C- 183 Killing intent
အခန္း ၁၈၃ သတ္ျဖတ္ရန္ ရည္ရြယ္မႈ
You XiaoMo ကို ျမင္ေတာ့ Tang YunQi သာ အလိုေလ်ာက္ပင္ အနားက Ling Xiao၏ သ႑ာန္ကို ရွာလုိ္က္သည္။
သို႕ေသာ္ ဘယ္ ညာ ရွာၾကည့္ျပီးေနာက္ေတာ့ Ling Xiao ကို ဘယ္ေနရာတြင္မွ မေတြ႕သျဖင့္ သူ(မ)၏ လွပေသာ မ်က္ေလးတြင္ ထူးဆန္းေသာ အမူအယာတစ္ခု ေပၚလာသည္။
Tang YunQi က မ်က္လံုးမ်ား ေမွးက်ဥ္းကာ You XiaoMo ကို အထက္ေအာက္ၾကည့္ျပီးေတာ့ ေျပာင္ေျပာင္ဘြင္းဘြင္းပင္ “ဘာလို႕ ဒီမွာ နင္တစ္ေယာက္ထဲ ျဖစ္ေနတာလဲ အစ္ကိုXiaoေကာ?”
You XiaoMo က သူ(မ)ေဘးတြင္ ရွိေနေသာ အျမီးခုနစ္ခု မိစၧာေျမေခြး ကို ဖ်တ္ခနဲၾကည့္လုိက္သည္။ ဒီ အျမီးခုနစ္ခု မိစၧာေျမေခြးတြင္ အျမီးခုနစ္ခု ရွိျပီးျဖစ္သည္။ သူ႕က အဆင့္ခုနစ္က်င့္ၾကံဆင့္ေနျပီးမွန္း ရွင္းလင္းလွသည္။ သူ႕ရင္ထဲေတာ့ 'ေသစမ္း´ လုိ႕သာ ဆဲဆိုႏိုင္ေတာ့သည္။ ဘာ့ေၾကာင့္မ်ား သူမွာလွံတံတစ္ခု ႏွင့္ ျမင္းတစ္ေကာင္ပဲ ရွိေနခ်ိန္ (သူတစ္ေယာက္တည္းသာ ရွိေနခ်ိန္ကို ေျပာပါတယ္) မွာမွ ဒီ မေကာင္းေသာ စိတ္ဓါတ္ႏွင့္ က်ိဳးေၾကာင္းမဆီေလ်ာ္္ေသာ မိန္းကေလးနဲ႕မ်ား ဆံုရပါသလဲ? သူ႕ကံေတြ ဘယ္ေလာက္ေတာင္ ဆိုးေနသလဲ အား….
You XiaoMo က Ling Xiao ဘယ္သြားလဲဆိုတာ သူမသိေၾကာင္း မေျပာရဲေပ။ အဲဒါက သူ(မ)ကို သူတစ္ေယာက္တည္းသာ ျဖစ္ေၾကာင္း ၀န္ခံသလို ျဖစ္လိမ့္မည္။ သူ႕မ်က္လံုးေလးေတြ တစ္ပတ္လည္ျပီးေတာ့မွ “အစ္ကိုၾကီးLing က အနီးအနားမွာပဲ။ သူက……….ငါ့ကို ဒီမွာ ခဏေစာင့္ဖို႕ေျပာတာ။ နင္ ငါ့ကို အစ္ကုိၾကီးကို ကူေစာင့္ေပးခ်င္လား?”
ေနာက္ဆံုးစကားက ေသခ်ာေပါက္ ေက်ေက်နပ္နပ္ေတာ့ မဟုတ္ဘူး ဒါေပမယ့္ သူ႕ကို Tang YunQiမယံုၾကည့္မွာ စိုးလွသည္။
“အစ္ကိုXiao က တကယ္ အနားမွာပဲလား?”
အျမဲတမ္း ဦးေႏွာက္မရွိေသာဟန္ေပၚေသာ Tang YunQi က ဒီအခ်ိန္တြင္ေတာ့ Ling Xiao ကို ေတြ႕ခ်င္လွ၍ ပံုမွန္စိတ္လႈပ္ရွားမႈကို တကယ္ၾကီး မျပသေပ။ အဲဒိအစား သူ(မ)က You XiaoMo စကားမ်ားအား သံသယ ၀င္ေနေလသည္။ သူ(မ)၏ လိမၼာပါးနပ္မႈ မရွိလွေသာ မ်က္လံုးမ်ားက You XiaoMo ကို အသက္ရွင္လ်က္ အေရခြံခြာခ်င္ေနသလိုမ်ိဳး ထက္ျမက္ေသာ အရိပ္အေယာင္မ်ား ေပၚေနသည္။
You XiaoMo က သေတြးေလး မ်ိဳခ်ကာ“ ဒါေပ့ါ”
ဒီ Tang YunQi က အရင္က နဲ႕ နဲနဲကြာျခားသလိုမ်ိဳး ထင္ေနရတာလဲ?
Tang YunQi က သူ(မ)လည္ပင္းေလးကို ရုတ္တရတ္ ဆန္႕လုိက္ကာ သူ႕ကို စိုက္ၾကည့္ရင္းႏွင့္ စကားလံုးတစ္လံုးခ်င္းစီကို ရွင္းလင္းေအာင္ ေျပာေတာ့သည္ “You XiaoMo နင္ ငါ့ကုိ လိမ္ေနတာပဲ။ အစ္ကိုXiao က အနားမွာ မဟုတ္ဘူး နင္ အစ္ကိုXiao နဲ႕ ကြဲလာတာမလား?”
You XiaoMo မ်က္လံုးမ်ား က်ယ္သြားသည္။ ဒီ အဆင္းသာရွိတဲ့သူ ဘယ္တုန္းက ေတာ္သြားတာတုန္း? တကယ္ၾကီး သူလိမ္ေနတာ ျမင္တယ္ေပ့ါ။
သူ႕တုန္႕ျပန္မႈက Tang YunQi၏ ခန္႕မွန္းခ်က္ကို အတည္ျပဳေပးလုိက္သည္။ တင္းတိမ္ေရာင့္ရဲဟန္ အမူအယာက ခ်က္ခ်င္းကို ေျပာင္းလဲကာ အရူးအမူး ထိန္းမႏို္င္သိမ္းမရျဖစ္ေနေသာ ရယ္သံထြက္လာသည္။ လွပေသာ မ်က္ႏွာေလးက အနည္းငယ္ေလာက္ ေျပာင္းလဲလုိက္သည္ႏွင့္ ရုပ္ဆိုးေသာ အသြင္ ေပၚေပါက္လာသည္။ သူ(မ)ႏႈတ္ခမ္းေတြက ခနဲ႕တဲ့တဲ့ႏွင့္ ေကြးတက္သြားကာ “You XiaoMo နင့္မွာလဲ ဒိလုိေန႕ရက္မ်ိဳး ရွိတာပဲ။ အစ္ကိုXiao က နင့္ေဘးမွာ မဟုတ္ဘူး။ နင့္ဘာသာ ဘယ္လိုခုခံကာကြယ္မလဲ ဆိုတာ သူၾကည့္ခ်င္လုိက္တာ”
တစ္ကယ္ေတာ့ သူတြင္ သူ႕ကိုယ္သူကယ္တင္ရန္ နည္းတစ္နည္း ရွိသည္။ တကယ္ၾကီး။
သို႕ေသာ္လည္း နယ္ေျမတည္ရွိမႈကိုေတာ့ ဘယ္ေလာက္ပဲ ေပးဆပ္ရ ေပးဆပ္ရ Tang YunQi ဆီကေန လွ်ိဳ႕၀ွက္ခ်က္အျဖစ္ ထိန္းထားရမည္။
သို႕ေသာ္လည္း သူ႕ရဲ႕အခုလက္ရွိအေျခအေနေပၚကို ၾကည့္လွ်င္ Tang YunQi က သူ႕အတြက္ အစီအစဥ္ ရွိပံုေပၚကာ သူ႕ရဲ႕ေဘာလံုးအသင္းကလည္း သူ႕အနားမွာ တစ္ေယာက္မွ မရွိေနေပ။ အားနည္းဆံုး ျဖစ္ေသာ PiQiuသည္ေတာင္ Ling Xiao၏ နယ္ေျမထဲ ထည့္ထားမိသည္………….
