Chapter 231: Assessment Final
အခန္း ၂၃၁ ေနာက္ဆံုးပိတ္ စမ္းသပ္မႈ
You XiaoMo ခံုျမင့္ေလးေပၚမွာ ရွိေသာ ေမွာ္ေဆးပင္မ်ားကို ၾကည့္လုိက္ေတာ့ ႏွစ္စံု စာသာ ရွိသည္။ အျခားတစ္နည္းႏွင့္ ေျပာလွ်င္ေတာ့ ေျဖဆိုသူတုိင္းက အခြင့္အေရး ႏွစ္ၾကိမ္ရမည္ဟု ဆိုလိုသည္။ ေဆးပင္မ်ားကုန္သြားျပီး ေဆးတစ္လံုးေတာင္ မေဖာ္စပ္ႏိုင္လွ်င္ ဒီစမ္းသပ္မႈ က်ဆံုးမည္ဟု အဓိပၸါယ္ ရသည္။
You XiaoMo က ေဆးပင္မ်ားႏွင့္ သူ႕ေဘးက ေဆးေဖာ္စပ္နည္းကို ၾကည့္လုိက္သည္။ ဒီေဆးအဖံုစာက ေရႊသဲ ဟု ေခၚေသာ ေမွာ္ေဆးလံုးအတြက္ ျဖစ္သည္။ေရႊသဲေဆးလံုးမွာ အဆင့္နိမ့္အဆင့္ေလး ေမွာ္ေဆးလံုး ျဖစ္ကာ အဆင့္တက္ျပီးေသာ က်င့္ၾကံသူမ်ား အဆင့္ခိုင္မာေစရန္ အသံုးျပဳၾကသည္။ You XiaoMo အတြက္ေတာ့ အလယ္အလတ္ေဆးလံုး ေဖာ္စပ္ရာတြင္ ျပႆနာမရွိေပ သို႕ေသာ္ အမွန္တကယ္ေတာ့ သူအရင္က ေရႊသဲေဆးလံုး ကို တစ္ခါမွ မေဖာ္ခဲ့ဘူး။ ဒီေတာ့ You XiaoMo က ေဆးေဖာ္စပ္နည္းကို အမွား မရွိေစရန္အတြက္ အၾကိမ္ေပါင္းမ်ားစြာ ဂရုတစိုက္ ဖတ္ရႈျပီးေတာ့မွာ သူ႕လက္ေတြကို ေဆးေဖာ္ရန္ ျပင္လုိက္သည္။
ဒီစမ္းသပ္မႈအပိုင္းတြင္ ကိုယ့္ေဆးၾကိဳအိုးသံုးမလား အစည္းအရံုးက ေပးထားေသာ ေဆးၾကိဳအိုး သံုးမလား ဆိုတာ ေရြးခ်ယ္ႏိုင္သည္။ ေမွာ္ဆရာ အမ်ားစုက သူတို႕ကိုယ္ပိုင္ ေဆးၾကိဳအိုးမ်ားႏွင့္ ပို အကၽြမ္းတ၀င္ ရွိၾကတာမို႕ အဲဒါႏွင့္ ပတ္သတ္ျပီးေတာ့ ကန္႕သတ္မႈ တစ္စံုတစ္ရာ မရွိေပ။
You XiaoMo က ေပးထားေသာ ေဆးၾကိဳအိုးထဲကို ေဆးပင္ေတြ အားလံုး ထည့္ရန္ လုပ္ေနခ်ိန္တြင္ အျခားသူမ်ား က သူတို႕ေဆးၾကိဳအိုးေတြ သူတို႕ အလ်င္အျမန္ ထုတ္လုိက္ၾကတာကို ျမင္လုိက္သည္။ ေျဖဆိုသူ တစ္၀က္ေက်ာ္ေလာက္က အဲသလို လုပ္ၾကသည္။
BaiLi XiaoYu ေတာင္မွ မေျပာင္းမလဲ အဲလို လုပ္တာေတြ႕ေတာ့ You XiaoMo က မင္ေတာ့သက္သြားသည္။
သူက အနက္ေရာင္ ေဆးၾကိဳအိုးကို ၾကည့္လိုက္သည္။ ဒီေဆးၾကိဳအိုးက သူအရင္က သံုးဖူးေသာ ေဆးၾကိဳအိုးမ်ားႏွင့္ ယွဥ္လွ်င္ အမ်ားၾကီးပိုေကာင္းတာကို သူခံစားမိသည္။ ေကာင္းျပီေလ။ သူက ေျပာင္းဖို႕ လုိအပ္တယ္ဟုလည္း မခံစားရေသာေၾကာင့္ ေဆးပင္အားလံုးကို အထဲ ပစ္ထည့္လိုက္ေတာ့သည္။
သူ႕ေဘးက Teng ZiXin ကလည္း သူ႕ လႈပ္ရွားမႈမ်ားကို ျမင္ေတာ့ သူရဲ႕ ဖီးနစ္မ်က္လံုးမ်ားက ေတာ္ေတာ္ေလး တဖ်တ္ဖ်တ္ လက္သြားသည္။
တိတိက်က်ေျပာရလွ်င္ မည္သည့္ေဆးၾကိဳအိုးကိုမဆို စိတ္ကူးေပါက္သလို သံုးႏိုင္ေသာ ေမွာ္ဆရာတစ္ေယာက္သည္ အျခားသူမ်ားႏွင့္ ယွဥ္လွ်င္ ပိုျပီး အားေကာင္းသည္။ အဲဒိအခ်က္ကို BaiLi XiaoYu ေတာင္မွ မလုပ္ႏိုင္ေသးေပ ဒါေတာင္ You XiaoMo က နည္းနည္းမွ မတြန္႕ဆုတ္သြားေပ။
Teng ZiXin က သူ(မ)၏ ဖီးနစ္မ်က္လံုးမ်ားကို တစ္၀က္ေမွးၾကည့္ေနသည္။ သူ(မ)က ငယ္စဥ္ကတည္းက အျမဲတမ္း ပါရမီရွင္မ်ားထဲမွ ပါရမီရွင္ဟု မွတ္ယူထားျခင္းခံရသည္။ ထုိဂုဏ္ပုဒ္မွာ သူ(မ)ေနာက္ကို ဆယ္ႏွစ္ေက်ာ္ေတာင္ ေတာက္ေလွ်ာက္လုိက္ပါခဲ့သည္။ သူ(မ)ထက္ အရည္အခ်င္းပိုရွိေသာ သူ ရုတ္တရတ္ၾကီး ေပၚေပါက္လာလွ်င္ သူ(မ)မွာ ဒီထက္ပုိျပီး သေဘာထား ျပည့္၀လွ်င္ေတာင္ သူ(မ)က ထိုသူက ႏွစ္သက္လိမ့္ဦးမွာမဟုတ္ေပ။
You XiaoMo က Teng ZiXin၏ အေတြးရထားၾကီးက ဘူတာေပါင္းစံု ေလွ်ာက္သြားေနတာကို သူမသိေပ။ ဒီအခ်ိန္မွာ သူရဲ႕ အာရံုေတြက ေဆးၾကိဳအိုးထဲက ေဆးပင္မ်ားေပၚမွာသာ အျပည့္အ၀ အာရံုစိုက္ေနသည္။
ဒီစစ္ေဆးမႈ၏ ပထမဆံုး ျပဳလုပ္ရမည့္အပိုင္းကလည္း ေပါင္းခံသန္႕စင္ရမည့္ အပိုင္းျဖစ္ေနေသးသည္။
ေဆးလံုးမ်ား၏ ေဘးထြက္ဆိုးက်ိဳးကို ေလ်ာ့ခ်ႏိုင္ရန္အတြက္ အၾကိမ္မ်ားစြာ ေပါင္းခံသန္႕စင္ရန္ လိုအပ္သည္။ သို႕ေသာ္ ဒီစစ္ေဆးမႈ၏ တစ္ခုတည္းေသာ လိုအပ္ခ်က္က အဆင့္ေလးေဆးလံုးတစ္လံုးကို ျပည့္ျပည့္၀၀ ေဖာ္စပ္ႏိုင္သလား စမ္းသပ္တာ ျဖစ္သည္။ ဒီေတာ့ အနည္းဆံုးေတာ့ အခ်ိန္အခ်ည္းနီးျဖစ္တာႏွင့္ အျခားေသာ မေတာ္မဆမ်ားကို ေရွာင္ရွားရန္အတြက္ ေပါင္းခံသန္႕စင္မႈ အၾကိမ္မ်ားမ်ား လုပ္ရန္ အလိုအပ္ေပ။
သို႕ေသာ္ ထုိကိစၥက အျခားသူမ်ားအတြက္သာ အက်ံဳး၀င္ျပီး You XiaoMoေတာ့ မပါ၀င္ေပ။ သူ႕အတြက္ကေတာ့ သူ႕အျမန္ႏႈန္းက အျမဲတမ္းျမန္ဆန္ျပီး သူ႕ရဲ႕ အမွားျဖစ္မႈႏႈန္းကလည္း မရွိသေလာက္ ရွားပါးတာမို႕ ဒီျပႆနာမ်ိဳးက သူ႕စိတ္ထဲ တစ္ခါမွေတာင္ မေပၚဖူးေပ။
