Chapter 194 – You XiaoMo’s Soft Spot
အခန္း ၁၉၄ You XiaoMo၏ ေပ်ာ့ကြက္
မေ- -ိုးၾကီး ေနာက္ဆံုးေတာ့ ခင္ဗ်ားၾကီးေျပာျပီေပ့ါ။
Kong Wenမွာ သူ႕ကိုေခၚျခငး္က ေနာက္ထပ္ ရည္ရြယ္ခ်က္ရွိမွန္း You XiaoMo သေဘာေပါက္ျပီးသားပင္ အၾကာၾကီး ေစာင့္ခဲ့ရျပီးေနာက္ ေၾကာင္က အိတ္ထဲက ထြက္လာျပီေပ့ါ။
သို႕ေသာ္လည္း Kong Wen၏ စကားမ်ားက သူပိုင္ဆိုင္ေသာ အရာကို ေတာင္းဆိုေနမွန္း ေျပာခ်င္တာကို သိသြားေတာ့ You XiaoMo အံအားသင့္သြားသည္။ Kong Wen က သူကလွ်ိဳ႕၀ွက္နယ္ေျမအေၾကာင္း သိသြားတာမ်ားလား။
အာ.. မျဖစ္ႏိုင္ဘူး။ သူက အခုခ်ိန္ထိ အထူးဂရုစိုက္ခဲ့သည္ Ling Xiao ကလည္း သူ႕ကို အရင္ကတည္းက သူ႕အခန္းပတ္လည္မွာ အရံအတားတစ္ခု ထားေပးခဲ့ေသးသည္။ Kong Wen ကသာ သူ႕ကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနမယ္ဆိုလွ်င္ Ling Xiao ကသိသြားမွာပင္။
Kong Wen က သူ႕နယ္ေျမကို သိတာလား မသိတာလား ဆိုတာကို You XiaoMo မဆံုးျဖတ္ႏုိင္ဘူးျဖစ္ေနကာ သူ႕မွာ ေရြးခ်ယ္စရာ မရွိေတာ့ပဲ “ဘာကုိ ဆိုလုိတာလဲ”
Kong Wen က သူ႕ကို မ်က္လံုးေစြၾကည့္ကာ “မင္းဟန္ေဆာင္ေနစရာ မလိုဘူး ငါသိျပီးသာား မင္းအရည္အခ်င္းနဲ႕ဆိုရင္ အဲဒိပစၥည္းမရွိပဲနဲ႕ တစ္ႏွစ္ထဲမွာ မင္းအဆင့္သံုးခု တက္သြားစရာ အေၾကာင္းကို မရွိဘူး။ ငါ မင္းကို အခုေရြးခ်ယ္စရာေပးထားတယ္ေနာ္ မင္းဘာသာမင္းပဲ ထုတ္မလား ဒါမွမဟုတ္ ငါက မင္းအစားထုတ္ေပးရမလား”
You XiaoMoရင္ေတြ ရုတ္တရတ္ အရမ္းျမန္လာသည္။ Kong Wen တကယ့္ကို ေကာက္က်စ္တဲ့ ေျမေခြးတစ္ေကာင္ပဲ။ သူက သူ႕ကို သံသယျဖစ္ေနတာၾကာျပီ ဒါေတာင္ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနေသးတယ္။ ၾကည့္ရတာ သူက တကယ္ပဲ နယ္ေျမရဲ႕ တည္ရွိမႈကို သိသြားကာ သူ႕ဘာသာသူပဲ ေဖာ္ထုတ္တာကို လုိခ်င္ေနပံုရတယ္။ ဒါေၾကာင့္မို႕လုိ႕ သူရွာေဖြသိရွိသြားတာကို အခုခ်ိန္ထိ တိတ္တဆိတ္ေနေနတာပဲ။
SheQiuက “သခင္ သူ႕ကို မယံုနဲ႕ေနာ္။ သူက သခင့္ကို လွည့္စားေနတယ္ သူက နယ္ေျမတည္ရွိမႈကို မသိေသးဘူး သူက စကားနဲ႕ပဲ ေခ်ာင္ပိတ္ဖမ္းခ်င္ေနတာ သူ႕ေထာင္ေခ်ာက္ထဲ က်သြားလုိ႕ မရဘူး”
အဲဒိအခ်ိန္မွာပဲ SheQiu၏ အေလာတၾကီးအသံက သူ႕အေတြးေတြကို အေႏွာင့္အယွက္ေပးလိုက္သည္။
You XiaoMo ကအခ်ိန္မီ တုန္႕ျပန္ႏုိင္သြားကာ ေခါင္းကို ေမာ့လုိက္ေတာ့ သူ႕အမူအယာကေန သဲလြန္စအခ်ိဳ႕ကို ၾကိဳးစားရွာေဖြေနေသာ Kong Wen ရဲ႕ ထက္ျမက္ေသာ မ်က္လံုးမ်ားက သူ႕ကို စိုက္ၾကည့္ေနတာကို ျမင္လုိက္သည္။ You XiaoMo က နည္းနည္းေတာ့ အံအားသင့္သြားေပမယ့္ ျမန္ျမန္ဆန္ဆန္ပဲ တည္ျငိမ္ေအာင္ ျပန္လုပ္လုိက္ႏိုင္သည္။
You XiaoMo က “ခင္ဗ်ား ဘာေျပာခ်င္ေနတာလဲဆိုတာ ကၽြန္ေတာ္လည္း မသိဘူး”
Kong Wen က ရယ္ကာ သူ႕အျပံဳးထဲတြင္ ၾကက္သီးထစရာၾကီးတစ္ခုကို ဖံုးကြယ္ထားသလုိႏွင့္ မမွိတ္မသုန္ဆိုသည္ “ငါက မင္းကို အခြင့္အေရးေပးတယ္ မင္းက ျငင္းထုတ္မွေတာ့ ငါက မစာနာတတ္ဘူးလို႕ အျပစ္မတင္နဲ႕။ မင္းက ဘယ္လုိပဲျဖစ္ျဖစ္ ေသမွာပဲေလ မင္းေပ်ာက္ကြယ္သြားရင္ေတာင္ ဘယ္သူကမွ စံုစမ္းေနမွာမဟုတ္ဘူး Tang Fanကေတာင္ ငါ သူ႕ကို ကူရွင္းေပးလုိက္လို႕ ေက်းဇူးေတာင္ တင္ေနဦးမယ္”
You XiaoMo က ျငင္းေနေပမယ့္ သူ႕တုန္႕ျပန္မႈေတြကေန Kong Wen က သူလုိခ်င္ေနေသာ အေျဖကို ရသြားသည္။
ဒီ You XiaoMo ကေတာ့ သူ႕ထင္ထားသလုိပဲ အဆင့္တက္တာ ျမန္မယ့္ လွ်ိဳ႕၀ွက္ခ်က္တစ္ခုကို ဖံုးကြယ္ထားတာပဲ ။ အကယ္လို႕သာ သူသာရသြားမယ္ဆိုရင္ ေကာင္းကင္ေတာင္ထြတ္က ဟိုလူေတြ သူ႕ေရွ႕မွာ ႏွိမ့္ခ်ေနေပရလိမ့္မည္။
အဲဒါကို ေတြးလုိက္သည္ႏွင့္ Kong Wen က You XiaoMo ကို ဒီကိစၥကေန လြတ္ေျမာက္ဖုိ႕မေပးႏိုင္ေတာ့ သူကလည္း You XiaoMo အထြတ္အျမတ္ရတနာတစ္ခု ကိုင္ထားသည္ဟု ဆံုးျဖတ္လုိက္ျပီးမွေတာ့ အဲဒါက လံုေလာက္ေနသည္။ အဲဒိေနာက္ သူ႕လက္ကို You XiaoMo ဆီကို ေျမွာက္ျပကာ ပီတိျပံဳးၾကီးႏွင့္ “လိမၼာစမ္းပါ အဲဒိအရာကို ထုတ္လိုက္ ဒါဆို ငါလည္း မင္းကို ငါ့တပည့္ျဖစ္ခဲ့တာကို ၾကည့္ျပီးေတာ့ မင္းနာနာက်င္က်င္ေသရတာကေန လြတ္ေျမာက္ခြင့္ေပးမယ္”