“နင္ ဘာမွ အၾကံထုတ္မေနနဲ႕ TianXinဂိုဏ္းက ဂိုဏ္းသား အခ်င္းခ်င္း သတ္ျဖတ္တာ တားျမစ္ထားတယ္”
You XiaoMo က ကတိုက္ကရိုက္ အေနာက္ကို ေျခလွမ္းနည္းနည္း ဆုတ္လုိက္သည္။
“ဟား..ဟား.. ဒီေတာ့ ဘာျဖစ္လဲ”
Tang YunQiက သူ(မ)ေခါင္ကို ေနာက္ျပန္ဆုတ္ျပီးေတာ့ တဟားဟားေအာ္ရယ္ျပီးမွ ေျပာင္ေခ်ာ္ေခ်ာ္ ျပန္ေျဖသည္ “ဒီမွာ နင္ရယ္ ငါရယ္ပဲ ရွိတာ။ ငါ နင့္ကို သတ္လုိက္လွ်င္ ဘယ္သူသိမွာလဲ တစ္ေယာက္ေသာက္က ေတြ႕သြားရင္ေတာင္ ငါ့အေဖက နင့္ေၾကာင့္မို႕ သူ႕သမီးကို အျပစ္ေပးမယ္လုိ႕ထင္လား”
ဘယ္ေတြးပါ့မလဲ။
သူက ေမွာ္ဆရာ ေပါက္စေလးသာ ျဖစ္ကာ သူႏွင့္ ရင္းႏွီးသူက Ling Xiao သာ ျဖစ္သည္။
အခုေတာ့ Tang Fan က Lin Xiaoအတုျဖစ္ေသာ Ling Xiaoကို စြန္႕လႊတ္ေတာ့ရန္ ဆံုးျဖတ္ျပီး ျဖစ္သည္။ သူက သူတို႕ႏွစ္ေယာက္လံုးေသတာကို ျမင္ရဖုိ႕ေတာင္ မေစာင့္ႏိုင္ေလာက္ေပ။
Tang YunQi က သူ႕ကို သတ္တာကိုသာ ေနာက္ပုိင္း Tang Fanသိသြားပါက သူက ေဒါသမထြက္ရံုသာမကပဲ သူ(မ)ကို ဂုဏ္ေတာင္ ယူေနေလာက္သည္။
“မိစၧာေျမေခြး သူ႕ကို ရွင္းလုိက္ေတာ့”
Tang YunQi က You XiaoMoဆီက အေျဖကိုေတာင္ မေစာင့္ႏိုင္ေတာ့ေပ။ အိမ္မက္မ်ားႏွင့္ ၀ရံုးသံုးကား ျဖစ္ေနမည့္ ညရွည္ၾကီးကို ေရွာင္ရွားႏိုင္ရန္အတြက္ သူ(မ)က သူ(မ)ေရွ႕တြင္ပင္ You XiaoMo ကိုအခု ေသေစခ်င္ေနသည္။ သူ(မ)မွာ ရွိေတာကလည္း အဲဒိဟာတြက္ကို လံုေလာက္ေနျပီ။ အစ္ကုိXiao ရဲ႕ မ်က္လံုးထဲမွာ You XiaoMo တစ္ေယာက္သာ ရွိျပီး သူ(မ)ကို လ်စ္လ်ဴရႈထားတို္ငး္ သူ႕ရင္ကို ဓါးတစ္ေခ်ာင္းႏွင့္ ထုိးစိုက္ေနသလုိ ခံစားရာ အခ်ိန္တို္င္းအခ်ိန္တိုင္းမွာ အရူးအမူး ေသာင္းၾကမ္းလုိက္ခ်င္သည္။
ဒီတစ္ၾကိမ္ေတာ့ ေကာင္းကင္ဘံုက အေဖက ေနာက္ဆံုးေတာ့ သူ(မ)ဘက္က ျဖစ္ေနကာ သူ(မ)ကို You XiaoMo တစ္ေယာက္တည္း ျဖစ္ေနခ်ိန္တြင္ အမွတ္မထင္ကို ဆံုေစသည္။ အစ္ကို Xiao သူ႕ေဘးမွာ မရွိသည္သာ မကပဲ သူ႕ဆက္ႏြယ္သားရဲ ေတာင္မွ အရိပ္အေယာင္ မျမင္ရေခ်။ ဒီေလာက္ ထူးကဲလွေသာ အခြင့္အေရးက သူ႕(မ) အေတြးေတြထဲကလုိ ေအာ္ဟစ္ရယ္ေမာေစသည္။
စိတ္လႈပ္ရွားမႈက Tang YunQi ကို ဘာမွမေတြးႏိုင္ေအာင္ လုပ္လိုက္သည္။ ထို႕ေၾကာင့္ သူ(မ)က ဒီေနရာတြင္ မေပၚလာသင့္သည့္ You XiaoMoက ဘာ့ေၾကာင့္ ဒိမွာ ေပၚလာသလဲဆိုတာ ကို မေတြးဆႏို္င္ေတာ့ေပ။
အျမီးခုနစ္ခု မိစၧာေျမေခြးက Tang YunQi ကို မည္းေမွာင္စြာ ဖ်တ္ခနဲ ၾကည့္ုလုိက္သည္။
သူတို႕ၾကားက ဘယ္လိုမေက်နပ္ခ်က္မ်ား ရွိမွန္း သူမသိေပမယ့္ မိန္းမတစ္ေယာက္က ဂိုဏ္းသားတစ္ေယာက္ကိုေတာင္ သတ္ခ်င္ေနေသးသူမို႕ ဆက္ႏြယ္မႈႏွင့္ မထိုက္တန္ေသာ သူတစ္ေယာက္ပင္ျဖစ္သည္။
သို႕ေသာ္ သူက ဒီစက္ဆုပ္အထင္ေသးဖြယ္ မိန္းမကို မနာခံပဲ မရေပ။ မဟုတ္လွ်င္ ဒီဆက္ႏြယ္မႈက ပ်က္ျပယ္ဖို႕ လုပ္ျပီးျပီ။
အျမီးခုနစ္ခု မိစၧာေျမေခြး က သူ႕ဆီကို တစ္လွမ္းခ်င္း တစ္လွမ္းခ်င္းတိုးလာသည္ကို ၾကည့္ေနရင္းႏွင့္ You XiaoMo စိတ္ရႈပ္ေသာ အမူအယာ ေပၚလာသည္။
You XiaoMo က နယ္ေျမတည္ရွိမႈႏွင့္ ပတ္သတ္ျပီးေတာ့ ထုတ္ေဖာ္မယ္ မထုတ္ေဖာ္ဖူးႏွင့္ အဆက္မျပတ္ ေတြးဆေနသည္။ အကယ္လို႕ သူ သူ႕နယ္ေျမထဲ မထြက္ေျပးပါက သူေသလိမ့္မည္။ အကယ္လုိ႕ သူ႕နယ္ေျမထဲသို႕ ထြက္ေျပးသြားလွ်င္ Tang YunQi ကေသေလာက္သည္ အဘယ့္ေၾကာင့္ဆိုေသာ္ ႏႈတ္ပိတ္ဖို႕အတြက္ သူ(မ)ကို Ling Xiao ကေသခ်ာေပါက္ သတ္လိမ့္မည္။
သူ႕ေသျခင္းႏွင့္ Tang YunQi၏ ေသျခင္းတို႕ကို ေရြးခ်ယ္ရမည္ဆိုလွ်င္ You XiaoMo ေတြးလိုက္တာက သူသာ အျဖဴေရာင္ထက္ ပိုမိုျဖဴေဖြးေသာ ၾကာျဖဴပန္းေလးမဟုတ္ခံဘူးဆိုလွ်င္ အရူးေတာင္မွ အေနာက္က တစ္ခုကို ေရြးရမည္ဆိုတာ သိသည္။
“ခဏေလး ငါေျပာစရာ ရွိတယ္”
You XiaoMo ကတိုက္ကရိုက္ သူတို႕ကို ရပ္ခို္င္းလုိက္သည္။
အျမီးခုနစ္ခု မိစၧာေျမေခြး က တန္႕သြားသည္။ ဒီလူသားက နည္းနညး္ ထူးဆန္းသည္။ သူက Tang YunQi ကို လွည့္ကာ ၾကည့္လိုက္သည္။
Tang YunQi က You XiaoMo ေသတာကို မေစာင့္ႏိုင္ေတာ့ေသာ္လည္း သူ(မ)က You XiaoMo မေသဖို႕အတြက္ ၾကိဳးစားရုန္းကန္သည္ ၾကည့္ဖို႕လဲ အရမ္းေပ်ာ္ရႊင္ေနေသးသည္။ ထို႕ေၾကာင့္ သူက သူ႕ဆႏၵကို ျဖည့္စည္းကာ တင္းတိမ္ေရာင့္ရဲေသာ အျပံဳးေလး ျပလုိက္ကာ “ငါက နင့္ရဲ႕ေနာက္ဆံုး ေျဖာင့္ခ်က္ေပးဖို႕ အခြင့္အေရးေပးမယ္။ ငါေပ်ာ္ရင္ အဲဒိစကားေတြကို အစ္ကိုXiao ဆီကို ေရာက္ေအာင္ လုပ္ေပးမယ္”
You XiaoMo က ေတာ့ သူ(မ)၏ 'သနားညွာတာမႈ ျပပြဲၾကီး´အမူအယာကုိ ၾကည့္ကာ အနည္းငယ္ေတာ့ စိတ္တိုေနျပီ။ ဒီ မုန္းဖို႕ေကာင္းတဲ့ ေကာင္မေလး ။ သူ ေျဖာင့္ခ်က္ေပးခ်င္တယ္လုိက ဘယ္သူေျပာလဲ?
