Chapter 193 – Showdown
အခန္း ၁၉၃
ေနမင္းၾကီး တျဖည္းျဖည္း ျမင့္တက္လာတာႏွင့္ Tian Xinဂိုဏ္းရွိေနေသာ ေတာင္တန္းၾကီးကလည္း လင္းတက္လာသည္။ Tian Xinဂိုဏ္း၏ စုရပ္လြင္ျပင္ကို ဦးတည္ေသာ Tian Xin ဂိုဏ္းႏွင့္ Qing Cheng ဂိုဏ္းတို႕ တစ္ဖက္ႏွင့္ တစ္ဖက္ ထိပ္တိုက္ေတြ႕ရန္အတြက္ကေတာ့ ထို ရင္ျပင္က ျပည့္စံုေသာ တုိက္ပြဲေျမပင္။
ထို ရင္ျပင္မွာ ေရာင္နီလာကတည္းက ပရိသတ္မ်ားျဖင့္ ျပည့္ႏွက္ေန ေသာ္လည္း အမ်ားစုက အဓိကေျမျပင္ႏွင့္ အေ၀းမွာသာ မတ္တပ္ရပ္ေနၾကသည္။ အင္ပါယာအဆင့္ တိုက္ခုိက္သူႏွစ္ေယာက္ၾကားက တုိက္ပြဲတစ္ခုက ပံုမွန္အားျဖင့္ အလြန္ ထိတ္လန္႕ဖြယ္ေကာင္းကာ လူတုိင္းက အဆိုပါ လႈိင္းရုိက္ခတ္ခံရႏိုင္ကာ မေတာ္တဆျဖစ္သြားနိုင္သည္။
လူအုပ္ၾကီး၏ ေမွ်ာ္လင့္မႈမ်ားေအာက္တြင္ ရုတ္တရတ္ ေလတိုက္ခတ္သံ တစ္ဒါဇင္ေလာက္က ဟိုးအေ၀းကေန ခ်ဥ္းကပ္လာတာက အရွိန္အဟုန္ ၾကီးမားလွတာေၾကာင့္ လူအမ်ားကို အံအားသင့္သြားေစသည္။
သိပ္မၾကာခင္ပဲ လူစုၾကီး၏ ေခါင္းေဆာင္ကလည္း ရင္ျပင္ကို ေရာက္လာကာ အလြန္ရိုင္းဆိုင္းလွေသာ ေလသံၾကီးႏွင့္ အတူ “Tang Fan က်ဳပ္ Luo ChengYuan ေရာက္လာျပီ လိပ္တစ္ေကာင္လို အခြံထဲမွာ ပုန္းေနတာ ရပ္ျပီးေတာ့ ထြက္လာျပီး တုိက္စမ္းပါ”
ရင္ျပင္က မ်က္လံုးမ်ားအားလံုးက Luo ChengYuan မတ္တပ္ရပ္ေနရာကို ေရြ႕လ်ားသြားၾကသည္။ အဲဒိေနာက္မွာ ေနာက္ထပ္ ေလတိုးသံက သူ႕ေဘးနားတြင္ ရပ္သြားကာ သူ႕ေနာက္ေက်ာဘက္တြင္ သူ႕သားLuo ShuHe အပါအ၀င္ အသြင္သ႑ာန္ေပါင္း ဒါဇင္ေပါင္းမ်ားစြာ ေပၚလာသည္။
Luo ShuHe၏ အဆင့္ကိုးေမွာ္၀င္သားရဲ ကိုျမင္ရေအာင္ လူအခ်ိဳ႕က မ်က္လံုးမ်ား ျပဴးေနေအာင္ ဖြင့္ထားၾကသည္။ ေနာက္ဆုံးေတာ့သူ႕ပခံုးေပၚတြင္ ရွိေနတာကို ျမင္သြားၾကသည္ သို႕ေသာ္လည္း သားရဲက သူ႕ရဲ႕အရြယ္အစားေသးေသးေလး လုပ္ထားတာေၾကာင့္ လူမ်ားက သူ႕ကို ေသခ်ာ မျမင္ႏိုင္ေပ။
သူတို႕ မိုးၾကိဳးေျခာက္ခ်က္ငွက္ ကို မျမင္ႏိုင္ေပမယ့္Qing Cheng ဂိုဏ္း၏ အင္အားၾကီးစစ္တပ္က လူအမ်ားကို ထိတ္လန္႕တုန္လႈပ္သြားေစသည္။ လူအုပ္ၾကီးက စိတ္အေႏွာင့္အယွက္ေတာ့ ျဖစ္သြားကာ ႏွစ္ေပါင္းေသာင္းခ်ီေနေသာ ဂိုဏ္းတစ္ခုက အလြန္ထူးျခားသြားကာ ဒုတိယအဆင့္အင္အားစုမ်ားကေတာင္ သူတို႕ႏွင့္ မယွဥ္ႏုိင္ေပ။
Qing Cheng ဂိုဏ္က အားေကာင္းေသာ ကုိယ္ခံပညာရွင္ အေယာက္ေျခာက္ဆယ္ကို လႊတ္လုိက္ကာ အနိမ့္ဆံုးက လအဆင့္ျဖစ္ျပီး ၾကယ္အဆင့္ႏွင့္ စိတ္၀ိဥာဏ္အဆင့္က ေနရာတိုင္းတြင္ ရွိေနကာ ထုိင္၀မ္မုန္ညင္းမ်ား ေရာင္းေနသလုိႏွင့္ေတာင္ တူေနသည္။ ဒီတိုက္ပြဲတစ္ခုအတြက္ေလးအတြက္ေတာင္ Qing Cheng ဂိုဏ္းက ဒီလိုမ်ားျပားလွေသာ အားေကာင္းေသာကိုယ္ခံပညာရွင္မ်ားကို လႊတ္လုိက္ေၾကာင့္ Tian Xin ဂိုဏ္းေတာင္မွ ဒီတုိက္ပြဲကို မေရွာင္ႏိုင္ေတာ့ေလာက္ဟု ထင္ရသည္။
တစ္ဖက္တြင္ေတာ့ Luo Cheng Yuan က သူ႕လူမ်ားကို ဦးေဆာင္က တန္းစီျပီးေစာင့္ဆိုင္းေနသည္။ Tang Fan ကေတာ့ ေပၚကို မလာေသးေပ။
Luo Cheng Yuan က မ်က္ခံုးမ်ား ပင့္ကာ က်ယ္ေလာင္စြာေအာ္လုိက္သည္ “Tang Fan မင္း က်ဳပ္တို႕ Qing Cheng ဂိုဏ္းကို ေၾကာက္လို႕ အျမီးကုပ္ျပီး ထြက္မလာတာလား”
Tang Fan မၾကားမွာေတာင္ စိုးရိမ္ေနသလို သူ႕အသံက ေျပာစရာမလုိေအာင္ က်ယ္ေလာင္လွကာ မိုင္ေထာင္ခ်ီျပီးေတာ့ေတာင္ ပ်ံ႕ႏွံသြားႏိုင္ေပသည္။
“အို႕.. Luo ChengYuan မင္းမွာ အဆင့္ကိုး ေမွာ္၀င္သားရဲတစ္ေကာင္ ရွိတယ္ဆိုျပီးေတာ့ အဲဒါက မင္းကေတာင္ပိုင္းေဒသကိုေတာင္ အုပ္စိုးႏိုင္မယ္လို႕ ထင္မေနနဲ႕။ ႏွစ္ေထာင္ခ်ီျပီးေတာ့ နံပါတ္ႏွစ္ေနရာကေန ေနခဲ့သူတစ္ေယာက္ရဲ႕ပါးစပ္က ထြက္လာတဲ့ စကားေတြက ပကတိအနတၱပဲ။ က်ဳပ္မင္းကို ဒီေန႕ ရွင္းေအာင္ ေျပာပါရေစဦး ဒီမွာ ႏွစ္တစ္ေထာင္ နံပါတ္ႏွစ္က တစ္သက္လံုး ႏွစ္တစ္ေထာင္ နံပါတ္ႏွစ္ပဲ မင္းဘယ္ေလာက္ပဲ ၾကိဳးစားတက္တက္ မင္းဘယ္ေတာ့မွ နံပါတ္တစ္ ျဖစ္မလာဘူး”
