သို့......
အပိုင်း၁၀
လွန်းအတိတ်ရဲ့ ကိုယ်ကို လွန်းသာမနိုင်တနိုင်မကာ အိမ်ထဲသို့သယ်လာရသည်။ အမေဖြစ်သူကလည်း ဆေးသောက်ပြီး အခန်းထဲ အိပ်နေပြီထင်သည်။ လွန်းသာ လွန်းအတိတ်ကို မိမိတို့အတူနေသော အခန်းထဲ သယ်လာကာ ကြမ်းပြင်မှာ ခနလှဲအိပ်ခိုင်းလိုက်သည်။
ဖျာခင်းကာ ဖျာအပေါ်က ဖျင်စောင် တစ်ထပ်ခင်းလိုက်ပြီး လွန်းအတိတ်ကိုယ်ကို ဖျာပေါ် မနည်းဆွဲတင်လိုက်ရသည်။ လူကောင်ချင်းက လားရာမတူ ဆန့်ကျင့်ဘက်တွေ ဖြစ်ကျသည်။ အကိုဖြစ်သူလွန်းအတိတ်က အရပ်ရှည်ရှည် ထောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိသည်။လွန်းသာကတော့ ဖြူဖြူသေးသေး အရပ်ပုပုလေးနဲ့ ကလေးတစ်ယောက်လို ဖြစ်နေသည်။
လွန်းသာ လွန်းအတိတ် ဖျာပေါ်ရောက်မှ အသက်ကို ဝဝရှူလိုက်ရသည်။ လူကခြေကုန်လက်ပန်းကျဟန်ဖြင့် လွန်းအတိတ်ဘေးက ဖျားအစွန်းလေးမှာ ဘေးတစောင်းလှဲအိပ်လိုက်မိသည်။
မိမိဘက်လှည့်ကာ အိပ်လာတဲ့ လွန်းအတိတ်ရဲ့မျက်နာကို လွန်းသာငေးမောကာကြည့်နေမိသည်။ ရုပ်ဆိုးတယ်ဆိုပေမယ့် လွန်းသာအတွက် ဘာလို့ အမြဲတမ်းငေးကြည့်ချင်တဲ့ စိတ်တွေဖြစ်တည်နေရတာလဲလို့ လွန်းသာသူ့ကိုယ်သူ မေးခွန်းထုတ်နေမိသည်။
မေးခွန်းထုတ်ရင်း အပြန်ခရီးက လှုပ်ခတ်ခဲ့သော ရင်ခုန်သံက တစ်ဖန်ပြန်လည်နိုးထလာခဲ့သည်။ ထိုရင်ခုန်သံနဲ့ အတူ နားထဲသို့ လေသံတိုးတိုးလေး ပြန်ကြားယောင်လာခဲ့သည်။ "လွန်းလေး ကိုကိုမင်းကို ချစ်တယ်"။
ထိုစကားလုံးရဲ့ အဓိပ္ပါယ်ကို လွန်းသာ ဦးနှောင်ရဲ့ ဆင်ခြေအမျိုးမျိုးအောက်မှာ နှလုံးသားကို လိမ်ညာနေတော့သည်။ ညီအစ်ကိုလိုပဲခင်လို့ ချစ်တယ်ပြောတာနေမှာပါ။ ယောက်ကျားချင်းလေပြီးတော့။
လွန်းသာ သူ့ကိုယ်သူသိသည် သူသည်အလယ်တန်းလောက်ကတည်းက Gayတစ်ယောက်ဆိုတာသိသည်။ ယောက်ကျားလေးတွေကို မြင်ပြီး သဘောကျတဲ့စိတ်က မိန်းကလေးကို မြင်တဲ့ စိတ်နဲ့မတူဘူးဆိုတာလည်းသိသည်။
သို့သော်လွန်းသာသည် နွဲ့နှောင်းနေရတာမကြိုက် သာမာန်ယောက်ကျားလေးတွေလို ကျားကျားယားယားနေလာခဲ့သည်က ယခုထိပင်။ စိတ်ကိုလိမ်ညာသည်မဟုတ်ပဲ လိင်တူစိတ်ဝင်စားပေမယ့် မိန်းမမဖြစ်ချင်တဲ့ စိတ်ကရှိနေသည်။
အကို့ကို ကျွန်တော်ချစ်နေမိပြီထင်တယ်။ ဘာကြောင့်ချစ်နေမိတာလဲ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ဘူးအကို။ အမာရွတ်ကြီးက ရုပ်ဆိုးစေပေမယ့် ကျွန်တော့်အတွက် ဘာလို့အကိုမျက်နာက ခနခနငေးမောစေရတာလဲ။ အကိုအပြုံးကို သဘောကျမိတာလဲ။ဘာလို့လဲဆိုတာ အကိုသိနိုင်ရင် ပြောပြပါလားကိုကို။
အကိုက ကိုကိုလို့ခေါ်ဆိုပြီးပြောတုံး ကျွန်တော်မခေါ်ချင်ဘူးဖြေခဲ့တယ်နော်။ တကယ်က ကျွန်တော့်စိတ်ထဲ ခနခန အခုနောက်ပိုင်း အကိုမသိအောင် ခေါ်နေမိတယ်ဗျ။ ကိုကို မိန်းမဆန်လိုက်တာဗျာ ဒါပေမယ့် အမြဲခေါ်ချင်နေမိပြန်တယ်။ ကျွန်တော့်စိတ်တွေ ဂနာမငြိမ်ဘူးကိုကို။
လွန်းသာ လွန်းအတိတ်ရဲ့ မျက်နာအနားတိုးကပ်လိုက်မိသည်။ မျက်နာချင်းက အနီးကပ်မို့ လွန်းအတိတ်ဆီက ထွက်လာတဲ့ ထန်းရည်အနံကို လွန်းသာ အနီငပ်ရှူရှိုက်နေရသည်။
လွန်းသာ လွန်းအတိတ်လက်မောင်းပေါ်ခေါင်းတင်လိုက်ပြီး လွန်းအတိတ်ရဲ့ ရင်ခွင်ကျယ်ကြီးထဲ အသာအယာခေါင်းတိုးဝင်လိုက်မိသည်။ အလိုက်သင့်အိပ်နေတဲ့ လွန်းအတိတ်က အိပ်ရင်းယောင်နေဟန်တူသည်။ လွန်းသာရဲ့ ကျောပြင်လေးအား သူ့လက်နဲ့ ရစ်ပတ်လိုက်ကာ တင်းနေအောင်ဖတ်ထားလိုက်သည်။
လွန်းသာ လန့်သွားပြီး လွန်းအတိတ်များ မအိပ်သေးပဲ မိမိလုပ်ရက်ကို သိသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်သွားရသည်။ သို့သော်ခနခနအကြာအထိ ငြိမ်သက်နေပြီး ဟောက်သံ သဲ့သဲ့လေးကြားမှ လွန်းသာ ရင်ငွေ့နွေးနွေးအောက် ပြုံးလိုက်သည်။
လွန်းသာသူပါပြန်ဖတ်ကာ အိပ်စက်ဖို့ပြင်လိုက်သည်။
#######
-ကိုကိုဆိုတဲ့ နာမ်စားက မိန်းမဆန်တယ်
ဒါပေမယ့် ခေါ်ချင်နေတုံးပဲ။
-ကိုကိုရဲ့ မျက်နာကရုပ်ဆိုးတယ်
ဒါပေမယ့် အမြဲငေးကြည့်ချင်နေတုံးပဲ။
-ကိုကို ကိုချစ်တယ်ဆိုတာ ဝန်ခံချင်တယ်
ဒါပေမယ့် ကြောက်ရွံနေမိတုံးပဲ။
########
နှင်းဒေဝီ
"မယူနိုင်ဘူးဖေဖေ...."