“ဂ်ဴနီယာညီမTang ငါကေတာ့ နင္ထြက္ေျပးရင္ ေကာင္းမယ္လို႕ ထင္ေနတုန္းပဲေနာ္။ ငါ ခုဏက ေျပာတာအမွန္ေတြ။ အစ္ကိုၾကီး Ling က သိပ္မၾကာခင္ ဒီေရာက္လာေတာ့မွာ။ နင္ ငါ့ကို သတ္ခ်င္တာသာ သူသိရင္ နင့္ကို သူသတ္လိမ့္မယ္ေနာ္”
ထုိ စကားမ်ားေျပာျပီးသည္ႏွင့္ You XiaoMo က သူ တကယ္ၾကီး ကို္ယ္လိုခ်င္တာကို ေသြးေဆာင္ေျပာဆိုတတ္သူ တစ္ေယာက္ ျဖစ္လာတာကို ခံစားမိသည္။ သူ Ling Xiao ႏွင့္ အၾကာၾကီး ေလွ်ာက္သြားျခင္းက သူ႕ရဲ႕လိမ္လည္လွည့္ျဖားတတ္ေသာ သဘာ၀ေတြ ကူးစက္လာေစသည္။
“ပါးစပ္ပိတ္စမ္း”
Tang YunQi မ်က္ႏွာက ခ်က္ခ်င္းမည္းလာျပီးေတာ့ သူ႕ကို ၾကည့္ကာ “You XiaoMo နင့္ရဲ႕ဘယ္အပိုင္းကို ငါအမုန္းဆံုးလဲဆိုတာ နင္သိလား? နင့္ရဲ႕ နင့္ကိုယ္နင္ေကာင္းျမတ္မွန္ကန္တယ္ဆိုတဲ့ အက်င့္ပဲ။ နင့္အတြက္အတြက္ အစ္ကုိXiao က အကုန္လုပ္ေပးမယ္ဆိုျပီးေတာ့ နင္ဘယ္လိုေတြးလုိက္သလဲဟင္? နင့္ကိုနင္ ဘာမ်ားမွတ္ေနလဲ? ငါ အစ္ကိုXiao ကိုသိလာတာ ဆယ္ႏွစ္နီးပါးရွိေနျပီ။ နင္ကေနရာဟြန္႕.. တစ္ႏွစ္ေတာင္ မရွိေသးဘူး အစ္ကိုXiao က နင့္လူလို႕ နင္ဘယ္လုိမ်ား ေတြးလုိ္က္လဲ? ေျပာစမ္းပါ နင္ဘယ္လိုေတြးလဲ ဆိုတာကို”
ဒီအထိ ေျပာျပီးေနာက္ Tang YunQi က စိတ္ဂေယာင္ေျခာက္ျခားႏွင့္ ေအာ္ဟစ္တာ နီးပါးျဖစ္လာသည္။ သူ႕မ်က္လံုးထဲက အစိမ္းေရာင္အလင္းတန္းေတ ြ ထြက္ကာ You XiaoMo ကို သတ္ခ်င္ျဖတ္ခ်င္စိတ္ေတြႏွင့္ စိုက္ၾကည့္ေနေတာ့သည္။
တကယ္လဲ You XiaoMo က သိခ်င္ပါတယ္ ဒါေပမယ့္ ဟိုဟုိ ဒီဒီ ေတြးဆျပီးေနာက္ သူ႕မွာ အႏွစ္ခ်ဳပ္က တစ္ခ်က္သာ ရွိေတာ့သည္။
အဲဒါကေတာ့ သူက Ling Xiao ကို Lin Xiaoအစစ္မဟုတ္မွန္း သိသည္ေလ။ သူက Ling Xiao၏ လွ်ိဳ႕၀ွက္ခ်က္ ကို သိျပီးေတာ့ Ling Xiao ကလည္း သူ႕လွ်ိဳ႕၀ွက္ခ်က္ကို သိသည္။
ဒါေပမယ့္ သူက ဒါကို ေျပာလုိ႕မရေပ။ သူေျပာႏိုင္တာတစ္ခုကေတာ့ အခ်စ္တြင္ မ်က္စိမရွိဟုသာ။
“နင္ေျပာခ်င္တာ ဒါဆိုရင္ နင္ အခု သြားေသလုိ႕ရျပီ။ မိစၧာေျမေခြး သူ႕ကို သတ္ေတာ့”
ေအာ္ဟစ္ျပီးေနာက္ Tang YunQi က ဟန္ခ်က္ျပန္ထိန္းႏိုင္သြားကာ အျမီးခုနစ္ခု မိစၧာေျမေခြး ကို အမိန္႕ေပးလိုက္သည္။
အျမီးခုနစ္ခု မိစၧာေျမေခြး က You XiaoMo ကို သာ စိုက္ၾကည့္ေနသည္။ ဒီတစ္ၾကိမ္ေတာ့ တြန္႕ဆုတ္ျခင္း မရွိေတာ့ေပ။ ရဲရဲေတာက္ေနေသာ မီးေတာက္လံုးတစ္ခုကို ပစ္လႊတ္လုိက္သည္။ မီးေတာက္လံုးတြင္ ဖ်တ္ဆီးႏိုင္ေသာ စြမ္းအင္ၾကီးမားစြာ ပါ၀င္ကာ You XiaoMoဆီကို တန္းတန္းမတ္မတ္ ဦးတည္သြားသည္။
နယ္ေျမတည္ရွိမႈ ေပၚေပါက္သြားေစမည့္ ေရြးခ်ယ္မႈတစ္ခုသာ ရွိေတာ့သည္အခ်ိန္ျဖစ္ခ်ိန္တြင္ သူ႕နယ္ေျမထဲကို ၀င္ေတာ့မည့္ You XiaoMo ေရွ႕တြင္ အနက္ေရာင္ အရိပ္တစ္ခုေပၚလာသည္။ မီးေတာက္လံုးကို တားဆီးလိုက္ရံုမက သူကေတာင္ ျပန္တိုက္လုိက္ေသးသည္။
အျမီးခုနစ္ခု မိစၧာေျမေခြး က တစ္စံုတစ္ေယာက္က သူ႕တိုက္ခိုက္မႈကို ပိတ္ဆို႕ဟန္႕တားကာ သတိမထားလုိက္သည့္ တစ္ခဏတြင္ သူ႕တိုက္ခို္က္မႈက တန္ျပန္ ထိမိလုနီးပါး ျဖစ္သြားလိမ့္မည္ဟု လံုး၀ မေမွ်ာ္လင့္ထားေပ။ အဓိကက်ေသာ အက်ိဳးသက္ေရာက္မႈကို ေရွာင္ရွားႏိုင္လုိက္ေသာ္လည္း သူ႕ရဲ႕ သားေမႊးအျဖဴတြင္ အနည္းငယ္ေတာ့ မီးဟပ္သည့္အကြက္မ်ား ျဖစ္သြားသည္။ ကံေကာင္းစြာနွင့္ You XiaoMo က ေမွာ္ဆရာေပါက္စေလးပဲ ဆိုကာ သူ႕စြမ္းအင္အကုန္ ထုတ္မသံုးမိတာ ျဖစ္သည္။ ဒါက ကံလုိ႕ပဲ ေျပာရမယ္
“SheQiu ေတြ႔ရတာ အရမ္း၀မ္းသာပါတယ္”