Tian Xin ဂိုဏ္း၏ ေတာင္ထြတ္အေပၚကေန Tang Fan ဆီက အထင္ေသး ႏွာမႈတ္သံထြက္လာကာ သူ႕စကားက ရင္ျပင္မွာ မတ္တပ္ရပ္ေနေသာ လူအမ်ားေပၚထံမွ အသံမ်ား စီခနဲ ထြက္လာေစသည္။ Tang Fan က ဒီလုိ မာနေထာင္လႊားေနေသာ စကားမ်ား ဆုိလိမ့္မယ္လို႕ ဘယ္သူက ထင္ခဲ့မွာလဲ။
Lou Cheng Yuan ၏ မ်က္ႏွာက ရုတ္တရတ္ ေလးနက္သြားကာ သူ႕မ်က္လံုးမ်ားက ခပ္ျမန္ျမန္ပဲ မႈန္မႈိင္းသြားသည္။ “ မင္းမၾကိဳးစားၾကည့္ရင္ မင္းသိမွာမဟုတ္ဘူးေလ ဘယ္သူက ထာ၀ရနံပါတ္ႏွစ္လဲ ဆိုတာ ဒါေပမယ့္ က်ဳပ္ကေတာ့ ခင္ဗ်ားမွာ ေနာက္ထပ္ေရြးခ်ယ္စရာ မရွိေတာ့ဘူးေလ ဘာလုိ႕လဲ ဆိုေတာ့ အခုပဲ ဂိုဏ္းခ်ဳပ္ျဖစ္တဲ့ က်ဳပ္ကာ Tian Xin ဂိုဏ္းကို ျဖိဳခ်ဖို႕ လႊတ္လုိက္ျပီမို႕ပဲ”
သူကစကားမ်ား ထြက္ေပၚလာျပီးသည္ႏွင့္ ဆန္႕က်င္ဘက္ေတာင္မ်ားဆီမွ အရိပ္မည္းမ်ား ဒါဇင္ႏွင့္ ခ်ီျပီး ထြက္လာသည္။
ေလတုိးသံကာ ေနာက္တစ္ခါထြက္လာကာ သိပ္မၾကာခင္ပဲ Luo ChengYuan၏ မ်က္ႏွာခ်င္းဆိုင္တြင္ လူမ်ားေရာက္လာျပီ ျဖစ္သည္။ သူတို႕ကို Tang Fan က ဦးေဆာင္ကာ သူ႕ေနာက္ေက်ာ္မွာေတာ့ Tian Xin ဂိုဏ္း၏ စစ္သည္မ်ားျဖစ္ကာ Qing Chengဂိုဏ္းလိုပဲ အနိမ့္ဆံုးအဆင့္ကာ လအဆင့္ျဖစ္သည္။
ႏွစ္ဖက္စီတန္းျပီး ရပ္ေနၾကတာမွာ ႏွစ္ေပါင္းေထာင္ခ်ီျပီးမွာမွ ရွားပါးသည္ထပ္ေတာင္ ရွားပါးလွကာ ရင္ျပင္တြင္ လာစုေ၀းေနေသာ လူအမ်ားက သူ႕တို႕မ်က္လံုးမ်ားကို ျပဴးေနေအာင္ ဖြင့္ကာ ဒီပံုရိပ္ကို သူတုိ႕ ရင္ထဲတြင္ စူးနစ္ေနေအာင္ မွတ္သားထားလုိက္ၾကသည္။
တစ္ခ်ိန္တည္းမွာပင္ အခန္းထဲတြင္ ပုန္းေအာင္းေနဆဲ ျဖစ္ေသာ You XiaoMo ေတာင္ သူတို႕ႏွစ္ဦး၏ အသံကို ၾကားႏုိင္သည္။
စစ္ေျမျပင္၏ အေျခအေနကို သူ႕ကို ေျပာျပေပးရန္အတြက္ တစ္ေယာက္ေယာက္ေတာ့ လုိသည္ဟု သူေတြးေပမယ့္ ဒီလုိၾကီး အတုိင္းသား ၾကားလိုက္ဖို႕ေတာ့ မေမွ်ာ္လင့္ထားေပ။ ဒီႏွစ္ေယာက္က ဒီလုိအက်ယ္ၾကီး ေျပာရန္ အင္အားေတြေတာ့ သံုးရေပလိမ့္မည္။
SheQiu က You XiaoMo အိပ္ယာေပၚတြင္း ပ်င္းရိပ်င္းတြဲ လွဲေလ်ာင္းေနရာမွ ရုတ္တရတ္ၾကီး ကန္႕လန္႕ကာ ေနာက္ကေန ထြက္လာကာ သူ႕အၾကံကို ခြင့္ျပဳခ်က္ေတာင္းေတာ့သည္ “သခင္ သြားမၾကည့္ခ်င္ဘူးလား”
You XiaoMo က စာအုပ္တစ္အုပ္ကို ကုိင္ထားလ်က္ကေန ေခါင္းေလးမတ္ကာ “မင္းက ငါ့ကို အျပင္ေခၚသြားခ်င္တာေပ့ါ”
SheQiuက သူ႕ကို ဒီအခန္းကေန အျပင္မထြက္ေစခ်င္ေလာက္ဖူးဟု သူထင္ထားတာပင္ အခုေတာ့ SheQiu ကေတာင္ သူကို႕ အျပင္ေခၚသြားဖို႕ သူ႕ဘာသာသူအဆိုျပဳေနတာသည္။ ဒီမွာ တစ္ခုခုေတာ့ လံုး၀မွားေနျပီ သုုိ႕ေသာ္လည္း သူကလည္း တုိက္ပြဲကို သူ႕မ်က္လံုးႏွင့္သူၾကည့္ရဖို႕လဲ တကယ္စိတ္၀င္စားလွသည္။
SheQiuက ေခါင္းညိမ့္ကာ “ဒါေပါ့”
သူဘာေတြ ေတြးေနသလဲဆိုတာ သူမသိေပမယ့္ You XiaoMo စိတ္မ၀င္စားေပ Ling Xiao မ်ား စစ္ေျမျပင္ကို သြားခဲ့သည္ ရွိေသာ္ သူလဲ ေတြ႕ႏုိင္သည္မို႕ သူသေဘာတူလိုက္သည္။
သူတို႕ႏွင့္ တစ္ပါတည္းပါလာသည္က ေဘာလံုးအသင္းတစ္ခုလံုးပင္ သူတုိ႕လည္း နယ္ေျမထဲမွာ မေနခ်င္ၾကေပ ဘာလို႕ဆိုေတာ့ သူတို႕သာ အထဲမွာ ေနလွ်င္ ဒီလုိ ေပ်ာ္စရာေကာင္းတာကို လြတ္သြားလိမ့္မည္။ You XiaoMo မွာ ေရြးစရာ မရွိေတာ့ပဲ အကုန္လံုးကို အေသးစားပံုစံေလးေတြအျဖစ္ ေျပာင္းခိုင္းကာ သူ႕အက်ီ ၤထဲ ထည့္ကာ ဖံုးထားရသည္။
ေတာင္ထြတ္ကေန ထြက္ရန္အတြက္က သူ Tang Fanလႊတ္ကာ သူ႕ကို ေစာင့္ၾကည့္ခုိင္းထားေသာ သူမ်ားကို ေရွာင္ရွားရေပမည္။
မည္သို႕ပင္ ဆိုေစကာမူ ဒါက You XioaMoအတြက္ ကိစၥအၾကီးၾကီးမဟုတ္ေပ။ Tang Fan က သူ႕ကို ေမွာ္ဆရာေပါက္စနဟုသာ ေတြးထားရာ သူ႕အတြက္လႊတ္ထားေသာ သူလွ်ိဳက ၾကယ္အဆင့္ ၾကယ္သံုးပြင့္သာ ရွိသည္။
