Chapter 201 – Resolve
အခန်း ၂၀၁ ဖြေရှင်းခြင်း
စာကြောင်းလေး တစ်ကြောင်းနှင့်တင် လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ခဏလောက် ကြာပြီးနောက် Tang Fan၏ အောက်သံကြိက လေထဲ ထိုးဖောက်လာပြန်သည် “မင်း Tang Zhen ကို ဘာလုပ်လိုက်ပြန်ပလဲ”
Ling Xiao က ရယ်ကာ ဖြည်းဖြည်းချင်း “ဘာမှမလုပ်ပါဘူး သတ်လိုက်ရုံလေးပါ ဒါလေးပဲ”
သူ့ခွန်အားကလည်း Tang Fan လိုမျိုး အင်ပါယာအဆင့် ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လောက်သော်လည်း ဒီလူအတွက်ကတော့ ရုံလေးတင်ပါတဲ့လား။ ဒီစကားများက မာနထောင်လွှားလွန်းလှသည် သို့သော်လည်း လူတိုင်းကတော့ မောက်မာထောင်လွှားနိုင်သော အစွမ်းရှိကြောင်း သိကြသည်။
Tang Fanက ဒေါသတကြီးဖြင့် “မင်း တကယ် Tang Zhenကို သတ်ရဲတယ်ပေါ့ မင်းအသက်နဲ့ ပြန်ပေးဆပ်စမ်း”
နောက်ဆုံးစကား မထွက်လာခင်မှာတင် Tang Fan သဏ္ဍာန်က လူ့တစ်ကိုယ်လုံး လူသတ်ချင်သည့် အရှိန်အ၀ါတွေ ဖုံးလွှမ်းကာ သူမတ်တပ်ရပ်နေရာမှ ပျောက်သွားပြီ ဖြစ်သည်။ သူရဲ့ စိတ်ဝိဥာဏ်စွမ်းအင်များအားလုံးကို စုစည်းကာ Ling Xiao ကို တိုက်ခိုက်လိုက်သည်။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲနေကာ သူနှင့် Ling Xiaoကြားက စွမ်းအင်းကွာခြားမှုကိုတောင် တိုက်ရိုက်လျစ်လျူရှုလိုက်သည်။
သူ နီးကပ်ခါနီးလောက်လေးမှ Ling Xiao က လှုပ်လိုက်သည်။ သူ့လက်မောင်းထဲက You XiaoMo တောင် အနည်းငယ် ရွေ့သွားသည်။
အကွာအဝေးက ခြေတစ်လှမ်းလောက်သာ ကွာတော့မှသာ Ling Xiao က သူ့ကို ချော်ထွက်အောင် လုပ်လိုက်သေးသည်။
Tang Fan သူငယ်အိမ်များက ရုတ်တရတ် ကျုံသွားကာ သူက မယုံနိုင်သလိုဖြစ်ပြီးသည်။ သူ့အရှိန်က အမြင့်ဆုံးကိုတောင် ရောက်နေပြီ။ သူ့ဝိဥာဏ် လေ့ကျင့်သည့် ကျင့်စဉ်က အရှိန်ကို အထူးပြုလေ့လာထားမို့ အခြားပြိုင်ဖက်က သူကထက် ကြယ်တစ်ပွင့် နှစ်ပွင့်လောက် မြင်တောင် သူ့တိုက်ခိုက်မှုက အသာလေး လွတ်ထွက်သွားဖို့ ဆိုတာ မဖြစ်နိုင်သေးပေ။ သူ့စိတ်က အဓိပ္ပါယ်မဲ့သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
Ling Xaio သုခဘုံနယ်မြေထဲ ၀င်သွားတာကို သူမှတ်မိသွားသည်……..