"သမီး အဖေ့စကားကိုနားထောင်စမ်းပါကွယ်.....မောင်ကျော်ဖြိုးဝင်း ကိုယ်တိုင်က သမီးကို လက်ထက်ယူပေါ့မယ်လို့ ပြောလာနေတာကိုကွာ..."
ဆိုဖာပေါ်မှာထိုင်ရင်း ကျွန်မ ဖေဖေ့ကို မျက်ရည်များကြားထဲ စိုက်ကြည့်နေမိသည်။ မောင်နဲ့တုံးကလည်း ဖေဖေတို့ပဲ ပေးစားခဲ့တာလေ။ ခုမောင်ဘယ်ရောက်နေမှန်းမသိ သေသလားရှင်သလား စိုးရိမ်နေတဲ့ အချိန်မှာတောင် နောက်ယောက်ကျားယူဖို့ တိုက်တွန်းနေသည်တဲ့လား ဖေဖေရယ်လို့ ကျွန်မစိတ်ထဲ နာကျည်းနေမိသည်။
"သမီးမယူဘူးဖေဖေ သမီးမောင့်ကိုစောင့်နေမယ်...."
"ကျစ်....သမီးခေါင်းမမာစမ်းပါနဲ့ကွယ်....."
"ဖေဖေ သမီးကမြန်မာမိန်းကလေးပါ ယောက်ကျားက သေလားရှင်လားမသိတာကို သမီးကနောက်ယောက်ကျားယူရမှာတဲ့လား....."
နှင်းဒေဝီသည် အနေအေးပြီး တည်ငြိမ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် ပထမဆုံးချစ်ခဲ့မိသော ဝေယံလင်းကလွဲ၍ ကျန်တဲ့ ယောက်ကျားကို လက်ထက်ဖို့ဆိုတာ သူမ စိတ်တောင်မကူးသောအရာဖြစ်သည်။ သူမသည် ဝေယံလင်းကိုချစ်သည် ဝေယံလင်းထံမှ အချစ်တို့ကို မရရှိရင်နေပါစေ ဝေယံလင်းအနားမှာ သူမရှိနေရရင် ကျေနပ်နေသူလေးဖြစ်သည်။
ထိုမိန်းကလေးရဲ့ အချစ်က အေးဆေးတည်ငြိမ်ပေမယ့် သူ့မကိုယ်တိုင်ကိုတော့ နာကျင်စေသည်။
"ကောင်းပြီလေ....သမီးမောင်ကျော်ဖြိုးဝင်းကို လက်မထက်ဘူးဆိုရင် ဝေယံလင်းရဲ့အဖေကို သတ်ပြစ်လိုက်ရမလား...."
"ဖေဖေ...."
ကျွန်မ ရင်ထဲထိပ်လန့်သွားရသည်။ သူမရဲ့အဖေဟာ လူသတ်ဖို့ ရည်ရွယ်နေသည်ဆိုတော့ သူမတုံလှုပ်ခြောက်ခြားသွားမိသည်။
"မလန့်နဲ့သမီး သမီးရဲ့ ယောက်ကျားကို ရှင်းပြစ်လိုက်တာ ဖေဖေပဲလေ အဲ့ကောင်က ဖေဖေကမွေးထားတာကို ဖေဖေကို ပုန်ကန်ဖို့လုပ်နေတာကိုး သမီးရဲ့....နင့်ယောက်ကျားက သူတော်ကောင်းဖြစ်ချင်နေလို့ နတ်ပြည်ပို့လိုက်တာလေ ဟားးးး....အခုနင်ယောက်က္ခမကို ပို့လိုက်ရမလားဟမ်....."
"ဖေဖေ...ဖေဖေက မောင့်ကို သတ်ပြစ်လိုက်တယ်....ဖေဖေရယ် မောင်ကိုသမီးဘယ်လောက်ချစ်လဲ ဖေဖေသိနေတာပဲကို ဖေဖေမို့လို့ လုပ်ရက်လိုက်တာ....."
နှင်းဒေဝီ ထင်မထားခဲ့ပါ မောင့်ကို သူမအဖေသတ်တယ်ဆိုတဲ့ သကားအောက် သူမသည် မျက်ရည်များကြား အရုပ်ကြိုးပျက်ဖြစ်သွားရတော့သည်။
"သမီးရဲတိုင်မယ်...."