သူ နယ္ေျမထဲ၀င္ကာ သူ႕နယ္ေျမကို ျဖည္းျဖည္းခ်င္း ေရြ႕လ်ားေစကာ ေတာင္ေျခက Tian Xinဂိုဏ္း၏ ရင္ျပင္ရွိရာကို ဦးတည္လွ်င္ အဲဒိကိုေရာက္ရင္ေတာင္ သူ႕မွာ ေခၽြးေတာင္ တစ္စက္မထြက္ႏိုင္ေပ။
သို႕ေသာ္လည္း You XiaoMo အျပင္ထြက္ဖို႕ အသင့္ျဖစ္ေနခ်ိန္တြင္ ေျမကမၻာေတာင္ထြတ္က ဂိုဏ္းသားတစ္ေယာက္က ရုတ္တရတ္ သူ႕ကို လာရွာသည္။
You XiaoMo က ဒီလူကို မွတ္မိသည္။ သူေနာက္ဆံုးတစ္ေခါက္ Kong Wen ကို ေတြ႕ဖို႕သြားတုန္းက Kong Wenျခံထဲတြင္ အမႈိုက္လွည္းေနေသာသူပင္။ အဲဒိလူက Zhu An ဆိုလား ဘာဆိုလားဟု ေခၚသည္။
Zhu An ကေျပာသည္ “ညီေလးYou. ေႏွာင့္ယွက္ရတာေတာ့ အားနာပါတယ္ ဒါေပမယ့္ ညီေလး ငါနဲကလုိက္လာမွ ျဖစ္မယ္ ေတာင္ထြတ္သခင္က ညီေလးကို ေတြ႕ခ်င္ေနတယ္”
You XiaoMo က ခက္ခက္ခဲခဲႏွင့္ မ်က္ခံုးေလးပင့္ကာ Kong Wen က သူ႕ကို ဒီအခ်ိန္ၾကီး ေခၚေတြ႕သည္မွာ ေကာင္းေသာ ကိစၥေတာ့ မဟုတ္ေပ။ သူျပန္ေမးလုိက္သည္ “အစ္ကိုZhu ဆရာ ဘာလုိ႕ ကၽြန္ေတာ့ကို ေခၚတာလဲ အစ္ကိုသိလား”
Zhu An က မတုန္မလႈပ္မ်က္ႏွာႏွင့္ “မသိဘူး ညီေလးYou လုိက္သာ လုိက္ခဲ့ပါ မၾကာခင္ သိရမွာေပ့ါ”
သူ႕စကားဆံုးသည္ႏွင့္ You XiaoMo ကသူႏွင့္ လုိက္မည္ဆိုတာ ေသခ်ာပံုႏွင့္ လွည့္ထြက္သြားသည္။
You XiaoMoကေတာ့ တစ္ခဏေတာ့ တုန္႕ဆိုင္းသြားေသးသည္။ သူ႕မွာ မတတ္သာပဲ ေခါင္းသာ ခါကာ လိုက္သြားရသည္။ သူႏွင့္ Kong Wen၏ ဆက္ဆံေရးမွာ တကယ့္ကို တိုးတက္ဖို႕လို႕သည္ ဒါမွမဟုတ္ သူ႕အစ္ကိုႏွစ္ေယာက္သာ ဒါကိုသိသြားလွ်င္ သူစိတ္မသက္မသာ ျဖစ္ရေပလိမ့္မည္။ အဲဒိအျပင္ သူသား ဒီအခြင့္အေရး လြတ္သြားလွ်င္ ေနာက္ထပ္အခြင့္အေရးမရွိေတာ့ဟု သူခံစားေနရသည္။
၀န္းၾကီးထဲက ျခံ၀န္းေလးမွာ္ အရင္က အတုိင္းပင္ ကံမေကာင္းစြာႏွင့္ သိပ္မၾကာေသာ လအနည္းငယ္မွာ ေနရာေတြကေတာ့ က်န္ေနေသးေပမယ့္ လူေတြကေတာ့ မရွိေတာ့ဘူးပင္။
Zhu An က တံခါးဆီသို႕ ေလွ်ာက္သြားကာ ေလးစားစြာျဖင့္ “ေတာင္ထြတ္သခင္။ ကၽြန္ေတာ္ ဆရာ ေခၚခိုင္းသူကို ေခၚလာျပီးပါျပီ”
တစ္ခဏအၾကာတြင္ အခန္းတြင္းထဲကေန Kong Wen ၏ အသံခပ္မႈိင္းမႈိင္းထြက္လာသည္ “မင္း အျပင္ထြက္သြား ေစာင့္ၾကည့္ေန ငါ့ခြင့္ျပဳခ်က္မရပဲ ဘယ္သူ႕ကိုမွ မ၀င္ေစနဲ႕”
Zhu An က ျပန္ေျဖလိုက္သည္ “ဟုတ္ကဲ့ ေတာင္ထြတ္သခင္”
You XiaoMo က တံခါးကို တြန္းဖြင့္ကာ အထဲကို ၀င္သြားေတာ့ Kong Wen က လက္ေနာက္ပစ္ကာ ျပတင္းေပါက္ေဘးတြင္ မတ္တပ္ေနကာ အရင္တစ္ေခါက္က အတိုင္းပင္ တစ္ခုတည္းေသာ ကြာျခားခ်က္ကေတာ့ ျပတင္းေပါက္ေဘးက အဆင့္ရွစ္ေဆးပင္ မီးေတာက္ပန္းပင္ကေတာ့ အဲဒိမွာ မရွိေတာ့ေပ။
You XiaoMo ကသူ႕ေနာက္ေက်ာအထိ လမ္းေလွ်ာက္သြားကာ ဂရုတစိုက္ေမးလုိက္သည္ “ဆရာ ကၽြန္ေတာ့္ကို အလိုရွိတာပါလား”
Kong Wen က လွည့္လာသည္။ သူ႕ရဲ႕ေအးစက္စက္မ်က္ႏွာက အခုေတာ့ မေမွ်ာ္လင့္ထားေအာင္ကို ႏူးညံ့ေသာ အျပံဳးတစ္ခုႏွင့္ျဖစ္ကာ သူ႕ကို ၾကင္နာမႈအျပည့္မ်က္လံုးမ်ားႏွင့္ ၾကည့္ေနကာ သူက အျမဲတမ္း ၾကင္နာတတ္ေသာ အၾကီးတစ္ေယာက္ပံုမ်ိဳး ျဖစ္ေနသည္။
You XiaoMo က ရုတ္တရတ္ သူကတစ္ကုိယ္လံုး ၾကက္သီးေတြ ထလာကာ သူ႕ဦးေႏွာက္ထဲကေန ႏႈိးစက္တစ္လံုး ထျမည္လုိက္သလိုပင္ ဒီေန႕ေတာ့ Kong Wen တစ္ခုခု မွားေနျပီ။
Kong Wen က ရယ္ကာ “မလန္႕ပါနဲ႕ သတၱမေလး ဆရာ မငး္ကို ေခၚရတဲ့ အဓိက အေၾကာင္းက မင္းနဲ႕ စကားေျပာခ်င္ယံုပါ”
You XiaoMo ပါးစပ္က တြန္႕ခနဲ ျဖစ္သြားကာ အျပံဳးတစ္ပြင့္ျဖစ္ေအာင္ ၾကိဳးစားလုိက္ျပီး “ဆရာ ကၽြန္ေတာ့္ကို ဘာမ်ား ေျပာခ်င္လုိ႕ပါလဲ”စကားေျပာဖို႕ဟုတ္လား ကၽြန္ေတာ္က ခင္ဗ်ားကို ယံုရေလာက္ေအာင္ တုံးအေနမွပဲ သူက Kong Wen ႏွင့္ စကားေကာင္းေျပာေနဖို႕ ခံစားခ်က္မရွိေပ။
