Chapter 187 – Xiao Long Pick up
အခန်း ၁၈၇
ထိုသူမှာ သူစိမ်းမဟုတ် Jian Liu ဖြစ်သည်။
သူ့အကြောင်းပြောရမည်ဆိုလျှင် Jiang Liu က သူတို့ သုခဘုံနယ်မြေ၀င်လာကတည်းက တော်တော်လေးကို ခပ်ကုပ်ကုပ်ဖြစ်နေတာ You XiaoMo သိလိုကသည်။ သူတောင် Jiang Liu အကြောင်း ဘာမှ မကြားရပဲ သူ ဆက်နွယ်သားရဲတစ်ကောင် ရ မရတောင် မကြားရပေ။
You XiaoMo က သူ့စီနီယာ အစ်ကိုနှစ်ယောက် ဘက်ကို လှည့်ကာ တစ်ခုခု ပြောပြီးသည်နှင့် Ling Xiao ဆီကို သွားတော့သည်။ သူ အနားနီးလာတော့ သူ့ကို နောက်ကျောပေးထားသော Jiang Liu က Ling Xiao ကို အနည်းငယ် ရွှင်မြူးသော အသံနှင့် “အစ်ကိုကြီးLin ချောချောမွေ့မွေ့ ပြန်လာနိုင်တာ ဂုဏ်ယူပါတယ်”
Ling Xiao က သူ့ကို လာစကားပြောလို့ အံသြသွားပုံနှင့် မျက်ခုံးအနည်းငယ် ပင့်ကာ သူ့ကို ချက်ချင်းပြန်ရယ်ပြပြီးတော့ “မင်း …….က ညီလေးJiang ဟုတ်တယ်မလား”
You XiaoMo သတွေးသီးတော့မလို ဖြစ်သွားသည်။
Ling Xiao ၏ စကားများက နည်းနည်းလေး ရက်စက်လွန်းလှသည်။ Jiang Liu ကို ကြည့်သည်နှင့် သူက Lin Xiao ၏ ဖန် မှန်း ပြောနိုင်သည်။ သူ့မှာ Ling Xiao ကို စကားပြောဖို့ အခွင့်အရေးတောင် ခက်ခဲလှလောက်သည် သို့သော်လည်း အခြားသူက သူ့ကို မမှတ်မိယုံသာမက သူ့နာမည်ကိုပါ မေ့လုနီးနီး ဖြစ်နေသည်။ တော်တော်ရက်စက်တာပဲ။
Jiang Liu၏ မျက်နှာတစ်ပြင်လုံးက အရောင်ပြောင်းလုနီးပါးပင် သို့သော်လည်း သူ့ရဲ့ သီးခံနိုင်သော စွမ်းရည်က မနိမ့်ပါးချေ။ သူက ချက်ချင်းပြန်ထိန်းနိုင်ကာ အပြုံးမျက်နှာတစ်ခု ပြန်တင်လိုက်သည်။ ဒီလူက အရင်တစ်ခေါက်ကထက် ပိုပြီး မာကြောလာသည်။ “ဟုတ်ကဲ့ အစ်ကိုကြီး Lin အစ်ကိုကတော့ ကျွန်တော့ကို မမှတ်မိလောက်ဘူး Tangအစ်မနဲ့ ကျွန်တော်က အခွဲတစ်ခုထဲအောက်က လေ ကျွန်တော်တို့က ဆရာ တစ်ယောက်တည်းပဲ”
Ling Xiao က သူ့ခေါင်းသူပြန်ခေါက်ကာ “အီးယား.. ငါ့မှတ်ဥာဏ်တွေကတော့.. ငါအခုမှတ်မိပြီ။ နောက်ဆုံးတစ်ခေါက် WuShuang တောင် ပြိုင်ပွဲတုန်းက မင်း ငါ့အခန်းမှာ ညီလေးYou ကို လာရှာတာ လို့ ထင်တယ် ဟုတ်တယ်မလား”
