သို့....(completed)

Від KhunSat001

211K 11.7K 269

မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... Більше

သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)

Part-9

3.1K 230 2
Від KhunSat001

သို့.....

အပိုင်း၉

လွန်းသာ အမေဆီပြန်လာတော့ အမေကဆေးရုံအပေါက်ဝမှာ ရပ်စောင့်နေသည်။ အမေ့ကို လှည်းနဲ့အရင် အိမ်ကိုပြန်ပို့လိုက်ရသည်။ အမေကို ဘာရောဂါဖြစ်လဲမေးတော့လည်း အမေက ဘာမှမဖြစ်ဘူး ချောင်းပဲဆိုးတာလို့ ပြန်ဖြေတာကြောင့် လွန်းသာ စိတ်သက်သာရာတော့ ရမိသည်။

အမေနဲ့သားပဲရှိတာကြောင့်မို့ အမေ့ရဲ့ ကျန်းမာရေးက အမေအတွက်တင်အရေးပါသည်မဟုတ် မိမိအတွက်ပါ အရေးပါသည်။

လှည်းမောင်းရင်း အကိုအကြောင်းအတွေးထဲ ပြန်ရောက်လာခဲ့တော့ သက်ပြင်းမောကြီးသာချမိသည်။ အကိုဘယ်လိုစိတ်နဲ့များ မိမိအားစော်ကားပြောတာလဲ အကိုဘယ်လိုစိတ်နဲ့များ မိမိနဲ့ဆရာဝန်လေးအား အထင်မှားတာလဲ။ အကိုဘယ်လိုစိတ်နဲ့များ ဒီလောက်ထိဒေါသထွက် ရိုင်းပျနေရတာလည်း ဆိုတာ မိမိ မစဥ်းစားနိုင်တော့ပါ။

လွန်းသာ လှည်းမောင်းနေရင်း အနောက်ကအမေက

"သားလွန်းလေး.....သားကြီးကော.... "

"မသိဘူးအမေရာ....."

နောက်ကအမေဆီမှာ သက်ပြင်းချသံကြားလိုက်ရသည်။ ထို့နောက်အမေက

"သားရယ်.....သားကြီးအပေါ် ဆူတာငေါက်တာတွေ မလုပ်ပါနဲ့ကွယ် ...... သူ့ခဗျာ အမေတို့ပဲ ရှိတာလေ....သားရဲ့...."

"ဟူးးး....အမေရယ်...အဲလူက အရိုင်းစိုင်းဗျ... တစ်ခုခုဆိုလက်ပါတာက မကောင်းဘူးဗျ....ကျုပ်မှာ ဆရာလေးကို ဘယ်လိုမျက်နာပြရမလဲဗျ....."

ဒေါ်မိထက် လှည်းမောင်းနေတဲ့ သားဖြစ်သူရဲ့ ကျောပြင်လေးကိုကြည့်ကာ စိတ်မောနေရသည်။ ဒီကလေးတွေကို သင့်မြက်စေချင်သည်။ ချစ်ခင်စေချင်သည်။ မိမိဟာ အစက်အရွယ်ရပြီမို့ တစ်ချိန်ထွက်သွားရတဲ့ အခါသားဖြစ်သူအတွက် သံယောဇဥ်တွယ်ရာဆိုလို့ ထိုကောင်လေးသာ ရှိတော့မည်။

"သားရယ် သူကရိုင်းစိုင်းနေရင် အမေတို့ယာဥ်ပါးအောင်လုပ်ပေးသင့်တာပေါ့....သားသူ့ကို ခေါ်ပြီး ဘာတွေပြောလိုက်သေးလဲသား...."

လွန်းသာ မိခင်ဖြစ်သူအမေးကြောင့် သူပြောခဲ့တဲ့ စကားတို့ကို ငြိမ်သက်စွာ ပြန်ကြားယောင်နေမိသည်။ ထွက်သွားဆိုတဲ့ စကားလုံးကိုတော့ သူအမှတ်မိဆုံးစကားလုံးတစ်ရပ်ဖြစ်သည်။ သူကိုယ်တိုင်လည်း မပြောသင့်မှန်း ခုမှ သူ့ကိုယ်သူ သတိထားမိတော့သည်။

"ထွက်...ထွက်သွားလို့ပြောလိုက်တယ်...."

"အမလေး....သားရယ် မင်းလွန်တယ်ကွယ်....သားကြီးမှာ အမေတို့က လဲဲပီးနေစရာရှိတာမှ မဟုတ်တာ....အမလေးလေး....တပည့်​တော်မ.. သားကြီး အိမ်မှာပဲ ရှိနေပါစေတော...."

ဒေါ်မိထက် လွန်းသားရဲ့စကားကိုကြားပြီး ရင်ထဲဆို့နှင့်သွားရသည်။ ခနတာ မိသားစုထဲ ဝင်လာတဲ့ လွန်းအတိတ်သည် သူမအတွက်တော့ ရင်မှမွေးသော သားကြီးတစ်ယောက်ဖြစ်သည်။ လွန်းသာကိုပြောရင်း လက်ခုတ်ချီကာ ဘုရားသကြားမနေမိတော့သည်။

"အမေကလည်း.... ကျုပ်က အိမ်ကနေမနှင်ထုတ်ပါဘူးဗျ....ကျုပ်ရှေ့ကပဲ ထွက်သွားခိုင်းတာပါဗျ...."

"တော်...တော်....တော် မင်းသားကြီးကို လိုက်ရှာစမ်း...."

