သို့
အပိုင်း၁
အမည်းရောင်ကုန်သဘေင်္ာကြီးပေါ်တွင် လူတစ်စုသည် မှောင်ခိုပစ္စည်းများကို ကူးသန်းသယ်ယူနေကျသည်။
လူတစ်ဦးသည် သဘေင်္ာပေါ်မှ တစ်ဆင့် မြစ်ရေပြင်ကို ငေးကြည့်နေသည်။ နက်မှောင်သော ဆံသားတို့မှာ နောက်လှန်တင်ထားတာကြောင့် ယောက်ကျားပီသသော နာဖူးမောက်မောက်က အထင်းသားဖြစ်နေသည်။ ဖြူစွတ်စွတ် နဖူးပြင်ရဲ့ အောက်နားမှာ နက်မှောင်သော မျက်ခုံးထူထူနှစ်ခုက တည်ကြည်သော အသွင်တစ်ခုကို အရောက်ပို့နေသည်။ မျက်ခုံးတို့ရဲ့ အောက်ဖက်မှာ စူးရှထက်မြက်လှသော စွန်ရဲသဖွယ် မျက်ဝန်းတစ်စုံက ရေပြင်ကို မမှိတ်မသုံ စိုက်ကြည့်နေသည်။ နှာတံဖြောင့်ဖြောင့်ထင်းထင်းက မျက်နာရဲ့ ယောက်ကျားအပီသဆုံးနဲ့ အထင်ရှားဆုံး အစိတ်အပိုင်းဖြစ်နေသည်။ တင်းတင်းစေ့စေ့ထားတဲ့ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံဟာ နီညိုရောင်သန်းနေသည်။ လေးထောင့်ဆက်ဆက်မျက်နာထားသည် ထိုလူအား ခန့်ညားပြီးရင်း ခန့်ညားနေတော့သည်။
ရှည်လျားသော အရပ်အမောင်းပေါ်တွင် အနက်ရောင် အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားသည်။
ဝေလင်းစိုး
သဘေင်္ာ ပေါ်မှာ လိုက်လာရင်း လှိုင်းထနေသော မြစ်ရေပြင်ကြီးကို စိုက်ကြည့်နေမိသည်။ မိမိရဲ့ဘဝသည် လှိုင်းလုံးသဖွယ် အနိမ့်အမြင့် အတတ်အကျများခဲ့သည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။ ကြမ်းတမ်းခဲ့သည်ဟုဆိုရလေမလား။
မြစ်ရေပြင်ကို ပွတ်တိုက်တိုးဝှေ့လာသော လေပြေသည် ကျွန်တော်၏နာခေါင်းဝသို့ ကျီစယ်သွားက သည်။ မြစ်ရေရနံကို ရလိုက်ပြီး အေးစက်သော ခံစားမှု့က ကျ်န်တော်မျက်နာကို ပွတ်ဝဲသွားသည်။လေပူတစ်ချက်ကို ကျွန်တော်ကိုယ်တွင်းမှတစ်ဆင့် အပြင်သို့မှုတ်ထုတ်လိုက်မိသည်။
"ဆရာ....ပြီးပါပြီ အထဲလိုက်ခဲ့လို့ရပြီဆရာ....."
"Ok..."
နောက်မှခေါ်သံကြောင့် ကြည့်လိုက်တော့ မိမိရဲ့နောက်လိုက်ဖြစ်နေသည်။ သူပြောတာကိုသဘောတူစွာ ခေါင်းညိမ့်ပြလိုက်သည်။
ဝေလင်းစိုး သက်ပြင်းကို ခပ်ငွေ့ငွေ့ထပ်မံချလိုက်သည်။ မိမိ သွားဖို့မလိုပေမယ့် ဦးမင်းသုဒီပရဲ့ စေခိုင်းချက်ကြောင့် မလွဲမသွေ ရောက်ရှိနေခြင်း ဖြစ်သည်။
စိတ်ထဲလေးပင်နေပေမယ့်လည်း မိမိလူယုံနောက်သို့ လိုက်လာခဲ့ရသည်။ သွားနေတုံး ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ ကိုင်သင့်သည့်ဖုန်းမို့ ကိုင်လိုက်ရသည်။
"သား...."
"ဟုတ်ကဲ့ဖေဖေ...."
ဖေဖေအသံသည် တစ်ခုခုကို စိုးရိမ်နေပုံရသည်။ အဖျားခတ်တို့သည် တုန်ရီနေသည်။
"သား...မင်း သိထားတဲ့ Mr.Zeeရဲ့ Password နံပါတ်ကို ပြောပြလိုက်ပါ...အ...သား..."
အော်သံလို ကြားလိုက်ရတာကြောင့် မိမိမျက်လုံးများပြူးကျယ်သွားရသည်။ ဖေဖေဘာဖြစ်တာလဲ။ ဘာလို့အသံကြီးဖြင့် အော်ရတာလဲ။ဝေလင်းစိုး ထူပူသွားရသည်။
"ဖေဖေ...ဘာဖြစ်နေတာလဲ...ဘာဖြစ်လို့လဲ...."
"ဖေဖေကို စိတ်မပူနဲ့ ဖေဖေ အတတ်နိုင်ဆုံး တင်းခံနေမှာမို့လို့ အားးးးး....မပြောနဲ့တော့သား.....အားးးးး...."
"ဟယ်လို ဖေဖေ....ဖေဖေ...."
ဘာတွေ ဖြစ်ကုန်တာလဲ ဖေဖေဘာဖြစ်နေတာလဲ။ ကျွန်တော့်ခေါင်းချွေးများပင် ထွက်လာရသည်။ နောက်ကခြေသံကြားတာကြောင့် နောက်ကိုအမြန်လှည့်ကြည့်လိုက်ချိန်မှာပဲ ပြင်းထန်သော ရိုက်ချက်က မေးရိုးကို ခပ်ပြင်းပြင်းထိခတ်သွားသည်။
ထိုရိုက်ချက်အရှိန်ကြောင့် ကျွန်တော်သဘေင်္ာကြမ်းပြင်ပေါ်သို့ လှဲကျသွားရသည်။
ပါးစပ်မှ ငံကျိကျိသွေးများပင်စီးကျလာရသည်။ ရိုက်လိုက်တဲ့ ဘက်သို့ ကြည့်လိုက်တော့ မထင်မှတ်ထားသော လူတစ်ယောက်ဖြစ်နေသည်။ ထိုလူသည် ကျွန်တော်သိပ်ခင်ရပါသော ကျွန်တော့်သူငယ်ချင်းကျော်ဖြိုးဝင်းဖြစ်နေသည်။
သူ့ဘေးက လူသုံးယောက်မှ နှစ်ယောက်က ကျွန်တော့်ကို ချိုင်းကြားကနေ ဆွဲမလိုက်ကျသည်။ကျွန်တော် သည် မယုံနိုင်ခြင်း များစွာဖြင့် ကျော်ဖြိုးကို စိုက်ကြည့်နေကာ နာကျင်ေနသောအံကို ဖိကျိတ်လိုက်ရင်း ဒေါသဖြင့်ဆိုလိုက်သည်။
"ဘာလို့လဲ...ကျော်ဖြိုး မင်းငါ့ကို ဘာလုပ်တာလဲကွ...."
"ဘာလုပ်တာလဲ မင်းမသိသေးဘူးနဲ့ တူတယ်...ခိုင်းလို့လုပ်တာလေ ခိုင်းလို့...."