Jiang Liu၏ မျက်နှာက နည်းနည်းတော့ ပြောင်းသွားကာ ဘာ့ကြောင့် Ling Xiao အဲဒိကိစ္စကို ရုတ်တရက်အစဖော်မှန်း သူမသိပေ။ သူက ရုတ်တရုတ် ဒီမှာဆက်နေဖို့ မရဲတော့ပဲ အကြောင်းပြချက်တစ်ခု ရှာကာ မြန်မြန်ထွက်ပြေးတော့သည်။ အဆုံးချိန်ထိ Jiang Liu တစ်ယောက် You XiaoMo သူ့အနောက်မှာ တစ်ချိန်လုံး မတ်တပ်ရပ်နေတာ ကို မသိသွားပေ။ Jiang Liu သူ့စကားနှင့်သူ ပြန်ညပ်သွားတာကို မြင်ပြီးတော့ You XiaoMo အော်ရယ်မိတော့ မလိုတောင် ဖြစ်သွားသေးသည်။
Jiang Liu နှင့် စပ်လျဉ်းပြီးတော့ You XiaoMo က သူ့ရဲ့ သဘာဝအမှန်ကို သိထားပြီး ဖြစ်သည်။ အဲဒါတင်မက သူအရင်က အရမ်းတုံးမှန်းလဲ မှတ်မိသည် ဥပမာ Ling Xiao အခုလေးတင် ပြောလိုက်သော Wu Shaungတောင်က မတော်တဆမှုပေ့ါ
အဲဒိအချိန်တုန်းက Wu Shaung တောင်မှာ Jiang Liu က သူနှင့်အတူသွားဖို့ကို လှည့်စားခဲ့သည်။ သူ့လုပ်ရပ်က ပေါ်သွားသော်လည်း Jiang Liu က သူက Tang YunQi၏ ခြိမ်းခြောက်မှု ခံရလိုပါဟု ဆိုကာ သူ့ကို လှည့်ဖြား ပြောဆိုသေးသည်။ အခုတော့ သူအဲဒါကို တွေးမိသွားသည် ထိုအလိမ်အညာများက တကယ်တော့ ချွတ်ယွင်းချက်တွေ ရှိသည်။ သို့သော်လည်းပဲ သူက အခုထိ အဲဒါကို သဘောမပေါက်သေးပေ။ Jiang Liu က ကောင်းကင်တောင်ထွတ်မှ ဆရာFeng ၏ ထိပ်တန်းတပည့်ဖြစ်သည်။ ဆရာFeng က Jiang Liu ကို တန်ဖိုးထားသည်မို့ Tang YunQiက သူ့ကို အနိုင်ကျင့်စရာ လမ်းမရှိပေ။ Tang YunQi ၏ အဖေက Tang Fan ဖြစ်နေတာတောင် ကောင်းကင်တောင်ထွတ်၏ ဆရာFeng ၏ အဆင့်အတန်းနှင့်ဆို Tang Fan က သူ့အောက်က လူသာ ဖြစ်သည်။ ဒီတော့ သူ(မ)က သူ့ကို အနိုင်ကျင့်စရာ လမ်းကို မရှိပေ။ သူက အဲဒါကို ယုံတာ တော်တော်တုံးခဲ့တာဖြစ်မည်။
အခုတော့ သူအဲဒါကို ပိုတွေးကြည့်လေ ဒီလူ တကယ့်ကို တော်တော် မျက်နှာများတာပင်။ အပေါ်ယံတော့ အန္တရာယ် ကင်းပုံနှင့် တကယ်တော့ အကောက်ကျစ်ဆုံးသော သူဖြစ်နေသည်။ အပြစ်ကင်းသလို အန္တရာယ်မရှိသလို ဟန်ဆောင်နေကာ တကယ့်တော့ အလွန် စိတ်ထားသေးနုတ်သူပင်။ သစ္စာဖောက်ကာ နောက်ကျောဓါးနှင့်ထိုးမည့် အမျိုးအစားပင်။
ကံကောင်းစွာနှင့် သူဒါကို သဘောပေါက်တာ သိပ်နောက်မကျသေးပေ။
Ling Xiao က သူ့ခေါင်းကို ပုတ်ကာ “ရယ်လို့ ပြီးပြီလား”
You XiaoMo က ခေါင်းညိမ့်ကာ “အစ်ကိုကြီး Ling တကယ် Jiang Liu ကို မေ့သွားတာလား”
Ling Xiao က မျက်ခုံးပင့်ကာ “သူ မင်းကို လေးကြိမ်မှာ သုံးကြိမ်လောက် အန္တရာယ်လာပေးနေတာ ဘယ်လိုလုပ် သူ့ကို မေ့မှာတုန်း”