လွန်းသာဘာမှပြန်မပြောမိ။ မိမိပြောလိုက်တာကလည်း အကို့ကို အိမ်ကထွက်သွားဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေတာကြောင့် စိတ်မကောင်းဖြစ်ရသည်။ ရှာဆိုတော့လည်း လွန်းသာ ရှာရရုံသာ။

အမေ့ကို အိမ်ကိုပြန်ပို့ကာ ထမင်းတောင်းကို မမွန်တို့ဆီလှည့်းနဲ့သွားပြန်ပို့ရသည်။အပြန်မှာတော့ လယ်ထဲဘက်တွေကိုလှည်းခနရပ်ကာ လိုက်ရှာရသည်။ တောစပ်များသွားလေသလား ချောင်းနားများ သွားလေသလား လိုက်ကြည့်ရသည်။

မတွေ့တော့ လှည်းနဲ့ တဖန် ရွာဦးဘုန်းကြီးကျောင်းနဲ့ ရွာဦးစေတီဘက် ထွက်လာရပြန်သည်။ဘယ်မှာမှမတွေ့ ဘယ်တွေများသွားနေလည်းပူပန်နေမျသည်။ ထိုအပူကြောင့် လွန်းသာမှာ ထမင်းတောင်မစားအား စိတ်လောကရှာနေရသည်။

ရွာထဲပြန်သွားပြီး ဟိုအိမ်လိုက်မေးဒီအိမ်လိုက်မေးတော့လည်း မသိကျ။ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်သာ မသေချာမရေရာ ပြောနေကျသည်။

အကိုရေ ဘယ်တွေများသွားနေတာလဲဗျာ အမေကစိတ်ပူနေပြီ။ လွန်းသာကိုယ်တိုင်လည်း လွန်းအတိတ်ကို စိတ်ပူနေရသည်။ ကိုယ်ရွာထဲမှာဆိုပေမယ့် စိတ်ညစ်ပြီး တစ်နေရာရာကို မိမိတို့အားထားပြီး ထွက်သွားရင်ဆိုတဲ့ အတွေးက လွန်းသာကို နာကျင်​စေသည်။

အဘယ့်ကြောင့် နာကျင်စေတာလည်း လွန်းသာမသိပါ။နားမလည်နိုင်။ ခနအတွင်းရောင်လာတဲ့ ထိုသူကို ခနအတွင်းပြန်ထွက်သွားမှာ လွန်းသာ စိုးရိမ်ကြောက်ရွံနေမိသည်။

လွန်းသာရှာရတာမောလာမိသည်။ လှည်းကလည်းညအိမ်မှာ ပြန်ထားခဲ့တာကြောင့် လမ်းလျှောက်ပြီးရှာရင်းမောလာရသည်။ တစ်အိမ်တတ်တစ်အိမ်ဆင်းရှာရင်း ရွာရဲ့ ရေကန်ကြီးနားရောက်လာမှ ခနနားရတော့သည်။ ဖုန်းကိုထုတ်ကြည့်တော့ ညနေ၃နာရီသာရှိသေးသည်။ ထို့ကြောင့် ကန်ကြီးနားက ဇီးပင်အိုကြီးရဲ့ အမြစ်ကြီးမှာ ထိုင်ချလိုက်သည်။

ရွာရေကန်သည် ဘေးပတ်ပတ်လည် သစ်ပင်ခြုံနွယ်များ ကာရံနေတာကြောင့် အမြင်အေးစေသည်။ကန်ရေပြင်က အတော်ကျယ်ကာ ကြာပင်လေးများ ပေါက်ရောက်နေသည်။ ကြာပွင့်နီနီဖြူဖြူလေးများက အစိမ်းရောင် အညိုရောင်ကြာရွက်တွေကြားမှာ လှပနေသည်။

ကန်ရေပြင်ကို ဖြတ်ကာတိုက်လာတဲ့ လေက အေးမြပေမယ့် စိတ်ပူသောကရောက်နေသော လွန်းသာအား မအေးမြစေနိုင်ပါ။ ခနခန သက်ပြင်းမောကြီးသာ ချနေသည်။

လွန်းသာ ကန်ဘောင်ဘေးနားက ဇီပင်အိုမှာထိုင်နေတာကြောင့် ကန်ဘောင်ရဲ့ မြေနီသားပေါ်က အမည်းရောင် အညိုရောင်နဲ့ အနီရောင် ကျောက်ခဲလေးတွေထဲမှာ ကျောက်ခဲတစ်တုံးကို ကောက်ယူလိုက်ကာ ကန်ထဲအားအနည်းငယ်နဲ့ ပြစ်လိုက်သည်။

ကန်ရေပြင်မှာ ကျောက်ခဲလေးသည် နှစ်ဆင့်သုံးဆင့် ခုန်ပေါက်ကာ ရေထဲနှစ်မြုတ်သွားလေသည်။

"အော်လွန်းလေးပါလားကွ....."

အသံလာရာ အနောက်ဘက်သို့ လည်ပြန်ကြည့်လိုက်မိသည်။ အနီရောင် အင်္ကျီပုဆိုးအညိုကိုဝတ်ထားတဲ့ အသားဝါဝါလတ်တလတ် အရပ်က ကိုသာထူးကြီး နီးပါးလောက်ရှိသော ပိန်ပိန်ရှည်ရှည်နဲ့ အကိုဆန်းမောင်ဖြစ်သည်။

"..."

လွန်းသာဘာမှပြန်မပြောဖြစ်။ ပြောဖို့လည်း အားမရှိပါ။

"မျက်နာက ဘာဖြစ်တာလဲကွ....ငါတောင် မွန်းလွဲတုံးက ကိုသာထူးကြီးနဲ့ ချိန်းတွေ့ရင်း မင်းအကိုလွန်းကြီးနဲ့ တွေ့ခဲ့တယ်ကွ...."

."ဗျာတကယ်လားဗျ...."

လွန်းသာမျက်လုံးအရောင်တောက်သွားသည်ကို ဆန်းမောင်သတိထားမိသည်။ သူထင်တာမှန်နေတာပဲ လွန်းကြီးနဲ့ လွန်းလေးပြသာနာတတ်ခဲ်တယ်ဆိုတာဖြစ်သည်။

"အေး မင်းအကိုလွန်းကြီးကကွာ...တကယ်ငဖျတ်ပဲ ငါ့ကိုသာထူးကြီးကို ထန်းကည်ဆိုင် အတင်းခေါ်သွားတာကွ.... ငါတောင် ပျင်းလို့ဒီဘက်ထွက်လာတာ...."

"ဘာ...ထန်းရည်ဆိုင်...."

