Chapter 195 - Kong Wen's death😁😁
အခန္း ၁၉၅ Kong Wen၏ ေသျခင္း
Kong Wen၏ စိတ္ရႈပ္မႈက အခ်ိန္ကုန္လာသည္ႏွင့္ ပိုပိုဆုိးလာည္။ သူ႕မ်က္လံုးထဲက အေၾကာက္တရားမ်ားကလည္း ပိုပိုျပီး ေပၚလြင္လာသည္။
အဲဒိ ေမွာ္၀င္သားရဲစုတ္က သူအခုေလးတင္ေျပလိုက္တာလားYou XiaoMo က သူ႕အစ္ကိုသံုးေယာက္အတြက္ေတာင္ အလုပ္ရႈပ္ခံျပီးေတာ့ သူတို႕အတြက္ မတူညီေသာ အဆင့္ျမင့္ေမွာ္၀င္သားရဲ သံုးမ်ိဳး ေပးခဲ့ေသးတာဟုတ္လား။ ဒါက ဘယ္လုိ လုပ္ျဖစ္ႏိုင္မွာလဲ သို႕ေသာ္လည္း ခ်က္ခ်င္းကို သူေတြးမိသည္က Fang ChenLe အျပင္ Fu Zilin ႏွင့္ Zhao DaZhou တုိ႕သည္လည္းပဲ သူႏွင့္ ရင္းႏွီးၾကတာပဲ။
Kong Wen၏ စိတ္ကခ်က္ခ်င္းကို ေဒါသမ်ားျဖင့္ ဖံုးလႊမ္းသြားသည္။
သူ႕ရဲ႕ တပည့္ေကာင္းေလး Fu Zilinက သူအဆင့္ျမင့္ေမွာ္၀င္သားရဲတစ္ေကာင္ႏွင့္ ဆက္ႏြယ္ထားတယ္ဆိုတာကိုေတာင္ သူကို ဖံုးကြယ္ထားရဲတယ္။ ဒီရက္ေတြမွာ ဒီဆရာရဲ႕ မ်က္ႏွာကို အတိအလင္းကို ဖ်တ္ရဲတာ အံၾသစရာမရွိပါဘူး။သူက လာဘ္ထုိုးထားတာကို ယူထားျပီးသားကိုး။
အရမး္ေကာင္းတယ္ အရမ္းေကာင္းတယ္
ဘယ္လုိေတာင္ အက်ိဳးမဲ့ေလလုိက္လဲ။ သူက သူတို႕ကို ရင္ဘတ္ၾကီးတစ္ခုလံုးႏွင့္ ဆယ္စုႏွစ္တစ္ခုေလာက္ က်န္ဆံုးေအာင္ သင္ၾကားေပးခဲ့ေသးတာကို ေတာင္ သူတုိ႕က ဒီလုိ ျပန္ေပးလိုက္တယ္ေပါ့။
Kong Wenမ်က္လံုးမ်ားက အရိုးထိေတာင္ မုန္းေသာ အမုန္းတရားမ်ားႏွင့္ ရုတ္တရတ္ျပည့္သြားကာ You XiaoMo ကို သာ အာရံုစိုက္ထားရင္းႏွင့္ သူကမ်က္ႏွာက တြန္႕ခနဲ မျဖစ္ပဲ မေနႏိုင္ေတာ့ေပ။ အားလံုးက ဒီလူေၾကာင့္ပဲ။ သူကေၾကာင့္သာ မဟုတ္ရင္ သူခ်စ္ရေသာ တပည့္ႏွစ္ေယာက္က သူ႕တို႕ဆရာကို ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ေပ။ You XiaoMo ဒီမေကာင္းလွေသာYou XiaoMo ကိစၥေတြက ဒီလုိေတြသာ ျဖစ္လာလိမ့္မည္ဟု သူသိလုိက္ပါက ဘာမွ မျဖစ္ခင္ကတည္းက သူ႕ကို တစ္ခ်က္တည္း သတ္လုိက္မိပါသည္။
You XiaoMo က သက္ျပင္းရွည္ၾကီး ခ်လုိက္သည္။ SheQiu ေျပာသြားတာက မွန္တယ္ဆိုတာေတာ့ သူလက္ခံရပါမည္။
Kong Wen က သူ႕ကို သတ္ခ်င္သည္။ ျပီးေတာ့သူကလည္း ဒီအတုိင္းေလးပဲ ရပ္မေနႏိုင္ေပ။ျပီးေတာ့ Kong Wen က သူ႕လွ်ိဳ႕၀ွက္ခ်က္အခ်ိဳ႕ကိုလည္း သိသြားျပီ။ သူ႕ကို သာအသက္ရွင္ခြင့္ေပးလုိက္ရင္ သူကႏွင့္ Ling Xiao အတြက္ အနာဂတ္မွာ ျပႆနာေတြပဲ ျဖစ္လာလိမ့္မည္။
Kong Wen က အထြတ္အထိပ္အဆင့္ရွစ္ေမွာ္ဆရာ တစ္ေယာက္ျဖစ္သည္။ သူသာဆႏၵရွိမယ္ဆိုလွ်င္ အကယ္လုိ႕ သူသာ You XiaoMoကို သတ္ေပးလို႕ ဆုလာဒ္အေနနဲ႕ အဆင့္ရွစ္ေမွာ္ေဆးလံုးတစ္လံုး ေပးခ်င္ပါက အဲဒါေဆးလံုးအတြက္ႏွင့္ သူတို႕အသက္ကို စေတးမည့္သူေတြ အမ်ားၾကီးပင္။ အကယ္လုိ႕ အဲလိုသာ ျဖစ္ခဲ့သည္ရွိေသာ္ သူတို႕ေနာက္ကို မဆံုးႏိုင္ေအာင္ လုိက္လာၾကလိမ့္မည္။ု
သူ႕အစ္ကိုသံုးေယာက္အတြက္ သူရွာေပးခဲ့ေသာ အဆင့္ျမင့္ေမွာ္၀င္သားရဲမ်ားအတြက္ကေတာ့ သူက အဲဒိအတြက္ ျပန္ေပးဆပ္တာေတြကိုလဲ မလိုခ်င္ေပ။ သူက ပထမတည္းက သူ႕ဘာသာေပးခဲ့တာပင္။
သို႕ေသာ္လည္း သူအံ့ၾသသည္က Kong Wen က ဒီေန႕ကို လႈပ္ရွားရမည့္ေန႕ဟု ရည္ရြယ္ခ်က္ရွိရွိေရြးခဲ့တာပင္။ အဘယ့္ေၾကာင့္ဆိုေသာ္ Tian Xin ဂိုဏ္း၏ စြမး္အားျမင့္တုိက္ခုိက္သူမ်ား အားလံုးက ဒီမွာမရွိပဲ အကုန္လံုးက တုိက္ခုိက္ရန္ တုိက္ပြဲသို႕ ေရာက္ေနၾကသည္။ ဒီေတာ့ သူ႕တပည့္အေပၚလက္ေရာက္သြားလည္း ဘယ္သူမွ သိၾကမည္မဟုတ္ေပ။ ဒီအခိုက္အတန္႕က လံုး၀ကို ေကာင္းမြန္လွေသာ အခြင့္အေရးေပ သို႕ေသာ္ ဒါက သူ႕ရဲ႕ ငရဲသြားရာလမ္းျဖစ္ေနတာကိုပင္။
