Chapter 196 – Three Imperial Martial Artists?
အခန္း ၁၉၆ အင္ပါယာအဆင့္ ကိုယ္ခံပညာရွင္ သံုးေယာက္?
တင့္တယ္လွေသာ သူေပၚလာသည္ႏွင့္ သူ၏ ရဲရင့္ေသာ သူရဲေကာင္းဆန္ေသာပံုစံက ရင္ျပင္၏အလယ္တြင္ သူ၀တ္ထားေသာ ၀တ္စံုက တိုက္ခတ္ေသာေလေၾကာင့္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း လြင့္ေျမာေနကာ မ်က္စိပသာဒရွိသည္။ ဒီလုိ ဂုဏ္သိကၡာရ်ိျပီး ထူးျခားေသာအသြင္အျပင္က လူတုိင္း၏ ႏွလံုးသားကို ဖမ္းစားသြားႏုိင္သည္။
သူ ေပၚလာယံုေလးသာ ရွိသည္ ဒါေတာင္ ခ်က္ခ်င္းကို ရင္ျပင္မွာစုေ၀းေနၾကေသာ က်င့္ၾကံသူမ်ားအားလံုးစီကေန အားေပးသံမ်ား တခဲနက္ရရွိလုိက္သည္။ ဒါကမွ လူတုိင္းေမွ်ာ္လင့္ေနေသာ တိုက္ပြဲအစစ္ျဖစ္သည္။ အေစာက ယွဥ္ထားေသာ ပမႊားတုိက္ပြဲေလးႏွင့္ စာလွ်င္ လာမည့္ တိုက္ပြဲကမွ အျမင့္ဆံုးတိုက္ပြဲအရွိန္ကို တုိးထုတ္ေပးႏုိင္မည္မွာ သံသယပင္ ျဖစ္စရာ မလိုေပ။
ထိုလူက Luo ShuHe ျဖစ္ကာ သူ႕ရဲ႕ မၾကာေသးမီက ေက်ာ္ၾကားမႈမွာ သူ႕အေဖထက္ေတာင္ သာေသးသည္။
သူက ၾကယ္အဆင့္ ၾကယ္ႏွစ္ပြင့္သာ ရွိေသးေသာ္လည္း သူ႕အသက္ဆက္ႏြယ္သားရဲက အဆင့္ကိုးေမွာ္၀င္သားရဲ ျဖစ္တာေၾကာင့္ သူ႕အဆင့္က အလ်င္အျမန္ခုန္တက္သြားကာ အခုဆိုလွ်င္ Tang Fan ႏွင့္ အဆင့္တူူ အင္ပါယာအဆင့္တုိက္ခိုက္သူတစ္ေယာက္ျဖစ္ေနျပီ။
သူသာ ထြက္တိုက္မည္ဆိုလွ်င္ Tian Xinဂိုဏ္းကလည္း ေနာက္ထပ္ အင္ပါယာအဆင့္ တုိက္ခိုက္သူတစ္ေယာက္ လႊတ္ရမွာ ျဖစ္သည္။ သို႕ေသာ္လည္း လူအမ်ား၏ အေပၚယံအျမင္အရ Tian Xin ဂိုဏ္းတြင္ အင္ပါယာအဆင့္တိုက္ခုိက္သူ အျဖစ္ Tang Fan သာ ရွိရာ Tian Xinဂိုဏ္းက ဘယ္သူ႕ကိုမ်ား တိုက္ခုိက္ရန္လႊတ္မလဲဟု လူတိုင္းက ဆက္တုိက္ ခန္႕မွန္းေနၾကသည္။
တီးတုိးစကားသံမ်ားက ပိုျပီး က်ယ္ေလာင္စြာ ၾကားလာရသည့္ေနာက္ Luo ShuHe၏ မ်က္ႏွာက ခပ္ေယာင္ေယာင္အျပံဳးေလးတစ္ခု ေဖာ္ျပကာ သူ႕မ်က္လံုးမ်ားက Tang Fan ဘက္က္ို တစ္ခ်က္ သိမ္းၾကံဳးၾကည့္ကာ နည္းနည္းေတာ့လွမ္းစလုိက္သည္ “Tangဂိုဏ္းခ်ဳပ္ ကၽြန္ေတာ္က တတိယတိုက္ပြဲမွာ ပါ၀င္မွာပါ Tang ဂိုဏ္းခ်ဳပ္က ကၽြန္ေတာ္နဲ႕ နည္းနည္းေလာက္ ေဆြးေႏြးမႈမ်ား ျပဳခ်င္မလားေတာ့ ကၽြန္ေတာ္မသိဘူး”
Tang Fan ၏ အသြင္အျပင္ကာ တည္ျငိမ္ေနတုန္းပင္ ဒီစကားမ်ားၾကားျပီးေနာက္ သူကသာမာန္အတိုင္းပဲ “သခင္ေလးLuo က ကိုယ့္ကိုကိုယ္အရမ္းယံုၾကည္ခ်က္ရွိလြန္းတယ္ သခင္ေလးရဲ႕ မိုးၾကိဳးေျခာက္ခ်က္ငွက္က အဆင့္ကိုးအဆင့္ကို ေရာက္တာသိပ္မၾကာေသးဘူး က်ဳပ္ကို စိမ္ေခၚခ်င္ရင္ေတာင္ သခင္ေလးမွာ အဲသေလာက္ အရည္အခ်င္းမရွိေသးဘူး ျဖစ္ေနတယ္ ”
ဒီအေလးအနက္မထားေသာစကားမ်ားက လူအုပ္ၾကီးတစ္ခုလံုးကို အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားေစသည္။
သို႕ေသာ္လည္း ဒါက အံအားသင့္စရာမရွိေပ Tang Fan က ႏွစ္ေပါင္းမ်ားစြာ နာမည္ေက်ာ္ၾကားခဲ့ရာ သူ႕တုိက္ခုိက္မႈ စြမ္းရည္အတြက္ ဂုဏ္သတင္းက ၾကီးမားလွရာ အခုမွ အဆင့္တက္စ Luo ShuHe ႏွင့္ သူ႕ခြန္အားကို ယွဥ္ၾကည့္လွ်င္ သူက ပိုျပီးသန္မာအားေကာင္းသည္။ ဒီစကားမ်ားက ခ်ဲ႕ကားေျပာတာ မဟုတ္ေပ။
သူက လူသိထင္ရွား အသေရဖ်တ္လိုက္ေသာ္လည္း Luo ShuHeက စိတ္မဆိုးသြားေပ အဲဒိအစား ခပ္ပါးပါးေလးေတာင္ ျပံဳးလုိက္ေသးသည္။