"အမလေး ဘုရားတရား...ဖြည်းဖြည်းအော်ပါကွာ....ဟာလွန်းလေး နေအုံးလေကွာ ငါလည်းလိုက်မယ်ကွ....."

ထန်းရည်ဆိုင်ဆိုတာနဲ့ လွန်းသာ သုတ်ချေတင်ကာ ထန်းရည်ဆိုင်သို့ ဦးတည်ရတော့သည်။ နောက်ကဆန်းမောင်မှာတော့ ပုပုသေးသေးနဲ့ လျှင်လွန်းလှသော လွန်းသာနောက် အမြန်မှီအောင် လိုက်နေရသည်။တကယ့်ကို လူကောင်သေးပြီး လျင်လွန်းပါသည်။

လွန်းသာမကြိုက် အရက်သေစာသောက်စားတာကို လွန်းသာလုံးဝကိုပင်မကြိုက်ပါ။အမေပြောတာတော့ အဖေသည် အရက်ကြောင့် ဒုက္ခရောက် အသက်ဆုံးရသည် အဘိုး အဘေးတို့ ဦးလေးတို့သည်လည်း အရက်ကြောင့် ဘေးဖြစ်ရသည်မို့ လွန်းသာမှာ ဦးလေးဆိုလို့ တစ်ယောက်သာကျန်တော့သည်။အစဖော်ပြီး တိုက်တဲ့ ကိုသာထူးကြီးကိုပင် လမ်းသွားရင်း ကိုဆန်းမောင်မကြားအောင် ကျိန်ဆဲနေမိသည်။

ထန်းပင်တွေ တစ်ပင်ခြား နှစ်ပင်ခြား အတန်းလိုက်ပေါက်နေသော ထန်းတောသို့ လွန်းသာရောက်လာခဲ့သည်။ ထန်းတောအစပ်က ထန်းတတ်ပြီး ထန်းရည်အိုးကို ယူကာ ထန်းတတ်လှေကားမှ ဆင်းလာသော ထန်းရည်ဆိုင်ပိုင်ရှင် ကိုဘဦး။

"ဟာ လွန်းသာနဲ့ဆန်းမောင်ပါလားဟ....ငါ့ထန်းရည်ဆိုင် မလာစဖူး ဘာလာလုပ်တာတုံးကွ....."

"ဘာလာလုပ်ကမှာလဲဗျ...ကျုပ်အကိုလွန်းကြီးကို လာရှာတာဗျ....ဘယ်မှာလဲကျုပ်အကို...."

ဆန်းမောင် လွန်းသာရဲ့ နောက်မှာသာငြိမ်နေမိသည်။ လွန်းသာဆိုသော လူကောင်သေးသလောက် ဒေါသကြီးသော သူလေးသည် ထန်းရည်ဆိုင်ပိုင်ရှင်ဘဦးကို ရန်စွယ်နဲ့မေးနေတော့သည်။

"ဟ ဖြည်းဖြည်းမေးပါကွ....ဟော့ဟိုတဲထဲမှာ လွန်းကြီး သာထူးရယ်ရှိတယ်ကွ....ဟေ့ကောင်ဆန်းမောင်မင်းနဲ့သာထူးသိပ် အနီးကပ်မနေနဲ့နော်....မင်းအဘတွေ့ရင် ပြသာနာတတ်မယ်ကွ...."(အဘ=အဖေ)

"အား...သိပါတယ်ဗျ...လွန်းသာကို စိတ်မချလို့ လိုက်လာတာ အဲ့ငမူးသမားအနားကပ်ဖို့မဟုတ်ဘူးဗျ...."

"အမလေးကွာ ပြောတာလဲမင်းပဲ..."

ဘဦးကိုရန်တွေ့ပြီး ဆန်းမောင် အကောင်သေးသေးနဲ့ တဲဆီအရောက်သွားနေတဲ့ လွန်းသာဆီအပြေးလိုက်ရတော့သည်။ "ကိုသာထူးခဗျားက မတားပဲ ခေါ်သွားတာ ခုတော့ သူတို့နှစ်ယောက် ရန်ဖြစ်တော့မယ်ဗျ"လို့ ဆန်းမောင် စိတ်ထဲတွေးမိသည်။

လွန်းသာ ထန်းရည်တဲထဲ ခြေစောင့်ကာဝင်လာလိုက်သည်။ ဓနိထန်းရွက်တို့နဲ့ အမိုးနဲ့ထရံတို့ကို ကားထားတဲ့ လေဝင်လေထွက်ရှိသော အဖြစ်တဲထဲ ခါးထောက်ဝင်လာကာ ရပ်နေလိုက်သည်။

တဲရဲ့ ကွတ်ပျစ်မှာ ပတ်လပ်လှန်ကာ ဖြစ်ပျက်နေကျတဲ့ အမူးသမားနှစ်ယောက်ကို ဒေါသထွက်ချင်ပေမယ့်လည်း မထွက်ရက်။ ကိုသာထူးကြီးကိုသာ ပြေးကာရိုက်ပြစ်လိုက်ချင်မိသည်။ လိုက်ဖျက်ဆီးနေတဲ့ လူပဲ။

"ကဲဲ ကိုသာထူးထတော့ဗျ....လွန်းလေး ခဗျားကို သတ်တော့မယ်...."

"အင်း....အင်း...."

"ဘယ်ကောင်သတ်မှာလဲကွ ကိုသားထူးကြီးက အေ့..... လူကောင်းနော် ဟိုဆရာဝန်အကောင်လို အသားမယူဘူးကွ အေ့......"

လွန်းသာ သက်ပြင်းသာ ချမိသည်။ တကယ်ပါပဲ မူးတာတောင် မဆိုင်တဲ့ လူကိုပုတ်ခတ်နေတယ်။

"ကဲ....ကဲ ထတော့...အကို အိမ်ပြန်မယ်...."

"မပြန်ဘူး...အီးးးဟီးးး....ငါ့ကိုလွန်းလေးက နှင်လွှတ်ထားတာ မပြန်ဘူး....အီးးး..."

