C- 181 Captured.
Zawgyi
Ling Xiao က ရုပ္တု၏ ေရွ႕တြင္ပဲ အကုန္လံုးကို ရွင္းရွင္းေျပာတာ ျဖစ္သည္။
အကယ္လုိ႕ ဒီေန႕ ဒီမွာ ရွိေနေသာသူသည္ သူသာမဟုတ္ပဲ Luo ShuHe ႏွင့္ သူ႕လူမ်ားသာဆိုလွ်င္ သူတို႕က ဒီရတနာမ်ားအတြက္ အစုလုိက္အျပံဳလုိက္ သတ္ျဖတ္ျဖစ္လိမ့္မည္။ ဒီတစ္ၾကိမ္တြင္ ရုပ္တု သူ႕ဘာသာသူ လူမွားေတြ႕တာကေတာ့ ဆိုးလြန္းလွသည္။
ရုပ္တုက အခ်ိန္အၾကားၾကီး အေျဖတစ္ခုမရသည့္အခါတြင္ “သတ္” ဟူေသာ စကားတစ္ခြန္းသာ အမိန္႕ေပးလိုက္သည္။
ရုပ္တု၏ အနီေရာင္ေတာက္ေတာက္ မ်က္လံုးမ်ားက ရုတ္တရက္ အနီေရာင္ အလင္းတန္းႏွစ္ခု ပစ္လႊတ္လုိ္က္သည္။ အနီေရာင္အလင္းက သူတုိ႕အစက မတ္တပ္ရပ္ေနေသာ ေနရာကို ထိမွန္သြားသည္ သို႕ေသာ္ ၾကမ္းျပင္ကိုေတာ့ ေဖာက္ထြင္းမသြားေခ်။ ၾကည့္ရတာ ရုပ္တုက သူတို႕အခ်င္းခ်င္း သတ္ျဖတ္ဖို႕ မေစာင့္ႏိုင္ေတာ့၍ လႈပ္ရွားရန္ ဆံုးျဖတ္လို္က္ေတာ့သည္။
Ling Xiao က You XiaoMo ကို ဖက္ကာ ရုပ္တု၏ တုိက္ခိုက္မႈကို ေရွာင္လုိက္သည္။ သူက ေအးတိေအးစက္ရယ္ကာ “ေနာက္ဆံုးေတာ့ ဆက္မေစာင့္ႏိုင္ေတာ့ဘူးေပါ့”
ရုပ္တု၏ တုန္႕ျပန္မႈကေတာ့ ဆက္လက္ တုိက္ခုိက္တာသာ ျဖစ္သည္။ တစ္ခ်ိန္တည္းမွာပဲ နန္းေတာ္၏ နက္ရိႈင္းေသာ အပုိင္းကေန ကေတာက္ ကေတာက္ ျမည္သံမ်ားကို ၾကားႏို္င္သည္။ ထိတ္လန္႕ဖြယ္ေကာင္းေသာ အစိမ္းေရာင္ အလင္းျမဴမ်ားထဲတြင္ ျပင္ပမွ အေစာင့္မ်ားႏွင့္ တူလွေသာ ရုပ္ေသးရုပ္မ်ား ျဖည္းျဖည္းခ်င္းစီ ေပၚထြက္လာသည္။ ကြာျခားခ်က္သာ ရွိမည္ဆိုလွ်င္ အဲဒါက အရွိန္အ၀ါပဲ ျဖစ္လိမ့္မည္။
ဒီရုပ္ေသးရုပ္မ်ား၏ သန္မာမႈက အျပင္တြင္ ေစာင့္ေနေသာ အေစာင့္ ႏွစ္ေယာက္ထပ္ကို အေတာ္ေလး ပိုျမင့္သည္။ အားအနည္းဆံုး သူကပင္ လအဆင့္ ရွိသည္။ ျပီးေတာ့ သူတို႕ က အနည္းငယ္လည္းအဟုတ္ေလာကပ္ေပ နန္းေတာ္၏ အတြင္းပိုင္းကေန ဆက္တိုက္ ထြက္ေပၚလာသည္။ အနည္းဆံုးေတာ့ တစ္ရာေလာက္ ရွိလိမ့္မည္။
You XiaoMo အထိတ္တလန္႕ႏွင့္ ထခုန္လိုက္ကာ “အရမ္းၾကီး ေတာက္ေျပာင္ေနတယ္လုိ႕ ထင္ရတယ္”
သူ အဆံုးေတာ့ Ling Xiao ေျပာေသာ ေထာင္ေျခာက္ဆိုတာကို နားလည္သြားသည္။ တကယ္ေတာ့ နန္းေတာ္အတြင္းတြင္ ပုန္းေအာင္းေနေသာ ရုပ္ေသးရုပ္မ်ားစြာ ရွိသည္။ အကယ္လို႕ TianXin ဂိုဏ္းႏွင့္ အျခားအဖြဲ႕မ်ားသာ ဆိုလွ်င္ သူတို႕ႏို္င္ႏိုင္နင္းနင္း မကိုင္တြယ္ႏို္င္ေလာက္ပဲ ေျမြပါလည္းဆံုး သားလဲ ဆံုးအေျခအေနမ်ိဳးႏွင့္ ဆိုးဆိုးရြားရြား ရိုက္ပုတ္ျခင္း ခံရမွာပင္ ။
ဒီတြင္ သူနားမလည္ေသာ အရာတစ္ခုရွိေသးသည္။ ဒါက ေထာင္ေခ်ာက္ျဖစ္ေနတာကို သူတို႕က ဘာလို႕ လာရေသးတာလဲ အႏၱရာယ္မွန္း ဂရုစိုက္ေနသားနဲ႕ကို။ သူတို႕အသက္ေတြ စိတ္ပါလက္ပါႏွင့္ အဆံုးရႈံးခံရေလာက္ေအာင္ ေက်ာက္သားစင္ျမင့္ေတြက ျမဴစြယ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။
Ling Xiao က သူ႕လက္၀ါးကို ေရွ႕ကို ထိုးထည့္လုိက္သည္ႏွင့္ ေလက ရုတ္တရက္ ရုပ္ေသးရုပ္ ဆယ္ရုပ္ကို ထိခိုက္ကာ အပိုင္းအစမ်ားအျဖစ္ ကြဲေၾကသြားေစသည္။
သို႕ေသာ္ ရုပ္ေသးရုပ္မ်ားမွာ အသိဥာဏ္မရွိ အသက္မရွိၾကေပ။ သူတို႕ေတြက ပင္ပန္းမႈကိုလည္းမသိရွိၾက။ သူတို႕က နာက်င္မႈလည္း မသိ။ သူတို႕သိသည္က မ်က္ကန္းသဖြယ္ ဘယ္လိုတုိက္ရမလဲသာ သိကာ တစ္လက္မေတာင္ မေရြ႕ႏုိင္ေတာ့မွသာလွ်င္ ရုပ္တန္႕သြားသည္။
Ling Xiao ကလည္း အဲဒိကုိ သိသျဖင့္ သူကလည္း ေနာက္မဆုတ္ေပ။ သူက အမႈန္႕မ်ားအျဖစ္ကို ခ်က္ခ်င္း ေျပာင္းလဲ ပစ္လိုက္သည္။ ၾကမ္းျပင္က အလြန္လ်င္ျမန္စြာပင္ ႏုညက္လွေသာ အမႈန္႕မ်ား အထပ္ထပ္ ဖံုးအုပ္သြားကာ အတိုင္းထက္အလြန္ကို ပ်က္စီးသြားၾကတာပဲ ျဖစ္သည္။
