C-179 Battle.
အခန္း ၁၇၉ တိုက္ပြဲ
ေရမိစၧာ၏ကိုယ္ခႏၶာထဲမွ ေရခဲအဆိပ္သည္ ဘယ္သူမွ အဲဒိဟာကို ကိုင္တြယ္ ေျဖရွင္းႏိုင္ပံု မရေလာက္ေအာင္ကို အလြန္ ထူးဆန္း အံ့ၾသဖြယ္ ေကာင္းလွသည္။ သို႔ေသာ္ ဘယ္ေလာက္ပဲ ေရမိစၧာတစ္ေကာင္က အံ့ၾသ ထူးဆန္းဖြယ္ ေကာင္းေကာင္း သူ႔မွာ ေၾကာက္ရႊံေသာ အရာေတြေတာ့ ရိွစၿမဲပင္ ဥပမာ မီးပဲ ျဖစ္သည္။
ပံုမွန္အားျဖင့္ သာမန္မီးမ်ားက မည္သူမဆို အကြၽမ္းတဝင္မရိွေပ။ သို႔ေသာ္ နတ္ဘုရားမီး ကေတာ့ မတူေပ။ နတ္ဘုရားအဆင့္ မီးေတာက္၏ အပူခ်ိန္က အရာအားလံုးကို အရည္ေပ်ာ္ အေငြ့ပ်ံေစႏိုင္ကာ ေရမိစၧာ၏ ေရခဲအဆိပ္လဲ အပါအဝင္ ျဖစ္သည္။
ႏွစ္ေပါင္းမ်ားစြာက ပထမဆံုး ေရမိစၧာမွာ နတ္ ဘုရားအဆင့္ မီးေတာက္တစ္ခုေၾကာင့္ ေသဆံုးရျခင္း ျဖစ္သည္။
ၿပီးေတာ့ ေရမိစၧာမ်ားက မီးႏွင့္ ပတ္သတ္လ်ွင္ အလြန္႔အလြန္ အထိခိုက္မခံေပ အထူးသျဖင့္ နတ္ဘုရားမီးေတာက္မ်ားပဲ ျဖစ္သည္။ အဲဒါက ေရမိစၧာမ်ိဳးႏြယ္စု တစ္စုလံုးကို အျမစ္ျဖတ္ရန္အတြက္ လံုေလာက္သည္။ ထို႔ေၾကာင့္ ေရမိစၧာတစ္ေကာင္က အနားမကပ္ရဲေပ အဆင့္ကိုးအဆင့္ရိွအေကာင္ေတာင္မွ မလုပ္ရဲ။
ထို ေရမိစၧာက အဆိုပါ မီးေတာက္သာ သူ႔ခႏၶာကိုယ္ကို ရစ္ပတ္မိလ်ွင္ သူေသခ်ာေပါက္ ေသလိမ့္မည္ဆိုတာ သူအာရံုခံစားမိသည္။
ေရမိစၧာမွာ အဆံုးတြင္ေတာ့ အေၾကာက္တရားကို ခံစားမိသြားကာ ခုခံကာကြယ္ဖို႔ အေတြးမ်ားအားလံုး ေပ်ာက္ကြယ္သြားသည္။ ဒီအခ်ိန္မွာ သူတကယ္ ထြက္ေျပးခ်င္ေနၿပီ သို႔ေသာ္ သူက သူတို႔ကို လွည့္စားၿပီး ျဖစ္ေနၿပီ။ Ling Xiao က သူ႔ကို ထပ္ၿပီး လုပ္ခြင့္ေပးေတာ့မည္မဟုတ္။ သူက သေဘာမေနာေကာင္းသည့္သူ တစ္ေယာက္ မဟုတ္ေပ ၿပီးေတာ့ အခြင့္အေရးလဲ တစ္ခါ ေပးခဲ့ေသးသည္။ အဲဒါကို တန္ဖိုး မသိလိုက္မိတာ ဆိုးလွသည္။
ခရမ္းေရာင္ မီးေတာက္က အလြန္လ်င္ျမန္စြာႏွင့္ ေရမိစၧာ၏ ကိုယ္လံုးကို ဝါးၿမိဳသြားသည္။ အတုမရိွေသာ နတ္ဘုရားအဆင့္မီးေတာက္က ထုတ္လႊင့္ေသာ နီရဲပူျပင္းေသာ အပူခ်ိန္က ေအာ္ဟစ္ေနေသာ ေရမိစၧာက္ု ျဖည္းျဖည္းခ်င္း ကင္ေနေတာ့သည္။ သိပ္မၾကာခင္ ေရမိစၧာက ျပာလံုးတစ္လံုး အျဖစ္ေျပာင္းသြားၿပီး ဘာမွ ထပ္မပိုေတာ့ေခ်။
အဲဒိလိုႏွင့္ပဲ ေရတိမ္ကမ္းေျခရိွ အင္အားအႀကီးဆံုး ေမွာ္ဝင္သားရဲတစ္ပိုင္း ေသဆံုးသြားေတာ့သည္။ က်န္ရိွေနေသာ ေရမိစၧာမ်ားကေတာ့ သူတို႔ကို ပိတ္ပင္မတားႏိုင္ေပ။ ေခါင္းေဆာင္မရိွေတာ့မွေတာ့ သူတို႔ေတြမွာ သဲေတြလို တစ္ကြဲ တစ္ျပားေတြ ျဖစ္ကုန္သည္။
ေရမိစၧာေသဆံုးၿပီးေနာက္ Ling Xiao က ေရခဲအဆိပ္တံုးႀကီးဆီကို သြားသည္။ သူ႔လက္ႏွင္ တစ္ခ်က္ ယမ္းလိုက္သည္ႏွင့္ ေရခဲအဆိပ္တံုးက ခ်က္ခ်င္းကြဲအက္ ပြင့္ဟကာ အလယ္ကေန ႏွစ္ျခမ္းကြဲသြားသည္။
You XiaoMo က သူ႔ကို ၾကည့္ၿပီး စကားလံုးမ်ားမဲ့သြားသည္။ ဒီပုဂၢိုလ္က ေရခဲအဆိပ္ကို မေၾကာက္ဖူးပဲ။ သူအေစာက ေရမိစၧာႏွင့္ ေဆာ့ေနတာပဲ။ သူ႔ရဲ့ အထင္ေသးဖြယ္ သေဘာသဘာဝေတြက ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္မွန္း သိသာလွသည္။ သို႔ေသာ္ သူ႔အာရံုက ကြထြက္သြားေသာ ေရခဲ အဆိပ္ထံသို႔ အလ်င္အျမန္ ကူးေျပာင္းသြားသည္။
ေမွာ္ဆန္ဆန္ အျပာေရာင္ အလင္းက ေရခဲအဆိပ္ ကြဲသြားရာမွ ထြက္ေပၚလာသည္။
အျပာေရာင္အလင္းေရာင္က ေရမ်ားကိုေတာင္ ခပ္ရင့္ရင့္အျပာေရာင္အျဖစ္ ေျပာင္းလဲသြားေစသည္။ ေမွာ္ဆန္ၿပီး လွပ လွသည္။
ဒီ အျပာရင့္ရင့္ အလင္းတန္းက ေရခဲအဆိပ္ေအာက္က အျပာေရာင္အရည္လံုးဆီကေန ထြက္ေပၚလာတာ ျဖစ္သည္။ အလြန္လ်င္ျမန္စြာပင္ ျပင္းပ်လွေသာ စိတ္ဝိဉာဏ္စြမ္းအားတစ္ရပ္ ကို You XiaoMo အာရံုခံမိသည္။ အသက္တစ္ခ်က္ရႉလိုက္သည္ႏွင့္ သူ႔တစ္ကိုယ္လံုးက ခ်က္ခ်င္းေပါ့ပါးကာ စြမ္းအင္မ်ားျဖင့္ ျပည့္ႏွက္သြားသည္။
"ဒါ ေမွာ္ေက်ာက္လား"
ေရခဲအဆိပ္ဖံုးအုပ္ထားသည့္ အျပာေရာင္အရည္လံုးကို ၾကည့္ရန္အတြက္ You XiaoMoေခါင္းေလး ဆန္႔ထြက္လာသည္။ အနီးကပ္ ၾကည့္လ်ွင္ အျပာေရာင္အရည္ေအာက္က ခပ္ေရးေရးျမင္ရေသာ သလင္းေက်ာက္အေရာင္ေလးကို ခပ္ေဖ်ာ့ေဖ်ာ့ ျမင္ႏိုင္သည္။
Ling Xiao က ေဘးပတ္လည္က ေရခဲအဆိပ္မ်ားကို အသာေလး ဖယ္ရွားၿပီးေနာက္ ေမွာ္သလင္းေက်ာက္၏ မ်က္ႏွာအမွန္ကို ေဖာ္ျပလိုက္သည္။
ေမွာ္သလင္းေက်ာက္သည္ သလင္းေက်ာက္မ်ား၏ စံနမူနာျဖစ္သည္။ သူ႔တန္ဖိုးက မိုးေကာင္းကင္ကိုေတာင္ ဖီဆန္ေနသည္။
ကိုယ္ခံပညာရွင္ပဲ ျဖစ္ျဖစ္ ေမွာ္ဆရာတစ္ေယာက္ပဲ ျဖစ္ျဖစ္ အေရးမပါေပ အထူးသျဖင့္ အင္ပါယာအဆင့္အထက္မ်ားက က်င့္ႀကံခ်ိန္တြင္ သူတို႔လက္ထဲတြင္ ေမွာ္သလင္းေက်ာက္ အပိုင္းအစေလးတစ္ခုသာ ကိုင္ထား ရလဒ္က တစ္ဝက္သာ အားထုတ္ပါေစၪီး ႏွစ္ဆအက်ိဳးခံစားရမည္ ျဖစ္သည္။ မိုးေကာင္းကင္ႏွင့္ ေျမၾကီးဆီက စိတ္ဝိဉာဏ္စြမ္းအားမ်ား ျဖည္းျဖည္းခ်င္း စုပ္ယူရတာထက္ အဆေပါင္းမ်ားစြာ အက်ိဳးသက္ေရာက္မႈရိွသည္ အဘယမေၾကာင့္ဆိုေသာ္ ကေလူလက္သီးစုပ္ ပမာဏရိွေသာ ေမွာ္သလင္းေက်ာက္တစ္တံုးက မယံုႏိုင္ေလာက္ေအာင္ကို စိတ္ဝိဉာဏ္စြမ္းအင္မ်ား ပါဝင္ေနေသာေၾကာင့္ ပဲ ျဖစ္သည္။
အခုလက္ရိွ ေရတိမ္ကမ္းေျခ ေအာက္နက္ရိွ ေမွာ္သလင္းေက်ာက္မွာ ေဘာလံုးတစ္လံုး အရြယ္အစားရိွေနသည္။ ၾကည့္ရတာေသး ေသာ္လည္း ပါဝင္ေနေသာ စြမ္းအင္က အနည္းငယ္မဟုတ္ သိပ္သည္းလွသည္။ ႏွစ္တစ္ေသာင္းသက္တမ္းရိွေခ်ာက္အတြက္ေတာါ ေမွာ္သလင္းေက်ာက္တံုးတစ္တံုး ရိွေနတာ ေကာင္းမြန္ေသာ အရာတစ္ခုဟု ပင္ မွတ္ယူႏိုင္ေနၿပီ။