You XiaoMo မျက်နှာ ရဲတက်လာကာ “ သူ ဒုက္ခပေးတာ အစ်ကို့ကိုမှ မဟုတ်ပဲ ကျွန်တော်ကသာ သူ့ကို သတိရရမယ့် သူလေ”
Ling Xiao မျက်လုံးများ မှေးကျဉ်းကာ “မင်း ခေါင်းကနေ ခြေဖျားအထိ ဘယ်နေရာက ကိုယ်နဲ့ မသက်ဆိုင်တာရှိလဲ မင်းကို အန္တရာယ်ပေးတာက ကိုယ့်ကို အန္တရာယ်ပေးတဲ အဓိပ္ပါယ်ပဲ ဘာကြောင့်များ ခါးခါးသီးသီး မဖြစ်ရမှာလဲ ” သူ ဒီလို ခိုင်ခိုင်မာမာ ပြောဆိုတာက သေချာပေါက် တုန်ပြန်မေးခွန်းမဟုတ်ပေ။
You XiaoMo သူ့ကို ငေးပဲ ကြည့်နေတော့သည်။ ခေါင်းကနေ ခြေဖျားအထိ ဘယ်တစ်ခုက ငါနဲ့သက်ဆိုင်တာလဲ…. သူ တကယ်ကြီး သူ့ကို ပြန်အော်မေးလိုက်ချင်သည် သို့သော် Ling Xiao၏ ပြောရင်ရင် ပြောကြည့် ဆိုသည့် အမူအယာ ကြောင့် သူ့စကားလုံးများ သူပြန်မြိုချယုံသာ ရှိသည်။
နောက် နှစ်နာရီကြာတော့ သုခဘုံနယ်မြေထဲ ၀င်လာသော သူများ အားလုံးနီးပါး သယ်ယူပို့ဆောင်ရေးဆုံမှတ်ကို ရောက်ရှိလာကြသည်။ လူတစ်ဝက်နီးပါးလောက် သေသွားသော်လည်း အသက်ရှင်သူ လည်း များများစားစား ရှိနေသေးသည်။ လူတွေ တိုးလာတော့ သယ်ယူပို့ဆောင်ရေးစက်ဝန်းက သွေးညှီနံ့ဖျော့ဖျော့ စတင်ထွက်လာသည်။ နောက်ဆုံးတော့ သူ့တို့ခြေထောက်အောက်က ဂါထာ က စတင်တောက်ပလာကာ ရွေ့ပြောင်းခြင်း စတင်သည်။
တစ်ယောက်ချင်း တစ်ယောက်ချင်းနှင့် သယ်ယူပို့ဆောင်ရေး စက်ဝန်းတွင် စတင် ပျောက်ကွယ်သွားကြသည်။ အခြားတစ်ဖက်က ရွှေ့ပြောင်းခြင်းစက်ဝန်းက သိပ်မကြီးသဖြင့် တစ်ကြိမ်တွင် ငါးယောက်သာ ပို့ပေးနိုင်ကာ ကြုံရာကြပမ်း ပို့ပေးနေခြင်း ဖြစ်သည်။
သယ်ယူပို့ဆောင်ရေး စက်ဝန်းက လူတွေ နည်းနည်းလာတော့ You XiaoMo အော်ဟစ် လိုက်မိသည်။ သူ့ ရွှေ့ပြောင်းမခံရခင်မှာ ခွန်အားတစ်မျိုးက သူ့ကို ဆွဲဆုတ်လိုက်သလို ခံစားလိုက်ရသည်။ သူ အသိစိတ်တွေ လျော့ရဲလာချိန်တွင် သူ့ခါးက ခပ်တင်းတင်း အဖက်ခံလိုက်ရသည်။
တစ်လ ကတော့ ကုန်ဆုံသွားပြီ ရွေ့ပြောင်းခြင်းစက်ဝန်းကို ကာကွယ် စောင့်ကြပ်နေသူများက တောက်ပနေသော မီးရောင် တစ်ခုကို မြင်လိုက်ရပြီးတော့ ရွေ့ပြောင်းခြင်း စက်ဝန်းကနေ လူတွေ ဆက်ဆက်ပြီး ထွက်လာကြသည်။ သူတို့အားလုံး၏ မျက်နှာများက ဖျော့တော့နေသေးကာ ကြောက်ရွံ့မှုအချို့ ကို ပြသနေတုန်းပင်။