သို႕ေသာ္ သူက အရာအားလံုးကို ဘယ္တုန္းကမွ လ်စ္လ်ဴမရႈ ပဲေတာ့ မေနေပ။
ေဆးလံုးအရည္အေသြး ေကာင္းမြန္ရန္ ေပါင္းခံျခင္းကို အၾကိမ္အနည္းငယ္ လုပ္ရန္ လိုအပ္ေသာ္လည္း You XiaoMo ကေတာ့ ေပါင္းခံျခင္းကို ႏွစ္ၾကိမ္ေလာက္ ပိုလုပ္လုိက္ေသးသည္။ ခုနစ္ၾကိမ္တိုင္တိုင္ ေပါင္းခံသန္႕စင္မႈ လုပ္ျပီးမွသာ ေနာက္ဆံုးတြင္ ရပ္တန္႕လုိက္သည္။
ဒါက သူ႕ရဲ႕ ေရႊသဲေဆးလံုးကို ပထမဆံုးအၾကိမ္ ေဖာ္စပ္ျခင္း ျဖစ္တာေၾကာင့္ သူက အထူးဂရုစိုက္ေနရသည္။
You XiaoMo က ေပါင္းခံျပီးသြားေသာ ေဆးမႈန္႕မ်ားကို ထိန္းခ်ဳပ္ရန္ သူ႕၀ိဥာဏ္စြမ္းအားမ်ားကို ဂရုတစုိက္ႏွင့္ အပိုင္းေလးေတြ အမ်ားၾကီး ခြဲျခမ္းလုိက္သည္။ အဲဒိေနာက္ သူက ေဆးစပ္နည္းမွာပါေသာ ေနာက္ထပ္ အဆင့္တစ္ခုကို ျပန္စဥ္းစားကာ စလိုက္သည္….
မ်က္စိတစ္မွိတ္အတြင္းမွာတင္ အခ်ိန္တစ္၀က္က ကုန္သြားသည္။ ေပါင္းခံခ်ိန္ကို ေလ်ာ့ကာ ေဆးလံုးေဖာ္စပ္ရန္ ျပင္ၾကသူမ်ားမွာ အဆံုးပိုင္းအဆင့္မ်ားေတာင္ ေရာက္ေနၾကျပီ ျဖစ္ကာ သိပ္မၾကာခင္မွာပဲ ျပီးဆံုးသြားသူမ်ား ရွိလာသည္။
BaiLi XiaoYu ႏွင့္ Tong YueXu တုိ႕၏ အျမန္ႏႈန္းမ်ားကလည္း မေႏွးေပ ေပးထားေသာ အခ်ိန္၏ ငါးပံုတစ္ပံုသာ က်န္ေသာ အခ်ိန္တြင္ သူတို႕ေဆးလံုးေတြ ျပီးစီးသြားကာ ေနာက္ဆံုးေတာ့ အလြန္အနံ႔ေမႊးၾကိဳင္ေသာအျပာေရာင္ ေဆးလံုးမ်ား ေဆးၾကိဳအိုးထဲကေန ထြက္လာေတာ့သည္။
သူတို႕အပိုင္း သူတုိ႕ျပီးသြားၾကသူမ်ားထဲမွ အမ်ားစုမွ You XiaoMo ႏွင့္ Teng ZiXin တုိ႕ရွိရာဘက္ကို မသိလုိက္ မသိဘာသာ လွမ္းၾကည့္ၾကသည္။ သူတို႕၏ အရည္အခ်င္းမ်ားႏွင့္ဆိုလွ်င္ ဒီစမ္းသပ္မႈက ကိတ္မုန္႕စားသေသာက္ လြယ္ေနမွာပင္ သို႕ေသာ္ အဲဒိမွာက ေဆးလံုးအရည္အေသြး ရွိေသးသည္။
အစည္းအရံုးက လူအမ်ားကို စစ္ေဆးရန္အတြက္သာ ရည္ရြယ္တာေၾကာင့္ အဆင့္နိမ္ေဆးပင္မ်ားသာ ေထာက္ပံ့ေပးထားသည္။ အဖိုးတန္လွေသာ အလယ္အလတ္ႏွင့္ အဆင့္ျမင့္ေဆးပင္မ်ားကို အသံုးျပဳဖို႕ မလုိအပ္ေပ။
ဒါေၾကာင့္မို႕ ရလာဒ္က အဆင့္နိမ့္ေဆးလံုးသာ ထြက္လာလိမ့္မည္။ သို႕ေသာ္ ေပါင္းခံျခင္း အၾကိမ္အေရအတြက္ေပၚ မူတည္ကာ ေဘးထြက္ဆုိးက်ိဳး ရာခုိင္ႏႈန္းသည္လည္း ကြာျခားလိမ့္မည္။ လူေတြ ေမွ်ာ္လင့္ေနတာကေတာ့ ဘယ္သူက ေဘးထြက္ဆိုးက်ိဳးပိုမလဲ ဆိုတာပင္။ Teng ZiXin လား You XiaoMoလား။
သဲနာရီက အဆံုးနားကို နီးလာေတာ့ ႏွစ္ေယာက္စလံုး ျပီးသြားၾကသည္။ ဒီေတာ့ လုပ္စရာ က်န္တာဆို၍ ေဆးလံုးကို စစ္ေဆးရန္သာ ရွိေတာ့သည္။
ဒီအပိုင္းကို စစ္ေဆးရန္ အသံုးျပဳေသာ ကရိယာမွာ ေနာက္ဆံုးအပိုင္းတုန္းက သံုးေသာ ကရိယာပဲ ျဖစ္ေသးသည္။ သို႕ရာတြင္ ဒီတစ္ၾကိမ္မွာေတာ့ ေဆးလံုး၏ သန္႕စင္မႈကို တုိင္းတာမွာ ျဖစ္သည္။
ေဆးလံုးက သန္႕စင္ေလေလ ဆိုးက်ိဳးက နည္းေလေလ ျဖစ္သည္။ အဲဒါကို ေဆးလံုး၏ အေရာင္ကို ၾကည့္လွ်င္ ခြဲျခားႏိုင္ကာ ပိုျပီး အေသးစိတ္လိုပါက ကရိယာက ထြက္ေပၚလာေသာ အလင္းကို ၾကည့္ႏိုင္သည္။
ဒီတစ္ၾကိမ္တြင္ You XiaoMo က ေနာက္ဆံုးမွာ တန္းစီေအာင္ေတာ့ သူ စိတ္မရွည္ေတာ့။ သူထင္လိုက္တာက Teng ZiXin တို႕အဖြဲ႕က ေနာက္ဆံုးထိ ေစာင့္လိမ့္မည္။ ထိုမွသာ အျခားသူမ်ားက သူ႕တုိ႕ကို ပိုမို သတိထားမိေပလိမ့္မည္။ ဒီေတာ့ You XiaoMo က အျမန္ပဲ ေဆးလံုး စစ္ေဆးရန္ ေစာင့္ေနေသာ ပထမအဖြဲ႕က ေနာက္ဆံုးေနရာကို အျမန္ယူသည္။
You XiaoMo၏အျပဳအမူက Teng ZiXin တို႕လူစုကို အေတာ္ေလး ေၾကာင္သြားေစသည္။ အမွန္ကေတာ့ သူတုိ႕သာမက အျခားေသာ သူမ်ားလည္း သူ စိတ္မရွည္တာကို ျမင္ႏိုင္သည္။
BaiLi XiaoYu လည္း You XiaoMo ႏွင့္ အတူ သူ႕ေဆးလံုးကို စစ္ေဆးခ်င္သည္ သို႕ေသာ္ အျခားသူမ်ားက သူတုိ႕ေဆးလံုးမ်ားကို ကရိယာအထဲ ထည့္လိုက္တာျမင္ေတာ့ သူ႕မွာ အဲဒိလူေတြကို သူ႕အတြက္ တစ္ေနရာေပးရန္ သြားေတာင္းခဲ့လွ်င္ အေၾကာင္းတစ္စံုတစ္ရာ မရွိပဲ ျပႆနာ သြားရွာရာ က်သြားမွာ စိုးရသည္။
ဒါကလည္း You XiaoMo လုိခ်င္ေသာ ရလဒ္ပင္။ You XiaoMo က သူ႕ေဆးလံုးကို ကရိယာထဲ ထည့္လုိက္ကာ လႈပ္ရွားဖို႕ စိတ္မ၀င္စားေသးေသာ အၾကီးအကဲGuan Yong ကို ၾကည့္ကာ “အၾကီးအကဲGuan Yong ကို ဒုကၡေတာ့ မ်ားေစရေတာ့ပဲ”