You XiaoMo က သူ႕ကို ကူညီသူကို ေသခ်ာၾကည့္လိုက္ကာ အလြန္ေပ်ာ္ရြင္ စိတ္လႈပ္ရွားသြားေတာ့သည္။ သူ လံုး၀ ေမ့လုနီးပါး ျဖစ္သြားတက သူတို႕ ေမွာ္၀င္သားရဲေတာင္ထြတ္ကို တက္ခါနီးတြင္ Ling Xiao က SheQiu ကို မရဏေတာင္ၾကားတြင္ ထားခဲ့လုိက္သည္။ ျပီးေတာ့ အခု ေမွာ္၀င္သားရဲေတာင္ထြတ္က တစ္ခုခု ျဖစ္ေတာ့ ေတာင္ေျခတြင္ ရွိေနေသာ SheQiu က အလံုျခံဳဆံုး အေနအထားျဖစ္လိမ့္မည္။
SheQiu -_-|| “ သခင္ ကၽြန္ေတာ့္ကို SheQiu လို႕မေခၚရင္ ကၽြန္ေတာ္လဲ သခင့္ကိုေတြ႕ရတာ အရမ္းေပ်ာ္သြားမွာ”
You XiaoMo က ရယ္ကာ “SheiQiu ဆိုတာ အရမ္းေခၚလုိ႕ေကာင္းတဲ့ နာမည္ပဲဟာကို”
“နင္ ဘယ္သူလဲ? ဘာလို႕ ငါတို႕ကိစၥကို ၀င္ရႈပ္တာလဲ”
ဒီအခ်ိန္တြင္ေတာ့ ေဘးတစ္ဖက္တြင္ လ်စ္လ်ဴရႈခံထားရသည့္ Tang YunQi က အဆံုးေတာ့ လႈပ္လာသည္။ အျမဲတမ္း အလြန္ခ်ိဳသာလွေသာ သူ(မ)အသံ က စူးရွကာ ထြက္လာသည္။ သူ(မ)ရဲ႕ လွပတဲ့ မ်က္ႏွာေလးေၾကာင့္သာ မဟုတ္လွ်င္ သူ႕အသံကို နားေထာင္လုိက္သည္ႏွင့္ သူ(မ) က ရက္စက္ၾကမ္းၾကဳပ္ေသာ မိန္းမတစ္ေယာက္လို႕ ထင္မိလိမ့္မည္။
SheQiu က ေအးတိေအးစက္ ႏွာတစ္ခ်က္ ဟြန္႕ခနဲ လုိက္သည္။ သူက အတၱၾကီးေသာ မိန္းမမ်ားကို တကယ္မုန္းလွသည္ “မုန္းဖို႕ေကာင္းတဲ့မိန္းမ ငါ နင့္အသံေနာက္ထပ္ၾကားရရင္ နင့္လွ်ာ ငါ ျဖတ္ပစ္မယ္”
Tang YunQi သူ(မ)ရဲ႕ အမိုက္စားဟန္ပန္ေတြ ေပ်ာက္ဆံုးကုန္တာ ၾကာလွေနျပီ။ သူ႕စကားကို ၾကားသည္ႏွင့္ သူ(မ)က ရုတ္တရက္ သူ(မ)မ်က္ႏွာေပၚက အမ်က္ေဒါသေတြကို မထိန္းသိမ္းႏိုင္ေတာ့ေပ။ You XiaoMo က သူ(မ)ေရွ႕တြင္ ေသဖို႕နီးေနကာမွ ဘယ္နားကေန ေပၚလာမွန္းမသိေသာ အေကာင္က ေပၚလာတာေၾကာင့္ သူ႕ရင္ထဲတြင္ စိတ္မရွည္ေတာ့ပဲ ျပႆနာရွာခ်င္ေနျပီ။ You XiaoMo ႏွင့္ SheQiu ကို ညႊန္ျပကာ သူ(မ)ႏႈတ္ခမ္းေတြ တုန္ရီကာ “အျမီးခုနစ္ခု မိစၧာေျမေခြး သြား……. သူတို႕ႏွစ္ေယာက္လံုးကို စားပလုိက္။ အေလာင္းေတာင္ မက်န္ေစနဲ႕”
ဘယ္သူက ထင္မွာလဲ သူ(မ)စကားကို နာခံစြာႏွင့္ နားေထာင္ေနေသာ အျမီးခုနစ္ခု မိစၧာေျမေခြးက သူ(မ)အမိန္႕ကို လံုး၀ တုန္႕ျပန္မႈ မရွိတာကို။ အျမီးခုနစ္ခု မိစၧာေျမေခြးက လႈပ္ရွားမႈ မရွိတာကို တစ္ခဏၾကည့္ျပီးေနာက္ Tang YunQi မိုက္ၾကည့္ၾကည့္ကာ “အသံုးမက်တဲ့အေကာင္ သူတို႕ကို စားလိုက္လုိ႕ေျပာတာ နင္မၾကားဘူးလား”
သူ႕ကို အသံုးမက်တဲ့အေကာင္ဟု ေခၚတာကို ၾကားေတာ့ အျမီးခုနစ္ခု မိစၧာေျမေခြး က သူ႕မ်က္လံုးေတြ ႏွိမ့္ကာ “သခင္။ ကၽြန္ေတာ သူ႕ကို မႏိုင္ဘူး”
Tang YunQi ပံုက ရန္စခံလုိက္ရသလုိပင္။ သူ(မ)မ်က္လံုးေတြက ခ်က္ခ်င္းျပဴးထြက္လာကာ သူ(မ)ရဲ႕ အထိတ္တလန္႕ျဖစ္သြားတာနဲ႕ မေရမရာ ျဖစ္သြားတာကို ဖံုးကြယ္ဖို႕အတြက္ သူ(မ)ေဒါသေတြကို သူ႕အေပၚပံုခ်လိုက္သည္။ “နင္က အသံုးကို မ၀င္ဘူး နင္က အျမီးခုနစ္ခု မိစၧာေျမေခြး မဟုတ္ဘူးလား ဘယ္လုိလုပ္ လူတစ္ေယာက္ကိုေတာင္ မႏိုင္တာလဲ? အခုသြားျပီးေတာ့ သူတို႕ကို စားလိုက္ ငါအမိန္႕ေပးေနတာေနာ္ နင့္ကို”
အျမီးခုနစ္ခု မိစၧာေျမေခြး၏ ၾကီးမားလွေသာ ကိုယ္ၾကီးက ထိန္းမရေအာင္ တုန္လႈပ္သြားသည္ သို႕ေသာ္လဲ သူက ေျပာေနတုန္းပင္ “သခင္ သူက သ႑ာန္ေျပာင္းျပီးသား အဆင့္ကုိးေမွာ္၀င္သားရဲေလ”
အဆင့္ခုနစ္ေလးတစ္ေကာင္က သ႑ာန္ေျပာင္းအဆင့္ကိုးေမွာ္၀င္သားရဲကို သြားဆန္႕က်င္လွ်င္ ေသလမ္းေလွ်ာက္တာသာ ျဖစ္သည္။ Tang YunQi ႏွင့္ သာမာန္ဆက္ႏြယ္မႈတစ္ခုကို သူလုပ္ထားရေသာ္လည္း သူ႕အသက္ကိုယ္ေတာ့ သူအရမ္းတန္ဖိုးထားတုန္းပင္။ မဟုတ္လွ်င္ ဒီ ဆက္ႏြယ္သခင္ကို သတ္ပလိုက္တာ ၾကာလွျပီ။
သူ(မ)လည္းေခ်ာင္းက လံုး၀ကို ပိတ္ဆို႕ခံလုိက္ရသလိုပင္ Tang YunQi က စကားတစ္ခြန္းေတာင္ မေျပာႏို္င္ေတာ့ပဲ SheQiu ကိုသာ တုန္လႈပ္ေျခာက္ျခားေသာ မ်က္ႏွာျဖင့္ ၾကည့္ေနသည္။
ဒီပုဂၢဳိလ္က တကယ္ေတာ့ သ႑ာန္ေျပာင္း အဆင့္ကိုး ေမွာ္၀င္သားရဲ တစ္ေကာင္ ဟုတ္လား?