ထို့နောက် တစ်ယောက်ယောက်က ရုတ်တရတ် အာမေဋိတ်အသံပြုကာ “ဘာ့လို့ ဒီတစ်ကြိမ် လူခြောက်ယောက် ဖြစ်နေတာလဲ”
သူ့စကားများက လူအများစု၏ အာရုံကို ဖမ်းစားသွားကာ လူတိုင်းက ရွေ့ပြောင်းရေး စက်ဝန်းကို လှည့်ကြည့်ကြသည်။ ဒီတစ်ကြိမ် ရွေ့ပြောင်းရေးစက်ဝန်းက တစ်ကယ်ကြီး လူခြောက်ယောက်ကို ရွေ့ပြောင်းပေးသည် ဒါက ပုံမှန်မဟုတ်ပေ။ လူခြောက်ယောက်က ရွေ့ပြောင်းရေး စက်ဝန်းကနေ ထွက်လာသည်။ နောက်ဆုံးမှ ထွက်လာသော သူက အံသြစရာပင် Ling Xiao နှင့် You XiaoMo တို့ဖြစ်သည်။
ထိုလူများ၏ တီးတိုးပြောသံကြားတော့ You XiaoMo က ရုတ်တရတ် Ling Xiao ဆီကို မော့ကြည့်လိုက်သည်။ သူတို့ ပြောနေတဲ့ ခြောက်ယောက်မြောက်လူက Ling Xiao လို့တော့ သူ့ကို မပြောကြနှင့်နော်
ကံကောင်းစွာနှင့် လူတွေက ဒါက သိပ်မလေးမထားပေ။ ရွေ့ပြောင်းရေး စက်ဝန်းက တစ်ခါတစ်လေ လူအပို ပို့ပေးတတ်သည် သိပ်မကြာခင် လူတိုင်း၏ အာရုံက ရွေ့ပြောင်းရေး စက်ဝန်းကနေ ထွက်လာသောသူများဆီ ပြန်ရောက်သွားကြသည်။
Ling Xiao လှည့်ပတ်ကြည့်တော့ Tang Fan၏ ပုံရိပ်ကို မတွေ့ပေ အဲဒါတင်မက Qing Cheng ဂိုဏ်းချုပ် Luo Cheng လည်း ဒီမှာ ရှိမနေပေ။ နဂိုပုံမှန်အတိုင်းဆိုလျှင် တစ်လဆိုသောအချိန် ကုန်ဆုံးသွားပြီ ဖြစ်ရာ ဂိုဏ်းနှစ်ခုမှ လာစောင့်နေသော သူများက ဒီလောက် မနည်းသင့်ပေ။ အခုတော့ အတော်နည်းနည်းလေးနှင့် ကွက်တိကွက်ကြားဖြစ်နေကာ အံသြစရာအောင် များမနေ ကြီးမားသော ကိစ္စတစ်ခုခုတော့ ဖြစ်နေလောက်ပြီ။
Ling Xiao က TianXin ဂိုဏ်းက ကိုယ်ခံပညာရှင် ဂိုဏ်းသားငယ်လေးတစ်ယောက် အုပ်မိကာ သာမာန်ပဲ မေးလိုက်သည် “ဘာလို့ မင်းတို့ပဲ ဒီမှာစောင့်နေတာလဲ ခေါင်းဆောင်တွေကော မလာဘူးလား”
ဂိုဏ်းသားငယ်လေးက သူ့ကိုမေးတာ Ling Xiao ဖြစ်နေမှန်း မြင်သွားတော့ အံသြကာ တစ်ချက်တည်း အဖြေပြန်မပေးနိုင်ပေ။ အဲဒိအစား သူတော်တော်လေး တွန့်ဆုတ်နေကာ စကားမပြောခင်ကို မျက်လုံးများ ပေကလပ် ပေကလပ် ဖြစ်သွားပြီးမှ “ခေါင်းဆောင်တွေက ကိစ္စတစ်ခုရှိနေလို့ ပြီးတော့ သူတို့က ဆရာဦးလေးXiao ကို ဒီကိုအရင်လာပြီးတော့ အစ်ကိုကြီးနဲ့ တွေ့ပါလို့ ပြောတယ်”
Ling Xiao က အို.. ခနဲ အသံပြုကာ “သူတို့ ဘာတွေ ဖြစ်နေလို့လဲ”