အၾကီးအကဲGuan Yong က သူ႕ကို ဖ်တ္ခနဲ ၾကည့္လုိက္သည္။ သူလဲ You XiaoMo ဘာေတြးေနသလဲ ဆိုတာ အၾကမ္းဖ်င္းေတာ့ ခန္႕မွန္းမိတာေၾကာင့္ ခလုတ္ကို ႏွိပ္လုိက္သည္။
ကရိယာက အျပာေရာင္ရင့္ရင့္ အလင္းထုတ္လႊင့္လာသည္ တစ္ခ်ိန္တည္းမွာပဲ အျခားေသာ သူမ်ား၏ ေဆးလံုးမ်ားဆီမွ အျပာေရာင္အေဖ်ာ့ေဖ်ာ့ အလင္းမ်ားမွာလည္း You XiaoMo၏ အလင္းေရာင္ႏွင့္ တစ္ခ်ိန္တည္း ထြက္ေပၚလာသည္။
အၾကီးအကဲGuan Yong ကေတာ့ သူ႕လည္ေခ်ာင္းထဲမွာ ယားက်ိက်ိျဖစ္ေနသည္။ အဆင့္နိမ့္ေဆးပင္မ်ားကေနေတာင္ သူက ဒီေလာက္ အေရာင္ရင့္တဲ့ ေဆးလံုးေဖာ္စပ္ႏိုင္ေသးသည္။ ၾကည့္ရတာ ေပါင္းခံျခင္းကို အၾကိမ္ေရ ခပ္နည္းနည္းလုပ္ခဲ့ပံု မေပၚေပ ေျခာက္ၾကိမ္ေလာက္ လုပ္ခဲ့ပံု ေပၚသည္။ အၾကီးအကဲGuan Yong က သူ႕အၾကည့္ေတြကို အျမန္ျပန္ရုတ္သိမ္းကာ အျခားေသာ သူေလးေယာက္ကိုလည္းၾကည့္ကာ ခ်က္ခ်င္းေျပာလုိက္သည္ “ငါးေယာက္လံုး ေအာင္တယ္ ေနာက္တစ္သုတ္ တက္လာမယ္”
You XiaoMo က ေဆးလံုးကို ခ်က္ခ်င္းယူက ေတာက္ ေတာက္ ေတာက္ေတာက္ ႏွင့္ Ling Xiao ဆီကို ေျပးေတာ့သည္။
ေဆးပင္ေတြကို အစည္းအရံုးက ေထာက္ပံ့ေပးထားတာ ျဖစ္ေသာ္လည္း ဒါေတြက အဆင့္နိမ့္ေဆးပင္ေတြသာ ျဖစ္တာေၾကာင့္ ၾကြယ္၀ခ်မ္းသာေသာ ေမွာ္ဆရာ အစည္းအရံုးအေနႏွင့္ ဒီေလာက္ကို အသာေလး တတ္ႏိုင္သည္ ျဖစ္သည္။ ထို႕ေၾကာင့္ စစ္ေဆးမႈ ျပီးလွ်င္ ေဆးလံုးမ်ားကို ေျဖဆိုသူ ေမွာ္ဆရာမ်ားကို ျပန္ေပးလိုက္သည္။
You XiaoMo က Ling Xiao ကို ေဆးလံုး ကပ်ာကသီေပးကာ စိတ္လႈပ္ရွားစြာႏွင့္ “Ling Xiao ဒီေဆးလံုးေလး ျမည္းၾကည့္ပါလား ေကာင္းလား မေကာင္းဘူးလားလို႕ ဒါက ကၽြန္ေတာ္ ေရႊသဲေဆးလံုး ေဖာ္တာ ပထမဆံုးပဲ မို႕ေလ”
Ling Xiao ကလည္း သူ႕ကို မရပ္တန္႕ေစပဲ သူ႕ပါးစပ္ထဲကို တန္းထည့္လုိက္သည္။ အၾကိမ္အနည္းငယ္ ၀ါးျပီးေနာက္ “ေကာင္းတယ္ ဒါေပမယ့္ အရသာေတာ့ နဲနဲေပ့ါတယ္”
You XiaoMo က နားလည္ကာ ေခါင္းညိမ့္ျပသည္။ ဒါက အဆင့္နိမ့္ေဆးပင္ကို သံုးကာ ေဖာ္တာျဖစ္တာေၾကာင့္ အရသာကေတာ့ အဆင့္ျမင့္ေဆးပင္ေတြ သံုးတာထပ္ေတာ့ ေပ့ါမွာပင္။ You XiaoMo က သူ႕ရင္ဘတ္ကို ပုတ္ကာ “ကိစၥမရွိဘူး လုိတဲ့ ပစၥည္းေတြ အသင့္ျဖစ္ေအာင္စုျပီးရင္ ကၽြန္ေတာ္ အစ္ကိုအတြက္ နည္းနည္းေဖာ္ေပးမယ္” သူ႕နယ္ေျမထဲတြင္ ေရႊသဲေဆးလံုး ေဖာ္စပ္နည္းအတြက္ လိုအပ္ေသာ ေဆးပင္ေတြထဲက အဆင့္ေလးေဆးပင္ ႏွစ္မ်ိဳး မရွိေသးေပ။ ၾကည့္ရတာ သူသြား၀ယ္ရေတာ့မည္။
သူတုိ႕မသိသည္ကေတာ့ သူတို႕ ေျပာစကားေတြကို ခန္းမထဲက အျခားသူမ်ားလည္း ၾကားသြားကာ ခန္းမထဲ အေတာ္ေလး ရုိက္ခတ္မႈျဖစ္သြားသည္။
ေရႊသဲေဆးလံုးကို ပထမဆံုးေဖာ္စပ္တာ ဒါေတာင္ ေအာင္ျမင္မႈနႈန္းက ဒီေလာက္ျမင့္လွကာ ဒါက သူ႕အဆင့္ႏွင့္ ပတ္သတ္သည့္အရာ ျဖစ္ႏိုင္ေသာ္လည္း အဲဒါက ေတြးၾကည့္တာႏွင့္ေတာင္ ေတာ္ေတာ္ေလး ေၾကာက္ဖို႕ေကာင္းေနျပီ။
ေနာက္ျပီးေတာ့ သူ႕အေပါင္းအေဖာ္ကို ၾကည့္လုိက္ဦး သူက ေဆးလံုးကို အၾကမ္းထည္ၾကီး ၀ါးစားပစ္သည္။ ေဆး၏ တုန္ျပန္ထိေရာက္မႈက သူ႕အတြင္းအားေတြကို ထိခုိက္ေစမွာကို မစိုးရိမ္ဘူးလားမသိေပ။ ဒါက ေသေတာင္သြားႏိုင္သည္ သိရဲ႕လား။
Gao Yang ႏွင့္ ဆရာမNing Jing တို႕လဲ တစ္ေယာက္ႏွင့္ တစ္ေယာက္သာ ေငးၾကည့္ေနမိေတာ့သည္။ You XiaoMo တစ္ေယာက္သာ မေကာင္းဆိုး၀ါးမဟုတ္ပဲ သူ႕နားက လူကလည္း ေတာ္ေတာ္ေလး ထူးဆန္းေနတာပဲ။
သူတုိ႕ေျပာဆိုၾကျပီးေတာ့ You XiaoMo ႏွင့္ Ling Xiao က Ning Jing ဆီကို သြားၾကသည္“ဆရာမNingJing ကၽြန္ေတာ္ စမ္းသပ္မႈ ေအာင္သြားျပီ ဆိုေတာ့ ဘယ္ေတာ့ စာရင္းသြင္းရမလဲဟင္?” သူ အရင္က ၀ယ္ခဲ့ေသာ ေက်ာက္စိမ္းစာလိပ္ထဲတြင္ အဲဒိအေၾကာင္းကို မရွင္းျပထားေပ ဒီေတာ့ သူမသိဘူး ျဖစ္ေနသည္။
ဆရာမNingJing က က ညင္ညင္သာသာေလး “၀င္ခြင့္က မနက္ျဖန္က်မွ ျပီးမွာ ဒီေတာ့ ဆရာမတို႕က ေနာက္တစ္ရက္က်မွ Yanျမိဳ႕ေတာ္ကေန ထြက္မွာ။ သဘက္ခါမနက္က်ရင္ ရင္ျပင္မွာ လူစုမယ္ ျပီးေတာ့ ဆရာမတို႕ အားလံုး တစ္သုတ္ထဲ ထြက္ၾကမွာ အဲဒိေတာ့ ေနာက္မက်ဖို႕ သတိရေနာ္”
You XiaoMo “ဒါဆုိရင္ ကၽြန္ေတာ္တို႕ သြားေတာ့မယ္ေနာ္ ဆရာမNingJing နဲ႕ အစ္ကိုGao သဘက္ခါမွ ေတြ႕ၾကပါမယ္ေနာ္”
Gao Yan ကသူတုိ႕ကို ၾကည့္ကာ တအံ့တၾသႏွင့္ “ဆက္မၾကည့္ေတာ့ဘူးလား မင္းရဲ႕ ျပိဳင္ဖက္ေတြကို ေလ့လာဖို႕ အခြင့္ေကာင္းပဲေလ ”