Tian Xinဂိုဏ္းႏွင့္ Qing Cheng ဂိုဏ္းၾကားက စစ္ပြဲ ဒီေန႕က Kong Wen ကို အဆံုးသတ္ဖို႕ အေကာင္းဆံုးေန႕ျဖစ္ရံုတင္မက You XiaoMoအတြက္လည္း ဒီျပစ္မႈကို Qing Chengဂိုဏ္းကို လႊဲခ်လုိက္ရံုပင္။
သူ Ling Xiao ႏွင့္ အတူတကြေနကတည္းက သူ႕ႏွလံုးသားကလည္း အနက္ေရာင္ေတြ တျဖည္းျဖည္း ေပစြန္းလာတာကို သတိျပဳမိကာ သူကပဲ Ling Xiao၏ မဟာဗ်ဴဟာက လံုး၀ေအာင္ျမင္တယ္ဟု ေျပာသင့္သလားမသိေပ။ You XiaoMo သူ႕မ်က္ႏွာသူသာ မရိုက္ပဲ မေနႏိုင္ျဖစ္သြားသည္။
ဒီအျပဳအမူကပဲ သူ႕ရင္ထဲက အေျဖကို လူတိုင္းကို သြယ္၀ိုက္ျပီး ေျပာလုိက္သလုိျဖစ္ကာ Kong Wen၏ ထိတ္လန္႕ေနေသာမ်က္ႏွာကိုပါ ေပါင္းစပ္လုိက္လွ်င္ XiaoHei တို႕တစ္စုကလည္း စိတ္လႈပ္ရွားသြားသည္။ သူတုိ႕သခင္က အခ်ိန္တန္ျပီဆိုလွ်င္ ရက္စက္သင့္သည္။ အဆံုးေတာ့သူတို႕က သူတို႕သခင္ကို ကူညီခ်င္သြားေပျပီ။
" You XiaoMo ငါ့အတြက္ သြားေသလုိက္" Kong Wenက သူ႕ကို သတ္လိမ့္မည္ဆိုတာကို သိသည္။ သူကလည္း စြန္႕စားကာ သူကေခါင္းေပၚမွာ စိတ္စြမ္းအင္အစုအဖြဲ႕တစ္ခုကို ထုတ္လိုက္သည္။
သူတုိ႕က You XiaoMo ကို တိုက္ခုိက္လိမ့္မည္ဟု ထင္လုိက္ခ်ိန္မွာ ထိုစိတ္စြမ္းအင္အစုက အရံအတားကာထားေသာ ေခါင္မိုးဆီကို တန္းသြားကာ အေရွ႕ကိုအသံေပးျပီး အေနာက္ကို ၀င္တိုက္သလုိ လုပ္ပလုိက္သည္။ သူလုပ္ဖို႕လုိတာက သူကစိတ္စြမ္းအင္ ဒီကေနထြက္ကာ အျပင္က လူမ်ားသိသြားေအာင္ လုပ္ဖို႕ပင္။
She Qiu က သူ႕မ်က္လံုးကို Kong Wen ၏ လႈပ္ရွားမႈေပၚမွာပဲ အာရံုစိုက္ထားတာေၾကာင့္ ထိတ္လန္႕မသြားေပ။ သူက သူ႕ရဲ႕ သ႑ာန္အေသးကေန ပိုၾကီးေသာ အရြယ္ကို ေျပာင္းလုိက္ကာ သူ႕အျမီးႏွင့္ Kong Wen ကို အျမန္ရစ္ပတ္လုိက္သည္။ သူ႕အျမီးက သူ႕အတြက္ အေကာင္းဆံုး ျဖစ္ကာ သူ႕ကိုယ္ရဲ႕ အမာဆံုးအပိုင္းလဲ ျဖစ္သည္။ ေနာက္ထပ္ အဆင့္ကိုးေမွာ္၀င္သားရဲႏွင့္ ရင္ဆုိင္ရလွ်င္ေတာင္မွ သူကအျမီးက သူတုိ႕ကို ရိုက္ခတ္ကာ ပ်ံထြက္သြားေအာင္ေတာင္လုပ္ႏိုင္သည္။ အဆင့္ကိုးေတာင္ မေရာက္ေသးေသာ ေမွာ္ဆရာတစ္ေယာက္၏ အကာအကြယ္ကေတာ့ စာပင္ မဖြဲ႕ႏုိင္ေပ။
Kong Wen ၏ ၀ိဥာဏ္ဒိုင္းကာက သူ႕တစ္ကုိယ္လံုးကို ဖံုးကြယ္ထားေသာ္လည္း မ်က္စိတစ္မွိတ္အတြင္းမွာကို တစ္စစီ ျဖစ္သြားသည္။ ပိခ်ိကနဲ ျမည္ကာ အျမီးက Kong Wen၏ ရင္ဘတ္ကို ေဖာက္ထြက္သြားကာ ေသြးေတြက ေနရာအႏွံျဖစ္သြားကာ ေခါင္မိုးကို ဦးတည္ေနေသာ စိတ္စြမး္အင္းသည္လည္း ထိန္းခ်ဳပ္မည့္သူမရွိေတာ့ ခ်က္ခ်င္းကို ေပ်ာက္ကြယ္သြားေတာ့သည္။
Kong Wen က ေသြးတစ္ပြက္အန္ကာ ေနာက္ကို ေျခႏွစ္လွမ္းဆုတ္သြားသည္။ သူ႕ကိုယ္လံုးက နံရံကို မွီကာ ေခ်ာျပီးေအာက္က်သြားကအျဖဴေရာင္ နံရံက ေသြးနီေရာင္မ်ားျဖင့္ စြန္းထင္းသြားကာ တစ္ခ်က္ၾကည့္တာႏွင့္ပင္ ထိတ္လန္႕သြားေစႏိုင္သည္။ တစ္ခဏအတြင္းကို သူ႕ရဲ႕ အစိမ္းေရာင္၀တ္ရံုသည္လည္း နီရဲသြားေတာ့သည္။
သူ႕လုိ အဆင့္ရွစ္အထြတ္အထိပ္အဆင့္ေမွာ္ဆရတစ္ေယာက္က အၾကံဆိုးမ်ားသာ မ၀င္ပါက ေနာက္ထပ္ႏွစ္မ်ားစြာ ေအးေဆးသက္သာစြာ ေနႏိုင္ေသးသည္။ အခုေတာ့ ဒီလူက်ဆံုးသြားကာ လူ႕အသက္တစ္ေခ်ာင္းဆိုတာ ဘယ္ေလာက္ အဖိုးမတန္သလဲဆိုတာကို ေဖာ္ျပလုိက္သလုိပင္။