"ခိုင်းလို့....မင်းကိုဘယ်သူခိုင်းတာလဲ...."
ခိုင်းလို့လုပ်တယ်။ ကျော်ဖြိုးက ကျွန်တော့်ကို သူများခိုင်းလို့ ရိုက်တယ်ဆိုတာ ကျွန်တော်လုံးဝမယုံနိုင်အောင် အံအားသင့်နေမိသည်။ ကျွန်တော်ညီအစ်ကိုလိုတောင် ခင်မင်ခဲ့ကြတာဖြစ်သည်။
ကျော်ဖြိုးသည် ခပ်ထေ့ထေ့ပြုံးရင်း
"အာ မေ့လို့ ခိုင်းတာက တစ်ကြောင်း မင်းကို နဂိုတည်းက ရှင်းပြစ်ချင်တာကတစ်ကြောင်းပေါ့ကွာ....မရှင်းခင်လေး..."
ကျော်ဖြိုး ဘေးနားက တပည့်တစ်ယောက်ကို မျက်စပစ်လိုက်သည်။
"ငါမင်းကို ငါဘာလို့လဲကွ ခွေးကောင် သစ္စာဖောက်ကောင်....အ့.... အ့..."
ခွပ်.....ခွပ်....
ဝေလင်းစိုးမျက်နာပေါ်တင်မက ဗိုက်ပေါ်သို့ပါ ထိုလူ၏ လက်သီးများ တလှည်စပ် ကျရောက်နေတော့သည်။ ဝေလင်းစိုး အသံတောင် ကျယ်ကျယ်ထွက် ဖို့ အားအင်များမရှိတော့။
မျက်နာတစ်ခုလုံး သွေးစများနဲ့ ပေါက်ပြဲဒဏ်ရာတို့မှာ အပြည့်ရှိနေသည်။ သို့သော် သူသည် သူရှေ့မှာထိုင်နေကာ သူ့ကို ပြုံးပြုံးကြီး ကြည့်နေသော သူ့သူငယ်ချင်း ဖြစ်ခဲ့ဖူးသူ ကျော်ဖြိုးဝင်းကိုသာ မယုံကြည်နိုင်ခြင်းများ ဒေါသထွက်ခြင်းများ ခံပြင်းခြင်းများ ပါဝင်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေမိသည်။
မီနစ်အတော်ကြာမှ ကျော်ဖြိုးဝင်း လက်ခုတ်တီးလိုက်ကာ လှုပ်ရှားမူ့တို့ကို တပည့်ဖြစ်သူအား ရပ်ခိုင်းလိုက်သည်။
ဝေလင်းစိုး ကိုချုပ်ထားသော လူနှစ်ယောက်ဖယ်ခွာလိုက်သည်နင့် ဝေလင်း စိုးအားအင်မဲ့စွာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ခေါင်းပင်မဖော်နိုင်ပဲ ငိုက်စိုက်ကျနေသည်။
ထိုချိန် ဝေလင်းစိုး ခေါင်းကို လက်တစ်ကဆွဲမော့လိုက်တော့ အားအင်မဲ့နေတဲ့ သူ့ရဲ့ ခေါင်းသည်ဆွဲ မော့ရာသို့ ပါသွားခဲ့သည်။
"ဘာလို့ လုပ်တာလဲဆိုတော့.... မင်းက ငါလိုချင်တဲ့ အရာကို လုယူခဲ့လို့ပဲကွ....ငါကိုယ်တိုင် မြတ်နိုးခဲ့ရတဲ့ ပန်းတစ်ပွင့်ကို မင်းကခူးပြီးမှ နင်းခြေပြစ်လိုက်လို့ပဲ...."
"ဟ...ဟား...ဟားးးး....နှစ်အကြာကြီး သံယောဇဥ်က ဒီလိုပြတ်လွယ်တာလား ခွေးကောင်ရာ.... လိုချင်ငါ့ပြောလေ ငါပေးမှာပေါ့ကွ....ဟားး....ငါ့အတွက်က မြတ်နိုးလောက်တဲ့ ပန်းမှ မဟုတ်တာ....."
"ဘာ.....တော်ခ်....စိတ်ချပါ မင်းသေရမှာပါ...."
ကျော်ဖြိုးဝင်း ပြောအပြီး ဝေလင်းစိုးရဲ့ မျက်နာကို လက်ထဲမှ လွဲချလိုက်သည်။ ပြန်ငိုက်စိုက်ကျသွားတဲ့ ခေါင်းကို ခပ်မဲ့မဲ့ပြုံးကာကြည့်ရင်း
" ခွေးကောင်.... ကဲကွာ...."
ဒုတ်....ဒုန်း....
တပည့်ဖြစ်သူလက်ထဲမှ တုတ်ကိုယူကာ ဝေလင်းစိုးခေါင်းကို အားကုန်လွဲရိုက်သည်။ အော်သံပင် မကြားလိုက်ရ။တုတ်နဲ့ ခေါင်းတို့ အရှိန်ပြင်းပြင်း ရိုက်ခတ်လိုက်သော သံထွက်ပေါ် လာသည်နှင့်တစ်ပြိုင်နှက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသံစာ ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာခဲ့သည်။
ဝေလင်းစိုး ဝေဝါးနေသော မျက်လုံးများမှ မျက်ရည်တစ်စသည် ပါးပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ နာကျင်မူတို့က များလွန်းတာကြောင့် ထုံကျင်မူ့သာ ခံစားနေရသည်။
ကြမ်းပြင်ပေါ်မှ သွေးအိုင်ထဲ လဲေနသော ဝေလင်းစိုးကို လူနှစ်ယောက်သယ်လိုက်ကာ အမှောင်ဖုံးနေသော မြစ်ရေပြင်ထဲသို့ ပြစ်ချဖို့ ကြံနေတုံး ကျော်ဖြိုးဝင်း က တားဆီးလိုက်ကာ
"ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီးရင် အထဲကပိုက်ဆံတွေ မင်းတို့ယူလိုက် ကဒ်တွေကိုတော့ ချိုးပလိုက်.... ပိုက်ဆံအိတ်ကို သူနဲ့အတူမပစ်နဲ့ သေလို့ ပုတ်ပွနေရင်တောင်....ဟားးး.... ငါရှေ့မှာ ပြန်မမြင်ချင်ဘူး....ပြီးတော့ ငါပန်းပွင့်လေးရှေ့မှာလည်း မမြင်ချင်ဘူး...."
"ဟုတ်ကဲ့ဆရာ....."
သူတိူ့ဆရာခိုင်းသည့်အတိုင်း လုပ်ကာ ဝေလင်းစိုးကိုမြစ်ထဲပြစ်ချလိုက်သည်။
မြစ်ထဲပြစ်ချရင်း ဒုန်းဆိုသော အသံကြီးအပြင် ရေထဲကျသံဗွမ်းဆိုသော အသံပါ မြစ်ရေပြင်အထက်တွင် ထွက်ပေါ်လာသည်။
ဝေလင်းစိုးကို မြစ်ထဲပြစ်ချစဥ် သဘေင်္ာနရံဖြင့် ခပ်ပြင်း ရိုက်မိသွားသည်။ သဘေင်္ာနရ့မှာ အိုဟောင်းနေပြီမို့ တစ်ချို့နေရာတွေ သံချေးတတ်ကာ သံပြားစတွေထွက်နေတာမို့ ဝေလင်းစိုးအတွက် အကြောင်းမလှခဲ့ပါ။
ကျော်ဖြိုးဝင်းသည် ဘေးနားမှာရပ်သော ဝေလင်းစိုး လူယုံ၏ လက်ထဲ ပိုက်ဆံထုတ်ကို မကြည့်ပဲ ကမ်းပေးလိုက်သည်။
"ကေျးဇူးပါ ဆရာ...."