Ling Xiao က အျပာေရာင္အရည္ထဲမွ ၿပီးျပည့္စံုလွေသာ ေမွာ္သလင္းေက်ာက္တံုးကို ဆြဲထုတ္ပလိုက္သည္။
ဂရုတစိုက္ စူးစမ္းေလ့လာၾကည့္ေတာ့ ထိုအရည္မွာ တကယ္ေတာ့ ႏို႔ေရာင္သာ ျဖစ္သည္။ ေမွာ္သလင္းေက်ာက္တံုးပ ျပာေနေသာေၾကာင့္သာ ထိုအရည္မွာ အျပာခပ္ေဖ်ာ့ေဖ်ာ့ ျဖစ္ေနျခင္းပင္။
You XiaoMo မွာ Ling Xiao လက္ထဲက ေမွာ္ေက်ာက္တံုးကို ယူဖို႔ ေစာင့္ေတာင္ မေစာင္ႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။
ေရမိစၧာက အဆင့္ကိုးကို ေအာင္ျမင္စြာ တက္ေရာက္ႏိုင္ရန္ ဒီ ေမွာ္သလင္းေက်ာက္ကို မွီခိုခဲ့ေသာ္လည္း သူက ေမွာ္ေက်ာက္တံုးက စြမ္းအင္မ်ားကို တိုက္ရိုက္ မစုပ္ယူႏိုင္ေသာေၾကာင့္ ဒီေမွာ္သလင္းေက်ာက္မွာ စြမ္းရည္ မ်ားစြာ အကုန္ဆံုးေနေပ။ မဟုတ္ပါက ထိုေရမိစၧာမွာ အဆင့္ကိုးသာ ျဖစ္ေနလိမ့္မည္မဟုတ္။
ေမွာ္ေက်ာက္တံုးကို ရယူၿပီးေနာက္ သူတို႔ႏွစ္ၪီးက ေရတိမ္ကမ္းေျခကေန ထြက္ခြာသြားၾကသည္။
သူတို႔ေခါင္းေဆာင္ ေသဆံုးမႈေၾကာင့္ က်နိရိွေနေသာ ေရမိစၧာမ်ားမွာ သူတို႔ကို မတားဆီးရဲေပ။
ဒီလိုႏွင့္တင္ ေရတိမ္ကမ္းေျခေအာက္ရိွ အဖိုးတန္ဆံုး ရတနာမွာ သူတို႔၏ အသာအယာ ယူေဆာင္ျခင္းကို ခံလိုက္ရေတာ့သည္။
ေရထဲမွ ထြက္လာၿပီးေနာက္ ေရတိမ္ကမ္းေျခမွာ တစ္ႀကိမ္ျပန္ၿပီးေတာ့ ၾကည္လင္ တည္ၿငိမ္သြားပံု ျပန္ျဖစ္သြားသည္။ You XiaoMo က ေခါင္းေလးငံု႔ကာ တစ္ခ်က္ၾကည့္လိုက္သည္။ ထိုအဖြဲ႔၏ အရိပ္အေယာင္ေတာင္ မေတြ့ေပ။ သူတို႔က Ling Xiao ဘယ္ေလာက္ေတာင္ အင္အားႀကီးသလဲ သူတို႔ေတြ သိရိွသြားပံုရကာ ထပ္မံၿပီးေတာ့ ေပၚေတာင္ မလာရဲေတာ့။
ေရမိစၧာမ်ားကို မျမင္ရေတာ့မွပဲ You XiaoMoက သိတ္သက္သာရာ ရကာ သက္ျပင္း ခ်ႏိုင္ေတာ့သည္။ မဟုတ္လ်ွင္ သူတို႔ကို သူျမင္တိုင္း သူတို႔၏ မူလအစကို မသိစိတ္ကေန ေတြးမိသြားတတ္သည္။ က်င့္ႀကံျခင္းလမ္းက တကယ့္ကို ႏိႈင္းယွဥ္မရေလာက္ေအာင္ ၾကမ္းတမ္းလွသည္။
"ေဝါင္း..."
အဲဒိအခ်ိန္မွာပဲ ေကာင္းကင္ႏွင့္ ေျမၾကီးက ရုတ္တရတ္ လႈပ္ခါသြားသည္။
ေနာက္ဖးထပ္ စကၠန္႔အနည္းငယ္ အၾကာတြင္ ေနာက္ထပ္ ေဒါသတႀကီးႏွင့္ ဟိန္းေဟာက္သံ က ေနာက္ထပ္ ရုတ္တရတ္ ေပၚလာျပန္သည္။ ဟိန္းေဟာက္သံမ်ားက စိတ္ဝိဉာဏ္ဆိုင္ရာ တိုက္ခိုက္မႈေတြပါ ေရာေနွာပါဝင္ေနသည္။ ေရတိမ္ကမ္းေျခ ပတ္ဝန္းက်င္က ထူထဲလွေသာ သစ္ေတာရဲ့ နက္ရိႈင္းလွေသာ အတြင္းဘက္မွေနကာ လိႈင္းေတြ တစ္လိႈင္းၿပီး တစ္လိႈင္းၿပီး ထြက္လာသည္။
You XiaoMo ရင္တုန္ပန္းတုန္ ျဖစ္ကာ မၿငိမ္သက္ခင္တြင္ ေနာက္ထက္ ေဒါသတႀကီး ဟိန္းသံမ်ား က ေတာနက္ထဲက ထြက္လာျပန္သည္။ ဒီတစ္ႀကိမ္ကေတာ့ မတူညီေသာ ေမွာ္ဝင္သားရဲ တစ္ေကာင္ဆီမွ ျဖစ္သည္။
Ling Xiao၏ မ်က္လံုးထဲကေန ေပ်ာ္ရႊင္ျမဴးတူးရိပ္ေတြ ထြက္လာက ပီတိအျပည့္ႏွင့္ " တကယ္ပဲ အဆင့္ကိုးေမွာ္ဝင္သားရဲ ႏွစ္ေကာင္ တိုက္ေနတာပဲ။ ၾကည့္ရတာ ကိုယ္တို႔ကံေတြက သိပ္မမဆိုးလွဘူး ထင္တယ္"
Ling Xiao ေျပာလိုက္သလိုပင္ အဲဒိမွာ အဆင့္ကိုး ေမွာ္ဝင္သားရဲ ႏွစ္ေကာင္ တိုက္ေနတာ ျဖစ္သည္။ သူတို႔ေရာက္သြားခ်ိန္တြင္ ေမွာ္ဝင္သားရဲ ႏွစ္ေကာင္စလံုးက ေသြးေခ်ာင္းစီးသည္အထိ တိုက္ၿပီးသည္ျဖစ္ရာ သူတိုႏွစ္ေကာင္၏ ေသြးေတြေကာ သူတိုေ့ၾကာင့္ ထိခိုက္သြားေသာ အားနည္းေသာ တိရိစၧာန္မ်ားမွ ေသြးမ်ားပါ ရိွေနသည္။ျမင္ကြင္းက ၾကည့္ရႈရန္ကို ေတာ္ေတာ္ႀကီး ထိတ္လန္႔စရာေကာင္းလွသည္။ ဆငးက္သာ ျဖစ္ေနပါက သူတိုေတြက သစ္ေတာတစ္ခုလံုးကိုေတာင္ ဖ်တ္ဆီးေလာက္သည္။
"အမ္ အေတာင္ေျခာက္ခု အံ့ဖြယ္က်ားနဲ႔ ေသျခင္းဝိဉာဏ္သားရဲပဲ အဆင့္ျမင့္ ေမွာ္ဝင္သားရဲေတြ"
Ling Xiao က ေတြးေတြးဆဆ ေျပာလိုက္သည္။
ဒီနာမည္ေတြ ၾကားေတာ့ You XiaoMoက ေတာ္ေတာ္ အကြၽမ္းမဝင္လွဘူးလို႔ ခံစားမိသည္။ တစ္ခဏေလာက္ စဥ္းစားၿပီးမွ ဒီေမွာ္ဝင္သားရဲ အမ်ိဳးအစားႏွစ္မ်ိဳးက ေရွးေခာတ္အခ်ိန္က ျမက့္မားေသာ ခြန္အားႏွင့္ စြမ္းရည္ရိွေသာ ေမွာ္ဝင္သားရဲမ်ား ျဖစ္ေၾကာင္း အမွတ္ရသြားသည္။ ေရွးေခတ္အခ်ိန္က ေမွာ္ဝင္သားရဲမ်ားမွာ Long Xiao တိုက္မႀကီးကေန ေပ်ာက္ကြယ္သြားပံု ေပၚသည္။ သူတို႔ မ်ိဳးသုဥ္းသြားတာလား ဒီအတိုင္း ထြက္ခြာသြားတာလားဆိုတာ မသဲကြဲေပ။ သူတို႔ေတြ ဒီသူခဘံုနယ္ေျမမွာ လာေတြ့တာကိုက မေမ်ွာ္လင့္တာ ျဖစ္ေနၿပီ။
ဘာ့ေၾကာင့္ ဒီေမွာ္ဝင္သားရဲႏွစ္ေကာင္ တိုက္ေနသလဲဆိုတာလဲ မသဲကြဲေပ။ ၿပီးေတာ့ သူတို႔က တိုက္ပြဲကို အဆံုးထိ သြားဖို႔ ဆံုးျဖတ္ထားပံု ေပၚသည္။
သို႔ေသာ္ စစ္တလင္းက အေျခအေနအရ အေတာင္ေျခာက္ခုအံ့ဖြယ္က်ားက အေရးနိမ့္ပံု ေပၚေနသည္။ သူ(မ) က အထူးသျဖင့္ ဝမ္းဗိုက္တြင္ ပိုၿပီးျပင္းထန္စြာ ဒါဏ္ရာ ရထားသည္။ ေသြးေတြကလည္း မရပ္မနား စီးက်ေနေသးသည္။ သူ ရပ္ေနေသာ္ေနရာက ေသြးအိုင္အျဖစ္ေတာင္ ေျပာင္းလဲေတာ့မည္။
သူ(မ) ေရ႔ွက ေသျခင္းဝိဉာဏ္သားရဲ ကေတာ့ ျပင္းထန္စြာ ဒဏ္ရာ မရေပ။ သူ႕မ်က္လံုးစိမ္းတစ္စံုက အေတာင္ေျခာက္ခုအံ့ဖြယ္က်ား အေပၚတြင္တာ မမိွိတ္မသံုၾကည့္ေနကာ အလြန္႕အလြန္ ေလာဘၾကီးေနပံု ေပၚသည္။
အေတာင္ေျခာက္ခုအံ့ဖြယ္က်ားက သူ႕ကို ပိုျပီးေတာင္ ေဒါသတစ္ၾကီး ဟိန္းေဟာက္သံလုိက္သည္။ သူ(မ) မ်က္လံုးမ်ားက အေျခအေနေတြက ဘယ္လုိပဲ ျဖစ္ေနပါေစ အေလ်ာ့မေပးဘူးဆိုသည့္ဟန္ျဖင့္ ဆြဲျမဲ ခိုင္မာ တည္ၾကည့္လ်က္ ရွိသည္။ သူ(မ)က တစ္ခုခုကို ေစာင့္ၾကပ္ေနပံုရသည္။