ကလေးတစ်ယောက်လို ကွတ်ပျစ်မှာ လူးလိမ့်ကာ ငိုနေတဲ့ လွန်းအတိတ်အား လွန်းသားရယ်လည်းရယ်ချင်တယ် စိတ်မကောင်းလည်းဖြစ်ရသည်။

ကိုသာထူးကြီးကတော့ ရွာသားဆိုတော့ ဟန်သိပ်မပျက်လှ လမ်းလျှောက်နိုင်သေးသည်။ စကားသွက်တာတစ်ခုပဲ ရှိသည်။ လွန်းအတိတ်ကို လွန်းသာက ဂျိုင်းတစ်ဖက်က ဆန်းမောင်က ဂျိုင်းတစ်ဖက် ရွာထဲပြန်သယ်လာရသည်။

ဆန်းမောင်မှာ ကိုသာထူးရဲ့ ခရားရေလွှတ် တတွတ်တွတ် ဆိုနေသော ဆုံးမမိန့်ခွန်းတွေ နှစ်ကိုယ်တူတွေ့တုံးက အချစ်အကြောင်းတွေကို ရှက်ရှက်နဲ့ နားထောင်နေရတာ မျက်နာကြီးရဲလို့ ဖြစ်နေသည်။

"ချစ်...ကိုတို့လေ ဟော့ဟို သစ်ပင်ကြီးအောက်မှာ ပါ...ပါ...ပါ..ကျသေးတယ်နော့်အေ့...."

"ကိုသာထူး....အရှက်မရှိဘူးလားခဗျား...တကယ်ပါပဲကွာ မျက်နာကိုအိုးမည်းသုတ်ထားရမယ်ကိန်းပဲ...."

"အိုးမည်းဟီ့....ဟားးးး...အိုးမည်းဆိုလို့ ကိုသင်္ကြန်တုံးက အိုးမည်းသုတ်ထားတဲ့ ချစ်နဲ့မှားပြီး ရွာကနတ်ကတော်မောင်ရွှေကို နမ်းမိပြီး မနည်းထွက်ပြေးလာရသေးတယ် ဟားးးးး...."

"ဘာ....ကိုသာထူး ခဗျားသေပြီ သေပြီသာမှတ်...."

လွန်းအတိတ်ကို တွဲထားရာမှ ဆန်းမောင်​ဲဒါသစိတ်ကြောင့် လွှတ်ချလိုက်ပြီး သူနဲ့ အတော်လှမ်းလှမ်းက အော်ရယ်နေတဲ့ သာထူးဆီပြေးသွားပြီး ပြောဆိုထုထောင်းနေတော့သည်။ သာထူးမှာ ချစ်ရသူမို့ တဟီးဟီးနဲ့ရယ်ကာစနေသည်။

ဆန်းမောင်လွှတ်လိုက်တဲ့ အရှိန်ကြောင့် လွန်းအတိတ်ယိုင်ကျသွားသည်။ လွန်းသာ လွန်းအတိတ်ကိုယ်ကို လှမ်းဆွဲကာ မျက်နာချင်းဆိုင်ပုံစံ ဖတ်ထားကာထိန်းလိုက်ရသည်။

လွန်းအတိတ်သည် ပုသောလွန်သာကိုယ်လေးကို ခါးကုန်းကာအမှီပြုထားရသည်။ လွန်းသာပုခုွးကိုခေါင်းမှီရင်း ခါးလေးကို တင်းနေအောင်ပြန်ဖတ်ထားလိုက်သည်။ လွန်းသာထိုအဖတ်ခံရတာကို သတိထားမိတော့ သူ့ရဲ့ဘယ်ဘက်ရင်သည် တဒုံးဒံးခုန်မြည်လာတော့သည်။

"လွန်းလေး ကိုကိုလေ မင်းကိုသိပ်ချစ်နေမိပြီကွ...."

"ဗျာ...."

လွန်းအတိတ်အသံသည် တိုးလွန်းလှသည်။ လွန်းသာပုခုံးမှမှီပြီး နားအနားကပ်ပြောတာကြောင့် အသံတိုးပေမယ့် လွန်းသာ တိကျရှင်းလင်းစွာကြားရသည်။

"ချစ်တယ်....ကိုကို့...ကိုနှင်မလွှတ်ပါနဲ့ လွန်းလေးရာ ကိုယ်မခံစားနိုင်လို့ပါ...."

အမူးစကားမို​့ ယုံရခက်မယုံရခက်ဖြစ်နေရသည်။ သို့သော် လွန်းသာရဲ့ ရင်ကတော့ ခုန်သည်ထက် ပိုမြန်မြန်ခုန်နေတော့သည်။ ချစ်တယ်တဲ့လား အချစ်ကဘယ်လိုပုံစံမျိုးလည်းအကို။

အချစ်က ချိုလားခါးလားအကို။

#####################

သို႔.....

အပိုင္း၉

လြန္းသာ အေမဆီျပန္လာေတာ့ အေမကေဆး႐ုံအေပါက္ဝမွာ ရပ္ေစာင့္ေနသည္။ အေမ့ကို လွည္းနဲ႕အရင္ အိမ္ကိုျပန္ပို႔လိုက္ရသည္။ အေမကို ဘာေရာဂါျဖစ္လဲေမးေတာ့လည္း အေမက ဘာမွမျဖစ္ဘူး ေခ်ာင္းပဲဆိုးတာလို႔ ျပန္ေျဖတာေၾကာင့္ လြန္းသာ စိတ္သက္သာရာေတာ့ ရမိသည္။

အေမနဲ႕သားပဲရွိတာေၾကာင့္မို႔ အေမ့ရဲ႕ က်န္းမာေရးက အေမအတြက္တင္အေရးပါသည္မဟုတ္ မိမိအတြက္ပါ အေရးပါသည္။

လွည္းေမာင္းရင္း အကိုအေၾကာင္းအေတြးထဲ ျပန္ေရာက္လာခဲ့ေတာ့ သက္ျပင္းေမာႀကီးသာခ်မိသည္။ အကိုဘယ္လိုစိတ္နဲ႕မ်ား မိမိအားေစာ္ကားေျပာတာလဲ အကိုဘယ္လိုစိတ္နဲ႕မ်ား မိမိနဲ႕ဆရာဝန္ေလးအား အထင္မွားတာလဲ။ အကိုဘယ္လိုစိတ္နဲ႕မ်ား ဒီေလာက္ထိေဒါသထြက္ ရိုင္းပ်ေနရတာလည္း ဆိုတာ မိမိ မစဥ္းစားနိုင္ေတာ့ပါ။

လြန္းသာ လွည္းေမာင္းေနရင္း အေနာက္ကအေမက

"သားလြန္းေလး.....သားႀကီးေကာ.... "

"မသိဘူးအေမရာ....."