ရုပ္ေသးရုပ္မ်ား အပုိ္င္းပုိင္းျဖစ္သြားတာကို ျမင္ရေသာ မ်က္လံုးမ်ားေၾကာင့္ ရုပ္တုကို ပိုျပီးေတာ့ေတာင္ ေဒါသထြက္သြားေစသည္။
ေဒါသထြက္သြားသည့္ေနာက္တြင္ မတ္တပ္ရပ္လာသည္။ ခ်က္ခ်င္းကုိ ထို အရာၾကီးက သူ႕ရဲ႕ မူလ တင္ပလင္ေခြထိုင္ေနေသာ ပံုစံကေန မတ္တပ္ရပ္လိုက္သည္။
သူ၏ ၾကီးမားေသာ လက္က သူတို႕ေခါင္းေတြ ျပားသြားေစခ်င္သျဖင့္ အင္အားႏွင့္ အားပါးတရ ရုိ္က္ခ်လိုက္သည္။ သို႕ေသာ္ ဗလာနတၳိျဖစ္သြားျပန္ကာ ၾကမ္းျပင္က လႈပ္သြားရံုသာ ရွိျပီးေတာ့ ကြဲမေၾကသြားေပ။
Ling Xiao မ်က္ခံုးေတြ ဆတ္ခနဲ လႈပ္ရွားသြားသည္။ သူက အေကာင္းပကတိျဖစ္ေနေသာ ၾကမ္းျပင္ကို ျမင္ေတာ့ သူ႕မ်က္လံုးႏွင့္ ႏႈတ္ခမ္းက ရုတ္တရက္ ေကြးတက္သြားသည္။ သူ႕လက္၀ါးကို ဆတ္ခနဲ ေဆာင့္လႈပ္လိ္ုက္ေတာ့ ပူျပင္း ေတာက္ေလာင္ေနေသာ မီးေတာက္က အလံုးအျဖစ္ က်စ္လစ္သြားကာ ၾကမ္းျပင္ေပၚကို ရုိက္ခတ္ျပီး ေတာ့ ဟုန္း၀ုန္း၀ုန္း ဆိုေသာ အသံမ်ားျမည္ဟီးသြားသည္။ အေကာင္းပကတိျဖစ္ေနေသာ ၾကမ္းျပင္က ေနာက္ဆံုးေတာ့ ပ်က္စီးသြားကာ ၾကမ္းျပင္ေပၚတြင္ အေပါက္ၾကီးတစ္ခု ေပၚေပါက္သြားေစသည္။
ေပါက္ကြဲသံၾကီးက သံုးပံုတစ္ပံုသာ ခရီးေရာက္ေသးေသာ ဂိုဏ္းမ်ားထံမွလည္း မလြတ္ေျမာက္သြားေပ။ သူတုိ႕က ေျမၾကီးထဲက တုန္ခါမႈမ်ားမ်ားကို ေတာင္ သူတို႕ေျခေထာက္မ်ားမွ တစ္ဆင့္ ခံစားသိရွိႏိုင္ေသးသည္။ လူတုိင္း၏ အမူအယာက ခ်က္ခ်င္းကို ေျပာင္းလဲကုန္သည္။
Luo ShuHe က တအံ့တၾသကို အာေမဋိတ္သံထြက္လာသည္ “ အဲဒါ ဘာအဓိပၸါယ္လဲ? ငါတို႕ကို တကယ္ၾကီး ေက်ာ္သြားတဲ့သူ ရွိတာလား?”
Luo ShuHe တည္းတင္ မဟုတ္ေပ။ အျခားေသာ အင္အားစုမ်ားမွ လူမ်ားသည္လည္း တူညီေသာ မယံုႏိုင္ေသာ မ်က္ႏွာသြင္ျပင္မ်ား ျဖစ္သြားသည္။ သူတို႕ကို ဘယ္သူကမ်ား ေက်ာ္သြားသလဲလုိ႕ စဥ္းစားရင္းႏွင့္ ပထမေရာက္သြားေသာသူက ရတနာမ်ားအားလံုးကို သိမ္းၾကံဳး ရွင္းလင္းမွာ စိုးသျဖင့္ သူတို႕ေျခလွမ္းေတြကို အျမန္လွမ္းၾကေတာ့သည္။
သူတုိ႕ေတြ ဘယ္ေလာက္ပဲ ျမန္ျမန္ေရြ႕ေရြ႕ အသံုးမ၀င္ေတာ့သည္ကေတာ့ ဆိုးလြန္းလွသည္။ သူတို႕ ေရတိမ္ကမ္းေျခကိုေတာင္ မေက်ာ္လႊားရေသး။ ေရမိစၦာမ်ားကသာ သူတုိ႕ကို ရပ္တန္ခ်င္လွ်င္ သူတုိ႕က လ်င္ျမန္ေသာအလ်င္ႏွင့္သြားလွ်င္ေတာင္ အသံုး၀င္မွာ မဟုတ္ေလာက္ေပ။
“ရက္စက္တတ္တဲ့ ခြန္းအားကို ပဲ သံုးဖို႕သိတဲ့သူတစ္ေယာက္က ေအးခ်မ္းစြား (လူ)ျပန္၀င္စားႏိုင္ မွာမဟုတ္ဘူး”
Ling Xiao က သူ႕ေခါင္းဆီကို ထိုးက်လာသည့္ ရုပ္တု၏ လက္သီးစုပ္ၾကီးကို တိမ္းေရွာင္လုိ္က္သည္။ ျပီးေတာ့ You XiaoMo ကို စိတ္ခ်ရေသာေနရာကို ေရႊ႕ေပးကာ နယ္ေျမထဲက Xiao Hei ကို ေခၚထုတ္ျပီးေတာ့ သူ႕ေဘးတြင္ ေစာင့္ၾကပ္ေစသည္။
သူ႕ရဲ႕မူလအသြင္သ႑ာန္ႏွင့္သာ ျဖစ္ေနေသာ Xiao Hei ကို ဖက္ထားရင္းႏွင့္ You XiaoMo တုိင္လံုးေနာက္ကေန ေခါင္းေလးထုတ္ကာ မၾကည့္ခင္ Xiao Hei ကို ေခါင္းေလးငံုျပီးတီးတုိးေလး ေျပာလုိက္ေသးသည္။
“Xiao Hei အစ္ကိုၾကီးLing က ရတနာဆယ္မ်ိဳးလံုးအကုန္လံုး သိမ္းႏိုင္မယ္လို႕ ထင္လား”
Xiao Hei က သူ႕ကို မ်က္လံုးၾကီး လွန္ၾကည့္ေတာ့သည္။ ဘယ္လုိလုပ္ ေမွာ္ဆရာတစ္ေယာက္ရဲ႕ ၀ိဥာဏ္အပိုင္းအစေလးက ၾကီးျမတ္လွေသာ ေခါင္းေဆာင္၏ ျပိဳင္ဖက္ ျဖစ္ႏိုင္ပါ့မလဲ။
You XiaoMo က သူအဲဒါကို မျမင္သလုိသာ ဟန္ေဆာင္လုိက္သည္။ ရုတ္တရက္ သူ႕မ်က္စိေထာင့္ကေန ရတနာဆယ္ခုက ေက်ာက္တံုးစင္ျမင့္မ်ားေပၚကို ျပဳတ္က်သြားတကို ျမင့္လုိက္ရသည္။ အလင္းလံုးၾကီးမ်ားလဲ ေပ်ာက္ကြယ္သြားေလသည္။ သူက အၾကံမျပဳပဲ မေနႏိုင္ေတာ့ပဲႏွင့္ “Xiao Hei သူတို႕ တုိက္ေနတုန္း ငါတို႕ သြားယူရင္ ဘယ္လို……….”
