C- 178 Magic crystal.
အခန္း ၁၇၈ ေမွာ္ေက်ာက္
ေရခဲတမ်ွ ေအးျမလွေသာ ေရက အေရျပားကိုေတာင္ ေဖာက္ထြင္းေတာ့မေယာင္ သို႔ေသာ္ အဲဒိအခ်ိန္က တစ္ခဏသာ ျဖစ္ၿပီးေတာ့ ေပ်ာက္ကြယ္သြားကာ အဲဒိအစား ႏူးညံ့ညင္သာေသာ အားတစ္ရပ္က အစားထိုးဝင္လာသည္။ ထို ႏူးညံ့ ညင္သာေသာအားက သူ႔အနားပတ္လည္ကို ရစ္ဝိုင္းကာ ေရပူေဖာင္းလိုမ်ိဳး အေျမႇးပါးတစ္လႊာ အျဖစ္ ပ်ံႏွံ ျဖစ္ေပၚကာ သူႏွင့္ Ling Xiao ကို ပိတ္ကာကာ တအိအိ လႈပ္ခါေနသည္။
You XiaoMo က တစ္ခ်က္ၾကည့္လိုက္တာႏွင့္ အဲဒါက Ling Xiao ၏ ပညာရပ္မွန္းသိသည္။ သူတစ္ခုခု ေျပာေတာ့မလို လုပ္ေနတုန္း ဘန္း ခနဲ အသံထြက္လာကာ ေရပူေဖာင္းက အေျမႇးပါးက ရုတ္တရတ္ လႈတ္ခတ္သြားေလသည္။ေရခဲလို ေအးစက္ေနေသာ ေရနက္ထဲမွာ တစ္ခုခု ရိွေနပံု ေပၚသည္။
အဲဒိအခ်ိန္တြင္ပဲ Ling Xiao၏ ပသံ က သူ႔နားထဲ ဝင္လာသည္ "မင္းရဲ့ ဝိဉာဏ္စြမ္းအင္ကို ထုတ္ၿပီးေတာ့ မ်က္လံုးႏွစ္ဖက္လံုးမွာ ထူထူေလး လုပ္လိုက္ "
You XiaoMo က တုန္႔ဆိုင္းမေနပဲ သူ႔ဝိဉာဏ္စြမ္းအင္ကို ထုတ္ယူကာ သူ႔မ်က္လံုးမ်ားကို ဖံုးအုပ္ ကာကြယ္လိုက္သည္။ သူ႔ရဲ့ မည္းေမွာင္ေနေသာ မ်က္ဝန္းမ်ားကေန ျဖဳေရာင္ အလင္းေဖ်ာ့ေဖ်ာ့ေလး ခ်က္ခ်င္း ထြက္လာသည္။ သူ အေရ႔ွကို ျပန္ၾကည့္လိုက္ေတာ့ ေရမိစၧာမ်ားက အရံအတားကို အားနဲ႔ ဝင္ဝင္ေဆာင့္ေနတာ ျမင္လိုက္ရေတာ့သည္ ။
တစ္ေကာင္ ႏွစ္ေကာင္ သံုးေကာင္…… မေရအတြက္ႏိုင္ေအာင္ကို သူတို႔ကပဲ အဲဒိအေကာင္ေတြရဲ့ ပါးစပ္ထဲ ေရာက္ေနတဲ့ အစာေတြလိုမ်ိဳး ေအးစက္စက္ အမူအယာမဲ့ေနေသာ ေရမိစၧာေတြ သူတို႔နား ဝိုင္းေနသည္။