အလြန္ လ်င္ျမန္စြာပင္ အေတာင္ေျခာက္ခုအံ့ဖြယ္က်ား ဘာကို ေစာင့္ၾကပ္ေနသလဲ ဆိုတာ သူျမင္လုိက္သည္။ အဲဒါက ေမြးကင္းစ အေတာင္ေျခာက္ခုအံ့ဖြယ္က်ားေပါက္စေလးပင္ ျဖစ္သည္။ သူ႕မ်က္လံုးေတြေတာင္ မပြင့္ေသးေပ။ ၾကည့္ရတာ ေသျခင္းဝိဉာဏ္သားရဲ က ဒီက်ားေပါက္ေလးကို ပစ္မွတ္ထားေနတာ ျဖစ္လိမ့္မည္။ အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမ အလြန္ ေဒါသထြက္ေနတာ အံၾသစရာေတာ့ မရွိပါဘူး။ အကယ္လုိ႕ တစ္ေယာက္ေယာက္ကသာ သူ႕ကေလးကို ပစ္မွတ္ထားရင္ သူလည္းပဲ အျခားတစ္ဖက္ကသူ ကို အလြတ္ေပးမွာ မဟုတ္ေပ။
သို႕ေသာ္လည္း အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမက ေသျခင္းဝိဉာဏ္သားရဲႏွွင့္ မယွဥ္ႏိုင္ေပ။ ႏွစ္ေကာင္စလုံးက အဆင္ကိုးမ်ား ျဖစ္ၾကေသာ္လည္း အဆင့္မတူၾကေပ။ အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမက အဆင့္ကိုးၾကယ္သံုးပြင့္ျဖစ္သည္။ ေသျခင္းဝိဉာဏ္သားရဲ က အဆင့္ကို ၾကယ္ငါးပြင့္ျဖစ္သည္။ ကြာျခားခ်က္က ၾကယ္ႏွစ္ပြင့္ နီးပါးျဖစ္ေနသည္။
“အဲဒိ အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမက သိပ္ၾကာၾကာ ေတာင့္ခံႏိုင္ပံု မရေတာ့ဘူး”
Ling Xiao က ရုတ္တရက္ ေျပာလုိက္သည္။
သူေျပာျပီးသည္ႏွင့္ ေသျခင္းဝိဉာဏ္သားရဲက ေနာက္ထပ္ အလစ္ေခ်ာင္းတိုက္ခိုက္မႈ လုပ္လုိက္သည္။ ေသျခင္းဝိဉာဏ္သားရဲ က ဥာဏ္နီဥာဏ္နက္မ်ားလွသည္။ သူက ပိုျပီး သန္မာေသာ္လည္း သူက အစထဲက တရားမွ်တျပီး ဂုဏ္ရွိေသာ အဖြင့္ တုိက္ခိုက္မႈမ်ိဳး မလုပ္ေပ။ အဲဒါကေၾကာင့္ သူက ျပင္းထန္ေသာ ဒဏ္ရာ နည္းပါးတာ ျဖစ္သည္။
အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမ က အသဲႏွလံုးရွိေသာ္လည္း သူ(မ)က အားအင္နည္းပါလွသည္။ အလစ္ေခ်ာင္းတိုက္ခိုက္မႈ ေအာင္ျမင္ျပီးေနာက္ သူ(မ)၏ ခႏၶာကုိယ္က ေျမျပင္ေပၚ လဲျပိဳက်သြားသည္။ သူ(မ)က အားအင္ မရွိေတာ့ေသာ္လည္း သူ(မ)မ်က္လံုးမ်ားကေတာ့ အလြန္အမင္း စိတ္ဆႏၵ မရွိပံု ေပၚေနတုန္းျဖစ္သည္။
ေသျခင္းဝိဉာဏ္သားရဲ၏ ေလာဘၾကီးလွေသာ သြင္ျပင္ႏွင့္ သူက အေတာင္ေျခာက္ခုအံ့ဖြယ္က်ားေပါက္ေလးဆီကို ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားလုိက္သည္။ အဲဒိေနာက္ သူ႕ရဲ႕ က်ယ္ျပန္႕လွေသာ ေသြးသံရဲရဲပါးစပ္ၾကီးကို ဖြင့္လုိက္ေလသည္။ သူက အေတာင္ေျခာက္ခုအံ့ဖြယ္က်ားေပါက္ေလးကို စားေတာ့မလိုလုပ္ေနတုန္းမွာတင္ သူ႕ေခါင္းေပၚကေန ေလွာင္ေျပာင္ေသာ စကားသံတစ္သံ ရုတ္တရက္ ထြက္ေပၚလာသည္။
“အေတာင္ေျခာက္ခုအံ့ဖြယ္က်ားက အရမ္း အရသာ ရွိလား”
ေသျခင္းဝိဉာဏ္သားရဲ က ၾကက္ေသေသသြားသည္။ ဒီပုဂၢိဳလ္က သူ႕နားကို သတိေပးခ်က္မရွိပဲ တကယ္ၾကီး ေပၚလာႏိုင္တာ ျဖစ္သည္။ ျပီးေတာ့ သူက အဲဒါကို လံုး၀ မခံစားမိေခ်။ အဲဒါက အေၾကာင္းျပခ်က္ တစ္ခုတည္းေၾကာင့္သာ ျဖစ္ႏို္င္သည္။ ဒိလူက သန္မာအားၾကီးေသာ သူပဲ ျဖစ္ရမည္။ အဆင့္ျမင့္ ေမွာ္၀င္သားရဲတစ္ေကာင္လား
အဲဒါဟုတ္သလားဆိုတာကိုပင္ ဂရုမစိုက္ေတာ့ပဲ ေသျခင္းဝိဉာဏ္သားရဲက ေျခေထာက္စံုမကာ ေျပးေတာ့သည္။ သူက သူရဲေဘာေၾကာင္သူတစ္ေယာက္ ျဖစ္ေသာေၾကာင့္ မဟုတ္ေပ။ တစ္ဖက္လူက ပိုျပီးေတာ့ သန္မာသည္ ျပီးေတာ့ သူက အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမ ႏွင့္လဲ တုိက္ခိုက္ထားျပီးစ ျဖစ္ေသးသည္။ သူသာ ဆက္တိုက္ခုိက္မည္ဆိုပါက ေသသြားမည့္သူသည္ သူသာလွ်င္ ျဖစ္သြားလိမ့္မည္။
“ထြက္ေျပးတာလား”
Ling Xiao က ဟြန္႕ခနဲ ႏွာေလးတစ္ခ်က္မႈတ္ကာ သူ႕လက္ကို ဆန္႕ထုတ္ျပီး ျဖစ္ညွစ္ပလုိက္သည္။ မျမင္ရေသာ လက္တစ္ဖက္က ေသျခင္းဝိဉာဏ္သားရဲ ကို အျမန္ဖမ္းဆုပ္လုိက္ကာ အေနာက္ကို ျပန္ဆြဲလာသည္။
ေသျခင္းဝိဉာဏ္သားရဲ ေျမေပၚသို႕ လဲက်ခ်ိန္တြင္ သူက ခ်က္ခ်င္းကို ခုခံမည့္ ဟန္ကို ျပင္ကာ Ling Xiao ကုိ သတိရွိစြာ ၾကည့္လုိက္သည္ “ခင္ဗ်ား ဘယ္သူလဲ”
ေသျခင္းဝိဉာဏ္သားရဲက Ling Xiao ကို တအံတၾသႏွင့္ စိတ္ရႈ႔ပ္ေထြးဟန္ ေငးၾကည့္ေနျပီး တစ္ခ်ိန္တည္းမွာပင္ သူ႕ရင္ထဲမွာလဲ တြက္ခ်က္ေနသည္။ သူက ဒီပုဂၢိဳလ္ကို ေမွာ္၀င္သားရဲေတာင္ထြတ္မွာ အရင္က မေတြ႕ဘူးပါဘူး။ သူက ေမွာ္၀င္သားရဲေတာင္ထြတ္က ေမွာ္၀င္သားရဲတစ္ေကာင္ မဟုတ္ဘူးလား၊ မဟုတ္လွ်င္ေတာင္ ဒီေလာက္ အံ့ၾသထူးဆန္းဖြယ္ေကာင္းေသာ တစ္စံုတစ္ေယာက္အေၾကာင္း သူမၾကားဖူးတာ မျဖစ္ႏိုင္ေပ။
Ling Xiao က သူ႕ေမးေစ့ကို ပြတ္ကာ အေတာ္ၾကာ ေတြးဆေနျပီးမွ “ငါ ဘယ္သူလဲဆိုတာက အေရးမၾကီးဘူး။ ဘာအေရးၾကီးလဲ ဆိုတာက ငါက မင္းအသက္ကို ကယ္ဖို႕အတြက္ အခြင့္အေရးတစ္ခုေပးမယ္။ သိပ္မၾကာခင္ ေတာင္ေပၚတက္လာမယ့္ လူတစ္စု ရွိတယ္။ အဲဒိအခ်ိန္က်ရင္ TianXinဂိုဏ္းက Fu ZiLin ဆိုတာကို သြားရွာ။ သူက ေမွာ္ဆရာတစ္ေယာက္ပဲ။ သူနဲ႕ ဆက္ႏြယ္ျပီးရင္ မင္းကို လႊတ္ေပးမယ္ ဘယ္လုိလဲ”
Fu ZiLin က သိပ္မၾကာခင္ အဆင့္ေလးကို ခ်ိဳးျဖတ္ေတာ့မည္ဆိုေတာ့ အကယ္လုိ႕ ဒီ ေသျခင္းဝိဉာဏ္သားရဲကသာ စိတ္ပါလက္ပါ ပူးေပါင္းမည္ဆိုွလွ်င္ သူ႕စိတ္၀ိဥာဏ္အားက ဆက္ႏြယ္မႈ ျပဳလုပ္ရန္ လံုေလာက္ေလာက္သည္။
သူက အစက You XiaoMo ကို ဒီေသျခင္းဝိဉာဏ္သားရဲ ႏွင့္ ဆက္ႏြယ္ေစခ်င္သည္။ သုိ႕ေသာ္ သူက အရမ္း ကို စာနာစိတ္ကင္းမဲ့ျပီးေတာ့ လိမ္လည္လွည့္ျဖားတတ္သည္။ Ling Xiao က ဒီေသျခင္းဝိဉာဏ္သားရဲက You XiaoMo ႏွင့္ မလုိက္ဖက္ဘူးလို႕ ခံစားမိေသာေၾကာင့္ Fu ZiLin ႏွင့္ ဆက္ႏြယ္ရန္ ဖိအားေပးျခင္းျဖစ္သည္။ ဒီနည္းႏွင့္ သူတို႕ေတြ႕ၾကံဳမည့္ အႏၱရာယ္မ်ားမွ ေရွာင္ရွားႏုိ္င္လိမ့္မည္။
