Chapter 385: Two Young People
အခန္း ၃၈၅ လူငယ် ႏွစ္ေယာက္
ေနာက္တစ္ရက္ အေစာပုိင္းတြင္ Tian Xiangျမိဳ႕ေတာ္ရွိ လမ္းမမ်ားတြင္ လူအုပ္ၾကီး ေပၚလာသည္။ လူအမ်ားစုက တူညီေသာ အရပ္မ်က္ႏွာကို ဦးတည္ေနသည္။ သူတို႕ ဦးတည္ေသာ ေနရာက Cang မဟာမိတ္က ဦးစီးက်င္းပေသာ Goshawkေလလံခန္းမ ကိုပဲ ျဖစ္သည္။
DuanMu Qing က ေကာင္းကင္မွာ အလင္းေပၚခ်ိန္ကတည္းက ျမင္းလွည္းတစ္စင္း ျပင္ဆင္ထားျပီး ျဖစ္သည္။ သူက You XiaoMo ႏွင့္ သူေတြကို တစ္ပါတည္း ေခၚသြားျပီးေတာ့ တည္းခိုခန္းကေန အျမန္အဆန္ ထြက္သြားၾကသည္။ အဲဒိေနာက္ သိပ္မၾကာခင္မွာပင္ Goshawkေလလံခန္းမ အဓိက၀င္ေပါက္တြင္ ဇိမ္ခံလွည္းၾကီးတစ္စင္း ရပ္တန္႕သြားသည္။ အဲဒါက You XioaMo ႏွင့္ Ling Xiao တို႕ မေန႕က ျဖတ္သြားေသာ ေလလံခန္းမပဲ ျဖစ္သည္။
ေလလံခန္းမေရွ႕ အေပါက္မ်ားစြာ အျပင္ဘက္က ဗလာက်င္းေနေသာ ေနရာမွာေတ့ အခုေတာ့ ပြတ္သိပ္ေနသည္။ လမ္းမက်ယ္ၾကီး တစ္ေလွ်ာက္မွာ အရြယ္ေပါင္းစံု လွည္းအိမ္မ်ားစြာ ရပ္တန္႕ထားသည္မွာ လူတစ္ေယာက္က တစ္လက္မေလာက္ ေရြ႕ေအာင္ လုပ္ဖုိ႕ ဆိုတာ ခက္ခဲလွသည္။ Bei Dong၏ လူဦးေရက အျခားေနရာမ်ားႏွင့္ အမ်ားၾကီး မႏိႈင္းယွဥ္ႏိုင္ေပမယ့္ ေလလံခန္းမကေတာ့ ၾကီးမားလွသည္ဟုေတာ့ သူေျပာႏိုင္ေသးသည္။
လွည္းအိမ္ထဲက အျပင္ထြက္လာေတာ့ You XiaoMo ႏွင့္ က်န္သည့္သူမ်ားက အဓိက၀င္ေပါက္ၾကီးေဘးနားက အေပါက္ေသးေလးနားကို ေရာက္ဖို႕ နည္းနည္းေတာ့ လမ္းေလွ်ာက္ရေသးသည္။ အေပါက္ေသးေလးက အေရးၾကီးပုဂိၢဳလ္မ်ား အ၀င္အထြက္သီးသန္႕သာ ျဖစ္ကာ Bei Dong မွ အင္အားၾကီးသူမ်ားသာ သီးသန္႕ျဖတ္သန္႕ခြင့္ ရႏိုင္ေပသည္။
အဓိက၀င္ေပါက္ၾကီးေရွ႕က မ်ားျပား ဆူညံေနေသာ လူအုပ္ၾကီးႏွင့္ ယွဥ္လွ်င္ အေပါက္၀ အေသးေရွ႕က ပိုျပီး တိတ္ဆိတ္ကာ လူလဲ ရွငး္သည္။ အေတာ္ၾကီးၾကာမွသာ အင္အားၾကီး ထင္ရွားေသာအဖြဲ႕တစ္ဖြဲ႕ အဆိုပါ အေပါက္ေလးကေန ၀င္သြားတာ ျဖစ္သည္။ တံခါးကုိ ေစာင့္ေနေသာ အသက္လတ္ပိုင္း လူက မာနေထာင္လႊားျခင္းလဲ မရွိသလို မထင္မဲ့ျမင္ျပဳျခင္းလဲ မရွိ သူတုိ႕နဲ႕ မဆိုင္သလုိပဲ ရွိေနသည္။
သူတို႕ေတြ တံခါးကေန ၀င္ခါနီးတြင္ လူအခ်ိဳ႕ ရုတ္တရတ္ေပၚလာကာ သူတို႕ေတြကို ၾကားျဖတ္လုိက္သည္။ တကယ္ေတာ့ ဒီလူစု ႏွစ္စုလံုးက တစ္ခ်ိန္တည္းမွာပင္ အေပါက္ေသးေလးကို ဦးတည္ေနတာ ျဖစ္သည္။
အေပါက္ေသးေလးက တစ္ၾကိမ္တြင္ ႏွစ္ေယာက္သာ ယွဥ္၀င္ႏိုင္သည္။ ဒါေတာင္ ႏွစ္ဖက္စလံုးက လူမ်ားက အရင္၀င္ခ်င္ေနသူခ်ည္းမ်ားပင္။ ရလဒ္ကေတာ့ ႏွစ္စုလံုးက အေပါက္အျပင္မွာ ညပ္ေနတာႏွင့္ အဆံုးသတ္သြားသည္။ ေလတိုးသံ တစ္ခ်က္က တင္းမာမႈမ်ားကို အက္ကြဲသြားေစသည္။ ေလထဲမွာလဲ ယမ္းနံ႕ေတြေတာင္ ထြက္ေနသလုိပင္။
“Tang Hao မင္းပဲ” ေျပာလုိက္ေသာ သူကေတာ့ ဘယ္ဘက္မွ လာေသာ လူငယ္ေလးတစ္ေယာက္ျဖစ္ကာ အသက္ႏွစ္ဆယ့္ငါး၀န္းက်င္ေလာက္သာ ရွိလိမ့္မည္။ သို႕ေသာ္လည္း Tong Tian တုိက္မၾကီးမွာက လူတစ္ေယာက္၏ အသြင္အျပင္ကို ၾကည့္ျပီး အသက္ကို ခန္႕မွန္းဖို႕ဆိုတာ မျဖစ္ႏိုင္ေပ။ အသက္ငယ္သည္ဟု ထင္ရသူမ်ားက အသက္တစ္ေထာင္ေတာင္ ေက်ာ္ေနတတ္သည္။
လူငယ္၏ အေနာက္မွာေတာ့ အစြမ္းရွိပံုရေသာ လူႏွစ္ဦး ပါလာသည္။ သူတို႕ေတြ၏ အသြင္အျပင္အရေတာ့ တစ္ေယာက္က အနည္းဆံုး ဧကရာဇ္အဆင့္ ျဖစ္ကာ အျခားတစ္ေယာက္ကေတာ့ အင္ပါယာအဆင့္ ျဖစ္လိမ့္မည္။ သူတုိ႕ ႏွစ္ဦးက ဒီလူငယ္၏ သက္ေတာ္ေစာင့္ ျဖစ္ပံုရသည္။ အင္အားၾကီးသူ ႏွစ္ေယာက္၏ အကာအကြယ္ေပးမႈကို ရွိသည္ဆိုေတာ့ ဒီလူငယ္က သာမာန္လူတစ္ေယာက္ေတာ့ ေသခ်ာေပါက္ မျဖစ္ႏိုင္။
