သို့....(completed)
Door KhunSat001
211K 11.7K 269
မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... Meer
သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)
Part-16
2.8K 197 3
Door KhunSat001
သို့.....
အပိုင်း၁၆
လွန်းသာ ကိုကိုနဲ့အမေ ပြန်လာတော့ဖြစ်တာကြောင့် ညစာစားဖို့ ချက်ပြုတိနေရတော့သည်။ သီချင်းလေးတညည်း ညည်းနဲ့ သီဆိုနေတာကာ ဟင်းကိုချက်ပြုတ်နေမိသည်။
" ငွေဇင်ယော တောင်တံတိုင်း ပိုင်းခြားထားစမ်းပါ....ချစ်သူအတွက်ဆို အပြေးလာခဲ့မယ်...."
အဆိုရှင်ကြီး တက္ကသိုလ်လတ်လတ်ရဲ့ သီချင်းကို အသံကုန်ဟစ်ကာ လှီးဖြတ်သင့်သော အသားငါးတို့ကို ခုတ်ထစ်နေရမိသည်။ ဟင်းတွေချက်ပြုတ်ပြီးတော့လည်း စားပွဲမှာ ပြင်ဆင်နေရင်းဖြင့် နောက်သီချင်းတစ်ပုဒ်ကို ဟစ်ကြွေးနေမိတော့ပြန်သည်။
"မောင်ပြန်လာရင် အဆင်သင့်စားဖို့ရယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှတယ်....အယ့်....မောင်တဲ့....ခ်ခ်ခ်...."
မောင်တဲ့....တစ်ယောက်တည်းတွေးရင်းလွန်းသာ မောင်ဆိုသော နာမ်စားကို အူယားနေမိတော့သည်။ မောင်လို့ခေါ်ဖို့လည်း မိမိမှာ မိန်းမမဟုတ် ယောက်ကျားလေးသာ ဖြစ်သည်။ ခေါ်လို့ရရင်လည်း ချစ်သူတွေမှ မဖြစ်သေးတာ ဘယ်လိုခေါ်မတုံး။ လွန်းသာနဲ့ လွန်းအတိတ်အဖြစ်ဟာ တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင်နေတာ သိကျပါလျက် ဖွင့်ပြောပြကျတဲ့ အနေအထားဖြစ်နေကျသည်။
လွန်းသာ ပစ္စည်းတွေသိမ်းရင်း ဖန်ခွက်တစ်ခွက်ကို လက်နဲ့တိုက်မိသွားခဲ့သည်။
"ခွမ်းးးး..."
"အမေ့...."
ဖန်ခွက်ကျကွဲတဲ့ အသံက လွန်းသာအတွက် မိုးခြိမ်းသံလို ကျယ်လှောင်သွားကာ နားစည်ပင် ပွင့်မတတ် ဖြစ်သွားရရသည်။ ရင်တွေလည်း အဆမတန်ခုန်နေကာ မောဟိုက်လာရတော့သည်။
"မောလိုက်တာ...ငါ့နှယ့်... ဖန်ခွက်ကွဲတာ... အဲ့လောက်လန့်စရာလား..."