“ခင္ဗ်ားက က်ဳပ္ကုိ ေမွာ္ဆရာတစ္ေယာက္ကို ေစတနာနဲ႕ ဆက္ႏြယ္ေစခ်င္တာလား” ၾကက္ေသေသေနေသာ ေသျခင္းဝိဉာဏ္သားရဲ က ေျပာလုိက္သည္။
Ling Xiao မ်က္လံုးမ်ားက က်ဥ္းေျမာင္းသြားကာ “ဘာျဖစ္လို႕လဲ မလုပ္ခ်င္ဘူးလား”
သူေျပာခ်ိန္တြင္ အလြန္ၾကိးမားေသာ ေသြးေၾကာ ဖိအားၾကီးက ေသျခင္းဝိဉာဏ္သားရဲ၏ ခႏၱာကိုယ္ကို ေတာင္ၾကီးတစ္လံုးက ဖိထားလုိက္သလို ေပၚထြက္လာသည္။
ေသျခင္းဝိဉာဏ္သားရဲ၏ သြင္ျပင္က ထိတ္လန္႕မႈျဖင့္ နက္နက္ရိႈင္းရိႈင္းကို ေျပာင္းလဲသြားကာ “အမ္…… ေမွာ္၀င္သားရဲ ဧကရာဇ္တစ္ေကာင္လား”
ေနာက္ဆံုးေတာ့ ဒီပုဂၢိဳလ္ဆီကေန အစထဲက အလြန္အႏၱရာယ္မ်ားေသာ အေငြ႕အသက္မ်ား ခံစားေနရတာကို နားလည္သြားသည္။ သူက တကယ္ပဲ ေမွာ္၀င္သားရဲ ဧကရာဇ္ပဲ ျပီးေတာ့ အရြယ္ေရာက္ျပီးတာလဲ အရမ္းကို ၾကာလွေနျပီ။ သူ႕ခြန္အားက သုခဘံုနယ္ေျမ အရွင္သခင္ထက္ပင္ ပိုျမင့္ေလာက္သည္။ ဒီလိုစြမ္းအားရွိသူ တစ္ေယာက္က သုခဘံုနယ္ေျမထဲတြင္ ပိတ္မိေနဖို႕ ဆိုတာ မျဖစ္ႏိုင္ေပ။
ေမွာ္၀င္သားရဲ ဧကရာဇ္တစ္ေယာက္ ျဖစ္ႏိုင္တာကို သိေတာ့မွေတာ့ ေသျခင္းဝိဉာဏ္သားရဲက သူ႕ရဲ႕ ခုခံဖို႕ ေမွ်ာ္လင့္ခ်က္ အားလံုးကို စြန္႕လႊတ္လုိက္ေတာ့သည္။ ဒီလုိသန္မာမႈမ်ိဳးက သူ႕ကို အလြယ္တကူ ေျခရာေကာက္ႏို္င္သည္ ဒီေတာ့ သူက မလုပ္ခ်င္လွ်င္ေတာင္ သူက လက္ခံဖုိ႕သာ ရွိသည္။
“လံုေလာက္ျပီ မင္းအေျဖက..”
Ling Xiao က သူ႕ကို စဥ္းစားဖို႕ အခ်ိန္အမ်ားၾကီး မေပးေခ်။
ေသျခင္းဝိဉာဏ္သားရဲက ခါးသီးစြာ ျပံဳးျပီးေတာ့ ေျပာလုိက္သည္ “အငး္”
ေလာဘၾကီးလိုက္ေသာ အခိုက္အတန္႕တစ္ခုက ဒီလုိျပဳတ္က်မႈမ်ိဳး ၾကံဳရလိမ့္မည္ဟု မေမွ်ာ္လင့္ေပ။ ဒီလုိ ရလာဒ္ကိုသာ သူအေစာက သိမည္ဆိုလွ်င္ သူက အေတာင္ေျခာက္ခုအံ့ဖြယ္က်ားမ၏ ပိုင္နက္ကိုေတာင္ သူလာမည္ မဟုတ္ေပ။
You XiaoMo က Ling Xiao ကို ၾကည္ညိဳေလးစားစြာျဖင့္ ၾကည့္ေနသည္ အထူးသျဖင့္ ဒီေသျခင္းဝိဉာဏ္သားရဲ ကို သူ႕စိတ္ဆႏၵႏွင့္သူ အစ္ကိုႏွစ္ကို သြားေရာက္ရွာေဖြကာ ဆက္ႏြယ္ခြင့္ေပးမည္ဆိုတာကို ၾကားသည့္အခ်ိန္တြင္ ျဖစ္သည္။ သူက ဒီလုိ ေကာင္းမြန္ေသာ နည္းလမ္းတစ္ခုကိုေတာင္ ေတြးမိေသးသည္။ ဒီပုဂၢိဳလ္က ေတာ့ တကယ့္ကို အရွက္ကင္းမဲ့တာပဲ..
ေသျခင္းဝိဉာဏ္သားရဲ ထြက္သြားျပီးေနာက္ သူတို႕က ဟို အဆင့္ကိုး အေတာင္ေျခာက္ခုအံ့ဖြယ္က်ား ကို သြားျပီး စစ္ေဆးၾကည့္ၾကသည္။ ကံမေကာင္းစြာႏွင့္ မိခင္ျဖစ္သူ အံ့ဖြယ္က်ားမကေတာ့ ေသသြားျပီးျဖစ္သည္။
ျပန္မထြက္သြားခင္တြင္ Ling Xiao က မိခင္ အံ့ဖြယ္က်ားမ၏ အျမဴေတကို ထုတ္ယူလုိက္သည္။ အဲဒိေနာက္ သူက မ်က္လံုးေတာင္ မဖြင့္ေသးေသာ အံ့ဖြယ္က်ားေပါက္ေလးကို သူ႕နယ္ေျမထဲ ထည့္လုိက္သည္။ ေမွာ္၀င္သားရဲ အျမဴေတက တန္ဖိုးရွိေသာ အရာ ျဖစ္သည္ အထူးသျဖင့္ တူညီေသာ မ်ိဳးႏြယ္စုမ်ားအတြက္ ျဖစ္သည္။ အကယ္လုိ႕ ဒီအံ့ဖြယ္က်ားေပါက္ေလးကသာ စုပ္ယူလုိက္မည္ဆိုလွ်င္ သူက မရင္က်က္ေသးေသာ္ အဆင့္ကို အလ်င္အျမန္ ေက်ာ္ျဖတ္ကာ အရြယ္ေရာက္ျခင္း အဆင့္ကို တန္းေရာက္သြားႏိုင္သည္။
အကုန္လံုး ျပီးဆံုးသြားခ်ိန္တြင္ သူတုိ႕ႏွစ္ဦးက သူတုိ႕ရဲ႕ ေနာက္ဆံုးပန္းတိုင္ဆီကုိ ထြက္ခြာေတာ့သည္။
သိပ္မၾကာခင္ ခန္႕ညားထယ္၀ါမႈအျပည့္ရွိေသာ ၾကီးမားျမင့္မားလွသည့္ နန္းေတာ္တစ္ခုက သူတုိ႕ေရွ႕တြင္ ေပၚေပါက္လာသည္။
နန္းေတာ္က ေမွာ္၀င္သားရဲေတာင္ထြတ္ အစြန္းတြင္ ထီးထီးၾကီး တည္ရွိေနသည္။ ဘာနွင့္ ျပဳလုပ္ထားသလဲ ဆိုတာကိုေတာ့ မသဲကြဲလွေပမယ့္ နန္းေတာ္တစ္ခုလံုးကေတာ့ ေအးစက္စက္ ေတာက္ပလွေသာ ေငြေရာင္ အလင္းမ်ားက အခ်ိန္ႏွင့္အမွ် ေပၚထြက္ေနသည္။ ပိုင္ရွင္က မရွိေတာ့ ေသာ္လည္း ခန္႕ညားေသာ သြင္ျပင္ကေတာ့ နန္းေတာ္ဆီကေန ခံစားမိေနဆဲ ျဖစ္သည္။
မည္သို႕ပင္ ဆိုေစကာမူ အထူးဆန္းဆံုးအရာကေတာ့ နန္းေတာ္တံခါးမ်ားက က်ယ္ျပန္႕စြာပြင့္ဟေနျပီး အျပင္တြင္ အေစာင့္ႏွစ္ေယာက္သာ ေစာင့္ၾကပ္ေနသည္။
အေစာင့္မ်ားက အေစာင့္အစစ္မ်ားမဟုတ္တာ ေတာ့ သိသာလွသည္။ သူတို႕ကို ေငြေရာင္ပစၥည္းတစ္ခုခုႏွင့္ ျပဳထုပ္ထားတာ ျဖစ္သည္။ သူတို႕ ပံုစံက ရုပ္ေသးရုပ္မ်ားႏွင့္ တူလွကာ ခုနစ္မီတာ ရွည္ေသာ သံလွံတံရွည္ၾကီးမ်ားကို သူ႕တို႕လက္ထဲတြင္ ကိုင္ဆြဲကာ နန္းေတာ္တံခါးတြင္ အံၾသထူးဆန္းဖြယ္ မတ္မတ္ၾကီး ရပ္ေနၾကသည္။
You XiaoMo က အရုပ္တစ္ရုပ္ေရွ႕တြင္ မတ္တပ္ရပ္ျပီးေတာ့ သူ႕ရင္ထဲကေန အူလုိက္သည္းလႈိက္ သက္ျပင္းတစ္ခု ခ်လို္က္သည္။ ဒီအေစာင့္မ်ားကသာ လံုးလံုးလ်ားလ်ားကို ေငြေရာင္မ်က္ႏွာျဖစ္မေနဘူးဆိုလွ်င္ သူက အဲဒါကို လူအစစ္တစ္ေယာက္ဟု ေတြးမိမွာပဲ ျဖစ္သည္။ အလြန္ျမင့္မားေသာ အရပ္ၾကီးမ်ား ရွိေနေပမယ့္လုိ႕ေပါ့။
အဲဒိအခ်ိန္မွာတင္ အေစာင့္၏ သစ္သားမ်က္လံုးမ်ားက အနီေရာင္ အလင္းတစ္ခ်က္ လက္ခနဲ ျဖစ္သြားသည္။
သူဘာမွ မလုပ္ရေသးခင္ အေစာင့္လက္ထဲက လွံရွည္ၾကီးက သူမတ္တပ္ရပ္ေနရာကို တန္းခနဲ ညႊန္လိုက္သည္။ You XiaoMo၏ ေမးရိုးမ်ားက အက်ယ္ၾကီး ပြင့္ဟကာ ေျပာစရာစကားမရွိေအာင္ကို ထိုအေစာင့္၏ ၾကီးမားလွေသာ ခႏၶာကိုယ္ၾကီးကို ေငးၾကည့္ေနေတာ့သည္။ စက္သံေပါက္ေနေသာ အသံက သူ႕နားထဲ ၀င္လာသည္။
“နန္းေတာ္ကို က်ဴးေက်ာ္သူ ေသ”
Unicode
C-179 Battle.