သူေျပာလုိ႕မွ မျပီးခင္ပဲ ဟုန္း ခနဲ အသံတစ္ခ်က္ႏွင့္ Ling Xiao၏ လက္သီးစုပ္က ရုပ္တုတစ္ခုလံုးကို ေၾကကြဲပ်က္စီး သြားေစသည္။ ေက်ာက္စ ေက်ာက္နမ်ားက အရပ္မ်က္ႏွာအားလံုးကို လြင့္စင္ကုန္သည္။ အနီေရာင္ ၀ိဥာဏ္တစ္ခုက ရုပ္တု၏ အပုိင္းအစမ်ားထဲကေန ပ်ံထြက္လာသည္။ သူမလြတ္ေျမာက္ေသးခင္မွာတင္ မီးေတာက္အလံုးၾကီး တစ္လုုံး၏ ၀ါးျမိဳမႈခံရကာ ျပာမ်ားအျဖစ္သို႕ ကူးေျပာင္းသြားေလသည္။
သရဲ၏အသံႏွင့္ တူေသာအသံတစ္သံ ေအာ္လုိက္သံထြက္လာသည္။ အဆိုပါအသံမွာ နားကို အူထြက္သြားေစကာ နားစည္မ်ားကိုေတာင္ နာက်င္ေစသည္။ အဲဒိအသံက နန္းေတာ္၏နက္ရိႈင္းေသာေနရာမွလာပံု ေပၚလွသည္။ အဲဒိအသံေနာက္တြင္ အေစာပိုင္းက အသံအက္တက္တက္ ႏွင့္ ကြဲျပားလွေသာ ေဒါသထြက္ေနေသာ အသံတစ္သံလဲ လိုက္ပါလာသည္။ “မင္းက တကယ္ၾကီး ငါ့စိ္တ္၀ိဥာဏ္ ႏွစ္ခုတြဲကို ဖ်တ္ဆီးရဲတယ္ေပ့ါေလ။ မင္း ေသဖို႕ေကာင္းေနျပီ။ မင္း ဒီတန္ဖိုး ေပးဆပ္ရေအာင္ကို ငါလုပ္မွာ”
အသံက ရူးမိုက္လွေအာင္ ေဒါသအသံျဖင့္ ဟိန္းထြက္ကာ နန္းေတာ္တစ္ခုလံုးကို တုန္ခါေစသည္…
Ling Xiao က အသံပိုင္ရွင္ကို လ်စ္လ်ဴရႈျပီးေတာ့ ေက်ာက္တံုးစင္ျမင့္ဆီကို ဖ်တ္ခနဲေရႊ႕လုိက္ကာ အခ်ိန္ကို အသံုးခ်ျပီးေတာ့ ရတနာေတြကို သူ႕နယ္ေျမထဲ တန္းထည့္လုိက္ေတာ့သည္။
၀ိဥာဏ္အၾကြင္းအက်န္ပိုင္ရွင္ကလည္း သူ႕ကို ဒီလုိ လႊတ္လိုက္ဖို႕ အစီအစဥ္မရွိေပ။ စူးရွလွေသာ အသံအနည္းငယ္ ထြက္လာျပီးေနာက္တြင္ အစိမ္းေရာင္ ဖေယာင္းတုိ္င္မ်ားအားလံုး ဟုတ္ ခနဲ ျငိမ္းသြားသည္။
ရိုးတြင္းျခင္ဆီထိေအာင္ က်ိန္းေစေလာက္ေသာ ေလေအးတစ္လႊာက နန္းေတာ္တစ္ခုလံုးကို ခ်က္ခ်င္း လႊမ္းျခံဳသြားသည္။
“Xiao Hei င့ါကို မထိနဲ႕”
You XiaoMo ရုတ္တရုက္ၾကီး သူ႕ေျခေထာက္ေအာက္ကေန ေလေအးတစ္ခ်က္ ေ၀႕တက္လာသလုိ ခံစားလုိက္ရသည္။ အဲဒိေနာက္ေတာ့ တစ္ခုခုက သူ႕လက္ကို လာထိတာကို ခံစားလုိက္ရသည္။ သူက အဲဒါ သူ႕ေဘးတြင္ မတ္တပ္ရပ္ေနေသာ Xiao Hei လို႕ထင္တာေၾကာင့္ ေခါင္းကို လွည့္မၾကည့္ပဲ ေျပာလုိက္တာ ျဖစ္သည္။
Xiao Hei က သူ႕ကို မ်က္လံုး၀င့္ၾကည့္ကာ “ဘယ္တုန္းက ကၽြန္ေတာ္ ထိလို႕လဲ”
“အာ..အခုပဲေလ မင္းမဟုတ္ရင္…………..” You XiaoMo ေခါင္းလွည့္ၾကည့္လုိက္ကာ 'ဘယ္သူ´ ဆိုသည့္စကားေတာင္ မေျပာႏိုင္ခင္မွာတင္ အစိမ္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ ေတာက္ေနေသာ မ်က္ႏွာတစ္ခုက သူ႕အေရွ႕တြင္ ရုတ္တရက္ေပၚလာသည္။ အဲဒိအခ်ိန္တြင္ပဲ သူ႕ကို ၾကည့္ေနေသာ မ်က္ႏွာက အမူအယာကင္းမဲ့လွသည္။ “သရဲ.အား……………………………..”
You XiaoMo ေအာ္သံက ဟိန္းထြက္လာသည္။
ဒီပုဂၢိဳလ္က အေရွ႕ကေန အေယာင္ျပျပီးေတာ့ အေနာက္ကေန တုိက္ခိုက္တာပဲ။ Xiao Hei ၏ ခြန္အားက တစ္ဖက္လူႏွင့္ ယွဥ္ဖက္မဟုတ္ေပ ျပီးေတာ့ ထိုတစ္ဖက္သူကလည္း စံေသြဖယ္ေသာ တိုက္ခို္က္နည္းအခ်ိဳ႕ကို က်င့္သံုး ေပၚလည္း တူလွသည္ Xiao Hei ဆီက တုန္႕ျပန္မႈမလာခင္တြင္ You XiaoMo က သူ႕မ်က္ႏွာအေရွ႕တြင္ တစ္ရစ္၀ဲ၀ဲလုပ္ေနေသာ ၀ိဥာဏ္အပုိင္းအစေလး၏ ေခၚသြားျခင္း ခံရကာ ေပ်ာက္ကြယ္သြားျပီး ျဖစ္သည္။
You XiaoMo၏ အနံ႕ ခန္းမၾကီးကေန ေပ်ာက္ကြယ္သြားသည္ႏွင့္ Ling Xiao လည္း အဲဒါကိုခ်က္ခ်င္း အာရံုခံလုိ္က္မိ ပံုရသည္။ သူက ပုန္းကြယ္ေနသာ တုိင္လံုးၾကီးအေနာက္ကို တစ္စကၠန္႕အၾကာတြင္ ေပၚလာေတာ့ ေမွာ္၀င္သားရဲတစ္ေကာင္သာ က်န္ေနတာ ျမင္လုိ္က္ရသည္။ Ling Xiao က Xiao Hei ကို စကားတစ္ခြန္းမေျပာပဲ ဖ်တ္ခနဲ ၾကည့္ထည့္လုိ္က္သည္။
Xiao Hei လည္း ရွက္ရႊံ႕လွေသာေၾကာင့္ ေခါင္းသာ ငိုက္စိုက္ျဖစ္ေနေတာ့သည္။ သူမွားသြားတာ သူသိသည္။ သူသာ အဲဒါကို သိခဲ့ပါလွ်င္ ဘာပဲ ေပးရေပးရ သခင္ကို သူ႕နယ္ေျမထဲကို ဆြဲသြင္းမိမွာပင္။
၀ိဥာဏ္အပိုင္းအစ၏ ေခၚယူသြားျခင္းခံရသည့္ You XiaoMo ကို ေျပာရမည္ ဆိုလွ်င္လည္း လူတစ္ေယာက္ႏွင့္ သရဲတစ္ေကာင္က နန္းေတာ္၏ ေထာင့္တစ္ေနရာတြင္ အလြန္လ်င္ျမန္စြာ ထြက္ေပၚလာသည္။
ဒီေက်ာက္သားအခန္းကလည္း ခန္းမၾကီးႏွင့္ ထက္ေတာ့ သိပ္မေသးငယ္ေပ။ ေသြးကန္ၾကီးၾကီးက အေရွ႕တြင္ ရွိေနသည္။ လူသားသ႑ာန္တစ္ခုက ေသြးကန္အလယ္တြင္ စိမ္ေနသည္။ လူအသြင္သ႑ာန္၏ မ်က္ႏွာက ၀ိဥာဏ္အပိုင္းအစ၏ မ်က္ႏွာႏွင့္ မခြဲႏုိင္ေအာင္ကို တူညီလွသည္။