သူ့အတွေးရထားကြီးက လိုရာ ပန်းတိုင် ရောက်သေးပေ ပြီးတော့ Ling Xiao ၏ ထွေထွေထူးထူးမဟုတ်လှသော အထင်အမြင်သေးသော အသံက သူကနားထဲကို ရောက်လာပြန်သည် “ Tang Fan ခင်ဗျား က အရမ်းပါရမီရှိတဲ့ ထူးချွန်သူဆိုတာတော့ ကျုပ်ဝန်ခံတယ် ခင်ဗျားက အင်ပါယာအဆင့်ရောက်ဖို့ နှစ်တစ်ထောင်တောင်မှမယူခဲ့ပဲ ပြီးတော့ ဒီလို ပါရမီမျိုးက အမှန်တကယ့်ကို နှစ်တစ်ရာမှ တစ်ခု လာခဲတာ ဒါပေမယ့် ကံမကောင်းစွာပဲ ခင်ဗျားက မကောင်းတာတွေ အများကြီး လုပ်ခဲ့တာကိုး။ ကံတရားက ခင်ဗျားဘက်မှာ ထပ်မရှိတော့ဘူး ဒီဘ၀အတွက် ခင်ဗျားကံတွေက ဆုံးခန်းတိုင်သွားပြီ”
Tian Xianဂိုဏ်းနောက်က WanEတောအုပ်က Tang Fan၏ မကောင်းမှုတွေ လုပ်ဆောင်ရာ နေရာ ဖြစ်သည်။
သန်းနှင့် ချီနေသော လူအရိုးစုတွေနဲ့ ၀မ်းနည်းပူဆွေးမှုတွေက ကောင်းကင်ထိအောင်ပြည့်နှက်နေသည်။
ဒီနေ့တော့ Tang Fan သူ့အကြွေးတွေ သူပြန်ပေးဆပ်ရမည့်နေပင်။
စကားအဆုံးသတ်လိုက်သည် Ling Xiao က မရှောင်လွှဲနိုင်လောက်သောလက်ဝါးရိုက်ချက်တစ်ခုကို Tang Fan ဆီကို လွှတ်လိုက်သည်။
သူ့လက်ကနေ ခရမ်းရောင်မီးတောက်နှင့် အနီရောင်မီးတောက် ပေါ်လာကာ သူ့ လက်ဖ၀ါးကနေ Tang Fan ကိုယ်လုံးဆီကို ဦးတည် ထွက်သွားသည်။ ထို တောက်ပသော မီးတောက်များက သူ့ရဲ့ အရေးပါသော စွမ်းအင်လမ်းကြောင်းများနှင့် အသားများကို ပြင်းထန်စွာ လောင်ကျွမ်းစေသည်။
မီးတောက်များက အလွန်အားကောင်းလှကာ Tang Fan လိုမျိုး လူသိများလှသော အားကောင်းသော ကိုယ်ခံပညာရှင်တောင် မရှောင်နိုင်ပဲ အော်ဟစ်သံတွေသာ ထွက်လာကာ အသံက အလွန်အမင်းကို စိတ်ဆင်းရဲ စရာကောင်းလှကာ လူအုပ်ကြီးတောင် အဲဒါကို ကြားရတော့ စိတ်ထဲမကောင်းလှချေ။
လူတိုင်းက ကောင်းကင်ကနေ ၀ိဥာဏ်ကင်းမဲ့နေသော Tang Fan၏ ကိုယ်ကြီး ၀ုန်းခနဲ မြေပေါ်ကို ပြုတ်ကျလာတာကို အထိတ်တလန့် ကြည့်နေသည်။
ဂိုဏ်းချုပ်တစ်ယောက်၏ ကံကြမ္မာအနေနှင့် ဤမျှထိတ်လန့်စရာ အဆုံးသတ်ရလာဒ်ကြီးကတော့ မကောင်းမှုအတွက် တန်ပြန်ခံစားရတာပင်။
“ဂိုဏ်းချုပ်” Tang Fan၏ နောက်လိုက်များစီက အသံထွက်လာသည်။
ဒီလူတွေကတော့ သေဖို့ မကြောက်ကြတာ သိသာလှပေမယ့် ကြောက်လွန်းလို့ စကားတစ်ခွန်းတောင် မပြောနိုင်သော သူများလဲ ရှိသည်။