Tang Hao ဟု အေခၚခံလိုက္သူက လူငယ္ႏွင့္ အသက္တူေလာက္ ရွိမည္ပံုေပၚကာ သူ႕ရဲ႕ ေယာက်္ားပီသတဲ့ အသြင္အျပင္က ကိုယ့္ကိုကိုယ္ အေရးပါအရာေရာက္ေနဟန္ေတြ ထြက္ေနသည္။ တူညီစြာပင္ သူ႕ေနာက္မွာလဲ သက္ေတာ္ေစာင့္ ႏွစ္ေယာက္ ရွိသည္။
လူငယ္ရဲ႕ စကားေျပာသံၾကားတာ့ Tang Hao က ေအးစက္စက္ တစ္ခ်က္ၾကည့္ကာ သြားၾကားထဲက ေလသံႏွင့္ “Hu Feng မင္းပဲျဖစ္ေနျပန္ျပီ။ ငါနဲ႕ ထပ္ျပိဳင္ခ်င္ေနပံုရတယ္”
“ငါက ေျပာရမွာပါကြာ မင္းက ငါနဲ႕ ျပိဳင္ခ်င္ေနတာမလား” Hu Feng က မထီမဲ့ျမင္ အျပံဳးတစ္ခ်က္၀င့္ကာ ေျပာလုိက္သည္။
Tang Hao ကေလွာင္ေျပာင္ကာ “မင္းလဲ အဲဒိကိစၥနဲ႕ ေရာက္ေနတာဆိုေတာ့ ငါတို႕ ပဲ ျပိဳင္ဆိုင္ရဖို႕ မ်ားေနျပီ”
“ဒါဆိုလဲ မင္း စိတ္၀ိဥာဏ္ေက်ာက္တံုးေတြ လံုလံုေလာက္ေလာက္ျပင္ထားမယ္ေတာ့ ေမွ်ာ္လင့္တာပဲ။ ငါ ေလလံဆြဲတာ ျမင္ရင္သာ ေၾကာက္ဒူးမတုန္ေစနဲ႕” Hu Feng၏ မ်က္လံုးမ်ားက ပံုမွန္အတိုင္း ျပန္မျဖစ္ခင္ ေအးစက္စက္ေက်ာက္တံုး အသြင္ ျဖစ္သြားေသးသည္။
အဲဒိအခ်ိန္မွာပဲ အသံတစ္သံက ေဘးကေန ထြက္လာသည္ “တဆိတ္ေလာက္ ငါတို႕ကိုသြားခြင့္ ေပးပါလား”
ရုတ္တရတ္ ၾကားျဖတ္ေျပာဆိုမႈက ႏွစ္ဖက္စလံုးက လူေတြ အသံလာရာဆီကို တန္းၾကည့္မိသြားေစကာ သူတို႕ေတြ႕လုိက္ရတာက သိပ္မေ၀းေသာ ေနရာတြင္ မတ္တပ္ရပ္ေနေသာ အသက္ဆယ့္ရွစ္ ဆယ့္ကုိးအရြယ္ ေကာင္ေလးတစ္ေယာက္သာ ျဖစ္သည္။ သူ႕အရွိန္အ၀ါအရ ဆိုလွ်င္ ေမွာ္ဆရာတစ္ေယာက္ ဟုေျပာႏိုင္သည္။ သို႕ေသာ္ သူ႕ေဘးက လူမ်ားထဲက တစ္ေယာက္ကိုေတာ့ သူတို႕ႏွစ္ေယာက္လံုး ႏွစ္ခါျပန္ ေသခ်ာၾကည့္လုိက္ရသည္။
ဆယ္ေက်ာ္သက္ေလး ေဘးမွာ ရပ္ေနေသာအမ်ိဳးသားက နတ္ဘုရားတစ္ပါးအသြင္ ရွိသည္။ သူက အလြန္လွပေသာ အျဖဴေရာင္ကို ၀တ္ဆင္ထားကာ ပ်င္းရိပ်င္းတြဲပံုစံ ျဖစ္ေနေပမယ့္ သူ႕ေဘးနားက စြမ္းအင္ေတြေတာ့ သူတို႕ ခံစားမိသည္။ သူက သူတုိ႕ ေခၚလာသူမ်ားထက္ အင္အားၾကီးပံု ရသည္။
အဲဒါကို သိေသာ္လည္း ႏွစ္ေယာက္သား မ်က္ေမွာင္ၾကဳပ္သြားသည္။
“ထြက္သြားစမ္း” Hu Feng က စိတ္မရွည္လက္မရွည္ႏွင့္ ေအာ္ထုတ္လုိက္သည္။
You XiaoMo ကေတာ့ သိသိသာသာပဲ ထြက္မသြားႏိုင္ေပ။ သူတို႕က အခ်ိန္တူတူေရာက္တာ ဒီႏွစ္ေယာက္က ၀င္ေပါက္မွာ ပိတ္ကာ စကားႏိုင္လုေနသည္။ သူတို႕က မ၀င္ခ်င္လား ရတယ္ ဒါေပမယ့္ အျခားသူေတြ ၀င္ပေစေလ။ သူတို႕ကို ယဥ္ယဥ္ေက်းေက်း လမ္းေတာင္းလုိ႕ မရေတာ့မွေတာ့ ေရြးခ်ယ္စရာ မရွိပဲ အျခားနည္းလမ္းတစ္ခုကို သံုးရေပမည္။
“စိတ္ေတာ့မေကာင္းဘူး ငါမွတ္မိသေလာက္ဆိုရင္ေတာ့္ Goshawkေလလံခန္းမက ခင္ဗ်ားတို႕ ပိုင္တာ မဟုတ္ဘူး” You XiaoMo ေျပာလုိက္သည္။
“မင္းက ထပ္ျပီး ေျပာရဲေသးတယ္ေပ့ါ ေကာင္စုတ္” Hu Fengပံုက ရွံဳတြသြားသည္။ အဆံုးထိေတာင္ နားမေထာင္ႏိုင္ေတာ့ပဲ Tang Hao မ်က္ႏွာကလည္း တင္းမာသြားသည္။ သူ႕အသံေကာ ဟန္ပန္ေကာက You XiaoMo ကို ၾကည့္သည့္အခါ မည္းေမွာင္သြားျပီးေတာ့ မသိလွ်င္ သူကအၾကည့္ေတြထဲကပဲ မိုးၾကိဳးေတြ ပစ္ေတာ့ မေယာင္ေယာင္။
“ငါဘယ္ႏွၾကိမ္ပဲ ေျပာေျပာ အတူတူပဲ ျဖစ္ေနမွာ။ မင္းတို႕ေတြ ၀င္ေပါက္ကို ပိတ္ထားျပီး ေတာ့ အျခားသူေတြကို အ၀င္မခံဘူး။ ငါက ခင္ဗ်ားတို႕ကို ဖယ္ေပးျပီးေတာ့ ငါတုိ႕ကို ၀င္ခြင့္ေပးလို႕ေျပာတာ မွားသလား ဒီလမ္းက မင္းတို႕အတြက္ သီးသန္႕ Cangမဟာမိတ္က ဖြင့္ေပးထားတာလို႕ ေျပာရင္ေတာ့ ငါဘာမွ မေျပာဘူး” သူတို႕ ႏွစ္ဦးမ်က္ႏွာေပၚက မုန္းတီးသည့္အၾကည့္မ်ားကို မျမင္သလုိပင္ You XiaoMo က အမုန္းစကားမ်ားကို ေကြ႕၀ုိက္ျပီး ေျပာဆိုလုိက္သည္။ အျခားေသာ ႏွစ္ေယာက္ေတာင္ သူ႕ကို ျပန္မေခ်ပႏိုင္။ Ling Xiao Ling Xiao