"မလိုပါဘူး မင်းတာဝန်ကျေလို့ ဆုချတာ...."
"ဟုတ်ကဲ့....."
" လေယျဥ်လက်မှတ် ပြင်ထားတယ် နောက်နေ့သွားရမှာ မင်းသိတယ်နော် ငါ့စကားနားမထောင်ရင် မင်းကော မင်းမိသားစုကော....."
ကျော်ဖြိုးဝင်း ပြောရင်း လက်ထဲက ပန်းသီးကို ဓားဖျားနဲ့ ထိုးစိုက် ကလန့်ကာ ထွက်လာတဲ့ ပန်းသီးအသားစကို ပါးစပ်ထဲအသာထည့်လိုက်သည်။ ပြီးနောက်ဘေးနားက ဝေယံလင်းလူယုံ ကြည့်လိုက်သည်။ အပြုံးတစ်ခုကို သူပြုံးပြကာ ထိုလူအား သိတယ်နော်ဆိုသော အပြုံးတစ်ခုကို ပြလိုက်ကာ လှည့်ထွက်သွားသည်။
ကြောက်စရာကောင်းသော အပြုံးကို ရသူသည် မထူးဇာတ်ခင်းကာ ခိုင်းသည့်အတိုင်း နူတ်ပိတ်နေရုံသာ ရှိတော့သည်။
###############
လွန်းသာ
အော်အီ အီအွတ်.......အော်အီ အီအွတ်....
လင်းကြက်တွန်သံ ကြားသည်နှင့် လွန်းသာ မျက်လုံးတို့သည် အလိုလျောက် ပွင့်လာသည်။ လင်းကြက်တွန်သံသည် လွန်းသာအတွက် နိုးစက်တစ်ခုလို ဖြစ်နေသည်။
ဖုန်းစက်အသံပေးလို့ ရပေမယ့် ဖုန်းအားမရှိတာကြောင့် လွန်းသာ မပေးဖြစ်။ မီးစက်ရှိသော အိမ်တွင်သာ ဖုန်းအားသွားသွင်းရသည်မို့ လွန်းသာ မနက်ပိုင်းလယ်ထဲဆင်းတော့မှ သွားသွင်းထားကာ လယ်မှပြန်တတ်တော့မှ ဖုန်းကို ကိုင်ဖြစ်သည်။
လွန်းသာ လူးလွန့်ကာ ထလိုက်သည်။ ခြင်ထောင်ကို သိမ်းကာတစ်ဖက် အိပ်ခန်းထဲက မိခင်ဖြစ်သူ မနိုးအောင် ခြေသံဖွဖွဖြင့် နောက်ဖေးသို့ ထွက်လာခဲ့သည်။
နောက်ဖေးတံခါးဖွင့်ကာ မျက်နာသစ်သွားတိုက်လိုက်သည်။ မှောင်နေပေမယ့် တချို့သော လှည်းသံတို့ ထော်လာဂျီစက်သံတို့ကို အဝေးတစ်နေရာ တာလမ်းရိုးကြီးများမှ ကြားနေရသည်။
လယ်ထဲဆင်းသူများ ရဲ့ မနက်ခင်းအသံများဖြစ်သည်။ ချူသံ ခလောက်ခလောက်အပြင် နွားနှာမှုတ်သံကျွဲနှာမှုတ်သံတို့ကလည်း ကြားနေရပြီဖြစ်သည်။
မျက်နာသစ်ပြီးတာနဲ့ မီးမွှေးကာ ထမင်းအိုးသည်လိုက်သည်။ အိမ်အောက်ခြံဝင်းထဲမှာ နွားညီနောက်အတွက် တစ်နေ့က ရိတ်လာသော မြက်များကို စင်း၍ နွားစာခွက်ထဲသို့ ထည့်လိုက်သည်။ပြီးနောက် နွားတွေဝသည်အထိ ကျွေးရတော့သည်။
ထမင်းအိုးကျက်လောက်သည်အချိန်မှ နောက်ဖေးကို အိမ်အပြင်ကနေ ပတ်သွားကာ ဝင်လာတော့ မိခင်ဖြစ်သူသည် ထမင်းအိုးငှဲ့နေတော့သည်။
"အမေရယ် အိပ်ပါဗျ ကျုပ်ထချက်နေတယ်လေဗျာ အေးဆေးအိပ်ပါဆိုတာ စကားနားမထောင်ဘူး...."
မိခင်ဖြစ်သူသည် ပြုံးလိုက်ကာ
"အမလေးတော် တကယ်တည်းမှ မိုးမလင်းသေးဘူး မအေကို ဆူလားငေါက်လားနဲ့ တော်ကမိဘလား ကျုပ်ကမိဘလားပြော....."
"ဟီ့....အမေက အမေပါဗျာ...ကျုပ်က အမေအိပ်ရေးပျက်မှာ စိုးလို့ပါဗျ...."
"စိတ်ချ အေမက နေ့လယ်အိပ်လို့ရတယ် သားသာ ရေချိုး ပြီးတော့ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး ထူထူလိမ်းနော်..... "
"ဟုတ်ကဲ့ပါအမေရဲ့....."
ရေလဲဝတ်ယူကာ ရေချိုးနေသော မိမိသားကို ဒေါ်မိထက် သက်ပြင်းလေးချကာကြည့်နေမိသည်။ ဖအေသေတော့မှ နှနှဖက်ဖက် ဖြူဖြူဖွေးဖွေးသားလေးသည်။ ကျောင်းပြီးတာတောင် မြို့မတတ်နိုင်ပဲ လယ်ထဲဆင်းရတော့သည်။
နောက်နှစ်ဆို တက္ကသိုလ်တွေ ဖွင့်တော့မှာပဲ မဖြစ်သေးပါဘူး သားကို ပုသိမ်မြို့ပေါ် ပို့မှပဲ ဟုတွေးလိုက်မိသည်။
မိမိသားလေးသည်ပညာအရာမှာလည်း မိမိတို့ မတတ်ခဲ့ပေမယ့် မိမိတို့ထက်သာကာ ထူးချွန်လေသည်။ သားကို မိမိတို့လို ဖင်ထဲရွံအဝင်ခံပြီးတော့ လယ်ထဲမဆင်းစေချင်။ သို့သော်သားသည် ကျောင်းဆက်မတတ်ပဲ မိမိနဲ့ မခွဲနိုင်လို့ လယ်ထဲဆင်းနေပုံမှာ မိမိအား စိတ်မချမ်းမြေ့စရာ ဖြစ်နေတော့သည်။ဆယ်တန်းလေးအောင်ပြီး ကျောငိးဆက်မတတ်သော သားကို ပညာရေးတစ်ပိုင်းတစ်စမဖြစ်စေလို။
သနပ်ခါးအပြည့်လိမ်းထားသော သားသည် ဖြူဖွေးသောအသားကို ဝါဝါထိန်ထိန်လေးဖြစ်နေလေသည်။ မိမိရှေ့ထိုင်နေသောသားကို ဖျင်စဖြင့် ခေါင်းပေါင်းလေးကို သေချာပေါင်းပေးလိုက်သည်။
သားရဲ့အပြုံးချိုချိုကို မြင်လိုက်ရသည်။ သားသည်မိမိအားကန်တော့နေတာကြောင့် သာဓုခေါ်လိုက်မိသည်။ ကျုပ်သားလေး နေပူဒဏ်မှ ခံနိုင်ကာ ကျုပ်မေတ္တာကြောင့် အေးမြပါစေကွယ်။
လွန်းသာ သီချင်းလေးတညည်းနဲ့ လှည်းကိုမောင်းကာထွက်လာခဲ့သည်။
"ပင်ပင်နီချောရယ်တဲ့ ယောထမီယောထမီ မောင့်ချစ်သူလေးကိုတော့ ပြင်စေချင်သည်လှစေချင်သည်....ပိတ်အင်္ကျီကို ရွှေတွေ သီးလို့ ပိတ်အင်္ကျီ ပိတ်အင်္ကျီကို ရွှေတွေ သီးလို့ ကျောင်းကျောင်း..."
