သို့....(completed)
By KhunSat001
211K 11.7K 269
မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလ... More
သို့.....(Intro)
Part-1
Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
ဇာတ်သိမ်း(final Part)
Part-8
3.2K 232 4
By KhunSat001
သို့......
အပိုင်း၈
လွန်းသာ မလုံမတို့နဲ့အတူ လယ်ထဲစဆင်းနေရသည်။လယ်ထဲမှာ ကောက်စိုက်နေတုံး တာရိုးပေါ်ကနေ ဆရာလေးတိမ်တိုက်ကို တွေ့လိုက်ရသည်။ ဆရာလေးက အင်္ကျီလက်ရှည်ကိုခေါက်တင်ထားကာ ပုဆိုးအနီကို ဒူးနားအထိ လက်တစ်ဖက်နဲ့ ဆွဲမထားသည်။
သူ့ကိုလှမ်းကြည့်နေတဲ့ လွန်းသာတို့ကို လက်ဝှေ့ယမ်းပြနေသည်။
"ဟေ... လွန်းလေးရေ ဆရာလေးက တို့တွေကို ခေါ်နေတာနဲ့တူတယ်နော်....."
"အင်းဟုတ်မယ် လာသွားမယ်လေ....."
လွန်းသာတို့ လယ်ထဲက ပြန်တတ်လာကျသည်။ ကိုယ်စီ ဆောင်းထားတဲ့ ကျောထိရှည်တဲ့ ခမောက်ရှည်ကြီး ခေါင်းမှချွတ်လိုက်ကျသည်။ နေအရမ်းပူရင် ခမောက်အတွင်းပါ ပူတတ်တာမို့ ဖျင်စကို ခေါင်းပေါင်းထားတာကို ဖြည်လိုက်ကျရသည်။
ဖျင်ခေါင်းပေါင်းကို ဖြည်လိုက်မှ သုံးဦးသာ ခေါင်းချွေးတွေထွက်က ဆံစတွေကော နာဖူးပြင်မှာပါ ချွေးတွေသီးနေတော့သည်။ဆရာလေးတိမ်တိုက် လွန်းသာအနားလေးရောက်လာကာ လက်ကိုင်ပုဝါလေးထုတ်ကာ
"ရော့ ချွေးသုတ်လိုက်အုံး...."
"အမလေး ဆရာလေးတို့များ မျက်နာသိပ်လိုက်တာပဲနော် စိန်မတို့လည်း ချွေးထွက်ပါတယ်...."
မစိန်မက ဆိုလာတာကြောင့် တိမ်တိုက်မျက်နာ တော့ပူမိသွားသည်။ သူကလည်းသူပင် သုံးယောက်ရှိတာ တစ်ယောက်တည်းကွက်ပြီး မျက်နာသုတ်ဖို့ပေးတာကြောင့်ပါ။
လွန်းသာ နေရထိုင်ရတာ အနည်းငယ် ကသီ့ကအောင့် ဖြစ်မိပေမယ့် ထိုသို့စနောက်မူ့မျိုးကို သဘောကျသလိုလိုတော့ ဖြစ်သည်။ ဆရာလေးတိမ်တိုက်ပေးတဲ့ လက်ကိုင်ပုဝါ အပြာလေးကို ယူကာသုတ်လိုက်သည်။
"မဟုတ်ရပါဘူး မစိန်မရယ်...."
"ကဲ စိန်မ မစပါနဲ့ဟာ ကျုပ်တို့ဆရာလေးမျက်နာက ခရမ်းချည်သီးလို ရဲနေပြီတော့...."
ပဆရာလေးမျက်နာကို မသိမသာလှမ်းကြည့်လိုက်မိသည်။ ချွေးသုတ်ပြီး လက်ကိုင်ပုဝါကို ပြန်ကြည့်လိုက်မှ အားတောင်နာသွားမိသည်။ မိမိကိုယ်ကို သေနပ်ခါးတွေအများကြီးလိမ်းလာတာ သတိမထားမိပဲ သုတ်လိုက်တာ အပြာရောင် လက်ကိုင်ပုဝါလေးက သေနပ်ခါးအဝါတွေစွန်းသွားရတော့သည်။
"အယ်...စွန်းကုန်ပြီ....သားကိုပေးလိုက်နော်ဆရာလေး ပြန်လျှော်ပေးမယ်...."