အေနာက္က အဖြဲ႕မွာ ပါလာေသာ DuanMu Qingက သူ႕ကိုတားဖို႕ေတာင္ အခ်ိန္မရွိေတာ့။ You XiaoMo ေျပာတာ ၾကားျပီးေတာ့ Tang Hao ႏွင့္ Hu Feng တို႕ အမူအယာေတြက မည္းေမွာင္သြားကာ ဒီအေျခအေနကေတာ့ ပိုဆိုးသြားမည္ဆိုတာ သူေျပာႏိုင္သည္။ သူက ဒီႏွစ္ေယာက္က ဘယ္သူမွန္း သိေနတာမို႕ သူတုိ႕ကို မဆန္႕က်င္တာ ေကာင္းမွန္း ေကာင္းေကာင္းသိသည္။
Cangမဟာမိတ္က ဒီလမ္းကို သူတို႕ႏွစ္ေယာက္အတြက္ပဲ သီးသန္႕ဖြင့္ေပးထားေတာ့ မဟုတ္ေပ။ မဟာမိတ္က Hu Feng ႏွင့္ Tang Hao မဆိုထားႏွင့္ သူတို႕ထက္ ပိုျမင့္ေသာသူမ်ားဆိုရင္ ဘာမွ စိတ္ထဲ ထားေနမွာမဟုတ္။
Hu Feng ႏွင့္ Tang Hao တို႕မ်က္ႏွာေတြက သူ႕ကို စိုက္အၾကည့္မွာ တဖ်တ္ဖ်တ္လက္ေနသည္။
သူတို႕ေတြ You XiaoMo ကို ေအာ္ဖုိ႕ လုပ္ေနတုန္းမွာ ဂိတ္မွာရွိေသာ လူလတ္ပုိင္းအေစာင့္က စကားေျပာလာသည္။
“သခင္ေလးHu သခင္ေလးTang ဒီလူၾကီးမင္း ေျပာတာ မွန္ပါတယ္။ သခင္ေလးတို႕ ၀င္ဖုိ႕ အစီအစဥ္မရွိရင္ ေနရာဖယ္ေပးသင့္တယ္။ သခင္ေလးတို႕ ႏွစ္ေယာက္ ပိတ္ေနတာနဲ႕ အျပင္မွာ လူအုပ္ၾကီးကို ဆို႕ထားသလို ျဖစ္ေနလိမ့္မယ္။ ေလလံပြဲသာ ေႏွာင့္ေႏွးသြားရင္ သခင္ေလးတို႕ ႏွစ္ေယာက္ တာ၀န္လုိ႕ပဲ ကၽြန္ေတာ္က မွတ္ယူရလိမ့္မယ္”
Hu Feng ႏွင့္ Tang Haoတို႕ မ်က္ႏွာမ်ားက ေဖ်ာ့သြားကာ သူ႕စကားသံ ၾကားရသည္ႏွင့္ တစ္ျပိဳင္နက္ စိမ္းဖန္႕သြားသည္။
ဒီလူကိုေတာ့ သူတုိ႕ You XiaoMo ကို ေျပာသလုိ မေျပာႏိုင္ေပ။ ျပီးေတာ့ ဒီလူလတ္ပိုင္း လူက Cangမဟာမိတ္ကို ကုိယ္စားျပဳသည္။
“လူၾကီးမင္း ေျပာသမွ်က မွန္ေနတာပါပဲ ကၽြန္ေတာ္တို႕က အခုသြားေတာ့မွာပါ” Tang Hao က ကို႕ယို႕ကားယားႏွင့္ ဆိုသည္။
သူက You XiaoMo တစ္ခ်က္ ဟြန္႕ခနဲ ျပဳကာ ေအးစက္စက္လဲ ၾကည့္လုိက္သည္။ ေသခ်ာေပါက္ကို လူလတ္ပိုင္း လူၾကီးဆီမွာ အထင္အျမင္ေသးခံရတာကို You XiaoMo ထံသို႕ ပံုခ်ေပျပီ။ Tang Hao က ေလလံခန္းမထဲကို သူ႕လူအတြဲလုိက္ ေခၚကာ ၀င္သြားသည္။ Hu Fengကလဲ You XiaoMo ကို မၾကည္ၾကည့္ ၾကည့္ကာ သူ႕ကုိယ္ရံေတာ္ ႏွစ္ေယာက္ႏွင့္ သိပ္မၾကာခင္ပဲ ၀င္သြားသည္။
အခ်ိန္တိုေလး အတြင္းမွာ အင္အားၾကီးေသာ လူႏွစ္ေယာက္ကို အာခံထားတာ မဟုတ္သလုိပဲ နည္းနည္းေလးေတာင္ ဖိအားျဖစ္မသြားေပ။ သူတို႕ကသာ အျခားသူေတြကို မထီမဲ့ျမင္ျပဳကာ စိတ္ထားေသးၾကသူေတြ ျဖစ္သည္။
သူ႕အစား ေခၽြးေစးမ်ား ပ်ံေနသူမွာ DuanMu Qing ျဖစ္သည္။ သူတုိ႕ ေလလံခန္းမထဲ ၀င္ျပီးေတာ့ သူက You XiaoMo ကို အျမန္လွမ္းဆြဲလုိက္သည္။
“ေက်းဇူးရွင္ေရ အဲဒါက မေကာင္းလွဘူး”
“ဘာက မေကာင္းတာလဲ” You XiaoMo မွာ DuanMu Qing လွမ္းဆြဲလုိက္ေတာ့ မရပ္လုိ႕ မရေတာ့။
DuanMu Qing က အလ်င္စလုိ ရွင္းျပသည္ “အေစာက ၀င္သြားတဲ့ ႏွစ္ေယာက္က ကၽြန္ေတာ္ မေန႕ကေတာင္ ေျပာျပမိေသးတယ္ေလ သူတို႕က တိုက္မၾကီးေတာင္ပိုင္းက အဖြဲ႕လူေတြ။ အစ္ကို သူတုိ႕ကို ဆန္႕က်င္တာကို သူတို႕က ေသခ်ာေပါက္ ဒီအတိုင္းထားမွာ မဟုတ္ဘူး ”
တုိက္မၾကီးေတာင္ပိုင္းကဟုတ္လား တုိက္ဆိုင္လုိက္ေလျခင္းေနာ္
“စိတ္မပူပါနဲ႕ ငါတို႕က ေနာက္ရက္နည္းနည္းေနရင္ Bei Dong ကေန ထြက္သြားေတာ့မွ။ သူတို႕နယ္ေျမထဲ ငါတို႕သြားရင္ေတာင္ တုိက္မၾကီးေတာင္ပိုင္းက အရမ္းက်ယ္တာ မေတြ႕ႏိုင္ေလာက္ပါဘူး” You XiaoMo ေျပာလိုက္သည္။ သူတို႕ ေတြ႕ခဲ့ရင္ေတာင္ သူတို႕ ရုပ္ေျပာင္းလုိက္လုိ႕ရတယ္ေလ။ သူႏွင့္ Ling Xiao ကို ျပဒါးေသြးနီမ်ိဳးႏြယ္ကလူမ်ား မမွတ္မိေစရန္ တုိက္မၾကီးေတာင္ပိုင္းကို ေရာက္ရင္ အဲလို လုပ္ဖုိ႕ စီစဥ္ထားျပီးသား ျဖစ္သည္။
“ဒါေပမယ့္ အကယ္လို႕….” DuanMu Qingက တစ္ခုခုေတာ့ ဆက္ေျပာခ်င္ေသးသည္ သို႕ေသာ္ You XiaoMo ႏွင့္ Ling Xiao က ၀င္ေပါက္ေလးထဲကို ၀င္သြားျပီးျဖစ္သည္။ သူက အေနာက္ကသာ လုိက္ရေတာ့သည္။