You XiaoMo၏ မ်က္ႏွာက သံုးျပီးသာ စကၠဴလုိပင္တြန္႕သြားကာ သက္ျပင္းတစ္ခ်က္စြန္႕ထုတ္လုိက္သည္။ အကယ္လုိ႕ Kong Wen သာ သူ႕ရတနာေတြကို တပ္မက္စိတ္မရွိဘူး သူကို မစဘူးဆိုလွ်င္ You XiaoMo ကသူ႕အသက္ကို ယူဖို႕ စဥ္းေတာင္ မစဥ္းစားေပ။
ဘ၀ဆိုတာ မွန္းဆလို႕မရ။
Xiao Heiက ေရွ႕တက္လာကာ မ်က္ခံုးမ်ားက ေသးသြယ္ေအာင္က်ံဳ႕သြားျပီးေတာ့ "ဘာလဲ စိတ္ေပ်ာ့သြားတာလား"
You XiaoMoပါးစပ္ကတြန္႕ခနဲ ျဖစ္သြားသည္။ ဘယ္သူက အေလာင္းတစ္လာင္းအေပၚ စိတ္ေပ်ာ့စရာလိုလုိ႕လဲ။ သူေတာ္ေကာင္းေယာင္ ေဆာင္ေနသလုိပဲ ျပီေတာ့ သူက Ling Xiao လို လူမွ မဟုတ္တာ။ "ငါက စဥ္းစားေနတာပါ အစ္ကိုၾကီးသာ ဒါေတြ သိရင္ သူအရမ္း၀မ္းနည္းသြားလိမ့္မယ္"
Xiao Hei က ဟြန္႕ခနဲ ျပဳကာ "ဒီေတာ့ ဘာျဖစ္လဲ သခင္က ဒီအေလာင္းေဖ်ာက္ဖို႕ပဲလိုတာ ျပီးေတာ့ Tian Xin ဂိုဏ္းကလူေတြကို Kong Wen ဒီအတုိင္း ေပ်ာက္သြားတယ္ပဲ လုပ္ရမွာ"
You XiaoMo က နည္းနည္းစဥ္းစားကာ ဒီအၾကံကေတာ့ မဆိုးလွေပ "ေကာင္းျပီေလ ဒါေပမယ့္ ဒီအေလာင္းကို မင္းတုိ႕ ဘယ္လိုလုပ္မယ္လို႕ စီစဥ္ထားတာလဲ"
Xiao Hei က "သူ႕အေလာင္းကို စားပါ့ရေစလား အဆင့္ရွစ္ေမွာ္ဆရာရဲ႕အေလာင္းက ကၽြန္ေတာ့္အတြက္အတြက္ အရမ္း အာဟာရရွိတယ္ သူ႕ကို စားရံုနဲ႕ ၾကယ္တစ္ပြင့္ေတာင္ တက္ေလာက္ေသးတယ္"
ေျပာေနရင္းႏွင့္တင္ အခ်ိန္မေရြး ၀ါးျမိဳဖို႕ အသင့္အေနအထား ျဖစ္ေနျပီ။
You XiaoMo က သူ႕ကို လန္႕ကာ အျမန္ကို အေနာက္ကို ဆြဲကာ "မလုပ္နဲ႕ မလုပ္နဲ႕"
Xiao Hei က အလိုမက်ပဲ "ဘာလို႕လဲ"
You XiaoMo "မလုပ္နဲ႕ဆို မလုပ္နဲ႕ေပ့ါ ဘာလို႕လဲဆိုတာ မရွိဘူး"
သူက ေသသြားျပီပဲဟာကို You XiaoMo ကလညး္ ဆရာကိုသတ္သူအေနနဲ႕ ျဖစ္ေနျပီးျပီ။ မွားတဲ့သူက သူ႕ဆရာျဖစ္ေပမယ့္ အကယ္လုိ႕ သူ႕ဆက္ႏြယ္သားရဲကို သူ႕အေလာင္းကို စားခြင့္ေပးလုိက္ပါက သားရဲအရိုင္းအဆုိင္းႏွင့္ ကြာျခားေတာ့မည္ မဟုတ္ေပ။ သူ႕တစ္ကိုယ္တည္းအတြက္သာမက သူ႕အစ္ကိုမ်ားအတြက္ပါ ျဖစ္သည္။ Kong Wen က သူတို႕တုိးတက္ဖို႕အတြက္ ႏွစ္ေပါင္းမ်ားစြာ အားထုတ္ခဲ့မႈမ်ားအတြက္ အေၾကြးတင္ေနေပသည္။ သူတို႕သာ သူတို႕ဆရာ၏ အေလာင္းက တစ္ခုတည္းမဟုတ္တာသာ သိလွ်င္ ညီအစ္ကိုဆက္ဆံေရးက ဘယ္လိုမွ ေရွ႕ဆက္ဖို႕ စဥ္းစားမွာမဟုတ္ေပ။
ေျပာလုိက္သည္ႏွင့္ ျပႆနာက ရွိေနေသးသည္။
ဒီအေလာင္းကို သူ႕နယ္ေျမထဲ ပစ္လုိက္လို႕ရသည္ သို႕ေသာ္လည္း သူ႕နယ္ေျမထဲကို ေသြးမစြန္းထင္းေစခ်င္ေပ သို႕ေသာ္လည္း သူသာ ဒီမွာ ျမဳပ္ပစ္မည္ဆိုလွ်င္ အလြယ္ေလးရွာေတြ႕သြားလိမ့္မည္။
SheQiuက သူ႕ျပႆနာကို သိျမင္ပံုႏွင့္ "သခင္ ဒီအေလာင္းနဲ႕ ပတ္သတ္ျပီး ဒုကၡအမ်ားၾကီးခံေနစရာ မလုိဘူး။ ကၽြန္ေတာ္တို႕ထဲက တစ္ေယာက္ေယာက္က အေ၀းသြားျပီးေတာ့ ရွင္းလုိက္လုိ႕ရတယ္ နည္းနည္းေ၀းတဲ့ ေနရာရွာျပီးေတာ့ ျမဳပ္လုိက္မယ္ေလ"
ေနာက္ထပ္ ေရြးခ်ယ္စရာလဲ မရွိမွေတာ့ You XiaoMoက ခ်က္ခ်င္းဆိုလုိက္သည္ "Xiao Hei မင္းသြား"
Xiao Heiက မၾကည္မသာႏွင့္ "ဘာလို႕ကၽြန္ေတာ္လဲ"
You XiaoMoက "မင္းကို ဒီအာဟာရဆိုတဲ့ အရာၾကီးကို ဆာေလာင္ေနတာနဲ႕ ပတ္သတ္ျပီးေတာ့အခြင့္အေရး ေပးေနတာေလ"
Xiao Hei "......."