Kong Wen က “သတၱတပည့္ေလး မင္းလဲTian Xin ဂိုဏ္းေရာက္တာ အခုဆို တစ္ႏွစ္ေလာက္ ျဖစ္ေတာ့မယ္ မင္းရဲ႕ဆရာအေနနဲ႕ ဆရာက မင္းကို အမ်ားၾကီး မသင္ေပးႏုိင္ေတာ့ ဆရာ့ကိုေတာ့ မျပစ္မတင္ပါဘူးေနာ္”
You XiaoMo က ေခါင္းေလးငံုကာ “မတင္ပါဘူးဆရာ။ ဆရာအလုပ္မ်ားတာ တပည့္သိပါတယ္”
ေနာက္ဆံုးစကားလံုးကို ေျပာေတာ့ You XiaoMo က မသိမသာေလး ေလသံေလးျမွင့္ေျပာလုိက္သည္။
Kong Wen ကေတာ့ သူနားမလည္သလုိ ဟန္ေဆာင္ကာ “ဒါဆိုလည္း ေတာ္ေသးတာေပ့ါ ဒါေပမယ့္ ဆရာ မေမွ်ာ္လင့္တာေတာ့ တစ္ႏွစ္ေတာင္ မရွိေသးတဲ့ အခ်ိန္မွာ တပည့္ေလးနဲ႕ ပထမတပည့္ၾကီးနဲ႕ ဒုတိယတပည့္တို႕ၾကားက ဆက္ဆံေရးက အျခားသူေတြထက္ေတာင္ ပိုနီးနီးကပ္ကပ္ ရွိသြားတယ္ေနာ္။ ပထမတပည့္ၾကီးက သတၱမေလးေၾကာင့္ ဆရာ့စကားကို မနာခံတဲ့အျပင္ အျမဲတမ္းေအးစက္စက္ေနတတ္တဲ့ ဒုတိယတပည့္ကေတာင္ သတၱမတပည့္ေလးအတြက္ ေျပာေပးေသးတယ္ အဲဒါက ဆရာ့ကို အံၾသသြားေစတာ။ သတၱမတပည့္ေလး ဒီဆရာကို ေျပာျပေပးႏုိင္မလား တပည့္ေလးက အစ္ကို ႏွစ္ေယာက္ကို ဘယ္လိုအက်ိဳးစီးပြားေတြျဖစ္ေစလို႕ သူတို႕က တပည့္ေလးကို စျပီးေတာ့ ကာကြယ္ေပးရတာလဲ”
You XiaoMo က Kong Wen၏ နက္ရိႈင္းလွေသာ မ်က္လံုးမ်ားကို မဖတ္ႏုိင္ပဲ သူေနာက္တစ္လွမ္းဆုတ္ကာ ျပန္ေျဖလုိက္သည္ “ဆရာ အစ္ကိုၾကီးနဲ႕ ဒုတိယအစ္ကို တို႕ကို ဘယ္လုိလူမ်ိဳးလို႕ ဆရာထင္ပါသလဲ။ သူတုိ႕က ဆရာကိုယ္တုိင္ ေလ့က်င့္ေပးတဲ့ တပည့္ေတြပါ သူတုိ႕အေၾကာင္းကို ရွင္းရွင္းလင္းလင္းသိသူက ဆရာပဲ ျဖစ္မွာပါ။ သူတုိ႕က အက်ိဳးစီးပြား အနည္းအက်ဥ္းေလာက္နဲ႕ သူတို႕ဘ၀ရဲ႕ ေနထုိင္ပံုေတြကို စြန္႕လႊတ္လိမ့္မယ္လို႕ ထင္လားဆရာ”
Kong Wen က ရယ္ကာ “ဒါေပ့ါ ဆရာက သူတို႕ကို ရွင္းရွင္းလင္းလင္းအသိဆံုး ျဖစ္သင့္တာေပ့ါ ဒါေၾကာင့္ပဲ ဒါက အရမ္းထူးဆန္းတယ္လို႕ ဆရာထင္ေနတာေလ။ မင္းက လူေတြအမ်ားၾကီးထဲကမွ ဆရာ့ရဲ႕ ဂုဏ္ယူရတဲ့ တပည့္ႏွစ္ေယာက္ကို မင္းဘက္ကုိ ဆြဲလုိက္တယ္ေလ ဆရာ့ကိုေတာင္ မနာခံေအာင္ ဘာလို႕ လုပ္လုိက္တာလဲလို႕”
You XiaoMo က “ဆရာ ဆရာတပည့့္ကို ေမးတာကို ဘာလုိ႕ ကိုယ့္ကိုကုိယ္အရင္ မေမးတာလဲ။ ပထမ ဆရာက တပည့္ကို ဆရာ့တပည့္အျဖစ္ေခၚယူလုိက္တယ။္ ျပီးေတာ့ တပည့္ကို ဆရာက လ်စ္လ်ဴရႈျပန္တယ္။ အစ္ကိုၾကီးက အဲဒါကို သတိျပဳမိျပီးေတာ့ တပည့္ကို ပိုျပီးေတာ့ စတင္ၾကည့္ရႈေပးလာတယ္။ ေနာက္ေတာ့ ခင္ဗ်ားကပဲ ကၽြန္ေတာ့္ကို ခက္ခဲႏိုင္သမွ်ခက္ခဲေအာင္ လုပ္လာတယ္။ ခင္ဗ်ားက ကၽြန္ေတာ့္ကို ဘယ္တုန္းကမွ တပည့္တစ္ေယာက္အျဖစ္ သင့္ေတာ္တဲ့ဆက္ဆံမႈ မေပးခဲ့ဘူး အဲဒါကိုေရာ ဘယ္လုိထင္လဲဟင္”
Kong Wen က သူ႕ကိုရည္ညြန္းေျပာဆိုမႈက ယဥ္ေက်းတာကေန သာမာန္ဆန္လာတာက သတိျပဳမိသြားကာ သူ႕အမူအယာက မ်က္စိတစ္မွိတ္အတြင္း ေျပာင္းလဲသြားကာ “မငး္က ငါ့ကို အျပစ္တင္ေနတယ္ေပ့ါ”
You XiaoMo က ေခါင္းခါကာ “မဟုတ္ပါဘူး ကၽြန္ေတာ္မတင္ပါဘူး။ ကၽြန္ေတာ္က အမွန္ပဲ ေျပာတာ”
Kong Wen က “ငါ ေနာင္တအရဆံုး ငါ့ဘ၀ လုပ္ခဲ့သမွ်ထဲမွာ အဆိုးဆံုးအရာကေလ မင္းကို ငါ့တပည့္အျဖစ္ လက္ခံခဲ့မိတာပဲ”
You XiaoMo ကလည္း “ကၽြန္ေတာ္လည္း အတူတူပဲ”
Kong Wen မ်က္လံုးမ်ားက ေအးစက္သြားကာ “You XiaoMo ငါမင္းကို ေကြ႕၀ိုက္ျပီး လုပ္မေနေတာ့ဘူး Lin Xiao ကလည္း ဂိုဏ္းခ်ဳပ္ၾကီး အက်ဥ္းခ်ထားတာ ခံထားရတယ္ မင္းကလည္း သူနဲ႕ ရင္းႏွီးမႈရွိေနတည္းက ဂိုဏ္းခ်ဳပ္ကလည္း မင္းကို လႊတ္ထားမွာ မဟုတ္ဘူး။ မင္းအသက္ဆက္ရွင္ခ်င္တယ္ ဆိုရင္ မင္းလက္ထဲက အရာေတြ ငါ့ကို လက္လႊဲေပးရင္ ငါက မငး္ Tian Xian ဂိုဏ္းကေန လံုလံုျခံဳျခံဳထြက္ခြာႏုိင္မယ္လို႕ အာမခံေပးႏုိင္တယ္”
Unicode
Chapter 193 – Showdown
အခန်း ၁၉၃