Goshawkေလလံခန္းမက ေတာ္ေတာ့္ကို ၾကီးကာ ဧရာမငွက္ၾကီးတစ္ေကာင္၏ အသိုက္လုိပင္။ ေလလံခန္းက က ေျမေအာက္ထဲကို နိမ့္သြားကာ ထုိင္ခံုမ်ားကို အတန္းလုိက္ အဆင့္မ်ားႏွင့္ ခြဲထားသည္။ ထိပ္ဆံုးမွာေတာ့ အဖြဲ႕တစ္ခုစီအတြက္ မတူညီေသာ အခန္းေပါင္းမ်ားစြာ ျပင္ဆင္ထားသည္။ အခန္းတိုင္းကို ဖိတ္ၾကားလႊာမွာ ပါေသာ နံပါတ္အတိုင္း ေနရာခ်ထားေပးသည္။
DuanMu မိသားစု သူတို႕ကို ေပးေသာ အနက္ေရာင္ဖိတ္ၾကားလႊာက အခန္းတစ္ခန္းအတြက္ ျဖစ္သည္။ လူတိုင္းက သူတုိ႕ကိုယ္ပုိင္သီးသန္႕ေနဖုိ႕ကို လိုအပ္ေတာ့ သူတို႕ကို အခန္းသီးသန္႕တစ္ခန္း ေပးလုိက္သည္။ You XiaoMo ႏွင့္ Ling Xiao ကို အခန္းထဲကို ဦးေဆာင္ျပေပးျပီးေနာက္ DuanMu Qing က ေဘးက အခန္းထဲကို သြားလိုက္သည္။
အခန္းမ်ားက ဘက္ေပါင္းစံု ေဖာက္ထြင္းျမင္ရတာမို႕ ေဘးအခန္းက DuanMuမိသားစုက လူမ်ားကုိလဲ ရွင္းရွင္းလင္းလင္း ျမင္ရသည္။ သူ အထဲ၀င္သြားေတာ့ DuanMu Qing က သူႏွင့္ တူေသာ လူလတ္ပိုင္းလူတစ္ေယာက္၏ နားကုိ ကပ္ကာ တစ္ခုခု ေျပာတာ ျမင္ႏိုင္သည္။ လူလတ္ပိုင္းလူက ဘာေျပာသလဲ မေသခ်ာေပမယ့္ DuanMu Qingမ်က္ခံုးမ်ားက သူကစကားမ်ားေနာက္မွာ တြန္႕ခ်ိဳးသြားေလသည္။
You XiaoMo က ဥာဏ္ရည္အရာမွာ အကန္႕အသတ္ရွိခ်င္ရွိမည္ သို႕ေသာ္ သူတုိ႕ ဘာေတြ ေျပာေနသလဲ ဆိုတာ ခန္႕မွန္းႏိုင္ေသးသည္။ အျဖစ္ႏိုင္ဆံုးက အေစာက အျပင္မွာ ျဖစ္သြားတာပဲ ရွိသည္။ Dao Yun သည္လည္းပဲ You XiaoMo ေဘးနားက ခံုကို သြားထုိင္ဖို႕ ဦးတည္ခ်ိန္မွာ အဲဒါကို သူလဲ သတိထားမိသည္။ ရုတ္တရက္ သူ႕ကို သူကကို တစ္ေယာက္ေယာက္ စိုက္ၾကည့္ေနမွန္း သတိထားမိသြားသည္။ သူေခါင္းလဲ လွည့္ၾကည့္လုိက္ေရာ Ling Xiao က ဘာအမူအယာမွ မရွိပဲ သူ႕ကို ၾကည့္ေနတာ ျဖစ္ေနသည္။
Dao Yun မွာ သူ႕ေက်ာရိုးတစ္ေလွ်ာက္ ၾကက္သီးေမြးညင္းမ်ား ထသြားေတာ့သည္။ ထုိင္တစ္၀က္ ျဖစ္ေနေသာ သူ႕ကိုယ္ခႏၶာကို သူ ျပန္မတ္ျပီး တစ္ခ်က္ ဟီးခနဲ ရယ္ကာ ေဘးခံုတစ္ခံုကို ေျပာင္းလုိက္သည္။
“ေရာင္းရင္းYou, သူတို႕ေတြ ေရာင္းရင္းကို ကလဲ့စားေခ်မွာ တကယ္ စိတ္မပူဘူးလား? အဲဒိႏွစ္ေယာက္က သာမန္မဟုတ္ဘူးလုိ႕ ထင္တယ္” You XiaoMo ရဲ႕ စိတ္လႈပ္ရွားေနေသာ အမူအယာျမင္ေတာ့ သူမေမးပဲ မေနႏိုင္ ေတာ့ေပ။
သူ႕အေမးစကား ၾကားေတာ့ You XiaoMo က Ling Xiao ပခံုးေပၚကို မွီကာ မသိလုိက္မသိဘာသာပဲ “ငါ လုပ္လုိ႕ ရတာမွာ မရွိေတာ့တာ။ ငါက အာခံျပီးသြားျပီေလ”
ဒီလို အရာမ်ိဳးကုိ ေပါ့ေပ့ါပါးပါးပဲ ေျပာထြက္တာမို႕ You XiaoMo ကို Dao Yun ေလးစားသြားသည္။
သူ႕ရဲ႕ ေလ့လာစူးစမ္းမႈ အရဆိုလွ်င္ ထိုႏွစ္ေယာက္ တိုက္မၾကီးေတာင္ပိုင္းက အင္အားၾကီးအဖြဲ႕ကာ ျဖစ္ဖုိ႕မ်ားသည္။ သူတုိ႕ေခၚလာေသာ ကိုယ္ရံေတာ္မ်ားကတစ္ခ်က္ ေနာက္တစ္ခ်က္ကေတာ့ သူတို႕အ၀တ္အစားမ်ား အရျဖစ္သည္။ သာမာန္ ေစ်းၾကီးေသာ အ၀တ္အစားမ်ားေၾကာင့္ ခ်ည္းပဲလဲ မဟုတ္။ သူတုိ႕သံုးထားေသာ တန္ဆာပလာမ်ားက အလြန္တန္ဖိုးၾကီးလွကာ သာမာန္အဖြဲ႕တစ္ခုက တတ္ႏိုင္ေသာ အတိုင္းအတာမ်ား မဟုတ္ၾက။
သံသယေတာင္ ရွိစရာ မလို ဒီႏွစ္ေယာက္ ခ်မ္းသာျပီး အင္အားၾကီးေသာ သူမ်ား ျဖစ္ရမည္။
သူတို႕ ေျပာေနတုန္းမွာ သူတို႕ မ်က္ႏွာခ်င္းဆုိင္က အခန္းကို You XiaoMo လွမ္းျမင္လုိက္သည္။ အဲဒါက Hu Feng ႏွင့္ Tang Hao တို႕ အခန္း ျဖစ္သည္။ မွန္လို နံရံႏွစ္ခုကို ေဖာက္ထြင္းျပီးေတာ့ေတာင္ သူတုိ႕မ်က္လံုးမ်ား ၀င္း၀င္းေတာက္ေနတာ You XiaoMo ျမင္ႏိုင္ေသးသည္။
You XiaoMo ရင္ေတြ ခုန္ကာ သူတုိ႕ကို ေျပာင္ေျပာင္တင္းတင္းပဲ တစ္ခ်က္ျပံဳးျပလိုက္သည္။
ထင္ထားသလုိပဲ ဒီႏွစ္ေယာက္လံုး စိတ္ဆိုးေနတာပဲ။
Unicode
Chapter 385: Two Young People
အခန်း ၃၈၅ လူငယ် နှစ်ယောက်