“ကၽြန္ေတာ္ အဆင့္မီလား မမီလားဆိုတာ Tang ဂိုဏ္းခ်ဳပ္ ဆံုးျဖတ္ရမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္က အဆင္ေျပတယ္။ ျပီးေတာ့ ဂိုဏ္းခ်ဳပ္က ကၽြန္ေတာ္စိမ္ေခၚခ်င္တဲ့ တစ္ေယာက္မဟုတ္ဘူး။ ဒါနဲ႕ စကားမစပ္ေလ ဂိုဏ္းခ်ဳပ္ရဲ႕တပည့္ၾကီးLin က ေပၚမလာတာေတာင္ ေတာ္ေတာ္ၾကာျပီ။ သူ႕ကို ဂိုဏ္းခ်ဳပ္က ထိန္းသိမ္းထားတယ္လို႕ ၾကားတယ္ အဲဒါ မွန္လား”
Tang Fanအမူအယာက နည္းနည္းေလး ပိုေလးနက္သြာကာ အျခားသူေတြ Ling Xiao ကို ေျပာသည့္ပံုုကို မလိုခ်င္သည့္ပံုပင္။ သူကေအးစက္စက္ႏွင့္ “ဒါက သခင္ေလးတို႕ Qing Chengဂိုဏ္းနဲ႕ ဘာမွမဆိုင္ပါဘူး”
Luo ShuHeက သူ႕စကားကို လ်စ္လ်ဴရႈကာ ဆက္ေျပာသည္ “ကၽြန္ေတာ္ၾကားတာက Tangဂိုဏ္းခ်ဳပ္ Lin Xiaoကို ခ်ဳပ္ထားတာက သူ႕ဂိုဏ္းတူညီရဲ႕ အမွားေၾကာင့္ဆို။ မေတာ္တဆ ျဖစ္သြားတာက Lin Xiao ၾကံရာပါ ျဖစ္ဖို႕မ်ားမွေတာ့ သူကိုပါ ဆြဲခ်ဖို႕ ဆင္ေျခေကာင္း ျဖစ္သြားတာေပါ့ ဟုတ္တယ္မလား”
Tang Fan၏ မ်က္လံုးမ်ားက စိမ္းစိမ္းကားကားျဖစ္သြားဟန္ ဖ်တ္ခနဲျဖစ္သြားကာ “သခင္ေလးLuo ဘယ္ကေန ဒီလုိ စိတ္ကူးယဥ္ဖန္တီးထားတာေတြမ်ား ၾကားလာတာလဲ”
Luo ShuHe က “ဂိုဏ္းခ်ဳပ္က အဲဒါက အျဖစ္မွန္ဟုတ္လားမဟုတ္လားဆိုတာ ကၽြန္ေတာ့္ထက္ ပိုသိပါတယ္ ဂိုဏ္းခ်ဳပ္Tang ကၽြန္ေတာ္ကေတာ့ Lin Xiao ကုိုေတာ္ေတာ္ေသး ကရုဏာသက္မိတာပဲ တကယ္ေတာ့ ေကာင္းကင္ကင္ေတာင္ ေကာင္းခ်ီးေပးတဲ့ သူလိုလူက သူ႕ဆရာ မနာလုိတာနဲ႕ ပဲ ဒီလုိ ထိခုိက္ရတယ္လို႕ သနားစရာပဲ”
Tang Fan မ်က္ႏွာက နည္းနည္းေလးတြန္႕ခနဲျဖစ္ကာ Luo SheHe ကို ဖ်တ္ခနဲၾကည့္လုိက္ေသာသူ႕မ်က္လံုးမ်ားက ပိုျပီးေအးစက္လာကာ ေအာ္ထည့္လုိက္ေတာ့သည္ “အဓိပါၸယ္မရွိတာ”
သို႕ေသာ္လည္း Luo ShuHe ေျပာတာ မွန္မွန္ မွားမွား ဒီရင္ျပင္မွာ စုစည္းမိေနသာ လူမ်ားကေတာ့ Luo ShuHeစကားမ်ား ေသြးေဆာင္ျခငး္ေတာ့ ခံလုိက္ရျပီးသားပင္။ သူတုိ႕က လည္း ေ၀ဖန္မႈ နည္းနည္းေတာ့ ထြက္လာေပသည္။
“ဟုတ္ရဲ႕လား Lin Xiaoက Tang Fanရဲ႕ တပည့္ၾကီး မဟုတ္ဘူးလား”
“ျပီးခဲ့တဲ့ ႏွစ္ေတြတုန္းက Lin Xiaoက သူ႕အတြက္ နာမည္သတင္းေက်ာ္ေဇာေစခဲ့တာပဲကို သူ႕ပါရမီကလည္း ပထမတန္းစားပဲ တစ္ေန႕မွာ Tian Xin ဂုိဏ္းကို အကူအညီၾကီးၾကီးမားမား ေပးႏုိင္မယ္ဆိုတာ ေသခ်ာေနတာပဲ။ Tang Fan ကေတာ့ သူ႕တပည့္ကို ေထာင္ဖမ္းစရာ အေၾကာင္းျပခ်က္ေတာ့ မရွိေလာက္ပါဘူး ဟုတ္တယ္မလား”
“ကၽြတ္ကၽြတ္.. မင္းသိထားသလုိပါပဲ Lin Xiao ကေနာက္ထပ္ ဂိုဏ္းခ်ဳပ္ရာထူးအတြက္ အေကာင္းဆံုးလ်ာထားခံရသူပဲ ျပီးေတာ့ သူ႕စြမ္းအားကလဲ သန္မာတယ္။ သူက ေထာက္ခံသူေတြ ပိုေတာင္ ရမွာေသခ်ာတယ္။ အဲဒိအဓိပၸါယ္က အေႏွးနဲ႕ အျမန္ေတာ့ ရာထူးကဆင္းေပးရမွာပဲ။ ပိုျပီး ခပ္ေ၀းေ၀းၾကည့္ၾကည့္ရေအာင္ အခုအခ်ိန္မွာ Tang Fanက အဓိကက်တဲ့ ေနရာမွာ ရွိေနေသးတယ္ဆိုေတာ့ သူဆင္းေပးဖို႕ စိတ္ရွိမယ္လုိ႕မ်ား ခင္ဗ်ားထင္လား”
“လူတုိင္းကေတာ့ ကိုယ့္အတြက္ကိုယ္ပဲ ၾကည့္ၾကတာပဲ အျခားသူေတြအတြက္ ၾကည့္ၾကတာမွ မဟုတ္တာ”
“ၾကည့္ရတာေတာ့ Tang Fan ကလည္း လံုး၀ကို လူေကာင္းတစ္ေယာက္မဟုတ္ဘူးပဲ သူ႕တပည့္ၾကီးအေပၚေတာင္ လုပ္ရက္တယ္”
“က်ဳပ္ၾကားတာေတာ့ Tang Fan က Lin Xiao ကို မိစၦာေတြနဲ႕ ပူးေပါင္းတယ္လို႕ စြပ္စြဲျပီးေတာ့ ေထာင္ထဲ ထည့္ထားတာဆိုပဲ ဒါေပမယ့္ အဲဒိတုန္းက Lin Xiao က တစ္လလံုးလံုး သုခဘံုနယ္ေျမထဲမွာေလ။ အဲဒိမွာပဲ သူက မိစၦာေတြနဲ႕ အလုပ္လုပ္ေနသလုိပဲ”
“ဟုတ္ပါ့ Luo Shan က မိစၦာတစ္ေကာင္ဆိုတာကို ပထမဆံုးေဖာ္ထုတ္တဲ့သူက Lin Xiao ဆိုတာလဲ က်ဳပ္မွတ္မိပါေသးတယ္”
……..