ေနာက္ကအေမဆီမွာ သက္ျပင္းခ်သံၾကားလိုက္ရသည္။ ထို႔ေနာက္အေမက

"သားရယ္.....သားႀကီးအေပၚ ဆူတာေငါက္တာေတြ မလုပ္ပါနဲ႕ကြယ္ ...... သူ႕ခဗ်ာ အေမတို႔ပဲ ရွိတာေလ....သားရဲ႕...."

"ဟူးးး....အေမရယ္...အဲလူက အရိုင္းစိုင္းဗ်... တစ္ခုခုဆိုလက္ပါတာက မေကာင္းဘူးဗ်....က်ဳပ္မွာ ဆရာေလးကို ဘယ္လိုမ်က္နာျပရမလဲဗ်....."

ေဒၚမိထက္ လွည္းေမာင္းေနတဲ့ သားျဖစ္သူရဲ႕ ေက်ာျပင္ေလးကိုၾကည့္ကာ စိတ္ေမာေနရသည္။ ဒီကေလးေတြကို သင့္ျမက္ေစခ်င္သည္။ ခ်စ္ခင္ေစခ်င္သည္။ မိမိဟာ အစက္အ႐ြယ္ရၿပီမို႔ တစ္ခ်ိန္ထြက္သြားရတဲ့ အခါသားျဖစ္သူအတြက္ သံေယာဇဥ္တြယ္ရာဆိုလို႔ ထိုေကာင္ေလးသာ ရွိေတာ့မည္။

"သားရယ္ သူကရိုင္းစိုင္းေနရင္ အေမတို႔ယာဥ္ပါးေအာင္လုပ္ေပးသင့္တာေပါ့....သားသူ႕ကို ေခၚၿပီး ဘာေတြေျပာလိုက္ေသးလဲသား...."

လြန္းသာ မိခင္ျဖစ္သူအေမးေၾကာင့္ သူေျပာခဲ့တဲ့ စကားတို႔ကို ၿငိမ္သက္စြာ ျပန္ၾကားေယာင္ေနမိသည္။ ထြက္သြားဆိုတဲ့ စကားလုံးကိုေတာ့ သူအမွတ္မိဆုံးစကားလုံးတစ္ရပ္ျဖစ္သည္။ သူကိုယ္တိုင္လည္း မေျပာသင့္မွန္း ခုမွ သူ႕ကိုယ္သူ သတိထားမိေတာ့သည္။

"ထြက္...ထြက္သြားလို႔ေျပာလိုက္တယ္...."

"အမေလး....သားရယ္ မင္းလြန္တယ္ကြယ္....သားႀကီးမွာ အေမတို႔က လဲဲပီးေနစရာရွိတာမွ မဟုတ္တာ....အမေလးေလး....တပည့္​ေတာ္မ.. သားႀကီး အိမ္မွာပဲ ရွိေနပါေစေတာ...."

ေဒၚမိထက္ လြန္းသားရဲ႕စကားကိုၾကားၿပီး ရင္ထဲဆို႔ႏွင့္သြားရသည္။ ခနတာ မိသားစုထဲ ဝင္လာတဲ့ လြန္းအတိတ္သည္ သူမအတြက္ေတာ့ ရင္မွေမြးေသာ သားႀကီးတစ္ေယာက္ျဖစ္သည္။ လြန္းသာကိုေျပာရင္း လက္ခုတ္ခ်ီကာ ဘုရားသၾကားမေနမိေတာ့သည္။

"အေမကလည္း.... က်ဳပ္က အိမ္ကေနမႏွင္ထုတ္ပါဘူးဗ်....က်ဳပ္ေရွ႕ကပဲ ထြက္သြားခိုင္းတာပါဗ်...."

"ေတာ္...ေတာ္....ေတာ္ မင္းသားႀကီးကို လိုက္ရွာစမ္း...."

လြန္းသာဘာမွျပန္မေျပာမိ။ မိမိေျပာလိုက္တာကလည္း အကို႔ကို အိမ္ကထြက္သြားဆိုတဲ့ အဓိပၸါယ္မ်ိဳး သက္ေရာက္ေနတာေၾကာင့္ စိတ္မေကာင္းျဖစ္ရသည္။ ရွာဆိုေတာ့လည္း လြန္းသာ ရွာရ႐ုံသာ။

အေမ့ကို အိမ္ကိုျပန္ပို႔ကာ ထမင္းေတာင္းကို မမြန္တို႔ဆီလွည့္းနဲ႕သြားျပန္ပို႔ရသည္။အျပန္မွာေတာ့ လယ္ထဲဘက္ေတြကိုလွည္းခနရပ္ကာ လိုက္ရွာရသည္။ ေတာစပ္မ်ားသြားေလသလား ေခ်ာင္းနားမ်ား သြားေလသလား လိုက္ၾကည့္ရသည္။

မေတြ႕ေတာ့ လွည္းနဲ႕ တဖန္ ႐ြာဦးဘုန္းႀကီးေက်ာင္းနဲ႕ ႐ြာဦးေစတီဘက္ ထြက္လာရျပန္သည္။ဘယ္မွာမွမေတြ႕ ဘယ္ေတြမ်ားသြားေနလည္းပူပန္ေနမ်သည္။ ထိုအပူေၾကာင့္ လြန္းသာမွာ ထမင္းေတာင္မစားအား စိတ္ေလာကရွာေနရသည္။