"ဘာ....ဟေ့ကောင်တွေ သမီးကို အိမ်ထဲက အိမ်ပြင်မထွက်စေနဲ့ အခန်းထဲပိတ်ထားလိုက်ကျစမ်း.....သမီးနင်သေချာစဥ်းစားစမ်း နင့်ယောက်က္ခမအသက်ကို အသေမခံချင်ရင် သမီးကြောင့် ယောက်ကျားကသေပြီးပြီလေ ခုသူအဖေကို သေစေချင်လို့လား...."
"လွှတ်နော် မထိနဲ့လွှတ်ကျ...ဖေဖေ.....ဖေဖေက ဘာလို့မကောင်းမူ့တွေကို လုပ်နေရတာလဲဖေဖေရယ် ရပ်လိုက်ပါတော့....ဖေဖေ..."
နှင်းဒေဝီရဲ့ လက်နှစ်ဖက်ကနေ ချုပ်ကလူနှစ်ယောက်က ဆွဲခေါ်ပြီး သူမအခန်းထဲ သူမကိုထည့်ကာ အပြင်ကနေ သော့ခတ်လိုက်သည်။ သူမကတော့ ကြေကွဲစွာ တံခါစကိုထုရိုက်ရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးနေမိသည်။
တံခါးလေးနား ခွေခွေလေးထိုင်ကျသွားသည့် အမျိုးသမီးလေးသည် မြန်မာဝတ်စုံထမီနှင့်ရင်ဖုံးလေးကို ဝတ်ဆင်ထားတာက သူမရဲ့အကျင့်ဖြစ်သည်။ ပုခုံးအထက်ဝဲကျနေတဲ့ ဆံနွယ်လေးက နာကျင်မူ့ကြောင့် မခံစားနိုင်အောင် စိတ်မွန်းကျပ်မူ့ကြောင့် နှနယ်တဲ့ လက်ချောင်းများကြား ဖွယောင်းနေတော့သည်။
မောင်သေပြီဆိုသော အသိက ကျွန်မအား ကြီးစွာသော တုံလှုပ်ခြောက်ခြားမူ့ တစ်ခုဖြစ်သည်။ မောင်အချစ်ကိုမရပေမယ့် တစ်မိုးအောက်တည်းနေတုံးကထက် ကျွန်မရဲ့ရင်တစ်စုံ ပိုလို့နာကျင်နေသည်။လစ်ဟာသွားတဲ့ စိတ်ဟာ ဗလာအတိဟင်းလင်းပြင်သဖွယ်ခံစားရသည်။ မောင်ကို တစ်သက်လုံးပြန်မရတော့ဘူးဆိုတဲ့ အသိက ကျွန်မနှစ်လုံးသားကို တစစီကြေမွအက်ကွဲစေသည်။
###############
လွန်းအတိတ်
နိုးလာတာနဲ့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် ခေါင်းကို လက်နဲ့ဖိဖို့ပြင်လိုက်ပေမယ့် လက်ကိုတစ်ခုခုက ဖိထားကာ ကိုယ်ကိုဖတ်ထားတာကြောင့် လက်တစ်ဖက်ကလှုပ်လို့မရဖြစ်နေသည်။
လွန်းအတိတ်အမြန်ပင် မျက်လုံးကို ဖွင့်လိုက်ကာ ရင်ခွင်ကိုလေပူလေးတွေနဲ့ မှုတ်ကာ အနွေးဓာတ်ပြန်ပြေးနေတဲ့ သူလေးကိုမရဲတရဲငုံကြည့်လိုက်မိသည်။
မြင်လိုက်ရတဲ့ အမြင်အာရုံကိုတောင် မယုံချင်ဖြစ်မိသွားရသည်။ လွန်းလေးသည် ကျွန်တော့်ကိုရင်ခွင်ထဲ တိုးဝင်နေကာ ကျွန်တော့်အား တင်းကျပ်စွာဖတ်ထားသည်။ မျက်လုံးများကို အမြင်မှားသလားဆိုပြီး ပွတ်ဆဲဲကြည့်မိသည်။ သို့သော်ဒါတကယ်ပင်ဖြစ်နေသည်။
ကျွန်တော့်ရင်ထဲ ကြည်နူးမိသလို ပါးပြင်မှာလည်း အတောက်ပဆုံးနေမင်းထက်ပင် ထွန်းလင်းနေသော အပြုံးတို့ ဖြစ်ပေါ်နေသည်ကို ကျွန်တော်ကိုယ်တိုင်သိနေသည်။ အိပ်ရင်း ယောင်ကာဖတ်ထားပေမယ့် ကျွန်တော် သူလေးယောင်မှားမူ်ကိုပင် လိုရာဆွဲတွေးကာ ဝမ်းသာပျော်ရွှင်နေမိသည်။
အပေါ်စီးကမြင်နေရတဲ့ နဖူးမို့မို့လေး နာတံလုံးလုံးကို မသဲမကဲဲမြင်နေရသည်။ ကျွန်တော်လွန်းလေးမနိုးခင် လွန်းလေးရဲ့ ဆံပင်လေးတွေကို နမ်းရှိုက်လိုက်မိသည်။ အုန်းဆီနံလေးကတော့ သင်းနေသည်။
" မွှေးလိုက်တာ..."