Ling Xiao က အသံလာရာကို ကြည့်လိုက်တော့ အဲဒိမှာ စိုးရိမ်နေသော မျက်နှာအနည်းငယ်တွေ့လိုက်သည် ပြီတော့ အဲဒိမှာ လူအုပ်ကြားထဲ ၀င်ပုန်းခိုဖို့ ကြိုးစားနေကြသောသူများကော ရှိသည်။ ကံဆိုးစွာနှင့် ဒီရင်နှီးလှသော မျက်နှာအချို့က သူနှင့် ပဋိပက္ခရှိပြီးသူများ ဖြစ်နေသည်။
Xiao Long၏ ဆရာတပည့်များကတော့ Ling Xiao သူတို့ကို ကြည့်လိုက်တာ မြင်တော့ အစောက Tang Fan ကို အော်လိုက်သောသူကို ဆဲရေးချင်ကြတော့သည်။
တိုက်ပွဲက ပြီးတော့မည်ဟု လူတိုင်းက ထင်လိုက်ချိန်တွင် ရင်ပြင်အနှံ လေတိုးသံတစ်ခု ကြားလိုက်ရသည်။ လူတိုင်းက လားရာကို ကြည့်လိုက်တော့ အချို့သော် သူများကတော့ အသံနောက်ကွယ်က သဏ္ဍာန်ကို သတိထားမိပြီးနောက် အားခနဲမအော်ပဲ မနေနိုင်တော့ပေ။
ထိုသူက အရင်က အကျဉ်းချခံထားရသည့် Zhou Peng ဖြစ်သည်။
Zhou Peng က လူအများ ငေးကြည့်နေတာကို လျစ်လျူရှုကာ တစ်စုံတစ်ယောက်ကို Tang Fan ရှိရာကို ပစ်လိုက်သည်။
Tang Fan က နေရာတွင် မသေသေးရာ အဲဒါ ဘယ်သူလဲဆိုတာ ကြည့်ဖို့ ကြိုးစားလိုက်တော့သူ့ မျက်လုံးများက ၀ိုင်းစက်သွားသည်။
အဲဒါက သူ့ညီ Tang Zhenပင်။ အသွင်အပြင်အရ သူတို့နှစ်ယောက်ကြားက အသွင်သဏ္ဍာန်က ဆင်တူလှတာကို လူတိုင်းပြောနိုင်သည်။ သို့သော်လည်း သူကမျက်လုံးများကတော့ အပြင်ကို ထွက်ကျတော့မလိုကို ဖြစ်နေကာ အရှင်လတ်လတ် ငရဲတစ်ခုကို မြင်လိုက်ရသလိုမျိုးပင် သို့သော်လည်း သူ့အသက်ရှူသံတွေ ရပ်သွားတာတော့ ကြာလှရှိနေပြီ။
Tang Fanလည်ချောင်းထဲက ထူးဆန်းသော အသံများ ထွက်လာကာ အတန်ကြာတော့ သူ စာကြောင်းတစ်ကြောင်းကို ပြောနိုင်သွားသည် “အဲဒိဟာက ပြီးပြည့်စုံသွားပြီ.. မင်းတို့အားလုံး…. မလွတ်မြောက်တော့ဘူး… မင်းတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် မြုပ်နှံခံရစေချင်တယ်”
သူ ထိုစာကြောင်းကို ပြောပြီးသည်နှင့် သူ့အသက်ရှူခြင်းလည်း လုံးဝ ပျောက်ကွယ်သွားသည်။
Tian Xin ဂိုဏ်းက ဂိုဏ်းချုပ်ကြီး ဂုဏ်သိက္ခာရှိလှသော ဘ၀တစ်ခုကို သွားနိုင်သူ Tang Fan က အခုတော့ ဒီလိုမျိုး သေသွားသည်။
လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြသည်။ နောက်ဆုံးပြောသွားသော စကားများကိုသူတို့ နားမလည်သောကြောင့် Linf Xiao ရှိရာ ကောင်းကင်ကိုသာ မော့ကြည့်ုလိုက်သည်။
Ling Xiao ကတော့ Tang Fan ဘာဆိုလိုတာလဲ ရှင်းရှင်းလင်းလင်းသိသည်။ သူ မျက်မှောင်ကြုပ်ကာ Zhou Peng ဘက်ကို လှည့်ကာ “မင်းမလာသေးခင်တုန်းက အဲဒိဟာကြီး ဘယ်လောက်ဖြစ်သွားပြီလဲ?”