လွန်းသာ မိမိရင်ဘက်ကို မိမိဖိရင်း နားနေကာ မိမိအိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ခေါင်းအုံးအောက်က ကိုကိုအတွက်ရည်ရွယ်တဲ့စာရယ် အမေ့အတွက်ရည်ရွယ်တဲ့ စာပွဲပေါ်ကစာရယ် နှစ်ခုလုံးကို ကိုင်လိုက်ကာရင်ဝယ်ပိုက်ရင်း ပြုံးနေမိသည်။
ကိုယ့်ချစ်တဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးသော သာမှာ မေတ္တာတွေပါသလို ပီတိ့တွေလည်းပါသည်။ ကိုယ့်စာကို ဖတ်တဲ့ အချိန် ဖြစ်တည်လာမယ့် သူတို့မျက်နာတွေက ဘယ်လိုများဖြစ်နေမလဲဆိုတာ တွေးမိတိုင်းရင်ခုန်ရသည်။
"မေမေဆို ငါ့သားလေးက စာတွေအဖွဲ့တော်လိုက်တာ"လို့ ချီးမွန်းမလား ဒါမှမဟုတ် "နင်ဟာလေ စာရွက်တွေကို ဖြုန်းတိီးနေတယ် သစ်ပင်တွေကို သနားပါအုံးဟဲ့"ဆူနေမလား လွန်းသာ သိချင်မိသည်။ ဘာပဲဖြစ်ဖြစ် အမေ့အတွက် ရည်ရွယ်ပြီး ရေးသော စာလေးမို့ အမေ့ဖတ်လိုက်ရင်ကို လွန်းသာ ကျေနပ်နေမိသူ ဖြစ်သည်။
ကိုကိုအတွက်စာကတော့ ကိုကိုဖတ်နေတဲ့ ပုံစံကို ရဲတင်းစွာ ကြည့်ဖို့ပင် ရှက်လှသည်မျက်နာပူလှသည်။ ဘာလို့လဲဆိုတော့ ဒီစာလေးထဲ ကိုကို့ကို ဘယ်လောက်လွမ်းကြောင်း သီကုံးထားလို့ဖြစ်သည်။ ထို့အပြင် လွန်းသာရဲ့ ပထမဆုံးသော ချစ်ခွင့်ပန်သောသူမှာ ယောက်ကျားပျိုတစ်ယောက် ဖြစ်နေပြီး သူဟာကိုကို ဖြစ်နေသောကြောင့် ပိုလို့ပင် ရှက်ရွံနေမိသည်။ ကိုကိုသည် လွန်းသာ အချစ်ကို လက်ခံပေါ့မလား။ ဟိုတစ်ခါက မူးပြီးချစ်တယ်လည်းပြောတယ် အိပ်နေတုံးကလည်း ခနခနပါးကိုနမ်းတာ လွန်းသာ သိနေမိသည်။ ထို့ကြောင့် ကိုကိုရဲ့အဖြေဟာ ချစ်ပါတယ်လို့ ဖြေမှာကြိုသိနေပေမယ့် လွန်းသာရှက်ပြီးရင်းရှက်နေရတော့သည်။
"တီးးးး...တီးးးး....တီးးးး...."
လွန်းသာ အိမ်ရှေ့ခန်းမှ ထားထားတဲ့ မိမိဖုန်းလာနေတာကြောင့် စာတွေကို သူ့နေရာသူပြန်ထားကာ အမြန်အိပ်ခန်းထဲကနေ ထွက်လာခဲ့သည်။အမေတို့များ ဖုန်းဆက်တာလားဆိုတဲ့ အတွေးနဲ့ အမြန်ကို ဖုန်းရှိရာသို့ ပြေးလာခဲ့မိသည်။ ဖုန်းကိုကောက်ကိုင်လိုက်ကာ လျှင်မြန်တတ်ကြွသောအသံဖြင့်
"ကိုကိုတို့ ရွာထဲရောက်ပြီလား လွန်းလာကြိုမယ်...."
စကားတွေတောင် မဆုံးသေး တစ်ဖက်က ပြောလိုက်တဲ့ စကားကြောင့် လွန်းသာနူတ်မှ ထွက်လာသောစကားတို့ဟာ တစ်ဝက်တစ်ပြတ်နဲ့ လေထဲပျောက်ကွယ်သွားတော့သည်။
"ဒေါက်...ဒေါက်..."
ဖုန်းဟာ သစ်သားကြမ်းခင်းပေါ် တဒေါက်ဒေါက်နဲ့ အရိုန်ပြင်းစွာ ကျသွားတော့သည်။ လွန်းသာ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်ရှားပဲ ငြိမ်သက်စွာ ရပ်နေမိသည်။ သူ့ခန္ဓာရဲ့ တစ်ခုတည်းသောလှုပ်ရှားမူ့က သူ့ရဲ့နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အုံ။ ပြင်းထန်စွာ ခုန်နေတဲ့ နှလုံးသားကြောင့် ရင်အုံတစ်ခုလည်း သိသာစွာ လှုပ်ရှားနေသည်။
လွန်းသာစိတ်ထဲ တောင်ကြီးပြိုသွားသလို၊ ကမ္ဘာကြီး ပျက်ဆီးသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က ပုဇင်းရင်ကွဲသံတို့နဲ့ ဆူညံနေတာတောင် သူမကြားနိုင်တော့ သူကြားရသည်က ဖုန်းထဲက လူပြောခဲ့သောစကားများသာဖြစ်သည်။ ထိုစကားကို ထပ်ခါထပ်ခါ ပြန်ကြားယောင်ရင်း လွန်းသာ မျက်ရည်တွေ ပါးပြင်ပေါ်သို့ တသွင်သွင်စီးကျလာခဲ့သည်။
သူကြားခဲ့သော တစ်ဖက်လူရဲ့စ​ကားက "ဟုတ်ကဲ့ အခုဖုန်းပိုင်ရှင်နဲ့ အတူလိုက်ပါစီးနှင်းလာတဲ့ မိသားစု ကားမတော်တဆတိုက်ပြီး အရေးပေါ်ကားပေါ်ရောက်နေပါတယ်ခဗျ....ပုသိမ်ဆေးရုံကြီးကို အမြန်ဆုံးလိုက်လာပေးပါခဗျ...."