"အာ...နေပါစေ ပေးပေး ကိုယ့်ဘာသာပဲ လျောလိုက်မယ်...."
"မဟုတ်တာ အားနာစရာကြီး...."
ဆရာလေး က သူ့လက်ကိုင်ပုဝါကို ကျွန်တော့်လက်ထဲက ပြန်ယူကာ သူအင်္ကျီအိတ်ထောင်ထဲပြန်ထည့်လိုက်သည်။သေနပ်ခါးဆိုလို့ အိမ်အကိုကို တောင်သတိရမိတယ်။ အကိုသွေးပေးတဲ့ သေနပ်ခါးတော့ ပျက်ကုန်ပြီပဲ။
မလုပ်စဖူး သေနပ်ခါး ထသွေးပေးထားတာကို ပျက်ကုန်ပြီပဲ။
"လာရင်းကိစ္စတောင်မေ့ကုန်ပြီ ကျွန်တော့်တို့ ဆေးခန်းမှာ မမြက သူ့အိမ်မှာ အလှူလုပ်လို့ မုန့်ဟင်းခါးတွေ ပို့လိုက်တယ်ဗျ လိုက်စားကျပါလား...."
"ဟယ်တကယ်လား အမလေး စားရကံပါလိုက်တာနော်...."
"ဟုတ်ပေါ့တော် လာလွန်းလေး ဆရာလေးနဲ့လိုက်သွားရအောင်လေ...."
နေကိုကြည့်တော့ မွန်းတည့်တော့မည် ဒီချိန်ဆို အကိုထမင်းလာပို့ဖို့ အချိန်က နာရီဝက်လောက်ပဲ ကျန်တော့သည်မို့ မလုံမ ဆွဲခေါ်နေတဲ့ လက်ကို ပြန်ဆွဲလိုက်ကာ
"ဟိုလေ ဘယ်နှစ်နာရီ ရှိပြီလဲဆရာလေးခဗျ....."
ဆရာလေးက သူ့ပုဆိုးခါးကြားမှ ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။
"အင်းနေ့လယ်၁၁ထိုးတော့မယ် လွန်းလေး ဘာဖြစ်လို့လဲ....."
"ဟိုလေ....အိမ်က ထမင်းလာပို့ချိန်နီုးနေပြီမို့လို့ပါ....မလိုက်တော့ဘူးခဗျ....."
ဆရာလေးတိမ်တိုက်မျက်နာ သိသာစွာ ပျက်ယွင်းသွားသည်။ သို့သော်လွန်းသာမှာမတတ်နိုင် ထမင်းဟင်းတွေ နှမြှော်ရသလို တကူးတက လာပို့မယ့် အကို့ကိုလည်း အားနာလို့ဖြစ်သည်။
"အမလေးလွန်းလေးရယ် နာရီဝက်ကျော်ကျော်တောင် လိုပါသေးတယ် မုန့်ဟင်းခါးစားတာ ဘယ်လောက်မှ မကြာပါဘူးဟယ် လာစမ်းပါ....."
"အင်းပါ လိုက်မယ် ..."