အခန်း ၁၇၉ တိုက်ပွဲ
ရေမိစ္ဆာ၏ကိုယ်ခန္ဓာထဲမှ ရေခဲအဆိပ်သည် ဘယ်သူမှ အဲဒိဟာကို ကိုင်တွယ် ဖြေရှင်းနိုင်ပုံ မရလောက်အောင်ကို အလွန် ထူးဆန်း အံ့သြဖွယ် ကောင်းလှသည်။ သို့သော် ဘယ်လောက်ပဲ ရေမိစ္ဆာတစ်ကောင်က အံ့သြ ထူးဆန်းဖွယ် ကောင်းကောင်း သူ့မှာ ကြောက်ရွှံသော အရာတွေတော့ ရှိစမြဲပင် ဥပမာ မီးပဲ ဖြစ်သည်။
ပုံမှန်အားဖြင့် သာမန်မီးများက မည်သူမဆို အကျွမ်းတဝင်မရှိပေ။ သို့သော် နတ်ဘုရားမီး ကတော့ မတူပေ။ နတ်ဘုရားအဆင့် မီးတောက်၏ အပူချိန်က အရာအားလုံးကို အရည်ပျော် အငွေ့ပျံစေနိုင်ကာ ရေမိစ္ဆာ၏ ရေခဲအဆိပ်လဲ အပါအဝင် ဖြစ်သည်။
နှစ်ပေါင်းများစွာက ပထမဆုံး ရေမိစ္ဆာမှာ နတ် ဘုရားအဆင့် မီးတောက်တစ်ခုကြောင့် သေဆုံးရခြင်း ဖြစ်သည်။
ပြီးတော့ ရေမိစ္ဆာများက မီးနှင့် ပတ်သတ်လျှင် အလွန့်အလွန် အထိခိုက်မခံပေ အထူးသဖြင့် နတ်ဘုရားမီးတောက်များပဲ ဖြစ်သည်။ အဲဒါက ရေမိစ္ဆာမျိုးနွယ်စု တစ်စုလုံးကို အမြစ်ဖြတ်ရန်အတွက် လုံလောက်သည်။ ထို့ကြောင့် ရေမိစ္ဆာတစ်ကောင်က အနားမကပ်ရဲပေ အဆင့်ကိုးအဆင့်ရှိအကောင်တောင်မှ မလုပ်ရဲ။
ထို ရေမိစ္ဆာက အဆိုပါ မီးတောက်သာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်မိလျှင် သူသေချာပေါက် သေလိမ့်မည်ဆိုတာ သူအာရုံခံစားမိသည်။
ရေမိစ္ဆာမှာ အဆုံးတွင်တော့ အကြောက်တရားကို ခံစားမိသွားကာ ခုခံကာကွယ်ဖို့ အတွေးများအားလုံး ပျောက်ကွယ်သွားသည်။ ဒီအချိန်မှာ သူတကယ် ထွက်ပြေးချင်နေပြီ သို့သော် သူက သူတို့ကို လှည့်စားပြီး ဖြစ်နေပြီ။ Ling Xiao က သူ့ကို ထပ်ပြီး လုပ်ခွင့်ပေးတော့မည်မဟုတ်။ သူက သဘောမနောကောင်းသည့်သူ တစ်ယောက် မဟုတ်ပေ ပြီးတော့ အခွင့်အရေးလဲ တစ်ခါ ပေးခဲ့သေးသည်။ အဲဒါကို တန်ဖိုး မသိလိုက်မိတာ ဆိုးလှသည်။
ခရမ်းရောင် မီးတောက်က အလွန်လျင်မြန်စွာနှင့် ရေမိစ္ဆာ၏ ကိုယ်လုံးကို ဝါးမြိုသွားသည်။ အတုမရှိသော နတ်ဘုရားအဆင့်မီးတောက်က ထုတ်လွှင့်သော နီရဲပူပြင်းသော အပူချိန်က အော်ဟစ်နေသော ရေမိစ္ဆာက်ု ဖြည်းဖြည်းချင်း ကင်နေတော့သည်။ သိပ်မကြာခင် ရေမိစ္ဆာက ပြာလုံးတစ်လုံး အဖြစ်ပြောင်းသွားပြီး ဘာမှ ထပ်မပိုတော့ချေ။
အဲဒိလိုနှင့်ပဲ ရေတိမ်ကမ်းခြေရှိ အင်အားအကြီးဆုံး မှော်ဝင်သားရဲတစ်ပိုင်း သေဆုံးသွားတော့သည်။ ကျန်ရှိနေသော ရေမိစ္ဆာများကတော့ သူတို့ကို ပိတ်ပင်မတားနိုင်ပေ။ ခေါင်းဆောင်မရှိတော့မှတော့ သူတို့တွေမှာ သဲတွေလို တစ်ကွဲ တစ်ပြားတွေ ဖြစ်ကုန်သည်။
ရေမိစ္ဆာသေဆုံးပြီးနောက် Ling Xiao က ရေခဲအဆိပ်တုံးကြီးဆီကို သွားသည်။ သူ့လက်နှင် တစ်ချက် ယမ်းလိုက်သည်နှင့် ရေခဲအဆိပ်တုံးက ချက်ချင်းကွဲအက် ပွင့်ဟကာ အလယ်ကနေ နှစ်ခြမ်းကွဲသွားသည်။
You XiaoMo က သူ့ကို ကြည့်ပြီး စကားလုံးများမဲ့သွားသည်။ ဒီပုဂ္ဂိုလ်က ရေခဲအဆိပ်ကို မကြောက်ဖူးပဲ။ သူအစောက ရေမိစ္ဆာနှင့် ဆော့နေတာပဲ။ သူ့ရဲ့ အထင်သေးဖွယ် သဘောသဘာဝတွေက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်မှန်း သိသာလှသည်။ သို့သော် သူ့အာရုံက ကွထွက်သွားသော ရေခဲ အဆိပ်ထံသို့ အလျင်အမြန် ကူးပြောင်းသွားသည်။
မှော်ဆန်ဆန် အပြာရောင် အလင်းက ရေခဲအဆိပ် ကွဲသွားရာမှ ထွက်ပေါ်လာသည်။
အပြာရောင်အလင်းရောင်က ရေများကိုတောင် ခပ်ရင့်ရင့်အပြာရောင်အဖြစ် ပြောင်းလဲသွားစေသည်။ မှော်ဆန်ပြီး လှပ လှသည်။
ဒီ အပြာရင့်ရင့် အလင်းတန်းက ရေခဲအဆိပ်အောက်က အပြာရောင်အရည်လုံးဆီကနေ ထွက်ပေါ်လာတာ ဖြစ်သည်။ အလွန်လျင်မြန်စွာပင် ပြင်းပျလှသော စိတ်ဝိဉာဏ်စွမ်းအားတစ်ရပ် ကို You XiaoMo အာရုံခံမိသည်။ အသက်တစ်ချက်ရှူလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးက ချက်ချင်းပေါ့ပါးကာ စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။
"ဒါ မှော်ကျောက်လား"
ရေခဲအဆိပ်ဖုံးအုပ်ထားသည့် အပြာရောင်အရည်လုံးကို ကြည့်ရန်အတွက် You XiaoMoခေါင်းလေး ဆန့်ထွက်လာသည်။ အနီးကပ် ကြည့်လျှင် အပြာရောင်အရည်အောက်က ခပ်ရေးရေးမြင်ရသော သလင်းကျောက်အရောင်လေးကို ခပ်ဖျော့ဖျော့ မြင်နိုင်သည်။
Ling Xiao က ဘေးပတ်လည်က ရေခဲအဆိပ်များကို အသာလေး ဖယ်ရှားပြီးနောက် မှော်သလင်းကျောက်၏ မျက်နှာအမှန်ကို ဖော်ပြလိုက်သည်။
မှော်သလင်းကျောက်သည် သလင်းကျောက်များ၏ စံနမူနာဖြစ်သည်။ သူ့တန်ဖိုးက မိုးကောင်းကင်ကိုတောင် ဖီဆန်နေသည်။
ကိုယ်ခံပညာရှင်ပဲ ဖြစ်ဖြစ် မှော်ဆရာတစ်ယောက်ပဲ ဖြစ်ဖြစ် အရေးမပါပေ အထူးသဖြင့် အင်ပါယာအဆင့်အထက်များက ကျင့်ကြံချိန်တွင် သူတို့လက်ထဲတွင် မှော်သလင်းကျောက် အပိုင်းအစလေးတစ်ခုသာ ကိုင်ထား ရလဒ်က တစ်ဝက်သာ အားထုတ်ပါစေဉီး နှစ်ဆအကျိုးခံစားရမည် ဖြစ်သည်။ မိုးကောင်းကင်နှင့် မြေကြီးဆီက စိတ်ဝိဉာဏ်စွမ်းအားများ ဖြည်းဖြည်းချင်း စုပ်ယူရတာထက် အဆပေါင်းများစွာ အကျိုးသက်ရောက်မှုရှိသည် အဘယမကြောင့်ဆိုသော် ကလေူလက်သီးစုပ် ပမာဏရှိသော မှော်သလင်းကျောက်တစ်တုံးက မယုံနိုင်လောက်အောင်ကို စိတ်ဝိဉာဏ်စွမ်းအင်များ ပါဝင်နေသောကြောင့် ပဲ ဖြစ်သည်။
အခုလက်ရှိ ရေတိမ်ကမ်းခြေ အောက်နက်ရှိ မှော်သလင်းကျောက်မှာ ဘောလုံးတစ်လုံး အရွယ်အစားရှိနေသည်။ ကြည့်ရတာသေး သော်လည်း ပါဝင်နေသော စွမ်းအင်က အနည်းငယ်မဟုတ် သိပ်သည်းလှသည်။ နှစ်တစ်သောင်းသက်တမ်းရှိချောက်အတွက်တောါ မှော်သလင်းကျောက်တုံးတစ်တုံး ရှိနေတာ ကောင်းမွန်သော အရာတစ်ခုဟု ပင် မှတ်ယူနိုင်နေပြီ။