မိသားစုဆိုတော့ ဆရာဝန်လေးတိမ်တိုက်ရယ် ကိုကိုတို့ရယ်ပေါ့။ ထိုအတွေးက လွန်းသာကမ္ဘာကြီးကို ချာချာလည်သွားစေသည်။ ရင်တစ်စုံကို ပူပြင်းစွာ အပူမီစတို့ တောက်လောင်စေသည်။ ခုချိန်မှာ အမေတို့ဘာမှမဖြစ်ပါစေနဲ့လို့တောင် လွန်းသာ ဆုတောင်းဖို့ သတိမရ။ ဘာတွေဘယ်လို ဖြစ်သွားတာလဲ၊ မှားနေတာလား၊ သူနားတောင် သူမယုံတော့လောက်သည်အထိ ဖြစ်ပျက်သွားသော အဖြစ်အပျက်တို့ဟာ ယုံကြည်နိုင်ဖွယ်ရာမရှိပါ။
###################
လွန်းအတိတ်
လွန်းအတိတ်နဲ့ ဒေါ်မိထက် ကားနောက်နောက်ခန်း ကနေလိုက်ပါလာသည်။ ကားကဘယ်မောင်းမို့ ဆရာဝန်လေးက ဘယ်ဘက်မှာထိုင်နေကာ ဆရာဝန်လေးရဲ့ ညာဘက်အရှေ့ဘက်မှာ ဆရာဝန်လေးအဖေဦးကောင်းကင် ထိုင်နေသည်။
ကျွန်တော်ကဆရာဝန်လေးရဲ့ အနောက်ဘက်ကားနောက်ဘက်မှာ ထိုင်နေသလိုအမကကျွန်တော့် ညာဘက် ဦးကောင်ကင်ရဲ့ အနောက်ဘက်မှာထိုင်နေသည်။
ကားလေးနဲ့အတူလိုက်ပါလာကျရင်း စကားတပြောပြောနဲ့ ပါလာကျသည်။
"ဒီကမမိထက်ခဗျ....နောက်နှစရ်ကလောက်နေရင် ဆေးစစ်တာအဖြေရပြီဆိုတော့ နောက်တစ်ခါလာလက်စနဲ့ ကျွန်တော်တို့အိမ်မှာ နှစ်ရက်သုံးရက် နေသွားပါလားဗျ....."
"ရှင်...မဖြစ်ပါဘူး...အိမ်မှာသားငယ်လေးကျန်ခဲ့တယ်လေ...."
"သူ့ပါခေါ်လာပေါ့ဗျ ပုသိမ်မြို့ထဲကို သေချာလိုက်ပြရအောင်ပေါ့ဗျာ....ရန်ကုန်နဲ့နီးတော့ ရန်ကုန်ဘက်လည်း လိုက်ပို့လို့ရတာပေါ့ဗျ.....တကယ်တော့ ကျွန်တော့်သားကို ကျွန်တော်တွေ့ချင်လို့ပါဗျာ....ဒီကောင်က အိမ်ကို ပြန်မလာတာအတော်ကြာပြီဗျ...."
"အယ် ဆရာဝန်လေးရယ် ကိုယ့်အိမ်ကိုယ်ပြန်ပါအုံး ဖေအေနဲ့သားနှစ်ယောက်တည်း ရှိတာကို...."
"ဟုတ်ကဲ့ဒေါ်လေးရေ....အဖေကဗျာ သိပ်ပူဆာတာပဲ....ဟားးး...."