You XiaoMo က ေျခတစ္လွမ္း ဆုတ္ခ်င္သည္ သို႕ေသာ္လည္း သူ႕ကိုယ္က လႈပ္လုိ႕မရေတာ့တာကို သိသြားေတာ့ မထိတ္လန္႕ပဲ မေနေတာ့ေပ။ Kong Wenမွာ တကယ္ၾကီး လွည့္ကြက္ေတြ ရွိေနတာပဲ ဒီေန႕သူ႕ကို အဆံုးသတ္လုိက္ဖို႕ ဆံုးျဖတ္ထားတာကို မအံၾသေတာ့ေပ။
Kong Wen က သူ႕ကို ထိေတာ့မည့္ အခ်ိန္ေလးတြင္မွာပင္ You XiaoMo အ၀တ္မ်ားထဲကေန အစိမ္းေရာင္ အရိပ္တစ္ခုထြက္ေပၚလာသည္။ အဲဒါက Kong Wen ကို ထိတ္လန္႕သြားေစကာ သူ႕လက္သူ ျပန္ေနာက္ဆုတ္လုိက္ခ်င္ေပမယ့္ အရမ္းေနာက္က်သြားေလျပီ။ သူ႕လက္ခံုက အခုေတာ့ ေသးငယ္ေသာ ေသြးစို႕ေနသော အေပါက္ေလးႏွစ္ခု ေပၚေနကာ အဲဒိကေန သူ႕ရဲ႕အနီေရာင္ေသြးမ်ား စီးက်လာကာ တျဖည္းျဖည္းႏွင့္ အစိမ္းေရာင္ေတာင္ ေျပာင္းလာသည္။
Kong Wen က ေအာ္ထည့္လုိက္ကာ ေနာက္ကို ေျခတစ္လွမ္းဆုတ္ကာသူ႕ေဘးက စားပြဲခံုကို ထုလုိက္ကာေၾကာင့္ စားပြဲေပးက စုတ္တံမ်ားအားလံုး ေအာက္ကိုျပဳတ္က်ကာ ၾကမ္းျပင္ေပၚ ၾကဲပ်ံ႕သြားသည္။ သူ႕ရဲ႕ ထိတ္လန္႕ကာ You XiaoMo ပခံုးေပၚက အစိမ္းေရာင္ အရိပ္ေလးကို ၾကည့္လုိက္သည္။ အစိမ္းေရာင္းအရိပ္ေလးက အစိမ္းေရာင္ ေျမြတစ္ေကာင္၏ အေသးစားပံုစံေလးျဖစ္ကာ You XiaoMo ေပၚတြင္ရစ္ေခြေနျပီး သူ႕ကို နီရဲေတာက္ေနေသာ လွ်ာေလး တစ္လစ္ထုတ္ျပေနတာကို ျမင္လုိက္ရေတာ့သည္။
Kong Wen သူ႕လက္ကို တစ္ခ်က္ေျမွာက္ၾကည့္လုိက္သည္။ ေျမြဆိပ္က သူကလက္ေမာင္းတစ္ခုလံုးကိုေတာင္ ပ်ံ႕ႏွံေနတာကို ထိတ္လန္႕စြာ သိရွိသြားရေတာ့သည္။ သူ႕အတြင္းပို္င္း ေသြးလည္ပတ္မႈစနစ္ကိုသာ လ်င္လ်င္ျမန္ျမန္ မတားလိုက္ႏိုင္ဘူးဆိုလွ်င္ ဒီေျမႊဆိပ္က ဒီထပ္ျမန္ျမန္ေတာင္ ပ်ံ႕ႏွံသြားေလာက္သည္။
“အဲဒါ ဘာေျမြအမ်ိဳးအစားလဲ” Kong Wen၏ သူငယ္အိမ္မ်ား က်ံဳ႕ကာ You XiaoMo ကိုယ္ေပၚကိုသာ ေငးစိုက္ၾကည့္ေနကာ “မင္း ေမွာ္၀င္သားရဲတစ္ေကာင္တည္းနဲ႕ေတာ့ ဆက္ႏြယ္ထားတာ မဟုတ္ဘူးမလား။ ဒါလဲ မင္းရဲ႕ ဆက္ႏြယ္သားရဲပဲ မလား”
အဆင့္ေျခာက္ေသြးျပာ၀ံပုေလြသာ ဆိုလွ်င္ Kong Wen သူ႕ဘာသာသူ ကိုင္တြယ္ႏိုင္သည္။ သူကအဆင့္က အဆင့္ရွစ္ေမွာ္ဆရာဆိုေတာ့ သူ႕စိတ္၀ိဥာဏ္က တိုက္ခုိက္ႏိုင္သလို ကာကြယ္မႈလည္း လုပ္ႏိုင္သည္။ ဒါ့ေၾကာင့္ You XiaoMo ကို ကုိင္တြယ္ရန္ သူ႕မွာ ယံုၾကည္မႈ ရွိေနတာ ျဖစ္သည္။ မေမွ်ာ္လင့္စြာႏွင့္ You XiaoMo က ေမွာ္၀င္သားရဲတစ္ေကာင္တည္းႏွင့္ ဆက္ႏြယ္ထားတာ မဟုတ္ေပ။ ဒီေျမြက သူ႕အတားအဆီးကို လြယ္လြယ္ေလး ခ်ိဳးဖ်တ္ႏိုင္မွေတာ့ ဒါက အဆင့္ရွစ္အထက္ပဲ ေသခ်ာေပါက္ ျဖစ္ရမည္။
အဲဒါကို ေတြးမိေတာ့ Kong Wen က သူ႕ထိန္းခ်ဳပ္မႈေအာက္မွာ မရွိေတာ့မွန္းသိလုိက္ကာ အဲဒိစကား ေတြ ေအာ္ေျပာလုိက္ျပီးသည္ႏွင့္ သူကခ်က္ခ်င္းကို ျပတင္းေပါက္ဆီကို အျမန္ေျပးသြားေတာ့သည္။ သူတို႕ တုန္႕ျပန္မႈေတြ မလုပ္ႏိုင္ခင္မွာပဲ လူအမ်ားအျပားရွိေနသည့္ ေနရာကို သူေျပးမွ ျဖစ္လိမ့္မည္။
သို႕ေသာ္လည္း သူ႕ရည္ရြယ္ခ်က္ေတြက ခ်က္ခ်င္းကို က်ဆံုးသြားကာ အေစာက ဖြင့္ေနေသာ ျပတင္းေပါက္က ရုတ္တရတ္ ၀ုန္းခနဲ ပိတ္သြားကာ အဲဒိအေရွ႕မွာ အနက္ေရာင္ အရိပ္တစ္ခုေပၚလာကာ သူ႕ေျပးေပါက္ကို ပိတ္ဆို႕လုိက္သည္။
Kong Wen တုန္႕ခနဲ ျဖစ္သြားသည္။ သူကအျမန္ သူကေျခလွမ္းေတြကို လွည့္ကာ ထြက္ေျပးဖို႕ ေနာက္ထပ္တစ္ဖက္ကို လွည့္လုိက္သည္။ သို႕ေသာ္လည္း သူလွည့္လုိက္သည္ႏွင့္ အဲဒိဘက္ကလည္း ေနာက္ထပ္တစ္ၾကိမ္ ညွိဳ႕ဓါတ္ရွိေသာ မ်က္ႏွာပိုင္ရွင္ MaoQiu၏ ပိတ္ဆို႕ျခင္း ခံလုိက္ရျပန္သည္။
Kong Wen က ႏွလံုးသားေလးက နစ္ျမဳပ္သြားကာ သူ႕မ်က္ႏွာအမူအယာမွာလည္း သူ႕ရဲ႕ တုန္လႈပ္ထိတ္လန္႕ေနတာကိုေတာင္ မဖံုးကြယ္ထားႏိုင္ေတာ့ေပ။
လႊတ္ေျမာက္လမ္းေတြအကုန္လံုး ျဖတ္ေတာက္ခံလိုက္ရျပီ။