နောက်တစ်ရက် အစောပိုင်းတွင် Tian Xiangမြို့တော်ရှိ လမ်းမများတွင် လူအုပ်ကြီး ပေါ်လာသည်။ လူအများစုက တူညီသော အရပ်မျက်နှာကို ဦးတည်နေသည်။ သူတို့ ဦးတည်သော နေရာက Cang မဟာမိတ်က ဦးစီးကျင်းပသော Goshawkလေလံခန်းမ ကိုပဲ ဖြစ်သည်။
DuanMu Qing က ကောင်းကင်မှာ အလင်းပေါ်ချိန်ကတည်းက မြင်းလှည်းတစ်စင်း ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက You XiaoMo နှင့် သူတွေကို တစ်ပါတည်း ခေါ်သွားပြီးတော့ တည်းခိုခန်းကနေ အမြန်အဆန် ထွက်သွားကြသည်။ အဲဒိနောက် သိပ်မကြာခင်မှာပင် Goshawkလေလံခန်းမ အဓိက၀င်ပေါက်တွင် ဇိမ်ခံလှည်းကြီးတစ်စင်း ရပ်တန့်သွားသည်။ အဲဒါက You XioaMo နှင့် Ling Xiao တို့ မနေ့က ဖြတ်သွားသော လေလံခန်းမပဲ ဖြစ်သည်။
လေလံခန်းမရှေ့ အပေါက်များစွာ အပြင်ဘက်က ဗလာကျင်းနေသော နေရာမှာတေ့ အခုတော့ ပွတ်သိပ်နေသည်။ လမ်းမကျယ်ကြီး တစ်လျှောက်မှာ အရွယ်ပေါင်းစုံ လှည်းအိမ်များစွာ ရပ်တန့်ထားသည်မှာ လူတစ်ယောက်က တစ်လက်မလောက် ရွေ့အောင် လုပ်ဖို့ ဆိုတာ ခက်ခဲလှသည်။ Bei Dong၏ လူဦးရေက အခြားနေရာများနှင့် အများကြီး မနှိုင်းယှဉ်နိုင်ပေမယ့် လေလံခန်းမကတော့ ကြီးမားလှသည်ဟုတော့ သူပြောနိုင်သေးသည်။
လှည်းအိမ်ထဲက အပြင်ထွက်လာတော့ You XiaoMo နှင့် ကျန်သည့်သူများက အဓိက၀င်ပေါက်ကြီးဘေးနားက အပေါက်သေးလေးနားကို ရောက်ဖို့ နည်းနည်းတော့ လမ်းလျှောက်ရသေးသည်။ အပေါက်သေးလေးက အရေးကြီးပုဂ္ဂိုလ်များ အ၀င်အထွက်သီးသန့်သာ ဖြစ်ကာ Bei Dong မှ အင်အားကြီးသူများသာ သီးသန့်ဖြတ်သန့်ခွင့် ရနိုင်ပေသည်။
အဓိက၀င်ပေါက်ကြီးရှေ့က များပြား ဆူညံနေသော လူအုပ်ကြီးနှင့် ယှဉ်လျှင် အပေါက်ဝ အသေးရှေ့က ပိုပြီး တိတ်ဆိတ်ကာ လူလဲ ရှင်းသည်။ အတော်ကြီးကြာမှသာ အင်အားကြီး ထင်ရှားသောအဖွဲ့တစ်ဖွဲ့ အဆိုပါ အပေါက်လေးကနေ ၀င်သွားတာ ဖြစ်သည်။ တံခါးကို စောင့်နေသော အသက်လတ်ပိုင်း လူက မာနထောင်လွှားခြင်းလဲ မရှိသလို မထင်မဲ့မြင်ပြုခြင်းလဲ မရှိ သူတို့နဲ့ မဆိုင်သလိုပဲ ရှိနေသည်။
သူတို့တွေ တံခါးကနေ ၀င်ခါနီးတွင် လူအချို့ ရုတ်တရတ်ပေါ်လာကာ သူတို့တွေကို ကြားဖြတ်လိုက်သည်။ တကယ်တော့ ဒီလူစု နှစ်စုလုံးက တစ်ချိန်တည်းမှာပင် အပေါက်သေးလေးကို ဦးတည်နေတာ ဖြစ်သည်။
အပေါက်သေးလေးက တစ်ကြိမ်တွင် နှစ်ယောက်သာ ယှဉ်ဝင်နိုင်သည်။ ဒါတောင် နှစ်ဖက်စလုံးက လူများက အရင်ဝင်ချင်နေသူချည်းများပင်။ ရလဒ်ကတော့ နှစ်စုလုံးက အပေါက်အပြင်မှာ ညပ်နေတာနှင့် အဆုံးသတ်သွားသည်။ လေတိုးသံ တစ်ချက်က တင်းမာမှုများကို အက်ကွဲသွားစေသည်။ လေထဲမှာလဲ ယမ်းနံ့တွေတောင် ထွက်နေသလိုပင်။
“Tang Hao မင်းပဲ” ပြောလိုက်သော သူကတော့ ဘယ်ဘက်မှ လာသော လူငယ်လေးတစ်ယောက်ဖြစ်ကာ အသက်နှစ်ဆယ့်ငါးဝန်းကျင်လောက်သာ ရှိလိမ့်မည်။ သို့သော်လည်း Tong Tian တိုက်မကြီးမှာက လူတစ်ယောက်၏ အသွင်အပြင်ကို ကြည့်ပြီး အသက်ကို ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ အသက်ငယ်သည်ဟု ထင်ရသူများက အသက်တစ်ထောင်တောင် ကျော်နေတတ်သည်။
လူငယ်၏ အနောက်မှာတော့ အစွမ်းရှိပုံရသော လူနှစ်ဦး ပါလာသည်။ သူတို့တွေ၏ အသွင်အပြင်အရတော့ တစ်ယောက်က အနည်းဆုံး ဧကရာဇ်အဆင့် ဖြစ်ကာ အခြားတစ်ယောက်ကတော့ အင်ပါယာအဆင့် ဖြစ်လိမ့်မည်။ သူတို့ နှစ်ဦးက ဒီလူငယ်၏ သက်တော်စောင့် ဖြစ်ပုံရသည်။ အင်အားကြီးသူ နှစ်ယောက်၏ အကာအကွယ်ပေးမှုကို ရှိသည်ဆိုတော့ ဒီလူငယ်က သာမာန်လူတစ်ယောက်တော့ သေချာပေါက် မဖြစ်နိုင်။
Tang Hao ဟု အခေါ်ခံလိုက်သူက လူငယ်နှင့် အသက်တူလောက် ရှိမည်ပုံပေါ်ကာ သူ့ရဲ့ ယောက်ျားပီသတဲ့ အသွင်အပြင်က ကိုယ့်ကိုကိုယ် အရေးပါအရာရောက်နေဟန်တွေ ထွက်နေသည်။ တူညီစွာပင် သူ့နောက်မှာလဲ သက်တော်စောင့် နှစ်ယောက် ရှိသည်။