ခပ်တိုးတိုးလေးရေရွတ်လိုက်မိသည်။
လွန်းလေးလက်ကိုအသာဖယ်ကာ ကျွန်တော်ထလာလိုက်သည်။ မျက်နာသစ်သွားတိုက်ပြီးတာနဲ့ နွားစာကျွေးထမင်းအိုစတည်ထားလိုက်သည်။ လွန်းလေးပြောခဲ့တဲ့စကားတွေကြောင့် မနေ့က ကျွန်တော်အတော်လေး နာကျင်ခဲ့ရသည်။
ထွက်သွားဆိုတဲ့စကားလုံးက ကျွန်တော့်အတွက် သိပ်ကိုကြောက်စရာကောင်းခဲ့သည်။ ဒီခင်တွယ်စရာ မိသားစုလေးနဲ့ အဝေးကို နှင်ထုတ်ခံရသလို နာကျင်မိသည်။မနက်ပိုင်းလွန်းလေးတို့ အိမ်ကိုပြန်ရောက်နေတာက ဘာကြောင့်လဲဆိုတာ စဥ်းစားမရပါ။
ကိုသာထူးကြီးများ ပြန်ပို့ပေးတာလား။ ဘယ်သူကပြန်ပို့ပေးတာလည်း။ မနေ့ကအကြောင်းတွေ တစ်ခုမှ စဥ်းစားမရဖြစ်နေသည်။
လွန်းလေးရယ် နောက်ဆို အကို့ကို နှင်မလွှတ်ပါနဲ့ အကိုမှာဒီအိမ်လေးက လွဲ ပြီးနေစရာမရှိသလို သွားစရာလည်းမရှိပါဘူး။ ရွားရဲ့ဘယ်အိမ်ကမဆို ခေါ်တင်ထားနိုင်ကျပေမယ့် အကို လွန်းလေးတို့ဆီကလွဲလို့ ဘယ်အိမ်မှာမှ နေမပျော်လို့ပါ။ လွန်းလေးနဲ့အမေနဲ့ ရှိတဲ့နေရာက အကို့အတွက် နတ်ပြည်လိုပါပဲကွာ။
"အကို.... "
နောက်ကအသံလေးကြောင့် လှည့်ကြည့်လိုက်မိသည်။ အသံလေးသည် တိုးညှင်းလှသည်။ နောက်မှာတော့ ကလေးငယ်သည် ခေါင်းလေးငုံကာ မရဲတရဲရပ်နေရှာသည်။
ထို့သို့ရပ်နေရင်း အသံတိုးတိုးလေးက ထက်မံထွက်ပေါ်လာသည်။
"ကျုပ်တောင်းပန်ပါတယ်ဗျ....ကျုပ်ကဒေါသထွက်တုံးပြောမိတာပါ...အတည်တော်မယူပါနဲ့အကို....."
ကျွန်တော့်ရဲ့ သိမ်ငယ်မူ့တွေ စိုးရိမ်မူ့တွေက ထိုစကားလေးအောက်ဝင် အဝေးသို့လွင့်စင်သွားရသည်။သူလေးအနားသွားကာ မျက်နာလေးကိုဆွဲမော့လိုက်တော့ မျက်ရည်လေးဝဲကာကြည့်လာသည်။
"အင်းပါ အကိုအတည်မယူပါဘူး..... အကိုဘက်ကလည်း လွန်းလေးကို သော်ကားသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်...."
"အကိုကတောင်းပန်ရင် ကျုပ်ကငရဲကြီးမှာပေါ့ဗျ....မလိုပါဘူးဗျ.....ကျုပ်နဲ့အမေအနားက ထွက်မသွားပါနဲ့အကို....ပြီးတော့ ထန်းရည်တွေ ထက်မသောက်ပါနဲ့ ကျုပ်မကြိုက်ဘူး...."
ထွက်မသွားပါနဲ့ ၊ကျုပ်မကြိုက်ဘူး ထိုစကားလေးတွေကြောင့် ကျွန်တော်ဟာ ပိုလို့တောင်ပြုံးမိသွားသည်။ လွန်းလေးကတော့ ကျွန်တော့်ကို မကြည့်ပဲ မျက်လုံးလေးကို ဝေ့ဝဲနေသည်။
"ဟို...မနေ့ကညနေကပြောတာ တကယ်လားအကို....."
ကျွန်တော်ကြောင်အသွားရသည်။ မနေ့က ကျွန်တော်လွန်းလေးအား ဘာများပြောမိပါလိမ့်လို့ ပြန်စဥ်းမိသည်။ သို့သော်ကျွန်တော်ဘာတစ်ခုကိုမှ မမှတ်မိပါ။ ခေါင်းထဲ ထိုနေ့ညနေက ကိစ္စများက လစ်ဟာနေသည်။
ကျွန်တော့်ကို ကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို အားနာလာမိသည်။
"အကို မမှတ်မိဘူး လွန်းလေး အကိုဘာပြောမိလို့လဲဟင်...."
မျက်နာလေးက ချက်ချင်းပျက်သွားသည်ကို သတိမူမိလိုက်သည်။ ကျွန်တော်ဘာတွေများပြောမိလို့ လွန်းလေးကို ခူလိုမျက်နာပျက်ယွင်းစေတာလဲ သိချင်လာမိသည်။
"အကိုဘာပြောခဲ့လို့လဲ အကို့ကို ပြန်ပြောပြပါလား လွန်းလေး...."
"အဲ့ဒါကလေ....ဟို...."
#############
သို႔......