ဘယ္လုိလုပ္ ျဖစ္ႏို္င္မွာလဲ You XiaoMoက ေသြးျပာ၀ံပုေလြတစ္ေကာင္ ႏွင့္ ဆက္ႏြယ္ထားတာ မဟုတ္ဘူးလား?
ဘယ္လုိလုပ္ အဆင့္ကိုးေမွာ္၀င္သားရဲ တစ္ေကာင္ ကို ေျပာင္းသြားတာလဲ?
Unicode
C- 183 Killing intent
အခန်း ၁၈၃ သတ်ဖြတ်ရန် ရည်ရွယ်မှု
You XiaoMo ကို မြင်တော့ Tang YunQi သာ အလိုလျောက်ပင် အနားက Ling Xiao၏ သဏ္ဍာန်ကို ရှာလိုက်သည်။
သို့သော် ဘယ် ညာ ရှာကြည့်ပြီးနောက်တော့ Ling Xiao ကို ဘယ်နေရာတွင်မှ မတွေ့သဖြင့် သူ(မ)၏ လှပသော မျက်လေးတွင် ထူးဆန်းသော အမူအယာတစ်ခု ပေါ်လာသည်။
Tang YunQi က မျက်လုံးများ မှေးကျဉ်းကာ You XiaoMo ကို အထက်အောက်ကြည့်ပြီးတော့ ပြောင်ပြောင်ဘွင်းဘွင်းပင် “ဘာလို့ ဒီမှာ နင်တစ်ယောက်ထဲ ဖြစ်နေတာလဲ အစ်ကိုXiaoကော?”
You XiaoMo က သူ(မ)ဘေးတွင် ရှိနေသော အမြီးခုနစ်ခု မိစ္ဆာမြေခွေး ကို ဖျတ်ခနဲကြည့်လိုက်သည်။ ဒီ အမြီးခုနစ်ခု မိစ္ဆာမြေခွေးတွင် အမြီးခုနစ်ခု ရှိပြီးဖြစ်သည်။ သူ့က အဆင့်ခုနစ်ကျင့်ကြံဆင့်နေပြီးမှန်း ရှင်းလင်းလှသည်။ သူ့ရင်ထဲတော့ 'သေစမ်း´ လို့သာ ဆဲဆိုနိုင်တော့သည်။ ဘာ့ကြောင့်များ သူမှာလှံတံတစ်ခု နှင့် မြင်းတစ်ကောင်ပဲ ရှိနေချိန် (သူတစ်ယောက်တည်းသာ ရှိနေချိန်ကို ပြောပါတယ်) မှာမှ ဒီ မကောင်းသော စိတ်ဓါတ်နှင့် ကျိုးကြောင်းမဆီလျော်သော မိန်းကလေးနဲ့များ ဆုံရပါသလဲ? သူ့ကံတွေ ဘယ်လောက်တောင် ဆိုးနေသလဲ အား….
You XiaoMo က Ling Xiao ဘယ်သွားလဲဆိုတာ သူမသိကြောင်း မပြောရဲပေ။ အဲဒါက သူ(မ)ကို သူတစ်ယောက်တည်းသာ ဖြစ်ကြောင်း ၀န်ခံသလို ဖြစ်လိမ့်မည်။ သူ့မျက်လုံးလေးတွေ တစ်ပတ်လည်ပြီးတော့မှ “အစ်ကိုကြီးLing က အနီးအနားမှာပဲ။ သူက……….ငါ့ကို ဒီမှာ ခဏစောင့်ဖို့ပြောတာ။ နင် ငါ့ကို အစ်ကိုကြီးကို ကူစောင့်ပေးချင်လား?”
နောက်ဆုံးစကားက သေချာပေါက် ကျေကျေနပ်နပ်တော့ မဟုတ်ဘူး ဒါပေမယ့် သူ့ကို Tang YunQiမယုံကြည့်မှာ စိုးလှသည်။
“အစ်ကိုXiao က တကယ် အနားမှာပဲလား?”
အမြဲတမ်း ဦးနှောက်မရှိသောဟန်ပေါ်သော Tang YunQi က ဒီအချိန်တွင်တော့ Ling Xiao ကို တွေ့ချင်လှ၍ ပုံမှန်စိတ်လှုပ်ရှားမှုကို တကယ်ကြီး မပြသပေ။ အဲဒိအစား သူ(မ)က You XiaoMo စကားများအား သံသယ ၀င်နေလေသည်။ သူ(မ)၏ လိမ္မာပါးနပ်မှု မရှိလှသော မျက်လုံးများက You XiaoMo ကို အသက်ရှင်လျက် အရေခွံခွာချင်နေသလိုမျိုး ထက်မြက်သော အရိပ်အယောင်များ ပေါ်နေသည်။
You XiaoMo က သတွေးလေး မျိုချကာ“ ဒါပေ့ါ”
ဒီ Tang YunQi က အရင်က နဲ့ နဲနဲကွာခြားသလိုမျိုး ထင်နေရတာလဲ?
Tang YunQi က သူ(မ)လည်ပင်းလေးကို ရုတ်တရတ် ဆန့်လိုက်ကာ သူ့ကို စိုက်ကြည့်ရင်းနှင့် စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းအောင် ပြောတော့သည် “You XiaoMo နင် ငါ့ကို လိမ်နေတာပဲ။ အစ်ကိုXiao က အနားမှာ မဟုတ်ဘူး နင် အစ်ကိုXiao နဲ့ ကွဲလာတာမလား?”