အဆင့္ရွစ္ေမွာ္ဆရာတစ္ေယာက္အေနႏွင့္ သူက ဒီအတိုင္းေလးကို ေမွာ္၀င္သားရဲမ်ား၏ အစစ္အမွန္ကို သိရွိႏုိင္သည္။ သို႕ေသာ္လည္း သူ႕ကို ထိတ္လန္႕ေစဆံုးအရာကေတာ့ ဒီသားရဲေတြအမ်ားစုက အဆင့္ကိုး မေရာက္ေသးေပ။ ဒါေတာင္ သူတို႕အကုန္လံုးက လူသားအသြင္ရွိေနတာမို႕ အဲဒါက အေၾကာင္းအရာတစ္ခုကို ညႊန္ျပေနသည္။ You XiaoMo မွာ သ႑ာန္ေျပာင္းေဆးပင္ ရွိရမည္။ ေဆးပင္မဟုတ္ပဲ ေဆးပင္မ်ား ျဖစ္သည္။
Kong Wen သူ႕ရည္ရြယ္ခ်က္ကို အျမန္ေျပာင္းလုိက္သည္။ ဒီအခ်ိန္က ရတနာကို မက္ေနရမယ့္ အခ်ိန္မဟုတ္ေတာ့ သူ႕ကိုယ္သူ ကာကြယ္ဖို႕က ပထမဦးစားေပးပင္။
ဒီကိစၥတစ္ခုလံုးက တိုေတာင္းလွေသာ အခ်ိန္အတြင္းမွာ ျဖစ္သြားတာပ္င Kong Wen က သူ႕လြတ္လမ္းေတြ အကုန္ ပိတ္ဆို႕ခံလုိက္ရေတာ့ ေဟာင္ဖြာေဟာင္ဖြာ ေအာ္ေတာ့သည္ “You XiaoMo မင္းဘာလုပ္ခ်င္တာလဲ မင္းက ဆရာကို အာျပန္ခံခ်င္တာလား”
Kong Wen က မရည္ရြယ္သလုိလိုႏွင့္ တမင္သက္သက္ က်ယ္ေလာင္စြာ ေအာ္ဟစ္လုိက္သည္။ အျပင္မွာ ေစာင့္ေနေသာ Zhu Ah ေတာင္ ၾကားႏုိင္ကာ အနီးအနားက လူေတြဆိုလွ်င္ ပိုဆိုးလိမ့္မည္။ ေမွာ္၀င္သားရဲမ်ား ေရာက္ေနမႈကို သူေမွ်ာ္လင့္ထားခဲ့တယ္ဆိုလွ်င္ သူျပင္ဆင္မႈ မလုပ္ပဲ ဘယ္ေနပ့ါမလဲ။ ဒါေၾကာင့္ပဲ You XiaoMo ျခံ၀န္းထဲ ၀င္လာတာႏွင့္ သူတို႕က ပူးေပါင္းျပီးသား ျဖစ္သည္။
MaoQiuက ညွိဳ႕ယူေနေသာ မ်က္ႏွာေလးႏွင့္ ေက်ာခ်မ္းစရာ အျပံဳးတစ္ခုေပးကာ “ခင္ဗ်ား ေအာ္စရာ မလုိဘူး ဒီအခန္းက က်ဳပ္ရဲ႕ အာရံုေျခာက္ျခားဂါထာနဲ႕ ဖံုးထားျပီးသား အျပင္သူေတြ ဘာမွ မၾကားႏိုင္ဘူး”
မိစၦာေျမေခြးက လွည့္စားမႈေတြႏွင့္ လူသိအမ်ားဆံုးျဖစ္ကာ အာရံုေျခာက္ျခားဂါထာက သူတုိ႕၏အထူးျပဳမ်ားထဲမွ တစ္ခုပင္ျဖစ္သည္။
ဒီရလာဒ္ကို ေမွ်ာ္လင့္ထားျပီးသားေပမယ့္ ဒီအေျဖကို ၾကားလုိက္ရသည့္အခါ Kong Wen က စိတ္ဓါတ္မက်ပဲ မေနေပ။ မုဆိုးက အခုေတာ့ အမဲလုိက္ခံရေတာ့မည္။
ဒီလို ေပ်ာ့ညံ့ေသာ ေမွာ္ဆရာေလးတစ္ေယာက္က အရမ္းအစြမ္းထက္လာလိမ့္မယ္လုိ႕ ဘယ္သူက ထင္မွာလဲ။ တစ္ႏွစ္ဆိုေသာ အခ်ိန္တိုေလးအတြင္းမွာကို အဆင့္သံုးေမွာ္ဆရာတစ္ေယာက္ ျဖစ္ရံုမွ်မက အစြမ္းထက္ေသာ ေမွာ္၀င္သားရဲေလးေကာင္ႏွင့္ပါ ဆက္ႏြယ္ထားသည္။ တကယ္ပဲ အခ်ိန္တိုေလး မေတြ႕လုိက္တာႏွင့္ လံုး၀ေျပာင္းလဲသြားသည္။ ဒီလို တုိက္ခိုက္စြမ္းရည္ေတြႏွင့္ ဆိုလွ်င္ သူက ေတာင္ပို္င္းကို အသာေလး ယူသြားႏိုင္သည္။
Kong Wen အဲဒါကို ေနာင္တရသည္ သို႕ေသာ္လည္း အဆင့္ရွစ္ေမွာ္ဆရာတစ္ေယာက္၏ ဂုဏ္သိကၡာက သူ႕တပည့္ကို ဦးမညြတ္ခ်င္ေပ။ သူ႕ရဲ႕ အႏွစ္သက္ဆံုး တပည့္ႏွစ္ေယာကို ျပန္စဥ္းစားမိခ်ိန္တြင္ သူကအေၾကာက္တရားမ်ားက ရုတ္တရတ္ ျဖည္းျဖည္းခ်င္း ေလ်ာ့ပါးလာသည္။
“You XiaoMo ငါ့ကို ဒီေန႕ အလြတ္ေပးမယ္ဆိုရင္ ဘာမွ မျဖစ္ခဲ့သလို ဟန္ေဆာင္ေပးမယ္။ ဒါေပ့ါ မင္းငါ့ကို သတ္ဖို႕လဲ ေရြးခ်ယ္ႏိုင္တယ္။ ဒါေပမယ့္ အနာဂတ္မွာ မင့္အစ္ကိုၾကီးႏွစ္ေယာက္က ဒီကိစၥကို သိသြားရင္ မင္းနဲ႕ သူတုိ႕ရဲ႕ ဆက္ဆံေရးက ဒီအတုိင္းပဲ ရွိေနလိမ့္မယ္လုိ႕ ထင္လား။ မင္းတုိ႕ရဲ႕ ညီအစ္ကုိဆက္ဆံေရးက ဘယ္ေတာ့မွ ျပန္မရေတာ့ဘူး” Kong Wen က ေအးစက္စက္ႏွင့္ ဟြန္႕ခနဲ လုပ္လုိက္ေသးသည္။
သူ႕စကားဆံုးသည္ႏွင့္ Kong Wen ၏ မ်က္ႏွာက ေတာ္ေတာ္ေလး တည္ျငိမ္သြားျပီးျဖစ္သည္။ သူက You XiaoMo ႏွင့္ သူ႕တပည့္ႏွစ္ဦးတို႕၏ ဆက္ဆံေရးက အသတ္ခံရမႈအတြက္ေတာ့ ေနာက္ဆံုးကတ္ပင္။
သူက ၀န္မခံခ်င္ေပမယ့္ လက္ခံရလိမ့္မည္ Kong Wen၏ စကားမ်ားက You XiaoMo၏ ေပ်ာ့ကြက္ကို တန္းထိသြားသည္။
အခုခ်ိန္အထိ You XiaoMo စကားတစ္ခြန္းမွ မေျပာတာကလည္း အဲဒိအေတြးေၾကာင့္ပင္။ Kong Wen က သူ႕ကို တုန္႕ဆိုင္းမႈမရွိပဲ သတ္ႏိုင္ေပမယ့္ သူကေတာ့ မသတ္ႏိုင္ေပ။
ဒါကလည္း ဆရာကို ျပန္သတ္သူဆိုေတာ့ မေကာင္းမႈကို ေၾကာက္လန္႕လုိ႕ မဟုတ္ပဲ သူ႕ကို ေကာင္းထားေသာ သူမ်ားကို မထိခိုက္ေစခ်င္ေသာေၾကာင့္ပင္။ ဒီဘ၀မွာ သူ႕မွာ သူငယ္ခ်ငး္အမ်ားၾကီး မရွိေသးေပ သို႕ေသာ္လည္း သူ႕ဆရာတူအစ္ကိုၾကီး ဒုတိယႏွင့္ ပဥၥမအစ္ကို တုိ႕ကေတာ့ သူကအေပၚအျမဲ ေကာင္းလွသည္။