"ဝေ့ မောင်ရင်လွန်းသာ လယ်ထဲဆင်းပြီလားကွ....."
"ဟုတ်တယ်ဗျို့ ကပိယကြီးက ရွာထဲ ဘယ်ကနေဘယ်လို ပေါက်လာတာတုံးဗျ....."
(ပေါက်တယ်ဆိုတာ ရောက်တယ်ကိုပြောတာနော်)
"အေးကွာ ဆရာတော်ဘုရား လွှတ်လိုက်လို့ကွ...."
"အော်ဟုတ်ကဲ့.... ကျုပ်သွားပြီဗျို့...."
"အေးအေး..."
ကပိယကြီးသည် လွန်းသာကို ကြည့်ကာပြုံးနေတော့သည်။ ထိုကလေးသည် သနားစရာကောင်းလို့ သနားအပြုံးပင် ဖြစ်သည်။
လှည်းကိုလွန်းသာ ချောင်းဘက်သို့ ဦးတည်လိုက်သည်။ မိမိလယ်ကွပ်သည် ချောင်းတာရိုးလမ်းကနေ သွားရမှာဖြစ်သည်။
ချောင်းသည် ဆောင်းတွင်းမို့ ရေကျနေရာ မိမိလှည်းသည် ချောင်းကမ်းစပ်သောင်ပြင်မှတစ်ဆင့် ချောင်းတာရိုး ကျယ်ကျယ်ပေါ် တတ်ကာသွားလို့ရသည်။
ချောင်းတာရိုးသည် လှည်းတစ်စီးစာ ကျယ်သည်။ ချောင်းမှ ကုန်တင်ကုန်ချလုပ်ရလျှင်အဆင်ပြေအောင် ကျယ်ကျယ်ရှိနေသည်။
သောင်ပြင်သို့အသွားတွင် ကောင်းကင်မှ ပုဇွန်ဆီရောင်ပြေးနေပြီမို့ အလင်းတို့ အနည်းငယ်ပျံလာသည်။
ကြေးငုက်တို့ နိုးထအစာရှာသံသည် ဟိုနေရာမှ ဒီနေရာမှ ကြားနေရသည်။ သွားနေသော လှည်းသည်ရုတ်တရက် ရပ်လိုက်တာကြောင့် လွန်းသာ လန့်သွားရသည်။ မိမိရဲ့နွားတွေသည် မိမိမခိုင်းလျှင် မရပ်တတ် ဘာကိုမြင်လို့ပါလိမ့် မြွေများလား။ နွားတွေကို ပွတ်ကိုင်ရင် လှည့်အောက်ခြေကို ကြည့်တော့လည်း ဘာမှမရှိ။ လှည့်ပေါ်ကဆင်းကာ ကြည့်တော့လည်းဘာမှမရှိ။
ပြန်တတ်ဖို့ပြင်မှ ချောင်းဘက်မှ ညည်းသံကြားလိုက်ရသည်။
နောက်သို့တဖြည်းဖြည်းလှည့်ကြည့်လိုက်တော့ ချောင်းရေနဲ့ကမ်းစပ်မှာ လဲနေတဲ့ အရိပ်တစ်ခုကြောင့် လွန်းသာ ထခုန်မိကာ ပါးစပ်မှလည်း
"အမေလေး....သရဲလား...ဝေ့ သရဲလားလို့...."
ထွက်မပြေးပဲ လွန်းသာသည် ထိုမည်းမည်းကြီးကို အသံတို့တုံရီစွာ အော်မေးနေလေသည်။
အတန်ကြာမှ အနားသို့ တဖြည်းဖြည်းတိုးကပ်သွားချိန်မှာတော့ မှောက်လျသားလဲနေတဲ့ လူတစ်ယောက်ဖြစ်နေသည်။
"ဟေ့ လူလားဗျ...လူလား..."
"ကယ်...ပေးပါ...."
လွန်းသာထိုလူကို ဆွဲလှည့်လိုက်တော့ နောက်ကိုဖင်တရွတ်ဖြင့် ဆုတ်လိုက်မိသည်။ ထို...ထိုမျက်နာသည် ပေါက်ပြဲရာများက မြင်မကောင်းစရာပင်ဖြစ်သည်။အင်္ကျီအမဲဘောင်းဘီအမဲဖြင့် ထိုလူကြီးက ငြိမ်ကျနေသည်။
##############WPတွင် အောက်တိုဘာလ၊ ၂၀၂၀ တွင်စတင်သည်။
သို႔
အပိုင္း၁
အမည္းေရာင္ကုန္သေဘၤာႀကီးေပၚတြင္ လူတစ္စုသည္ ေမွာင္ခိုပစၥည္းမ်ားကို ကူးသန္းသယ္ယူေနက်သည္။
လူတစ္ဦးသည္ သေဘၤာေပၚမွ တစ္ဆင့္ ျမစ္ေရျပင္ကို ေငးၾကည့္ေနသည္။ နက္ေမွာင္ေသာ ဆံသားတို႔မွာ ေနာက္လွန္တင္ထားတာေၾကာင့္ ေယာက္က်ားပီသေသာ နာဖူးေမာက္ေမာက္က အထင္းသားျဖစ္ေနသည္။ ျဖဴစြတ္စြတ္ နဖူးျပင္ရဲ႕ ေအာက္နားမွာ နက္ေမွာင္ေသာ မ်က္ခုံးထူထူႏွစ္ခုက တည္ၾကည္ေသာ အသြင္တစ္ခုကို အေရာက္ပို႔ေနသည္။ မ်က္ခုံးတို႔ရဲ႕ ေအာက္ဖက္မွာ စူးရွထက္ျမက္လွေသာ စြန္ရဲသဖြယ္ မ်က္ဝန္းတစ္စုံက ေရျပင္ကို မမွိတ္မသုံ စိုက္ၾကည့္ေနသည္။ ႏွာတံေျဖာင့္ေျဖာင့္ထင္းထင္းက မ်က္နာရဲ႕ ေယာက္က်ားအပီသဆုံးနဲ႕ အထင္ရွားဆုံး အစိတ္အပိုင္းျဖစ္ေနသည္။ တင္းတင္းေစ့ေစ့ထားတဲ့ ခပ္ပါးပါးႏႈတ္ခမ္းတစ္စုံဟာ နီညိုေရာင္သန္းေနသည္။ ေလးေထာင့္ဆက္ဆက္မ်က္နာထားသည္ ထိုလူအား ခန့္ညားၿပီးရင္း ခန့္ညားေနေတာ့သည္။
ရွည္လ်ားေသာ အရပ္အေမာင္းေပၚတြင္ အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို အျပည့္ဝတ္ဆင္ထားသည္။
ေဝလင္းစိုး
သေဘၤာ ေပၚမွာ လိုက္လာရင္း လွိုင္းထေနေသာ ျမစ္ေရျပင္ႀကီးကို စိုက္ၾကည့္ေနမိသည္။ မိမိရဲ႕ဘဝသည္ လွိုင္းလုံးသဖြယ္ အနိမ့္အျမင့္ အတတ္အက်မ်ားခဲ့သည္မွာ ယခုအခ်ိန္ထိပင္ျဖစ္သည္။ ၾကမ္းတမ္းခဲ့သည္ဟုဆိုရေလမလား။
ျမစ္ေရျပင္ကို ပြတ္တိုက္တိုးေဝွ႕လာေသာ ေလေျပသည္ ကြၽန္ေတာ္၏နာေခါင္းဝသို႔ က်ီစယ္သြားက သည္။ ျမစ္ေရရနံကို ရလိုက္ၿပီး ေအးစက္ေသာ ခံစားမႈ႕က က်္န္ေတာ္မ်က္နာကို ပြတ္ဝဲသြားသည္။ေလပူတစ္ခ်က္ကို ကြၽန္ေတာ္ကိုယ္တြင္းမွတစ္ဆင့္ အျပင္သို႔မႈတ္ထုတ္လိုက္မိသည္။
"ဆရာ....ၿပီးပါၿပီ အထဲလိုက္ခဲ့လို႔ရၿပီဆရာ....."