အပိုင္း၁၀
လြန္းအတိတ္ရဲ႕ ကိုယ္ကို လြန္းသာမနိုင္တနိုင္မကာ အိမ္ထဲသို႔သယ္လာရသည္။ အေမျဖစ္သူကလည္း ေဆးေသာက္ၿပီး အခန္းထဲ အိပ္ေနၿပီထင္သည္။ လြန္းသာ လြန္းအတိတ္ကို မိမိတို႔အတူေနေသာ အခန္းထဲ သယ္လာကာ ၾကမ္းျပင္မွာ ခနလွဲအိပ္ခိုင္းလိုက္သည္။
ဖ်ာခင္းကာ ဖ်ာအေပၚက ဖ်င္ေစာင္ တစ္ထပ္ခင္းလိုက္ၿပီး လြန္းအတိတ္ကိုယ္ကို ဖ်ာေပၚ မနည္းဆြဲတင္လိုက္ရသည္။ လူေကာင္ခ်င္းက လားရာမတူ ဆန့္က်င့္ဘက္ေတြ ျဖစ္က်သည္။ အကိုျဖစ္သူလြန္းအတိတ္က အရပ္ရွည္ရွည္ ေထာင့္တင္းတဲ့ ခႏၶာကိုယ္ရွိသည္။လြန္းသာကေတာ့ ျဖဴျဖဴေသးေသး အရပ္ပုပုေလးနဲ႕ ကေလးတစ္ေယာက္လို ျဖစ္ေနသည္။
လြန္းသာ လြန္းအတိတ္ ဖ်ာေပၚေရာက္မွ အသက္ကို ဝဝရႉလိုက္ရသည္။ လူကေျခကုန္လက္ပန္းက်ဟန္ျဖင့္ လြန္းအတိတ္ေဘးက ဖ်ားအစြန္းေလးမွာ ေဘးတေစာင္းလွဲအိပ္လိုက္မိသည္။
မိမိဘက္လွည့္ကာ အိပ္လာတဲ့ လြန္းအတိတ္ရဲ႕မ်က္နာကို လြန္းသာေငးေမာကာၾကည့္ေနမိသည္။ ႐ုပ္ဆိုးတယ္ဆိုေပမယ့္ လြန္းသာအတြက္ ဘာလို႔ အၿမဲတမ္းေငးၾကည့္ခ်င္တဲ့ စိတ္ေတြျဖစ္တည္ေနရတာလဲလို႔ လြန္းသာသူ႕ကိုယ္သူ ေမးခြန္းထုတ္ေနမိသည္။
ေမးခြန္းထုတ္ရင္း အျပန္ခရီးက လႈပ္ခတ္ခဲ့ေသာ ရင္ခုန္သံက တစ္ဖန္ျပန္လည္နိုးထလာခဲ့သည္။ ထိုရင္ခုန္သံနဲ႕ အတူ နားထဲသို႔ ေလသံတိုးတိုးေလး ျပန္ၾကားေယာင္လာခဲ့သည္။ "လြန္းေလး ကိုကိုမင္းကို ခ်စ္တယ္"။
ထိုစကားလုံးရဲ႕ အဓိပၸါယ္ကို လြန္းသာ ဦးေႏွာင္ရဲ႕ ဆင္ေျခအမ်ိဳးမ်ိဳးေအာက္မွာ ႏွလုံးသားကို လိမ္ညာေနေတာ့သည္။ ညီအစ္ကိုလိုပဲခင္လို႔ ခ်စ္တယ္ေျပာတာေနမွာပါ။ ေယာက္က်ားခ်င္းေလၿပီးေတာ့။
လြန္းသာ သူ႕ကိုယ္သူသိသည္ သူသည္အလယ္တန္းေလာက္ကတည္းက Gayတစ္ေယာက္ဆိုတာသိသည္။ ေယာက္က်ားေလးေတြကို ျမင္ၿပီး သေဘာက်တဲ့စိတ္က မိန္းကေလးကို ျမင္တဲ့ စိတ္နဲ႕မတူဘူးဆိုတာလည္းသိသည္။
သို႔ေသာ္လြန္းသာသည္ ႏြဲ႕ေႏွာင္းေနရတာမႀကိဳက္ သာမာန္ေယာက္က်ားေလးေတြလို က်ားက်ားယားယားေနလာခဲ့သည္က ယခုထိပင္။ စိတ္ကိုလိမ္ညာသည္မဟုတ္ပဲ လိင္တူစိတ္ဝင္စားေပမယ့္ မိန္းမမျဖစ္ခ်င္တဲ့ စိတ္ကရွိေနသည္။
အကို႔ကို ကြၽန္ေတာ္ခ်စ္ေနမိၿပီထင္တယ္။ ဘာေၾကာင့္ခ်စ္ေနမိတာလဲ ကြၽန္ေတာ္ကိုယ္တိုင္လည္း နားမလည္ဘူးအကို။ အမာ႐ြတ္ႀကီးက ႐ုပ္ဆိုးေစေပမယ့္ ကြၽန္ေတာ့္အတြက္ ဘာလို႔အကိုမ်က္နာက ခနခနေငးေမာေစရတာလဲ။ အကိုအၿပဳံးကို သေဘာက်မိတာလဲ။ဘာလို႔လဲဆိုတာ အကိုသိနိုင္ရင္ ေျပာျပပါလားကိုကို။
အကိုက ကိုကိုလို႔ေခၚဆိုၿပီးေျပာတုံး ကြၽန္ေတာ္မေခၚခ်င္ဘူးေျဖခဲ့တယ္ေနာ္။ တကယ္က ကြၽန္ေတာ့္စိတ္ထဲ ခနခန အခုေနာက္ပိုင္း အကိုမသိေအာင္ ေခၚေနမိတယ္ဗ်။ ကိုကို မိန္းမဆန္လိုက္တာဗ်ာ ဒါေပမယ့္ အၿမဲေခၚခ်င္ေနမိျပန္တယ္။ ကြၽန္ေတာ့္စိတ္ေတြ ဂနာမၿငိမ္ဘူးကိုကို။
လြန္းသာ လြန္းအတိတ္ရဲ႕ မ်က္နာအနားတိုးကပ္လိုက္မိသည္။ မ်က္နာခ်င္းက အနီးကပ္မို႔ လြန္းအတိတ္ဆီက ထြက္လာတဲ့ ထန္းရည္အနံကို လြန္းသာ အနီငပ္ရႉရွိုက္ေနရသည္။
လြန္းသာ လြန္းအတိတ္လက္ေမာင္းေပၚေခါင္းတင္လိုက္ၿပီး လြန္းအတိတ္ရဲ႕ ရင္ခြင္က်ယ္ႀကီးထဲ အသာအယာေခါင္းတိုးဝင္လိုက္မိသည္။ အလိုက္သင့္အိပ္ေနတဲ့ လြန္းအတိတ္က အိပ္ရင္းေယာင္ေနဟန္တူသည္။ လြန္းသာရဲ႕ ေက်ာျပင္ေလးအား သူ႕လက္နဲ႕ ရစ္ပတ္လိုက္ကာ တင္းေနေအာင္ဖတ္ထားလိုက္သည္။
လြန္းသာ လန့္သြားၿပီး လြန္းအတိတ္မ်ား မအိပ္ေသးပဲ မိမိလုပ္ရက္ကို သိသြားၿပီလားဆိုတဲ့ စိုးရိမ္စိတ္ျဖစ္သြားရသည္။ သို႔ေသာ္ခနခနအၾကာအထိ ၿငိမ္သက္ေနၿပီး ေဟာက္သံ သဲ့သဲ့ေလးၾကားမွ လြန္းသာ ရင္ေငြ႕ေႏြးေႏြးေအာက္ ၿပဳံးလိုက္သည္။
လြန္းသာသူပါျပန္ဖတ္ကာ အိပ္စက္ဖို႔ျပင္လိုက္သည္။
#######
-ကိုကိုဆိုတဲ့ နာမ္စားက မိန္းမဆန္တယ္
ဒါေပမယ့္ ေခၚခ်င္ေနတုံးပဲ။
-ကိုကိုရဲ႕ မ်က္နာက႐ုပ္ဆိုးတယ္
ဒါေပမယ့္ အၿမဲေငးၾကည့္ခ်င္ေနတုံးပဲ။
-ကိုကို ကိုခ်စ္တယ္ဆိုတာ ဝန္ခံခ်င္တယ္
ဒါေပမယ့္ ေၾကာက္႐ြံေနမိတုံးပဲ။
########
ႏွင္းေဒဝီ
"မယူနိုင္ဘူးေဖေဖ...."