ဒါက သူ႕ကို ေသခ်ာေပါက္ၾကီး အာဃာတ ထားေနတာပဲကို။
အနည္းအက်ဥ္းနာခံတာကေန ၾကီးၾကီးမားမားအထိ နာခံရတာပင္။ အဆံုးမွေတာ့ Xiao Hei က ေလးေယာက္ တစ္ေယာက္ျဖစ္ကာ မခုခံႏိုင္ေတာ့ပဲ ေရြးစရာမရွိပဲ Kong Wen အေလာင္းကို အိတ္အမည္းထဲ ထည့္ကာ သြားရေတာ့သည္။ သူက Tian Xinဂိုဏ္းကေန ထြက္ခြာရာတြင္ အျမန္ဆံုးအလ်င္သံုးလုိက္ေတာ့သည္။ သူျမန္ျမန္ျပန္လာလွ်င္ေတာ့ တုိက္ပြဲကို ၾကည့္ဖို႕အခိ်န္မီေလာက္ပါသည္ဆိုေသာ ေမွ်ာ္လင့္ခ်က္ေလးနဲ႕ေပ့ါ။
အေပါက္မ်ားႏွင့္ ေသြးမ်ားကို သန္႕ရွင္းေရးလုပ္ျပီးေတာ့ MaoQiu က အဆံုးတြင္ အျပင္မွာ ခ်ထားေသာ အာရံုေခ်ာက္ခ်ားဂါထာကို ဖယ္ရွားလုိက္သည္။ Zhu An သည္သာ ျခံ၀န္းတည္းတြင္ တစ္ေယာက္ထဲ က်န္ခဲ့သည္။ SheQiu က Zhu An ကိုပါသတ္ဖို႕ေျပာေသးသည္ သို႕ေသာ္လည္း You XiaoMoက သူ႕လက္ေတြကို ထပ္ျပီးေတာ့ မစြန္းထင္းခ်င္ေပ။ ျပီးေတာ့ Zhu An က သူ႕ကိုဘာမွမလုပ္ႏိုင္မွေတာ့ ေရွာင္ရွားနိုင္သည္ဆိုမွေတာ့ ေရွာင္ရွားလိုက္ရံုေပါ့။
အဲဒိေနာက္မွာ MaoQiuက သူ႕ရဲ႕ဂါထာေတြထဲက တစ္ခုကို သံုးကာ လူအမ်ားကို MaoQiu ကို Kong Wen အျဖစ္ ျမင္ေစလုိက္ကာ အခန္းထဲတြင္ ေစာင့္ဆိုင္းေနလုိက္သည္။ You XiaoMo ထြက္သြားေတာ့ MaoQiuက Zhu An ကို အထဲေခၚလုိက္ကာ အလီဘိုင္ လုပ္ပလုိက္သည္။ You XiaoMo ထြက္သြားခ်ိန္တြင္ Kong Wen က ေကာင္းမြန္စြာ အသက္ရွင္ေနေသးသည္ေပ့ါ။
အရာအားလံုးက စီစဥ္ထားသလုိျဖစ္သြားခ်ိန္တြင္ ေနာက္ဆံုးေတာ့ သူတို႕ ေတာင္ေျခေရာက္သြားၾကျပီ။
ၾကီးၾကပ္ေနသူမ်ားကို ေရွာင္ရွားရန္အတြက္ You XiaoMo က တမင္ကို သူ႕နယ္ေျမထဲ ၀င္ပုန္းကာ နယ္ေျမကို ေတာင္ေျခဆီကို ေရြ႕ေအာင္ လုပ္လိုက္သည္။ ေနာက္ သီးျခားဆန္ေသာ ေနရာတစ္ခုရွာကာ နယ္ေျမထဲက ထြက္ခဲ့ေတာ့သည္။
You XiaoMoက သူ႕ကိုယ္သူ ရုပ္ဖ်တ္ထားတာေၾကာင့္ လူအမ်ားက သူ႕ကို မွတ္မိမွာမဟုတ္ေပ။ သူက သူ႕နဂို အျပာေရာင္အ၀တ္မ်ားကို အနက္ေရာင္၀တ္ရံုျဖင့္ လဲလွယ္လုိက္သည္။ သူက ဆံျမိတ္ေတာင္ခ်လုိက္ေသးကာ အမ်ားၾကီး ေျပာင္းလဲလုိက္တာမဟုတ္ေပမယ့္ သူ႕အရွိန္အ၀ါကေတာ့ သူရဲေကာင္းဆန္ျပီးေတာ့ ေပါ့ေပါ့ပါးပါးႏွင့္ သာမာန္ဆန္သြားသည္။
PiQiu က ေခါင္းေလးဆန္႕ထြက္လာကာ "သခင္ အရမ္းၾကည့္ေကာင္းတာပဲ"
You XiaoMoက အားရပါးရျပံဳးကာ "တကယ္လား ငါလဲ အဲလိုထင္ေနတာ"
SheQiu ကေတာ့ ပ်င္းရိပ်င္းတြဲႏွင့္ "ဘုန္းၾကီးရူးနဲ႕ ေလွလူး"
MaoQiu လည္း ေခါင္းညိမ့္လုိက္သည္။
You XiaoMo ရင္ျပင္ကို ေရာက္ေတာ့ ကံေကာင္းစြာနဲ႕တုိက္ပြဲက စရံုသာ ရွိေသးသည္။ ရင္ျပင္အစြန္မ်ားမွာ လာၾကည့္ၾကေသာ က်င့္ၾကံသူမ်ားစြာႏွင့္ျပည့္ေနကာ တီးတိုးေျပာဆိုေနသံေတြလည္း လူၾကားထဲကေန ထြက္လာေနသည္။ လူတုိင္း၏ မ်က္လံုးမ်ားက ႏွစ္ဖက္စလံုးက လူမ်ားကို အာရံုစိုက္ေနၾကသည္။
ဘယ္သူက ထင္မွာလဲ Qing Chengဂိုဏ္းႏွင့္ Tian Xin ဂိုဏ္းတို႕က ေတာင္ပုိင္းက တတိယအၾကီးဆံုးအင္အားစု XinLuo ဂိုဏ္းကို ရွင္းထုတ္ရန္ လြန္ခဲ့ေသာ ရက္အနည္းငယ္က ပူးေပါင္းခဲ့သည္ဟု။ သူတို႕က မိစၦာမ်ားးကို အထိနာေအာင္လည္း လုပ္ခဲ့ေသးသည္။ သူတို႕ ပူးေပါင္းမႈက သိပ္မၾကာမွာ မဟုတ္မွန္း လူေတြ ခန္႕မွန္းမိေပမယ့္ ဒီေလာက္ျမန္ျမန္ၾကီးအေရခြံႏႊာလုိက္သလုိ ျမန္လိမ့္မည္ဟု သူတုိ႕ မေမွ်ာ္လင့္ထားေပ။
ဒီေန႕ေတာ့ Luo ChengYuan က TianXinဂိုဏ္းကို ဖ်တ္ဆီးရန္အတြက္သူ႕တပည့္ေတြကို ဘယ္လုိေခၚခဲ့တယ္ဆိုေသာ အေၾကာင္းအရာကေတာ့ ေတာင္ပိုင္းတစ္ခုလံုးနီးပါး၏ အာရံုကို ဖမ္းစားအနိုင္ဆံုး ျဖစ္ေနသည္။
XingLuo ဂိုဏ္းက ဖ်တ္ဆီးခံလုိက္ရေပမယ့္ Xiao Yaoဂိုဏ္းႏွင့္ ေျမာက္ျမားစြာေသာ အျခားအဖြဲ႕ေပါင္းမ်ားစြာ က်န္ေနေသးသည္။ အဆိုပါ အဖြဲ႕မ်ားက အဆင့္ႏွစ္ဂိုဏ္းမ်ားျဖစ္ေသာ္လည္း သူတုိ႕ကို ဒီအထိဆြဲေခၚဖို႕အတြက္က အားထုတ္မႈေပါင္းမ်ားစြာ လုိအပ္သည္။
ထုိ႕ေၾကာင့္ Luo Cheng Yuan က လြန္ခဲ့ေသာ ရက္အနည္းငယ္က ပူးေပါင္းမလား ဆန္႕က်င္မလား ၾကားေနမလားဆိုတာကို ေမးျပီးျဖစ္သည္။ XieSheဂိုဏ္းသာလွ်င္ လက္ခံကာ XiaoYaoဂိုဏ္းႏွင့္ JiLe အဖြဲ႕ကေတာ့ ၾကားေနဆႏၵသာ ေပးခဲ့သည္။