သူ႕ဆီက စကားတစ္ခြန္းမွ မထြက္လာေတာ့ Kong Wen က သူခ်က္ေကာင္းထိမိသြားမွန္း သိသည္။
You XiaoMo က သူ႕အစ္ကိုမ်ားကုိ တကယ္ဂရုစိုက္သည္။ Kong Wen က အေရးနိမ့္ေနေပမယ့္ စိတ္ခံစားမႈပိုင္းဆိုင္ရာ အေလးထားမႈအေနနဲ႕က သူက အေလးသာေနေသးသည္။
Kong Wen တစ္ေယာက္ အျပံဳးတစ္ခု မျပံဳးပဲ မေနႏိုင္ေတာ့ပဲႏွင့္ “ You XiaoMo မင့္ေမွာ္၀င္သားရဲေတြကို ဖယ္လုိက္စမ္းပါ။ ငါ ဒီေန႕ ျဖစ္ပ်က္သမွ်ကို လ်စ္လ်ဴရႈေပးမယ္ ျပီးေတာ့ မင္းက ငါရဲ႕ တပည့္ေကာင္းေလး ျပန္ျဖစ္သြားမယ္ေလ”
Xiao Hei ၊MaoQiu ႏွင့္ PiQiu တုိကက သူ႕ဆီကို ခ်က္ခ်င္းအၾကည့္မ်ားေရာက္လာကာ ဒီအဖိုးၾကီးက တစ္လက္မေပးတာကို တစ္ကိုက္လာယူေနတယ္လို႕ေျပာခ်င္ေနၾကသည္။ ဒီ အတၱၾကီးတဲ့သူၾကီးကေတာ့ သူတို႕သခင္က သူ႕စကားေတြ ယံုေလာက္ေအာင္ တံုးလိမ့္မယ္ဟု ထင္ေနတာလား။
Kong Wen ကေတာ့ ကံဆိုးလွသည္ You XiaoMoက ေတာ့ မတံုးလွေပ။ သို႕ေသာ္လည္းပဲ သူ႕မွာ အခက္ၾကံဳေနတုန္းပင္ သူ ဒီကမၻာကို ေရာက္လာကတည္းက သတ္ မသတ္ဆိုတာက အခက္ခဲဆံုးေရြးခ်ယ္မႈ ျဖစ္သည္။
ဒီအေျခအေနၾကီးက တစ္ခဏေတာ့ တိတ္ဆိတ္သြားကာ သူ႕ပခံုးေပၚက SheQiuက အခုေတာ့ ရုတ္တရတ္ ေျပာဆိုလာသည္ “သခင္ ကၽြန္ေတာ့္ကို စကားတစ္ခြန္းေလာက္ ေျပာခြင့္ေပးပါ။ သခင္က သခင့္အစ္ကိုသံုးေယာက္ကို ေကာင္းေကာင္းမြန္မြန္က ကၽြန္ေတာ္သိတယ္။ သူတို႕က သခင့္ကို ဂရုစိုက္တာ မွန္ေပမယ့္ ႏႈိင္းယွဥ္ၾကည့္ရင္ သူတုိ႕က အေကာင္းဆံုး ဂရုစိုက္မႈေပးဖို႕အခြင့္အေရး မရေသးတာေတာင္မွ သခင္က သူတုိ႕ကို အေကာင္းဆံုးဆိုတာ ေပးျပီးသြားျပီ။ စဥ္းစားၾကည့္ပါ။ ဒီလုိေကာင္းတဲ့ ဆရာတူညီေလးရွိလားလုိ႕ေလ။ သူတုိ႕ လံုျခံဳေရးကို စိတ္ပူျပီးေတာ့ေတာင္ အဆင့္ျမင့္ ေမွာ္၀င္သားရဲသံုးေကာင္ သူတုိ႕တစ္ေယာက္စီအတြက္ ရွာေပးထားတယ္။ ကၽြန္ေတာ္က လူေတြ အမ်ားၾကီးေတာ့ မျမင္ဘူးေပမယ့္ ကၽြန္ေတာ္္ေျပာႏိုင္တယ္ သခင္ကေတာ့ ေသခ်ာေပါက္ကို အရူးဆံုးပဲ”
“သူတို႕ကို ခ်ီးေျမွာက္မႈေတြ အမ်ားၾကီးေပးထားတာေတာင္မွ ဒီညီအစ္ကိုဆိုတဲ့ စည္းကေနေက်ာ္သြားၾကမယ္ဆိုရင္။ ေနာက္ပိုင္းကလို႕ သူတို႕ဆရာကို သတ္လုိက္လို႕ သခင့္ကို အျပစ္တင္မယ္ဆိုရင္ ကၽြန္ေတာ္ကေတာ့ သခင္ သူတို႕အေပၚေကာင္းခဲ့တာနဲက မတန္ဘူးလုိ႕ ထင္တယ္။ ဆရာက ဆရာတပည့္ဆက္ဆံေရးကို စြန္႕လႊတ္ျပီးေတာ့ သတ္ျပီး ခိုးခ်င္တာေလ ျပီးေတာ့ သခင္က သူကတပည့္အေနနဲ႕ ဒီအတုိင္္းေလး မတ္တပ္ရပ္ျပီး ဆရာသတ္တာ ခံမလုိ႕လား။ ျပီးေတာ့ ဒီဆရာက သခင့္ကို ခ်စ္ခင္မႈ ဘယ္တုန္းကမွ မေပးဖူးဘူး။ က သူ သခင့္ကုိ တပည့္အျဖစ္ လက္ခံထားတာကလည္း ကိုယ္ေရးကိုယ္တာအေၾကာင္းတစ္ခု ေၾကာင့္လက္ခံထားတာ။ ဒါ့ေၾကာင့္ သခင့္အေျခအေနကို သူတုိ႕ လက္မခံႏိုင္ရင္လည္း သူတုိ႕နဲ႕ ဆက္ဆံေရးကိုအဆံုးသတ္ခံလုိက္ပါ။ ေနာင္တမရနဲ႕ ျပီးေတာ့ ကၽြန္ေတာ့္ကို ယံုပါ။ အၾကီးအကဲ Ling Xiao ဒီမွာ ရွိရင္လဲ သူလဲ ဒီလုိပဲ ေျပာမွာပဲ”
SheQiuက ဆန္းစစ္မႈကို နားေထာင္အျပီးမွာ You XiaoMo ၏တုန္႕ဆုိင္းမႈက ေပ်ာက္ကြယ္သြားကာ တစ္ခုခုကို အာရံု၀င္စားသြားသလိုပင္။ သူက Kong Wen ကို အေတြးေတြႏွင့္ ျပည့္ႏွက္ေနေသာ မ်က္လံုးမ်ားႏွင့္ ၾကည့္ကာ SheQiu Kong Wen ႏွင့္ ပတ္သတ္ျပီး ေျပာလိုက္တာကို မွားလား မွန္လားဆိုတာ ဆံုးျဖတ္ေနသည္။
Kong Wen က ဆန္႕က်င္ဘက္ တစ္ဖက္ျခမ္းမွာ မတ္တပ္ရပ္ေနတာက သူ႕မ်က္ႏွာကို ျမင္လိုက္သည္။ သူ႕ႏွလံုးသားက ရုတ္တရတ္ျပန္နစ္က်သြားကာ သူ႕မ်က္ႏွာ အမူအယာက္လည္း အလြန္အမင္းကို ပ်က္ယြင္းလာသည္။ စကားအနည္းအက်ဥ္းေလာက္နဲ႕ You XiaoMoကေျဖရွင္းႏိုင္တာလား။
အကယ္လုိ႕သာ You XiaoMoက သူ႕ပခံုးေပၚက ေျမႊရဲ႕စကားကို တကယ္နားေထာင္မယ္ဆိုလွ်င္ Kong Wen ကေတာ့ အလြန္အႏၱရာယ္မ်ားေသာ အေျခအေနကို ေရာက္ေနျပီ ျဖစ္သည္။
Unicode
Chapter 194 – You XiaoMo’s Soft Spot
အခန်း ၁၉၄ You XiaoMo၏ ပျော့ကွက်
မေ- -ိုးကြီး နောက်ဆုံးတော့ ခင်ဗျားကြီးပြောပြီပေ့ါ။