လူထု၏ ထင္ျမင္ခ်က္ကေတာ့ တျဖည္းျဖည္းခ်င္းနွင့္ Lin Xiaoဘက္ကို အေလးသာေနသည္။ Tang Fan ကို ေလွာင္ေျပာင္သည့္ မ်က္လံုးမ်ားႏွင့္ ခုိးၾကည့္သူေသာ သူအမ်ားလဲ ရွိသည္။ Tian Xin ဂိုဏ္းသားအခ်ိဳ႕ႏွင့္ အၾကီးအကဲHe ေတာင္ ယိမ္းယိုင္ေနၾကျပီ။ သူတို႕ကလည္း Lin Xiao ကို ဂိုဏ္းခ်ဳပ္ၾကီးက အေၾကာင္းျပခ်က္မရွိ ဖမ္းထားတာနဲ႕ ပတ္သတ္ျပီးေတာ့ သူတို႕လဲ သိခ်င္ေနၾကတာေတာ့ ၾကာလွျပီ။ ရုတ္တရတ္ Tang Fan အေပၚ သံသယ အရိပ္အေယာင္တစ္ခု ေပၚလာေတာ့သည္။
အၾကီးအကဲမ်ားထဲမွ တစ္ေယာက္က Tang Fan ကို စိတ္ရႈပ္ေထြးေနေသာ မ်က္လံုးမ်ားႏွင့္ “ဂိုဏ္းခ်ဳပ္ၾကီး သူတို႕က ေျပာေန……”
“တိတ္စမ္း” Tang Fan က သူ႕စကားဆံုးေအာင္ေတာင္ မေစာင့္ေတာ့ပဲ စူေငါက္လုိက္သည္။ “ဒါက Luo ShuHe အကြက္ခ်ထားတဲ့ အစီအစဥ္ပဲ ဒါေတာင္ ခင္ဗ်ားက ယံုေနေသးတယ္။ အျခားသူေတြ ဘာေျပာေျပာ ခင္ဗ်ားယံုတယ္ေတာ့ လာမေျပာနဲ႕”
အၾကီးအကဲက အေငါက္ခံလုိက္ရသျဖင့္ မ်က္ႏွာက ခ်က္ခ်င္းကို နီရဲသြားကာ အေနာက္ဘက္ ျပန္ဆုတ္သြားသည္။ အမွန္ပင္ ထိုသံသယျဖစ္ဖြယ္စကားမ်ားက Luo ShuHeပါးစပ္က လာတာျဖစ္ကာ သူက Qing Cheng ဂုိဏ္း၏ သခင္ေလး ျဖစ္ေနေသးကာ ဒါေပ့ါ သူက Tian Xin ဂိုဏ္း ျပိဳကြဲသြားတာ လိုခ်င္တာေပ့ါ။
Tang Fan က သူ႕အၾကည့္ေတြကို ျပန္သိမ္းကာ ေရွ႕တစ္လွမ္းတိုးလိုက္ျပီးေတာ့ သူ႕အၾကည့္ေတြက ရင္ျပင္အႏွံ ေအးစက္စက္ သိမ္းၾကံဳးၾကည့္ကာ “Lin Xiao မိစၦာနဲ႕ ပူးေပါင္းတယ္ဆိုတာက ငါတို႕ဂုိဏ္းရဲ႕ အရႈပ္ေတာ္ပံုပဲ အျခားသူေတြနဲ႕ ဘာမွ မဆိုင္ဘူး။ အဲဒိအဓိပၸါယ္ Qing Cheng လည္းပါတယ္နည္းနည္းေလးေတာင္ မဆိုင္ဘူး။ သခင္ေလးLuo က အျပစ္ရွိတဲ့လူရဲ႕လံုျခံဳေရးကိစၥေတြကို စိုးရိမ္ဖို႕ အခ်ိန္လံုလံုေလာက္ေလာက္ ရွိေနတယ္ဆိုရင္ ကိုယ့္ဘာသာကိုယ္အရင္ စိတ္ပူပန္ သင့္တယ္ ၾကီးျမတ္ေသာအၾကီးအကဲ ကိုပဲ ကၽြန္ေတာ္က ဒီတစ္ခါလည္းအားနာနာနဲ႕ အပူကပ္ရေတာ့မွာပဲ”
သူ႕စကားက သူကေနာက္ေက်ာႏွင့္ လူအမ်ားၾကားထဲတြင္ မတ္တပ္ရပ္ေနေသာ အိုမင္းေနေသာ္လည္း ၾကည့္ေကာင္းလွေသာ အဖိုးၾကီးတစ္ေယာက္ကို ရည္ညြန္းတာ ျဖစ္သည္။
ထိုအဖိုးၾကီးက သူ႕ဆံပင္မ်ားႏွင့္ မုတ္ဆိတ္မ်ားက ႏွင္းကဲ့သို႕ စြတ္စြတ္ျဖဴေနကာ အသက္ေတာ္ၾကီးေနျပီမွန္း သိသာလွကာ အသားအရည္ကေတာ့ ဆယ့္ခုနစ္ႏွစ္ ဆယ့္ရွစ္ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္အသားအရည္က ေတာက္ပကာ ႏွင္းကဲ့သို႕ ျဖဴသြားျပန္ကာ ျပန္လည္ႏုပ်ိဳေနသလုိမ်ိဳးပင္။ ထိုအဖိုးၾကီးက ဟိုးအတိတ္တုန္းက Tang Fan ရာထူးရရန္ ကူညီေထာက္ပံ့ေပးခဲ့သူပဲ ျဖစ္ကာ သူက ၾကီးျမတ္လွေသာအၾကီးအကဲ Yuan Moပင္။
Yuan Mo လူအမ်ားေရွ႕က ကြယ္ေပ်ာက္သြားတာ ႏွစ္ေပါင္းမ်ားစြာ ၾကာလွေပျပီ။ သူ႕ဂုဏ္သတင္းႏွင့္ ရုပ္ရည္ကို လူအမ်ားေမ့ေနၾကသည္မွာလဲ ၾကာလွေနျပီ။ Tang Fan ေတာင္မွ သူ႕ကို အေလးအနက္ထားကာ ေျပာရလွ်င္ ဒီလူက သာမာန္လူတစ္ေယာက္ မဟုတ္တာ သိသာလွသည္။
လူတုိင္းက Tang Fan၏ အၾကည့္ရွိရာကို ၾကည့္လုိက္ၾကေသာ္လည္း မ်က္စိတစ္မွိတ္အတြင္းမွာကို သူ႕တုိ႕ မတုန္႕ျပန္ႏိုင္ေလာက္ေအာင္ကို တုိေတာင္းလွေသာ အခ်ိန္အတြင္းမွာ YuanMo က သူကမတ္တပ္ရပ္ေနေသာ ေနရာကေန ေပ်ာက္ကြယ္သြားျပီး ျဖစ္ကာ သူက ခ်က္ခ်င္းကို Luo ShuHe အေရွ႕တြင္ ေပၚလာသည္။
Yuan Mo၏ မၾကည္မလင္မ်က္၀န္းမ်ားက Luo SheHe ကိုသာ စုိက္ၾကည့္ေနကာ သူ႕ပါးစပ္ထဲက လူၾကီးတစ္ေယာက္ စိတ္ဓါတ္က်ေနေသာ အသံႏွင့္ “လူငယ္ေတြရဲ႕ အစြမ္းအစေတြက လူၾကီးေတြကိုေတာင္ ေက်ာ္တက္သြားၾကလိမ့္မွာပဲ။ Luo ChengYuan ကတယ့္ကို ပါရမီရွိတဲ့သားတစ္ေယာက္ရွိတာ ကံေကာင္းလိုက္တာ။ ဒီအဖိုးၾကီးက ထပ္ျပီးေတာ့ စကားမမ်ားမေနေတာ့ဘူး ထြက္ခဲ့ေတာ့မယ္ ”
Yuan Mo၏ လက္ရွိအဆင့္က ႏွစ္တစ္ရာၾကာေနေသာ္လည္း သူ႕အဆင့္က စိတ္၀ိဥာဏ္အဆင့္ ၾကယ္ခုနစ္ပြင့္သာ ရွိေနသည္။ စိတ္၀ိဥာဏ္အဆင့္မွ အင္ပါယာအဆင့္သို႕ခရီးမွာ တကယ့္ကို ၾကမ္းတမ္းလွေသာ လမ္းျဖစ္ကာ ႏွစ္တစ္ရာေတာင္ ျဖတ္ေက်ာ္ျပီးေနေသာ္လည္း သူ အင္ပါယာအဆင့္ကို ထိထိမိမိျဖတ္ေက်ာ္သြားႏိုင္သလား မသြားႏုိင္ဘူးလားဆိုတာ ဘယ္သူမွ မသိဘူးျဖစ္သည္။
လူအမ်ား၏ အလယ္က SheQiu၏ မ်က္လံုးစိမ္းမ်ားက ေတာက္ပေသာအလင္းတစ္ခ်က္လက္သြားကာ “အဲဒိအဖိုးၾကီးက သူလည္းပဲ အင္ပါယာအဆင့္ ကိုယ္ခံပညာရွင္တစ္ေယာက္ပဲ ဒါေပမယ့္ သူက ၾကယ္တစ္ပြင့္ပဲ ရွိေသးတယ္။ သူသာ မိုးၾကိဳးေျခာက္ခ်က္ ငွက္နဲ႕ တိုက္ရင္ ခက္ခဲလိမ့္မယ္”
You XiaoMoက အံ့ၾသကာ “မင္း ဘယ္လုိသိလဲ”