နေမင်းကြီး တဖြည်းဖြည်း မြင့်တက်လာတာနှင့် Tian Xinဂိုဏ်းရှိနေသော တောင်တန်းကြီးကလည်း လင်းတက်လာသည်။ Tian Xinဂိုဏ်း၏ စုရပ်လွင်ပြင်ကို ဦးတည်သော Tian Xin ဂိုဏ်းနှင့် Qing Cheng ဂိုဏ်းတို့ တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက်တွေ့ရန်အတွက်ကတော့ ထို ရင်ပြင်က ပြည့်စုံသော တိုက်ပွဲမြေပင်။
ထို ရင်ပြင်မှာ ရောင်နီလာကတည်းက ပရိသတ်များဖြင့် ပြည့်နှက်နေ သော်လည်း အများစုက အဓိကမြေပြင်နှင့် အဝေးမှာသာ မတ်တပ်ရပ်နေကြသည်။ အင်ပါယာအဆင့် တိုက်ခိုက်သူနှစ်ယောက်ကြားက တိုက်ပွဲတစ်ခုက ပုံမှန်အားဖြင့် အလွန် ထိတ်လန့်ဖွယ်ကောင်းကာ လူတိုင်းက အဆိုပါ လှိုင်းရိုက်ခတ်ခံရနိုင်ကာ မတော်တဆဖြစ်သွားနိုင်သည်။
လူအုပ်ကြီး၏ မျှော်လင့်မှုများအောက်တွင် ရုတ်တရတ် လေတိုက်ခတ်သံ တစ်ဒါဇင်လောက်က ဟိုးအဝေးကနေ ချဉ်းကပ်လာတာက အရှိန်အဟုန် ကြီးမားလှတာကြောင့် လူအများကို အံအားသင့်သွားစေသည်။
သိပ်မကြာခင်ပဲ လူစုကြီး၏ ခေါင်းဆောင်ကလည်း ရင်ပြင်ကို ရောက်လာကာ အလွန်ရိုင်းဆိုင်းလှသော လေသံကြီးနှင့် အတူ “Tang Fan ကျုပ် Luo ChengYuan ရောက်လာပြီ လိပ်တစ်ကောင်လို အခွံထဲမှာ ပုန်းနေတာ ရပ်ပြီးတော့ ထွက်လာပြီး တိုက်စမ်းပါ”
ရင်ပြင်က မျက်လုံးများအားလုံးက Luo ChengYuan မတ်တပ်ရပ်နေရာကို ရွေ့လျားသွားကြသည်။ အဲဒိနောက်မှာ နောက်ထပ် လေတိုးသံက သူ့ဘေးနားတွင် ရပ်သွားကာ သူ့နောက်ကျောဘက်တွင် သူ့သားLuo ShuHe အပါအ၀င် အသွင်သဏ္ဍာန်ပေါင်း ဒါဇင်ပေါင်းများစွာ ပေါ်လာသည်။
Luo ShuHe၏ အဆင့်ကိုးမှော်ဝင်သားရဲ ကိုမြင်ရအောင် လူအချို့က မျက်လုံးများ ပြူးနေအောင် ဖွင့်ထားကြသည်။ နောက်ဆုံးတော့သူ့ပခုံးပေါ်တွင် ရှိနေတာကို မြင်သွားကြသည် သို့သော်လည်း သားရဲက သူ့ရဲ့အရွယ်အစားသေးသေးလေး လုပ်ထားတာကြောင့် လူများက သူ့ကို သေချာ မမြင်နိုင်ပေ။
သူတို့ မိုးကြိုးခြောက်ချက်ငှက် ကို မမြင်နိုင်ပေမယ့်Qing Cheng ဂိုဏ်း၏ အင်အားကြီးစစ်တပ်က လူအများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ လူအုပ်ကြီးက စိတ်အနှောင့်အယှက်တော့ ဖြစ်သွားကာ နှစ်ပေါင်းသောင်းချီနေသော ဂိုဏ်းတစ်ခုက အလွန်ထူးခြားသွားကာ ဒုတိယအဆင့်အင်အားစုများကတောင် သူတို့နှင့် မယှဉ်နိုင်ပေ။
Qing Cheng ဂိုဏ်က အားကောင်းသော ကိုယ်ခံပညာရှင် အယောက်ခြောက်ဆယ်ကို လွှတ်လိုက်ကာ အနိမ့်ဆုံးက လအဆင့်ဖြစ်ပြီး ကြယ်အဆင့်နှင့် စိတ်ဝိဥာဏ်အဆင့်က နေရာတိုင်းတွင် ရှိနေကာ ထိုင်ဝမ်မုန်ညင်းများ ရောင်းနေသလိုနှင့်တောင် တူနေသည်။ ဒီတိုက်ပွဲတစ်ခုအတွက်လေးအတွက်တောင် Qing Cheng ဂိုဏ်းက ဒီလိုများပြားလှသော အားကောင်းသောကိုယ်ခံပညာရှင်များကို လွှတ်လိုက်ကြောင့် Tian Xin ဂိုဏ်းတောင်မှ ဒီတိုက်ပွဲကို မရှောင်နိုင်တော့လောက်ဟု ထင်ရသည်။
တစ်ဖက်တွင်တော့ Luo Cheng Yuan က သူ့လူများကို ဦးဆောင်က တန်းစီပြီးစောင့်ဆိုင်းနေသည်။ Tang Fan ကတော့ ပေါ်ကို မလာသေးပေ။
Luo Cheng Yuan က မျက်ခုံးများ ပင့်ကာ ကျယ်လောင်စွာအော်လိုက်သည် “Tang Fan မင်း ကျုပ်တို့ Qing Cheng ဂိုဏ်းကို ကြောက်လို့ အမြီးကုပ်ပြီး ထွက်မလာတာလား”
Tang Fan မကြားမှာတောင် စိုးရိမ်နေသလို သူ့အသံက ပြောစရာမလိုအောင် ကျယ်လောင်လှကာ မိုင်ထောင်ချီပြီးတော့တောင် ပျံ့နှံသွားနိုင်ပေသည်။
“အို့.. Luo ChengYuan မင်းမှာ အဆင့်ကိုး မှော်ဝင်သားရဲတစ်ကောင် ရှိတယ်ဆိုပြီးတော့ အဲဒါက မင်းကတောင်ပိုင်းဒေသကိုတောင် အုပ်စိုးနိုင်မယ်လို့ ထင်မနေနဲ့။ နှစ်ထောင်ချီပြီးတော့ နံပါတ်နှစ်နေရာကနေ နေခဲ့သူတစ်ယောက်ရဲ့ပါးစပ်က ထွက်လာတဲ့ စကားတွေက ပကတိအနတ္တပဲ။ ကျုပ်မင်းကို ဒီနေ့ ရှင်းအောင် ပြောပါရစေဦး ဒီမှာ နှစ်တစ်ထောင် နံပါတ်နှစ်က တစ်သက်လုံး နှစ်တစ်ထောင် နံပါတ်နှစ်ပဲ မင်းဘယ်လောက်ပဲ ကြိုးစားတက်တက် မင်းဘယ်တော့မှ နံပါတ်တစ် ဖြစ်မလာဘူး”