၀ိဥာဏ္အပိုင္းအစက You XiaoMo ကို မကာ ေသြးကန္အလယ္ကို လမ္းေလွ်ာက္သြားသည္။ သူ႕လက္ေတြ ျမွင့္လို္က္ကာ တုန္႕စိုင္းမႈ တစ္ခ်က္ေတာင္ မရွိပဲႏွင့္ You XiaoMo ကို ေသြးကန္ထဲကို တြန္းခ်လုိ္က္သည္။
ထိတ္လန္႕မႈေၾကာင့္ You XiaoMo တစ္ကိုယ္လံုး ေခၽြးေစးေတြ ပ်ံလာသည္။ သူေသြးကန္ၾကီးထဲကို ျပဳတ္ကေတာ့မည့္အခ်ိန္တြင္ပဲ လူက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။
၀ိဥာဏ္အပိုင္းအစ၏ အစိမ္းေဖ်ာ့ေဖ်ာ့ မ်က္လံုးမ်ားက အဲဒါကို ေတြ႕ျမင္လုိ္က္သည္ႏွင့္ အလြန္အမင္းအက္ကြဲေနေသာ အသံ ထဲတြင္ မယံုႏုိင္ျခင္းမ်ားက ေရာစြက္ေနကာ အသံ တစ္ေခါက္ထပ္မံ ေပၚထြက္လာ ေတာ့သည္ “နယ္ေျမလား”
မ်က္လံုးစိမ္းမ်ားက ဆံုးျဖတ္လို္က္သလုိပင္ ေသြးကန္၏ ေထာင့္ေလးေထာင့္ အျပည့္ကို အျမန္အႏွံၾကည့္လုိက္သည္။ သူ အသက္ရွိခ်ိန္တုန္းက စစ္မွန္ေသာ နယ္ေျမတစ္ခုကို မေဖာ္ေဆာင္ႏိုင္ခဲ့သည္က အလြန္ဆိုးလွသည္ သူက ေသေနျပီးမွ You XiaoMo၏ အဆင့္ျမင့္နယ္ေျမတစ္ခုကို သူဘယ္လုိလုပ္ သိျမင္ႏိုင္မလဲ။
သူ ရွာေဖြေနခ်ိန္မွာပင္ You XiaoMo က သူ႕နယ္ေျမကို ကၽြမ္းက်င္စြာ ကို္င္တြယ္ျပီးေတာ့ ဒီေက်ာက္သားအခန္းက ေန ထြက္ခြာသြားျပီး ျဖစ္သည္။
ဒီေက်ာက္သားအခန္းက စေတးေသာအခန္းအမ်ိဳးအစားလိုမ်ိဳးပဲ သူ႕ကို အရမ္းဖိႏွိပ္ထားသည္ဟု ခံစားရသည္။ အထူးသျဖင့္ ထိုေသြးကန္ပဲ ျဖစ္သည္။ ဆိုး၀ါးညစ္ညမ္းလွေသာ ေသြးနံ႕က မထင္မွတ္ေလာက္ေအာင္ ျပင္းလွသည္။ ျပီးေတာ့ အဲဒါက လူသား က်င့္ၾကံသူမ်ား၏ ေသြးမ်ားတင္ မကေလာက္ပဲ ေကာင္းမြန္လွေသာ ေမွာ္၀င္သားရဲ မ်ိဳးစံုတို႕သည္လည္း အဲဒိအထဲကို ပစ္သြင္းထားပံု ေပၚသည္။
သို႕ေသာ္ ေက်ာက္သားအခန္းကေန ထြက္ခြာရန္အတြက္ You XiaoMo က သူ႕စိတ္၀ိဥာဏ္စြမ္းအားေတြ ခ်က္ခ်င္း ကုန္ခန္းသည္အထိ ျဖစ္သြားသည္။ သူက အခု အဆင့္ေလး ေမွာ္ဆရာတစ္ေယာက္ျဖစ္ေသာ္လည္း သူ႕နယ္ေျမကို ကၽြမ္းက်င္စြာ ေရြ႕ႏုိ္င္သည္က မီတာႏွစ္ရာသာ အလြန္ဆံုး လုပ္ႏို္င္သည္။ ထပ္ျပီးေတာ့ဆိုလွ်င္ေတာ့ သူ႕စိတ္၀ိဥာဏ္စြမ္းအားေတြကို ပိုသံုးသလို ျဖစ္လိမ့္မည္။
၀ိဥာဏ္အၾကြင္းအစ၏ အျမန္ႏႈန္းက အရမ္းျမန္လြန္းေသာေၾကာင့္ You XiaoMo က သူက နန္းေတာ္၏ ဘယ္ေနရာမွာမွန္း သူမသိေပ။ သူမွာ အျပင္ထြက္လမ္းရွာရန္အတြက္ ေရြးခ်ယ္စရာ မရွိပဲ ေမွာ္ေရ ေသာက္ရေတာ့သည္။
သူ မေရမရာပံုစံႏွင့္ အနားပတ္၀န္းက်င္ ကို ေလွ်ာက္သြားေနတုန္းပင္ Ling Xiao က Xiao Hei ႏွင့္အတူ ေက်ာက္သားအခန္းကို ေရာက္သြားျပီးျဖစ္သည္။ သူက You XiaoMo ကို မျမင္ရေသာ္လည္း You XiaoMo အႏၱရာယ္ ကေန လြတ္သြားမွန္းေသာ သူသိသည္။
၀ိဥာဏ္အၾကြင္းအက်န္က ဒီလူလိမ္က ဒီေလာက္ျမန္ျမန္ တစ္ဖက္သူကို ေတြ႕သြားႏုိင္မည္ကို ေတာ့ မေမွ်ာ္လင့္ထားေပ။
ႏွစ္ဖက္လံုးက ထြက္ခြာသြားၾကသည္။ ဒီအခ်ိန္တြင္ Ling Xiao က သူ႕လက္ထဲတြင္ မဟုတ္ေပ။ သူက ၀ိဥာဏ္အၾကြင္းအက်န္၏ အစစ္အမွန္ရုပ္လံုး ျဖစ္ေသာ ေသြးကန္ၾကီးကို အေသးေလးမ်ားအျဖစ္ အသာေလး ျဖိဳခြဲလုိက္သည္။ ႏွစ္ေပါငး္တစ္ေထာင္ေက်ာ္ ပ်ိဳးေထာင္ထားရေသာ ေသြးကန္က အဲလို ထပ္ မဟုတ္ေတာ့ေပ။
တြင္းနက္ၾကီးတစ္ခုအသြင္ အပ်က္သေဘာေဆာင္ေသာ စိတ္ခံစားခ်က္မ်ားက ၀ိဥာဏ္အၾကြင္းအက်န္ဆီကေန ထြက္ေပၚလာသည္။ အဲဒိအခ်ိန္တြင္ နန္းေတာ္တစ္လံုးကို အႏွံ ျဖန္႕က်က္ထားေသာ အျခားေသာ ၀ိဥာဏ္စြမ္းအားအျမႊာမ်ားအကုန္လံုးက ၀ိဥာဏ္အၾကြင္းအက်န္၏ အထဲကို အကုန္ျပန္စုလာသည္။ သိပ္မၾကာခင္တြင္ ၀ိဥာဏ္တစ္ခုလံုးနီးပါးက Ling Xiao ေရွ႕တြင္ ေပၚထြက္လာသည္။
ေက်ာက္သားအခန္းထဲက အေသအေက်တုိက္ပြဲအေၾကာင္းလံုးလံုး မသိေသာ You XiaoMo ကေတာ့ တုန္႕ဆိုင္းဆိုင္း ေလးသာေရွ႕တိုးျပီးေတာ့ အရွိန္ကို ထိန္းကာ သူကနယ္ေျမကို ထိန္းထားရသည္။ သူက တကယ့္ကို သူ႕နယ္ေျမထဲက ထြက္ခ်င္ေနျပီ သို႕ေသာ္ ထိုသရဲ၀ိဥာဏ္က သူ႕ေရွ႕မွာ ထပ္ေပၚလာျပီး ေဘာင္းဘီထဲတြင္ ေသးပါမိမည္ကိုေတာ့ သူေၾကာက္ေနသည္။
အနား၀န္းက်င္တြင္ တိတ္ဆိတ္သြားကာ အသံတစ္သံေတာင္ မၾကားရေတာ့မွပဲ You XiaoMo သူ႕နယ္ေျမကေန ထြက္လာေတာ့သည္။
ဒါက အလြန္ရွည္လ်ားျပီး က်ယ္ျပန္႕ေသာ ေလွ်ာက္လမ္းတစ္ခု ျဖစ္သည္။ တစ္ခ်က္ၾကည့္လုိက္သည္ႏွင့္ ေလွ်ာက္လမ္း၏ အဆံုးက မျမင္ႏိုင္ေပ။ ေဘးႏွစ္ဖက္လံုးက ေက်ာက္သားအခန္းမ်ားရွိပံု ရသည္။ အခ်ိဳ႕အခန္းေတြက တံခါးမရွိပဲ ဒီအတုိ္င္း ၀င္သြားႏိုင္သည္။ က်န္သည္မ်ားကေတာ့ တံခါးမ်ားရွိကာ တင္းတင္းပိတ္ထားသည္။
Unicode
C- 181 Captured.