You XiaoMo မျက်လုံးများ ကျယ်သွားသည်။ ဒီ အဆင်းသာရှိတဲ့သူ ဘယ်တုန်းက တော်သွားတာတုန်း? တကယ်ကြီး သူလိမ်နေတာ မြင်တယ်ပေ့ါ။
သူ့တုန့်ပြန်မှုက Tang YunQi၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။ တင်းတိမ်ရောင့်ရဲဟန် အမူအယာက ချက်ချင်းကို ပြောင်းလဲကာ အရူးအမူး ထိန်းမနိုင်သိမ်းမရဖြစ်နေသော ရယ်သံထွက်လာသည်။ လှပသော မျက်နှာလေးက အနည်းငယ်လောက် ပြောင်းလဲလိုက်သည်နှင့် ရုပ်ဆိုးသော အသွင် ပေါ်ပေါက်လာသည်။ သူ(မ)နှုတ်ခမ်းတွေက ခနဲ့တဲ့တဲ့နှင့် ကွေးတက်သွားကာ “You XiaoMo နင့်မှာလဲ ဒိလိုနေ့ရက်မျိုး ရှိတာပဲ။ အစ်ကိုXiao က နင့်ဘေးမှာ မဟုတ်ဘူး။ နင့်ဘာသာ ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာ သူကြည့်ချင်လိုက်တာ”
တစ်ကယ်တော့ သူတွင် သူ့ကိုယ်သူကယ်တင်ရန် နည်းတစ်နည်း ရှိသည်။ တကယ်ကြီး။
သို့သော်လည်း နယ်မြေတည်ရှိမှုကိုတော့ ဘယ်လောက်ပဲ ပေးဆပ်ရ ပေးဆပ်ရ Tang YunQi ဆီကနေ လျှို့ဝှက်ချက်အဖြစ် ထိန်းထားရမည်။
သို့သော်လည်း သူ့ရဲ့အခုလက်ရှိအခြေအနေပေါ်ကို ကြည့်လျှင် Tang YunQi က သူ့အတွက် အစီအစဉ် ရှိပုံပေါ်ကာ သူ့ရဲ့ဘောလုံးအသင်းကလည်း သူ့အနားမှာ တစ်ယောက်မှ မရှိနေပေ။ အားနည်းဆုံး ဖြစ်သော PiQiuသည်တောင် Ling Xiao၏ နယ်မြေထဲ ထည့်ထားမိသည်………….
“နင် ဘာမှ အကြံထုတ်မနေနဲ့ TianXinဂိုဏ်းက ဂိုဏ်းသား အချင်းချင်း သတ်ဖြတ်တာ တားမြစ်ထားတယ်”
You XiaoMo က ကတိုက်ကရိုက် အနောက်ကို ခြေလှမ်းနည်းနည်း ဆုတ်လိုက်သည်။
“ဟား..ဟား.. ဒီတော့ ဘာဖြစ်လဲ”
Tang YunQiက သူ(မ)ခေါင်ကို နောက်ပြန်ဆုတ်ပြီးတော့ တဟားဟားအော်ရယ်ပြီးမှ ပြောင်ချော်ချော် ပြန်ဖြေသည် “ဒီမှာ နင်ရယ် ငါရယ်ပဲ ရှိတာ။ ငါ နင့်ကို သတ်လိုက်လျှင် ဘယ်သူသိမှာလဲ တစ်ယောက်သောက်က တွေ့သွားရင်တောင် ငါ့အဖေက နင့်ကြောင့်မို့ သူ့သမီးကို အပြစ်ပေးမယ်လို့ထင်လား”
ဘယ်တွေးပါ့မလဲ။
သူက မှော်ဆရာ ပေါက်စလေးသာ ဖြစ်ကာ သူနှင့် ရင်းနှီးသူက Ling Xiao သာ ဖြစ်သည်။
အခုတော့ Tang Fan က Lin Xiaoအတုဖြစ်သော Ling Xiaoကို စွန့်လွှတ်တော့ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ သူက သူတို့နှစ်ယောက်လုံးသေတာကို မြင်ရဖို့တောင် မစောင့်နိုင်လောက်ပေ။
Tang YunQi က သူ့ကို သတ်တာကိုသာ နောက်ပိုင်း Tang Fanသိသွားပါက သူက ဒေါသမထွက်ရုံသာမကပဲ သူ(မ)ကို ဂုဏ်တောင် ယူနေလောက်သည်။
“မိစ္ဆာမြေခွေး သူ့ကို ရှင်းလိုက်တော့”
Tang YunQi က You XiaoMoဆီက အဖြေကိုတောင် မစောင့်နိုင်တော့ပေ။ အိမ်မက်များနှင့် ၀ရုံးသုံးကား ဖြစ်နေမည့် ညရှည်ကြီးကို ရှောင်ရှားနိုင်ရန်အတွက် သူ(မ)က သူ(မ)ရှေ့တွင်ပင် You XiaoMo ကိုအခု သေစေချင်နေသည်။ သူ(မ)မှာ ရှိတောကလည်း အဲဒိဟာတွက်ကို လုံလောက်နေပြီ။ အစ်ကိုXiao ရဲ့ မျက်လုံးထဲမှာ You XiaoMo တစ်ယောက်သာ ရှိပြီး သူ(မ)ကို လျစ်လျူရှုထားတိုင်း သူ့ရင်ကို ဓါးတစ်ချောင်းနှင့် ထိုးစိုက်နေသလို ခံစားရာ အချိန်တိုင်းအချိန်တိုင်းမှာ အရူးအမူး သောင်းကြမ်းလိုက်ချင်သည်။
ဒီတစ်ကြိမ်တော့ ကောင်းကင်ဘုံက အဖေက နောက်ဆုံးတော့ သူ(မ)ဘက်က ဖြစ်နေကာ သူ(မ)ကို You XiaoMo တစ်ယောက်တည်း ဖြစ်နေချိန်တွင် အမှတ်မထင်ကို ဆုံစေသည်။ အစ်ကို Xiao သူ့ဘေးမှာ မရှိသည်သာ မကပဲ သူ့ဆက်နွယ်သားရဲ တောင်မှ အရိပ်အယောင် မမြင်ရချေ။ ဒီလောက် ထူးကဲလှသော အခွင့်အရေးက သူ့(မ) အတွေးတွေထဲကလို အော်ဟစ်ရယ်မောစေသည်။
စိတ်လှုပ်ရှားမှုက Tang YunQi ကို ဘာမှမတွေးနိုင်အောင် လုပ်လိုက်သည်။ ထို့ကြောင့် သူ(မ)က ဒီနေရာတွင် မပေါ်လာသင့်သည့် You XiaoMoက ဘာ့ကြောင့် ဒိမှာ ပေါ်လာသလဲဆိုတာ ကို မတွေးဆနိုင်တော့ပေ။
အမြီးခုနစ်ခု မိစ္ဆာမြေခွေးက Tang YunQi ကို မည်းမှောင်စွာ ဖျတ်ခနဲ ကြည့်ုလိုက်သည်။
သူတို့ကြားက ဘယ်လိုမကျေနပ်ချက်များ ရှိမှန်း သူမသိပေမယ့် မိန်းမတစ်ယောက်က ဂိုဏ်းသားတစ်ယောက်ကိုတောင် သတ်ချင်နေသေးသူမို့ ဆက်နွယ်မှုနှင့် မထိုက်တန်သော သူတစ်ယောက်ပင်ဖြစ်သည်။
သို့သော် သူက ဒီစက်ဆုပ်အထင်သေးဖွယ် မိန်းမကို မနာခံပဲ မရပေ။ မဟုတ်လျှင် ဒီဆက်နွယ်မှုက ပျက်ပြယ်ဖို့ လုပ်ပြီးပြီ။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က သူ့ဆီကို တစ်လှမ်းချင်း တစ်လှမ်းချင်းတိုးလာသည်ကို ကြည့်နေရင်းနှင့် You XiaoMo စိတ်ရှုပ်သော အမူအယာ ပေါ်လာသည်။
You XiaoMo က နယ်မြေတည်ရှိမှုနှင့် ပတ်သတ်ပြီးတော့ ထုတ်ဖော်မယ် မထုတ်ဖော်ဖူးနှင့် အဆက်မပြတ် တွေးဆနေသည်။ အကယ်လို့ သူ သူ့နယ်မြေထဲ မထွက်ပြေးပါက သူသေလိမ့်မည်။ အကယ်လို့ သူ့နယ်မြေထဲသို့ ထွက်ပြေးသွားလျှင် Tang YunQi ကသေလောက်သည် အဘယ့်ကြောင့်ဆိုသော် နှုတ်ပိတ်ဖို့အတွက် သူ(မ)ကို Ling Xiao ကသေချာပေါက် သတ်လိမ့်မည်။
သူ့သေခြင်းနှင့် Tang YunQi၏ သေခြင်းတို့ကို ရွေးချယ်ရမည်ဆိုလျှင် You XiaoMo တွေးလိုက်တာက သူသာ အဖြူရောင်ထက် ပိုမိုဖြူဖွေးသော ကြာဖြူပန်းလေးမဟုတ်ခံဘူးဆိုလျှင် အရူးတောင်မှ အနောက်က တစ်ခုကို ရွေးရမည်ဆိုတာ သိသည်။
“ခဏလေး ငါပြောစရာ ရှိတယ်”
You XiaoMo ကတိုက်ကရိုက် သူတို့ကို ရပ်ခိုင်းလိုက်သည်။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က တန့်သွားသည်။ ဒီလူသားက နည်းနည်း ထူးဆန်းသည်။ သူက Tang YunQi ကို လှည့်ကာ ကြည့်လိုက်သည်။
Tang YunQi က You XiaoMo သေတာကို မစောင့်နိုင်တော့သော်လည်း သူ(မ)က You XiaoMo မသေဖို့အတွက် ကြိုးစားရုန်းကန်သည် ကြည့်ဖို့လဲ အရမ်းပျော်ရွှင်နေသေးသည်။ ထို့ကြောင့် သူက သူ့ဆန္ဒကို ဖြည့်စည်းကာ တင်းတိမ်ရောင့်ရဲသော အပြုံးလေး ပြလိုက်ကာ “ငါက နင့်ရဲ့နောက်ဆုံး ဖြောင့်ချက်ပေးဖို့ အခွင့်အရေးပေးမယ်။ ငါပျော်ရင် အဲဒိစကားတွေကို အစ်ကိုXiao ဆီကို ရောက်အောင် လုပ်ပေးမယ်”
You XiaoMo က တော့ သူ(မ)၏ 'သနားညှာတာမှု ပြပွဲကြီး´အမူအယာကို ကြည့်ကာ အနည်းငယ်တော့ စိတ်တိုနေပြီ။ ဒီ မုန်းဖို့ကောင်းတဲ့ ကောင်မလေး ။ သူ ဖြောင့်ချက်ပေးချင်တယ်လိုက ဘယ်သူပြောလဲ?