ပထမဆံုး ေရမိစၧာ က သူတို႔ကို ကာရံထားေသာ အရံအတားကို ဝင္ေဆာင့္ၿပီးေတာ့ ဒုတိယ တတိယ စသျဖင့္ ေဆာင့္သံမ်ားေပၚလာသည္။ သူတို႔အသက္ကပဲ အဲဒိအေပၚကို မူတည္ေနသေယာင္ႏွင့္ ေရမိစၧာမ်ားက အရံအတားကို ကတိုက္ကရိုက္ ဝင္ေဆာင့္ေနၾကသည္။ အေကာင္တိုင္း အေကာင္တိုင္းက ပင္ပန္းပံု မေပၚသလို အတြင္းဒါဏ္ရာမ်ား ရပံုလည္းမေပၚကာ အရံအတားကိုသာ ေနကာ အခ်ိန္မေရြးကြဲႏိုင္ေတာ့မလိုကို တဘုန္း ဘုန္း ျမည္ေအာင္ ၀င္ေဆာင့္ေနေတာ့သည္။
You XiaoMo က Ling Xiao ၏ လက္ကို တင္းေနေအာင္ ဆုပ္ကုိင္ကာ အရံအတား ေပါက္ထြက္သြားမွာကို ထိတ္လန္႕ေနသည္။ သူ႕ရင္ထဲကေနကို အဲဒါက မျဖစ္ႏို္င္မွန္း သိေသာ္လည္း သူ႕အတြင္းစိတ္ကေတာ့ ေၾကာက္လန္႕ျခင္းေၾကာင့္ တုန္လႈပ္ေနသည္။
ျပီးေတာ့ ဒီေရမိစၧာမ်ားက က်မ္းစာမ်ားတြင္ ေဖာ္ျပထားသလိုပင္ အမ်ားစုမွာ အဆင့္ေလး ႏွင့္ အဆင့္ငါးတုိ႕ ျဖစ္ၾကသည္။ သူတုိ႕၏ စြမး္ရည္ႏွင့္ အင္အားေပၚ အေျခခံလွ်င္ေတာ့ Ling Xiao၏ အရံအတားကို သူတုိ႕ ခ်ိဳးဖ်တ္ဖို႕ဆိုတာ မျဖစ္ႏို္င္ေပ။
ဒီလုိအေျခအေနက ဆက္တိုက္ျဖစ္ေပၚေနသည္မွာ အေမႊးတုိ္င္တစ္၀က္မွ် ေလာက္ကၽြမ္းႏိုင္ေသာ အခ်ိန္ထိျဖစ္သည္။ အဲဒိေနာက္မွာေတာ့ ေရမိစၧာမ်ားက သူတို႕ကိုယ္ကို ထိခိုက္ေစေသာ အားျဖင္ ့ထုရိုက္ျခင္းမ်ားကို ရပ္တန္႕လိုက္ၾကသည္။ အေကာင္တစ္ေကာင္ခ်င္းစီက သူတို႕၏ ပါးစပ္မ်ားကို ဖြင့္ကာ အသံလႈိင္းမ်ားကို ထုတ္လႊင့္လုိက္ၾကသည္။ သို႕ေသာ္လည္း သူတို႕က Ling Xiao အရံအတား၏ အျပင္မွာ ျဖစ္တာမို႕ ထို အသံလႈိင္းမ်ားက You XiaoMo နားသို႕ မေရာက္လာႏို္င္ေပ။
အလြန္လ်င္ျမန္စြာပဲ သူတုိ႕ဘာ့ေၾကာင့္ ၾကံဳး၀ါးဟစ္ေအာ္ေနသလဲဆိုတာ You XiaoMo သတိျပဳမိသြားသည္။
သူတို႕ကို တုိက္ခိုက္ဖို႕အတြက္ အသံလႈိင္းကို ထုတ္လႊင့္သည္ႏွင့္ မတူပဲ သူတုိ႕ မ်ိဳးႏြယ္တူကို ဆင့္ေခၚရန္ သံုးတာ သာျဖစ္သည္။