အခန်း ၁၈၁ ဖမ်းဆီးခံရခြင်း
Ling Xiao က ရုပ်တု၏ ရှေ့တွင်ပဲ အကုန်လုံးကို ရှင်းရှင်းပြောတာ ဖြစ်သည်။
အကယ်လို့ ဒီနေ့ ဒီမှာ ရှိနေသောသူသည် သူသာမဟုတ်ပဲ Luo ShuHe နှင့် သူ့လူများသာဆိုလျှင် သူတို့က ဒီရတနာများအတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖြစ်လိမ့်မည်။ ဒီတစ်ကြိမ်တွင် ရုပ်တု သူ့ဘာသာသူ လူမှားတွေ့တာကတော့ ဆိုးလွန်းလှသည်။
ရုပ်တုက အချိန်အကြားကြီး အဖြေတစ်ခုမရသည့်အခါတွင် “သတ်” ဟူသော စကားတစ်ခွန်းသာ အမိန့်ပေးလိုက်သည်။
ရုပ်တု၏ အနီရောင်တောက်တောက် မျက်လုံးများက ရုတ်တရက် အနီရောင် အလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်သည်။ အနီရောင်အလင်းက သူတို့အစက မတ်တပ်ရပ်နေသော နေရာကို ထိမှန်သွားသည် သို့သော် ကြမ်းပြင်ကိုတော့ ဖောက်ထွင်းမသွားချေ။ ကြည့်ရတာ ရုပ်တုက သူတို့အချင်းချင်း သတ်ဖြတ်ဖို့ မစောင့်နိုင်တော့၍ လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့သည်။
Ling Xiao က You XiaoMo ကို ဖက်ကာ ရုပ်တု၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ သူက အေးတိအေးစက်ရယ်ကာ “နောက်ဆုံးတော့ ဆက်မစောင့်နိုင်တော့ဘူးပေါ့”
ရုပ်တု၏ တုန့်ပြန်မှုကတော့ ဆက်လက် တိုက်ခိုက်တာသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ နန်းတော်၏ နက်ရှိုင်းသော အပိုင်းကနေ ကတောက် ကတောက် မြည်သံများကို ကြားနိုင်သည်။ ထိတ်လန့်ဖွယ်ကောင်းသော အစိမ်းရောင် အလင်းမြူများထဲတွင် ပြင်ပမှ အစောင့်များနှင့် တူလှသော ရုပ်သေးရုပ်များ ဖြည်းဖြည်းချင်းစီ ပေါ်ထွက်လာသည်။ ကွာခြားချက်သာ ရှိမည်ဆိုလျှင် အဲဒါက အရှိန်အ၀ါပဲ ဖြစ်လိမ့်မည်။
ဒီရုပ်သေးရုပ်များ၏ သန်မာမှုက အပြင်တွင် စောင့်နေသော အစောင့် နှစ်ယောက်ထပ်ကို အတော်လေး ပိုမြင့်သည်။ အားအနည်းဆုံး သူကပင် လအဆင့် ရှိသည်။ ပြီးတော့ သူတို့ က အနည်းငယ်လည်းအဟုတ်လောကပ်ပေ နန်းတော်၏ အတွင်းပိုင်းကနေ ဆက်တိုက် ထွက်ပေါ်လာသည်။ အနည်းဆုံးတော့ တစ်ရာလောက် ရှိလိမ့်မည်။
You XiaoMo အထိတ်တလန့်နှင့် ထခုန်လိုက်ကာ “အရမ်းကြီး တောက်ပြောင်နေတယ်လို့ ထင်ရတယ်”
သူ အဆုံးတော့ Ling Xiao ပြောသော ထောင်ခြောက်ဆိုတာကို နားလည်သွားသည်။ တကယ်တော့ နန်းတော်အတွင်းတွင် ပုန်းအောင်းနေသော ရုပ်သေးရုပ်များစွာ ရှိသည်။ အကယ်လို့ TianXin ဂိုဏ်းနှင့် အခြားအဖွဲ့များသာ ဆိုလျှင် သူတို့နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်လောက်ပဲ မြွေပါလည်းဆုံး သားလဲ ဆုံးအခြေအနေမျိုးနှင့် ဆိုးဆိုးရွားရွား ရိုက်ပုတ်ခြင်း ခံရမှာပင် ။
ဒီတွင် သူနားမလည်သော အရာတစ်ခုရှိသေးသည်။ ဒါက ထောင်ချောက်ဖြစ်နေတာကို သူတို့က ဘာလို့ လာရသေးတာလဲ အန္တရာယ်မှန်း ဂရုစိုက်နေသားနဲ့ကို။ သူတို့အသက်တွေ စိတ်ပါလက်ပါနှင့် အဆုံးရှုံးခံရလောက်အောင် ကျောက်သားစင်မြင့်တွေက မြူစွယ်နေတာတော့ မဟုတ်လောက်ပါဘူးနော်။
Ling Xiao က သူ့လက်ဝါးကို ရှေ့ကို ထိုးထည့်လိုက်သည်နှင့် လေက ရုတ်တရက် ရုပ်သေးရုပ် ဆယ်ရုပ်ကို ထိခိုက်ကာ အပိုင်းအစများအဖြစ် ကွဲကြေသွားစေသည်။
သို့သော် ရုပ်သေးရုပ်များမှာ အသိဥာဏ်မရှိ အသက်မရှိကြပေ။ သူတို့တွေက ပင်ပန်းမှုကိုလည်းမသိရှိကြ။ သူတို့က နာကျင်မှုလည်း မသိ။ သူတို့သိသည်က မျက်ကန်းသဖွယ် ဘယ်လိုတိုက်ရမလဲသာ သိကာ တစ်လက်မတောင် မရွေ့နိုင်တော့မှသာလျှင် ရုပ်တန့်သွားသည်။
Ling Xiao ကလည်း အဲဒိကို သိသဖြင့် သူကလည်း နောက်မဆုတ်ပေ။ သူက အမှုန့်များအဖြစ်ကို ချက်ချင်း ပြောင်းလဲ ပစ်လိုက်သည်။ ကြမ်းပြင်က အလွန်လျင်မြန်စွာပင် နုညက်လှသော အမှုန့်များ အထပ်ထပ် ဖုံးအုပ်သွားကာ အတိုင်းထက်အလွန်ကို ပျက်စီးသွားကြတာပဲ ဖြစ်သည်။