Tian Xin ဂိုဏ်း၏ တောင်ထွတ်အပေါ်ကနေ Tang Fan ဆီက အထင်သေး နှာမှုတ်သံထွက်လာကာ သူ့စကားက ရင်ပြင်မှာ မတ်တပ်ရပ်နေသော လူအများပေါ်ထံမှ အသံများ စီခနဲ ထွက်လာစေသည်။ Tang Fan က ဒီလို မာနထောင်လွှားနေသော စကားများ ဆိုလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။
Lou Cheng Yuan ၏ မျက်နှာက ရုတ်တရတ် လေးနက်သွားကာ သူ့မျက်လုံးများက ခပ်မြန်မြန်ပဲ မှုန်မှိုင်းသွားသည်။ “ မင်းမကြိုးစားကြည့်ရင် မင်းသိမှာမဟုတ်ဘူးလေ ဘယ်သူက ထာဝရနံပါတ်နှစ်လဲ ဆိုတာ ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားမှာ နောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူးလေ ဘာလို့လဲ ဆိုတော့ အခုပဲ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျုပ်ကာ Tian Xin ဂိုဏ်းကို ဖြိုချဖို့ လွှတ်လိုက်ပြီမို့ပဲ”
သူကစကားများ ထွက်ပေါ်လာပြီးသည်နှင့် ဆန့်ကျင်ဘက်တောင်များဆီမှ အရိပ်မည်းများ ဒါဇင်နှင့် ချီပြီး ထွက်လာသည်။
လေတိုးသံကာ နောက်တစ်ခါထွက်လာကာ သိပ်မကြာခင်ပဲ Luo ChengYuan၏ မျက်နှာချင်းဆိုင်တွင် လူများရောက်လာပြီ ဖြစ်သည်။ သူတို့ကို Tang Fan က ဦးဆောင်ကာ သူ့နောက်ကျော်မှာတော့ Tian Xin ဂိုဏ်း၏ စစ်သည်များဖြစ်ကာ Qing Chengဂိုဏ်းလိုပဲ အနိမ့်ဆုံးအဆင့်ကာ လအဆင့်ဖြစ်သည်။
နှစ်ဖက်စီတန်းပြီး ရပ်နေကြတာမှာ နှစ်ပေါင်းထောင်ချီပြီးမှာမှ ရှားပါးသည်ထပ်တောင် ရှားပါးလှကာ ရင်ပြင်တွင် လာစုဝေးနေသော လူအများက သူ့တို့မျက်လုံးများကို ပြူးနေအောင် ဖွင့်ကာ ဒီပုံရိပ်ကို သူတို့ ရင်ထဲတွင် စူးနစ်နေအောင် မှတ်သားထားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အခန်းထဲတွင် ပုန်းအောင်းနေဆဲ ဖြစ်သော You XiaoMo တောင် သူတို့နှစ်ဦး၏ အသံကို ကြားနိုင်သည်။
စစ်မြေပြင်၏ အခြေအနေကို သူ့ကို ပြောပြပေးရန်အတွက် တစ်ယောက်ယောက်တော့ လိုသည်ဟု သူတွေးပေမယ့် ဒီလိုကြီး အတိုင်းသား ကြားလိုက်ဖို့တော့ မမျှော်လင့်ထားပေ။ ဒီနှစ်ယောက်က ဒီလိုအကျယ်ကြီး ပြောရန် အင်အားတွေတော့ သုံးရပေလိမ့်မည်။
SheQiu က You XiaoMo အိပ်ယာပေါ်တွင်း ပျင်းရိပျင်းတွဲ လှဲလျောင်းနေရာမှ ရုတ်တရတ်ကြီး ကန့်လန့်ကာ နောက်ကနေ ထွက်လာကာ သူ့အကြံကို ခွင့်ပြုချက်တောင်းတော့သည် “သခင် သွားမကြည့်ချင်ဘူးလား”
You XiaoMo က စာအုပ်တစ်အုပ်ကို ကိုင်ထားလျက်ကနေ ခေါင်းလေးမတ်ကာ “မင်းက ငါ့ကို အပြင်ခေါ်သွားချင်တာပေ့ါ”
SheQiuက သူ့ကို ဒီအခန်းကနေ အပြင်မထွက်စေချင်လောက်ဖူးဟု သူထင်ထားတာပင် အခုတော့ SheQiu ကတောင် သူကို့ အပြင်ခေါ်သွားဖို့ သူ့ဘာသာသူအဆိုပြုနေတာသည်။ ဒီမှာ တစ်ခုခုတော့ လုံးဝမှားနေပြီ သုို့သော်လည်း သူကလည်း တိုက်ပွဲကို သူ့မျက်လုံးနှင့်သူကြည့်ရဖို့လဲ တကယ်စိတ်ဝင်စားလှသည်။
SheQiuက ခေါင်းညိမ့်ကာ “ဒါပေါ့”
သူဘာတွေ တွေးနေသလဲဆိုတာ သူမသိပေမယ့် You XiaoMo စိတ်မ၀င်စားပေ Ling Xiao များ စစ်မြေပြင်ကို သွားခဲ့သည် ရှိသော် သူလဲ တွေ့နိုင်သည်မို့ သူသဘောတူလိုက်သည်။
သူတို့နှင့် တစ်ပါတည်းပါလာသည်က ဘောလုံးအသင်းတစ်ခုလုံးပင် သူတို့လည်း နယ်မြေထဲမှာ မနေချင်ကြပေ ဘာလို့ဆိုတော့ သူတို့သာ အထဲမှာ နေလျှင် ဒီလို ပျော်စရာကောင်းတာကို လွတ်သွားလိမ့်မည်။ You XiaoMo မှာ ရွေးစရာ မရှိတော့ပဲ အကုန်လုံးကို အသေးစားပုံစံလေးတွေအဖြစ် ပြောင်းခိုင်းကာ သူ့အကျီ င်္ထဲ ထည့်ကာ ဖုံးထားရသည်။
တောင်ထွတ်ကနေ ထွက်ရန်အတွက်က သူ Tang Fanလွှတ်ကာ သူ့ကို စောင့်ကြည့်ခိုင်းထားသော သူများကို ရှောင်ရှားရပေမည်။
မည်သို့ပင် ဆိုစေကာမူ ဒါက You XioaMoအတွက် ကိစ္စအကြီးကြီးမဟုတ်ပေ။ Tang Fan က သူ့ကို မှော်ဆရာပေါက်စနဟုသာ တွေးထားရာ သူ့အတွက်လွှတ်ထားသော သူလျှိုက ကြယ်အဆင့် ကြယ်သုံးပွင့်သာ ရှိသည်။