"သမီး အေဖ့စကားကိုနားေထာင္စမ္းပါကြယ္.....ေမာင္ေက်ာ္ၿဖိဳးဝင္း ကိုယ္တိုင္က သမီးကို လက္ထက္ယူေပါ့မယ္လို႔ ေျပာလာေနတာကိုကြာ..."
ဆိုဖာေပၚမွာထိုင္ရင္း ကြၽန္မ ေဖေဖ့ကို မ်က္ရည္မ်ားၾကားထဲ စိုက္ၾကည့္ေနမိသည္။ ေမာင္နဲ႕တုံးကလည္း ေဖေဖတို႔ပဲ ေပးစားခဲ့တာေလ။ ခုေမာင္ဘယ္ေရာက္ေနမွန္းမသိ ေသသလားရွင္သလား စိုးရိမ္ေနတဲ့ အခ်ိန္မွာေတာင္ ေနာက္ေယာက္က်ားယူဖို႔ တိုက္တြန္းေနသည္တဲ့လား ေဖေဖရယ္လို႔ ကြၽန္မစိတ္ထဲ နာက်ည္းေနမိသည္။
"သမီးမယူဘူးေဖေဖ သမီးေမာင့္ကိုေစာင့္ေနမယ္...."
"က်စ္....သမီးေခါင္းမမာစမ္းပါနဲ႕ကြယ္....."
"ေဖေဖ သမီးကျမန္မာမိန္းကေလးပါ ေယာက္က်ားက ေသလားရွင္လားမသိတာကို သမီးကေနာက္ေယာက္က်ားယူရမွာတဲ့လား....."
ႏွင္းေဒဝီသည္ အေနေအးၿပီး တည္ၿငိမ္ေသာ မိန္းကေလးတစ္ေယာက္ျဖစ္သည္။ ထို႔အျပင္ ပထမဆုံးခ်စ္ခဲ့မိေသာ ေဝယံလင္းကလြဲ၍ က်န္တဲ့ ေယာက္က်ားကို လက္ထက္ဖို႔ဆိုတာ သူမ စိတ္ေတာင္မကူးေသာအရာျဖစ္သည္။ သူမသည္ ေဝယံလင္းကိုခ်စ္သည္ ေဝယံလင္းထံမွ အခ်စ္တို႔ကို မရရွိရင္ေနပါေစ ေဝယံလင္းအနားမွာ သူမရွိေနရရင္ ေက်နပ္ေနသူေလးျဖစ္သည္။
ထိုမိန္းကေလးရဲ႕ အခ်စ္က ေအးေဆးတည္ၿငိမ္ေပမယ့္ သူ႕မကိုယ္တိုင္ကိုေတာ့ နာက်င္ေစသည္။
"ေကာင္းၿပီေလ....သမီးေမာင္ေက်ာ္ၿဖိဳးဝင္းကို လက္မထက္ဘူးဆိုရင္ ေဝယံလင္းရဲ႕အေဖကို သတ္ျပစ္လိုက္ရမလား...."
"ေဖေဖ...."
ကြၽန္မ ရင္ထဲထိပ္လန့္သြားရသည္။ သူမရဲ႕အေဖဟာ လူသတ္ဖို႔ ရည္႐ြယ္ေနသည္ဆိုေတာ့ သူမတုံလႈပ္ေျခာက္ျခားသြားမိသည္။
"မလန့္နဲ႕သမီး သမီးရဲ႕ ေယာက္က်ားကို ရွင္းျပစ္လိုက္တာ ေဖေဖပဲေလ အဲ့ေကာင္က ေဖေဖကေမြးထားတာကို ေဖေဖကို ပုန္ကန္ဖို႔လုပ္ေနတာကိုး သမီးရဲ႕....နင့္ေယာက္က်ားက သူေတာ္ေကာင္းျဖစ္ခ်င္ေနလို႔ နတ္ျပည္ပို႔လိုက္တာေလ ဟားးးး....အခုနင္ေယာက္ကၡမကို ပို႔လိုက္ရမလားဟမ္....."
"ေဖေဖ...ေဖေဖက ေမာင့္ကို သတ္ျပစ္လိုက္တယ္....ေဖေဖရယ္ ေမာင္ကိုသမီးဘယ္ေလာက္ခ်စ္လဲ ေဖေဖသိေနကို ေဖေဖမို႔လို႔ လုပ္ရက္လိုက္တာ....."
ႏွင္းေဒဝီ ထင္မထားခဲ့ပါ ေမာင့္ကို သူမအေဖသတ္တယ္ဆိုတဲ့ သကားေအာက္ သူမသည္ မ်က္ရည္မ်ားၾကား အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားရေတာ့သည္။
"သမီးရဲတိုင္မယ္...."