ရုပ်သေးရုပ်များ အပိုင်းပိုင်းဖြစ်သွားတာကို မြင်ရသော မျက်လုံးများကြောင့် ရုပ်တုကို ပိုပြီးတော့တောင် ဒေါသထွက်သွားစေသည်။
ဒေါသထွက်သွားသည့်နောက်တွင် မတ်တပ်ရပ်လာသည်။ ချက်ချင်းကို ထို အရာကြီးက သူ့ရဲ့ မူလ တင်ပလင်ခွေထိုင်နေသော ပုံစံကနေ မတ်တပ်ရပ်လိုက်သည်။
သူ၏ ကြီးမားသော လက်က သူတို့ခေါင်းတွေ ပြားသွားစေချင်သဖြင့် အင်အားနှင့် အားပါးတရ ရိုက်ချလိုက်သည်။ သို့သော် ဗလာနတ္ထိဖြစ်သွားပြန်ကာ ကြမ်းပြင်က လှုပ်သွားရုံသာ ရှိပြီးတော့ ကွဲမကြေသွားပေ။
Ling Xiao မျက်ခုံးတွေ ဆတ်ခနဲ လှုပ်ရှားသွားသည်။ သူက အကောင်းပကတိဖြစ်နေသော ကြမ်းပြင်ကို မြင်တော့ သူ့မျက်လုံးနှင့် နှုတ်ခမ်းက ရုတ်တရက် ကွေးတက်သွားသည်။ သူ့လက်ဝါးကို ဆတ်ခနဲ ဆောင့်လှုပ်လိ်ုက်တော့ ပူပြင်း တောက်လောင်နေသော မီးတောက်က အလုံးအဖြစ် ကျစ်လစ်သွားကာ ကြမ်းပြင်ပေါ်ကို ရိုက်ခတ်ပြီး တော့ ဟုန်းဝုန်းဝုန်း ဆိုသော အသံများမြည်ဟီးသွားသည်။ အကောင်းပကတိဖြစ်နေသော ကြမ်းပြင်က နောက်ဆုံးတော့ ပျက်စီးသွားကာ ကြမ်းပြင်ပေါ်တွင် အပေါက်ကြီးတစ်ခု ပေါ်ပေါက်သွားစေသည်။
ပေါက်ကွဲသံကြီးက သုံးပုံတစ်ပုံသာ ခရီးရောက်သေးသော ဂိုဏ်းများထံမှလည်း မလွတ်မြောက်သွားပေ။ သူတို့က မြေကြီးထဲက တုန်ခါမှုများများကို တောင် သူတို့ခြေထောက်များမှ တစ်ဆင့် ခံစားသိရှိနိုင်သေးသည်။ လူတိုင်း၏ အမူအယာက ချက်ချင်းကို ပြောင်းလဲကုန်သည်။
Luo ShuHe က တအံ့တသြကို အာမေဋိတ်သံထွက်လာသည် “ အဲဒါ ဘာအဓိပ္ပါယ်လဲ? ငါတို့ကို တကယ်ကြီး ကျော်သွားတဲ့သူ ရှိတာလား?”
Luo ShuHe တည်းတင် မဟုတ်ပေ။ အခြားသော အင်အားစုများမှ လူများသည်လည်း တူညီသော မယုံနိုင်သော မျက်နှာသွင်ပြင်များ ဖြစ်သွားသည်။ သူတို့ကို ဘယ်သူကများ ကျော်သွားသလဲလို့ စဉ်းစားရင်းနှင့် ပထမရောက်သွားသောသူက ရတနာများအားလုံးကို သိမ်းကြုံး ရှင်းလင်းမှာ စိုးသဖြင့် သူတို့ခြေလှမ်းတွေကို အမြန်လှမ်းကြတော့သည်။
သူတို့တွေ ဘယ်လောက်ပဲ မြန်မြန်ရွေ့ရွေ့ အသုံးမ၀င်တော့သည်ကတော့ ဆိုးလွန်းလှသည်။ သူတို့ ရေတိမ်ကမ်းခြေကိုတောင် မကျော်လွှားရသေး။ ရေမိစ္ဆာများကသာ သူတို့ကို ရပ်တန်ချင်လျှင် သူတို့က လျင်မြန်သောအလျင်နှင့်သွားလျှင်တောင် အသုံးဝင်မှာ မဟုတ်လောက်ပေ။
“ရက်စက်တတ်တဲ့ ခွန်းအားကို ပဲ သုံးဖို့သိတဲ့သူတစ်ယောက်က အေးချမ်းစွား (လူ)ပြန်ဝင်စားနိုင် မှာမဟုတ်ဘူး”
Ling Xiao က သူ့ခေါင်းဆီကို ထိုးကျလာသည့် ရုပ်တု၏ လက်သီးစုပ်ကြီးကို တိမ်းရှောင်လိုက်သည်။ ပြီးတော့ You XiaoMo ကို စိတ်ချရသောနေရာကို ရွှေ့ပေးကာ နယ်မြေထဲက Xiao Hei ကို ခေါ်ထုတ်ပြီးတော့ သူ့ဘေးတွင် စောင့်ကြပ်စေသည်။
သူ့ရဲ့မူလအသွင်သဏ္ဍာန်နှင့်သာ ဖြစ်နေသော Xiao Hei ကို ဖက်ထားရင်းနှင့် You XiaoMo တိုင်လုံးနောက်ကနေ ခေါင်းလေးထုတ်ကာ မကြည့်ခင် Xiao Hei ကို ခေါင်းလေးငုံပြီးတီးတိုးလေး ပြောလိုက်သေးသည်။
“Xiao Hei အစ်ကိုကြီးLing က ရတနာဆယ်မျိုးလုံးအကုန်လုံး သိမ်းနိုင်မယ်လို့ ထင်လား”
Xiao Hei က သူ့ကို မျက်လုံးကြီး လှန်ကြည့်တော့သည်။ ဘယ်လိုလုပ် မှော်ဆရာတစ်ယောက်ရဲ့ ၀ိဥာဏ်အပိုင်းအစလေးက ကြီးမြတ်လှသော ခေါင်းဆောင်၏ ပြိုင်ဖက် ဖြစ်နိုင်ပါ့မလဲ။
You XiaoMo က သူအဲဒါကို မမြင်သလိုသာ ဟန်ဆောင်လိုက်သည်။ ရုတ်တရက် သူ့မျက်စိထောင့်ကနေ ရတနာဆယ်ခုက ကျောက်တုံးစင်မြင့်များပေါ်ကို ပြုတ်ကျသွားတကို မြင့်လိုက်ရသည်။ အလင်းလုံးကြီးများလဲ ပျောက်ကွယ်သွားလေသည်။ သူက အကြံမပြုပဲ မနေနိုင်တော့ပဲနှင့် “Xiao Hei သူတို့ တိုက်နေတုန်း ငါတို့ သွားယူရင် ဘယ်လို……….”