Kong Wenမှာ သူ့ကိုခေါ်ခြင်းက နောက်ထပ် ရည်ရွယ်ချက်ရှိမှန်း You XiaoMo သဘောပေါက်ပြီးသားပင် အကြာကြီး စောင့်ခဲ့ရပြီးနောက် ကြောင်က အိတ်ထဲက ထွက်လာပြီပေ့ါ။
သို့သော်လည်း Kong Wen၏ စကားများက သူပိုင်ဆိုင်သော အရာကို တောင်းဆိုနေမှန်း ပြောချင်တာကို သိသွားတော့ You XiaoMo အံအားသင့်သွားသည်။ Kong Wen က သူကလျှို့ဝှက်နယ်မြေအကြောင်း သိသွားတာများလား။
အာ.. မဖြစ်နိုင်ဘူး။ သူက အခုချိန်ထိ အထူးဂရုစိုက်ခဲ့သည် Ling Xiao ကလည်း သူ့ကို အရင်ကတည်းက သူ့အခန်းပတ်လည်မှာ အရံအတားတစ်ခု ထားပေးခဲ့သေးသည်။ Kong Wen ကသာ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေမယ်ဆိုလျှင် Ling Xiao ကသိသွားမှာပင်။
Kong Wen က သူ့နယ်မြေကို သိတာလား မသိတာလား ဆိုတာကို You XiaoMo မဆုံးဖြတ်နိုင်ဘူးဖြစ်နေကာ သူ့မှာ ရွေးချယ်စရာ မရှိတော့ပဲ “ဘာကို ဆိုလိုတာလဲ”
Kong Wen က သူ့ကို မျက်လုံးစွေကြည့်ကာ “မင်းဟန်ဆောင်နေစရာ မလိုဘူး ငါသိပြီးသာား မင်းအရည်အချင်းနဲ့ဆိုရင် အဲဒိပစ္စည်းမရှိပဲနဲ့ တစ်နှစ်ထဲမှာ မင်းအဆင့်သုံးခု တက်သွားစရာ အကြောင်းကို မရှိဘူး။ ငါ မင်းကို အခုရွေးချယ်စရာပေးထားတယ်နော် မင်းဘာသာမင်းပဲ ထုတ်မလား ဒါမှမဟုတ် ငါက မင်းအစားထုတ်ပေးရမလား”
You XiaoMoရင်တွေ ရုတ်တရတ် အရမ်းမြန်လာသည်။ Kong Wen တကယ့်ကို ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်ပဲ။ သူက သူ့ကို သံသယဖြစ်နေတာကြာပြီ ဒါတောင် ဘာမှမဖြစ်သလို ဟန်ဆောင်နေသေးတယ်။ ကြည့်ရတာ သူက တကယ်ပဲ နယ်မြေရဲ့ တည်ရှိမှုကို သိသွားကာ သူ့ဘာသာသူပဲ ဖော်ထုတ်တာကို လိုချင်နေပုံရတယ်။ ဒါကြောင့်မို့လို့ သူရှာဖွေသိရှိသွားတာကို အခုချိန်ထိ တိတ်တဆိတ်နေနေတာပဲ။
SheQiuက “သခင် သူ့ကို မယုံနဲ့နော်။ သူက သခင့်ကို လှည့်စားနေတယ် သူက နယ်မြေတည်ရှိမှုကို မသိသေးဘူး သူက စကားနဲ့ပဲ ချောင်ပိတ်ဖမ်းချင်နေတာ သူ့ထောင်ချောက်ထဲ ကျသွားလို့ မရဘူး”
အဲဒိအချိန်မှာပဲ SheQiu၏ အလောတကြီးအသံက သူ့အတွေးတွေကို အနှောင့်အယှက်ပေးလိုက်သည်။
You XiaoMo ကအချိန်မီ တုန့်ပြန်နိုင်သွားကာ ခေါင်းကို မော့လိုက်တော့ သူ့အမူအယာကနေ သဲလွန်စအချို့ကို ကြိုးစားရှာဖွေနေသော Kong Wen ရဲ့ ထက်မြက်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်သည်။ You XiaoMo က နည်းနည်းတော့ အံအားသင့်သွားပေမယ့် မြန်မြန်ဆန်ဆန်ပဲ တည်ငြိမ်အောင် ပြန်လုပ်လိုက်နိုင်သည်။
You XiaoMo က “ခင်ဗျား ဘာပြောချင်နေတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး”
Kong Wen က ရယ်ကာ သူ့အပြုံးထဲတွင် ကြက်သီးထစရာကြီးတစ်ခုကို ဖုံးကွယ်ထားသလိုနှင့် မမှိတ်မသုန်ဆိုသည် “ငါက မင်းကို အခွင့်အရေးပေးတယ် မင်းက ငြင်းထုတ်မှတော့ ငါက မစာနာတတ်ဘူးလို့ အပြစ်မတင်နဲ့။ မင်းက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲလေ မင်းပျောက်ကွယ်သွားရင်တောင် ဘယ်သူကမှ စုံစမ်းနေမှာမဟုတ်ဘူး Tang Fanကတောင် ငါ သူ့ကို ကူရှင်းပေးလိုက်လို့ ကျေးဇူးတောင် တင်နေဦးမယ်”
You XiaoMo က ငြင်းနေပေမယ့် သူ့တုန့်ပြန်မှုတွေကနေ Kong Wen က သူလိုချင်နေသော အဖြေကို ရသွားသည်။
ဒီ You XiaoMo ကတော့ သူ့ထင်ထားသလိုပဲ အဆင့်တက်တာ မြန်မယ့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတာပဲ ။ အကယ်လို့သာ သူသာရသွားမယ်ဆိုရင် ကောင်းကင်တောင်ထွတ်က ဟိုလူတွေ သူ့ရှေ့မှာ နှိမ့်ချနေပေရလိမ့်မည်။
အဲဒါကို တွေးလိုက်သည်နှင့် Kong Wen က You XiaoMo ကို ဒီကိစ္စကနေ လွတ်မြောက်ဖို့မပေးနိုင်တော့ သူကလည်း You XiaoMo အထွတ်အမြတ်ရတနာတစ်ခု ကိုင်ထားသည်ဟု ဆုံးဖြတ်လိုက်ပြီးမှတော့ အဲဒါက လုံလောက်နေသည်။ အဲဒိနောက် သူ့လက်ကို You XiaoMo ဆီကို မြှောက်ပြကာ ပီတိပြုံးကြီးနှင့် “လိမ္မာစမ်းပါ အဲဒိအရာကို ထုတ်လိုက် ဒါဆို ငါလည်း မင်းကို ငါ့တပည့်ဖြစ်ခဲ့တာကို ကြည့်ပြီးတော့ မင်းနာနာကျင်ကျင်သေရတာကနေ လွတ်မြောက်ခွင့်ပေးမယ်”