“ဂျူနီယာညီမTang ငါကတော့ နင်ထွက်ပြေးရင် ကောင်းမယ်လို့ ထင်နေတုန်းပဲနော်။ ငါ ခုဏက ပြောတာအမှန်တွေ။ အစ်ကိုကြီး Ling က သိပ်မကြာခင် ဒီရောက်လာတော့မှာ။ နင် ငါ့ကို သတ်ချင်တာသာ သူသိရင် နင့်ကို သူသတ်လိမ့်မယ်နော်”
ထို စကားများပြောပြီးသည်နှင့် You XiaoMo က သူ တကယ်ကြီး ကိုယ်လိုချင်တာကို သွေးဆောင်ပြောဆိုတတ်သူ တစ်ယောက် ဖြစ်လာတာကို ခံစားမိသည်။ သူ Ling Xiao နှင့် အကြာကြီး လျှောက်သွားခြင်းက သူ့ရဲ့လိမ်လည်လှည့်ဖြားတတ်သော သဘာဝတွေ ကူးစက်လာစေသည်။
“ပါးစပ်ပိတ်စမ်း”
Tang YunQi မျက်နှာက ချက်ချင်းမည်းလာပြီးတော့ သူ့ကို ကြည့်ကာ “You XiaoMo နင့်ရဲ့ဘယ်အပိုင်းကို ငါအမုန်းဆုံးလဲဆိုတာ နင်သိလား? နင့်ရဲ့ နင့်ကိုယ်နင်ကောင်းမြတ်မှန်ကန်တယ်ဆိုတဲ့ အကျင့်ပဲ။ နင့်အတွက်အတွက် အစ်ကိုXiao က အကုန်လုပ်ပေးမယ်ဆိုပြီးတော့ နင်ဘယ်လိုတွေးလိုက်သလဲဟင်? နင့်ကိုနင် ဘာများမှတ်နေလဲ? ငါ အစ်ကိုXiao ကိုသိလာတာ ဆယ်နှစ်နီးပါးရှိနေပြီ။ နင်ကနေရာဟွန့်.. တစ်နှစ်တောင် မရှိသေးဘူး အစ်ကိုXiao က နင့်လူလို့ နင်ဘယ်လိုများ တွေးလိုက်လဲ? ပြောစမ်းပါ နင်ဘယ်လိုတွေးလဲ ဆိုတာကို”
ဒီအထိ ပြောပြီးနောက် Tang YunQi က စိတ်ဂယောင်ခြောက်ခြားနှင့် အော်ဟစ်တာ နီးပါးဖြစ်လာသည်။ သူ့မျက်လုံးထဲက အစိမ်းရောင်အလင်းတန်းတွေ ထွက်ကာ You XiaoMo ကို သတ်ချင်ဖြတ်ချင်စိတ်တွေနှင့် စိုက်ကြည့်နေတော့သည်။
တကယ်လဲ You XiaoMo က သိချင်ပါတယ် ဒါပေမယ့် ဟိုဟို ဒီဒီ တွေးဆပြီးနောက် သူ့မှာ အနှစ်ချုပ်က တစ်ချက်သာ ရှိတော့သည်။
အဲဒါကတော့ သူက Ling Xiao ကို Lin Xiaoအစစ်မဟုတ်မှန်း သိသည်လေ။ သူက Ling Xiao၏ လျှို့ဝှက်ချက် ကို သိပြီးတော့ Ling Xiao ကလည်း သူ့လျှို့ဝှက်ချက်ကို သိသည်။
ဒါပေမယ့် သူက ဒါကို ပြောလို့မရပေ။ သူပြောနိုင်တာတစ်ခုကတော့ အချစ်တွင် မျက်စိမရှိဟုသာ။
“နင်ပြောချင်တာ ဒါဆိုရင် နင် အခု သွားသေလို့ရပြီ။ မိစ္ဆာမြေခွေး သူ့ကို သတ်တော့”
အော်ဟစ်ပြီးနောက် Tang YunQi က ဟန်ချက်ပြန်ထိန်းနိုင်သွားကာ အမြီးခုနစ်ခု မိစ္ဆာမြေခွေး ကို အမိန့်ပေးလိုက်သည်။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က You XiaoMo ကို သာ စိုက်ကြည့်နေသည်။ ဒီတစ်ကြိမ်တော့ တွန့်ဆုတ်ခြင်း မရှိတော့ပေ။ ရဲရဲတောက်နေသော မီးတောက်လုံးတစ်ခုကို ပစ်လွှတ်လိုက်သည်။ မီးတောက်လုံးတွင် ဖျတ်ဆီးနိုင်သော စွမ်းအင်ကြီးမားစွာ ပါဝင်ကာ You XiaoMoဆီကို တန်းတန်းမတ်မတ် ဦးတည်သွားသည်။
နယ်မြေတည်ရှိမှု ပေါ်ပေါက်သွားစေမည့် ရွေးချယ်မှုတစ်ခုသာ ရှိတော့သည်အချိန်ဖြစ်ချိန်တွင် သူ့နယ်မြေထဲကို ၀င်တော့မည့် You XiaoMo ရှေ့တွင် အနက်ရောင် အရိပ်တစ်ခုပေါ်လာသည်။ မီးတောက်လုံးကို တားဆီးလိုက်ရုံမက သူကတောင် ပြန်တိုက်လိုက်သေးသည်။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က တစ်စုံတစ်ယောက်က သူ့တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားကာ သတိမထားလိုက်သည့် တစ်ခဏတွင် သူ့တိုက်ခိုက်မှုက တန်ပြန် ထိမိလုနီးပါး ဖြစ်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။ အဓိကကျသော အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်လိုက်သော်လည်း သူ့ရဲ့ သားမွှေးအဖြူတွင် အနည်းငယ်တော့ မီးဟပ်သည့်အကွက်များ ဖြစ်သွားသည်။ ကံကောင်းစွာနှင့် You XiaoMo က မှော်ဆရာပေါက်စလေးပဲ ဆိုကာ သူ့စွမ်းအင်အကုန် ထုတ်မသုံးမိတာ ဖြစ်သည်။ ဒါက ကံလို့ပဲ ပြောရမယ်
“SheQiu တွေ့ရတာ အရမ်းဝမ်းသာပါတယ်”
You XiaoMo က သူ့ကို ကူညီသူကို သေချာကြည့်လိုက်ကာ အလွန်ပျော်ရွင် စိတ်လှုပ်ရှားသွားတော့သည်။ သူ လုံးဝ မေ့လုနီးပါး ဖြစ်သွားတက သူတို့ မှော်ဝင်သားရဲတောင်ထွတ်ကို တက်ခါနီးတွင် Ling Xiao က SheQiu ကို မရဏတောင်ကြားတွင် ထားခဲ့လိုက်သည်။ ပြီးတော့ အခု မှော်ဝင်သားရဲတောင်ထွတ်က တစ်ခုခု ဖြစ်တော့ တောင်ခြေတွင် ရှိနေသော SheQiu က အလုံခြုံဆုံး အနေအထားဖြစ်လိမ့်မည်။