Ling Xiao က အပြာရောင်အရည်ထဲမှ ပြီးပြည့်စုံလှသော မှော်သလင်းကျောက်တုံးကို ဆွဲထုတ်ပလိုက်သည်။
ဂရုတစိုက် စူးစမ်းလေ့လာကြည့်တော့ ထိုအရည်မှာ တကယ်တော့ နို့ရောင်သာ ဖြစ်သည်။ မှော်သလင်းကျောက်တုံးပ ပြာနေသောကြောင့်သာ ထိုအရည်မှာ အပြာခပ်ဖျော့ဖျော့ ဖြစ်နေခြင်းပင်။
You XiaoMo မှာ Ling Xiao လက်ထဲက မှော်ကျောက်တုံးကို ယူဖို့ စောင့်တောင် မစောင်နိုင်လောက်အောင် ဖြစ်နေသည်။
ရေမိစ္ဆာက အဆင့်ကိုးကို အောင်မြင်စွာ တက်ရောက်နိုင်ရန် ဒီ မှော်သလင်းကျောက်ကို မှီခိုခဲ့သော်လည်း သူက မှော်ကျောက်တုံးက စွမ်းအင်များကို တိုက်ရိုက် မစုပ်ယူနိုင်သောကြောင့် ဒီမှော်သလင်းကျောက်မှာ စွမ်းရည် များစွာ အကုန်ဆုံးနေပေ။ မဟုတ်ပါက ထိုရေမိစ္ဆာမှာ အဆင့်ကိုးသာ ဖြစ်နေလိမ့်မည်မဟုတ်။
မှော်ကျောက်တုံးကို ရယူပြီးနောက် သူတို့နှစ်ဉီးက ရေတိမ်ကမ်းခြေကနေ ထွက်ခွာသွားကြသည်။
သူတို့ခေါင်းဆောင် သေဆုံးမှုကြောင့် ကျနိရှိနေသော ရေမိစ္ဆာများမှာ သူတို့ကို မတားဆီးရဲပေ။
ဒီလိုနှင့်တင် ရေတိမ်ကမ်းခြေအောက်ရှိ အဖိုးတန်ဆုံး ရတနာမှာ သူတို့၏ အသာအယာ ယူဆောင်ခြင်းကို ခံလိုက်ရတော့သည်။
ရေထဲမှ ထွက်လာပြီးနောက် ရေတိမ်ကမ်းခြေမှာ တစ်ကြိမ်ပြန်ပြီးတော့ ကြည်လင် တည်ငြိမ်သွားပုံ ပြန်ဖြစ်သွားသည်။ You XiaoMo က ခေါင်းလေးငုံ့ကာ တစ်ချက်ကြည့်လိုက်သည်။ ထိုအဖွဲ့၏ အရိပ်အယောင်တောင် မတွေ့ပေ။ သူတို့က Ling Xiao ဘယ်လောက်တောင် အင်အားကြီးသလဲ သူတို့တွေ သိရှိသွားပုံရကာ ထပ်မံပြီးတော့ ပေါ်တောင် မလာရဲတော့။
ရေမိစ္ဆာများကို မမြင်ရတော့မှပဲ You XiaoMoက သိတ်သက်သာရာ ရကာ သက်ပြင်း ချနိုင်တော့သည်။ မဟုတ်လျှင် သူတို့ကို သူမြင်တိုင်း သူတို့၏ မူလအစကို မသိစိတ်ကနေ တွေးမိသွားတတ်သည်။ ကျင့်ကြံခြင်းလမ်းက တကယ့်ကို နှိုင်းယှဉ်မရလောက်အောင် ကြမ်းတမ်းလှသည်။
"ဝေါင်း..."
အဲဒိအချိန်မှာပဲ ကောင်းကင်နှင့် မြေကြီးက ရုတ်တရတ် လှုပ်ခါသွားသည်။
နောက်ဖးထပ် စက္ကန့်အနည်းငယ် အကြာတွင် နောက်ထပ် ဒေါသတကြီးနှင့် ဟိန်းဟောက်သံ က နောက်ထပ် ရုတ်တရတ် ပေါ်လာပြန်သည်။ ဟိန်းဟောက်သံများက စိတ်ဝိဉာဏ်ဆိုင်ရာ တိုက်ခိုက်မှုတွေပါ ရောနှောပါဝင်နေသည်။ ရေတိမ်ကမ်းခြေ ပတ်ဝန်းကျင်က ထူထဲလှသော သစ်တောရဲ့ နက်ရှိုင်းလှသော အတွင်းဘက်မှနေကာ လှိုင်းတွေ တစ်လှိုင်းပြီး တစ်လှိုင်းပြီး ထွက်လာသည်။
You XiaoMo ရင်တုန်ပန်းတုန် ဖြစ်ကာ မငြိမ်သက်ခင်တွင် နောက်ထက် ဒေါသတကြီး ဟိန်းသံများ က တောနက်ထဲက ထွက်လာပြန်သည်။ ဒီတစ်ကြိမ်ကတော့ မတူညီသော မှော်ဝင်သားရဲ တစ်ကောင်ဆီမှ ဖြစ်သည်။
Ling Xiao၏ မျက်လုံးထဲကနေ ပျော်ရွှင်မြူးတူးရိပ်တွေ ထွက်လာက ပီတိအပြည့်နှင့် " တကယ်ပဲ အဆင့်ကိုးမှော်ဝင်သားရဲ နှစ်ကောင် တိုက်နေတာပဲ။ ကြည့်ရတာ ကိုယ်တို့ကံတွေက သိပ်မမဆိုးလှဘူး ထင်တယ်"
Ling Xiao ပြောလိုက်သလိုပင် အဲဒိမှာ အဆင့်ကိုး မှော်ဝင်သားရဲ နှစ်ကောင် တိုက်နေတာ ဖြစ်သည်။ သူတို့ရောက်သွားချိန်တွင် မှော်ဝင်သားရဲ နှစ်ကောင်စလုံးက သွေးချောင်းစီးသည်အထိ တိုက်ပြီးသည်ဖြစ်ရာ သူတိုနှစ်ကောင်၏ သွေးတွေကော သူတိုေ့ကြာင့် ထိခိုက်သွားသော အားနည်းသော တိရိစ္ဆာန်များမှ သွေးများပါ ရှိနေသည်။မြင်ကွင်းက ကြည့်ရှုရန်ကို တော်တော်ကြီး ထိတ်လန့်စရာကောင်းလှသည်။ ဆငးက်သာ ဖြစ်နေပါက သူတိုတွေက သစ်တောတစ်ခုလုံးကိုတောင် ဖျတ်ဆီးလောက်သည်။
"အမ် အတောင်ခြောက်ခု အံ့ဖွယ်ကျားနဲ့ သေခြင်းဝိဉာဏ်သားရဲပဲ အဆင့်မြင့် မှော်ဝင်သားရဲတွေ"
Ling Xiao က တွေးတွေးဆဆ ပြောလိုက်သည်။
ဒီနာမည်တွေ ကြားတော့ You XiaoMoက တော်တော် အကျွမ်းမဝင်လှဘူးလို့ ခံစားမိသည်။ တစ်ခဏလောက် စဉ်းစားပြီးမှ ဒီမှော်ဝင်သားရဲ အမျိုးအစားနှစ်မျိုးက ရှေးခောတ်အချိန်က မြက့်မားသော ခွန်အားနှင့် စွမ်းရည်ရှိသော မှော်ဝင်သားရဲများဖြစ်ကြောင်း အမှတ်ရသွားသည်။ ရှေးခေတ်အချိန်က မှော်ဝင်သားရဲများမှာ Long Xiao တိုက်မကြီးကနေ ပျောက်ကွယ်သွားပုံ ပေါ်သည်။ သူတို့ မျိုးသုဉ်းသွားတာလား ဒီအတိုင်း ထွက်ခွာသွားတာလားဆိုတာ မသဲကွဲပေ။ သူတို့တွေ ဒီသူခဘုံနယ်မြေမှာ လာတွေ့တာကိုက မမျှော်လင့်တာ ဖြစ်နေပြီ။
ဘာ့ကြောင့် ဒီမှော်ဝင်သားရဲနှစ်ကောင် တိုက်နေသလဲဆိုတာလဲ မသဲကွဲပေ။ ပြီးတော့ သူတို့က တိုက်ပွဲကို အဆုံးထိ သွားဖို့ ဆုံးဖြတ်ထားပုံ ပေါ်သည်။
သို့သော် စစ်တလင်းက အခြေအနေအရ အတောင်ခြောက်ခုအံ့ဖွယ်ကျားက အရေးနိမ့်ပုံ ပေါ်နေသည်။ သူ(မ) က အထူးသဖြင့် ဝမ်းဗိုက်တွင် ပိုပြီးပြင်းထန်စွာ ဒါဏ်ရာ ရထားသည်။ သွေးတွေကလည်း မရပ်မနား စီးကျနေသေးသည်။ သူ ရပ်နေသော်နေရာက သွေးအိုင်အဖြစ်တောင် ပြောင်းလဲတော့မည်။
သူ(မ) ရှေ့က သေခြင်းဝိဉာဏ်သားရဲ ကတော့ ပြင်းထန်စွာ ဒဏ်ရာ မရပေ။ သူ့မျက်လုံးစိမ်းတစ်စုံက အတောင်ခြောက်ခုအံ့ဖွယ်ကျား အပေါ်တွင်တာ မမှိတ်မသုံကြည့်နေကာ အလွန့်အလွန် လောဘကြီးနေပုံ ပေါ်သည်။
အတောင်ခြောက်ခုအံ့ဖွယ်ကျားက သူ့ကို ပိုပြီးတောင် ဒေါသတစ်ကြီး ဟိန်းဟောက်သံလိုက်သည်။ သူ(မ) မျက်လုံးများက အခြေအနေတွေက ဘယ်လိုပဲ ဖြစ်နေပါစေ အလျော့မပေးဘူးဆိုသည့်ဟန်ဖြင့် ဆွဲမြဲ ခိုင်မာ တည်ကြည့်လျက် ရှိသည်။ သူ(မ)က တစ်ခုခုကို စောင့်ကြပ်နေပုံရသည်။