You XiaoMo က ေခါင္းခါျပီး “ေနာက္က်ရင္လဲ အခြင့္အေရးေတြ အမ်ားၾကီး ရမွာပါပဲ။ ကၽြန္ေတာ္ လုပ္စရာေတြ ရွိေသးလို႕ ဆက္မေနေတာ့ဘူး”
ခန္းမထဲကေန ကတုိက္ကရိုက္ ထြက္သြားေသာ You XiaoMo၏ သ႑ာန္ကုိ Teng ZiXin လုိက္ေငးေနသည္။ သူ(မ)လက္ထဲက အျပာေရာင္ရင့္ရင့္ေဆးလံုးကိုလဲ ၾကည့္မိေသးသည္။ သူ(မ)မ်က္လံုးက ရုတ္တရက္ အေတြးေတြထဲ နစ္၀င္သြားသည္။ ဒီYou XiaoMo ကိုေတာ့ သူ(မ) ပိုပိုျပီး နားမလည္ဘူး ျဖစ္ေနသည္။
အျခားတစ္ဖက္မွာလဲ BaiLi XiaoYu က You XiaoMo ေက်ာကို မ်က္လံုးမ်ား ျပဴးကာ လုိက္ၾကည့္ေနသည္။ သူလည္း You XiaoMo ႏွင့္ စကားေတြ ထပ္ေျပာခ်င္ေသးသည္။ သူက သူငယ္ခ်င္းအျဖစ္ေရာက္တာ ခဏေလးပဲ ရွိေသးတာကို You XiaoMo ဒီေလာက္ျမန္ျမန္ၾကီး ေျပးထြက္သြားလိမ့္မည္ဟု သူမေမွ်ာ္လင့္ခဲ့ေပ။ BaiLi XiaoYu လည္း သူ႕ေနာက္ကို ေျပးလိုက္သြားခ်င္ေပမယ့္ သူ႕ေဆးလံုးကို မစစ္ေဆးရေသးဘူး ျဖစ္ေနသည္။
BaiLi XiaoYu ေဘးက Tong YueXu မွာလည္း သူေခါင္းၾကီး ငိုက္စိုက္က်ေနတာကိုျမင္ေတာ့ အဲဒိေခါင္းထဲ ဘာေတြ ေတြးေနသလဲ ဆိုတာ သူသိသည္မို႕ BaiLi XiaoYu ေခါင္းေလးကို ပုတ္ကာ ေခ်ာ့ေမာ့လုိက္သည္ “XiaoYu အကယ္ဒမီကို ၀င္ျပီးခ်ိန္အထိပဲ ေစာင့္ရမွာပါ ေနာက္က်ေတာ့လဲ သူ႕ကို ေန႕တုိင္း ေတြ႕ရေတ့ာမွာပဲ ဟာကို”
BaiLi XiaoYu ကေမာ့လာကာ “ကၽြန္ေတာ့္ကို လာလိမ္လို႕ မရဘူးေနာ္”
Togn YueXu ကေခါင္းညိမ့္ျပီး ရယ္ကာ “မလိမ္ပါဘူး”
BaiLi XiaoYu ကစဥ္းစားၾကည့္ကာ “အာ့ဆိုလဲ ေကာင္းျပီေလ။ ကၽြန္ေတာ္ အစ္ကို႕ကိုယံုတယ္”
ဒီလုိ အတည္ေပါက္ၾကီးကို ၾကည့္ကာ Tong YueXu မွာ ငိုရမလား ရယ္ရမလား မသိေတာ့ေပ။
သူတို႕သံုးေယာက္သား ေမွာ္ဆရာ အစည္းအရံုးကေန ထြက္လာျပီးေနာက္ Ling Xiao ကလည္း သူဘာေၾကာင့္ အေလာတၾကီး ထြက္လာသလဲ သိခ်င္ေနသည္။
အစည္းအရံုးတံခါးမွာ ရပ္လုိက္ၾကသည္။ သူတုိ႕ ရပ္လုိက္ၾကေသာ ေနရာ ရင္ျပင္ ႏွင့္ အတန္ေ၀းေနေသးေသာ္လည္း ရင္ျပင္က လာေသာ အသံမ်ားကိုေတာ့ ၾကားေနရေသးသည္။
Lin Yue က သူ႕သခင္ႏွစ္ေယာက္ကို ၾကည့္ေနသည္။ သူတုိ႕စကား တစ္ခြန္းမွ မေျပာတာကို ျမင္ေတာ့ သူက သူတို႕ ေနာက္မွာသာ တိတ္တိတ္ေလး ရပ္ေနသည္။ ျပီးေတာ့ သခင္ေလးက သူ႕ကုိ (သူ႕ေနာက္လုိက္ခြင့္) ခြင့္မျပဳေသးေပမယ့္ သူတုိ႕ကို အလုပ္အေကၽြးျပဳခ်င္သည္။
Ling Xiao က “မင္းဘာလုပ္မလို႕ စီစဥ္ထားလုိ႕လဲ”
You XiaoMo က မ်က္လံုးလွန္ၾကည့္ကာ “ကၽြန္ေတာ္ ပိုက္ဆံရွာခ်င္တယ္ေလ”
Ling Xiao က မ်က္ခံုးမ်ား ျမင့္တက္ကာ “မင္း တိတ္တိတ္ေလး သိမ္းထားတဲ့ ေဆးလံုးေတြ ရွိေသးတယ္ေပ့ါ”
You XiaoMo ပါးစပ္ေလး တြန္႕ခနဲ ျပဳလုိက္သည္။ သူက အရာအားလံုးကို တိတ္တိတ္ေလး သိမ္းထားတာမွ မဟုတ္တာ “လိုက္ေနာက္မေနနဲ႕ အဲဒါေတြက အစ္ကိုစားဖို႕ မဟုတ္ဘူး။ ကၽြန္ေတာ္တို႕ ပိုက္ဆံကုန္ေတာ့မွာ ဆိုေတာ့ ပိုက္ဆံ ထပ္ရွာရေတာ့မယ္”
You XiaoMo က သူ႕ပိုင္ဆိုင္မႈေတြထဲမွာ ပိုက္ဆံနည္းနည္းမွ မရွိလွ်င္ စိတ္အေႏွာင့္အယွက္ နည္းနည္း ျဖစ္ရသည္။ ျပီးေတာ့ သူတုိ႕က ဘယ္အခ်ိန္မွ အျပင္ထြက္ရမလဲ ဒါမွမဟုတ္ အကယ္ဒမီထဲ ၀င္ျပီးေနာက္ ပိုက္ဆံ ဘယ္ေလာက္ လိုမလဲ ဆိုတာ မသိဘူးေလ။
Lin Yue က အေနာက္မွာ သူရွိေနရာက ခါးေလးကိုင္းျပီး စကားေျပာဖုိ႕ ၾကိဳးစားေနသည္။ ဘာ့ေၾကာင့္ သခင္ေလးဆီကေန ကေလးဆိုးၾကီးလုိ လုပ္မေနနဲ႕ ဆိုေသာ အေငြ႕အသက္ေတြ ထြက္ေနသည္ဟု သူခံစားေနရမွန္း မသိေပ။ ၾကည့္ရတာ သူဒီေန႕ တံခါးကေန ေျခေထာက္မွား ထြက္လာျပီ ထင္တယ္။
Lin Yue က သူတို႕ တစ္လက္မေတာင္ မေရြ႕တာ သိေတာ့ သူက အေၾကာင္းျပခ်က္ကို သိသြားပံု ေပၚကာ “သခင္ေလး Yan ျမိဳ႕ေတာ္ရဲ႕ စီးပြားေရးနယ္ေျမ ဘယ္မွာလဲ ဆိုတာ ကၽြန္ေတာ္ သိတယ္”
You XiaoMo က ခ်က္ခ်င္းသူ႕ကို ၾကည့္ကာ “မင္းဘာလို႕ ေစာေစာက မေျပာတာလဲ ျမန္ျမန္ေလး လမ္းျပစမ္းပါ”
ဒီလိုႏွင့္ ေဒသခံတစ္ပိုင်း ျဖစ္ေနႏွင့္ေသာ Lin Yue က သူတုိ႕ကို ေအာင္ေအာင္ျမင္ျမင္ႏွင့္ စီးပြားေရးနယ္ေျမကို ေခၚေဆာင္သြားေတာ့သည္။
Unicode
Chapter 231: Assessment Final
အခန်း ၂၃၁ နောက်ဆုံးပိတ် စမ်းသပ်မှု