SheQiu -_-|| “ သခင် ကျွန်တော့်ကို SheQiu လို့မခေါ်ရင် ကျွန်တော်လဲ သခင့်ကိုတွေ့ရတာ အရမ်းပျော်သွားမှာ”
You XiaoMo က ရယ်ကာ “SheiQiu ဆိုတာ အရမ်းခေါ်လို့ကောင်းတဲ့ နာမည်ပဲဟာကို”
“နင် ဘယ်သူလဲ? ဘာလို့ ငါတို့ကိစ္စကို ၀င်ရှုပ်တာလဲ”
ဒီအချိန်တွင်တော့ ဘေးတစ်ဖက်တွင် လျစ်လျူရှုခံထားရသည့် Tang YunQi က အဆုံးတော့ လှုပ်လာသည်။ အမြဲတမ်း အလွန်ချိုသာလှသော သူ(မ)အသံ က စူးရှကာ ထွက်လာသည်။ သူ(မ)ရဲ့ လှပတဲ့ မျက်နှာလေးကြောင့်သာ မဟုတ်လျှင် သူ့အသံကို နားထောင်လိုက်သည်နှင့် သူ(မ) က ရက်စက်ကြမ်းကြုပ်သော မိန်းမတစ်ယောက်လို့ ထင်မိလိမ့်မည်။
SheQiu က အေးတိအေးစက် နှာတစ်ချက် ဟွန့်ခနဲ လိုက်သည်။ သူက အတ္တကြီးသော မိန်းမများကို တကယ်မုန်းလှသည် “မုန်းဖို့ကောင်းတဲ့မိန်းမ ငါ နင့်အသံနောက်ထပ်ကြားရရင် နင့်လျှာ ငါ ဖြတ်ပစ်မယ်”
Tang YunQi သူ(မ)ရဲ့ အမိုက်စားဟန်ပန်တွေ ပျောက်ဆုံးကုန်တာ ကြာလှနေပြီ။ သူ့စကားကို ကြားသည်နှင့် သူ(မ)က ရုတ်တရက် သူ(မ)မျက်နှာပေါ်က အမျက်ဒေါသတွေကို မထိန်းသိမ်းနိုင်တော့ပေ။ You XiaoMo က သူ(မ)ရှေ့တွင် သေဖို့နီးနေကာမှ ဘယ်နားကနေ ပေါ်လာမှန်းမသိသော အကောင်က ပေါ်လာတာကြောင့် သူ့ရင်ထဲတွင် စိတ်မရှည်တော့ပဲ ပြဿနာရှာချင်နေပြီ။ You XiaoMo နှင့် SheQiu ကို ညွှန်ပြကာ သူ(မ)နှုတ်ခမ်းတွေ တုန်ရီကာ “အမြီးခုနစ်ခု မိစ္ဆာမြေခွေး သွား……. သူတို့နှစ်ယောက်လုံးကို စားပလိုက်။ အလောင်းတောင် မကျန်စေနဲ့”
ဘယ်သူက ထင်မှာလဲ သူ(မ)စကားကို နာခံစွာနှင့် နားထောင်နေသော အမြီးခုနစ်ခု မိစ္ဆာမြေခွေးက သူ(မ)အမိန့်ကို လုံးဝ တုန့်ပြန်မှု မရှိတာကို။ အမြီးခုနစ်ခု မိစ္ဆာမြေခွေးက လှုပ်ရှားမှု မရှိတာကို တစ်ခဏကြည့်ပြီးနောက် Tang YunQi မိုက်ကြည့်ကြည့်ကာ “အသုံးမကျတဲ့အကောင် သူတို့ကို စားလိုက်လို့ပြောတာ နင်မကြားဘူးလား”
သူ့ကို အသုံးမကျတဲ့အကောင်ဟု ခေါ်တာကို ကြားတော့ အမြီးခုနစ်ခု မိစ္ဆာမြေခွေး က သူ့မျက်လုံးတွေ နှိမ့်ကာ “သခင်။ ကျွန်တော သူ့ကို မနိုင်ဘူး”
Tang YunQi ပုံက ရန်စခံလိုက်ရသလိုပင်။ သူ(မ)မျက်လုံးတွေက ချက်ချင်းပြူးထွက်လာကာ သူ(မ)ရဲ့ အထိတ်တလန့်ဖြစ်သွားတာနဲ့ မရေမရာ ဖြစ်သွားတာကို ဖုံးကွယ်ဖို့အတွက် သူ(မ)ဒေါသတွေကို သူ့အပေါ်ပုံချလိုက်သည်။ “နင်က အသုံးကို မ၀င်ဘူး နင်က အမြီးခုနစ်ခု မိစ္ဆာမြေခွေး မဟုတ်ဘူးလား ဘယ်လိုလုပ် လူတစ်ယောက်ကိုတောင် မနိုင်တာလဲ? အခုသွားပြီးတော့ သူတို့ကို စားလိုက် ငါအမိန့်ပေးနေတာနော် နင့်ကို”
အမြီးခုနစ်ခု မိစ္ဆာမြေခွေး၏ ကြီးမားလှသော ကိုယ်ကြီးက ထိန်းမရအောင် တုန်လှုပ်သွားသည် သို့သော်လဲ သူက ပြောနေတုန်းပင် “သခင် သူက သဏ္ဍာန်ပြောင်းပြီးသား အဆင့်ကိုးမှော်ဝင်သားရဲလေ”
အဆင့်ခုနစ်လေးတစ်ကောင်က သဏ္ဍာန်ပြောင်းအဆင့်ကိုးမှော်ဝင်သားရဲကို သွားဆန့်ကျင်လျှင် သေလမ်းလျှောက်တာသာ ဖြစ်သည်။ Tang YunQi နှင့် သာမာန်ဆက်နွယ်မှုတစ်ခုကို သူလုပ်ထားရသော်လည်း သူ့အသက်ကိုယ်တော့ သူအရမ်းတန်ဖိုးထားတုန်းပင်။ မဟုတ်လျှင် ဒီ ဆက်နွယ်သခင်ကို သတ်ပလိုက်တာ ကြာလှပြီ။
သူ(မ)လည်းချောင်းက လုံးဝကို ပိတ်ဆို့ခံလိုက်ရသလိုပင် Tang YunQi က စကားတစ်ခွန်းတောင် မပြောနိုင်တော့ပဲ SheQiu ကိုသာ တုန်လှုပ်ခြောက်ခြားသော မျက်နှာဖြင့် ကြည့်နေသည်။
ဒီပုဂ္ဂိုလ်က တကယ်တော့ သဏ္ဍာန်ပြောင်း အဆင့်ကိုး မှော်ဝင်သားရဲ တစ်ကောင် ဟုတ်လား?
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ You XiaoMoက သွေးပြာဝံပုလွေတစ်ကောင် နှင့် ဆက်နွယ်ထားတာ မဟုတ်ဘူးလား?
ဘယ်လိုလုပ် အဆင့်ကိုးမှော်ဝင်သားရဲ တစ်ကောင် ကို ပြောင်းသွားတာလဲ?