႐ြာထဲျပန္သြားၿပီး ဟိုအိမ္လိုက္ေမးဒီအိမ္လိုက္ေမးေတာ့လည္း မသိက်။ ဟိုနားေယာင္ေယာင္ ဒီနားေယာင္ေယာင္သာ မေသခ်ာမေရရာ ေျပာေနက်သည္။

အကိုေရ ဘယ္ေတြမ်ားသြားေနတာလဲဗ်ာ အေမကစိတ္ပူေနၿပီ။ လြန္းသာကိုယ္တိုင္လည္း လြန္းအတိတ္ကို စိတ္ပူေနရသည္။ ကိုယ္႐ြာထဲမွာဆိုေပမယ့္ စိတ္ညစ္ၿပီး တစ္ေနရာရာကို မိမိတို႔အားထားၿပီး ထြက္သြားရင္ဆိုတဲ့ အေတြးက လြန္းသာကို နာက်င္​ေစသည္။

အဘယ့္ေၾကာင့္ နာက်င္ေစတာလည္း လြန္းသာမသိပါ။နားမလည္နိုင္။ ခနအတြင္းေရာင္လာတဲ့ ထိုသူကို ခနအတြင္းျပန္ထြက္သြားမွာ လြန္းသာ စိုးရိမ္ေၾကာက္႐ြံေနမိသည္။

လြန္းသာရွာရတာေမာလာမိသည္။ လွည္းကလည္းညအိမ္မွာ ျပန္ထားခဲ့တာေၾကာင့္ လမ္းေလွ်ာက္ၿပီးရွာရင္းေမာလာရသည္။ တစ္အိမ္တတ္တစ္အိမ္ဆင္းရွာရင္း ႐ြာရဲ႕ ေရကန္ႀကီးနားေရာက္လာမွ ခနနားရေတာ့သည္။ ဖုန္းကိုထုတ္ၾကည့္ေတာ့ ညေန၃နာရီသာရွိေသးသည္။ ထို႔ေၾကာင့္ ကန္ႀကီးနားက ဇီးပင္အိုႀကီးရဲ႕ အျမစ္ႀကီးမွာ ထိုင္ခ်လိဳက္သည္။

႐ြာေရကန္သည္ ေဘးပတ္ပတ္လည္ သစ္ပင္ၿခဳံႏြယ္မ်ား ကာရံေနတာေၾကာင့္ အျမင္ေအးေစသည္။ကန္ေရျပင္က အေတာ္က်ယ္ကာ ၾကာပင္ေလးမ်ား ေပါက္ေရာက္ေနသည္။ ၾကာပြင့္နီနီျဖဴျဖဴေလးမ်ားက အစိမ္းေရာင္ အညိုေရာင္ၾကာ႐ြက္ေတြၾကားမွာ လွပေနသည္။

ကန္ေရျပင္ကို ျဖတ္ကာတိုက္လာတဲ့ ေလက ေအးျမေပမယ့္ စိတ္ပူေသာကေရာက္ေနေသာ လြန္းသာအား မေအးျမေစနိုင္ပါ။ ခနခန သက္ျပင္းေမာႀကီးသာ ခ်ေနသည္။

လြန္းသာ ကန္ေဘာင္ေဘးနားက ဇီပင္အိုမွာထိုင္ေနတာေၾကာင့္ ကန္ေဘာင္ရဲ႕ ေျမနီသားေပၚက အမည္းေရာင္ အညိုေရာင္နဲ႕ အနီေရာင္ ေက်ာက္ခဲေလးေတြထဲမွာ ေက်ာက္ခဲတစ္တုံးကို ေကာက္ယူလိုက္ကာ ကန္ထဲအားအနည္းငယ္နဲ႕ ျပစ္လိုက္သည္။

ကန္ေရျပင္မွာ ေက်ာက္ခဲေလးသည္ ႏွစ္ဆင့္သုံးဆင့္ ခုန္ေပါက္ကာ ေရထဲႏွစ္ျမဳတ္သြားေလသည္။

"ေအာ္လြန္းေလးပါလားကြ....."

အသံလာရာ အေနာက္ဘက္သို႔ လည္ျပန္ၾကည့္လိုက္မိသည္။ အနီေရာင္ အကၤ်ီပုဆိုးအညိုကိုဝတ္ထားတဲ့ အသားဝါဝါလတ္တလတ္ အရပ္က ကိုသာထူးႀကီး နီးပါးေလာက္ရွိေသာ ပိန္ပိန္ရွည္ရွည္နဲ႕ အကိုဆန္းေမာင္ျဖစ္သည္။

"..."

လြန္းသာဘာမွျပန္မေျပာျဖစ္။ ေျပာဖို႔လည္း အားမရွိပါ။

"မ်က္နာက ဘာျဖစ္တာလဲကြ....ငါေတာင္ မြန္းလြဲတုံးက ကိုသာထူးႀကီးနဲ႕ ခ်ိန္းေတြ႕ရင္း မင္းအကိုလြန္းႀကီးနဲ႕ ေတြ႕ခဲ့တယ္ကြ...."

."ဗ်ာတကယ္လားဗ်...."

လြန္းသာမ်က္လုံးအေရာင္ေတာက္သြားသည္ကို ဆန္းေမာင္သတိထားမိသည္။ သူထင္တာမွန္ေနတာပဲ လြန္းႀကီးနဲ႕ လြန္းေလးျပသာနာတတ္ခဲ္တယ္ဆိုတာျဖစ္သည္။

"ေအး မင္းအကိုလြန္းႀကီးကကြာ...တကယ္ငဖ်တ္ပဲ ငါ့ကိုသာထူးႀကီးကို ထန္းကည္ဆိုင္ အတင္းေခၚသြားတာကြ.... ငါေတာင္ ပ်င္းလို႔ဒီဘက္ထြက္လာတာ...."

"ဘာ...ထန္းရည္ဆိုင္...."

"အမေလး ဘုရားတရား...ျဖည္းျဖည္းေအာ္ပါကြာ....ဟာလြန္းေလး ေနအုံးေလကြာ ငါလည္းလိုက္မယ္ကြ....."