လူငယ်ရဲ့ စကားပြောသံကြားတာ့ Tang Hao က အေးစက်စက် တစ်ချက်ကြည့်ကာ သွားကြားထဲက လေသံနှင့် “Hu Feng မင်းပဲဖြစ်နေပြန်ပြီ။ ငါနဲ့ ထပ်ပြိုင်ချင်နေပုံရတယ်”
“ငါက ပြောရမှာပါကွာ မင်းက ငါနဲ့ ပြိုင်ချင်နေတာမလား” Hu Feng က မထီမဲ့မြင် အပြုံးတစ်ချက်ဝင့်ကာ ပြောလိုက်သည်။
Tang Hao ကလှောင်ပြောင်ကာ “မင်းလဲ အဲဒိကိစ္စနဲ့ ရောက်နေတာဆိုတော့ ငါတို့ ပဲ ပြိုင်ဆိုင်ရဖို့ များနေပြီ”
“ဒါဆိုလဲ မင်း စိတ်ဝိဥာဏ်ကျောက်တုံးတွေ လုံလုံလောက်လောက်ပြင်ထားမယ်တော့ မျှော်လင့်တာပဲ။ ငါ လေလံဆွဲတာ မြင်ရင်သာ ကြောက်ဒူးမတုန်စေနဲ့” Hu Feng၏ မျက်လုံးများက ပုံမှန်အတိုင်း ပြန်မဖြစ်ခင် အေးစက်စက်ကျောက်တုံး အသွင် ဖြစ်သွားသေးသည်။
အဲဒိအချိန်မှာပဲ အသံတစ်သံက ဘေးကနေ ထွက်လာသည် “တဆိတ်လောက် ငါတို့ကိုသွားခွင့် ပေးပါလား”
ရုတ်တရတ် ကြားဖြတ်ပြောဆိုမှုက နှစ်ဖက်စလုံးက လူတွေ အသံလာရာဆီကို တန်းကြည့်မိသွားစေကာ သူတို့တွေ့လိုက်ရတာက သိပ်မဝေးသော နေရာတွင် မတ်တပ်ရပ်နေသော အသက်ဆယ့်ရှစ် ဆယ့်ကိုးအရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ သူ့အရှိန်အ၀ါအရ ဆိုလျှင် မှော်ဆရာတစ်ယောက် ဟုပြောနိုင်သည်။ သို့သော် သူ့ဘေးက လူများထဲက တစ်ယောက်ကိုတော့ သူတို့နှစ်ယောက်လုံး နှစ်ခါပြန် သေချာကြည့်လိုက်ရသည်။
ဆယ်ကျော်သက်လေး ဘေးမှာ ရပ်နေသောအမျိုးသားက နတ်ဘုရားတစ်ပါးအသွင် ရှိသည်။ သူက အလွန်လှပသော အဖြူရောင်ကို ၀တ်ဆင်ထားကာ ပျင်းရိပျင်းတွဲပုံစံ ဖြစ်နေပေမယ့် သူ့ဘေးနားက စွမ်းအင်တွေတော့ သူတို့ ခံစားမိသည်။ သူက သူတို့ ခေါ်လာသူများထက် အင်အားကြီးပုံ ရသည်။
အဲဒါကို သိသော်လည်း နှစ်ယောက်သား မျက်မှောင်ကြုပ်သွားသည်။
“ထွက်သွားစမ်း” Hu Feng က စိတ်မရှည်လက်မရှည်နှင့် အော်ထုတ်လိုက်သည်။
You XiaoMo ကတော့ သိသိသာသာပဲ ထွက်မသွားနိုင်ပေ။ သူတို့က အချိန်တူတူရောက်တာ ဒီနှစ်ယောက်က ၀င်ပေါက်မှာ ပိတ်ကာ စကားနိုင်လုနေသည်။ သူတို့က မ၀င်ချင်လား ရတယ် ဒါပေမယ့် အခြားသူတွေ ၀င်ပစေလေ။ သူတို့ကို ယဉ်ယဉ်ကျေးကျေး လမ်းတောင်းလို့ မရတော့မှတော့ ရွေးချယ်စရာ မရှိပဲ အခြားနည်းလမ်းတစ်ခုကို သုံးရပေမည်။
“စိတ်တော့မကောင်းဘူး ငါမှတ်မိသလောက်ဆိုရင်တော့် Goshawkလေလံခန်းမက ခင်ဗျားတို့ ပိုင်တာ မဟုတ်ဘူး” You XiaoMo ပြောလိုက်သည်။
“မင်းက ထပ်ပြီး ပြောရဲသေးတယ်ပေ့ါ ကောင်စုတ်” Hu Fengပုံက ရှုံတွသွားသည်။ အဆုံးထိတောင် နားမထောင်နိုင်တော့ပဲ Tang Hao မျက်နှာကလည်း တင်းမာသွားသည်။ သူ့အသံကော ဟန်ပန်ကောက You XiaoMo ကို ကြည့်သည့်အခါ မည်းမှောင်သွားပြီးတော့ မသိလျှင် သူကအကြည့်တွေထဲကပဲ မိုးကြိုးတွေ ပစ်တော့ မယောင်ယောင်။
“ငါဘယ်နှကြိမ်ပဲ ပြောပြော အတူတူပဲ ဖြစ်နေမှာ။ မင်းတို့တွေ ၀င်ပေါက်ကို ပိတ်ထားပြီး တော့ အခြားသူတွေကို အ၀င်မခံဘူး။ ငါက ခင်ဗျားတို့ကို ဖယ်ပေးပြီးတော့ ငါတို့ကို ၀င်ခွင့်ပေးလို့ပြောတာ မှားသလား ဒီလမ်းက မင်းတို့အတွက် သီးသန့် Cangမဟာမိတ်က ဖွင့်ပေးထားတာလို့ ပြောရင်တော့ ငါဘာမှ မပြောဘူး” သူတို့ နှစ်ဦးမျက်နှာပေါ်က မုန်းတီးသည့်အကြည့်များကို မမြင်သလိုပင် You XiaoMo က အမုန်းစကားများကို ကွေ့ဝိုက်ပြီး ပြောဆိုလိုက်သည်။ အခြားသော နှစ်ယောက်တောင် သူ့ကို ပြန်မချေပနိုင်။ Ling Xiao Ling Xiao
