရွံ့ခြင်းမရှိပဲ ပြန်ကြည့်လိုက်သည်။
လေလံပွဲမှက အနည်းဆုံးပေးရမည့် ဈေးကို သတ်မှတ်ထားတာ မရှိ။ ဒီတော့ စိတ်ဝိဥာဏ်ကျောက်တုံး တစ်တုံးထဲ ထပ်တိုးရင်တောင် ခွင့်ပြုသည်။
Tang Hao လည်း သိသည် ဒီတော့ သူက အဲဒါကို လက်မခံနိုင်ဘူး ဖြစ်နေကာ You XiaoMo အပေါ်ထားသော သူကအမုန်းများက ဆူပွက်လာသည်။
မည်သို့ပင်ဆိုစေ လူတစ်ယောက်ကတော့ အဲဒါကို ကျေနပ်နေသည်။ ထိုသူကတော့ Hu Feng ဖြစ်သည်။ Tang Hao ကို မချင့်မရဲ ဖြစ်စေလေ သူပိုပျော်လေလေဖြစ်သည်။ ဒါပေ့ါ အဲဒါက You XiaoMo ကြောင့်တော့ မဟုတ်။ ဒါပေမယ့်လည်း သူက သူမရသော အရာများကို Tang Hao ကို မရစေချင်ပေ။ ဒီတော့ ဒိထက်ကောင်းတာ ဘာရှိလဲ။
ထပ်ပေါင်းပြောရလျှင် သူက Tang Hao၏ ငါးမြှားချိတ်ထဲ ငြိကာ ထောင်ချောက်ထဲ ၀င်ခဲ့ရသည် ဒီတော့ ဒါက ပြန်တောင် မချေပရသေး။ ဒီလူ၏ အရှက်ရ ရှုံးနိမ့်ခြင်းနှင့် Tang Hao၏ ကံမကောင်းမှုက သူ့ကို သေချာပေါက် အားတက်စေသည်။
“Tang Hao ဒီလိုအဖြစ်လဲ မင်းဆီကို လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး ဂုဏ်ယူပါတယ်ကွာ” Hu Feng က အခြားသူရဲ့ ကံဆိုးမှုကို ပျော်ရွှင်ကျေနပ်စွာ မပြောပဲတောင် မနေနိုင်ချေ။
“Hu Feng” Tang Hao က ဒေါသတွေ ထွက်နေတာကို Ha Feng က သူ့ကို ဒါဏ်ရာတွေ ထပ်ပေးနေသည် သူ့မျက်လုံးများက သတိပေးသံပင်မထွက်ပဲ မီးတွေ တောက်တော့မည်ပုံ ဖြစ်နေသည်။
Hu Feng က တစ်ခုခုကို သတိရသွားပေါ်ပုံကာ သူ ရယ်မောနေတာကို ရုတ်တရတ် ရပ်လိုက်ပြီး အေးစက်စက်ဟန် ပြန်ဖြစ်ကာ သူများအနာ ဆားဖြူးနေတာ ရပ်လိုက်သည်။
Tang Hao က သူ့ဒေါသတွေကို သူ့ဘာသာ အတတ်နိုင်ဆုံးပြန်သိမ်းကာ You XiaoMo ကို လှံတံတစ်ခု ပစ်လွှတ်လိုက်သလိုမျိုး ကြည့်ကာ အက်ရှသောအသံဖြင့် “ကောင်စုတ်လေး။ သေချာနားထောင် မင်း ယင်ယန်တောင်ကြားများ ဖြတ်မိလို့ကတော့ မင်း TongTian တိုက်မကြီးမှာ ကောင်းကောင်းမနေရစေဘူးလို့ ငါအာမခံတယ်”
ဒါက သူ့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ဖော်ပြပြီးတော့ ပြိုင်ဖက်ကို ပြောင်ပြောင်တင်းတင်း ခြိမ်ခြောက်တာဖြစ်သည်။ ဒါက လေလံပွဲတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်သော အရာဖြစ်သည။ ခြိမ်းခြောက်ခံရသူအများက ပြန်ရုတ်သိမ်းကာ သူတို့ဘာသာ ကံမကောင်းမှုဟု တွေးရတော့သည်။ လေလံပွဲတွေမှာ အခြားသူကို မခြိမ်းခြောက်ရဟူသော စည်းကမ်းချက် မရှိတည်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခု မစသရွေ့ အဆင်ပြေသည်။ ဒါ့ကြောင့်ပဲ Tang Hao က Yue QianShan ရှေ့မှာ ဒီလို ပြောရဲတာ ဖြစ်သည်။
Yue QingShan ကို ပွဲကြည့်ပရိသတ်များက ကြည့်တော့လဲ မျှော်လင့်ထားသလိုပဲ သူ့မှာ ဘာ တုန့်ပြန်ချက်မှမရှိ။ ကြည့်ရတာ Tang Hao က တကယ်မတိုက်ခိုက်သရွေ့ သူက ၀င်တားမှာမဟုတ်။
Tang Hao ပြောလိုက်တော့ အခန်းထဲက လူငယ်လေးက တိတ်သွားသည်။ တစ်ခဏကြာတော့ ပရိသတ်တွေကတော့ You XiaoMo ဒီစကားတွေ ကြောက်သွားပြီ ထင်တယ်လို့ တွေးချိန်မှာပဲ သူက စကားထပ်ပြောသည်။
“ဒါဆိုလဲ ကျွန်တော့ရဲ့ လေလံဈေးမှာ နောက်ထပ် စိတ်ဝိဥာဏ်ကျောက်တုံးတစ်တုံး ထပ်ထည့်မယ်”