You XiaoMo ခုံမြင့်လေးပေါ်မှာ ရှိသော မှော်ဆေးပင်များကို ကြည့်လိုက်တော့ နှစ်စုံ စာသာ ရှိသည်။ အခြားတစ်နည်းနှင့် ပြောလျှင်တော့ ဖြေဆိုသူတိုင်းက အခွင့်အရေး နှစ်ကြိမ်ရမည်ဟု ဆိုလိုသည်။ ဆေးပင်များကုန်သွားပြီး ဆေးတစ်လုံးတောင် မဖော်စပ်နိုင်လျှင် ဒီစမ်းသပ်မှု ကျဆုံးမည်ဟု အဓိပ္ပါယ် ရသည်။
You XiaoMo က ဆေးပင်များနှင့် သူ့ဘေးက ဆေးဖော်စပ်နည်းကို ကြည့်လိုက်သည်။ ဒီဆေးအဖုံစာက ရွှေသဲ ဟု ခေါ်သော မှော်ဆေးလုံးအတွက် ဖြစ်သည်။ရွှေသဲဆေးလုံးမှာ အဆင့်နိမ့်အဆင့်လေး မှော်ဆေးလုံး ဖြစ်ကာ အဆင့်တက်ပြီးသော ကျင့်ကြံသူများ အဆင့်ခိုင်မာစေရန် အသုံးပြုကြသည်။ You XiaoMo အတွက်တော့ အလယ်အလတ်ဆေးလုံး ဖော်စပ်ရာတွင် ပြဿနာမရှိပေ သို့သော် အမှန်တကယ်တော့ သူအရင်က ရွှေသဲဆေးလုံး ကို တစ်ခါမှ မဖော်ခဲ့ဘူး။ ဒီတော့ You XiaoMo က ဆေးဖော်စပ်နည်းကို အမှား မရှိစေရန်အတွက် အကြိမ်ပေါင်းများစွာ ဂရုတစိုက် ဖတ်ရှုပြီးတော့မှာ သူ့လက်တွေကို ဆေးဖော်ရန် ပြင်လိုက်သည်။
ဒီစမ်းသပ်မှုအပိုင်းတွင် ကိုယ့်ဆေးကြိုအိုးသုံးမလား အစည်းအရုံးက ပေးထားသော ဆေးကြိုအိုး သုံးမလား ဆိုတာ ရွေးချယ်နိုင်သည်။ မှော်ဆရာ အများစုက သူတို့ကိုယ်ပိုင် ဆေးကြိုအိုးများနှင့် ပို အကျွမ်းတ၀င် ရှိကြတာမို့ အဲဒါနှင့် ပတ်သတ်ပြီးတော့ ကန့်သတ်မှု တစ်စုံတစ်ရာ မရှိပေ။
You XiaoMo က ပေးထားသော ဆေးကြိုအိုးထဲကို ဆေးပင်တွေ အားလုံး ထည့်ရန် လုပ်နေချိန်တွင် အခြားသူများ က သူတို့ဆေးကြိုအိုးတွေ သူတို့ အလျင်အမြန် ထုတ်လိုက်ကြတာကို မြင်လိုက်သည်။ ဖြေဆိုသူ တစ်ဝက်ကျော်လောက်က အဲသလို လုပ်ကြသည်။
BaiLi XiaoYu တောင်မှ မပြောင်းမလဲ အဲလို လုပ်တာတွေ့တော့ You XiaoMo က မင်တော့သက်သွားသည်။
သူက အနက်ရောင် ဆေးကြိုအိုးကို ကြည့်လိုက်သည်။ ဒီဆေးကြိုအိုးက သူအရင်က သုံးဖူးသော ဆေးကြိုအိုးများနှင့် ယှဉ်လျှင် အများကြီးပိုကောင်းတာကို သူခံစားမိသည်။ ကောင်းပြီလေ။ သူက ပြောင်းဖို့ လိုအပ်တယ်ဟုလည်း မခံစားရသောကြောင့် ဆေးပင်အားလုံးကို အထဲ ပစ်ထည့်လိုက်တော့သည်။
သူ့ဘေးက Teng ZiXin ကလည်း သူ့ လှုပ်ရှားမှုများကို မြင်တော့ သူရဲ့ ဖီးနစ်မျက်လုံးများက တော်တော်လေး တဖျတ်ဖျတ် လက်သွားသည်။
တိတိကျကျပြောရလျှင် မည်သည့်ဆေးကြိုအိုးကိုမဆို စိတ်ကူးပေါက်သလို သုံးနိုင်သော မှော်ဆရာတစ်ယောက်သည် အခြားသူများနှင့် ယှဉ်လျှင် ပိုပြီး အားကောင်းသည်။ အဲဒိအချက်ကို BaiLi XiaoYu တောင်မှ မလုပ်နိုင်သေးပေ ဒါတောင် You XiaoMo က နည်းနည်းမှ မတွန့်ဆုတ်သွားပေ။
Teng ZiXin က သူ(မ)၏ ဖီးနစ်မျက်လုံးများကို တစ်ဝက်မှေးကြည့်နေသည်။ သူ(မ)က ငယ်စဉ်ကတည်းက အမြဲတမ်း ပါရမီရှင်များထဲမှ ပါရမီရှင်ဟု မှတ်ယူထားခြင်းခံရသည်။ ထိုဂုဏ်ပုဒ်မှာ သူ(မ)နောက်ကို ဆယ်နှစ်ကျော်တောင် တောက်လျှောက်လိုက်ပါခဲ့သည်။ သူ(မ)ထက် အရည်အချင်းပိုရှိသော သူ ရုတ်တရတ်ကြီး ပေါ်ပေါက်လာလျှင် သူ(မ)မှာ ဒီထက်ပိုပြီး သဘောထား ပြည့်ဝလျှင်တောင် သူ(မ)က ထိုသူက နှစ်သက်လိမ့်ဦးမှာမဟုတ်ပေ။
You XiaoMo က Teng ZiXin၏ အတွေးရထားကြီးက ဘူတာပေါင်းစုံ လျှောက်သွားနေတာကို သူမသိပေ။ ဒီအချိန်မှာ သူရဲ့ အာရုံတွေက ဆေးကြိုအိုးထဲက ဆေးပင်များပေါ်မှာသာ အပြည့်အ၀ အာရုံစိုက်နေသည်။
ဒီစစ်ဆေးမှု၏ ပထမဆုံး ပြုလုပ်ရမည့်အပိုင်းကလည်း ပေါင်းခံသန့်စင်ရမည့် အပိုင်းဖြစ်နေသေးသည်။
ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးကို လျော့ချနိုင်ရန်အတွက် အကြိမ်များစွာ ပေါင်းခံသန့်စင်ရန် လိုအပ်သည်။ သို့သော် ဒီစစ်ဆေးမှု၏ တစ်ခုတည်းသော လိုအပ်ချက်က အဆင့်လေးဆေးလုံးတစ်လုံးကို ပြည့်ပြည့်၀၀ ဖော်စပ်နိုင်သလား စမ်းသပ်တာ ဖြစ်သည်။ ဒီတော့ အနည်းဆုံးတော့ အချိန်အချည်းနီးဖြစ်တာနှင့် အခြားသော မတော်မဆများကို ရှောင်ရှားရန်အတွက် ပေါင်းခံသန့်စင်မှု အကြိမ်များများ လုပ်ရန် အလိုအပ်ပေ။
သို့သော် ထိုကိစ္စက အခြားသူများအတွက်သာ အကျုံးဝင်ပြီး You XiaoMoတော့ မပါဝင်ပေ။ သူ့အတွက်ကတော့ သူ့အမြန်နှုန်းက အမြဲတမ်းမြန်ဆန်ပြီး သူ့ရဲ့ အမှားဖြစ်မှုနှုန်းကလည်း မရှိသလောက် ရှားပါးတာမို့ ဒီပြဿနာမျိုးက သူ့စိတ်ထဲ တစ်ခါမှတောင် မပေါ်ဖူးပေ။