အနောက်က အဖွဲ့မှာ ပါလာသော DuanMu Qingက သူ့ကိုတားဖို့တောင် အချိန်မရှိတော့။ You XiaoMo ပြောတာ ကြားပြီးတော့ Tang Hao နှင့် Hu Feng တို့ အမူအယာတွေက မည်းမှောင်သွားကာ ဒီအခြေအနေကတော့ ပိုဆိုးသွားမည်ဆိုတာ သူပြောနိုင်သည်။ သူက ဒီနှစ်ယောက်က ဘယ်သူမှန်း သိနေတာမို့ သူတို့ကို မဆန့်ကျင်တာ ကောင်းမှန်း ကောင်းကောင်းသိသည်။
Cangမဟာမိတ်က ဒီလမ်းကို သူတို့နှစ်ယောက်အတွက်ပဲ သီးသန့်ဖွင့်ပေးထားတော့ မဟုတ်ပေ။ မဟာမိတ်က Hu Feng နှင့် Tang Hao မဆိုထားနှင့် သူတို့ထက် ပိုမြင့်သောသူများဆိုရင် ဘာမှ စိတ်ထဲ ထားနေမှာမဟုတ်။
Hu Feng နှင့် Tang Hao တို့မျက်နှာတွေက သူ့ကို စိုက်အကြည့်မှာ တဖျတ်ဖျတ်လက်နေသည်။
သူတို့တွေ You XiaoMo ကို အော်ဖို့ လုပ်နေတုန်းမှာ ဂိတ်မှာရှိသော လူလတ်ပိုင်းအစောင့်က စကားပြောလာသည်။
“သခင်လေးHu သခင်လေးTang ဒီလူကြီးမင်း ပြောတာ မှန်ပါတယ်။ သခင်လေးတို့ ၀င်ဖို့ အစီအစဉ်မရှိရင် နေရာဖယ်ပေးသင့်တယ်။ သခင်လေးတို့ နှစ်ယောက် ပိတ်နေတာနဲ့ အပြင်မှာ လူအုပ်ကြီးကို ဆို့ထားသလို ဖြစ်နေလိမ့်မယ်။ လေလံပွဲသာ နှောင့်နှေးသွားရင် သခင်လေးတို့ နှစ်ယောက် တာဝန်လို့ပဲ ကျွန်တော်က မှတ်ယူရလိမ့်မယ်”
Hu Feng နှင့် Tang Haoတို့ မျက်နှာများက ဖျော့သွားကာ သူ့စကားသံ ကြားရသည်နှင့် တစ်ပြိုင်နက် စိမ်းဖန့်သွားသည်။
ဒီလူကိုတော့ သူတို့ You XiaoMo ကို ပြောသလို မပြောနိုင်ပေ။ ပြီးတော့ ဒီလူလတ်ပိုင်း လူက Cangမဟာမိတ်ကို ကိုယ်စားပြုသည်။
“လူကြီးမင်း ပြောသမျှက မှန်နေတာပါပဲ ကျွန်တော်တို့က အခုသွားတော့မှာပါ” Tang Hao က ကို့ယို့ကားယားနှင့် ဆိုသည်။
သူက You XiaoMo တစ်ချက် ဟွန့်ခနဲ ပြုကာ အေးစက်စက်လဲ ကြည့်လိုက်သည်။ သေချာပေါက်ကို လူလတ်ပိုင်း လူကြီးဆီမှာ အထင်အမြင်သေးခံရတာကို You XiaoMo ထံသို့ ပုံချပေပြီ။ Tang Hao က လေလံခန်းမထဲကို သူ့လူအတွဲလိုက် ခေါ်ကာ ၀င်သွားသည်။ Hu Fengကလဲ You XiaoMo ကို မကြည်ကြည့် ကြည့်ကာ သူ့ကိုယ်ရံတော် နှစ်ယောက်နှင့် သိပ်မကြာခင်ပဲ ၀င်သွားသည်။
အချိန်တိုလေး အတွင်းမှာ အင်အားကြီးသော လူနှစ်ယောက်ကို အာခံထားတာ မဟုတ်သလိုပဲ နည်းနည်းလေးတောင် ဖိအားဖြစ်မသွားပေ။ သူတို့ကသာ အခြားသူတွေကို မထီမဲ့မြင်ပြုကာ စိတ်ထားသေးကြသူတွေ ဖြစ်သည်။
သူ့အစား ချွေးစေးများ ပျံနေသူမှာ DuanMu Qing ဖြစ်သည်။ သူတို့ လေလံခန်းမထဲ ၀င်ပြီးတော့ သူက You XiaoMo ကို အမြန်လှမ်းဆွဲလိုက်သည်။
“ကျေးဇူးရှင်ရေ အဲဒါက မကောင်းလှဘူး”
“ဘာက မကောင်းတာလဲ” You XiaoMo မှာ DuanMu Qing လှမ်းဆွဲလိုက်တော့ မရပ်လို့ မရတော့။
DuanMu Qing က အလျင်စလို ရှင်းပြသည် “အစောက ၀င်သွားတဲ့ နှစ်ယောက်က ကျွန်တော် မနေ့ကတောင် ပြောပြမိသေးတယ်လေ သူတို့က တိုက်မကြီးတောင်ပိုင်းက အဖွဲ့လူတွေ။ အစ်ကို သူတို့ကို ဆန့်ကျင်တာကို သူတို့က သေချာပေါက် ဒီအတိုင်းထားမှာ မဟုတ်ဘူး ”
တိုက်မကြီးတောင်ပိုင်းကဟုတ်လား တိုက်ဆိုင်လိုက်လေခြင်းနော်
“စိတ်မပူပါနဲ့ ငါတို့က နောက်ရက်နည်းနည်းနေရင် Bei Dong ကနေ ထွက်သွားတော့မှ။ သူတို့နယ်မြေထဲ ငါတို့သွားရင်တောင် တိုက်မကြီးတောင်ပိုင်းက အရမ်းကျယ်တာ မတွေ့နိုင်လောက်ပါဘူး” You XiaoMo ပြောလိုက်သည်။ သူတို့ တွေ့ခဲ့ရင်တောင် သူတို့ ရုပ်ပြောင်းလိုက်လို့ရတယ်လေ။ သူနှင့် Ling Xiao ကို ပြဒါးသွေးနီမျိုးနွယ်ကလူများ မမှတ်မိစေရန် တိုက်မကြီးတောင်ပိုင်းကို ရောက်ရင် အဲလို လုပ်ဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။
“ဒါပေမယ့် အကယ်လို့….” DuanMu Qingက တစ်ခုခုတော့ ဆက်ပြောချင်သေးသည် သို့သော် You XiaoMo နှင့် Ling Xiao က ၀င်ပေါက်လေးထဲကို ၀င်သွားပြီးဖြစ်သည်။ သူက အနောက်ကသာ လိုက်ရတော့သည်။