သူပြောလို့မှ မပြီးခင်ပဲ ဟုန်း ခနဲ အသံတစ်ချက်နှင့် Ling Xiao၏ လက်သီးစုပ်က ရုပ်တုတစ်ခုလုံးကို ကြေကွဲပျက်စီး သွားစေသည်။ ကျောက်စ ကျောက်နများက အရပ်မျက်နှာအားလုံးကို လွင့်စင်ကုန်သည်။ အနီရောင် ၀ိဥာဏ်တစ်ခုက ရုပ်တု၏ အပိုင်းအစများထဲကနေ ပျံထွက်လာသည်။ သူမလွတ်မြောက်သေးခင်မှာတင် မီးတောက်အလုံးကြီး တစ်လုံး၏ ၀ါးမြိုမှုခံရကာ ပြာများအဖြစ်သို့ ကူးပြောင်းသွားလေသည်။
သရဲ၏အသံနှင့် တူသောအသံတစ်သံ အော်လိုက်သံထွက်လာသည်။ အဆိုပါအသံမှာ နားကို အူထွက်သွားစေကာ နားစည်များကိုတောင် နာကျင်စေသည်။ အဲဒိအသံက နန်းတော်၏နက်ရှိုင်းသောနေရာမှလာပုံ ပေါ်လှသည်။ အဲဒိအသံနောက်တွင် အစောပိုင်းက အသံအက်တက်တက် နှင့် ကွဲပြားလှသော ဒေါသထွက်နေသော အသံတစ်သံလဲ လိုက်ပါလာသည်။ “မင်းက တကယ်ကြီး ငါ့စ်ိတ်ဝိဥာဏ် နှစ်ခုတွဲကို ဖျတ်ဆီးရဲတယ်ပေ့ါလေ။ မင်း သေဖို့ကောင်းနေပြီ။ မင်း ဒီတန်ဖိုး ပေးဆပ်ရအောင်ကို ငါလုပ်မှာ”
အသံက ရူးမိုက်လှအောင် ဒေါသအသံဖြင့် ဟိန်းထွက်ကာ နန်းတော်တစ်ခုလုံးကို တုန်ခါစေသည်…
Ling Xiao က အသံပိုင်ရှင်ကို လျစ်လျူရှုပြီးတော့ ကျောက်တုံးစင်မြင့်ဆီကို ဖျတ်ခနဲရွှေ့လိုက်ကာ အချိန်ကို အသုံးချပြီးတော့ ရတနာတွေကို သူ့နယ်မြေထဲ တန်းထည့်လိုက်တော့သည်။
၀ိဥာဏ်အကြွင်းအကျန်ပိုင်ရှင်ကလည်း သူ့ကို ဒီလို လွှတ်လိုက်ဖို့ အစီအစဉ်မရှိပေ။ စူးရှလှသော အသံအနည်းငယ် ထွက်လာပြီးနောက်တွင် အစိမ်းရောင် ဖယောင်းတိုင်များအားလုံး ဟုတ် ခနဲ ငြိမ်းသွားသည်။
ရိုးတွင်းခြင်ဆီထိအောင် ကျိန်းစေလောက်သော လေအေးတစ်လွှာက နန်းတော်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
“Xiao Hei င့ါကို မထိနဲ့”
You XiaoMo ရုတ်တရုက်ကြီး သူ့ခြေထောက်အောက်ကနေ လေအေးတစ်ချက် ဝေ့တက်လာသလို ခံစားလိုက်ရသည်။ အဲဒိနောက်တော့ တစ်ခုခုက သူ့လက်ကို လာထိတာကို ခံစားလိုက်ရသည်။ သူက အဲဒါ သူ့ဘေးတွင် မတ်တပ်ရပ်နေသော Xiao Hei လို့ထင်တာကြောင့် ခေါင်းကို လှည့်မကြည့်ပဲ ပြောလိုက်တာ ဖြစ်သည်။
Xiao Hei က သူ့ကို မျက်လုံးဝင့်ကြည့်ကာ “ဘယ်တုန်းက ကျွန်တော် ထိလို့လဲ”
“အာ..အခုပဲလေ မင်းမဟုတ်ရင်…………..” You XiaoMo ခေါင်းလှည့်ကြည့်လိုက်ကာ 'ဘယ်သူ´ ဆိုသည့်စကားတောင် မပြောနိုင်ခင်မှာတင် အစိမ်းရောင်ခပ်ဖျော့ဖျော့ တောက်နေသော မျက်နှာတစ်ခုက သူ့အရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ အဲဒိအချိန်တွင်ပဲ သူ့ကို ကြည့်နေသော မျက်နှာက အမူအယာကင်းမဲ့လှသည်။ “သရဲ.အား……………………………..”
You XiaoMo အော်သံက ဟိန်းထွက်လာသည်။
ဒီပုဂ္ဂိုလ်က အရှေ့ကနေ အယောင်ပြပြီးတော့ အနောက်ကနေ တိုက်ခိုက်တာပဲ။ Xiao Hei ၏ ခွန်အားက တစ်ဖက်လူနှင့် ယှဉ်ဖက်မဟုတ်ပေ ပြီးတော့ ထိုတစ်ဖက်သူကလည်း စံသွေဖယ်သော တိုက်ခိုက်နည်းအချို့ကို ကျင့်သုံး ပေါ်လည်း တူလှသည် Xiao Hei ဆီက တုန့်ပြန်မှုမလာခင်တွင် You XiaoMo က သူ့မျက်နှာအရှေ့တွင် တစ်ရစ်ဝဲ၀ဲလုပ်နေသော ၀ိဥာဏ်အပိုင်းအစလေး၏ ခေါ်သွားခြင်း ခံရကာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
You XiaoMo၏ အနံ့ ခန်းမကြီးကနေ ပျောက်ကွယ်သွားသည်နှင့် Ling Xiao လည်း အဲဒါကိုချက်ချင်း အာရုံခံလိုက်မိ ပုံရသည်။ သူက ပုန်းကွယ်နေသာ တိုင်လုံးကြီးအနောက်ကို တစ်စက္ကန့်အကြာတွင် ပေါ်လာတော့ မှော်ဝင်သားရဲတစ်ကောင်သာ ကျန်နေတာ မြင်လိုက်ရသည်။ Ling Xiao က Xiao Hei ကို စကားတစ်ခွန်းမပြောပဲ ဖျတ်ခနဲ ကြည့်ထည့်လိုက်သည်။
Xiao Hei လည်း ရှက်ရွှံ့လှသောကြောင့် ခေါင်းသာ ငိုက်စိုက်ဖြစ်နေတော့သည်။ သူမှားသွားတာ သူသိသည်။ သူသာ အဲဒါကို သိခဲ့ပါလျှင် ဘာပဲ ပေးရပေးရ သခင်ကို သူ့နယ်မြေထဲကို ဆွဲသွင်းမိမှာပင်။
၀ိဥာဏ်အပိုင်းအစ၏ ခေါ်ယူသွားခြင်းခံရသည့် You XiaoMo ကို ပြောရမည် ဆိုလျှင်လည်း လူတစ်ယောက်နှင့် သရဲတစ်ကောင်က နန်းတော်၏ ထောင့်တစ်နေရာတွင် အလွန်လျင်မြန်စွာ ထွက်ပေါ်လာသည်။
ဒီကျောက်သားအခန်းကလည်း ခန်းမကြီးနှင့် ထက်တော့ သိပ်မသေးငယ်ပေ။ သွေးကန်ကြီးကြီးက အရှေ့တွင် ရှိနေသည်။ လူသားသဏ္ဍာန်တစ်ခုက သွေးကန်အလယ်တွင် စိမ်နေသည်။ လူအသွင်သဏ္ဍာန်၏ မျက်နှာက ၀ိဥာဏ်အပိုင်းအစ၏ မျက်နှာနှင့် မခွဲနိုင်အောင်ကို တူညီလှသည်။