"Ok..."
ေနာက္မွေခၚသံေၾကာင့္ ၾကည့္လိုက္ေတာ့ မိမိရဲ႕ေနာက္လိုက္ျဖစ္ေနသည္။ သူေျပာတာကိုသေဘာတူစြာ ေခါင္းညိမ့္ျပလိုက္သည္။
ေဝလင္းစိုး သက္ျပင္းကို ခပ္ေငြ႕ေငြ႕ထပ္မံခ်လိဳက္သည္။ မိမိ သြားဖို႔မလိုေပမယ့္ ဦးမင္းသုဒီပရဲ႕ ေစခိုင္းခ်က္ေၾကာင့္ မလြဲမေသြ ေရာက္ရွိေနျခင္း ျဖစ္သည္။
စိတ္ထဲေလးပင္ေနေပမယ့္လည္း မိမိလူယုံေနာက္သို႔ လိုက္လာခဲ့ရသည္။ သြားေနတုံး ဖုန္းဝင္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ ကိုင္သင့္သည့္ဖုန္းမို႔ ကိုင္လိုက္ရသည္။
"သား...."
"ဟုတ္ကဲ့ေဖေဖ...."
ေဖေဖအသံသည္ တစ္ခုခုကို စိုးရိမ္ေနပုံရသည္။ အဖ်ားခတ္တို႔သည္ တုန္ရီေနသည္။
"သား...မင္း သိထားတဲ့ Mr.Zeeရဲ႕ Password နံပါတ္ကို ေျပာျပလိုက္ပါ...အ...သား..."
ေအာ္သံလို ၾကားလိုက္ရတာေၾကာင့္ မိမိမ်က္လုံးမ်ားျပဴးက်ယ္သြားရသည္။ ေဖေဖဘာျဖစ္တာလဲ။ ဘာလို႔အသံႀကီးျဖင့္ ေအာ္ရတာလဲ။ေဝလင္းစိုး ထူပူသြားရသည္။
"ေဖေဖ...ဘာျဖစ္ေနတာလဲ...ဘာျဖစ္လို႔လဲ...."
"ေဖေဖကို စိတ္မပူနဲ႕ ေဖေဖ အတတ္နိုင္ဆုံး တင္းခံေနမွာမို႔လို႔ အားးးးး....မေျပာနဲ႕ေတာ့သား.....အားးးးး...."
"ဟယ္လို ေဖေဖ....ေဖေဖ...."
ဘာေတြ ျဖစ္ကုန္တာလဲ ေဖေဖဘာျဖစ္ေနတာလဲ။ ကြၽန္ေတာ့္ေခါင္းေခြၽးမ်ားပင္ ထြက္လာရသည္။ ေနာက္ကေျခသံၾကားတာေၾကာင့္ ေနာက္ကိုအျမန္လွည့္ၾကည့္လိုက္ခ်ိန္မွာပဲ ျပင္းထန္ေသာ ရိုက္ခ်က္က ေမးရိုးကို ခပ္ျပင္းျပင္းထိခတ္သြားသည္။
ထိုရိုက္ခ်က္အရွိန္ေၾကာင့္ ကြၽန္ေတာ္သေဘၤာၾကမ္းျပင္ေပၚသို႔ လွဲက်သြားရသည္။
ပါးစပ္မွ ငံက်ိက်ိေသြးမ်ားပင္စီးက်လာရသည္။ ရိုက္လိုက္တဲ့ ဘက္သို႔ ၾကည့္လိုက္ေတာ့ မထင္မွတ္ထားေသာ လူတစ္ေယာက္ျဖစ္ေနသည္။ ထိုလူသည္ ကြၽန္ေတာ္သိပ္ခင္ရပါေသာ ကြၽန္ေတာ့္သူငယ္ခ်င္းေက်ာ္ၿဖိဳးဝင္းျဖစ္ေနသည္။
သူ႕ေဘးက လူသုံးေယာက္မွ ႏွစ္ေယာက္က ကြၽန္ေတာ့္ကို ခ်ိဳင္းၾကားကေန ဆြဲမလိုက္က်သည္။ကြၽန္ေတာ္ သည္ မယုံနိုင္ျခင္း မ်ားစြာျဖင့္ ေက်ာ္ၿဖိဳးကို စိုက္ၾကည့္ေနကာ နာက်င္ေနေသာအံကို ဖိက်ိတ္လိုက္ရင္း ေဒါသျဖင့္ဆိုလိုက္သည္။
"ဘာလို႔လဲ...ေက်ာ္ၿဖိဳး မင္းငါ့ကို ဘာလုပ္တာလဲကြ...."
"ဘာလုပ္တာလဲ မင္းမသိေသးဘူးနဲ႕ တူတယ္...ခိုင္းလို႔လုပ္တာေလ ခိုင္းလို႔...."
"ခိုင္းလို႔....မင္းကိုဘယ္သူခိုင္းတာလဲ...."
ခိုင္းလို႔လုပ္တယ္။ ေက်ာ္ၿဖိဳးက ကြၽန္ေတာ့္ကို သူမ်ားခိုင္းလို႔ ရိုက္တယ္ဆိုတာ ကြၽန္ေတာ္လုံးဝမယုံနိုင္ေအာင္ အံအားသင့္ေနမိသည္။ ကြၽန္ေတာ္ညီအစ္ကိုလိုေတာင္ ခင္မင္ခဲ့ၾကတာျဖစ္သည္။
ေက်ာ္ၿဖိဳးသည္ ခပ္ေထ့ေထ့ၿပဳံးရင္း
"အာ ေမ့လို႔ ခိုင္းတာက တစ္ေၾကာင္း မင္းကို နဂိုတည္းက ရွင္းျပစ္ခ်င္တာကတစ္ေၾကာင္းေပါ့ကြာ....မရွင္းခင္ေလး..."