သို့သော် သူက အရာအားလုံးကို ဘယ်တုန်းကမှ လျစ်လျူမရှု ပဲတော့ မနေပေ။
ဆေးလုံးအရည်အသွေး ကောင်းမွန်ရန် ပေါင်းခံခြင်းကို အကြိမ်အနည်းငယ် လုပ်ရန် လိုအပ်သော်လည်း You XiaoMo ကတော့ ပေါင်းခံခြင်းကို နှစ်ကြိမ်လောက် ပိုလုပ်လိုက်သေးသည်။ ခုနစ်ကြိမ်တိုင်တိုင် ပေါင်းခံသန့်စင်မှု လုပ်ပြီးမှသာ နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
ဒါက သူ့ရဲ့ ရွှေသဲဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်း ဖြစ်တာကြောင့် သူက အထူးဂရုစိုက်နေရသည်။
You XiaoMo က ပေါင်းခံပြီးသွားသော ဆေးမှုန့်များကို ထိန်းချုပ်ရန် သူ့ဝိဥာဏ်စွမ်းအားများကို ဂရုတစိုက်နှင့် အပိုင်းလေးတွေ အများကြီး ခွဲခြမ်းလိုက်သည်။ အဲဒိနောက် သူက ဆေးစပ်နည်းမှာပါသော နောက်ထပ် အဆင့်တစ်ခုကို ပြန်စဉ်းစားကာ စလိုက်သည်….
မျက်စိတစ်မှိတ်အတွင်းမှာတင် အချိန်တစ်ဝက်က ကုန်သွားသည်။ ပေါင်းခံချိန်ကို လျော့ကာ ဆေးလုံးဖော်စပ်ရန် ပြင်ကြသူများမှာ အဆုံးပိုင်းအဆင့်များတောင် ရောက်နေကြပြီ ဖြစ်ကာ သိပ်မကြာခင်မှာပဲ ပြီးဆုံးသွားသူများ ရှိလာသည်။
BaiLi XiaoYu နှင့် Tong YueXu တို့၏ အမြန်နှုန်းများကလည်း မနှေးပေ ပေးထားသော အချိန်၏ ငါးပုံတစ်ပုံသာ ကျန်သော အချိန်တွင် သူတို့ဆေးလုံးတွေ ပြီးစီးသွားကာ နောက်ဆုံးတော့ အလွန်အနံ့မွှေးကြိုင်သောအပြာရောင် ဆေးလုံးများ ဆေးကြိုအိုးထဲကနေ ထွက်လာတော့သည်။
သူတို့အပိုင်း သူတို့ပြီးသွားကြသူများထဲမှ အများစုမှ You XiaoMo နှင့် Teng ZiXin တို့ရှိရာဘက်ကို မသိလိုက် မသိဘာသာ လှမ်းကြည့်ကြသည်။ သူတို့၏ အရည်အချင်းများနှင့်ဆိုလျှင် ဒီစမ်းသပ်မှုက ကိတ်မုန့်စားသသောက် လွယ်နေမှာပင် သို့သော် အဲဒိမှာက ဆေးလုံးအရည်အသွေး ရှိသေးသည်။
အစည်းအရုံးက လူအများကို စစ်ဆေးရန်အတွက်သာ ရည်ရွယ်တာကြောင့် အဆင့်နိမ်ဆေးပင်များသာ ထောက်ပံ့ပေးထားသည်။ အဖိုးတန်လှသော အလယ်အလတ်နှင့် အဆင့်မြင့်ဆေးပင်များကို အသုံးပြုဖို့ မလိုအပ်ပေ။
ဒါကြောင့်မို့ ရလာဒ်က အဆင့်နိမ့်ဆေးလုံးသာ ထွက်လာလိမ့်မည်။ သို့သော် ပေါင်းခံခြင်း အကြိမ်အရေအတွက်ပေါ် မူတည်ကာ ဘေးထွက်ဆိုးကျိုး ရာခိုင်နှုန်းသည်လည်း ကွာခြားလိမ့်မည်။ လူတွေ မျှော်လင့်နေတာကတော့ ဘယ်သူက ဘေးထွက်ဆိုးကျိုးပိုမလဲ ဆိုတာပင်။ Teng ZiXin လား You XiaoMoလား။
သဲနာရီက အဆုံးနားကို နီးလာတော့ နှစ်ယောက်စလုံး ပြီးသွားကြသည်။ ဒီတော့ လုပ်စရာ ကျန်တာဆို၍ ဆေးလုံးကို စစ်ဆေးရန်သာ ရှိတော့သည်။
ဒီအပိုင်းကို စစ်ဆေးရန် အသုံးပြုသော ကရိယာမှာ နောက်ဆုံးအပိုင်းတုန်းက သုံးသော ကရိယာပဲ ဖြစ်သေးသည်။ သို့ရာတွင် ဒီတစ်ကြိမ်မှာတော့ ဆေးလုံး၏ သန့်စင်မှုကို တိုင်းတာမှာ ဖြစ်သည်။
ဆေးလုံးက သန့်စင်လေလေ ဆိုးကျိုးက နည်းလေလေ ဖြစ်သည်။ အဲဒါကို ဆေးလုံး၏ အရောင်ကို ကြည့်လျှင် ခွဲခြားနိုင်ကာ ပိုပြီး အသေးစိတ်လိုပါက ကရိယာက ထွက်ပေါ်လာသော အလင်းကို ကြည့်နိုင်သည်။
ဒီတစ်ကြိမ်တွင် You XiaoMo က နောက်ဆုံးမှာ တန်းစီအောင်တော့ သူ စိတ်မရှည်တော့။ သူထင်လိုက်တာက Teng ZiXin တို့အဖွဲ့က နောက်ဆုံးထိ စောင့်လိမ့်မည်။ ထိုမှသာ အခြားသူများက သူ့တို့ကို ပိုမို သတိထားမိပေလိမ့်မည်။ ဒီတော့ You XiaoMo က အမြန်ပဲ ဆေးလုံး စစ်ဆေးရန် စောင့်နေသော ပထမအဖွဲ့က နောက်ဆုံးနေရာကို အမြန်ယူသည်။
You XiaoMo၏အပြုအမူက Teng ZiXin တို့လူစုကို အတော်လေး ကြောင်သွားစေသည်။ အမှန်ကတော့ သူတို့သာမက အခြားသော သူများလည်း သူ စိတ်မရှည်တာကို မြင်နိုင်သည်။
BaiLi XiaoYu လည်း You XiaoMo နှင့် အတူ သူ့ဆေးလုံးကို စစ်ဆေးချင်သည် သို့သော် အခြားသူများက သူတို့ဆေးလုံးများကို ကရိယာအထဲ ထည့်လိုက်တာမြင်တော့ သူ့မှာ အဲဒိလူတွေကို သူ့အတွက် တစ်နေရာပေးရန် သွားတောင်းခဲ့လျှင် အကြောင်းတစ်စုံတစ်ရာ မရှိပဲ ပြဿနာ သွားရှာရာ ကျသွားမှာ စိုးရသည်။
ဒါကလည်း You XiaoMo လိုချင်သော ရလဒ်ပင်။ You XiaoMo က သူ့ဆေးလုံးကို ကရိယာထဲ ထည့်လိုက်ကာ လှုပ်ရှားဖို့ စိတ်မ၀င်စားသေးသော အကြီးအကဲGuan Yong ကို ကြည့်ကာ “အကြီးအကဲGuan Yong ကို ဒုက္ခတော့ များစေရတော့ပဲ”