လွန်းသာမသိလိုက် တိမ်တိုကိမျက်နာသည် အရမ်းလန်းသွားကာ အပြုံးတို့ တောက်ပသွားသည်ကို။ လွန်းသာလိုက်သာလာခဲ့ရတယ် လယ်ထဲ နောက်ပြန် လည်ပင်းရှည်မတတ် လှမ်းမျှော်ကြည့်ရင်းပါလာခဲ့သည်။
အကိုသူ့တို့ကို မတွေ့ရင် စိတ်များပးနေမလား။ စိတ်ဆိုးပြီး ပြန်သွားမလား။ ဒါမှမဟုတ် အရင်တစ်ခါကလို သူတို့မသိအောင် လယ်ထဲဆင်းပြီး ကောက်ကူစိုက်ပေးနေအုံးမှာလား တွေးပူနေမိသည်။ နေပူထဲကလာရင်း သူတို့မရှိလို့ အမောများဆို့သွားမလားလို့လဲ လွန်းသာ ပူပန်နေရပြန်သည်။
စားပွဲလေးမှာ သုံးယောက်သားထိုင်နေတုံး စိတ်က လယ်ထဲရောက်နေသည်။ ရောက်နေပြီလား ရောက်နေပြီလားလို့ ဖင်မငြိမ်နိုင်အောင် ဖြစ်နေမိသည်။
"မောင်လေးလွန်း စားနော် မမမြအိမ်မှာ အလှူလုပ်လို့....."
"ဟုတ်ကဲ့ မမမြ...."
ရှေ့မှာ ရောက်နေတဲ့ မုန့်ဟင်းခါးကို မလှုပ်တလှုပ်စားနေတဲ့ လွန်းသာကို တိမ်တိုက် ကြည့်ရင်း ဘဝင်မကျမိ။ အဲ့လူလွန်းကြီး ရောက်လာကတည်းက လွန်းလေးသည် အရင်ကလောက် ဆေးခန်းမလာတော့ အရင်က သူဆီလာရင် သူကို နားညီးမတတ်စကားတွေ တွတ်ထိုးနေတတ်တဲ့ ကောင်လေးက ခုတော့ စိတ်တွေ တခြားရောက်နေဟန်ရှိသည်။ တိမ်တိုက် မချင့်မရဲဖြစ်မိသည်။
တိမ်တိုက်တင်မက မမြကလည်း မောင်လေးလွန်းကို ထူးဆန်းသလို ခံစားနေမိသည်။ အရင်တတ်ကြွနေတဲ့ ပြာနေတဲ့ကောင်လေးက လယ်ကွင်းထဲပဲ ငေးနေသည်။
"မောင်လေး ဘာဖြစ်နေတာလဲ...."
"အမလေး မြရေ လွန်းလေးက သူ့အကိုထမင်းချိမ့်လာပို့ရင် သူမတွေ့မှာ စိုးလို့တဲ့ တော်ရေ....."
"ဟုတ်လား...မမွန်ရဲ့...."
"ဟုတ်ပေါ့တော်ရေ....သူ့အကိုလွန်းကြီးကို အတော်ချစ်နေတယ်....."
"အာ...မစိန်မကလည်း....စားစား ပြီးရင်သွားကျမယ်.... "
ချစ်နေတယ်....ချစ်တယ်....ချစ်တာက ဘာလဲ။ ဘယ်လိုအရာကို ချစ်တယ်လို့ပြောတာလဲ။ အကိုကို အခုစိတ်ပူတာထက် အားနာတာ အိမ်ကနေ လှည်းနဲ့လာတာတောင် အတော်ကြာတာကို အကိုကလမ်းလျှောက်လာရတာ​ေ လ။ ပြီးတော့ နေပူကြီးထဲမှာမို့ ပင်ပင်ပန်းပန်းလာပို့တဲ့အကိုကို အားနာမိတာကြောင့် နောက်ဆံမတင်းဖြစ်နေရသည်သာ။
"အားးး...အ့...."
"ဆရာလေးရေ လုပ်ပါအုံးရှင့် ကယ်ပါအုံး....."
"လုပ်ပါဆရာလေးရေ....​သာရင် ခြေထောက် သံစိုက်ထားလို့ဗျ လုပ်ပါအုံးဗျာ......"