You XiaoMo ကအလယ္အထိ ေလွ်ာက္သြားလုိက္သည္။ ဒီေန႕တုိက္ပြဲအတြက္ စစ္သည္မ်ားၾကားထဲတြင္ မွတ္မိေနေသာ မ်က္ႏွာတစ္ခု ျမင္လုိက္သည္ ဒါေပမယ့္ သူ႕အေပၚမွာေတာ့ သူ႕စိတ္သေဘာထားက အေလးအနက္ေတာ့ မရွိေပ။ ဒီတစ္ေယာက္ကို သူမွတ္မိေနတာက Lin Xiao၏ ညီငယ္တစ္ေယာက္ျဖစ္ေနလုိ႕ပင္ Luoဘာဆိုလားပဲ သူ႕ႏွင့္ Xiao Peng ဆက္ဆံေရးက ေကာင္းသည္လည္းမဟုတ္ ဆိုးသည္လည္းမဟုတ္ေပ။
ဒီLuoအစ္ကိုက လဆင့္ ၾကယ္သံုးပြင့္သာ ရွိေသးကာ သူကခြန္အားက ထူးျခားတာမရွိေပ ဒါေတာင္ သူက ဒီတုိက္ပြဲၾကားထဲ ပါေနသည္။ ဒီေတာ့ ဒီလူက တံုးေနတာပဲ ျဖစ္ႏိုင္သည္။ သိပ္မၾကာခင္ပဲ ဒီဂိုဏ္းတူအစ္ကိုကေတာ့ ျမန္ျမန္ေလး အရိုက္ခံရေတာ့သည္။
သူ႕ဆံုးရံႈးမႈက မေမွ်ာ္မွန္းႏိုင္တာေတာ့မဟုတ္ေပ ျပီးေတာ့သူ႕ရင္ဆုိင္ရသူက လအဆင့္ ၾကယ္ေလးပြင့္ကိုယ္ခံပညာရွင္ျဖစ္သည္။
သို႕ေသာ္လည္း ဒီအဆင့္ႏွစ္ခုလံုးက နည္းနည္း နိမ့္ေနေသးသည္ သူတို႕၏ တုိက္ခုိက္မႈက အာရံုစူးစိုက္မႈ အမ်ားၾကီးမရေပ။
အဖြင့္တုိက္ခုိက္မႈ ျပီးဆံုးျပီေနာက္ ခ်က္ခ်င္းကို လူအမ်ားက အားေပးကာ တကယ့္ ခြန္အားရွိကိုယ္ခံပညာရွင္မ်ားထြက္လာရန္ ေအာ္ဟစ္ေတာ့သည္။
Qing Cheng ဂိုဏ္းကလည္း သူတို႕ကို စိတ္မပ်က္ေစပဲ လူအမ်ားၾကားထဲကေန ခံညားေသာ သူတစ္ေယာက္ကို ထြက္ေပၚလာေစသည္။
Unicode
Chapter 195 - Kong Wen's death
😁😁
အခန်း ၁၉၅ Kong Wen၏ သေခြင်း
Kong Wen၏ စိတ်ရှုပ်မှုက အချိန်ကုန်လာသည်နှင့် ပိုပိုဆိုးလာည်။ သူ့မျက်လုံးထဲက အကြောက်တရားများကလည်း ပိုပိုပြီး ပေါ်လွင်လာသည်။
အဲဒိ မှော်ဝင်သားရဲစုတ်က သူအခုလေးတင်ပြေလိုက်တာလားYou XiaoMo က သူ့အစ်ကိုသုံးယောက်အတွက်တောင် အလုပ်ရှုပ်ခံပြီးတော့ သူတို့အတွက် မတူညီသော အဆင့်မြင့်မှော်ဝင်သားရဲ သုံးမျိုး ပေးခဲ့သေးတာဟုတ်လား။ ဒါက ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ သို့သော်လည်း ချက်ချင်းကို သူတွေးမိသည်က Fang ChenLe အပြင် Fu Zilin နှင့် Zhao DaZhou တို့သည်လည်းပဲ သူနှင့် ရင်းနှီးကြတာပဲ။
Kong Wen၏ စိတ်ကချက်ချင်းကို ဒေါသများဖြင့် ဖုံးလွှမ်းသွားသည်။
သူ့ရဲ့ တပည့်ကောင်းလေး Fu Zilinက သူအဆင့်မြင့်မှော်ဝင်သားရဲတစ်ကောင်နှင့် ဆက်နွယ်ထားတယ်ဆိုတာကိုတောင် သူကို ဖုံးကွယ်ထားရဲတယ်။ ဒီရက်တွေမှာ ဒီဆရာရဲ့ မျက်နှာကို အတိအလင်းကို ဖျတ်ရဲတာ အံသြစရာမရှိပါဘူး။သူက လာဘ်ထိုးထားတာကို ယူထားပြီးသားကိုး။
အရမ်းကောင်းတယ် အရမ်းကောင်းတယ်
ဘယ်လိုတောင် အကျိုးမဲ့လေလိုက်လဲ။ သူက သူတို့ကို ရင်ဘတ်ကြီးတစ်ခုလုံးနှင့် ဆယ်စုနှစ်တစ်ခုလောက် ကျန်ဆုံးအောင် သင်ကြားပေးခဲ့သေးတာကို တောင် သူတို့က ဒီလို ပြန်ပေးလိုက်တယ်ပေါ့။
Kong Wenမျက်လုံးများက အရိုးထိတောင် မုန်းသော အမုန်းတရားများနှင့် ရုတ်တရတ်ပြည့်သွားကာ You XiaoMo ကို သာ အာရုံစိုက်ထားရင်းနှင့် သူကမျက်နှာက တွန့်ခနဲ မဖြစ်ပဲ မနေနိုင်တော့ပေ။ အားလုံးက ဒီလူကြောင့်ပဲ။ သူကကြောင့်သာ မဟုတ်ရင် သူချစ်ရသော တပည့်နှစ်ယောက်က သူ့တို့ဆရာကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပေ။ You XiaoMo ဒီမကောင်းလှသောYou XiaoMo ကိစ္စတွေက ဒီလိုတွေသာ ဖြစ်လာလိမ့်မည်ဟု သူသိလိုက်ပါက ဘာမှ မဖြစ်ခင်ကတည်းက သူ့ကို တစ်ချက်တည်း သတ်လိုက်မိပါသည်။
You XiaoMo က သက်ပြင်းရှည်ကြီး ချလိုက်သည်။ SheQiu ပြောသွားတာက မှန်တယ်ဆိုတာတော့ သူလက်ခံရပါမည်။
Kong Wen က သူ့ကို သတ်ချင်သည်။ ပြီးတော့သူကလည်း ဒီအတိုင်းလေးပဲ ရပ်မနေနိုင်ပေ။ပြီးတော့ Kong Wen က သူ့လျှို့ဝှက်ချက်အချို့ကိုလည်း သိသွားပြီ။ သူ့ကို သာအသက်ရှင်ခွင့်ပေးလိုက်ရင် သူကနှင့် Ling Xiao အတွက် အနာဂတ်မှာ ပြဿနာတွေပဲ ဖြစ်လာလိမ့်မည်။
Kong Wen က အထွတ်အထိပ်အဆင့်ရှစ်မှော်ဆရာ တစ်ယောက်ဖြစ်သည်။ သူသာဆန္ဒရှိမယ်ဆိုလျှင် အကယ်လို့ သူသာ You XiaoMoကို သတ်ပေးလို့ ဆုလာဒ်အနေနဲ့ အဆင့်ရှစ်မှော်ဆေးလုံးတစ်လုံး ပေးချင်ပါက အဲဒါဆေးလုံးအတွက်နှင့် သူတို့အသက်ကို စတေးမည့်သူတွေ အများကြီးပင်။ အကယ်လို့ အဲလိုသာ ဖြစ်ခဲ့သည်ရှိသော် သူတို့နောက်ကို မဆုံးနိုင်အောင် လိုက်လာကြလိမ့်မည်။ု