မူလကတော့ Ling Xiao က အဆိုပါ အရာကြီးကို သူဒီကို မလာခင် ဖျတ်ဆီးချင်တာ ဖြစ်သည် သို့သော် You XiaoMo က မမျှော်လင့်စွာနှင့် အန္တရာယ်ထဲ ရောက်နေတော့ သူ့မှာ အဲဒါကို ထားခဲ့ကာ သူ့ကို ကယ်ဖို့ ဒီကို တန်းလာရ တာ ဖြစ်သည်။
Zhou Peng က “အခြေအနေက အခုတော့ မကောင်းဘူး အဲဒိလူကြီးပြောတော့ အဲဒိအရာက ဒီကမ္ဘာထဲ ၀င်လာဖို့ တစ်နာရီတောင် မလိုတော့ဘူးတဲ့”
“ဒီဗတာ့ တစ်နာရီကျန်သေးတယ်ပေ့ါ..ပြဿနာတော့ ….”နောက်ဆုံးစာလုံး ဖြစ်တဲ့ မဖြစ်နိုင်ဆိုသော စကားက သူ့ပါးစပ်ကနေတောင် မထွက်လာနိုင်သေးခင် Ling Xiao ၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူက ကTian Xin တောင်အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့ လက်မောင်းထဲက You XiaoMo ကတော့ သူ့အမူအယာ ပြောင်းသွားတာကို သတိထားမိကာ သူ့ကြည့်ရာနောက်ကို လိုက်ကြည့်တော့ အာ… ဘာမှလဲ မရှိဘူး။
You XiaoMo က အမြန်မေးလိုက်သည် “ဘာဖြစ်တာလဲ?”
Ling Xiao “အဲဒိဟာကြီး လာနေပြီ”
You XiaoMo က လေသံနှင့် “ဘာကြီးလဲ”
Ling Xiao က ခေါင်းလေးငုံ့ကာ ရယ်မောပြီး “မှန်းကြည့်လေ”
You XiaoMo “………”
သူ စကားပြောတာ ရပ်လိုက်ချိန်တွင် မြေပြင်က စတင် တုန်ခါလာပြီး ငလျင်လှုပ်သလိုမျိုး တော်လဲသံမြည်လာသည် သို့သော်လည်း သာမာန်ထက် ထူးတာ ပိုမရှိပေ။သူတို့ ခြေထောက်အောက်မှ အသက်ရှူသံတစ်ခုကို ကြားနိုင်တာနှင့် ရင်ပြင်မှာရှိနေသော ကိုယ်ခံပညာရှင်များ၏ အမူအယာများက ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့အောက်က အရာတစ်ခုကို သူတို့လဲ သတိထားမိသည် အဲဒါက ရထားလိုပဲ ဆိုတော့ သူတို့တွေ ကောင်းကင်ထဲကို အမြန်ပျံသန်းလိုက်ကာ မြေပြင်ကို ငုံကြည့်လိုက်သည်။
သိပ်မကြာခင်ပဲ တစ်စုံတစ်ခုက ရင်ပြင်၏ ထူထဲလှသော မြေပြင်ကို ရိုက်ခတ်လိုက်သံ ဒုန်းဒုန်း မြည်သံကြီးက လူတိုင်း၏ အသည်းနှလုံးကို တိုက်ရိုက်လာရိုက်ခတ်သလိုပပင်။ ဧရိယာကြီး တစ်ခုလုံးက ထိုအသံကြောင့် တိတ်ဆိတ်သွားသည်။ အချိန်အနည်းငယ် ကြာပြီးနောက် ထိုအရာက နောက်ဆုံးတော့ တိတ်ဆိတ်သွားသည်သို့သော်လည်း လူထုကြီးကတော့ စိတ်မချနိုင်သေးပဲ အဲဒိအစား ပိုပြီးတောင် အာရုံတွေ ထွေပြားသွားရသည်.