အမေတို့နဲ့ ဦးကောင်းကင်တို့ ဆရာလေးတို့ ပျော်ပျော်ရွှင်ရွှင်စနောက်နေကျသည်။ ကျွန်တော်ကတော့ လွန်းလေးနဲ့ အမြန်ပြန်တွေ့ဖို့သာ စိတ်လောနေမိသည်။ နေ့တစ်ပိုင်းလေး မတွေ့ရတာ ကျွန်တော့်အတွက် တစ်လတစ်နှစ်မျှ ကြာနေတော့သည်။
လွမ်းတယ်ဗျ။ တစ်တစ်ဝက်လေးတောင် ဒီလောက်ထိ လွမ်းနေတာ အချိန်အကြားကြီးသာ ခွဲရမယ်ဆိုရင် ကျွန်တော်မတွေးရဲ စရာပါ။အဲ့လိုလဲ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်က လွန်းလေးတို့နဲ့ ဝေးရာကို ဘယ်တော့မှ မထွက်သွားသလို လွန်းလေးကလည်း ကျွန်တော့်ကို ဘယ်တော့မှ မနှင်ထုတ်ဘူးဆိုတာ သိနေလို့ဖြစ်သည်။
ကျွန်တော် ကားလေးသည် အဝေးပြေးလမ်းမကြီးကိုရောက်ရှိလာသည်။ လူသူနည်းပါးသည်မို့ တိတ်ဆိတ်နေသည်။ ဆရာဝန်လေးအဖေကလည်း ကားဂိတ်အထိမဟုတ်ပဲ ရွာနဲ့အနီးဆုံး နေရာထိလိုက်ပို့ပေးပေါ့မယ်ဆိုလို့ လိုက်ပါလာခဲ့ကျသည်။
ကားမှန်ကနေ တရွေ့ရွေ့နဲ့ လယ်ကွက်ကြီးတွေနဲ့ သစ်ပင်တွေကို ငေးကြည့်နေမိသည်။ နောက်ဿားတစ်စီးက အရှိန်နဲ့မောင်းလာတာကို ကျွန်တော်မြင်လိုက်မိသည်။ ကျွန်တော်တို့ကို ကျော်တတ်သွားမည်အထင်နဲ့ ဘာမှမဟုတ်သလိုပဲ နေလိုက်မိသည်။ ကားသည်ကျွန်တော်တို့ကားကို ကျော်တတ်ကာ အနည်းငယ်ခပ်လှမ်းလှမ်းအရောက် ရှေ့တည့်တည့်ကနေ ပိတ်ချလိုက်တာကြောင့်
"ဆရာလေး ရှေ့မှာကား....ကား...."
"အိုးးးးးး...."
"ကြှီးးးးးးးးး.......ဒုနျးးးးး.."
လွန်းအတိတ်တို့ကားဟာ ရှေ့က ကားတစ်စီးကို ရှောင်ပြီး ကွေ့လိုက်ရင်း လမ်းဘေးက ဓာတ်တိုင်အသစ်များ ဘေးမှ ပြန်နူတ်ရသေးသော ဓာတ်တိုင်ဟောင်းတစ်ခုဆီကို အရှိန်နဲ့ ရောက်ရှိသွားတော့သည်။
အိုဆွေးနေသော ဓာတ်တိုင်ကြီးက ကားရဲ့အရှိန်ကြောင့် ကျိုးပဲ့ကာ ကားရဲ့ညာဘက်တစ်ခြမ်းလုံးအပေါ်ကို ပြိုကျသွားခဲ့သည်။
ကားရဲ့ ညာဘက်ခြမ်းဟာ ဓာတ်တိုင်ဖိထားတာကြောင့် ကျိုးကြေသွားသည်။ ညာဘက်ခြမ်းက လူကြီးနှစ်ယောက်ဟာလည်း ကားကြားမှာ ညုပ်ပြီး သွေးသံတရဲရဲနဲ့ အသက်လုနေရသည်။ ဘယ်ကလူငယ်လေး နှစ်ယောက်ဟာလည်း အရှိန်နဲ့ ကားမှန်နဲ့ဆောင့်ကာ နဖူးပြင်နဲ့ ခေါင်းမှာ သွေးတွေရဲနေတော့သည်။
ပိတ်ရပ်လိုက်တဲ့ ကားအဖြူပေါ်က လူလေးယောက်လောက်ဆင်းလာကာ ဆရာဝန်လေးတိမ်တိုက်တို့ ကားဆီအမြန် ပြေးလာကျသည်။ ကားရဲ့ နောက်ခန်းကို အလျှင်အမြန်ပင်ဖွင့်လိုက်ကျသည်။ ထိုထဲကဦးဆောင်သူ မင်းဇေယျမှ
"တောက်ခ်.... စောက်အမူ့ကတော့တိုးပြီ....အဲ့ကောင်ကို အမြန်ထုတ်ပြီး ကားပေါ်တင် ငါတို့ ဒီနေရာက အမြန်သွားရမယ်....."