SheQiuက “အဲဒိလူက ၾကယ္တစ္ပြင့္မွာ တစ္ေနတာ အခုဆို ႏွစ္တစ္ရာ ရွိေနျပီ။ မိုးၾကိဳးေျခာက္ခ်က္ငွက္က တေလာေလးကမွ အဆင့္ကိုးကို တက္ထားတာ။ သိပ္မၾကာခင္က ျပင္းျပင္းထန္ထန္ ဒါဏ္ရာရထားတာကို ထည့္မတြက္ရင္ေတာင္ သူ႕ခြန္အားက မတည္ျငိမ္ေသးဘူး။ အဲဒိငွက္ရဲ႕ ရုပ္ပိုင္းဆိုင္ရာက သန္မာတာ ေက်းဇူးတင္ရမယ္ ဒီေတာ့ အခ်ိဳ႕ေနရာေတြက ေထမိသြားတယ္။ အဆံုးသတ္ရင္ေတာ့ ဒီႏွစ္ေယာက္က လက္ရည္တူေလာက္က်မယ္။ သခင္မယံုရင္ ကိုယ့္ဘာသာကိုယ္ၾကည့္ၾကည့္ေလ”
Yuan Mo သူ႕စကားကို အဆံုးသတ္လုိက္သည္ႏွင့္ Luo ShuHe ကလည္း သူ႕ကို ခြင့္ေပးရန္ ေျပာဆိုလုိက္ျပီးေတာ့ ခ်က္ခ်င္းကို မိုးၾကိဳးေျခာက္ခ်က္ငွက္ကို ေခၚထုတ္လုိက္သည္။
မိုးၾကိဳးေျခာက္ခ်က္ငွက္၏ လူအသြင္သ႑ာန္က ၾကည့္ေကာင္းလွေသာ လူတစ္ေယာက္ျဖစ္ကာ သူ႕မ်က္ႏွာက လူအမ်ားကို ခံစားခ်က္မ်ားစြာ ေပးစြမ္းေစသည္။ သူကမ်က္ခံုးမ်ားၾကားကေန ေမွာ္၀င္သားရဲတစ္ေကာင္၏ ရက္စက္ ၾကမ္းၾကဳပ္ေသာ အရွိန္အ၀ါမ်ား ထုတ္လုိက္သည္။ သူက မိုးၾကိဳးကို ပိုင္ဆိုးေသာ ေမွာ္၀င္သားရဲျဖစ္သည့္အတြက္ သူ႕တုိက္ခိုက္ျခင္းစြမ္းရည္က အျခားသားရဲမ်ားႏွင့္ ယွဥ္လွ်င္ အလြန္မာလွသည္။
ဒါ့ေၾကာင့္ပဲ သိပ္မၾကာေသးခင္ကမွ အဆင့္တက္ထားတာ ဆိုေသာ္လည္း SheQiu ေျပာသလိုပင္ Yuan Moကိုေတာင္ ယွဥ္ျပိဳင္ႏုိင္ေလာက္သည္။
သို႕ေသာ္လည္း အင္ပါယာအဆင့္ စစ္သည္မ်ားၾကားက တုိက္ပြဲမွာ အျခားတိုက္ခုိက္သူမ်ား၏ တုိက္ပြဲမ်ားႏွင့္ မယွဥ္ႏုိင္ေပ။ ေက်ာက္တံုးမ်ား ေျမမႈန္႕မ်ားက ေျမေပၚသို႕ က်လာကာ ပတ္၀န္းက်င္သည္လည္း အလြန္တင္းမာသြားသည့္အျပင္ ထူထည္းေသာ ေျမျပင္သည္ပင္ တြင္းနက္ၾကီးျဖစ္သြားေစသည္။
လူအုပ္ၾကားထဲ ပုန္းေအာင္းေနရင္း You XiaoMoက SheQiu၏ ကာကြယ္မႈေအာက္မွာေတာင္ တုိက္ပြဲၾကီးေနာက္ဆက္တြဲေတြကို ခံစားေနရတုန္းပင္။
အျခားသူမ်ားက တုိက္ပြဲကို အာရံုစိုက္ေနတုန္း You XiaoMo က အသံလႊင့္ေက်ာက္တံုးကို ထုတ္လိုက္သည္။ ကံဆိုးစြာႏွင့္ ေက်ာက္တံုးက လင္းမေနေပ အဲဒါက Ling Xiao သူ႕ကို မဆက္သြယ္ထားဘူးဟု ေဖာ္ျပေနသည္။
You XiaoMo ကသူအခု ဘယ္မွာလဲဆိုတာ သူမသိေပ။ သူ႕အစီအစဥ္ေတြေကာ ေခ်ာေခ်ာေမြ႕ေမြ႕ ရွိရဲ႕လား မသိဘူး။
သူ႕ေဘးက MaoQiu က သူ႕အေတြးေတြကို သိပံုရကာ “သခင္ စိတ္ခ်ထားပါ။ အၾကီးအကဲက အရမ္းကို ေတာ္တဲ့ရွိန္ဖို႕ေကာင္းတဲ့သူတစ္ေယာက္ပါ”
You XiaoMo က MaoQiu၏ ႏွစ္သိမ့္မႈၾကားေတာ့ သူ ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့ “မင္းက သူ႕ကို ျမင္ေတာင္ မျမင္ဘူးေသးပဲနဲ႕ သူက ရွိန္ဖုိ႕ေကာင္းတယ္ဆိုတာ ဘယ္လုိလုပ္သိလဲ”
MaoQiu ကတိတ္သြားသည္။ ဒါေပါ့ ဧကရာဇ္သားရဲက ရွိန္ဖို႕ေကာင္းတာေပ့ါ။
You XiaoMo က MaoQiu၏ ျပန္ေျပာတာကို မၾကားရတာေၾကာင့္ သူဆက္မေမးေတာ့ေပ။
ႏွစ္နာရီၾကာေတာ့ ရင္ျပင္မွာ ေတာက္ေလွ်ာက္တုိက္ခုိက္ေနေသာ သ႑ာန္ႏွစ္ခုက ေနာက္ဆံုးေတာ့ ကြဲကြာသြားသည္။ ရလာဒ္ကေတာ့ SheQiu ခန္႕မွန္းထားသလိုပါပဲ။ လူတစ္ေယာက္ ႏွင့္ သားရဲတစ္ေကာင္က လက္ရည္တူေနသည္။
သူတို႕ဒါဏ္ရာမ်ားက ေပါ့ေပ့ါပါးပါးမဟုတ္သလုိ အရမ္းလဲ မျပင္းထန္ေပ သို႕ေသာ္လည္း ဒီတုိက္ခိုက္မႈကို ဆက္လုပ္မည္ဆိုပါက ႏွစ္ဖက္လံုး ထိခိုက္မည္ျဖစ္တာေၾကာင့္ ေရြးခ်ယ္စရာမရွိပဲ ရပ္တန္႕ရေတာ့သည္။
Luo ShuHeက မိုးၾကိဳးေျခာက္ခ်က္ငွက္ကို ျပန္ေခၚလုိက္သည္။ ဒီရလာဒ္ကို ခန္႕မွန္းထားေသာ္ျငားလည္း သူ႕မ်က္ႏွာကေတာ့ မႈန္မႈိင္းေနကာ Tian Xin ဂိုဏ္းမွာ တကယ့္ကို ဖုန္းကြယ္ထားေသာ ၀ွက္ဖဲရွိေနလိမ့္မည္ဟု သူမေမွ်ာ္လင့္ထားေပ။ ဒီလုိသာဆို QingCheng ဂိုဏ္းမွာက သူတို႕လက္ထဲ အေလးသာမႈ မရွိေတာ့ေပ။ ဒီေတာ့ သူတို႕ လက္ရည္တူေနတာကို အေကာင္းဆံုးဟုပင္ ေျပာလုိ႕ရေနျပီ။
Qing Cheng ဂုိဏ္းဘက္မွ လူမ်ား မတ္တပ္ရပ္ေနရာ ဘက္တြင္ Luo ChengYuan ကေတာ့ လူအမ်ားေရွ႕တြင္ ဂုဏ္ယူစြာ ရပ္ေနသည္။ သူကအမူအယာမ်ားက လြန္စြာမွန္းဆရခက္ေနသျဖင့္ ဘယ္သူကမွ မမွန္းဆႏိုင္ေပ။ သူ႕ရဲ႕ နက္နဲလွေသာ မ်က္၀န္းမ်ားက သူ႕သားမတ္တပ္ရပ္ေနရာသို႕ ေရြ႕သြားကာ ျဖည္းညင္းစြာ သက္ျပင္းခ်ျပီး “Tang Fan သိပ္မၾကာေတ့ာဘူး Tian Xinဂိုဏ္းမွ အင္ပါယာအဆင့္ကိုယ္ခံပညာရွင္ ႏွစ္ေယာက္ပဲ က်န္ေတာ့မယ္။ ဒီအခ်က္ကုိ မင္း ရည္ရြယ္ခ်က္ရွိရွိ ဖုန္းကြယ္ထားျပီးေတာ့ ငါမင့္တံခါးဆီ ဆိုက္ဆုိက္ျမိဳက္ျမိဳက္ေရာက္လာေအာင္ ေစာင့္ေနတာမလား ဟုတ္တယ္မလား ”
ဆန္႕က်င္ဘက္မွာ မတ္တပ္ရပ္ေနေသာ Tang Fan က ရုတ္တရတ္ ေလွာင္ျပံဳး တစ္ခု ေဖာ္ျပလုိက္သည္။ သူ႕အသံက ရင္ျပင္အႏွံ ျဖည္းျဖည္းခ်င္း ပ်ံႏွံသြားသည္ “Tian Xin ဂိုဏ္းမွာ အင္ပါယာအဆင့္ တုိက္ခုိက္သူ ႏွစ္ေယာက္ပဲ ရွိတယ္လို႕ ဘယ္သူေျပာလဲ”
Unicode
Chapter 196 – Three Imperial Martial Artists?