သူ့အစ်ကိုသုံးယောက်အတွက် သူရှာပေးခဲ့သော အဆင့်မြင့်မှော်ဝင်သားရဲများအတွက်ကတော့ သူက အဲဒိအတွက် ပြန်ပေးဆပ်တာတွေကိုလဲ မလိုချင်ပေ။ သူက ပထမတည်းက သူ့ဘာသာပေးခဲ့တာပင်။
သို့သော်လည်း သူအံ့သြသည်က Kong Wen က ဒီနေ့ကို လှုပ်ရှားရမည့်နေ့ဟု ရည်ရွယ်ချက်ရှိရှိရွေးခဲ့တာပင်။ အဘယ့်ကြောင့်ဆိုသော် Tian Xin ဂိုဏ်း၏ စွမ်းအားမြင့်တိုက်ခိုက်သူများ အားလုံးက ဒီမှာမရှိပဲ အကုန်လုံးက တိုက်ခိုက်ရန် တိုက်ပွဲသို့ ရောက်နေကြသည်။ ဒီတော့ သူ့တပည့်အပေါ်လက်ရောက်သွားလည်း ဘယ်သူမှ သိကြမည်မဟုတ်ပေ။ ဒီအခိုက်အတန့်က လုံးဝကို ကောင်းမွန်လှသော အခွင့်အရေးပေ သို့သော် ဒါက သူ့ရဲ့ ငရဲသွားရာလမ်းဖြစ်နေတာကိုပင်။
Tian Xinဂိုဏ်းနှင့် Qing Cheng ဂိုဏ်းကြားက စစ်ပွဲ ဒီနေ့က Kong Wen ကို အဆုံးသတ်ဖို့ အကောင်းဆုံးနေ့ဖြစ်ရုံတင်မက You XiaoMoအတွက်လည်း ဒီပြစ်မှုကို Qing Chengဂိုဏ်းကို လွှဲချလိုက်ရုံပင်။
သူ Ling Xiao နှင့် အတူတကွနေကတည်းက သူ့နှလုံးသားကလည်း အနက်ရောင်တွေ တဖြည်းဖြည်း ပေစွန်းလာတာကို သတိပြုမိကာ သူကပဲ Ling Xiao၏ မဟာဗျူဟာက လုံးဝအောင်မြင်တယ်ဟု ပြောသင့်သလားမသိပေ။ You XiaoMo သူ့မျက်နှာသူသာ မရိုက်ပဲ မနေနိုင်ဖြစ်သွားသည်။
ဒီအပြုအမူကပဲ သူ့ရင်ထဲက အဖြေကို လူတိုင်းကို သွယ်ဝိုက်ပြီး ပြောလိုက်သလိုဖြစ်ကာ Kong Wen၏ ထိတ်လန့်နေသောမျက်နှာကိုပါ ပေါင်းစပ်လိုက်လျှင် XiaoHei တို့တစ်စုကလည်း စိတ်လှုပ်ရှားသွားသည်။ သူတို့သခင်က အချိန်တန်ပြီဆိုလျှင် ရက်စက်သင့်သည်။ အဆုံးတော့သူတို့က သူတို့သခင်ကို ကူညီချင်သွားပေပြီ။
" You XiaoMo ငါ့အတွက် သွားသေလိုက်" Kong Wenက သူ့ကို သတ်လိမ့်မည်ဆိုတာကို သိသည်။ သူကလည်း စွန့်စားကာ သူကခေါင်းပေါ်မှာ စိတ်စွမ်းအင်အစုအဖွဲ့တစ်ခုကို ထုတ်လိုက်သည်။
သူတို့က You XiaoMo ကို တိုက်ခိုက်လိမ့်မည်ဟု ထင်လိုက်ချိန်မှာ ထိုစိတ်စွမ်းအင်အစုက အရံအတားကာထားသော ခေါင်မိုးဆီကို တန်းသွားကာ အရှေ့ကိုအသံပေးပြီး အနောက်ကို ၀င်တိုက်သလို လုပ်ပလိုက်သည်။ သူလုပ်ဖို့လိုတာက သူကစိတ်စွမ်းအင် ဒီကနေထွက်ကာ အပြင်က လူများသိသွားအောင် လုပ်ဖို့ပင်။
She Qiu က သူ့မျက်လုံးကို Kong Wen ၏ လှုပ်ရှားမှုပေါ်မှာပဲ အာရုံစိုက်ထားတာကြောင့် ထိတ်လန့်မသွားပေ။ သူက သူ့ရဲ့ သဏ္ဍာန်အသေးကနေ ပိုကြီးသော အရွယ်ကို ပြောင်းလိုက်ကာ သူ့အမြီးနှင့် Kong Wen ကို အမြန်ရစ်ပတ်လိုက်သည်။ သူ့အမြီးက သူ့အတွက် အကောင်းဆုံး ဖြစ်ကာ သူ့ကိုယ်ရဲ့ အမာဆုံးအပိုင်းလဲ ဖြစ်သည်။ နောက်ထပ် အဆင့်ကိုးမှော်ဝင်သားရဲနှင့် ရင်ဆိုင်ရလျှင်တောင်မှ သူကအမြီးက သူတို့ကို ရိုက်ခတ်ကာ ပျံထွက်သွားအောင်တောင်လုပ်နိုင်သည်။ အဆင့်ကိုးတောင် မရောက်သေးသော မှော်ဆရာတစ်ယောက်၏ အကာအကွယ်ကတော့ စာပင် မဖွဲ့နိုင်ပေ။
Kong Wen ၏ ၀ိဥာဏ်ဒိုင်းကာက သူ့တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာကို တစ်စစီ ဖြစ်သွားသည်။ ပိချိကနဲ မြည်ကာ အမြီးက Kong Wen၏ ရင်ဘတ်ကို ဖောက်ထွက်သွားကာ သွေးတွေက နေရာအနှံဖြစ်သွားကာ ခေါင်မိုးကို ဦးတည်နေသော စိတ်စွမ်းအင်းသည်လည်း ထိန်းချုပ်မည့်သူမရှိတော့ ချက်ချင်းကို ပျောက်ကွယ်သွားတော့သည်။
Kong Wen က သွေးတစ်ပွက်အန်ကာ နောက်ကို ခြေနှစ်လှမ်းဆုတ်သွားသည်။ သူ့ကိုယ်လုံးက နံရံကို မှီကာ ချောပြီးအောက်ကျသွားကအဖြူရောင် နံရံက သွေးနီရောင်များဖြင့် စွန်းထင်းသွားကာ တစ်ချက်ကြည့်တာနှင့်ပင် ထိတ်လန့်သွားစေနိုင်သည်။ တစ်ခဏအတွင်းကို သူ့ရဲ့ အစိမ်းရောင်ဝတ်ရုံသည်လည်း နီရဲသွားတော့သည်။
သူ့လို အဆင့်ရှစ်အထွတ်အထိပ်အဆင့်မှော်ဆရတစ်ယောက်က အကြံဆိုးများသာ မ၀င်ပါက နောက်ထပ်နှစ်များစွာ အေးဆေးသက်သာစွာ နေနိုင်သေးသည်။ အခုတော့ ဒီလူကျဆုံးသွားကာ လူ့အသက်တစ်ချောင်းဆိုတာ ဘယ်လောက် အဖိုးမတန်သလဲဆိုတာကို ဖော်ပြလိုက်သလိုပင်။
You XiaoMo၏ မျက်နှာက သုံးပြီးသာ စက္ကူလိုပင်တွန့်သွားကာ သက်ပြင်းတစ်ချက်စွန့်ထုတ်လိုက်သည်။ အကယ်လို့ Kong Wen သာ သူ့ရတနာတွေကို တပ်မက်စိတ်မရှိဘူး သူကို မစဘူးဆိုလျှင် You XiaoMo ကသူ့အသက်ကို ယူဖို့ စဉ်းတောင် မစဉ်းစားပေ။
ဘ၀ဆိုတာ မှန်းဆလို့မရ။