ဂိုဏ်းသားငယ်လေးက တွန့်ဆုတ်တွန့်ဆုတ်ပြုံးကာ “အစ်ကိုကြီးXiao က လူမှားပြီး မေးနေပြီ ကျွန်တော့အဆင့်က အဲဒိကိစ္စိကု ရှင်းရှင်းလင်းလင်းသိရအောင်မှ မမြင့်မားလှတာ”
Ling Xiao က မေးလိုက်သည် “ဒါဆို အဲဒါကို ဘယ်သူသိလဲ”
ဂိုဏ်းသားငယ်လေးက ရုတ်တရတ် သီးတော့သည်။ အစ်ကိုကြိးက ပုံမှန်ဆိုလျှင် မေးမြန်းစစ်ဆေးရတာ ကြိုက်သူ မဟုတ်ပေ သို့သော် ဆရာ့၏ သတိပေးချက်ကို ပြန်စဉ်းစားပြီးတော့ သူအဲဒါကို ဖုံးကွယ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
သူ ဘာမှ ထပ်မပြောတော့တာ ကို ကြည့်ပြီးတော့ Ling Xiao ကလည်း ထပ်မမေးတော့ပေ။
ဂိုဏ်းသားလေးက ချက်ချင်းကို စိတ်သက်သာရာ ရကာ သက်ပြင်းချပြီး အဝေးကိုပြေးတော့သည်။ သူ တစ်ခုခုသာ ထပ်ပြောလိုက်ရင် အမှန်တွေ သေချာပေါက် ထွက်လာတော့မည်။
သိပ်မကြာခင်မှာပဲ လူတိုင်း ပြန်ရောက်လာကြသည်မို့ သူတို့က ရွေ့ပြောင်းရေး စက်ဝန်းကို ဖျတ်ဆီးလိုက်ကြသည်။ ပြီးတော့ သူတို့က နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကနေ ပြန်ထွက်လာကြသည်။ Ling Xiao နှင့် You XiaoMo ပြန်တော့မလို့ လုပ်နေချိန် Qing Cheng ဂိုဏ်းသားများနှင့် Luo ShuHe အလောတကြီး ထွက်သွားတာ မြင်လိုက်ရသည်။ သူတို့ အမူအယာက အလွန် ဆန္ဒစောနေပုံ ပေါ်ကာ နှုတ်ဆက်စကားတောင် မပြောတော့ပေ။
“Lin Xiao” Lei Ju၏ ဆရာက ရောက်လာကာ Ling Xiao ကို လှမ်းခေါ်ပြီးတော့ ပုံမှန်မဟုတ်သော ယဉ်ကျေးသောအမူအယာနှင့် ပြောသည်။ “TianXin ဂိုဏ်းမှာ ပြဿနာအကြီးကြီး တစ်ခုတက်နေတယ် ဂိုဏ်းချုပ်က မင်းကို ငါနဲ့ တစ်ခါတည်း ပြန်လာပါလို့ ပြောလိုက်တယ်။ အခု ပြန်ရအောင် ” သူ စကားများတွင် တမင်သက်သက် တိုက်တွန်းမှု မပါ ထော့လုံး ငေါ့လုံးများ မပါဝင်ပေ။ ဒီလို အမူအကျင့်မျိုးကို Xiao Long လုပ်တာက လုံးဝ အတုအယောင်မို့ Ling Xiao မပြောနှင့် You XiaoMo တောင်မှ သံသယ၀င်သည်။
Ling Xiao က ပြုံးပြီး ခေါင်းညိမ့်ကာ “သွားရအောင်လေ”
အဲဒိနောက် သူ You XiaoMo လက်ကို ဆွဲကို အတူသွားဖို့ ပြင်တော့သည်။