သူ နယ်မြေထဲဝင်ကာ သူ့နယ်မြေကို ဖြည်းဖြည်းချင်း ရွေ့လျားစေကာ တောင်ခြေက Tian Xinဂိုဏ်း၏ ရင်ပြင်ရှိရာကို ဦးတည်လျှင် အဲဒိကိုရောက်ရင်တောင် သူ့မှာ ချွေးတောင် တစ်စက်မထွက်နိုင်ပေ။
သို့သော်လည်း You XiaoMo အပြင်ထွက်ဖို့ အသင့်ဖြစ်နေချိန်တွင် မြေကမ္ဘာတောင်ထွတ်က ဂိုဏ်းသားတစ်ယောက်က ရုတ်တရတ် သူ့ကို လာရှာသည်။
You XiaoMo က ဒီလူကို မှတ်မိသည်။ သူနောက်ဆုံးတစ်ခေါက် Kong Wen ကို တွေ့ဖို့သွားတုန်းက Kong Wenခြံထဲတွင် အမှိုက်လှည်းနေသောသူပင်။ အဲဒိလူက Zhu An ဆိုလား ဘာဆိုလားဟု ခေါ်သည်။
Zhu An ကပြောသည် “ညီလေးYou. နှောင့်ယှက်ရတာတော့ အားနာပါတယ် ဒါပေမယ့် ညီလေး ငါနဲကလိုက်လာမှ ဖြစ်မယ် တောင်ထွတ်သခင်က ညီလေးကို တွေ့ချင်နေတယ်”
You XiaoMo က ခက်ခက်ခဲခဲနှင့် မျက်ခုံးလေးပင့်ကာ Kong Wen က သူ့ကို ဒီအချိန်ကြီး ခေါ်တွေ့သည်မှာ ကောင်းသော ကိစ္စတော့ မဟုတ်ပေ။ သူပြန်မေးလိုက်သည် “အစ်ကိုZhu ဆရာ ဘာလို့ ကျွန်တော့ကို ခေါ်တာလဲ အစ်ကိုသိလား”
Zhu An က မတုန်မလှုပ်မျက်နှာနှင့် “မသိဘူး ညီလေးYou လိုက်သာ လိုက်ခဲ့ပါ မကြာခင် သိရမှာပေ့ါ”
သူ့စကားဆုံးသည်နှင့် You XiaoMo ကသူနှင့် လိုက်မည်ဆိုတာ သေချာပုံနှင့် လှည့်ထွက်သွားသည်။
You XiaoMoကတော့ တစ်ခဏတော့ တုန့်ဆိုင်းသွားသေးသည်။ သူ့မှာ မတတ်သာပဲ ခေါင်းသာ ခါကာ လိုက်သွားရသည်။ သူနှင့် Kong Wen၏ ဆက်ဆံရေးမှာ တကယ့်ကို တိုးတက်ဖို့လို့သည် ဒါမှမဟုတ် သူ့အစ်ကိုနှစ်ယောက်သာ ဒါကိုသိသွားလျှင် သူစိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။ အဲဒိအပြင် သူသား ဒီအခွင့်အရေး လွတ်သွားလျှင် နောက်ထပ်အခွင့်အရေးမရှိတော့ဟု သူခံစားနေရသည်။
၀န်းကြီးထဲက ခြံဝန်းလေးမှာ် အရင်က အတိုင်းပင် ကံမကောင်းစွာနှင့် သိပ်မကြာသော လအနည်းငယ်မှာ နေရာတွေကတော့ ကျန်နေသေးပေမယ့် လူတွေကတော့ မရှိတော့ဘူးပင်။
Zhu An က တံခါးဆီသို့ လျှောက်သွားကာ လေးစားစွာဖြင့် “တောင်ထွတ်သခင်။ ကျွန်တော် ဆရာ ခေါ်ခိုင်းသူကို ခေါ်လာပြီးပါပြီ”
တစ်ခဏအကြာတွင် အခန်းတွင်းထဲကနေ Kong Wen ၏ အသံခပ်မှိုင်းမှိုင်းထွက်လာသည် “မင်း အပြင်ထွက်သွား စောင့်ကြည့်နေ ငါ့ခွင့်ပြုချက်မရပဲ ဘယ်သူ့ကိုမှ မ၀င်စေနဲ့”
Zhu An က ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့ တောင်ထွတ်သခင်”
You XiaoMo က တံခါးကို တွန်းဖွင့်ကာ အထဲကို ၀င်သွားတော့ Kong Wen က လက်နောက်ပစ်ကာ ပြတင်းပေါက်ဘေးတွင် မတ်တပ်နေကာ အရင်တစ်ခေါက်က အတိုင်းပင် တစ်ခုတည်းသော ကွာခြားချက်ကတော့ ပြတင်းပေါက်ဘေးက အဆင့်ရှစ်ဆေးပင် မီးတောက်ပန်းပင်ကတော့ အဲဒိမှာ မရှိတော့ပေ။
You XiaoMo ကသူ့နောက်ကျောအထိ လမ်းလျှောက်သွားကာ ဂရုတစိုက်မေးလိုက်သည် “ဆရာ ကျွန်တော့်ကို အလိုရှိတာပါလား”
Kong Wen က လှည့်လာသည်။ သူ့ရဲ့အေးစက်စက်မျက်နှာက အခုတော့ မမျှော်လင့်ထားအောင်ကို နူးညံ့သော အပြုံးတစ်ခုနှင့်ဖြစ်ကာ သူ့ကို ကြင်နာမှုအပြည့်မျက်လုံးများနှင့် ကြည့်နေကာ သူက အမြဲတမ်း ကြင်နာတတ်သော အကြီးတစ်ယောက်ပုံမျိုး ဖြစ်နေသည်။
You XiaoMo က ရုတ်တရတ် သူကတစ်ကိုယ်လုံး ကြက်သီးတွေ ထလာကာ သူ့ဦးနှောက်ထဲကနေ နှိုးစက်တစ်လုံး ထမြည်လိုက်သလိုပင် ဒီနေ့တော့ Kong Wen တစ်ခုခု မှားနေပြီ။
Kong Wen က ရယ်ကာ “မလန့်ပါနဲ့ သတ္တမလေး ဆရာ မင်းကို ခေါ်ရတဲ့ အဓိက အကြောင်းက မင်းနဲ့ စကားပြောချင်ယုံပါ”
You XiaoMo ပါးစပ်က တွန့်ခနဲ ဖြစ်သွားကာ အပြုံးတစ်ပွင့်ဖြစ်အောင် ကြိုးစားလိုက်ပြီး “ဆရာ ကျွန်တော့်ကို ဘာများ ပြောချင်လို့ပါလဲ”စကားပြောဖို့ဟုတ်လား ကျွန်တော်က ခင်ဗျားကို ယုံရလောက်အောင် တုံးအနေမှပဲ သူက Kong Wen နှင့် စကားကောင်းပြောနေဖို့ ခံစားချက်မရှိပေ။