ေက်ာ္ၿဖိဳး ေဘးနားက တပည့္တစ္ေယာက္ကို မ်က္စပစ္လိုက္သည္။
"ငါမင္းကို ငါဘာလို႔လဲကြ ေခြးေကာင္ သစၥာေဖာက္ေကာင္....အ့.... အ့..."
ခြပ္.....ခြပ္....
ေဝလင္းစိုးမ်က္နာေပၚတင္မက ဗိုက္ေပၚသို႔ပါ ထိုလူ၏ လက္သီးမ်ား တလွည္စပ္ က်ေရာက္ေနေတာ့သည္။ ေဝလင္းစိုး အသံေတာင္ က်ယ္က်ယ္ထြက္ ဖို႔ အားအင္မ်ားမရွိေတာ့။
မ်က္နာတစ္ခုလုံး ေသြးစမ်ားနဲ႕ ေပါက္ၿပဲဒဏ္ရာတို႔မွာ အျပည့္ရွိေနသည္။ သို႔ေသာ္ သူသည္ သူေရွ႕မွာထိုင္ေနကာ သူ႕ကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနေသာ သူ႕သူငယ္ခ်င္း ျဖစ္ခဲ့ဖူးသူ ေက်ာ္ၿဖိဳးဝင္းကိုသာ မယုံၾကည္နိုင္ျခင္းမ်ား ေဒါသထြက္ျခင္းမ်ား ခံျပင္းျခင္းမ်ား ပါဝင္ေနေသာ အၾကည့္တို႔ျဖင့္ စိုက္ၾကည့္ေနမိသည္။
မီနစ္အေတာ္ၾကာမွ ေက်ာ္ၿဖိဳးဝင္း လက္ခုတ္တီးလိုက္ကာ လႈပ္ရွားမူ႕တို႔ကို တပည့္ျဖစ္သူအား ရပ္ခိုင္းလိုက္သည္။
ေဝလင္းစိုး ကိုခ်ဳပ္ထားေသာ လူႏွစ္ေယာက္ဖယ္ခြာလိုက္သည္နင့္ ေဝလင္း စိုးအားအင္မဲ့စြာ ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္က်သြားသည္။ ေခါင္းပင္မေဖာ္နိုင္ပဲ ငိုက္စိုက္က်ေနသည္။
ထိုခ်ိန္ ေဝလင္းစိုး ေခါင္းကို လက္တစ္ကဆြဲေမာ့လိုက္ေတာ့ အားအင္မဲ့ေနတဲ့ သူ႕ရဲ႕ ေခါင္းသည္ဆြဲ ေမာ့ရာသို႔ ပါသြားခဲ့သည္။
"ဘာလို႔ လုပ္တာလဲဆိုေတာ့.... မင္းက ငါလိုခ်င္တဲ့ အရာကို လုယူခဲ့လို႔ပဲကြ....ငါကိုယ္တိုင္ ျမတ္နိုးခဲ့ရတဲ့ ပန္းတစ္ပြင့္ကို မင္းကခူးၿပီးမွ နင္းေျချပစ္လိုက္လို႔ပဲ...."
"ဟ...ဟား...ဟားးးး....ႏွစ္အၾကာႀကီး သံေယာဇဥ္က ဒီလိုျပတ္လြယ္တာလား ေခြးေကာင္ရာ.... လိုခ်င္ငါ့ေျပာေလ ငါေပးမွာေပါ့ကြ....ဟားး....ငါ့အတြက္က ျမတ္နိုးေလာက္တဲ့ ပန္းမွ မဟုတ္တာ....."
"ဘာ.....ေတာ္ခ္....စိတ္ခ်ပါ မင္းေသရမွာပါ...."
ေက်ာ္ၿဖိဳးဝင္း ေျပာအၿပီး ေဝလင္းစိုးရဲ႕ မ်က္နာကို လက္ထဲမွ လြဲခ်လိဳက္သည္။ ျပန္ငိုက္စိုက္က်သြားတဲ့ ေခါင္းကို ခပ္မဲ့မဲ့ၿပဳံးကာၾကည့္ရင္း
" ေခြးေကာင္.... ကဲကြာ...."
ဒုတ္....ဒုန္း....
တပည့္ျဖစ္သူလက္ထဲမွ တုတ္ကိုယူကာ ေဝလင္းစိုးေခါင္းကို အားကုန္လြဲရိုက္သည္။ ေအာ္သံပင္ မၾကားလိုက္ရ။တုတ္နဲ႕ ေခါင္းတို႔ အရွိန္ျပင္းျပင္း ရိုက္ခတ္လိုက္ေသာ သံထြက္ေပၚ လာသည္ႏွင့္တစ္ၿပိဳင္ႏွက္ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသံစာ ပတ္ဝန္းက်င္မွာ ထြက္ေပၚလာခဲ့သည္။
ေဝလင္းစိုး ေဝဝါးေနေသာ မ်က္လုံးမ်ားမွ မ်က္ရည္တစ္စသည္ ပါးျပင္ေပၚသို႔ က်ဆင္းသြားခဲ့သည္။ နာက်င္မူတို႔က မ်ားလြန္းတာေၾကာင့္ ထုံက်င္မူ႕သာ ခံစားေနရသည္။
ၾကမ္းျပင္ေပၚမွ ေသြးအိုင္ထဲ လဲေနေသာ ေဝလင္းစိုးကို လူႏွစ္ေယာက္သယ္လိုက္ကာ အေမွာင္ဖုံးေနေသာ ျမစ္ေရျပင္ထဲသို႔ ျပစ္ခ်ဖိဳ႕ ႀကံေနတုံး ေက်ာ္ၿဖိဳးဝင္း က တားဆီးလိုက္ကာ
"ပိုက္ဆံအိတ္ကို ထုတ္လိုက္ၿပီးရင္ အထဲကပိုက္ဆံေတြ မင္းတို႔ယူလိုက္ ကဒ္ေတြကိုေတာ့ ခ်ိဳးပလိုက္.... ပိုက္ဆံအိတ္ကို သူနဲ႕အတူမပစ္နဲ႕ ေသလို႔ ပုတ္ပြေနရင္ေတာင္....ဟားးး.... ငါေရွ႕မွာ ျပန္မျမင္ခ်င္ဘူး....ၿပီးေတာ့ ငါပန္းပြင့္ေလးေရွ႕မွာလည္း မျမင္ခ်င္ဘူး...."
"ဟုတ္ကဲ့ဆရာ....."
သူတိူ႕ဆရာခိုင္းသည့္အတိုင္း လုပ္ကာ ေဝလင္းစိုးကိုျမစ္ထဲျပစ္ခ်လိဳက္သည္။
ျမစ္ထဲျပစ္ခ်ရင္း ဒုန္းဆိုေသာ အသံႀကီးအျပင္ ေရထဲက်သံဗြမ္းဆိုေသာ အသံပါ ျမစ္ေရျပင္အထက္တြင္ ထြက္ေပၚလာသည္။
ေဝလင္းစိုးကို ျမစ္ထဲျပစ္ခ်စဥ္ သေဘၤာနရံျဖင့္ ခပ္ျပင္း ရိုက္မိသြားသည္။ သေဘၤာနရ႕မွာ အိုေဟာင္းေနၿပီမို႔ တစ္ခ်ိဳ႕ေနရာေတြ သံေခ်းတတ္ကာ သံျပားစေတြထြက္ေနတာမို႔ ေဝလင္းစိုးအတြက္ အေၾကာင္းမလွခဲ့ပါ။
ေက်ာ္ၿဖိဳးဝင္းသည္ ေဘးနားမွာရပ္ေသာ ေဝလင္းစိုး လူယုံ၏ လက္ထဲ ပိုက္ဆံထုတ္ကို မၾကည့္ပဲ ကမ္းေပးလိုက္သည္။
"ေက်းဇူးပါ ဆရာ...."