Ling Xiao ကေတာ့ ဒီေရတိမ္ကမ္းေျခက ႏွစ္တစ္ေသာင္းသက္တမ္းရွိ ေခ်ာက္တစ္ခုဟု ေျပာသည္။ သူ႕ေအာက္ေျခတြင္ ေရမိစၧာတစ္ေသာင္းေက်ာ္ေလာက္ ရွိေနနိုင္သည္။
အခု ဒီမွာ ရွိေနသည္မ်ားက အဆင့္ေလးႏွင့္ ငါးအဆင့္အားအင္သာ ရွိေသာအေကာင္မ်ားျဖစ္ေသာ္လည္း ေရတိမ္ကမ္းေျခတြင္ ဒီထက္ပိုသန္မာေသာ ေရမိစၧာမရွိဘူးဟု ဘယ္သူကမွ အာမ မခံႏုိင္ေပ။
မိနစ္အနည္းငယ္အၾကာတြင္ အျခားေသာ ေရမိစၧာမ်ားႏွင့္ မတူကြဲျပားေသာ ေရမိစၧာတစ္ေကာင္ကုိ You XiaoMoေတြ႕ လုိက္သည္။ သူ႕ကိုယ္လံုးက ထုတ္ျခင္းေပါက္ျမင္ေနရေသးေပမယ့္ အထဲကေန ခရမ္းေရာင္ရင့္ရင့္အလင္းတန္းမ်ား ထြက္ေနသည္။ သာမာန္က်င့္ၾကံသူတစ္ေယာက္သာ အဲဒါကို ျမင္လွ်င္ ေရြးခ်ယ္စရာမရွိေအာင္ကို သူတို႕အသက္အတြက္ ထြက္ေျပးၾကမွာ ျဖစ္သည္။ အဘယ့္ေၾကာင့္ ဆုိေသာ္ ထို ေရမိစၧာမွာ တကယ္ေတာ့ အဆင့္ကိုးအဆင့္ရွိေသာ အေကာင္ျဖစ္ေနသည္။
ေရမိစၧာကို ျမင္သြားေသာအခါ ျဖစ္သြားေသာ You XiaoMo၏ အထိတ္အလန္႕အၾကည့္ႏွင့္မတူညီစြာပင္ Ling Xiao၏ အသြင္အျပင္က အဲဒါကို ျမင္လုိက္ရသျဖင့္ ေပ်ာ္ရႊင္သြားဟန္ကာ သူ႕မ်က္လံုးမ်ားက ေတာက္ပသြားသည္။ “ဒီေအာက္မွာ တစ္ကယ္ၾကီး ေမွာ္ေက်ာက္ တစ္တံုး ရွိေနတာပဲ ဒီေရမိစၧာက အဆင့္ကိုးအဆင့္ဆိုေတာ့ သူက ဒီေခ်ာက္ရဲ႕ ေအာက္ေျခက ေမွာ္ေက်ာက္တံုး ကေန အားေတြ စုပ္ယူတာ ျဖစ္ဖို႕မ်ားတယ္”
ေမွာ္ေက်ာက္က ေမွာ္ေရႏွင့္အလြန္ျခားနားေသာ အရာျဖစ္သည္။
လြယ္လြယ္ရွင္းရွင္းေလးေျပာရလွ်င္ ေမွာ္ေက်ာက္တံုးတစ္တံုးက ေမွာ္ေရ အဆီအႏွစ္အစက္ေပါင္း ဆယ္သိန္းႏွင့္ ညီမွ်သည္။ ဒီေတာ့ ဘယ္ေလာက္ အဖိုးတန္သလဲဆိုတာ ထင္ရွားလွသည္။