Kong Wen က “သတ္တတပည့်လေး မင်းလဲTian Xin ဂိုဏ်းရောက်တာ အခုဆို တစ်နှစ်လောက် ဖြစ်တော့မယ် မင်းရဲ့ဆရာအနေနဲ့ ဆရာက မင်းကို အများကြီး မသင်ပေးနိုင်တော့ ဆရာ့ကိုတော့ မပြစ်မတင်ပါဘူးနော်”
You XiaoMo က ခေါင်းလေးငုံကာ “မတင်ပါဘူးဆရာ။ ဆရာအလုပ်များတာ တပည့်သိပါတယ်”
နောက်ဆုံးစကားလုံးကို ပြောတော့ You XiaoMo က မသိမသာလေး လေသံလေးမြှင့်ပြောလိုက်သည်။
Kong Wen ကတော့ သူနားမလည်သလို ဟန်ဆောင်ကာ “ဒါဆိုလည်း တော်သေးတာပေ့ါ ဒါပေမယ့် ဆရာ မမျှော်လင့်တာတော့ တစ်နှစ်တောင် မရှိသေးတဲ့ အချိန်မှာ တပည့်လေးနဲ့ ပထမတပည့်ကြီးနဲ့ ဒုတိယတပည့်တို့ကြားက ဆက်ဆံရေးက အခြားသူတွေထက်တောင် ပိုနီးနီးကပ်ကပ် ရှိသွားတယ်နော်။ ပထမတပည့်ကြီးက သတ္တမလေးကြောင့် ဆရာ့စကားကို မနာခံတဲ့အပြင် အမြဲတမ်းအေးစက်စက်နေတတ်တဲ့ ဒုတိယတပည့်ကတောင် သတ္တမတပည့်လေးအတွက် ပြောပေးသေးတယ် အဲဒါက ဆရာ့ကို အံသြသွားစေတာ။ သတ္တမတပည့်လေး ဒီဆရာကို ပြောပြပေးနိုင်မလား တပည့်လေးက အစ်ကို နှစ်ယောက်ကို ဘယ်လိုအကျိုးစီးပွားတွေဖြစ်စေလို့ သူတို့က တပည့်လေးကို စပြီးတော့ ကာကွယ်ပေးရတာလဲ”
You XiaoMo က Kong Wen၏ နက်ရှိုင်းလှသော မျက်လုံးများကို မဖတ်နိုင်ပဲ သူနောက်တစ်လှမ်းဆုတ်ကာ ပြန်ဖြေလိုက်သည် “ဆရာ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို တို့ကို ဘယ်လိုလူမျိုးလို့ ဆရာထင်ပါသလဲ။ သူတို့က ဆရာကိုယ်တိုင် လေ့ကျင့်ပေးတဲ့ တပည့်တွေပါ သူတို့အကြောင်းကို ရှင်းရှင်းလင်းလင်းသိသူက ဆရာပဲ ဖြစ်မှာပါ။ သူတို့က အကျိုးစီးပွား အနည်းအကျဉ်းလောက်နဲ့ သူတို့ဘ၀ရဲ့ နေထိုင်ပုံတွေကို စွန့်လွှတ်လိမ့်မယ်လို့ ထင်လားဆရာ”
Kong Wen က ရယ်ကာ “ဒါပေ့ါ ဆရာက သူတို့ကို ရှင်းရှင်းလင်းလင်းအသိဆုံး ဖြစ်သင့်တာပေ့ါ ဒါကြောင့်ပဲ ဒါက အရမ်းထူးဆန်းတယ်လို့ ဆရာထင်နေတာလေ။ မင်းက လူတွေအများကြီးထဲကမှ ဆရာ့ရဲ့ ဂုဏ်ယူရတဲ့ တပည့်နှစ်ယောက်ကို မင်းဘက်ကို ဆွဲလိုက်တယ်လေ ဆရာ့ကိုတောင် မနာခံအောင် ဘာလို့ လုပ်လိုက်တာလဲလို့”
You XiaoMo က “ဆရာ ဆရာတပည့်ကို မေးတာကို ဘာလို့ ကိုယ့်ကိုကိုယ်အရင် မမေးတာလဲ။ ပထမ ဆရာက တပည့်ကို ဆရာ့တပည့်အဖြစ်ခေါ်ယူလိုက်တယ။် ပြီးတော့ တပည့်ကို ဆရာက လျစ်လျူရှုပြန်တယ်။ အစ်ကိုကြီးက အဲဒါကို သတိပြုမိပြီးတော့ တပည့်ကို ပိုပြီးတော့ စတင်ကြည့်ရှုပေးလာတယ်။ နောက်တော့ ခင်ဗျားကပဲ ကျွန်တော့်ကို ခက်ခဲနိုင်သမျှခက်ခဲအောင် လုပ်လာတယ်။ ခင်ဗျားက ကျွန်တော့်ကို ဘယ်တုန်းကမှ တပည့်တစ်ယောက်အဖြစ် သင့်တော်တဲ့ဆက်ဆံမှု မပေးခဲ့ဘူး အဲဒါကိုရော ဘယ်လိုထင်လဲဟင်”
Kong Wen က သူ့ကိုရည်ညွန်းပြောဆိုမှုက ယဉ်ကျေးတာကနေ သာမာန်ဆန်လာတာက သတိပြုမိသွားကာ သူ့အမူအယာက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားကာ “မင်းက ငါ့ကို အပြစ်တင်နေတယ်ပေ့ါ”
You XiaoMo က ခေါင်းခါကာ “မဟုတ်ပါဘူး ကျွန်တော်မတင်ပါဘူး။ ကျွန်တော်က အမှန်ပဲ ပြောတာ”
Kong Wen က “ငါ နောင်တအရဆုံး ငါ့ဘ၀ လုပ်ခဲ့သမျှထဲမှာ အဆိုးဆုံးအရာကလေ မင်းကို ငါ့တပည့်အဖြစ် လက်ခံခဲ့မိတာပဲ”
You XiaoMo ကလည်း “ကျွန်တော်လည်း အတူတူပဲ”
Kong Wen မျက်လုံးများက အေးစက်သွားကာ “You XiaoMo ငါမင်းကို ကွေ့ဝိုက်ပြီး လုပ်မနေတော့ဘူး Lin Xiao ကလည်း ဂိုဏ်းချုပ်ကြီး အကျဉ်းချထားတာ ခံထားရတယ် မင်းကလည်း သူနဲ့ ရင်းနှီးမှုရှိနေတည်းက ဂိုဏ်းချုပ်ကလည်း မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ မင်းအသက်ဆက်ရှင်ချင်တယ် ဆိုရင် မင်းလက်ထဲက အရာတွေ ငါ့ကို လက်လွှဲပေးရင် ငါက မင်း Tian Xian ဂိုဏ်းကနေ လုံလုံခြုံခြုံထွက်ခွာနိုင်မယ်လို့ အာမခံပေးနိုင်တယ်”