You XiaoMo က ခြေတစ်လှမ်း ဆုတ်ချင်သည် သို့သော်လည်း သူ့ကိုယ်က လှုပ်လို့မရတော့တာကို သိသွားတော့ မထိတ်လန့်ပဲ မနေတော့ပေ။ Kong Wenမှာ တကယ်ကြီး လှည့်ကွက်တွေ ရှိနေတာပဲ ဒီနေ့သူ့ကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ထားတာကို မအံသြတော့ပေ။
Kong Wen က သူ့ကို ထိတော့မည့် အချိန်လေးတွင်မှာပင် You XiaoMo အ၀တ်များထဲကနေ အစိမ်းရောင် အရိပ်တစ်ခုထွက်ပေါ်လာသည်။ အဲဒါက Kong Wen ကို ထိတ်လန့်သွားစေကာ သူ့လက်သူ ပြန်နောက်ဆုတ်လိုက်ချင်ပေမယ့် အရမ်းနောက်ကျသွားလေပြီ။ သူ့လက်ခုံက အခုတော့ သေးငယ်သော သွေးစို့နေသော အပေါက်လေးနှစ်ခု ပေါ်နေကာ အဲဒိကနေ သူ့ရဲ့အနီရောင်သွေးများ စီးကျလာကာ တဖြည်းဖြည်းနှင့် အစိမ်းရောင်တောင် ပြောင်းလာသည်။
Kong Wen က အော်ထည့်လိုက်ကာ နောက်ကို ခြေတစ်လှမ်းဆုတ်ကာသူ့ဘေးက စားပွဲခုံကို ထုလိုက်ကာကြောင့် စားပွဲပေးက စုတ်တံများအားလုံး အောက်ကိုပြုတ်ကျကာ ကြမ်းပြင်ပေါ် ကြဲပျံ့သွားသည်။ သူ့ရဲ့ ထိတ်လန့်ကာ You XiaoMo ပခုံးပေါ်က အစိမ်းရောင် အရိပ်လေးကို ကြည့်လိုက်သည်။ အစိမ်းရောင်းအရိပ်လေးက အစိမ်းရောင် မြွေတစ်ကောင်၏ အသေးစားပုံစံလေးဖြစ်ကာ You XiaoMo ပေါ်တွင်ရစ်ခွေနေပြီး သူ့ကို နီရဲတောက်နေသော လျှာလေး တစ်လစ်ထုတ်ပြနေတာကို မြင်လိုက်ရတော့သည်။
Kong Wen သူ့လက်ကို တစ်ချက်မြှောက်ကြည့်လိုက်သည်။ မြွေဆိပ်က သူကလက်မောင်းတစ်ခုလုံးကိုတောင် ပျံ့နှံနေတာကို ထိတ်လန့်စွာ သိရှိသွားရတော့သည်။ သူ့အတွင်းပိုင်း သွေးလည်ပတ်မှုစနစ်ကိုသာ လျင်လျင်မြန်မြန် မတားလိုက်နိုင်ဘူးဆိုလျှင် ဒီမြွှေဆိပ်က ဒီထပ်မြန်မြန်တောင် ပျံ့နှံသွားလောက်သည်။
“အဲဒါ ဘာမြွေအမျိုးအစားလဲ” Kong Wen၏ သူငယ်အိမ်များ ကျုံ့ကာ You XiaoMo ကိုယ်ပေါ်ကိုသာ ငေးစိုက်ကြည့်နေကာ “မင်း မှော်ဝင်သားရဲတစ်ကောင်တည်းနဲ့တော့ ဆက်နွယ်ထားတာ မဟုတ်ဘူးမလား။ ဒါလဲ မင်းရဲ့ ဆက်နွယ်သားရဲပဲ မလား”
အဆင့်ခြောက်သွေးပြာဝံပုလွေသာ ဆိုလျှင် Kong Wen သူ့ဘာသာသူ ကိုင်တွယ်နိုင်သည်။ သူကအဆင့်က အဆင့်ရှစ်မှော်ဆရာဆိုတော့ သူ့စိတ်ဝိဥာဏ်က တိုက်ခိုက်နိုင်သလို ကာကွယ်မှုလည်း လုပ်နိုင်သည်။ ဒါ့ကြောင့် You XiaoMo ကို ကိုင်တွယ်ရန် သူ့မှာ ယုံကြည်မှု ရှိနေတာ ဖြစ်သည်။ မမျှော်လင့်စွာနှင့် You XiaoMo က မှော်ဝင်သားရဲတစ်ကောင်တည်းနှင့် ဆက်နွယ်ထားတာ မဟုတ်ပေ။ ဒီမြွေက သူ့အတားအဆီးကို လွယ်လွယ်လေး ချိုးဖျတ်နိုင်မှတော့ ဒါက အဆင့်ရှစ်အထက်ပဲ သေချာပေါက် ဖြစ်ရမည်။
အဲဒါကို တွေးမိတော့ Kong Wen က သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့မှန်းသိလိုက်ကာ အဲဒိစကား တွေ အော်ပြောလိုက်ပြီးသည်နှင့် သူကချက်ချင်းကို ပြတင်းပေါက်ဆီကို အမြန်ပြေးသွားတော့သည်။ သူတို့ တုန့်ပြန်မှုတွေ မလုပ်နိုင်ခင်မှာပဲ လူအများအပြားရှိနေသည့် နေရာကို သူပြေးမှ ဖြစ်လိမ့်မည်။
သို့သော်လည်း သူ့ရည်ရွယ်ချက်တွေက ချက်ချင်းကို ကျဆုံးသွားကာ အစောက ဖွင့်နေသော ပြတင်းပေါက်က ရုတ်တရတ် ၀ုန်းခနဲ ပိတ်သွားကာ အဲဒိအရှေ့မှာ အနက်ရောင် အရိပ်တစ်ခုပေါ်လာကာ သူ့ပြေးပေါက်ကို ပိတ်ဆို့လိုက်သည်။
Kong Wen တုန့်ခနဲ ဖြစ်သွားသည်။ သူကအမြန် သူကခြေလှမ်းတွေကို လှည့်ကာ ထွက်ပြေးဖို့ နောက်ထပ်တစ်ဖက်ကို လှည့်လိုက်သည်။ သို့သော်လည်း သူလှည့်လိုက်သည်နှင့် အဲဒိဘက်ကလည်း နောက်ထပ်တစ်ကြိမ် ညှို့ဓါတ်ရှိသော မျက်နှာပိုင်ရှင် MaoQiu၏ ပိတ်ဆို့ခြင်း ခံလိုက်ရပြန်သည်။
Kong Wen က နှလုံးသားလေးက နစ်မြုပ်သွားကာ သူ့မျက်နှာအမူအယာမှာလည်း သူ့ရဲ့ တုန်လှုပ်ထိတ်လန့်နေတာကိုတောင် မဖုံးကွယ်ထားနိုင်တော့ပေ။
လွှတ်မြောက်လမ်းတွေအကုန်လုံး ဖြတ်တောက်ခံလိုက်ရပြီ။