အလွန် လျင်မြန်စွာပင် အတောင်ခြောက်ခုအံ့ဖွယ်ကျား ဘာကို စောင့်ကြပ်နေသလဲ ဆိုတာ သူမြင်လိုက်သည်။ အဲဒါက မွေးကင်းစ အတောင်ခြောက်ခုအံ့ဖွယ်ကျားပေါက်စလေးပင် ဖြစ်သည်။ သူ့မျက်လုံးတွေတောင် မပွင့်သေးပေ။ ကြည့်ရတာ သေခြင်းဝိဉာဏ်သားရဲ က ဒီကျားပေါက်လေးကို ပစ်မှတ်ထားနေတာ ဖြစ်လိမ့်မည်။ အတောင်ခြောက်ခုအံ့ဖွယ်ကျားမ အလွန် ဒေါသထွက်နေတာ အံသြစရာတော့ မရှိပါဘူး။ အကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ကလေးကို ပစ်မှတ်ထားရင် သူလည်းပဲ အခြားတစ်ဖက်ကသူ ကို အလွတ်ပေးမှာ မဟုတ်ပေ။
သို့သော်လည်း အတောင်ခြောက်ခုအံ့ဖွယ်ကျားမက သေခြင်းဝိဉာဏ်သားရဲနှင့် မယှဉ်နိုင်ပေ။ နှစ်ကောင်စလုံးက အဆင်ကိုးများ ဖြစ်ကြသော်လည်း အဆင့်မတူကြပေ။ အတောင်ခြောက်ခုအံ့ဖွယ်ကျားမက အဆင့်ကိုးကြယ်သုံးပွင့်ဖြစ်သည်။ သေခြင်းဝိဉာဏ်သားရဲ က အဆင့်ကို ကြယ်ငါးပွင့်ဖြစ်သည်။ ကွာခြားချက်က ကြယ်နှစ်ပွင့် နီးပါးဖြစ်နေသည်။
“အဲဒိ အတောင်ခြောက်ခုအံ့ဖွယ်ကျားမက သိပ်ကြာကြာ တောင့်ခံနိုင်ပုံ မရတော့ဘူး”
Ling Xiao က ရုတ်တရက် ပြောလိုက်သည်။
သူပြောပြီးသည်နှင့် သေခြင်းဝိဉာဏ်သားရဲက နောက်ထပ် အလစ်ချောင်းတိုက်ခိုက်မှု လုပ်လိုက်သည်။ သေခြင်းဝိဉာဏ်သားရဲ က ဥာဏ်နီဥာဏ်နက်များလှသည်။ သူက ပိုပြီး သန်မာသော်လည်း သူက အစထဲက တရားမျှတပြီး ဂုဏ်ရှိသော အဖွင့် တိုက်ခိုက်မှုမျိုး မလုပ်ပေ။ အဲဒါကကြောင့် သူက ပြင်းထန်သော ဒဏ်ရာ နည်းပါးတာ ဖြစ်သည်။
အတောင်ခြောက်ခုအံ့ဖွယ်ကျားမ က အသဲနှလုံးရှိသော်လည်း သူ(မ)က အားအင်နည်းပါလှသည်။ အလစ်ချောင်းတိုက်ခိုက်မှု အောင်မြင်ပြီးနောက် သူ(မ)၏ ခန္ဓာကိုယ်က မြေပြင်ပေါ် လဲပြိုကျသွားသည်။ သူ(မ)က အားအင် မရှိတော့သော်လည်း သူ(မ)မျက်လုံးများကတော့ အလွန်အမင်း စိတ်ဆန္ဒ မရှိပုံ ပေါ်နေတုန်းဖြစ်သည်။
သေခြင်းဝိဉာဏ်သားရဲ၏ လောဘကြီးလှသော သွင်ပြင်နှင့် သူက အတောင်ခြောက်ခုအံ့ဖွယ်ကျားပေါက်လေးဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ အဲဒိနောက် သူ့ရဲ့ ကျယ်ပြန့်လှသော သွေးသံရဲရဲပါးစပ်ကြီးကို ဖွင့်လိုက်လေသည်။ သူက အတောင်ခြောက်ခုအံ့ဖွယ်ကျားပေါက်လေးကို စားတော့မလိုလုပ်နေတုန်းမှာတင် သူ့ခေါင်းပေါ်ကနေ လှောင်ပြောင်သော စကားသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“အတောင်ခြောက်ခုအံ့ဖွယ်ကျားက အရမ်း အရသာ ရှိလား”
သေခြင်းဝိဉာဏ်သားရဲ က ကြက်သေသေသွားသည်။ ဒီပုဂ္ဂိုလ်က သူ့နားကို သတိပေးချက်မရှိပဲ တကယ်ကြီး ပေါ်လာနိုင်တာ ဖြစ်သည်။ ပြီးတော့ သူက အဲဒါကို လုံးဝ မခံစားမိချေ။ အဲဒါက အကြောင်းပြချက် တစ်ခုတည်းကြောင့်သာ ဖြစ်နိုင်သည်။ ဒိလူက သန်မာအားကြီးသော သူပဲ ဖြစ်ရမည်။ အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင်လား
အဲဒါဟုတ်သလားဆိုတာကိုပင် ဂရုမစိုက်တော့ပဲ သေခြင်းဝိဉာဏ်သားရဲက ခြေထောက်စုံမကာ ပြေးတော့သည်။ သူက သူရဲဘောကြောင်သူတစ်ယောက် ဖြစ်သောကြောင့် မဟုတ်ပေ။ တစ်ဖက်လူက ပိုပြီးတော့ သန်မာသည် ပြီးတော့ သူက အတောင်ခြောက်ခုအံ့ဖွယ်ကျားမ နှင့်လဲ တိုက်ခိုက်ထားပြီးစ ဖြစ်သေးသည်။ သူသာ ဆက်တိုက်ခိုက်မည်ဆိုပါက သေသွားမည့်သူသည် သူသာလျှင် ဖြစ်သွားလိမ့်မည်။
“ထွက်ပြေးတာလား”
Ling Xiao က ဟွန့်ခနဲ နှာလေးတစ်ချက်မှုတ်ကာ သူ့လက်ကို ဆန့်ထုတ်ပြီး ဖြစ်ညှစ်ပလိုက်သည်။ မမြင်ရသော လက်တစ်ဖက်က သေခြင်းဝိဉာဏ်သားရဲ ကို အမြန်ဖမ်းဆုပ်လိုက်ကာ အနောက်ကို ပြန်ဆွဲလာသည်။
သေခြင်းဝိဉာဏ်သားရဲ မြေပေါ်သို့ လဲကျချိန်တွင် သူက ချက်ချင်းကို ခုခံမည့် ဟန်ကို ပြင်ကာ Ling Xiao ကို သတိရှိစွာ ကြည့်လိုက်သည် “ခင်ဗျား ဘယ်သူလဲ”
သေခြင်းဝိဉာဏ်သားရဲက Ling Xiao ကို တအံတသြနှင့် စိတ်ရှု့ပ်ထွေးဟန် ငေးကြည့်နေပြီး တစ်ချိန်တည်းမှာပင် သူ့ရင်ထဲမှာလဲ တွက်ချက်နေသည်။ သူက ဒီပုဂ္ဂိုလ်ကို မှော်ဝင်သားရဲတောင်ထွတ်မှာ အရင်က မတွေ့ဘူးပါဘူး။ သူက မှော်ဝင်သားရဲတောင်ထွတ်က မှော်ဝင်သားရဲတစ်ကောင် မဟုတ်ဘူးလား၊ မဟုတ်လျှင်တောင် ဒီလောက် အံ့သြထူးဆန်းဖွယ်ကောင်းသော တစ်စုံတစ်ယောက်အကြောင်း သူမကြားဖူးတာ မဖြစ်နိုင်ပေ။
Ling Xiao က သူ့မေးစေ့ကို ပွတ်ကာ အတော်ကြာ တွေးဆနေပြီးမှ “ငါ ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ ဘာအရေးကြီးလဲ ဆိုတာက ငါက မင်းအသက်ကို ကယ်ဖို့အတွက် အခွင့်အရေးတစ်ခုပေးမယ်။ သိပ်မကြာခင် တောင်ပေါ်တက်လာမယ့် လူတစ်စု ရှိတယ်။ အဲဒိအချိန်ကျရင် TianXinဂိုဏ်းက Fu ZiLin ဆိုတာကို သွားရှာ။ သူက မှော်ဆရာတစ်ယောက်ပဲ။ သူနဲ့ ဆက်နွယ်ပြီးရင် မင်းကို လွှတ်ပေးမယ် ဘယ်လိုလဲ”
Fu ZiLin က သိပ်မကြာခင် အဆင့်လေးကို ချိုးဖြတ်တော့မည်ဆိုတော့ အကယ်လို့ ဒီ သေခြင်းဝိဉာဏ်သားရဲကသာ စိတ်ပါလက်ပါ ပူးပေါင်းမည်ဆှိုလျှင် သူ့စိတ်ဝိဥာဏ်အားက ဆက်နွယ်မှု ပြုလုပ်ရန် လုံလောက်လောက်သည်။
သူက အစက You XiaoMo ကို ဒီသေခြင်းဝိဉာဏ်သားရဲ နှင့် ဆက်နွယ်စေချင်သည်။ သို့သော် သူက အရမ်း ကို စာနာစိတ်ကင်းမဲ့ပြီးတော့ လိမ်လည်လှည့်ဖြားတတ်သည်။ Ling Xiao က ဒီသေခြင်းဝိဉာဏ်သားရဲက You XiaoMo နှင့် မလိုက်ဖက်ဘူးလို့ ခံစားမိသောကြောင့် Fu ZiLin နှင့် ဆက်နွယ်ရန် ဖိအားပေးခြင်းဖြစ်သည်။ ဒီနည်းနှင့် သူတို့တွေ့ကြုံမည့် အန္တရာယ်များမှ ရှောင်ရှားနိုင်လိမ့်မည်။