ဆေးခန်းရှေ့က ဆူဆူညံညံအော်သံတွေကြောင့် လွန်းသာတို့ အဖွဲ့အပြင် ဆရာလေးတို့ကပါ အလန့်တကြားထွက်ကြည့်ကျသည်။ သာရင်ရယ် ကိုသူရရယ် အရီးမယ်ထွေးရယ်ဖြစ်သည်။ အရီမယ်ထွေးက ကိုသူရအမေဖြစ်သည်။သာရင်က ကိုသာထူးရဲ့ ညီဖြစ်သည်။ကိုသူရဟာ ရွာရဲ့ဆန်စက်က အလုပ်သမားဖြစ်သည်။
သာရင်မှာ ခြေဖဝါးကနေ ခြေဖမိုးထိ သံချောင်းတစ်ခုက ထိုးဖောက်ထားသည်။သွေးများဟာရဲရဲတောက်နေသည်။ ဆရာလေးတို့မမမြတို့မမွန်တို့ ပြာပြာသလဲတွဲခေါ်ကာ အရက်ပျံတွေလောင်း ရေတွေလောင်း နဲ့ အလုပ်များနေကျသည်။
"မလုံမတို့ လယ်ထဲအရင်ပြန်နှင့်နော် ...."
"အေးအေး...."
မလုံမတို့ထွက်သွားတော့မှ ဆရာလေးတိမ်တိုက်တို့က သံကိုဆွဲထုတ်ပြီး အဝတ်အသန့်တို့နဲ့ အပေါက်ဖြစ်နေတဲ့ နေရာကို သွေးမယိုအောင် အမြန်ဆို့ကျသည်။ ဒီဖြစ်ရက်ကိုမြင်တော့ အကိုစရောက်တဲ့ အချ်ိန်ကို သတိရမိသည်။ အကို့ကိုလည်း ခုထိအသည်းအသန် ကုခဲ့ရသည်။ ဆရာလေးတိမ်တိုက်သည် သိပ်တော်လွန်းသော ဆရာဝန်ဖြစ်သည်။
သွေးတိတ်တာနဲ့ အနားကိုချုပ်ကျတော့သည်။ အတွင်းပိုင်းတွေပါ ချုပ်တာကြောင့် အတော်ကြာသည်ထိမပြီ။ နာရီဝက်ကြာမှပြီးတော့သည်။သံဆိပ်မတတ်အောင်ပါ ဆေးထိုးရသည်။
ဆရာလေး လက်ရေဆေးနေတုံး လွန်သာအနားသွားလိုက်သည်။ လက်ဆေးနေရာသည် သီးသန့်မရှိ ဆေးရုံရှေ့ရဲ့ အဆောက်အအုံအပြင်ထောင့်မှာ ရေပိုက်ကလေးတစ်ခုနဲ့ ဆပ်ပြာခွက်လေးသာရှိသည်။ ဆရာလေးဆေးနေတုံး လွန်းသာစောင့်နေလိုက်သည်။
လက်ဆေးပြီးတဲ့ ဆရာလေးက လွန်းသာဘက်လှည့်လာကာ လွန်းသာကိုမြင်တော့
"ပြောစရာရှိလို့လား လွန်းလေး...."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ဆရာလေး....."
"အမ်...ဘာကိုလဲကွ...."
"အကိုအတိတ်ကို အရင်တုံးက ခုလိုပဲ ကာကွယ်ပေးခဲ့လို့လေ...."
"အာ..ရပါတယ်....ခနခနကျေးဇူးတင်စရာမလိုပါဘူး...."
တိမ်တိုက် တစ်ခုခုကိုသိနေသည်။ ကာယကံရှင်ဖြစ်သော ဖြူစင်တဲ့ ကောင်လေးက သူ့အကြောင်းသူမသိပေမယ့် တိမ်တိုက်သိနေသည်။ထို့ကြောင့် မျက်နာကိုအတတ်နိုင်ဆုံး အားတင်းကာ ပြုံးထားလိုက်သည်။
"ကိုယ်မင်းကို ခနဖက်လို့ရမလား ညီလေးတစ်ယောက်လို....."
"ခဗျာ အယ်.....မရဘူးဗျ...."