စက္ကန့်အနည်းငယ်အကြာတွင် ဘုန်းခနဲ အသံကျယ်ကြီး ထွက်လာကာ မြေအောက်ကနေ မီးလှိုင်းကြီး တစ်လုံး ပေါက်ကွဲ ကြီးထွားလာသည်။ ထိုမီးလုံးကြီးက ကြီးမားသော မီးတိုင်ကြီးတ တစ်ခုနှင့် တူက အစောက Ling Xiao ၏ မီးတိုင်ကြီးထက် ကြီးသည်။
ထိုမီးလှိုင်းကြီးက ဆက်လက်ဟုန်းဟုန်းတောက် နေကာ ရင်ပြင်တစ်ခုလုံးက ဒီလို လှုပ်ရှားမှု့က ဒီလောက်ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်လာစေမည်ဟု မထင်ထားပေ။ အချိန်မီ မရှောင်နိုင်သော သူများ မီးလှိုင်းကြီး ရိုက်ခတ်တာ ခံရကာ သန်မာသော သူများက သွေးအနည်းငယ်သာ အန်ပြီးတော့ အမြန်ထွက်ပြေးရသည်။ အားနည်းသော သူများကတော့ မီးထဲသို့ တိုက်ရိုက် ၀ါးမြိုခြင်း ခံလိုက်ရသည်။ အချိန်ခဏလေးအတွင်းမှာ နာကျင်သော အသံများကို တစ်ခုပြီး တစ်ခု ကြားနိုင်ပေသည်။
Ling Xiao က ရင်ပြင်အစပ်နားတွင် ပျံသန်းနေကာ ပစ်မှတ်နေရာကနေ ထွက်သွားဖို့ လုပ်သည်သို့သော်လည်း ထိုအရာက သူ့ကိုသာ ပစ်မှတ်ထားနေပုံရသည်။ သူ့ခြေထောက်အောက်က မီးလှိုင်းကြီး၏ အလယ်ဗဟိုကျနေကာ ထိုမီးတောက်က ထပ်ပြီး ဟုန်းဟုန်းတောက်လာပြန်ကာ မျက်စိတစ်မှိတ်အတွင်းမှာကို Ling Xiaoကော သူလက်မောင်းကြားထဲမှာ ရှိနေသော You XiaoMo ကိုပါ ၀ါးမြိုလိုက်သည်။
သူ့ကိုတောင် မီးနှင့် မွေးဖွားခဲ့သော Ling Xiao လို လူရှေ့တွင် ဘယ်လို မီးမျိုးက သူ့ကို ဘာမှမလုပ်နိုင်တာ သိသာလှသည်။ သူ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် မလောင်ကျွမ်းနိုင်ရာ သူ့လက်မောင်းကြားထဲမှာ ရစ်ပစ်ခံထားရသော You XiaoMo က ပိုပြီးတော့ လုံခြုံနေသည်။
Ling Xiao က You XioaMo၏ ခေါင်းလေးကို ပွတ်ပေးကာ သူ့နဖူးလေးကို အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထိုအချိန်တွင် သူ့လုပ်ရပ်ကို အံသြသွားသော You XiaoMo က သူ့ကို မော့ကြည့်လိုက်ရာ ချက်ချင်းကို You XiaoMo အား သူ့နယ်မြေထဲကို ဆန္ဒမမေးပဲနှင့် ပစ်သွင်းလိုက်သည်။ မဟုတ်လျှင် You XiaoMo သက်တောင့်သက်သာ မဖြစ်မှာ သူစိုးရိမ်လှသည်။