"ဘာ....ေဟ့ေကာင္ေတြ သမီးကို အိမ္ထဲက အိမ္ျပင္မထြက္ေစနဲ႕ အခန္းထဲပိတ္ထားလိုက္က်စမ္း.....သမီးနင္ေသခ်ာစဥ္းစားစမ္း နင့္ေယာက္ကၡမအသက္ကို အေသမခံခ်င္ရင္ သမီးေၾကာင့္ ေယာက္က်ားကေသၿပီးၿပီေလ ခုသူအေဖကို ေသေစခ်င္လို႔လား...."
"လႊတ္ေနာ္ မထိနဲ႕လႊတ္က်...ေဖေဖ.....ေဖေဖက ဘာလို႔မေကာင္းမူ႕ေတြကို လုပ္ေနရတာလဲေဖေဖရယ္ ရပ္လိုက္ပါေတာ့....ေဖေဖ..."
ႏွင္းေဒဝီရဲ႕ လက္ႏွစ္ဖက္ကေန ခ်ဳပ္ကလူႏွစ္ေယာက္က ဆြဲေခၚၿပီး သူမအခန္းထဲ သူမကိုထည့္ကာ အျပင္ကေန ေသာ့ခတ္လိုက္သည္။ သူမကေတာ့ ေၾကကြဲစြာ တံခါစကိုထုရိုက္ရင္း နာက်င္စြာ ေအာ္ဟစ္ငိုေႂကြးေနမိသည္။
တံခါးေလးနား ေခြေခြေလးထိုင္က်သြားသည့္ အမ်ိဳးသမီးေလးသည္ ျမန္မာဝတ္စုံထမီႏွင့္ရင္ဖုံးေလးကို ဝတ္ဆင္ထားတာက သူမရဲ႕အက်င့္ျဖစ္သည္။ ပုခုံးအထက္ဝဲက်ေနတဲ့ ဆံႏြယ္ေလးက နာက်င္မူ႕ေၾကာင့္ မခံစားနိုင္ေအာင္ စိတ္မြန္းက်ပ္မူ႕ေၾကာင့္ ႏွနယ္တဲ့ လက္ေခ်ာင္းမ်ားၾကား ဖြေယာင္းေနေတာ့သည္။
ေမာင္ေသၿပီဆိုေသာ အသိက ကြၽန္မအား ႀကီးစြာေသာ တုံလႈပ္ေျခာက္ျခားမူ႕ တစ္ခုျဖစ္သည္။ ေမာင္အခ်စ္ကိုမရေပမယ့္ တစ္မိုးေအာက္တည္းေနတုံးကထက္ ကြၽန္မရဲ႕ရင္တစ္စုံ ပိုလို႔နာက်င္ေနသည္။လစ္ဟာသြားတဲ့ စိတ္ဟာ ဗလာအတိဟင္းလင္းျပင္သဖြယ္ခံစားရသည္။ ေမာင္ကို တစ္သက္လုံးျပန္မရေတာ့ဘူးဆိုတဲ့ အသိက ကြၽန္မႏွစ္လုံးသားကို တစစီေၾကမြအက္ကြဲေစသည္။
###############
လြန္းအတိတ္
နိုးလာတာနဲ႕ ထိုးကိုက္လာတဲ့ေခါင္းေၾကာင့္ ေခါင္းကို လက္နဲ႕ဖိဖို႔ျပင္လိုက္ေပမယ့္ လက္ကိုတစ္ခုခုက ဖိထားကာ ကိုယ္ကိုဖတ္ထားတာေၾကာင့္ လက္တစ္ဖက္ကလႈပ္လို႔မရျဖစ္ေနသည္။
လြန္းအတိတ္အျမန္ပင္ မ်က္လုံးကို ဖြင့္လိုက္ကာ ရင္ခြင္ကိုေလပူေလးေတြနဲ႕ မႈတ္ကာ အေႏြးဓာတ္ျပန္ေျပးေနတဲ့ သူေလးကိုမရဲတရဲငုံၾကည့္လိုက္မိသည္။
ျမင္လိုက္ရတဲ့ အျမင္အာ႐ုံကိုေတာင္ မယုံခ်င္ျဖစ္မိသြားရသည္။ လြန္းေလးသည္ ကြၽန္ေတာ့္ကိုရင္ခြင္ထဲ တိုးဝင္ေနကာ ကြၽန္ေတာ့္အား တင္းက်ပ္စြာဖတ္ထားသည္။ မ်က္လုံးမ်ားကို အျမင္မွားသလားဆိုၿပီး ပြတ္ဆဲဲၾကည့္မိသည္။ သို႔ေသာ္ဒါတကယ္ပင္ျဖစ္ေနသည္။
ကြၽန္ေတာ့္ရင္ထဲ ၾကည္ႏူးမိသလို ပါးျပင္မွာလည္း အေတာက္ပဆုံးေနမင္းထက္ပင္ ထြန္းလင္းေနေသာ အၿပဳံးတို႔ ျဖစ္ေပၚေနသည္ကို ကြၽန္ေတာ္ကိုယ္တိုင္သိေနသည္။ အိပ္ရင္း ေယာင္ကာဖတ္ထားေပမယ့္ ကြၽန္ေတာ္ သူေလးေယာင္မွားမူ္ကိုပင္ လိုရာဆြဲေတြးကာ ဝမ္းသာေပ်ာ္႐ႊင္ေနမိသည္။
အေပၚစီးကျမင္ေနရတဲ့ နဖူးမို႔မို႔ေလး နာတံလုံးလုံးကို မသဲမကဲဲျမင္ေနရသည္။ ကြၽန္ေတာ္လြန္းေလးမနိုးခင္ လြန္းေလးရဲ႕ ဆံပင္ေလးေတြကို နမ္းရွိုက္လိုက္မိသည္။ အုန္းဆီနံေလးကေတာ့ သင္းေနသည္။
" ေမႊးလိုက္တာ..."