အကြီးအကဲGuan Yong က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူလဲ You XiaoMo ဘာတွေးနေသလဲ ဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းမိတာကြောင့် ခလုတ်ကို နှိပ်လိုက်သည်။
ကရိယာက အပြာရောင်ရင့်ရင့် အလင်းထုတ်လွှင့်လာသည် တစ်ချိန်တည်းမှာပဲ အခြားသော သူများ၏ ဆေးလုံးများဆီမှ အပြာရောင်အဖျော့ဖျော့ အလင်းများမှာလည်း You XiaoMo၏ အလင်းရောင်နှင့် တစ်ချိန်တည်း ထွက်ပေါ်လာသည်။
အကြီးအကဲGuan Yong ကတော့ သူ့လည်ချောင်းထဲမှာ ယားကျိကျိဖြစ်နေသည်။ အဆင့်နိမ့်ဆေးပင်များကနေတောင် သူက ဒီလောက် အရောင်ရင့်တဲ့ ဆေးလုံးဖော်စပ်နိုင်သေးသည်။ ကြည့်ရတာ ပေါင်းခံခြင်းကို အကြိမ်ရေ ခပ်နည်းနည်းလုပ်ခဲ့ပုံ မပေါ်ပေ ခြောက်ကြိမ်လောက် လုပ်ခဲ့ပုံ ပေါ်သည်။ အကြီးအကဲGuan Yong က သူ့အကြည့်တွေကို အမြန်ပြန်ရုတ်သိမ်းကာ အခြားသော သူလေးယောက်ကိုလည်းကြည့်ကာ ချက်ချင်းပြောလိုက်သည် “ငါးယောက်လုံး အောင်တယ် နောက်တစ်သုတ် တက်လာမယ်”
You XiaoMo က ဆေးလုံးကို ချက်ချင်းယူက တောက် တောက် တောက်တောက် နှင့် Ling Xiao ဆီကို ပြေးတော့သည်။
ဆေးပင်တွေကို အစည်းအရုံးက ထောက်ပံ့ပေးထားတာ ဖြစ်သော်လည်း ဒါတွေက အဆင့်နိမ့်ဆေးပင်တွေသာ ဖြစ်တာကြောင့် ကြွယ်ဝချမ်းသာသော မှော်ဆရာ အစည်းအရုံးအနေနှင့် ဒီလောက်ကို အသာလေး တတ်နိုင်သည် ဖြစ်သည်။ ထို့ကြောင့် စစ်ဆေးမှု ပြီးလျှင် ဆေးလုံးများကို ဖြေဆိုသူ မှော်ဆရာများကို ပြန်ပေးလိုက်သည်။
You XiaoMo က Ling Xiao ကို ဆေးလုံး ကပျာကသီပေးကာ စိတ်လှုပ်ရှားစွာနှင့် “Ling Xiao ဒီဆေးလုံးလေး မြည်းကြည့်ပါလား ကောင်းလား မကောင်းဘူးလားလို့ ဒါက ကျွန်တော် ရွှေသဲဆေးလုံး ဖော်တာ ပထမဆုံးပဲ မို့လေ”
Ling Xiao ကလည်း သူ့ကို မရပ်တန့်စေပဲ သူ့ပါးစပ်ထဲကို တန်းထည့်လိုက်သည်။ အကြိမ်အနည်းငယ် ၀ါးပြီးနောက် “ကောင်းတယ် ဒါပေမယ့် အရသာတော့ နဲနဲပေ့ါတယ်”
You XiaoMo က နားလည်ကာ ခေါင်းညိမ့်ပြသည်။ ဒါက အဆင့်နိမ့်ဆေးပင်ကို သုံးကာ ဖော်တာဖြစ်တာကြောင့် အရသာကတော့ အဆင့်မြင့်ဆေးပင်တွေ သုံးတာထပ်တော့ ပေ့ါမှာပင်။ You XiaoMo က သူ့ရင်ဘတ်ကို ပုတ်ကာ “ကိစ္စမရှိဘူး လိုတဲ့ ပစ္စည်းတွေ အသင့်ဖြစ်အောင်စုပြီးရင် ကျွန်တော် အစ်ကိုအတွက် နည်းနည်းဖော်ပေးမယ်” သူ့နယ်မြေထဲတွင် ရွှေသဲဆေးလုံး ဖော်စပ်နည်းအတွက် လိုအပ်သော ဆေးပင်တွေထဲက အဆင့်လေးဆေးပင် နှစ်မျိုး မရှိသေးပေ။ ကြည့်ရတာ သူသွားဝယ်ရတော့မည်။
သူတို့မသိသည်ကတော့ သူတို့ ပြောစကားတွေကို ခန်းမထဲက အခြားသူများလည်း ကြားသွားကာ ခန်းမထဲ အတော်လေး ရိုက်ခတ်မှုဖြစ်သွားသည်။
ရွှေသဲဆေးလုံးကို ပထမဆုံးဖော်စပ်တာ ဒါတောင် အောင်မြင်မှုနှုန်းက ဒီလောက်မြင့်လှကာ ဒါက သူ့အဆင့်နှင့် ပတ်သတ်သည့်အရာ ဖြစ်နိုင်သော်လည်း အဲဒါက တွေးကြည့်တာနှင့်တောင် တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ။
နောက်ပြီးတော့ သူ့အပေါင်းအဖော်ကို ကြည့်လိုက်ဦး သူက ဆေးလုံးကို အကြမ်းထည်ကြီး ၀ါးစားပစ်သည်။ ဆေး၏ တုန်ပြန်ထိရောက်မှုက သူ့အတွင်းအားတွေကို ထိခိုက်စေမှာကို မစိုးရိမ်ဘူးလားမသိပေ။ ဒါက သေတောင်သွားနိုင်သည် သိရဲ့လား။
Gao Yang နှင့် ဆရာမNing Jing တို့လဲ တစ်ယောက်နှင့် တစ်ယောက်သာ ငေးကြည့်နေမိတော့သည်။ You XiaoMo တစ်ယောက်သာ မကောင်းဆိုးဝါးမဟုတ်ပဲ သူ့နားက လူကလည်း တော်တော်လေး ထူးဆန်းနေတာပဲ။
သူတို့ပြောဆိုကြပြီးတော့ You XiaoMo နှင့် Ling Xiao က Ning Jing ဆီကို သွားကြသည်“ဆရာမNingJing ကျွန်တော် စမ်းသပ်မှု အောင်သွားပြီ ဆိုတော့ ဘယ်တော့ စာရင်းသွင်းရမလဲဟင်?” သူ အရင်က ၀ယ်ခဲ့သော ကျောက်စိမ်းစာလိပ်ထဲတွင် အဲဒိအကြောင်းကို မရှင်းပြထားပေ ဒီတော့ သူမသိဘူး ဖြစ်နေသည်။
ဆရာမNingJing က က ညင်ညင်သာသာလေး “၀င်ခွင့်က မနက်ဖြန်ကျမှ ပြီးမှာ ဒီတော့ ဆရာမတို့က နောက်တစ်ရက်ကျမှ Yanမြို့တော်ကနေ ထွက်မှာ။ သဘက်ခါမနက်ကျရင် ရင်ပြင်မှာ လူစုမယ် ပြီးတော့ ဆရာမတို့ အားလုံး တစ်သုတ်ထဲ ထွက်ကြမှာ အဲဒိတော့ နောက်မကျဖို့ သတိရနော်”
You XiaoMo “ဒါဆိုရင် ကျွန်တော်တို့ သွားတော့မယ်နော် ဆရာမNingJing နဲ့ အစ်ကိုGao သဘက်ခါမှ တွေ့ကြပါမယ်နော်”