"ဟုတ်ကဲ့ဆရာ...."
သူရဲ့ တပည့်သုံးယောက်က လွန်းအတိတ်ကို ကားပေါ်ကနေထုတ်နေရင်း သူတို့ထဲက တစ်ယောက်က
"ဆရာရှေ့ခန်းက လူက အသက်ရှင်သေစတယ် သူကိုကော ....."
"မင်းစောက်ကျော်တော်တော်ရှည် နေပါလား.....အဲ့လူကို ကားအပြင်ဆွဲထုတ်ပြီး မြေကြီးပေါ်ချထားလိုက်.....ငါတို့လိုချင်တာ ဝေလင်းစိုးပဲ....မြန်မြန်လုပ် ကားကမီးလောင်တော့မယ်...."
"ဟုတ်ကဲ့...."
တိမ်တိုက် သတိရပေမယ့် မျက်လုံးများက ဖွင့်မရ နားထဲ စကားပြောသံတွေ ကြားနေရပေမယ့် သေချာသဲသဲကွဲကွဲမကြားရ။ သူ့ကိုလူတွေ ထိတွေ့ကာ ဆွဲထုတ်နေတာတော့သိသည်။ အဲ့နောက်ပိုင်း ပေါက်ကွဲသံ ကြီးကြီးမားမားကြားကာ လောကကြီးကို ခနတာ အဆက်ဖျတ်သွားရတော့သည်။
မင်းဇေယျ ဝေလင်းစိုးကို ကားပေါ်တင်ပြီးတာနဲ့ ထိုနေရာကနေ အမြန်မောင်းထွက်ကာ ရန်ကုန်ဘက်သို့ မောင်းထွက်လာခိုင်းလိုက်သည်။ ဆရာကြီးကို ဖုန်းဆက်တော့ သူ့ရဲ့ အမှားကြောင့် လူသေသွားရတာကြောင့် အတော်ကို အဆူခံလိုက်ရသည်။
သူလည်း ထိုသို့ မထင်ထား။ ကားကိုရပ်စေချင်ရုံသက်သက်သာ လုပ်လိုက်ပြီး ဝေလင်းစိုးကို သူတို့မျက်နာဖုံးတွေတပ်ကာ ဖမ်းခေါ်မယ် လုပ်ထားခြင်း ဖြစ်သည်။ ခုတော့ အထင်နဲ့အမြင် လွဲကုန်လေပြီ။ လူသုံးယောက်ရဲ့ အသက်က ပါသွားလေပြီလို့ ထင်မှတ်မိရတော့သည်။
ဘာပဲ ဖြစ်ဖြစ် ဝေလင်းစိုးကို ရပြီမို့ ကျော်ဖြိုးဝင်းရဲ့ ချက်ကောင်းကို ကိုင်လိုက်မိနိုင်ပြီဖြစ်သည်။
###############
သို့.....
အပိုင်း၁၆
"ခွမ်းးးး..."
"အမေ့...."
"တီးးးး...တီးးးး....တီးးးး...."
"ဒေါက်...ဒေါက်..."
###################
လွန်းအတိတ်
"ဆရာလေး ရှေ့မှာကား....ကား...."
"အိုးးးးးး...."
"ဟုတ်ကဲ့ဆရာ...."
"ဟုတ်ကဲ့...."
Ga verder met lezen
Dit interesseert je vast
3.3K 106 31
လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အ...
913K 55.4K 63
******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စ...
208K 8.2K 54
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
148K 16.5K 122
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...