"အင်းပါကွာ...."
လွန်းသာမတတ်နိုင် အဖက်မခံချင် သူစိမ်းတစ်ယောက်ဆီက ဖက်တာမခံချင်ပါ။ မခံနိုင်ပါ။ ပြီးတော့ ဘာကိုစိတ်မလုံသလို ဖြစ်နေလဲ သူကိုယ်တိုင်တောင်မသိတော့ပါ။
"အိုးး....မူးလိုက်တာကွာ....."
တမ်တိုက်နာရီဝက်ကြာလောက် လူနာကို အသည်းအသန်အာရုံစိုက်နေရတာကော နာကျင်သွားတဲ့ စိတ်ကြောင့်ပါ ခေါင်းကရိပ်ခနဲ မူးလာသည်။ ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကြောင့် ဘေးက ကောင်လေးရဲ့ ပုခုံးကို လက်နဲ့ အသာကိုင်ပြီးထိန်းလိုက်သည်။
လွန်းသာ သူ့ပုခုံးကို ကိုင်ကာ ခေါင်းမူးတယ်လို့ ပြောနေတဲ့ ဆရာလေးကိုယ်ကို ခါးကနေ ပြန်ကိုင်လိုက်ကာ ထိန်းလိုက်သည်။ ဆရာလေးလက်နောက်တစ်ဖက်ကပါ သူပုခုံးပေါ်ရောက်လာတာကြောင့် သူ့ကိုယ်လေး ဆရာလေးကိုယ်ထဲ နစ်ဝင်သွားသလိုဖြစ်သွားသည်။
"ဆရာလေး ရရဲ့လားဗျ...."
"အင်း ရပါတယ် နည်းမူးနေလို့ပါ...."
ပြောလို့မဆုံးသေး ဘယ်ကမှန်းမသိတဲ့ အကိုကထွက်လာကာ ဆရာလေးအား ဆွဲထိုးတော့သည်။
ကျွန်တော့်မှာ လန့်သွားရသည်။ ခေါင်းမူးနေတဲ့ ဆရာလေးက အကိုအားကြောင့် မြေပြင်ကို လဲကျသွားသည်။ ဆရာလေးကရှင်းပြနေတာတောင်မရပဲ ဆရာလေးကို ထိုးလိုက်တာကြောင့် လွန်းသာ လွန်းအတိတ်ကို အတော်လေး ဒေါသထွက်သွားရသည်။
အ​ေမ ကပါလာတားနေတာကြောင့်
"အမေ ဆေးခန်းလာပြတာမလား ဆရာလေးနဲ့ နေခဲ့နော်...."
"အေးသား.... သားကြီးရယ်....မင်းကွယ်စိတ်ထိန်းစမ်းပါ...."
"လာခဲ့ခဗျား ကျုပ်နောက်လိုက်ခဲ့...."
လွန်းအတိတ်ကို လွန်းသာ ပြောလိုက်ကာ ရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတော့သည်။ လွန်းအတိတ် လွန်းသာနောက်သို့ လိုက်လာခဲ့သည်။ ဆေးခန်းနဲ့ ခပ်လှမ်းလှမ်းက ဝါးရုံတောလေးနားရောက်မှ လွန်းသာရပ်လိုက်သည်။
လွန်းသာကိုယ်ကို လွန်းအတိတ်ဆွဲလှည့်လိုက်သည်။လွန်သာမျက်နာသည် လွန်းအတိတ်ထင်ထားသလို အဖတ်ခံရလို့ ကြောက်ရွံ ရှက်ရွံနေတာမဟုတ်ပဲ ဒေါသအရိပ်တွေနဲ့ အံကိုကျိတ်ထားပုံသာ မြင်လိုက်ရသည်။
"လွန်းလေး ဘာလို့ ကိုယ့်ကို အဲလိုကြည့်နေတာလဲ လွန်းလေးကို အတင်းဖတ်နေတာ အဲ့ကောင်လေ....."