အခန်း ၁၉၆ အင်ပါယာအဆင့် ကိုယ်ခံပညာရှင် သုံးယောက်?
တင့်တယ်လှသော သူပေါ်လာသည်နှင့် သူ၏ ရဲရင့်သော သူရဲကောင်းဆန်သောပုံစံက ရင်ပြင်၏အလယ်တွင် သူဝတ်ထားသော ၀တ်စုံက တိုက်ခတ်သောလေကြောင့် ပျော့ပျော့ပြောင်းပြောင်း လွင့်မြောနေကာ မျက်စိပသာဒရှိသည်။ ဒီလို ဂုဏ်သိက္ခာရျိပြီး ထူးခြားသောအသွင်အပြင်က လူတိုင်း၏ နှလုံးသားကို ဖမ်းစားသွားနိုင်သည်။
သူ ပေါ်လာယုံလေးသာ ရှိသည် ဒါတောင် ချက်ချင်းကို ရင်ပြင်မှာစုဝေးနေကြသော ကျင့်ကြံသူများအားလုံးစီကနေ အားပေးသံများ တခဲနက်ရရှိလိုက်သည်။ ဒါကမှ လူတိုင်းမျှော်လင့်နေသော တိုက်ပွဲအစစ်ဖြစ်သည်။ အစောက ယှဉ်ထားသော ပမွှားတိုက်ပွဲလေးနှင့် စာလျှင် လာမည့် တိုက်ပွဲကမှ အမြင့်ဆုံးတိုက်ပွဲအရှိန်ကို တိုးထုတ်ပေးနိုင်မည်မှာ သံသယပင် ဖြစ်စရာ မလိုပေ။
ထိုလူက Luo ShuHe ဖြစ်ကာ သူ့ရဲ့ မကြာသေးမီက ကျော်ကြားမှုမှာ သူ့အဖေထက်တောင် သာသေးသည်။
သူက ကြယ်အဆင့် ကြယ်နှစ်ပွင့်သာ ရှိသေးသော်လည်း သူ့အသက်ဆက်နွယ်သားရဲက အဆင့်ကိုးမှော်ဝင်သားရဲ ဖြစ်တာကြောင့် သူ့အဆင့်က အလျင်အမြန်ခုန်တက်သွားကာ အခုဆိုလျှင် Tang Fan နှင့် အဆင့်တူ အင်ပါယာအဆင့်တိုက်ခိုက်သူတစ်ယောက်ဖြစ်နေပြီ။
သူသာ ထွက်တိုက်မည်ဆိုလျှင် Tian Xinဂိုဏ်းကလည်း နောက်ထပ် အင်ပါယာအဆင့် တိုက်ခိုက်သူတစ်ယောက် လွှတ်ရမှာ ဖြစ်သည်။ သို့သော်လည်း လူအများ၏ အပေါ်ယံအမြင်အရ Tian Xin ဂိုဏ်းတွင် အင်ပါယာအဆင့်တိုက်ခိုက်သူ အဖြစ် Tang Fan သာ ရှိရာ Tian Xinဂိုဏ်းက ဘယ်သူ့ကိုများ တိုက်ခိုက်ရန်လွှတ်မလဲဟု လူတိုင်းက ဆက်တိုက် ခန့်မှန်းနေကြသည်။
တီးတိုးစကားသံများက ပိုပြီး ကျယ်လောင်စွာ ကြားလာရသည့်နောက် Luo ShuHe၏ မျက်နှာက ခပ်ယောင်ယောင်အပြုံးလေးတစ်ခု ဖော်ပြကာ သူ့မျက်လုံးများက Tang Fan ဘက်က်ို တစ်ချက် သိမ်းကြုံးကြည့်ကာ နည်းနည်းတော့လှမ်းစလိုက်သည် “Tangဂိုဏ်းချုပ် ကျွန်တော်က တတိယတိုက်ပွဲမှာ ပါဝင်မှာပါ Tang ဂိုဏ်းချုပ်က ကျွန်တော်နဲ့ နည်းနည်းလောက် ဆွေးနွေးမှုများ ပြုချင်မလားတော့ ကျွန်တော်မသိဘူး”
Tang Fan ၏ အသွင်အပြင်ကာ တည်ငြိမ်နေတုန်းပင် ဒီစကားများကြားပြီးနောက် သူကသာမာန်အတိုင်းပဲ “သခင်လေးLuo က ကိုယ့်ကိုကိုယ်အရမ်းယုံကြည်ချက်ရှိလွန်းတယ် သခင်လေးရဲ့ မိုးကြိုးခြောက်ချက်ငှက်က အဆင့်ကိုးအဆင့်ကို ရောက်တာသိပ်မကြာသေးဘူး ကျုပ်ကို စိမ်ခေါ်ချင်ရင်တောင် သခင်လေးမှာ အဲသလောက် အရည်အချင်းမရှိသေးဘူး ဖြစ်နေတယ် ”
ဒီအလေးအနက်မထားသောစကားများက လူအုပ်ကြီးတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
သို့သော်လည်း ဒါက အံအားသင့်စရာမရှိပေ Tang Fan က နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့ရာ သူ့တိုက်ခိုက်မှု စွမ်းရည်အတွက် ဂုဏ်သတင်းက ကြီးမားလှရာ အခုမှ အဆင့်တက်စ Luo ShuHe နှင့် သူ့ခွန်အားကို ယှဉ်ကြည့်လျှင် သူက ပိုပြီးသန်မာအားကောင်းသည်။ ဒီစကားများက ချဲ့ကားပြောတာ မဟုတ်ပေ။
သူက လူသိထင်ရှား အသရေဖျတ်လိုက်သော်လည်း Luo ShuHeက စိတ်မဆိုးသွားပေ အဲဒိအစား ခပ်ပါးပါးလေးတောင် ပြုံးလိုက်သေးသည်။
“ကျွန်တော် အဆင့်မီလား မမီလားဆိုတာ Tang ဂိုဏ်းချုပ် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်က အဆင်ပြေတယ်။ ပြီးတော့ ဂိုဏ်းချုပ်က ကျွန်တော်စိမ်ခေါ်ချင်တဲ့ တစ်ယောက်မဟုတ်ဘူး။ ဒါနဲ့ စကားမစပ်လေ ဂိုဏ်းချုပ်ရဲ့တပည့်ကြီးLin က ပေါ်မလာတာတောင် တော်တော်ကြာပြီ။ သူ့ကို ဂိုဏ်းချုပ်က ထိန်းသိမ်းထားတယ်လို့ ကြားတယ် အဲဒါ မှန်လား”