အဆင့်ရှစ်မှော်ဆရာတစ်ယောက်အနေနှင့် သူက ဒီအတိုင်းလေးကို မှော်ဝင်သားရဲများ၏ အစစ်အမှန်ကို သိရှိနိုင်သည်။ သို့သော်လည်း သူ့ကို ထိတ်လန့်စေဆုံးအရာကတော့ ဒီသားရဲတွေအများစုက အဆင့်ကိုး မရောက်သေးပေ။ ဒါတောင် သူတို့အကုန်လုံးက လူသားအသွင်ရှိနေတာမို့ အဲဒါက အကြောင်းအရာတစ်ခုကို ညွှန်ပြနေသည်။ You XiaoMo မှာ သဏ္ဍာန်ပြောင်းဆေးပင် ရှိရမည်။ ဆေးပင်မဟုတ်ပဲ ဆေးပင်များ ဖြစ်သည်။
Kong Wen သူ့ရည်ရွယ်ချက်ကို အမြန်ပြောင်းလိုက်သည်။ ဒီအချိန်က ရတနာကို မက်နေရမယ့် အချိန်မဟုတ်တော့ သူ့ကိုယ်သူ ကာကွယ်ဖို့က ပထမဦးစားပေးပင်။
ဒီကိစ္စတစ်ခုလုံးက တိုတောင်းလှသော အချိန်အတွင်းမှာ ဖြစ်သွားတာပ်င Kong Wen က သူ့လွတ်လမ်းတွေ အကုန် ပိတ်ဆို့ခံလိုက်ရတော့ ဟောင်ဖွာဟောင်ဖွာ အော်တော့သည် “You XiaoMo မင်းဘာလုပ်ချင်တာလဲ မင်းက ဆရာကို အာပြန်ခံချင်တာလား”
Kong Wen က မရည်ရွယ်သလိုလိုနှင့် တမင်သက်သက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အပြင်မှာ စောင့်နေသော Zhu Ah တောင် ကြားနိုင်ကာ အနီးအနားက လူတွေဆိုလျှင် ပိုဆိုးလိမ့်မည်။ မှော်ဝင်သားရဲများ ရောက်နေမှုကို သူမျှော်လင့်ထားခဲ့တယ်ဆိုလျှင် သူပြင်ဆင်မှု မလုပ်ပဲ ဘယ်နေပ့ါမလဲ။ ဒါကြောင့်ပဲ You XiaoMo ခြံဝန်းထဲ ၀င်လာတာနှင့် သူတို့က ပူးပေါင်းပြီးသား ဖြစ်သည်။
MaoQiuက ညှို့ယူနေသော မျက်နှာလေးနှင့် ကျောချမ်းစရာ အပြုံးတစ်ခုပေးကာ “ခင်ဗျား အော်စရာ မလိုဘူး ဒီအခန်းက ကျုပ်ရဲ့ အာရုံခြောက်ခြားဂါထာနဲ့ ဖုံးထားပြီးသား အပြင်သူတွေ ဘာမှ မကြားနိုင်ဘူး”
မိစ္ဆာမြေခွေးက လှည့်စားမှုတွေနှင့် လူသိအများဆုံးဖြစ်ကာ အာရုံခြောက်ခြားဂါထာက သူတို့၏အထူးပြုများထဲမှ တစ်ခုပင်ဖြစ်သည်။
ဒီရလာဒ်ကို မျှော်လင့်ထားပြီးသားပေမယ့် ဒီအဖြေကို ကြားလိုက်ရသည့်အခါ Kong Wen က စိတ်ဓါတ်မကျပဲ မနေပေ။ မုဆိုးက အခုတော့ အမဲလိုက်ခံရတော့မည်။
ဒီလို ပျော့ညံ့သော မှော်ဆရာလေးတစ်ယောက်က အရမ်းအစွမ်းထက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တစ်နှစ်ဆိုသော အချိန်တိုလေးအတွင်းမှာကို အဆင့်သုံးမှော်ဆရာတစ်ယောက် ဖြစ်ရုံမျှမက အစွမ်းထက်သော မှော်ဝင်သားရဲလေးကောင်နှင့်ပါ ဆက်နွယ်ထားသည်။ တကယ်ပဲ အချိန်တိုလေး မတွေ့လိုက်တာနှင့် လုံးဝပြောင်းလဲသွားသည်။ ဒီလို တိုက်ခိုက်စွမ်းရည်တွေနှင့် ဆိုလျှင် သူက တောင်ပိုင်းကို အသာလေး ယူသွားနိုင်သည်။
Kong Wen အဲဒါကို နောင်တရသည် သို့သော်လည်း အဆင့်ရှစ်မှော်ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာက သူ့တပည့်ကို ဦးမညွတ်ချင်ပေ။ သူ့ရဲ့ အနှစ်သက်ဆုံး တပည့်နှစ်ယောကို ပြန်စဉ်းစားမိချိန်တွင် သူကအကြောက်တရားများက ရုတ်တရတ် ဖြည်းဖြည်းချင်း လျော့ပါးလာသည်။
“You XiaoMo ငါ့ကို ဒီနေ့ အလွတ်ပေးမယ်ဆိုရင် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ ဒါပေ့ါ မင်းငါ့ကို သတ်ဖို့လဲ ရွေးချယ်နိုင်တယ်။ ဒါပေမယ့် အနာဂတ်မှာ မင့်အစ်ကိုကြီးနှစ်ယောက်က ဒီကိစ္စကို သိသွားရင် မင်းနဲ့ သူတို့ရဲ့ ဆက်ဆံရေးက ဒီအတိုင်းပဲ ရှိနေလိမ့်မယ်လို့ ထင်လား။ မင်းတို့ရဲ့ ညီအစ်ကိုဆက်ဆံရေးက ဘယ်တော့မှ ပြန်မရတော့ဘူး” Kong Wen က အေးစက်စက်နှင့် ဟွန့်ခနဲ လုပ်လိုက်သေးသည်။
သူ့စကားဆုံးသည်နှင့် Kong Wen ၏ မျက်နှာက တော်တော်လေး တည်ငြိမ်သွားပြီးဖြစ်သည်။ သူက You XiaoMo နှင့် သူ့တပည့်နှစ်ဦးတို့၏ ဆက်ဆံရေးက အသတ်ခံရမှုအတွက်တော့ နောက်ဆုံးကတ်ပင်။
သူက ၀န်မခံချင်ပေမယ့် လက်ခံရလိမ့်မည် Kong Wen၏ စကားများက You XiaoMo၏ ပျော့ကွက်ကို တန်းထိသွားသည်။
အခုချိန်အထိ You XiaoMo စကားတစ်ခွန်းမှ မပြောတာကလည်း အဲဒိအတွေးကြောင့်ပင်။ Kong Wen က သူ့ကို တုန့်ဆိုင်းမှုမရှိပဲ သတ်နိုင်ပေမယ့် သူကတော့ မသတ်နိုင်ပေ။
ဒါကလည်း ဆရာကို ပြန်သတ်သူဆိုတော့ မကောင်းမှုကို ကြောက်လန့်လို့ မဟုတ်ပဲ သူ့ကို ကောင်းထားသော သူများကို မထိခိုက်စေချင်သောကြောင့်ပင်။ ဒီဘ၀မှာ သူ့မှာ သူငယ်ချင်းအများကြီး မရှိသေးပေ သို့သော်လည်း သူ့ဆရာတူအစ်ကိုကြီး ဒုတိယနှင့် ပဉ္စမအစ်ကို တို့ကတော့ သူကအပေါ်အမြဲ ကောင်းလှသည်။