"ခဗျား ဘာတွေလာပြောနေတာလဲ အဲ့ဒါက ဖတ်နေတာမဟုတ်ဘူးဗျ....."
လွန်းသာအသံဟာ ဒေါသ သံများပါဝင်နေသည်။ စူးရဲသော အကြည့်များ ရှိနေသည်။
"ဖတ်နေတာ မဟုတ်ရင် ဘာလုပ်နေတာလဲ ပြော.....မင်းအဲ့ခွေးကောင်နဲ့ ဘာလုပ်နေတာလဲလို့ ဟမ်....."
" ခွေးကောင်.....ဟ....ရိုင်းလှချည်လားဗျ...."
လွန်းအတိတ်အခုချိန်မှာ ဘာမှမသိ။ ပါးစပ်ကအရိုင်းအစိုင်းတွေသာ ထွက်နေတော့သည်။ ကိုယ်တိုင်တောင် တန်ဖိုးထားမြတ်နိုးရသူကို ခုလိုလူတစ်ယောက်နဲ့ ဖက်နေတာ မြင်ရတာ သူ့အတွက် ပူလောင်လွန်းသည်။
"ဘာကွ...ရိုင်းတယ် ဘာဖြစ်လဲ....မင်းကို သူကဘာလို့ဖတ်နေတာလဲ မင်းကကောဘာလို့ငြိမ်ခံနေတာလဲဟမ် မင်းသာယာနေတာလားပြောစမ်း....."
လွန်းအတိတ် လွန်းသာ ပုခုံးကိူ လှုပ်ရမ်းလို့မေးလိုက်သည်။
လွန်းသာမယုံနိုင် အကိုပါးစပ်ကထွက်လာတာက သာယာနေတာတဲ့။ အကိုသည် သူ့သိက္ခာကိုပါ တစ်ပါတည်းစော်ကားလိုက်လေပြီ ဆိုတာ သူမသိချင်လဲ သိလာသည်။
"ခဗျားက အသက်ကယ်ရကျိုးမနပ်ဘူးပဲ...ခဗျားလိုလူကို ဒီတိုင်းပြစ်ထားလိုက်ရမှာ....ခဗျားက အရိုင်းစိုင်းလူ..... ကျေးဇူးတောင်မထောက်တဲ့လူ.....ဘာဖြစ်လဲ သာယာတယ်လေ ဘာဖြစ်လဲ...."
"လွန်းးးးး....."
"သွား ထွက်သွား ထွက်သွားလို့.... "
လွန်းသာ မိမိကို ကျောခိုင်းကာ ထွက်သွားတဲ့ လူရဲ့ ကျောပြင်ကို ငေးစိုက်ကြည့်နေမိသည်။ ပြောရက်လိုက်တာ စော်ကားရက်လိုက်တာ အကိုရာ။ ပါးပြင်သို့... မျက်ဝန်းမှ မျက်ရည်စများ တသွင်သွင်စီးကျလာသည်။
#####################
သို့......
အပိုင်း၈
"မဟုတ်တာ အားနာစရာကြီး...."
"အင်းပါ လိုက်မယ် ..."
"ဟုတ်ကဲ့ မမမြ...."
"ဟုတ်လား...မမွန်ရဲ့...."
"အားးး...အ့...."
"အေးအေး...."
"အမ်...ဘာကိုလဲကွ...."
"ခဗျာ အယ်.....မရဘူးဗျ...."
"အင်းပါကွာ...."
"အိုးး....မူးလိုက်တာကွာ....."
"ဆရာလေး ရရဲ့လားဗျ...."
အ​မေ ကပါလာတားနေတာကြောင့်
လွန်းအတိတ် လွန်းသာ ပုခုံးကို လှုပ်ရမ်းလို့မေးလိုက်သည်။
"လွန်းးးးး....."
#####################
Continue Reading
You'll Also Like
323K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
54.3K 7.3K 110
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
913K 55.4K 63
******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စ...
2.8M 312K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...