Goshawkလေလံခန်းမက တော်တော့်ကို ကြီးကာ ဧရာမငှက်ကြီးတစ်ကောင်၏ အသိုက်လိုပင်။ လေလံခန်းက က မြေအောက်ထဲကို နိမ့်သွားကာ ထိုင်ခုံများကို အတန်းလိုက် အဆင့်များနှင့် ခွဲထားသည်။ ထိပ်ဆုံးမှာတော့ အဖွဲ့တစ်ခုစီအတွက် မတူညီသော အခန်းပေါင်းများစွာ ပြင်ဆင်ထားသည်။ အခန်းတိုင်းကို ဖိတ်ကြားလွှာမှာ ပါသော နံပါတ်အတိုင်း နေရာချထားပေးသည်။
DuanMu မိသားစု သူတို့ကို ပေးသော အနက်ရောင်ဖိတ်ကြားလွှာက အခန်းတစ်ခန်းအတွက် ဖြစ်သည်။ လူတိုင်းက သူတို့ကိုယ်ပိုင်သီးသန့်နေဖို့ကို လိုအပ်တော့ သူတို့ကို အခန်းသီးသန့်တစ်ခန်း ပေးလိုက်သည်။ You XiaoMo နှင့် Ling Xiao ကို အခန်းထဲကို ဦးဆောင်ပြပေးပြီးနောက် DuanMu Qing က ဘေးက အခန်းထဲကို သွားလိုက်သည်။
အခန်းများက ဘက်ပေါင်းစုံ ဖောက်ထွင်းမြင်ရတာမို့ ဘေးအခန်းက DuanMuမိသားစုက လူများကိုလဲ ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူ အထဲဝင်သွားတော့ DuanMu Qing က သူနှင့် တူသော လူလတ်ပိုင်းလူတစ်ယောက်၏ နားကို ကပ်ကာ တစ်ခုခု ပြောတာ မြင်နိုင်သည်။ လူလတ်ပိုင်းလူက ဘာပြောသလဲ မသေချာပေမယ့် DuanMu Qingမျက်ခုံးများက သူကစကားများနောက်မှာ တွန့်ချိုးသွားလေသည်။
You XiaoMo က ဥာဏ်ရည်အရာမှာ အကန့်အသတ်ရှိချင်ရှိမည် သို့သော် သူတို့ ဘာတွေ ပြောနေသလဲ ဆိုတာ ခန့်မှန်းနိုင်သေးသည်။ အဖြစ်နိုင်ဆုံးက အစောက အပြင်မှာ ဖြစ်သွားတာပဲ ရှိသည်။ Dao Yun သည်လည်းပဲ You XiaoMo ဘေးနားက ခုံကို သွားထိုင်ဖို့ ဦးတည်ချိန်မှာ အဲဒါကို သူလဲ သတိထားမိသည်။ ရုတ်တရက် သူ့ကို သူကကို တစ်ယောက်ယောက် စိုက်ကြည့်နေမှန်း သတိထားမိသွားသည်။ သူခေါင်းလဲ လှည့်ကြည့်လိုက်ရော Ling Xiao က ဘာအမူအယာမှ မရှိပဲ သူ့ကို ကြည့်နေတာ ဖြစ်နေသည်။
Dao Yun မှာ သူ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားတော့သည်။ ထိုင်တစ်ဝက် ဖြစ်နေသော သူ့ကိုယ်ခန္ဓာကို သူ ပြန်မတ်ပြီး တစ်ချက် ဟီးခနဲ ရယ်ကာ ဘေးခုံတစ်ခုံကို ပြောင်းလိုက်သည်။
“ရောင်းရင်းYou, သူတို့တွေ ရောင်းရင်းကို ကလဲ့စားချေမှာ တကယ် စိတ်မပူဘူးလား? အဲဒိနှစ်ယောက်က သာမန်မဟုတ်ဘူးလို့ ထင်တယ်” You XiaoMo ရဲ့ စိတ်လှုပ်ရှားနေသော အမူအယာမြင်တော့ သူမမေးပဲ မနေနိုင် တော့ပေ။
သူ့အမေးစကား ကြားတော့ You XiaoMo က Ling Xiao ပခုံးပေါ်ကို မှီကာ မသိလိုက်မသိဘာသာပဲ “ငါ လုပ်လို့ ရတာမှာ မရှိတော့တာ။ ငါက အာခံပြီးသွားပြီလေ”
ဒီလို အရာမျိုးကို ပေါ့ပေ့ါပါးပါးပဲ ပြောထွက်တာမို့ You XiaoMo ကို Dao Yun လေးစားသွားသည်။
သူ့ရဲ့ လေ့လာစူးစမ်းမှု အရဆိုလျှင် ထိုနှစ်ယောက် တိုက်မကြီးတောင်ပိုင်းက အင်အားကြီးအဖွဲ့ကာ ဖြစ်ဖို့များသည်။ သူတို့ခေါ်လာသော ကိုယ်ရံတော်များကတစ်ချက် နောက်တစ်ချက်ကတော့ သူတို့အ၀တ်အစားများ အရဖြစ်သည်။ သာမာန် ဈေးကြီးသော အ၀တ်အစားများကြောင့် ချည်းပဲလဲ မဟုတ်။ သူတို့သုံးထားသော တန်ဆာပလာများက အလွန်တန်ဖိုးကြီးလှကာ သာမာန်အဖွဲ့တစ်ခုက တတ်နိုင်သော အတိုင်းအတာများ မဟုတ်ကြ။
သံသယတောင် ရှိစရာ မလို ဒီနှစ်ယောက် ချမ်းသာပြီး အင်အားကြီးသော သူများ ဖြစ်ရမည်။
သူတို့ ပြောနေတုန်းမှာ သူတို့ မျက်နှာချင်းဆိုင်က အခန်းကို You XiaoMo လှမ်းမြင်လိုက်သည်။ အဲဒါက Hu Feng နှင့် Tang Hao တို့ အခန်း ဖြစ်သည်။ မှန်လို နံရံနှစ်ခုကို ဖောက်ထွင်းပြီးတော့တောင် သူတို့မျက်လုံးများ ၀င်းဝင်းတောက်နေတာ You XiaoMo မြင်နိုင်သေးသည်။
You XiaoMo ရင်တွေ ခုန်ကာ သူတို့ကို ပြောင်ပြောင်တင်းတင်းပဲ တစ်ချက်ပြုံးပြလိုက်သည်။
ထင်ထားသလိုပဲ ဒီနှစ်ယောက်လုံး စိတ်ဆိုးနေတာပဲ။