You XioaMo ကို အဝေးကို ပို့ပြီးနောက် Ling Xiao က မီးတွင်းထဲကို ငုံကြည့်လိုက်တော့ သူ့မျက်လုံးက မှေးမှိန်သွားသည်။
တွင်းအောက်ခြေတွင် ရှိနေသော မကောင်းဆိုးဝါးမှာ ထောင်သောင်းချီနေသော လူများစွာ၏ အရိုးများ သွေးများဖြင့် ပြန်လည် ပြုပြင်ထားသော သွေးခပ်ထူထူနှင့် ကိုယ်လုံးကြီး ရှိသည်။ ထိုမကောင်းဆိုးဝါးက မှော်ဝင်သားရဲဟု မခေါ်နိုင်ပေ အဘယ့်ကြောင့် ဆိုသော် သူ့မှာ မျက်နှာတစ်ခုတောင် မရှိ ပြီးတော့ သူက အနုတ်လက္ခဏာဆောင်ကာ အလွန့်အလွန် သန်မာသည်။
ဒီလိုမကောင်းဆိုးဝါးက သန်မာသူများကို ဆွဲဆောင်သည်။ သင်က စွမ်းအားကြီးလေလေ အဆွဲဆောင်ခံရလေပင်။
အဲဒါကလည်း လူအများကြားထဲက အသန်မာဆုံးကို သူသတိထားမိတာကြောင့် ဖြစ်နိုင်ကာ ဒါကြောင့်ပဲ ဆွဲဆောင်ခံရတာ ဖြစ်သည်။
အချိန်ကောင်း ရောက်ပြီဟု တွေးမိကာ Ling Xiao က သူ့ရဲ့ ကြိုးစားအားထုတ်မှုများကို ချွေတာလိုက်သည်။
Ling Xiao က အတန်ကြာ ရပ်လိုက်သည် အဲဒိနောက် သူ့ကိုယ်ခန္ဓာကိုယ်က ချက်ချင်းကို ချွန်ထက်သော မြားတစ်စင်းလို ဖြစ်သွားကာ မီးလှိုင်းကြီးအတွင်ထဲ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပဲ ထိုမီးက သူ့ကိုယ်ဆီကို သူ့ဘာသာသူ လာပုံရကာ အဲဒိနောက်တော့ သေးငယ်သော စွမ်းအင်တစ်ခုအဖြစ် ပြောင်းသွားကာ ထိုမီးလှိုင်းကြီးက တစ်ဝက် လျော့ကျသွားသည်။
ထိုမကောင်းဆိုးဝါးက Ling Xiao ဆီမှ လာသော ခြိမ်းခြောက်မှုကို ခံစားမိပုံရကာ ကြောက်ရွံ့သွားသလို အသံတစ်သံပြုကာ ချက်ချင်းလှည့်ကာ မြေကြီးထဲ ၀င်လိုက်သည် သို့သော်လည်း Ling Xiao က အလွတ်ခံပါ့မလား။ အဖြေကတော့ ဟင့်အင်းပါ။
မျက်စိတစ်မှိတ်လေးနီးပါးမှာတင် Ling Xiao က အဲဒါကြီးကို ဖမ်းမိသွားသည်။ သူ့ခန္ဓာကိုယ်က တစ်ချိန်လုံး သွေးနံ့ခပ်ပြင်းပြင်းကို ထုတ်လွှတ်နေရာ သူဖြတ်သွားသော နေရာတိုင်းက ငရဲတစ်ခု၏ မြင်ကွင်းလိုပဲ ဖြစ်နေသည်။