Tang Fanအမူအယာက နည်းနည်းလေး ပိုလေးနက်သွာကာ အခြားသူတွေ Ling Xiao ကို ပြောသည့်ပုံကို မလိုချင်သည့်ပုံပင်။ သူကအေးစက်စက်နှင့် “ဒါက သခင်လေးတို့ Qing Chengဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး”
Luo ShuHeက သူ့စကားကို လျစ်လျူရှုကာ ဆက်ပြောသည် “ကျွန်တော်ကြားတာက Tangဂိုဏ်းချုပ် Lin Xiaoကို ချုပ်ထားတာက သူ့ဂိုဏ်းတူညီရဲ့ အမှားကြောင့်ဆို။ မတော်တဆ ဖြစ်သွားတာက Lin Xiao ကြံရာပါ ဖြစ်ဖို့များမှတော့ သူကိုပါ ဆွဲချဖို့ ဆင်ခြေကောင်း ဖြစ်သွားတာပေါ့ ဟုတ်တယ်မလား”
Tang Fan၏ မျက်လုံးများက စိမ်းစိမ်းကားကားဖြစ်သွားဟန် ဖျတ်ခနဲဖြစ်သွားကာ “သခင်လေးLuo ဘယ်ကနေ ဒီလို စိတ်ကူးယဉ်ဖန်တီးထားတာတွေများ ကြားလာတာလဲ”
Luo ShuHe က “ဂိုဏ်းချုပ်က အဲဒါက အဖြစ်မှန်ဟုတ်လားမဟုတ်လားဆိုတာ ကျွန်တော့်ထက် ပိုသိပါတယ် ဂိုဏ်းချုပ်Tang ကျွန်တော်ကတော့ Lin Xiao ကိုတော်တော်သေး ကရုဏာသက်မိတာပဲ တကယ်တော့ ကောင်းကင်ကင်တောင် ကောင်းချီးပေးတဲ့ သူလိုလူက သူ့ဆရာ မနာလိုတာနဲ့ ပဲ ဒီလို ထိခိုက်ရတယ်လို့ သနားစရာပဲ”
Tang Fan မျက်နှာက နည်းနည်းလေးတွန့်ခနဲဖြစ်ကာ Luo SheHe ကို ဖျတ်ခနဲကြည့်လိုက်သောသူ့မျက်လုံးများက ပိုပြီးအေးစက်လာကာ အော်ထည့်လိုက်တော့သည် “အဓိပ္ပါယ်မရှိတာ”
သို့သော်လည်း Luo ShuHe ပြောတာ မှန်မှန် မှားမှား ဒီရင်ပြင်မှာ စုစည်းမိနေသာ လူများကတော့ Luo ShuHeစကားများ သွေးဆောင်ခြင်းတော့ ခံလိုက်ရပြီးသားပင်။ သူတို့က လည်း ဝေဖန်မှု နည်းနည်းတော့ ထွက်လာပေသည်။
“ဟုတ်ရဲ့လား Lin Xiaoက Tang Fanရဲ့ တပည့်ကြီး မဟုတ်ဘူးလား”
“ပြီးခဲ့တဲ့ နှစ်တွေတုန်းက Lin Xiaoက သူ့အတွက် နာမည်သတင်းကျော်ဇောစေခဲ့တာပဲကို သူ့ပါရမီကလည်း ပထမတန်းစားပဲ တစ်နေ့မှာ Tian Xin ဂိုဏ်းကို အကူအညီကြီးကြီးမားမား ပေးနိုင်မယ်ဆိုတာ သေချာနေတာပဲ။ Tang Fan ကတော့ သူ့တပည့်ကို ထောင်ဖမ်းစရာ အကြောင်းပြချက်တော့ မရှိလောက်ပါဘူး ဟုတ်တယ်မလား”
“ကျွတ်ကျွတ်.. မင်းသိထားသလိုပါပဲ Lin Xiao ကနောက်ထပ် ဂိုဏ်းချုပ်ရာထူးအတွက် အကောင်းဆုံးလျာထားခံရသူပဲ ပြီးတော့ သူ့စွမ်းအားကလဲ သန်မာတယ်။ သူက ထောက်ခံသူတွေ ပိုတောင် ရမှာသေချာတယ်။ အဲဒိအဓိပ္ပါယ်က အနှေးနဲ့ အမြန်တော့ ရာထူးကဆင်းပေးရမှာပဲ။ ပိုပြီး ခပ်ဝေးဝေးကြည့်ကြည့်ရအောင် အခုအချိန်မှာ Tang Fanက အဓိကကျတဲ့ နေရာမှာ ရှိနေသေးတယ်ဆိုတော့ သူဆင်းပေးဖို့ စိတ်ရှိမယ်လို့များ ခင်ဗျားထင်လား”
“လူတိုင်းကတော့ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတာပဲ အခြားသူတွေအတွက် ကြည့်ကြတာမှ မဟုတ်တာ”
“ကြည့်ရတာတော့ Tang Fan ကလည်း လုံးဝကို လူကောင်းတစ်ယောက်မဟုတ်ဘူးပဲ သူ့တပည့်ကြီးအပေါ်တောင် လုပ်ရက်တယ်”
“ကျုပ်ကြားတာတော့ Tang Fan က Lin Xiao ကို မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲပြီးတော့ ထောင်ထဲ ထည့်ထားတာဆိုပဲ ဒါပေမယ့် အဲဒိတုန်းက Lin Xiao က တစ်လလုံးလုံး သုခဘုံနယ်မြေထဲမှာလေ။ အဲဒိမှာပဲ သူက မိစ္ဆာတွေနဲ့ အလုပ်လုပ်နေသလိုပဲ”
“ဟုတ်ပါ့ Luo Shan က မိစ္ဆာတစ်ကောင်ဆိုတာကို ပထမဆုံးဖော်ထုတ်တဲ့သူက Lin Xiao ဆိုတာလဲ ကျုပ်မှတ်မိပါသေးတယ်”
……..