ထန္းရည္ဆိုင္ဆိုတာနဲ႕ လြန္းသာ သုတ္ေခ်တင္ကာ ထန္းရည္ဆိုင္သို႔ ဦးတည္ရေတာ့သည္။ ေနာက္ကဆန္းေမာင္မွာေတာ့ ပုပုေသးေသးနဲ႕ လွ်င္လြန္းလွေသာ လြန္းသာေနာက္ အျမန္မွီေအာင္ လိုက္ေနရသည္။တကယ့္ကို လူေကာင္ေသးၿပီး လ်င္လြန္းပါသည္။

လြန္းသာမႀကိဳက္ အရက္ေသစာေသာက္စားတာကို လြန္းသာလုံးဝကိုပင္မႀကိဳက္ပါ။အေမေျပာတာေတာ့ အေဖသည္ အရက္ေၾကာင့္ ဒုကၡေရာက္ အသက္ဆုံးရသည္ အဘိုး အေဘးတို႔ ဦးေလးတို႔သည္လည္း အရက္ေၾကာင့္ ေဘးျဖစ္ရသည္မို႔ လြန္းသာမွာ ဦးေလးဆိုလို႔ တစ္ေယာက္သာက်န္ေတာ့သည္။အစေဖာ္ၿပီး တိုက္တဲ့ ကိုသာထူးႀကီးကိုပင္ လမ္းသြားရင္း ကိုဆန္းေမာင္မၾကားေအာင္ က်ိန္ဆဲေနမိသည္။

ထန္းပင္ေတြ တစ္ပင္ျခား ႏွစ္ပင္ျခား အတန္းလိုက္ေပါက္ေနေသာ ထန္းေတာသို႔ လြန္းသာေရာက္လာခဲ့သည္။ ထန္းေတာအစပ္က ထန္းတတ္ၿပီး ထန္းရည္အိုးကို ယူကာ ထန္းတတ္ေလွကားမွ ဆင္းလာေသာ ထန္းရည္ဆိုင္ပိုင္ရွင္ ကိုဘဦး။

"ဟာ လြန္းသာနဲ႕ဆန္းေမာင္ပါလားဟ....ငါ့ထန္းရည္ဆိုင္ မလာစဖူး ဘာလာလုပ္တာတုံးကြ....."

"ဘာလာလုပ္ကမွာလဲဗ်...က်ဳပ္အကိုလြန္းႀကီးကို လာရွာတာဗ်....ဘယ္မွာလဲက်ဳပ္အကို...."

ဆန္းေမာင္ လြန္းသာရဲ႕ ေနာက္မွာသာၿငိမ္ေနမိသည္။ လြန္းသာဆိုေသာ လူေကာင္ေသးသေလာက္ ေဒါသႀကီးေသာ သူေလးသည္ ထန္းရည္ဆိုင္ပိုင္ရွင္ဘဦးကို ရန္စြယ္နဲ႕ေမးေနေတာ့သည္။

"ဟ ျဖည္းျဖည္းေမးပါကြ....ေဟာ့ဟိုတဲထဲမွာ လြန္းႀကီး သာထူးရယ္ရွိတယ္ကြ....ေဟ့ေကာင္ဆန္းေမာင္မင္းနဲ႕သာထူးသိပ္ အနီးကပ္မေနနဲ႕ေနာ္....မင္းအဘေတြ႕ရင္ ျပသာနာတတ္မယ္ကြ...."(အဘ=အေဖ)

"အား...သိပါတယ္ဗ်...လြန္းသာကို စိတ္မခ်လိဳ႕ လိုက္လာတာ အဲ့ငမူးသမားအနားကပ္ဖို႔မဟုတ္ဘူးဗ်...."

"အမေလးကြာ ေျပာတာလဲမင္းပဲ..."

ဘဦးကိုရန္ေတြ႕ၿပီး ဆန္းေမာင္ အေကာင္ေသးေသးနဲ႕ တဲဆီအေရာက္သြားေနတဲ့ လြန္းသာဆီအေျပးလိုက္ရေတာ့သည္။ "ကိုသာထူးခဗ်ားက မတားပဲ ေခၚသြားတာ ခုေတာ့ သူတို႔ႏွစ္ေယာက္ ရန္ျဖစ္ေတာ့မယ္ဗ်"လို႔ ဆန္းေမာင္ စိတ္ထဲေတြးမိသည္။

လြန္းသာ ထန္းရည္တဲထဲ ေျခေစာင့္ကာဝင္လာလိုက္သည္။ ဓနိထန္း႐ြက္တို႔နဲ႕ အမိုးနဲ႕ထရံတို႔ကို ကားထားတဲ့ ေလဝင္ေလထြက္ရွိေသာ အျဖစ္တဲထဲ ခါးေထာက္ဝင္လာကာ ရပ္ေနလိုက္သည္။

တဲရဲ႕ ကြတ္ပ်စ္မွာ ပတ္လပ္လွန္ကာ ျဖစ္ပ်က္ေနက်တဲ့ အမူးသမားႏွစ္ေယာက္ကို ေဒါသထြက္ခ်င္ေပမယ့္လည္း မထြက္ရက္။ ကိုသာထူးႀကီးကိုသာ ေျပးကာရိုက္ျပစ္လိုက္ခ်င္မိသည္။ လိုက္ဖ်က္ဆီးေနတဲ့ လူပဲ။

"ကဲဲ ကိုသာထူးထေတာ့ဗ်....လြန္းေလး ခဗ်ားကို သတ္ေတာ့မယ္...."

"အင္း....အင္း...."

"ဘယ္ေကာင္သတ္မွာလဲကြ ကိုသားထူးႀကီးက ေအ့..... လူေကာင္းေနာ္ ဟိုဆရာဝန္အေကာင္လို အသားမယူဘူးကြ ေအ့......"

လြန္းသာ သက္ျပင္းသာ ခ်မိသည္။ တကယ္ပါပဲ မူးတာေတာင္ မဆိုင္တဲ့ လူကိုပုတ္ခတ္ေနတယ္။

"ကဲ....ကဲ ထေတာ့...အကို အိမ္ျပန္မယ္...."