၀ိဥာဏ်အပိုင်းအစက You XiaoMo ကို မကာ သွေးကန်အလယ်ကို လမ်းလျှောက်သွားသည်။ သူ့လက်တွေ မြှင့်လိုက်ကာ တုန့်စိုင်းမှု တစ်ချက်တောင် မရှိပဲနှင့် You XiaoMo ကို သွေးကန်ထဲကို တွန်းချလိုက်သည်။
ထိတ်လန့်မှုကြောင့် You XiaoMo တစ်ကိုယ်လုံး ချွေးစေးတွေ ပျံလာသည်။ သူသွေးကန်ကြီးထဲကို ပြုတ်ကတော့မည့်အချိန်တွင်ပဲ လူက ချက်ချင်း ပျောက်ကွယ်သွားသည်။
၀ိဥာဏ်အပိုင်းအစ၏ အစိမ်းဖျော့ဖျော့ မျက်လုံးများက အဲဒါကို တွေ့မြင်လိုက်သည်နှင့် အလွန်အမင်းအက်ကွဲနေသော အသံ ထဲတွင် မယုံနိုင်ခြင်းများက ရောစွက်နေကာ အသံ တစ်ခေါက်ထပ်မံ ပေါ်ထွက်လာ တော့သည် “နယ်မြေလား”
မျက်လုံးစိမ်းများက ဆုံးဖြတ်လိုက်သလိုပင် သွေးကန်၏ ထောင့်လေးထောင့် အပြည့်ကို အမြန်အနှံကြည့်လိုက်သည်။ သူ အသက်ရှိချိန်တုန်းက စစ်မှန်သော နယ်မြေတစ်ခုကို မဖော်ဆောင်နိုင်ခဲ့သည်က အလွန်ဆိုးလှသည် သူက သေနေပြီးမှ You XiaoMo၏ အဆင့်မြင့်နယ်မြေတစ်ခုကို သူဘယ်လိုလုပ် သိမြင်နိုင်မလဲ။
သူ ရှာဖွေနေချိန်မှာပင် You XiaoMo က သူ့နယ်မြေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီးတော့ ဒီကျောက်သားအခန်းက နေ ထွက်ခွာသွားပြီး ဖြစ်သည်။
ဒီကျောက်သားအခန်းက စတေးသောအခန်းအမျိုးအစားလိုမျိုးပဲ သူ့ကို အရမ်းဖိနှိပ်ထားသည်ဟု ခံစားရသည်။ အထူးသဖြင့် ထိုသွေးကန်ပဲ ဖြစ်သည်။ ဆိုးဝါးညစ်ညမ်းလှသော သွေးနံ့က မထင်မှတ်လောက်အောင် ပြင်းလှသည်။ ပြီးတော့ အဲဒါက လူသား ကျင့်ကြံသူများ၏ သွေးများတင် မကလောက်ပဲ ကောင်းမွန်လှသော မှော်ဝင်သားရဲ မျိုးစုံတို့သည်လည်း အဲဒိအထဲကို ပစ်သွင်းထားပုံ ပေါ်သည်။
သို့သော် ကျောက်သားအခန်းကနေ ထွက်ခွာရန်အတွက် You XiaoMo က သူ့စိတ်ဝိဥာဏ်စွမ်းအားတွေ ချက်ချင်း ကုန်ခန်းသည်အထိ ဖြစ်သွားသည်။ သူက အခု အဆင့်လေး မှော်ဆရာတစ်ယောက်ဖြစ်သော်လည်း သူ့နယ်မြေကို ကျွမ်းကျင်စွာ ရွေ့နိုင်သည်က မီတာနှစ်ရာသာ အလွန်ဆုံး လုပ်နိုင်သည်။ ထပ်ပြီးတော့ဆိုလျှင်တော့ သူ့စိတ်ဝိဥာဏ်စွမ်းအားတွေကို ပိုသုံးသလို ဖြစ်လိမ့်မည်။
၀ိဥာဏ်အကြွင်းအစ၏ အမြန်နှုန်းက အရမ်းမြန်လွန်းသောကြောင့် You XiaoMo က သူက နန်းတော်၏ ဘယ်နေရာမှာမှန်း သူမသိပေ။ သူမှာ အပြင်ထွက်လမ်းရှာရန်အတွက် ရွေးချယ်စရာ မရှိပဲ မှော်ရေ သောက်ရတော့သည်။
သူ မရေမရာပုံစံနှင့် အနားပတ်ဝန်းကျင် ကို လျှောက်သွားနေတုန်းပင် Ling Xiao က Xiao Hei နှင့်အတူ ကျောက်သားအခန်းကို ရောက်သွားပြီးဖြစ်သည်။ သူက You XiaoMo ကို မမြင်ရသော်လည်း You XiaoMo အန္တရာယ် ကနေ လွတ်သွားမှန်းသော သူသိသည်။
၀ိဥာဏ်အကြွင်းအကျန်က ဒီလူလိမ်က ဒီလောက်မြန်မြန် တစ်ဖက်သူကို တွေ့သွားနိုင်မည်ကို တော့ မမျှော်လင့်ထားပေ။
နှစ်ဖက်လုံးက ထွက်ခွာသွားကြသည်။ ဒီအချိန်တွင် Ling Xiao က သူ့လက်ထဲတွင် မဟုတ်ပေ။ သူက ၀ိဥာဏ်အကြွင်းအကျန်၏ အစစ်အမှန်ရုပ်လုံး ဖြစ်သော သွေးကန်ကြီးကို အသေးလေးများအဖြစ် အသာလေး ဖြိုခွဲလိုက်သည်။ နှစ်ပေါင်းတစ်ထောင်ကျော် ပျိုးထောင်ထားရသော သွေးကန်က အဲလို ထပ် မဟုတ်တော့ပေ။
တွင်းနက်ကြီးတစ်ခုအသွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ၀ိဥာဏ်အကြွင်းအကျန်ဆီကနေ ထွက်ပေါ်လာသည်။ အဲဒိအချိန်တွင် နန်းတော်တစ်လုံးကို အနှံ ဖြန့်ကျက်ထားသော အခြားသော ၀ိဥာဏ်စွမ်းအားအမြွှာများအကုန်လုံးက ၀ိဥာဏ်အကြွင်းအကျန်၏ အထဲကို အကုန်ပြန်စုလာသည်။ သိပ်မကြာခင်တွင် ၀ိဥာဏ်တစ်ခုလုံးနီးပါးက Ling Xiao ရှေ့တွင် ပေါ်ထွက်လာသည်။
ကျောက်သားအခန်းထဲက အသေအကျေတိုက်ပွဲအကြောင်းလုံးလုံး မသိသော You XiaoMo ကတော့ တုန့်ဆိုင်းဆိုင်း လေးသာရှေ့တိုးပြီးတော့ အရှိန်ကို ထိန်းကာ သူကနယ်မြေကို ထိန်းထားရသည်။ သူက တကယ့်ကို သူ့နယ်မြေထဲက ထွက်ချင်နေပြီ သို့သော် ထိုသရဲဝိဥာဏ်က သူ့ရှေ့မှာ ထပ်ပေါ်လာပြီး ဘောင်းဘီထဲတွင် သေးပါမိမည်ကိုတော့ သူကြောက်နေသည်။
အနားဝန်းကျင်တွင် တိတ်ဆိတ်သွားကာ အသံတစ်သံတောင် မကြားရတော့မှပဲ You XiaoMo သူ့နယ်မြေကနေ ထွက်လာတော့သည်။
ဒါက အလွန်ရှည်လျားပြီး ကျယ်ပြန့်သော လျှောက်လမ်းတစ်ခု ဖြစ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် လျှောက်လမ်း၏ အဆုံးက မမြင်နိုင်ပေ။ ဘေးနှစ်ဖက်လုံးက ကျောက်သားအခန်းများရှိပုံ ရသည်။ အချို့အခန်းတွေက တံခါးမရှိပဲ ဒီအတိုင်း ၀င်သွားနိုင်သည်။ ကျန်သည်များကတော့ တံခါးများရှိကာ တင်းတင်းပိတ်ထားသည်။