“ခင်ဗျားက ကျုပ်ကို မှော်ဆရာတစ်ယောက်ကို စေတနာနဲ့ ဆက်နွယ်စေချင်တာလား” ကြက်သေသေနေသော သေခြင်းဝိဉာဏ်သားရဲ က ပြောလိုက်သည်။
Ling Xiao မျက်လုံးများက ကျဉ်းမြောင်းသွားကာ “ဘာဖြစ်လို့လဲ မလုပ်ချင်ဘူးလား”
သူပြောချိန်တွင် အလွန်ကြိးမားသော သွေးကြော ဖိအားကြီးက သေခြင်းဝိဉာဏ်သားရဲ၏ ခန္တာကိုယ်ကို တောင်ကြီးတစ်လုံးက ဖိထားလိုက်သလို ပေါ်ထွက်လာသည်။
သေခြင်းဝိဉာဏ်သားရဲ၏ သွင်ပြင်က ထိတ်လန့်မှုဖြင့် နက်နက်ရှိုင်းရှိုင်းကို ပြောင်းလဲသွားကာ “အမ်…… မှော်ဝင်သားရဲ ဧကရာဇ်တစ်ကောင်လား”
နောက်ဆုံးတော့ ဒီပုဂ္ဂိုလ်ဆီကနေ အစထဲက အလွန်အန္တရာယ်များသော အငွေ့အသက်များ ခံစားနေရတာကို နားလည်သွားသည်။ သူက တကယ်ပဲ မှော်ဝင်သားရဲ ဧကရာဇ်ပဲ ပြီးတော့ အရွယ်ရောက်ပြီးတာလဲ အရမ်းကို ကြာလှနေပြီ။ သူ့ခွန်အားက သုခဘုံနယ်မြေ အရှင်သခင်ထက်ပင် ပိုမြင့်လောက်သည်။ ဒီလိုစွမ်းအားရှိသူ တစ်ယောက်က သုခဘုံနယ်မြေထဲတွင် ပိတ်မိနေဖို့ ဆိုတာ မဖြစ်နိုင်ပေ။
မှော်ဝင်သားရဲ ဧကရာဇ်တစ်ယောက် ဖြစ်နိုင်တာကို သိတော့မှတော့ သေခြင်းဝိဉာဏ်သားရဲက သူ့ရဲ့ ခုခံဖို့ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်တော့သည်။ ဒီလိုသန်မာမှုမျိုးက သူ့ကို အလွယ်တကူ ခြေရာကောက်နိုင်သည် ဒီတော့ သူက မလုပ်ချင်လျှင်တောင် သူက လက်ခံဖို့သာ ရှိသည်။
“လုံလောက်ပြီ မင်းအဖြေက..”
Ling Xiao က သူ့ကို စဉ်းစားဖို့ အချိန်အများကြီး မပေးချေ။
သေခြင်းဝိဉာဏ်သားရဲက ခါးသီးစွာ ပြုံးပြီးတော့ ပြောလိုက်သည် “အင်း”
လောဘကြီးလိုက်သော အခိုက်အတန့်တစ်ခုက ဒီလိုပြုတ်ကျမှုမျိုး ကြုံရလိမ့်မည်ဟု မမျှော်လင့်ပေ။ ဒီလို ရလာဒ်ကိုသာ သူအစောက သိမည်ဆိုလျှင် သူက အတောင်ခြောက်ခုအံ့ဖွယ်ကျားမ၏ ပိုင်နက်ကိုတောင် သူလာမည် မဟုတ်ပေ။
You XiaoMo က Ling Xiao ကို ကြည်ညိုလေးစားစွာဖြင့် ကြည့်နေသည် အထူးသဖြင့် ဒီသေခြင်းဝိဉာဏ်သားရဲ ကို သူ့စိတ်ဆန္ဒနှင့်သူ အစ်ကိုနှစ်ကို သွားရောက်ရှာဖွေကာ ဆက်နွယ်ခွင့်ပေးမည်ဆိုတာကို ကြားသည့်အချိန်တွင် ဖြစ်သည်။ သူက ဒီလို ကောင်းမွန်သော နည်းလမ်းတစ်ခုကိုတောင် တွေးမိသေးသည်။ ဒီပုဂ္ဂိုလ်က တော့ တကယ့်ကို အရှက်ကင်းမဲ့တာပဲ..
သေခြင်းဝိဉာဏ်သားရဲ ထွက်သွားပြီးနောက် သူတို့က ဟို အဆင့်ကိုး အတောင်ခြောက်ခုအံ့ဖွယ်ကျား ကို သွားပြီး စစ်ဆေးကြည့်ကြသည်။ ကံမကောင်းစွာနှင့် မိခင်ဖြစ်သူ အံ့ဖွယ်ကျားမကတော့ သေသွားပြီးဖြစ်သည်။
ပြန်မထွက်သွားခင်တွင် Ling Xiao က မိခင် အံ့ဖွယ်ကျားမ၏ အမြူတေကို ထုတ်ယူလိုက်သည်။ အဲဒိနောက် သူက မျက်လုံးတောင် မဖွင့်သေးသော အံ့ဖွယ်ကျားပေါက်လေးကို သူ့နယ်မြေထဲ ထည့်လိုက်သည်။ မှော်ဝင်သားရဲ အမြူတေက တန်ဖိုးရှိသော အရာ ဖြစ်သည် အထူးသဖြင့် တူညီသော မျိုးနွယ်စုများအတွက် ဖြစ်သည်။ အကယ်လို့ ဒီအံ့ဖွယ်ကျားပေါက်လေးကသာ စုပ်ယူလိုက်မည်ဆိုလျှင် သူက မရင်ကျက်သေးသော် အဆင့်ကို အလျင်အမြန် ကျော်ဖြတ်ကာ အရွယ်ရောက်ခြင်း အဆင့်ကို တန်းရောက်သွားနိုင်သည်။
အကုန်လုံး ပြီးဆုံးသွားချိန်တွင် သူတို့နှစ်ဦးက သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဆီကို ထွက်ခွာတော့သည်။
သိပ်မကြာခင် ခန့်ညားထယ်ဝါမှုအပြည့်ရှိသော ကြီးမားမြင့်မားလှသည့် နန်းတော်တစ်ခုက သူတို့ရှေ့တွင် ပေါ်ပေါက်လာသည်။
နန်းတော်က မှော်ဝင်သားရဲတောင်ထွတ် အစွန်းတွင် ထီးထီးကြီး တည်ရှိနေသည်။ ဘာနှင့် ပြုလုပ်ထားသလဲ ဆိုတာကိုတော့ မသဲကွဲလှပေမယ့် နန်းတော်တစ်ခုလုံးကတော့ အေးစက်စက် တောက်ပလှသော ငွေရောင် အလင်းများက အချိန်နှင့်အမျှ ပေါ်ထွက်နေသည်။ ပိုင်ရှင်က မရှိတော့ သော်လည်း ခန့်ညားသော သွင်ပြင်ကတော့ နန်းတော်ဆီကနေ ခံစားမိနေဆဲ ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ အထူးဆန်းဆုံးအရာကတော့ နန်းတော်တံခါးများက ကျယ်ပြန့်စွာပွင့်ဟနေပြီး အပြင်တွင် အစောင့်နှစ်ယောက်သာ စောင့်ကြပ်နေသည်။
အစောင့်များက အစောင့်အစစ်များမဟုတ်တာ တော့ သိသာလှသည်။ သူတို့ကို ငွေရောင်ပစ္စည်းတစ်ခုခုနှင့် ပြုထုပ်ထားတာ ဖြစ်သည်။ သူတို့ ပုံစံက ရုပ်သေးရုပ်များနှင့် တူလှကာ ခုနစ်မီတာ ရှည်သော သံလှံတံရှည်ကြီးများကို သူ့တို့လက်ထဲတွင် ကိုင်ဆွဲကာ နန်းတော်တံခါးတွင် အံသြထူးဆန်းဖွယ် မတ်မတ်ကြီး ရပ်နေကြသည်။
You XiaoMo က အရုပ်တစ်ရုပ်ရှေ့တွင် မတ်တပ်ရပ်ပြီးတော့ သူ့ရင်ထဲကနေ အူလိုက်သည်းလှိုက် သက်ပြင်းတစ်ခု ချလိုက်သည်။ ဒီအစောင့်များကသာ လုံးလုံးလျားလျားကို ငွေရောင်မျက်နှာဖြစ်မနေဘူးဆိုလျှင် သူက အဲဒါကို လူအစစ်တစ်ယောက်ဟု တွေးမိမှာပဲ ဖြစ်သည်။ အလွန်မြင့်မားသော အရပ်ကြီးများ ရှိနေပေမယ့်လို့ပေါ့။
အဲဒိအချိန်မှာတင် အစောင့်၏ သစ်သားမျက်လုံးများက အနီရောင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။
သူဘာမှ မလုပ်ရသေးခင် အစောင့်လက်ထဲက လှံရှည်ကြီးက သူမတ်တပ်ရပ်နေရာကို တန်းခနဲ ညွှန်လိုက်သည်။ You XiaoMo၏ မေးရိုးများက အကျယ်ကြီး ပွင့်ဟကာ ပြောစရာစကားမရှိအောင်ကို ထိုအစောင့်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ငေးကြည့်နေတော့သည်။ စက်သံပေါက်နေသော အသံက သူ့နားထဲ ၀င်လာသည်။
“နန်းတော်ကို ကျူးကျော်သူ သေ”