Xiao Heiက ရှေ့တက်လာကာ မျက်ခုံးများက သေးသွယ်အောင်ကျုံ့သွားပြီးတော့ "ဘာလဲ စိတ်ပျော့သွားတာလား"
You XiaoMoပါးစပ်ကတွန့်ခနဲ ဖြစ်သွားသည်။ ဘယ်သူက အလောင်းတစ်လာင်းအပေါ် စိတ်ပျော့စရာလိုလို့လဲ။ သူတော်ကောင်းယောင် ဆောင်နေသလိုပဲ ပြီတော့ သူက Ling Xiao လို လူမှ မဟုတ်တာ။ "ငါက စဉ်းစားနေတာပါ အစ်ကိုကြီးသာ ဒါတွေ သိရင် သူအရမ်းဝမ်းနည်းသွားလိမ့်မယ်"
Xiao Hei က ဟွန့်ခနဲ ပြုကာ "ဒီတော့ ဘာဖြစ်လဲ သခင်က ဒီအလောင်းဖျောက်ဖို့ပဲလိုတာ ပြီးတော့ Tian Xin ဂိုဏ်းကလူတွေကို Kong Wen ဒီအတိုင်း ပျောက်သွားတယ်ပဲ လုပ်ရမှာ"
You XiaoMo က နည်းနည်းစဉ်းစားကာ ဒီအကြံကတော့ မဆိုးလှပေ "ကောင်းပြီလေ ဒါပေမယ့် ဒီအလောင်းကို မင်းတို့ ဘယ်လိုလုပ်မယ်လို့ စီစဉ်ထားတာလဲ"
Xiao Hei က "သူ့အလောင်းကို စားပါ့ရစေလား အဆင့်ရှစ်မှော်ဆရာရဲ့အလောင်းက ကျွန်တော့်အတွက်အတွက် အရမ်း အာဟာရရှိတယ် သူ့ကို စားရုံနဲ့ ကြယ်တစ်ပွင့်တောင် တက်လောက်သေးတယ်"
ပြောနေရင်းနှင့်တင် အချိန်မရွေး ၀ါးမြိုဖို့ အသင့်အနေအထား ဖြစ်နေပြီ။
You XiaoMo က သူ့ကို လန့်ကာ အမြန်ကို အနောက်ကို ဆွဲကာ "မလုပ်နဲ့ မလုပ်နဲ့"
Xiao Hei က အလိုမကျပဲ "ဘာလို့လဲ"
You XiaoMo "မလုပ်နဲ့ဆို မလုပ်နဲ့ပေ့ါ ဘာလို့လဲဆိုတာ မရှိဘူး"
သူက သေသွားပြီပဲဟာကို You XiaoMo ကလည်း ဆရာကိုသတ်သူအနေနဲ့ ဖြစ်နေပြီးပြီ။ မှားတဲ့သူက သူ့ဆရာဖြစ်ပေမယ့် အကယ်လို့ သူ့ဆက်နွယ်သားရဲကို သူ့အလောင်းကို စားခွင့်ပေးလိုက်ပါက သားရဲအရိုင်းအဆိုင်းနှင့် ကွာခြားတော့မည် မဟုတ်ပေ။ သူ့တစ်ကိုယ်တည်းအတွက်သာမက သူ့အစ်ကိုများအတွက်ပါ ဖြစ်သည်။ Kong Wen က သူတို့တိုးတက်ဖို့အတွက် နှစ်ပေါင်းများစွာ အားထုတ်ခဲ့မှုများအတွက် အကြွေးတင်နေပေသည်။ သူတို့သာ သူတို့ဆရာ၏ အလောင်းက တစ်ခုတည်းမဟုတ်တာသာ သိလျှင် ညီအစ်ကိုဆက်ဆံရေးက ဘယ်လိုမှ ရှေ့ဆက်ဖို့ စဉ်းစားမှာမဟုတ်ပေ။
ပြောလိုက်သည်နှင့် ပြဿနာက ရှိနေသေးသည်။
ဒီအလောင်းကို သူ့နယ်မြေထဲ ပစ်လိုက်လို့ရသည် သို့သော်လည်း သူ့နယ်မြေထဲကို သွေးမစွန်းထင်းစေချင်ပေ သို့သော်လည်း သူသာ ဒီမှာ မြုပ်ပစ်မည်ဆိုလျှင် အလွယ်လေးရှာတွေ့သွားလိမ့်မည်။
SheQiuက သူ့ပြဿနာကို သိမြင်ပုံနှင့် "သခင် ဒီအလောင်းနဲ့ ပတ်သတ်ပြီး ဒုက္ခအများကြီးခံနေစရာ မလိုဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က အဝေးသွားပြီးတော့ ရှင်းလိုက်လို့ရတယ် နည်းနည်းဝေးတဲ့ နေရာရှာပြီးတော့ မြုပ်လိုက်မယ်လေ"
နောက်ထပ် ရွေးချယ်စရာလဲ မရှိမှတော့ You XiaoMoက ချက်ချင်းဆိုလိုက်သည် "Xiao Hei မင်းသွား"
Xiao Heiက မကြည်မသာနှင့် "ဘာလို့ကျွန်တော်လဲ"
You XiaoMoက "မင်းကို ဒီအာဟာရဆိုတဲ့ အရာကြီးကို ဆာလောင်နေတာနဲ့ ပတ်သတ်ပြီးတော့အခွင့်အရေး ပေးနေတာလေ"
Xiao Hei "......."
ဒါက သူ့ကို သေချာပေါက်ကြီး အာဃာတ ထားနေတာပဲကို။
အနည်းအကျဉ်းနာခံတာကနေ ကြီးကြီးမားမားအထိ နာခံရတာပင်။ အဆုံးမှတော့ Xiao Hei က လေးယောက် တစ်ယောက်ဖြစ်ကာ မခုခံနိုင်တော့ပဲ ရွေးစရာမရှိပဲ Kong Wen အလောင်းကို အိတ်အမည်းထဲ ထည့်ကာ သွားရတော့သည်။ သူက Tian Xinဂိုဏ်းကနေ ထွက်ခွာရာတွင် အမြန်ဆုံးအလျင်သုံးလိုက်တော့သည်။ သူမြန်မြန်ပြန်လာလျှင်တော့ တိုက်ပွဲကို ကြည့်ဖို့အချိန်မီလောက်ပါသည်ဆိုသော မျှော်လင့်ချက်လေးနဲ့ပေ့ါ။
အပေါက်များနှင့် သွေးများကို သန့်ရှင်းရေးလုပ်ပြီးတော့ MaoQiu က အဆုံးတွင် အပြင်မှာ ချထားသော အာရုံချောက်ချားဂါထာကို ဖယ်ရှားလိုက်သည်။ Zhu An သည်သာ ခြံဝန်းတည်းတွင် တစ်ယောက်ထဲ ကျန်ခဲ့သည်။ SheQiu က Zhu An ကိုပါသတ်ဖို့ပြောသေးသည် သို့သော်လည်း You XiaoMoက သူ့လက်တွေကို ထပ်ပြီးတော့ မစွန်းထင်းချင်ပေ။ ပြီးတော့ Zhu An က သူ့ကိုဘာမှမလုပ်နိုင်မှတော့ ရှောင်ရှားနိုင်သည်ဆိုမှတော့ ရှောင်ရှားလိုက်ရုံပေါ့။
အဲဒိနောက်မှာ MaoQiuက သူ့ရဲ့ဂါထာတွေထဲက တစ်ခုကို သုံးကာ လူအများကို MaoQiu ကို Kong Wen အဖြစ် မြင်စေလိုက်ကာ အခန်းထဲတွင် စောင့်ဆိုင်းနေလိုက်သည်။ You XiaoMo ထွက်သွားတော့ MaoQiuက Zhu An ကို အထဲခေါ်လိုက်ကာ အလီဘိုင် လုပ်ပလိုက်သည်။ You XiaoMo ထွက်သွားချိန်တွင် Kong Wen က ကောင်းမွန်စွာ အသက်ရှင်နေသေးသည်ပေ့ါ။