သူ့ဆီက စကားတစ်ခွန်းမှ မထွက်လာတော့ Kong Wen က သူချက်ကောင်းထိမိသွားမှန်း သိသည်။
You XiaoMo က သူ့အစ်ကိုများကို တကယ်ဂရုစိုက်သည်။ Kong Wen က အရေးနိမ့်နေပေမယ့် စိတ်ခံစားမှုပိုင်းဆိုင်ရာ အလေးထားမှုအနေနဲ့က သူက အလေးသာနေသေးသည်။
Kong Wen တစ်ယောက် အပြုံးတစ်ခု မပြုံးပဲ မနေနိုင်တော့ပဲနှင့် “ You XiaoMo မင့်မှော်ဝင်သားရဲတွေကို ဖယ်လိုက်စမ်းပါ။ ငါ ဒီနေ့ ဖြစ်ပျက်သမျှကို လျစ်လျူရှုပေးမယ် ပြီးတော့ မင်းက ငါရဲ့ တပည့်ကောင်းလေး ပြန်ဖြစ်သွားမယ်လေ”
Xiao Hei ၊MaoQiu နှင့် PiQiu တိုကက သူ့ဆီကို ချက်ချင်းအကြည့်များရောက်လာကာ ဒီအဖိုးကြီးက တစ်လက်မပေးတာကို တစ်ကိုက်လာယူနေတယ်လို့ပြောချင်နေကြသည်။ ဒီ အတ္တကြီးတဲ့သူကြီးကတော့ သူတို့သခင်က သူ့စကားတွေ ယုံလောက်အောင် တုံးလိမ့်မယ်ဟု ထင်နေတာလား။
Kong Wen ကတော့ ကံဆိုးလှသည် You XiaoMoက တော့ မတုံးလှပေ။ သို့သော်လည်းပဲ သူ့မှာ အခက်ကြုံနေတုန်းပင် သူ ဒီကမ္ဘာကို ရောက်လာကတည်းက သတ် မသတ်ဆိုတာက အခက်ခဲဆုံးရွေးချယ်မှု ဖြစ်သည်။
ဒီအခြေအနေကြီးက တစ်ခဏတော့ တိတ်ဆိတ်သွားကာ သူ့ပခုံးပေါ်က SheQiuက အခုတော့ ရုတ်တရတ် ပြောဆိုလာသည် “သခင် ကျွန်တော့်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပေးပါ။ သခင်က သခင့်အစ်ကိုသုံးယောက်ကို ကောင်းကောင်းမွန်မွန်က ကျွန်တော်သိတယ်။ သူတို့က သခင့်ကို ဂရုစိုက်တာ မှန်ပေမယ့် နှိုင်းယှဉ်ကြည့်ရင် သူတို့က အကောင်းဆုံး ဂရုစိုက်မှုပေးဖို့အခွင့်အရေး မရသေးတာတောင်မှ သခင်က သူတို့ကို အကောင်းဆုံးဆိုတာ ပေးပြီးသွားပြီ။ စဉ်းစားကြည့်ပါ။ ဒီလိုကောင်းတဲ့ ဆရာတူညီလေးရှိလားလို့လေ။ သူတို့ လုံခြုံရေးကို စိတ်ပူပြီးတော့တောင် အဆင့်မြင့် မှော်ဝင်သားရဲသုံးကောင် သူတို့တစ်ယောက်စီအတွက် ရှာပေးထားတယ်။ ကျွန်တော်က လူတွေ အများကြီးတော့ မမြင်ဘူးပေမယ့် ကျွန်တော်ပြောနိုင်တယ် သခင်ကတော့ သေချာပေါက်ကို အရူးဆုံးပဲ”
“သူတို့ကို ချီးမြှောက်မှုတွေ အများကြီးပေးထားတာတောင်မှ ဒီညီအစ်ကိုဆိုတဲ့ စည်းကနေကျော်သွားကြမယ်ဆိုရင်။ နောက်ပိုင်းကလို့ သူတို့ဆရာကို သတ်လိုက်လို့ သခင့်ကို အပြစ်တင်မယ်ဆိုရင် ကျွန်တော်ကတော့ သခင် သူတို့အပေါ်ကောင်းခဲ့တာနဲက မတန်ဘူးလို့ ထင်တယ်။ ဆရာက ဆရာတပည့်ဆက်ဆံရေးကို စွန့်လွှတ်ပြီးတော့ သတ်ပြီး ခိုးချင်တာလေ ပြီးတော့ သခင်က သူကတပည့်အနေနဲ့ ဒီအတိုင်းလေး မတ်တပ်ရပ်ပြီး ဆရာသတ်တာ ခံမလို့လား။ ပြီးတော့ ဒီဆရာက သခင့်ကို ချစ်ခင်မှု ဘယ်တုန်းကမှ မပေးဖူးဘူး။ က သူ သခင့်ကို တပည့်အဖြစ် လက်ခံထားတာကလည်း ကိုယ်ရေးကိုယ်တာအကြောင်းတစ်ခု ကြောင့်လက်ခံထားတာ။ ဒါ့ကြောင့် သခင့်အခြေအနေကို သူတို့ လက်မခံနိုင်ရင်လည်း သူတို့နဲ့ ဆက်ဆံရေးကိုအဆုံးသတ်ခံလိုက်ပါ။ နောင်တမရနဲ့ ပြီးတော့ ကျွန်တော့်ကို ယုံပါ။ အကြီးအကဲ Ling Xiao ဒီမှာ ရှိရင်လဲ သူလဲ ဒီလိုပဲ ပြောမှာပဲ”
SheQiuက ဆန်းစစ်မှုကို နားထောင်အပြီးမှာ You XiaoMo ၏တုန့်ဆိုင်းမှုက ပျောက်ကွယ်သွားကာ တစ်ခုခုကို အာရုံဝင်စားသွားသလိုပင်။ သူက Kong Wen ကို အတွေးတွေနှင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ကြည့်ကာ SheQiu Kong Wen နှင့် ပတ်သတ်ပြီး ပြောလိုက်တာကို မှားလား မှန်လားဆိုတာ ဆုံးဖြတ်နေသည်။
Kong Wen က ဆန့်ကျင်ဘက် တစ်ဖက်ခြမ်းမှာ မတ်တပ်ရပ်နေတာက သူ့မျက်နှာကို မြင်လိုက်သည်။ သူ့နှလုံးသားက ရုတ်တရတ်ပြန်နစ်ကျသွားကာ သူ့မျက်နှာ အမူအယာက်လည်း အလွန်အမင်းကို ပျက်ယွင်းလာသည်။ စကားအနည်းအကျဉ်းလောက်နဲ့ You XiaoMoကဖြေရှင်းနိုင်တာလား။
အကယ်လို့သာ You XiaoMoက သူ့ပခုံးပေါ်က မြွှေရဲ့စကားကို တကယ်နားထောင်မယ်ဆိုလျှင် Kong Wen ကတော့ အလွန်အန္တရာယ်များသော အခြေအနေကို ရောက်နေပြီ ဖြစ်သည်။