"မလိုပါဘူး မင္းတာဝန္ေက်လိဳ႕ ဆုခ်တာ...."
"ဟုတ္ကဲ့....."
" ေလယ်ဥ္လက္မွတ္ ျပင္ထားတယ္ ေနာက္ေန႕သြားရမွာ မင္းသိတယ္ေနာ္ ငါ့စကားနားမေထာင္ရင္ မင္းေကာ မင္းမိသားစုေကာ....."
ေက်ာ္ၿဖိဳးဝင္း ေျပာရင္း လက္ထဲက ပန္းသီးကို ဓားဖ်ားနဲ႕ ထိုးစိုက္ ကလန့္ကာ ထြက္လာတဲ့ ပန္းသီးအသားစကို ပါးစပ္ထဲအသာထည့္လိုက္သည္။ ၿပီးေနာက္ေဘးနားက ေဝယံလင္းလူယုံ ၾကည့္လိုက္သည္။ အၿပဳံးတစ္ခုကို သူၿပဳံးျပကာ ထိုလူအား သိတယ္ေနာ္ဆိုေသာ အၿပဳံးတစ္ခုကို ျပလိုက္ကာ လွည့္ထြက္သြားသည္။
ေၾကာက္စရာေကာင္းေသာ အၿပဳံးကို ရသူသည္ မထူးဇာတ္ခင္းကာ ခိုင္းသည့္အတိုင္း ႏူတ္ပိတ္ေန႐ုံသာ ရွိေတာ့သည္။
###############
လြန္းသာ
ေအာ္အီ အီအြတ္.......ေအာ္အီ အီအြတ္....
လင္းၾကက္တြန္သံ ၾကားသည္ႏွင့္ လြန္းသာ မ်က္လုံးတို႔သည္ အလိုေလ်ာက္ ပြင့္လာသည္။ လင္းၾကက္တြန္သံသည္ လြန္းသာအတြက္ နိုးစက္တစ္ခုလို ျဖစ္ေနသည္။
ဖုန္းစက္အသံေပးလို႔ ရေပမယ့္ ဖုန္းအားမရွိတာေၾကာင့္ လြန္းသာ မေပးျဖစ္။ မီးစက္ရွိေသာ အိမ္တြင္သာ ဖုန္းအားသြားသြင္းရသည္မို႔ လြန္းသာ မနက္ပိုင္းလယ္ထဲဆင္းေတာ့မွ သြားသြင္းထားကာ လယ္မွျပန္တတ္ေတာ့မွ ဖုန္းကို ကိုင္ျဖစ္သည္။
လြန္းသာ လူးလြန့္ကာ ထလိုက္သည္။ ျခင္ေထာင္ကို သိမ္းကာတစ္ဖက္ အိပ္ခန္းထဲက မိခင္ျဖစ္သူ မနိုးေအာင္ ေျခသံဖြဖြျဖင့္ ေနာက္ေဖးသို႔ ထြက္လာခဲ့သည္။
ေနာက္ေဖးတံခါးဖြင့္ကာ မ်က္နာသစ္သြားတိုက္လိုက္သည္။ ေမွာင္ေနေပမယ့္ တခ်ိဳ႕ေသာ လွည္းသံတို႔ ေထာ္လာဂ်ီစက္သံတို႔ကို အေဝးတစ္ေနရာ တာလမ္းရိုးႀကီးမ်ားမွ ၾကားေနရသည္။
လယ္ထဲဆင္းသူမ်ား ရဲ႕ မနက္ခင္းအသံမ်ားျဖစ္သည္။ ခ်ဴသံ ခေလာက္ခေလာက္အျပင္ ႏြားႏွာမႈတ္သံကြၽဲႏွာမႈတ္သံတို႔ကလည္း ၾကားေနရၿပီျဖစ္သည္။
မ်က္နာသစ္ၿပီးတာနဲ႕ မီးေမႊးကာ ထမင္းအိုးသည္လိုက္သည္။ အိမ္ေအာက္ၿခံဝင္းထဲမွာ ႏြားညီေနာက္အတြက္ တစ္ေန႕က ရိတ္လာေသာ ျမက္မ်ားကို စင္း၍ ႏြားစာခြက္ထဲသို႔ ထည့္လိုက္သည္။ၿပီးေနာက္ ႏြားေတြဝသည္အထိ ေကြၽးရေတာ့သည္။
ထမင္းအိုးက်က္ေလာက္သည္အခ်ိန္မွ ေနာက္ေဖးကို အိမ္အျပင္ကေန ပတ္သြားကာ ဝင္လာေတာ့ မိခင္ျဖစ္သူသည္ ထမင္းအိုးငွဲ႕ေနေတာ့သည္။
"အေမရယ္ အိပ္ပါဗ် က်ဳပ္ထခ်က္ေနတယ္ေလဗ်ာ ေအးေဆးအိပ္ပါဆိုတာ စကားနားမေထာင္ဘူး...."
မိခင္ျဖစ္သူသည္ ၿပဳံးလိုက္ကာ
"အမေလးေတာ္ တကယ္တည္းမွ မိုးမလင္းေသးဘူး မေအကို ဆူလားေငါက္လားနဲ႕ ေတာ္ကမိဘလား က်ဳပ္ကမိဘလားေျပာ....."
"ဟီ့....အေမက အေမပါဗ်ာ...က်ဳပ္က အေမအိပ္ေရးပ်က္မွာ စိုးလို႔ပါဗ်...."
"စိတ္ခ် အေမက ေန႕လယ္အိပ္လို႔ရတယ္ သားသာ ေရခ်ိဳး ၿပီးေတာ့ သနပ္ခါးကို ေျခဆုံးေခါင္းဆုံး ထူထူလိမ္းေနာ္..... "
"ဟုတ္ကဲ့ပါအေမရဲ႕....."