လူထု၏ ထင်မြင်ချက်ကတော့ တဖြည်းဖြည်းချင်းနှင့် Lin Xiaoဘက်ကို အလေးသာနေသည်။ Tang Fan ကို လှောင်ပြောင်သည့် မျက်လုံးများနှင့် ခိုးကြည့်သူသော သူအများလဲ ရှိသည်။ Tian Xin ဂိုဏ်းသားအချို့နှင့် အကြီးအကဲHe တောင် ယိမ်းယိုင်နေကြပြီ။ သူတို့ကလည်း Lin Xiao ကို ဂိုဏ်းချုပ်ကြီးက အကြောင်းပြချက်မရှိ ဖမ်းထားတာနဲ့ ပတ်သတ်ပြီးတော့ သူတို့လဲ သိချင်နေကြတာတော့ ကြာလှပြီ။ ရုတ်တရတ် Tang Fan အပေါ် သံသယ အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
အကြီးအကဲများထဲမှ တစ်ယောက်က Tang Fan ကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများနှင့် “ဂိုဏ်းချုပ်ကြီး သူတို့က ပြောနေ……”
“တိတ်စမ်း” Tang Fan က သူ့စကားဆုံးအောင်တောင် မစောင့်တော့ပဲ စူငေါက်လိုက်သည်။ “ဒါက Luo ShuHe အကွက်ချထားတဲ့ အစီအစဉ်ပဲ ဒါတောင် ခင်ဗျားက ယုံနေသေးတယ်။ အခြားသူတွေ ဘာပြောပြော ခင်ဗျားယုံတယ်တော့ လာမပြောနဲ့”
အကြီးအကဲက အငေါက်ခံလိုက်ရသဖြင့် မျက်နှာက ချက်ချင်းကို နီရဲသွားကာ အနောက်ဘက် ပြန်ဆုတ်သွားသည်။ အမှန်ပင် ထိုသံသယဖြစ်ဖွယ်စကားများက Luo ShuHeပါးစပ်က လာတာဖြစ်ကာ သူက Qing Cheng ဂိုဏ်း၏ သခင်လေး ဖြစ်နေသေးကာ ဒါပေ့ါ သူက Tian Xin ဂိုဏ်း ပြိုကွဲသွားတာ လိုချင်တာပေ့ါ။
Tang Fan က သူ့အကြည့်တွေကို ပြန်သိမ်းကာ ရှေ့တစ်လှမ်းတိုးလိုက်ပြီးတော့ သူ့အကြည့်တွေက ရင်ပြင်အနှံ အေးစက်စက် သိမ်းကြုံးကြည့်ကာ “Lin Xiao မိစ္ဆာနဲ့ ပူးပေါင်းတယ်ဆိုတာက ငါတို့ဂိုဏ်းရဲ့ အရှုပ်တော်ပုံပဲ အခြားသူတွေနဲ့ ဘာမှ မဆိုင်ဘူး။ အဲဒိအဓိပ္ပါယ် Qing Cheng လည်းပါတယ်နည်းနည်းလေးတောင် မဆိုင်ဘူး။ သခင်လေးLuo က အပြစ်ရှိတဲ့လူရဲ့လုံခြုံရေးကိစ္စတွေကို စိုးရိမ်ဖို့ အချိန်လုံလုံလောက်လောက် ရှိနေတယ်ဆိုရင် ကိုယ့်ဘာသာကိုယ်အရင် စိတ်ပူပန် သင့်တယ် ကြီးမြတ်သောအကြီးအကဲ ကိုပဲ ကျွန်တော်က ဒီတစ်ခါလည်းအားနာနာနဲ့ အပူကပ်ရတော့မှာပဲ”
သူ့စကားက သူကနောက်ကျောနှင့် လူအများကြားထဲတွင် မတ်တပ်ရပ်နေသော အိုမင်းနေသော်လည်း ကြည့်ကောင်းလှသော အဖိုးကြီးတစ်ယောက်ကို ရည်ညွန်းတာ ဖြစ်သည်။
ထိုအဖိုးကြီးက သူ့ဆံပင်များနှင့် မုတ်ဆိတ်များက နှင်းကဲ့သို့ စွတ်စွတ်ဖြူနေကာ အသက်တော်ကြီးနေပြီမှန်း သိသာလှကာ အသားအရည်ကတော့ ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်အသားအရည်က တောက်ပကာ နှင်းကဲ့သို့ ဖြူသွားပြန်ကာ ပြန်လည်နုပျိုနေသလိုမျိုးပင်။ ထိုအဖိုးကြီးက ဟိုးအတိတ်တုန်းက Tang Fan ရာထူးရရန် ကူညီထောက်ပံ့ပေးခဲ့သူပဲ ဖြစ်ကာ သူက ကြီးမြတ်လှသောအကြီးအကဲ Yuan Moပင်။
Yuan Mo လူအများရှေ့က ကွယ်ပျောက်သွားတာ နှစ်ပေါင်းများစွာ ကြာလှပေပြီ။ သူ့ဂုဏ်သတင်းနှင့် ရုပ်ရည်ကို လူအများမေ့နေကြသည်မှာလဲ ကြာလှနေပြီ။ Tang Fan တောင်မှ သူ့ကို အလေးအနက်ထားကာ ပြောရလျှင် ဒီလူက သာမာန်လူတစ်ယောက် မဟုတ်တာ သိသာလှသည်။
လူတိုင်းက Tang Fan၏ အကြည့်ရှိရာကို ကြည့်လိုက်ကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာကို သူ့တို့ မတုန့်ပြန်နိုင်လောက်အောင်ကို တိုတောင်းလှသော အချိန်အတွင်းမှာ YuanMo က သူကမတ်တပ်ရပ်နေသော နေရာကနေ ပျောက်ကွယ်သွားပြီး ဖြစ်ကာ သူက ချက်ချင်းကို Luo ShuHe အရှေ့တွင် ပေါ်လာသည်။
Yuan Mo၏ မကြည်မလင်မျက်ဝန်းများက Luo SheHe ကိုသာ စိုက်ကြည့်နေကာ သူ့ပါးစပ်ထဲက လူကြီးတစ်ယောက် စိတ်ဓါတ်ကျနေသော အသံနှင့် “လူငယ်တွေရဲ့ အစွမ်းအစတွေက လူကြီးတွေကိုတောင် ကျော်တက်သွားကြလိမ့်မှာပဲ။ Luo ChengYuan ကတယ့်ကို ပါရမီရှိတဲ့သားတစ်ယောက်ရှိတာ ကံကောင်းလိုက်တာ။ ဒီအဖိုးကြီးက ထပ်ပြီးတော့ စကားမများမနေတော့ဘူး ထွက်ခဲ့တော့မယ် ”
Yuan Mo၏ လက်ရှိအဆင့်က နှစ်တစ်ရာကြာနေသော်လည်း သူ့အဆင့်က စိတ်ဝိဥာဏ်အဆင့် ကြယ်ခုနစ်ပွင့်သာ ရှိနေသည်။ စိတ်ဝိဥာဏ်အဆင့်မှ အင်ပါယာအဆင့်သို့ခရီးမှာ တကယ့်ကို ကြမ်းတမ်းလှသော လမ်းဖြစ်ကာ နှစ်တစ်ရာတောင် ဖြတ်ကျော်ပြီးနေသော်လည်း သူ အင်ပါယာအဆင့်ကို ထိထိမိမိဖြတ်ကျော်သွားနိုင်သလား မသွားနိုင်ဘူးလားဆိုတာ ဘယ်သူမှ မသိဘူးဖြစ်သည်။
လူအများ၏ အလယ်က SheQiu၏ မျက်လုံးစိမ်းများက တောက်ပသောအလင်းတစ်ချက်လက်သွားကာ “အဲဒိအဖိုးကြီးက သူလည်းပဲ အင်ပါယာအဆင့် ကိုယ်ခံပညာရှင်တစ်ယောက်ပဲ ဒါပေမယ့် သူက ကြယ်တစ်ပွင့်ပဲ ရှိသေးတယ်။ သူသာ မိုးကြိုးခြောက်ချက် ငှက်နဲ့ တိုက်ရင် ခက်ခဲလိမ့်မယ်”
You XiaoMoက အံ့သြကာ “မင်း ဘယ်လိုသိလဲ”