Gao Yan ကသူတို့ကို ကြည့်ကာ တအံ့တသြနှင့် “ဆက်မကြည့်တော့ဘူးလား မင်းရဲ့ ပြိုင်ဖက်တွေကို လေ့လာဖို့ အခွင့်ကောင်းပဲလေ ”
You XiaoMo က ခေါင်းခါပြီး “နောက်ကျရင်လဲ အခွင့်အရေးတွေ အများကြီး ရမှာပါပဲ။ ကျွန်တော် လုပ်စရာတွေ ရှိသေးလို့ ဆက်မနေတော့ဘူး”
ခန်းမထဲကနေ ကတိုက်ကရိုက် ထွက်သွားသော You XiaoMo၏ သဏ္ဍာန်ကို Teng ZiXin လိုက်ငေးနေသည်။ သူ(မ)လက်ထဲက အပြာရောင်ရင့်ရင့်ဆေးလုံးကိုလဲ ကြည့်မိသေးသည်။ သူ(မ)မျက်လုံးက ရုတ်တရက် အတွေးတွေထဲ နစ်ဝင်သွားသည်။ ဒီYou XiaoMo ကိုတော့ သူ(မ) ပိုပိုပြီး နားမလည်ဘူး ဖြစ်နေသည်။
အခြားတစ်ဖက်မှာလဲ BaiLi XiaoYu က You XiaoMo ကျောကို မျက်လုံးများ ပြူးကာ လိုက်ကြည့်နေသည်။ သူလည်း You XiaoMo နှင့် စကားတွေ ထပ်ပြောချင်သေးသည်။ သူက သူငယ်ချင်းအဖြစ်ရောက်တာ ခဏလေးပဲ ရှိသေးတာကို You XiaoMo ဒီလောက်မြန်မြန်ကြီး ပြေးထွက်သွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ BaiLi XiaoYu လည်း သူ့နောက်ကို ပြေးလိုက်သွားချင်ပေမယ့် သူ့ဆေးလုံးကို မစစ်ဆေးရသေးဘူး ဖြစ်နေသည်။
BaiLi XiaoYu ဘေးက Tong YueXu မှာလည်း သူခေါင်းကြီး ငိုက်စိုက်ကျနေတာကိုမြင်တော့ အဲဒိခေါင်းထဲ ဘာတွေ တွေးနေသလဲ ဆိုတာ သူသိသည်မို့ BaiLi XiaoYu ခေါင်းလေးကို ပုတ်ကာ ချော့မော့လိုက်သည် “XiaoYu အကယ်ဒမီကို ၀င်ပြီးချိန်အထိပဲ စောင့်ရမှာပါ နောက်ကျတော့လဲ သူ့ကို နေ့တိုင်း တွေ့ရတေ့ာမှာပဲ ဟာကို”
BaiLi XiaoYu ကမော့လာကာ “ကျွန်တော့်ကို လာလိမ်လို့ မရဘူးနော်”
Togn YueXu ကခေါင်းညိမ့်ပြီး ရယ်ကာ “မလိမ်ပါဘူး”
BaiLi XiaoYu ကစဉ်းစားကြည့်ကာ “အာ့ဆိုလဲ ကောင်းပြီလေ။ ကျွန်တော် အစ်ကို့ကိုယုံတယ်”
ဒီလို အတည်ပေါက်ကြီးကို ကြည့်ကာ Tong YueXu မှာ ငိုရမလား ရယ်ရမလား မသိတော့ပေ။
သူတို့သုံးယောက်သား မှော်ဆရာ အစည်းအရုံးကနေ ထွက်လာပြီးနောက် Ling Xiao ကလည်း သူဘာကြောင့် အလောတကြီး ထွက်လာသလဲ သိချင်နေသည်။
အစည်းအရုံးတံခါးမှာ ရပ်လိုက်ကြသည်။ သူတို့ ရပ်လိုက်ကြသော နေရာ ရင်ပြင် နှင့် အတန်ဝေးနေသေးသော်လည်း ရင်ပြင်က လာသော အသံများကိုတော့ ကြားနေရသေးသည်။
Lin Yue က သူ့သခင်နှစ်ယောက်ကို ကြည့်နေသည်။ သူတို့စကား တစ်ခွန်းမှ မပြောတာကို မြင်တော့ သူက သူတို့ နောက်မှာသာ တိတ်တိတ်လေး ရပ်နေသည်။ ပြီးတော့ သခင်လေးက သူ့ကို (သူ့နောက်လိုက်ခွင့်) ခွင့်မပြုသေးပေမယ့် သူတို့ကို အလုပ်အကျွေးပြုချင်သည်။
Ling Xiao က “မင်းဘာလုပ်မလို့ စီစဉ်ထားလို့လဲ”
You XiaoMo က မျက်လုံးလှန်ကြည့်ကာ “ကျွန်တော် ပိုက်ဆံရှာချင်တယ်လေ”
Ling Xiao က မျက်ခုံးများ မြင့်တက်ကာ “မင်း တိတ်တိတ်လေး သိမ်းထားတဲ့ ဆေးလုံးတွေ ရှိသေးတယ်ပေ့ါ”
You XiaoMo ပါးစပ်လေး တွန့်ခနဲ ပြုလိုက်သည်။ သူက အရာအားလုံးကို တိတ်တိတ်လေး သိမ်းထားတာမှ မဟုတ်တာ “လိုက်နောက်မနေနဲ့ အဲဒါတွေက အစ်ကိုစားဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ ပိုက်ဆံကုန်တော့မှာ ဆိုတော့ ပိုက်ဆံ ထပ်ရှာရတော့မယ်”
You XiaoMo က သူ့ပိုင်ဆိုင်မှုတွေထဲမှာ ပိုက်ဆံနည်းနည်းမှ မရှိလျှင် စိတ်အနှောင့်အယှက် နည်းနည်း ဖြစ်ရသည်။ ပြီးတော့ သူတို့က ဘယ်အချိန်မှ အပြင်ထွက်ရမလဲ ဒါမှမဟုတ် အကယ်ဒမီထဲ ၀င်ပြီးနောက် ပိုက်ဆံ ဘယ်လောက် လိုမလဲ ဆိုတာ မသိဘူးလေ။
Lin Yue က အနောက်မှာ သူရှိနေရာက ခါးလေးကိုင်းပြီး စကားပြောဖို့ ကြိုးစားနေသည်။ ဘာ့ကြောင့် သခင်လေးဆီကနေ ကလေးဆိုးကြီးလို လုပ်မနေနဲ့ ဆိုသော အငွေ့အသက်တွေ ထွက်နေသည်ဟု သူခံစားနေရမှန်း မသိပေ။ ကြည့်ရတာ သူဒီနေ့ တံခါးကနေ ခြေထောက်မှား ထွက်လာပြီ ထင်တယ်။
Lin Yue က သူတို့ တစ်လက်မတောင် မရွေ့တာ သိတော့ သူက အကြောင်းပြချက်ကို သိသွားပုံ ပေါ်ကာ “သခင်လေး Yan မြို့တော်ရဲ့ စီးပွားရေးနယ်မြေ ဘယ်မှာလဲ ဆိုတာ ကျွန်တော် သိတယ်”
You XiaoMo က ချက်ချင်းသူ့ကို ကြည့်ကာ “မင်းဘာလို့ စောစောက မပြောတာလဲ မြန်မြန်လေး လမ်းပြစမ်းပါ”
ဒီလိုနှင့် ဒေသခံတစ်ပိုင်း ဖြစ်နေနှင့်သော Lin Yue က သူတို့ကို အောင်အောင်မြင်မြင်နှင့် စီးပွားရေးနယ်မြေကို ခေါ်ဆောင်သွားတော့သည်။