ေရလဲဝတ္ယူကာ ေရခ်ိဳးေနေသာ မိမိသားကို ေဒၚမိထက္ သက္ျပင္းေလးခ်ကာၾကည့္ေနမိသည္။ ဖေအေသေတာ့မွ ႏွႏွဖက္ဖက္ ျဖဴျဖဴေဖြးေဖြးသားေလးသည္။ ေက်ာင္းၿပီးတာေတာင္ ၿမိဳ႕မတတ္နိုင္ပဲ လယ္ထဲဆင္းရေတာ့သည္။
ေနာက္ႏွစ္ဆို တကၠသိုလ္ေတြ ဖြင့္ေတာ့မွာပဲ မျဖစ္ေသးပါဘူး သားကို ပုသိမ္ၿမိဳ႕ေပၚ ပို႔မွပဲ ဟုေတြးလိုက္မိသည္။
မိမိသားေလးသည္ပညာအရာမွာလည္း မိမိတို႔ မတတ္ခဲ့ေပမယ့္ မိမိတို႔ထက္သာကာ ထူးခြၽန္ေလသည္။ သားကို မိမိတို႔လို ဖင္ထဲ႐ြံအဝင္ခံၿပီးေတာ့ လယ္ထဲမဆင္းေစခ်င္။ သို႔ေသာ္သားသည္ ေက်ာင္းဆက္မတတ္ပဲ မိမိနဲ႕ မခြဲနိုင္လို႔ လယ္ထဲဆင္းေနပုံမွာ မိမိအား စိတ္မခ်မ္းေျမ့စရာ ျဖစ္ေနေတာ့သည္။ဆယ္တန္းေလးေအာင္ၿပီး ေက်ာငိးဆက္မတတ္ေသာ သားကို ပညာေရးတစ္ပိုင္းတစ္စမျဖစ္ေစလို။
သနပ္ခါးအျပည့္လိမ္းထားေသာ သားသည္ ျဖဴေဖြးေသာအသားကို ဝါဝါထိန္ထိန္ေလးျဖစ္ေနေလသည္။ မိမိေရွ႕ထိုင္ေနေသာသားကို ဖ်င္စျဖင့္ ေခါင္းေပါင္းေလးကို ေသခ်ာေပါင္းေပးလိုက္သည္။
သားရဲ႕အၿပဳံးခ်ိဳခ်ိဳကို ျမင္လိုက္ရသည္။ သားသည္မိမိအားကန္ေတာ့ေနတာေၾကာင့္ သာဓုေခၚလိုက္မိသည္။ က်ဳပ္သားေလး ေနပူဒဏ္မွ ခံနိုင္ကာ က်ဳပ္ေမတၱာေၾကာင့္ ေအးျမပါေစကြယ္။
လြန္းသာ သီခ်င္းေလးတညည္းနဲ႕ လွည္းကိုေမာင္းကာထြက္လာခဲ့သည္။
"ပင္ပင္နီေခ်ာရယ္တဲ့ ေယာထမီေယာထမီ ေမာင့္ခ်စ္သူေလးကိုေတာ့ ျပင္ေစခ်င္သည္လွေစခ်င္သည္....ပိတ္အကၤ်ီကို ေ႐ႊေတြ သီးလို႔ ပိတ္အကၤ်ီ ပိတ္အကၤ်ီကို ေ႐ႊေတြ သီးလို႔ ေက်ာင္းေက်ာင္း..."
"ေဝ့ ေမာင္ရင္လြန္းသာ လယ္ထဲဆင္းၿပီလားကြ....."
"ဟုတ္တယ္ဗ်ိဳ႕ ကပိယႀကီးက ႐ြာထဲ ဘယ္ကေနဘယ္လို ေပါက္လာတာတုံးဗ်....."
(ေပါက္တယ္ဆိုတာ ေရာက္တယ္ကိုေျပာတာေနာ္)
"ေအးကြာ ဆရာေတာ္ဘုရား လႊတ္လိုက္လို႔ကြ...."
"ေအာ္ဟုတ္ကဲ့.... က်ဳပ္သြားၿပီဗ်ိဳ႕...."
"ေအးေအး..."
ကပိယႀကီးသည္ လြန္းသာကို ၾကည့္ကာၿပဳံးေနေတာ့သည္။ ထိုကေလးသည္ သနားစရာေကာင္းလို႔ သနားအၿပဳံးပင္ ျဖစ္သည္။
လွည္းကိုလြန္းသာ ေခ်ာင္းဘက္သို႔ ဦးတည္လိုက္သည္။ မိမိလယ္ကြပ္သည္ ေခ်ာင္းတာရိုးလမ္းကေန သြားရမွာျဖစ္သည္။
ေခ်ာင္းသည္ ေဆာင္းတြင္းမို႔ ေရက်ေနရာ မိမိလွည္းသည္ ေခ်ာင္းကမ္းစပ္ေသာင္ျပင္မွတစ္ဆင့္ ေခ်ာင္းတာရိုး က်ယ္က်ယ္ေပၚ တတ္ကာသြားလို႔ရသည္။
ေခ်ာင္းတာရိုးသည္ လွည္းတစ္စီးစာ က်ယ္သည္။ ေခ်ာင္းမွ ကုန္တင္ကုန္ခ်လဳပ္ရလွ်င္အဆင္ေျပေအာင္ က်ယ္က်ယ္ရွိေနသည္။
ေသာင္ျပင္သို႔အသြားတြင္ ေကာင္းကင္မွ ပုဇြန္ဆီေရာင္ေျပးေနၿပီမို႔ အလင္းတို႔ အနည္းငယ္ပ်ံလာသည္။
ေၾကးငုက္တို႔ နိုးထအစာရွာသံသည္ ဟိုေနရာမွ ဒီေနရာမွ ၾကားေနရသည္။ သြားေနေသာ လွည္းသည္႐ုတ္တရက္ ရပ္လိုက္တာေၾကာင့္ လြန္းသာ လန့္သြားရသည္။ မိမိရဲ႕ႏြားေတြသည္ မိမိမခိုင္းလွ်င္ မရပ္တတ္ ဘာကိုျမင္လို႔ပါလိမ့္ ေႁမြမ်ားလား။ ႏြားေတြကို ပြတ္ကိုင္ရင္ လွည့္ေအာက္ေျခကို ၾကည့္ေတာ့လည္း ဘာမွမရွိ။ လွည့္ေပၚကဆင္းကာ ၾကည့္ေတာ့လည္းဘာမွမရွိ။
ျပန္တတ္ဖို႔ျပင္မွ ေခ်ာင္းဘက္မွ ညည္းသံၾကားလိုက္ရသည္။
ေနာက္သို႔တျဖည္းျဖည္းလွည့္ၾကည့္လိုက္ေတာ့ ေခ်ာင္းေရနဲ႕ကမ္းစပ္မွာ လဲေနတဲ့ အရိပ္တစ္ခုေၾကာင့္ လြန္းသာ ထခုန္မိကာ ပါးစပ္မွလည္း
"အေမေလး....သရဲလား...ေဝ့ သရဲလားလို႔...."
ထြက္မေျပးပဲ လြန္းသာသည္ ထိုမည္းမည္းႀကီးကို အသံတို႔တုံရီစြာ ေအာ္ေမးေနေလသည္။
အတန္ၾကာမွ အနားသို႔ တျဖည္းျဖည္းတိုးကပ္သြားခ်ိန္မွာေတာ့ ေမွာက္လ်သားလဲေနတဲ့ လူတစ္ေယာက္ျဖစ္ေနသည္။
"ေဟ့ လူလားဗ်...လူလား..."
"ကယ္...ေပးပါ...."
လြန္းသာထိုလူကို ဆြဲလွည့္လိုက္ေတာ့ ေနာက္ကိုဖင္တ႐ြတ္ျဖင့္ ဆုတ္လိုက္မိသည္။ ထို...ထိုမ်က္နာသည္ ေပါက္ၿပဲရာမ်ားက ျမင္မေကာင္းစရာပင္ျဖစ္သည္။အကၤ်ီအမဲေဘာင္းဘီအမဲျဖင့္ ထိုလူႀကီးက ၿငိမ္က်ေနသည္။
##############WPတြင္ ေအာက္တိုဘာလ ၂၂ရက္ ၂၀၀တြင္စတင္သည္။