အရာအားလုံးက စီစဉ်ထားသလိုဖြစ်သွားချိန်တွင် နောက်ဆုံးတော့ သူတို့ တောင်ခြေရောက်သွားကြပြီ။
ကြီးကြပ်နေသူများကို ရှောင်ရှားရန်အတွက် You XiaoMo က တမင်ကို သူ့နယ်မြေထဲ ၀င်ပုန်းကာ နယ်မြေကို တောင်ခြေဆီကို ရွေ့အောင် လုပ်လိုက်သည်။ နောက် သီးခြားဆန်သော နေရာတစ်ခုရှာကာ နယ်မြေထဲက ထွက်ခဲ့တော့သည်။
You XiaoMoက သူ့ကိုယ်သူ ရုပ်ဖျတ်ထားတာကြောင့် လူအများက သူ့ကို မှတ်မိမှာမဟုတ်ပေ။ သူက သူ့နဂို အပြာရောင်အ၀တ်များကို အနက်ရောင်ဝတ်ရုံဖြင့် လဲလှယ်လိုက်သည်။ သူက ဆံမြိတ်တောင်ချလိုက်သေးကာ အများကြီး ပြောင်းလဲလိုက်တာမဟုတ်ပေမယ့် သူ့အရှိန်အ၀ါကတော့ သူရဲကောင်းဆန်ပြီးတော့ ပေါ့ပေါ့ပါးပါးနှင့် သာမာန်ဆန်သွားသည်။
PiQiu က ခေါင်းလေးဆန့်ထွက်လာကာ "သခင် အရမ်းကြည့်ကောင်းတာပဲ"
You XiaoMoက အားရပါးရပြုံးကာ "တကယ်လား ငါလဲ အဲလိုထင်နေတာ"
SheQiu ကတော့ ပျင်းရိပျင်းတွဲနှင့် "ဘုန်းကြီးရူးနဲ့ လှေလူး"
MaoQiu လည်း ခေါင်းညိမ့်လိုက်သည်။
You XiaoMo ရင်ပြင်ကို ရောက်တော့ ကံကောင်းစွာနဲ့တိုက်ပွဲက စရုံသာ ရှိသေးသည်။ ရင်ပြင်အစွန်များမှာ လာကြည့်ကြသော ကျင့်ကြံသူများစွာနှင့်ပြည့်နေကာ တီးတိုးပြောဆိုနေသံတွေလည်း လူကြားထဲကနေ ထွက်လာနေသည်။ လူတိုင်း၏ မျက်လုံးများက နှစ်ဖက်စလုံးက လူများကို အာရုံစိုက်နေကြသည်။
ဘယ်သူက ထင်မှာလဲ Qing Chengဂိုဏ်းနှင့် Tian Xin ဂိုဏ်းတို့က တောင်ပိုင်းက တတိယအကြီးဆုံးအင်အားစု XinLuo ဂိုဏ်းကို ရှင်းထုတ်ရန် လွန်ခဲ့သော ရက်အနည်းငယ်က ပူးပေါင်းခဲ့သည်ဟု။ သူတို့က မိစ္ဆာများးကို အထိနာအောင်လည်း လုပ်ခဲ့သေးသည်။ သူတို့ ပူးပေါင်းမှုက သိပ်မကြာမှာ မဟုတ်မှန်း လူတွေ ခန့်မှန်းမိပေမယ့် ဒီလောက်မြန်မြန်ကြီးအရေခွံနွှာလိုက်သလို မြန်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ဒီနေ့တော့ Luo ChengYuan က TianXinဂိုဏ်းကို ဖျတ်ဆီးရန်အတွက်သူ့တပည့်တွေကို ဘယ်လိုခေါ်ခဲ့တယ်ဆိုသော အကြောင်းအရာကတော့ တောင်ပိုင်းတစ်ခုလုံးနီးပါး၏ အာရုံကို ဖမ်းစားအနိုင်ဆုံး ဖြစ်နေသည်။
XingLuo ဂိုဏ်းက ဖျတ်ဆီးခံလိုက်ရပေမယ့် Xiao Yaoဂိုဏ်းနှင့် မြောက်မြားစွာသော အခြားအဖွဲ့ပေါင်းများစွာ ကျန်နေသေးသည်။ အဆိုပါ အဖွဲ့များက အဆင့်နှစ်ဂိုဏ်းများဖြစ်သော်လည်း သူတို့ကို ဒီအထိဆွဲခေါ်ဖို့အတွက်က အားထုတ်မှုပေါင်းများစွာ လိုအပ်သည်။
ထို့ကြောင့် Luo Cheng Yuan က လွန်ခဲ့သော ရက်အနည်းငယ်က ပူးပေါင်းမလား ဆန့်ကျင်မလား ကြားနေမလားဆိုတာကို မေးပြီးဖြစ်သည်။ XieSheဂိုဏ်းသာလျှင် လက်ခံကာ XiaoYaoဂိုဏ်းနှင့် JiLe အဖွဲ့ကတော့ ကြားနေဆန္ဒသာ ပေးခဲ့သည်။
You XiaoMo ကအလယ်အထိ လျှောက်သွားလိုက်သည်။ ဒီနေ့တိုက်ပွဲအတွက် စစ်သည်များကြားထဲတွင် မှတ်မိနေသော မျက်နှာတစ်ခု မြင်လိုက်သည် ဒါပေမယ့် သူ့အပေါ်မှာတော့ သူ့စိတ်သဘောထားက အလေးအနက်တော့ မရှိပေ။ ဒီတစ်ယောက်ကို သူမှတ်မိနေတာက Lin Xiao၏ ညီငယ်တစ်ယောက်ဖြစ်နေလို့ပင် Luoဘာဆိုလားပဲ သူ့နှင့် Xiao Peng ဆက်ဆံရေးက ကောင်းသည်လည်းမဟုတ် ဆိုးသည်လည်းမဟုတ်ပေ။
ဒီLuoအစ်ကိုက လဆင့် ကြယ်သုံးပွင့်သာ ရှိသေးကာ သူကခွန်အားက ထူးခြားတာမရှိပေ ဒါတောင် သူက ဒီတိုက်ပွဲကြားထဲ ပါနေသည်။ ဒီတော့ ဒီလူက တုံးနေတာပဲ ဖြစ်နိုင်သည်။ သိပ်မကြာခင်ပဲ ဒီဂိုဏ်းတူအစ်ကိုကတော့ မြန်မြန်လေး အရိုက်ခံရတော့သည်။
သူ့ဆုံးရှုံးမှုက မမျှော်မှန်းနိုင်တာတော့မဟုတ်ပေ ပြီးတော့သူ့ရင်ဆိုင်ရသူက လအဆင့် ကြယ်လေးပွင့်ကိုယ်ခံပညာရှင်ဖြစ်သည်။
သို့သော်လည်း ဒီအဆင့်နှစ်ခုလုံးက နည်းနည်း နိမ့်နေသေးသည် သူတို့၏ တိုက်ခိုက်မှုက အာရုံစူးစိုက်မှု အများကြီးမရပေ။
အဖွင့်တိုက်ခိုက်မှု ပြီးဆုံးပြီနောက် ချက်ချင်းကို လူအများက အားပေးကာ တကယ့် ခွန်အားရှိကိုယ်ခံပညာရှင်များထွက်လာရန် အော်ဟစ်တော့သည်။
Qing Cheng ဂိုဏ်းကလည်း သူတို့ကို စိတ်မပျက်စေပဲ လူအများကြားထဲကနေ ခံညားသော သူတစ်ယောက်ကို ထွက်ပေါ်လာစေသည်။