SheQiuက “အဲဒိလူက ကြယ်တစ်ပွင့်မှာ တစ်နေတာ အခုဆို နှစ်တစ်ရာ ရှိနေပြီ။ မိုးကြိုးခြောက်ချက်ငှက်က တလောလေးကမှ အဆင့်ကိုးကို တက်ထားတာ။ သိပ်မကြာခင်က ပြင်းပြင်းထန်ထန် ဒါဏ်ရာရထားတာကို ထည့်မတွက်ရင်တောင် သူ့ခွန်အားက မတည်ငြိမ်သေးဘူး။ အဲဒိငှက်ရဲ့ ရုပ်ပိုင်းဆိုင်ရာက သန်မာတာ ကျေးဇူးတင်ရမယ် ဒီတော့ အချို့နေရာတွေက ထေမိသွားတယ်။ အဆုံးသတ်ရင်တော့ ဒီနှစ်ယောက်က လက်ရည်တူလောက်ကျမယ်။ သခင်မယုံရင် ကိုယ့်ဘာသာကိုယ်ကြည့်ကြည့်လေ”
Yuan Mo သူ့စကားကို အဆုံးသတ်လိုက်သည်နှင့် Luo ShuHe ကလည်း သူ့ကို ခွင့်ပေးရန် ပြောဆိုလိုက်ပြီးတော့ ချက်ချင်းကို မိုးကြိုးခြောက်ချက်ငှက်ကို ခေါ်ထုတ်လိုက်သည်။
မိုးကြိုးခြောက်ချက်ငှက်၏ လူအသွင်သဏ္ဍာန်က ကြည့်ကောင်းလှသော လူတစ်ယောက်ဖြစ်ကာ သူ့မျက်နှာက လူအများကို ခံစားချက်များစွာ ပေးစွမ်းစေသည်။ သူကမျက်ခုံးများကြားကနေ မှော်ဝင်သားရဲတစ်ကောင်၏ ရက်စက် ကြမ်းကြုပ်သော အရှိန်အ၀ါများ ထုတ်လိုက်သည်။ သူက မိုးကြိုးကို ပိုင်ဆိုးသော မှော်ဝင်သားရဲဖြစ်သည့်အတွက် သူ့တိုက်ခိုက်ခြင်းစွမ်းရည်က အခြားသားရဲများနှင့် ယှဉ်လျှင် အလွန်မာလှသည်။
ဒါ့ကြောင့်ပဲ သိပ်မကြာသေးခင်ကမှ အဆင့်တက်ထားတာ ဆိုသော်လည်း SheQiu ပြောသလိုပင် Yuan Moကိုတောင် ယှဉ်ပြိုင်နိုင်လောက်သည်။
သို့သော်လည်း အင်ပါယာအဆင့် စစ်သည်များကြားက တိုက်ပွဲမှာ အခြားတိုက်ခိုက်သူများ၏ တိုက်ပွဲများနှင့် မယှဉ်နိုင်ပေ။ ကျောက်တုံးများ မြေမှုန့်များက မြေပေါ်သို့ ကျလာကာ ပတ်ဝန်းကျင်သည်လည်း အလွန်တင်းမာသွားသည့်အပြင် ထူထည်းသော မြေပြင်သည်ပင် တွင်းနက်ကြီးဖြစ်သွားစေသည်။
လူအုပ်ကြားထဲ ပုန်းအောင်းနေရင်း You XiaoMoက SheQiu၏ ကာကွယ်မှုအောက်မှာတောင် တိုက်ပွဲကြီးနောက်ဆက်တွဲတွေကို ခံစားနေရတုန်းပင်။
အခြားသူများက တိုက်ပွဲကို အာရုံစိုက်နေတုန်း You XiaoMo က အသံလွှင့်ကျောက်တုံးကို ထုတ်လိုက်သည်။ ကံဆိုးစွာနှင့် ကျောက်တုံးက လင်းမနေပေ အဲဒါက Ling Xiao သူ့ကို မဆက်သွယ်ထားဘူးဟု ဖော်ပြနေသည်။
You XiaoMo ကသူအခု ဘယ်မှာလဲဆိုတာ သူမသိပေ။ သူ့အစီအစဉ်တွေကော ချောချောမွေ့မွေ့ ရှိရဲ့လား မသိဘူး။
သူ့ဘေးက MaoQiu က သူ့အတွေးတွေကို သိပုံရကာ “သခင် စိတ်ချထားပါ။ အကြီးအကဲက အရမ်းကို တော်တဲ့ရှိန်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ”
You XiaoMo က MaoQiu၏ နှစ်သိမ့်မှုကြားတော့ သူ ရယ်ရမလား ငိုရမလားတောင် မသိတော့ “မင်းက သူ့ကို မြင်တောင် မမြင်ဘူးသေးပဲနဲ့ သူက ရှိန်ဖို့ကောင်းတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ”
MaoQiu ကတိတ်သွားသည်။ ဒါပေါ့ ဧကရာဇ်သားရဲက ရှိန်ဖို့ကောင်းတာပေ့ါ။
You XiaoMo က MaoQiu၏ ပြန်ပြောတာကို မကြားရတာကြောင့် သူဆက်မမေးတော့ပေ။
နှစ်နာရီကြာတော့ ရင်ပြင်မှာ တောက်လျှောက်တိုက်ခိုက်နေသော သဏ္ဍာန်နှစ်ခုက နောက်ဆုံးတော့ ကွဲကွာသွားသည်။ ရလာဒ်ကတော့ SheQiu ခန့်မှန်းထားသလိုပါပဲ။ လူတစ်ယောက် နှင့် သားရဲတစ်ကောင်က လက်ရည်တူနေသည်။
သူတို့ဒါဏ်ရာများက ပေါ့ပေ့ါပါးပါးမဟုတ်သလို အရမ်းလဲ မပြင်းထန်ပေ သို့သော်လည်း ဒီတိုက်ခိုက်မှုကို ဆက်လုပ်မည်ဆိုပါက နှစ်ဖက်လုံး ထိခိုက်မည်ဖြစ်တာကြောင့် ရွေးချယ်စရာမရှိပဲ ရပ်တန့်ရတော့သည်။
Luo ShuHeက မိုးကြိုးခြောက်ချက်ငှက်ကို ပြန်ခေါ်လိုက်သည်။ ဒီရလာဒ်ကို ခန့်မှန်းထားသော်ငြားလည်း သူ့မျက်နှာကတော့ မှုန်မှိုင်းနေကာ Tian Xin ဂိုဏ်းမှာ တကယ့်ကို ဖုန်းကွယ်ထားသော ၀ှက်ဖဲရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဒီလိုသာဆို QingCheng ဂိုဏ်းမှာက သူတို့လက်ထဲ အလေးသာမှု မရှိတော့ပေ။ ဒီတော့ သူတို့ လက်ရည်တူနေတာကို အကောင်းဆုံးဟုပင် ပြောလို့ရနေပြီ။
Qing Cheng ဂိုဏ်းဘက်မှ လူများ မတ်တပ်ရပ်နေရာ ဘက်တွင် Luo ChengYuan ကတော့ လူအများရှေ့တွင် ဂုဏ်ယူစွာ ရပ်နေသည်။ သူကအမူအယာများက လွန်စွာမှန်းဆရခက်နေသဖြင့် ဘယ်သူကမှ မမှန်းဆနိုင်ပေ။ သူ့ရဲ့ နက်နဲလှသော မျက်ဝန်းများက သူ့သားမတ်တပ်ရပ်နေရာသို့ ရွေ့သွားကာ ဖြည်းညင်းစွာ သက်ပြင်းချပြီး “Tang Fan သိပ်မကြာတေ့ာဘူး Tian Xinဂိုဏ်းမှ အင်ပါယာအဆင့်ကိုယ်ခံပညာရှင် နှစ်ယောက်ပဲ ကျန်တော့မယ်။ ဒီအချက်ကို မင်း ရည်ရွယ်ချက်ရှိရှိ ဖုန်းကွယ်ထားပြီးတော့ ငါမင့်တံခါးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာအောင် စောင့်နေတာမလား ဟုတ်တယ်မလား ”
ဆန့်ကျင်ဘက်မှာ မတ်တပ်ရပ်နေသော Tang Fan က ရုတ်တရတ် လှောင်ပြုံး တစ်ခု ဖော်ပြလိုက်သည်။ သူ့အသံက ရင်ပြင်အနှံ ဖြည်းဖြည်းချင်း ပျံနှံသွားသည် “Tian Xin ဂိုဏ်းမှာ အင်ပါယာအဆင့် တိုက်ခိုက်သူ နှစ်ယောက်ပဲ ရှိတယ်လို့ ဘယ်သူပြောလဲ”