"မျပန္ဘူး...အီးးးဟီးးး....ငါ့ကိုလြန္းေလးက ႏွင္လႊတ္ထားတာ မျပန္ဘူး....အီးးး..."

ကေလးတစ္ေယာက္လို ကြတ္ပ်စ္မွာ လူးလိမ့္ကာ ငိုေနတဲ့ လြန္းအတိတ္အား လြန္းသားရယ္လည္းရယ္ခ်င္တယ္ စိတ္မေကာင္းလည္းျဖစ္ရသည္။

ကိုသာထူးႀကီးကေတာ့ ႐ြာသားဆိုေတာ့ ဟန္သိပ္မပ်က္လွ လမ္းေလွ်ာက္နိုင္ေသးသည္။ စကားသြက္တာတစ္ခုပဲ ရွိသည္။ လြန္းအတိတ္ကို လြန္းသာက ဂ်ိဳင္းတစ္ဖက္က ဆန္းေမာင္က ဂ်ိဳင္းတစ္ဖက္ ႐ြာထဲျပန္သယ္လာရသည္။

ဆန္းေမာင္မွာ ကိုသာထူးရဲ႕ ခရားေရလႊတ္ တတြတ္တြတ္ ဆိုေနေသာ ဆုံးမမိန့္ခြန္းေတြ ႏွစ္ကိုယ္တူေတြ႕တုံးက အခ်စ္အေၾကာင္းေတြကို ရွက္ရွက္နဲ႕ နားေထာင္ေနရတာ မ်က္နာႀကီးရဲလို႔ ျဖစ္ေနသည္။

"ခ်စ္...ကိုတို႔ေလ ေဟာ့ဟို သစ္ပင္ႀကီးေအာက္မွာ ပါ...ပါ...ပါ..က်ေသးတယ္ေနာ့္ေအ့...."

"ကိုသာထူး....အရွက္မရွိဘူးလားခဗ်ား...တကယ္ပါပဲကြာ မ်က္နာကိုအိုးမည္းသုတ္ထားရမယ္ကိန္းပဲ...."

"အိုးမည္းဟီ့....ဟားးးး...အိုးမည္းဆိုလို႔ ကိုသၾကၤန္တုံးက အိုးမည္းသုတ္ထားတဲ့ ခ်စ္နဲ႕မွားၿပီး ႐ြာကနတ္ကေတာ္ေမာင္ေ႐ႊကို နမ္းမိၿပီး မနည္းထြက္ေျပးလာရေသးတယ္ ဟားးးးး...."

"ဘာ....ကိုသာထူး ခဗ်ားေသၿပီ ေသၿပီသာမွတ္...."

လြန္းအတိတ္ကို တြဲထားရာမွ ဆန္းေမာင္​ဲဒါသစိတ္ေၾကာင့္ လႊတ္ခ်လိဳက္ၿပီး သူနဲ႕ အေတာ္လွမ္းလွမ္းက ေအာ္ရယ္ေနတဲ့ သာထူးဆီေျပးသြားၿပီး ေျပာဆိုထုေထာင္းေနေတာ့သည္။ သာထူးမွာ ခ်စ္ရသူမို႔ တဟီးဟီးနဲ႕ရယ္ကာစေနသည္။

ဆန္းေမာင္လႊတ္လိုက္တဲ့ အရွိန္ေၾကာင့္ လြန္းအတိတ္ယိုင္က်သြားသည္။ လြန္းသာ လြန္းအတိတ္ကိုယ္ကို လွမ္းဆြဲကာ မ်က္နာခ်င္းဆိုင္ပုံစံ ဖတ္ထားကာထိန္းလိုက္ရသည္။

လြန္းအတိတ္သည္ ပုေသာလြန္သာကိုယ္ေလးကို ခါးကုန္းကာအမွီျပဳထားရသည္။ လြန္းသာပုခုြးကိုေခါင္းမွီရင္း ခါးေလးကို တင္းေနေအာင္ျပန္ဖတ္ထားလိုက္သည္။ လြန္းသာထိုအဖတ္ခံရတာကို သတိထားမိေတာ့ သူ႕ရဲ႕ဘယ္ဘက္ရင္သည္ တဒုံးဒံးခုန္ျမည္လာေတာ့သည္။

"လြန္းေလး ကိုကိုေလ မင္းကိုသိပ္ခ်စ္ေနမိၿပီကြ...."

"ဗ်ာ...."

လြန္းအတိတ္အသံသည္ တိုးလြန္းလွသည္။ လြန္းသာပုခုံးမွမွီၿပီး နားအနားကပ္ေျပာတာေၾကာင့္ အသံတိုးေပမယ့္ လြန္းသာ တိက်ရွင္းလင္းစြာၾကားရသည္။

"ခ်စ္တယ္....ကိုကို႔...ကိုႏွင္မလႊတ္ပါနဲ႕ လြန္းေလးရာ ကိုယ္မခံစားနိုင္လို႔ပါ...."

အမူးစကားမို​့ ယုံရခက္မယုံရခက္ျဖစ္ေနရသည္။ သို႔ေသာ္ လြန္းသာရဲ႕ ရင္ကေတာ့ ခုန္သည္ထက္ ပိုျမန္ျမန္ခုန္ေနေတာ့သည္။ ခ်စ္တယ္တဲ့လား အခ်စ္ကဘယ္လိုပုံစံမ်ိဳးလည္းအကို။

အခ်စ္က ခ်ိဳလားခါးလားအကို။

Продовжити читання

Вам також сподобається

338K 18.4K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
209K 8.2K 54
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
1M 64.2K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light
2.2M 145K 60
ေမွာင္ခိုစီးပြားေရးေလာကမွာ နာမည္တစ္လံုးနဲ႔ ေအာင္ျမင္ဆဲ စစ္သခင္ဆိုသည့္သူ။ စစ္သခင္ဟာ ခ်မ္းသာတာနဲ႔အမွ် ေမာက္မာသလို လူမႈဆက္ဆံေရးလည္းအေတာ္ေလးည့ံတယ္။ အခ်စ္...