Ling Xiao က ဒီမြင်ကွင်းကို မြင်တော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆက်မထိန်းထားနိုင်တော့ပေ။ သူက တကယ်ပဲ ဒေါသထွက်နေသလား ဒါမှမဟုတ် ဟန်ပဲ ဆောင်နေသလားတော့ မသိ အခုချိန်တွင်တော့ အေးစိမ့်စိမ့်အငွေ့အသက်များက သူ့ရဲ့ မတုန်မလှုပ်မျက်နှာပေါ်ကနေ အရိုးထဲအထိတောင် ရောက်သည်။ Ling Xiao က မကောင်းဆိုးဝါးကို ကြည့်လိုက်ကာ သူ့ညာဘက်လက်ကို ဖြည်းဖြည်းချင်းပင့်တင်လိုက်သည် အဲဒိနောက်မှာတေ့ သူ့လက်ဖ၀ါးမှာက အနက်ရောင် အ၀ိုင်းအမှတ်အသား ရှိနေသည်………
တစ်ခါတစ်လေ တစ်စုံတစ်ယောက်က မုဆိုးမဟုတ်လျှင်တောင် သူတို့ တစ်ဦးတည်း ဖြစ်နေနိုင်သေးသည်။
အချိန်ကုန်သွားတာနှင့် မုဆိုးတိုင်းက သားကောင် ဖြစ်တာပင်။
မကောင်းဆိုးဝါး၏ အစားအစာက ကိုယ်ခံပညာရှင်များဖြစ်သည်. သို့သော်လည်း အနေအထားက ပြောင်းပြန်လှန်လိုက်သလို ဖြစ်ကာ ကိုယ်ခံပညာရှင်က သားကောင်ပင် ဖြစ်လာနိုင်သည်။
မြေကြီးထဲက လှုပ်နေသော အသံက အခုတော့ တိတ်ဆိတ်သွားသည်။ တောက်လောင်နေသာ မီးတောက်က သူမွေးဖွားရာ နေရာကို ပြန်ရောက်သွားတာ မြင်လိုက်ကြသည်။ ချက်ချင်းကို လေထုပါးပါးလေးထဲတွင် ပျောက်ကွယ်သွားတာမို့ မသိလျှင် အစောက ဖြစ်ပျက်သွားတာက ပုံရိပ်ယောင်ထဲ သာ ရှိနေပုံမျိုးပင်။ တစ်ခုတည်းသော ကျန်ခဲ့သော အရာကတော့ ကြီးမားလှသော တွင်းနက်ကြီး ဖြစ်သည်။
သို့သော် မျက်စိလျင်သော သူများက Ling Xiao ပျောက်သွားတာ ခပ်မြန်မြန်ပဲ သတိထားမိသည်။ သူတော့ တစ်ခုခု ဖြစ်နေပြီဟု တွေးလိုက်သည့် အချိန်တွင် တွင်းနက်ကြီးထဲတွင် တစ်စုံတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာကာ တစ်ခုက ရှည်ပြီး တစ်ခုကပုသည်။ နေပါဦး အရပ်ရှည်သော တစ်ယောက်၏ အမူအယာက အနည်းငယ်ထူးဆန်းကာ သူ့ပါးပေါ်မှာ ခပ်ဖျော့ဖျော့ အမှတ်အသားတစ်ခု ရှိနေသည်။ အဲဒါက သွားကိုက်ရာ နှင့် တူလှသည်။
အဲဒိ နှစ်ယောက်ကတော့ Ling Xiao နှင့် You XiaoMo တို့ပဲ ဖြစ်သည်။
မကောင်းဆိုးဝါးကို သတ်ပြီးတော့ Ling Xiao က သူ့နယ်မြေထဲက You XiaoMo ကို ပြန်ခေါ်ထုတ်လိုက်သည်။
You XiaoMo က သူ့ကို ဘာစကားတစ်ခွန်းမှ မပြောတော့ပဲနှင့် သူ့ရဲ့ သွားလေးများနှင့် ကိုက်ထည့်လိုက်တော့သည်။