ခပ္တိုးတိုးေလးေရ႐ြတ္လိုက္မိသည္။
လြန္းေလးလက္ကိုအသာဖယ္ကာ ကြၽန္ေတာ္ထလာလိုက္သည္။ မ်က္နာသစ္သြားတိုက္ၿပီးတာနဲ႕ ႏြားစာေကြၽးထမင္းအိုစတည္ထားလိုက္သည္။ လြန္းေလးေျပာခဲ့တဲ့စကားေတြေၾကာင့္ မေန႕က ကြၽန္ေတာ္အေတာ္ေလး နာက်င္ခဲ့ရသည္။
ထြက္သြားဆိုတဲ့စကားလုံးက ကြၽန္ေတာ့္အတြက္ သိပ္ကိုေၾကာက္စရာေကာင္းခဲ့သည္။ ဒီခင္တြယ္စရာ မိသားစုေလးနဲ႕ အေဝးကို ႏွင္ထုတ္ခံရသလို နာက်င္မိသည္။မနက္ပိုင္းလြန္းေလးတို႔ အိမ္ကိုျပန္ေရာက္ေနတာက ဘာေၾကာင့္လဲဆိုတာ စဥ္းစားမရပါ။
ကိုသာထူးႀကီးမ်ား ျပန္ပို႔ေပးတာလား။ ဘယ္သူကျပန္ပို႔ေပးတာလည္း။ မေန႕ကအေၾကာင္းေတြ တစ္ခုမွ စဥ္းစားမရျဖစ္ေနသည္။
လြန္းေလးရယ္ ေနာက္ဆို အကို႔ကို ႏွင္မလႊတ္ပါနဲ႕ အကိုမွာဒီအိမ္ေလးက လြဲ ၿပီးေနစရာမရွိသလို သြားစရာလည္းမရွိပါဘူး။ ႐ြားရဲ႕ဘယ္အိမ္ကမဆို ေခၚတင္ထားနိုင္က်ေပမယ့္ အကို လြန္းေလးတို႔ဆီကလြဲလို႔ ဘယ္အိမ္မွာမွ ေနမေပ်ာ္လို႔ပါ။ လြန္းေလးနဲ႕အေမနဲ႕ ရွိတဲ့ေနရာက အကို႔အတြက္ နတ္ျပည္လိုပါပဲကြာ။
"အကို.... "
ေနာက္ကအသံေလးေၾကာင့္ လွည့္ၾကည့္လိုက္မိသည္။ အသံေလးသည္ တိုးညွင္းလွသည္။ ေနာက္မွာေတာ့ ကေလးငယ္သည္ ေခါင္းေလးငုံကာ မရဲတရဲရပ္ေနရွာသည္။
ထို႔သို႔ရပ္ေနရင္း အသံတိုးတိုးေလးက ထက္မံထြက္ေပၚလာသည္။
"က်ဳပ္ေတာင္းပန္ပါတယ္ဗ်....က်ဳပ္ကေဒါသထြက္တုံးေျပာမိတာပါ...အတည္ေတာ္မယူပါနဲ႕အကို....."
ကြၽန္ေတာ့္ရဲ႕ သိမ္ငယ္မူ႕ေတြ စိုးရိမ္မူ႕ေတြက ထိုစကားေလးေအာက္ဝင္ အေဝးသို႔လြင့္စင္သြားရသည္။သူေလးအနားသြားကာ မ်က္နာေလးကိုဆြဲေမာ့လိုက္ေတာ့ မ်က္ရည္ေလးဝဲကာၾကည့္လာသည္။
"အင္းပါ အကိုအတည္မယူပါဘူး..... အကိုဘက္ကလည္း လြန္းေလးကို ေသာ္ကားသလိုျဖစ္သြားလို႔ ေတာင္းပန္ပါတယ္...."
"အကိုကေတာင္းပန္ရင္ က်ဳပ္ကငရဲႀကီးမွာေပါ့ဗ်....မလိုပါဘူးဗ်.....က်ဳပ္နဲ႕အေမအနားက ထြက္မသြားပါနဲ႕အကို....ၿပီးေတာ့ ထန္းရည္ေတြ ထက္မေသာက္ပါနဲ႕ က်ဳပ္မႀကိဳက္ဘူး...."
ထြက္မသြားပါနဲ႕ ၊က်ဳပ္မႀကိဳက္ဘူး ထိုစကားေလးေတြေၾကာင့္ ကြၽန္ေတာ္ဟာ ပိုလို႔ေတာင္ၿပဳံးမိသြားသည္။ လြန္းေလးကေတာ့ ကြၽန္ေတာ့္ကို မၾကည့္ပဲ မ်က္လုံးေလးကို ေဝ့ဝဲေနသည္။
"ဟို...မေန႕ကညေနကေျပာတာ တကယ္လားအကို....."
ကြၽန္ေတာ္ေၾကာင္အသြားရသည္။ မေန႕က ကြၽန္ေတာ္လြန္းေလးအား ဘာမ်ားေျပာမိပါလိမ့္လို႔ ျပန္စဥ္းမိသည္။ သို႔ေသာ္ကြၽန္ေတာ္ဘာတစ္ခုကိုမွ မမွတ္မိပါ။ ေခါင္းထဲ ထိုေန႕ညေနက ကိစၥမ်ားက လစ္ဟာေနသည္။
ကြၽန္ေတာ့္ကို ၾကည့္ေနတဲ့ မ်က္လုံးဝိုင္းဝိုင္းေလးကို အားနာလာမိသည္။
"အကို မမွတ္မိဘူး လြန္းေလး အကိုဘာေျပာမိလို႔လဲဟင္...."
မ်က္နာေလးက ခ်က္ခ်င္းပ်က္သြားသည္ကို သတိမူမိလိုက္သည္။ ကြၽန္ေတာ္ဘာေတြမ်ားေျပာမိလို႔ လြန္းေလးကို ခူလိုမ်က္နာပ်က္ယြင္းေစတာလဲ သိခ်င္လာမိသည္။
"အကိုဘာေျပာခဲ့လို႔လဲ အကို႔ကို ျပန္ေျပာျပပါလား လြန္းေလး...."
"အဲ့ဒါကေလ....ဟို...."