“ခဏလေး” Xiao Long က ရုတ်တရတ် ပါးစပ်ဟက သူကို့ကို ခေါ်လိုက်သည်။ သူတို့ သူ့ကို ကြည့်လိုက်တော့ သူက ရှင်းပြသည် “ဒီအခေါက်က ငါတို့ Wu Shuang တောင်ကို ချက်ချင်း ပြန်သွားရမှာ ပြီးတော့ အရမ်း အရေးကြီးနေတော့ ကြားထဲမှာ ရပ်လို့ မရဘူး မင့်ညီလေးက မင်းနဲ့ လိုက်ဖို့ မသင့်ဘူး သူ့ကို သူတို့အဖွဲ့က လူတွေနဲ့ ပြန်ပစေလေ သူတို့ သွားမယ့်နေရာက တူနေတာပဲ ဟာကို”
Ling Xiao ရပ်ကာ သူ့နှုတ်ခမ်းစွန်းတွေ မြင့်တက်လာပြီးတော့ “ကောင်းပြီလေ ဒါဆိုလဲ ဆရာဦးလေးXiao ခဏလောက် ကျွန်တော့ကို စောင့်ပေးပါဦး”
မမျှော်လင့်စွာနှင့် Ling Xiao က သူ့ကို ခက်ခဲအောင် မလုပ်တာကြောင့် သူ့ကို သွားခွင့်ပေးလိုက်သည်။
Lei Ju က အနောက်ကနေ သူထွက်သွားတာကို မြင်တော့ မကျေနပ်သည့်အကြည့်ဖြင့် ကြည့်ကာ “ဆရာ ဘာလို့ Lin Xiao ကို သွားခွင့်ပေးလိုက်တာလဲ သူက ကျွန်တော့်ကို သုခဘုံနယ်မြေထဲမှာ အနိုင်ကျင့်တယ်”
Xiao Long က နှာတစ်ချက်မှုတ်ကာ “စိတ်မပူနဲ့ သူ့ဘ၀င်ကို သိပ်ကြာကြာ ထိန်းနိုင်တော့မှာမဟုတ်ဘူး”
Lei Ju က ဘာတွေ ဖြစ်နေမှန်း သူမသိပေမယ့် သူ့ဆရာ မမှားနိုင်တာ သိတာမို့ သူပျော်သွားတော့သည်။
အခြားတစ်ဖက်တွင် Ling Xiao က You XiaoMo ကို Fang ChenLe နှင့် Fu ZiLin တို့ဆီ လက်လွှဲပေးလိုက်သည်။ သူတို့ နီးလာတော့ Fang ChenLe ၏ ပခုံးပေါ်က အပျင်းထူနေသော အဆိပ်လွှမ်းမိုးနဂါး ရုတ်တရတ် တစ်ခုခုကို ကြောက်လန့်သွားသလိုပြုမူလိုက်သည်။ သို့သော်လည်း သူက အရမ်းသေးနေတာမို့ လူအများကြီးကတော့ သတိမပြုမိပေ။ မည်သို့ပင် ဆိုစေကာမူ Fang ChenLe ကတော့ သူ့ရဲ့ဆက်နွယ်ထားသူမို့ သူသိလိုက်သည်။ သူမေးမလို့ ပါးစပ်ဖွင့်တုန်းမှာပင် Ling Xiao နှင့် You XiaoMo သူတို့ရှေ့ကို ရောက်လာကြသည်။
Ling Xiao က “Fang ChenLe ညီလေးYou ကို ဂရုစိုက်ပေးပါဦး”
Fang ChenLe က သူ့ဆီကို You XiaoMo ကို လက်လွှဲပေးတာကို အံသြနေသည် သို့သော်လည်း သူက ခေါင်းညိမ့်ကာ “စိတ်မပူနဲ့ ငါက သူ့အစ်ကိုကြီးပါ ငါ သူ့ကို ဂရုစိုက်ပေးမှာပေ့ါ”
Ling Xiao က ခေါင်းညိမ့်ယုံလေး ညိမ့်ကာ ထွက်သွားတော့သည်။ သူ့နောက်ကျောကို ကြည့်ရင်းနှင့် You XiaoMo တစ်ခုခုပြောချင်လာသည် သို့သော် ရပ်တန့်လိုက်သည်။ ဒီအခြေအနေကြီး တစ်ခုလုံးက တစ်မျိုးတစ်ဖုံတော့ ထူးဆန်းနေသည်ဟု သူ ခံစားနေရသည်။
အနီးအနားပတ်ဝန်းကျင်က ဖိအားများက လူတွေကို ပိုကြောက်ဖို့ကောင်းစေသည်။