သို႕ေသာ္လည္း ေမွာ္ေက်ာက္တံုးလို အရာမ်ားက ေမွာ္ေရႏွင့္ေတာ့ မတူေပ။ ေမွာ္ေရ ရွိေသာ ေနရာမ်ားက ေမွာ္ေက်ာက္မ်ားကို ေသခ်ာေပါက္ မထုတ္ေပးႏုိင္ေပ။ ေမွာ္ေက်ာက္မ်ား ျဖစ္ေပၚလာရန္အတြက္ မွန္ကန္ေသာ အခ်ိန္ႏွင့္ မွန္ကန္ေသာ ေနရာ လုိအပ္သည္။ You XiaoMo၏ နယ္ေျမထဲက ေမွာ္ေရလိုမ်ိဳးေပါ့ သူ႕မွာ အလြန္သန္႕စင္ေသာေမွာ္ေရကန္ တစ္ကန္ ရွိေသာ္လည္း မွန္ကန္ေသာအခ်ိန္ဆိုေသာ ေက်နပ္လက္ခံဖြယ္ရာ အေျခအေနမ်ိဳး မရွိေပ။ အဲဒိေရကန္က လူလုပ္ထားေသာ ကန္အျဖစ္သာ စဥ္းစားႏုိ္င္ကာ ေမွာ္ေက်ာက္ကို မထုတ္လုပ္ႏုိ္င္ေပ။
ဒီေတာ့ ပိုျပီး တိတိက်က်ေျပာရမည္ဆိုလွ်င္ ေရတိမ္ကမ္းေျခသည္ ၾကီးမားလွေသာ ေမွာ္ေရကန္ တစ္ကန္ျဖစ္ကာ တစ္ခုေတာ့ အလြယ္တကူ ေတြ႕ရွိႏုိ္င္ဖို႕ မ်ားသည္။ ျပီးေတာ့ သုခဘံုနယ္ေျမသခင္ကလည္း ေရမိစၧာမ်ားကို ဒီထဲမွာ ထည့္ထားဖို႕ ဆံုးျဖတ္ထားေသးသည္။ ျပီးေတာ့ ေမွာ္ေရေအာက္က ေရခဲအဆိပ္ေၾကာင့္ လူမ်ားကို ဘယ္ေလာက္ပဲ ဆြဲေဆာင္ႏုိ္င္ပါေစ သူတို႕က အေ၀းကသာ ၾကည့္ေနႏုိ္င္ျပီးေတာ့ ဂရုမစိုက္ပဲ သြားထိႏို္င္ေသာ အရာမ်ိဳး မဟုတ္ေပ။
သုိ႕ေသာ္လည္း အဖိုးတန္ ေမွာ္ေက်ာက္၏ ညွိဳ႕ဓါတ္က လုိခ်င္တပ္မက္ေသာ ဆႏၵေၾကာင့္ ကိုယ္ခံပညာရွင္မ်ားႏွင့္ ေမွာ္ဆရာမ်ား ရူးသြပ္ကာ ခုန္ခ်ဖို႕ လံုေလာက္သည္။ ထို႕ေၾကာင့္ အႏၱရာယ္က အခြင့္အေရးထက္ ပိုျပီးၾကီးမားတာ သိေနေသာ္လည္း ရတနာထုိက္ေသာ ပစၥည္းအမ်ိဳးစံုေၾကာင့္ ေနရာခ်င္းလဲကာ ဆင္းလာေသာ သူမ်ားလဲ ရွိေသးသည္။
ဒီေရမိစၧာက ေမွာ္ေက်ာက္မွ အစြမ္းမ်ား စုပ္ယူသည္ကုိ ၾကားေသာ္ You XiaoMo ကတုိက္ကရိုက္ေမးလုိက္သည္ “အစ္ကိုၾကီLing ကၽြန္ေတာ္တို႕ ေနာက္က်လြန္းလုိ႕လား ဒီေခ်ာက္ထဲက ေမွာ္ေက်ာက္က ဒီေရမိစၧာ စုပ္လုိ႕ ျပီးသြားျပီလား”
ဒါသာ အမွန္တကယ္ဆိုပါက သူတို႕က ကံေတာ္ေတာ္ဆိုးတာပဲ။ ဒီေလာက္ ရွားပါးတဲ့ အခြင့္အေရးအျဖစ္နဲ႕ ေမွာ္ေက်ာက္တစ္ခုရွိေသာ ေခ်ာက္တစ္ခုကို ၾကံဳဆံုရဲ႕သားႏွင့္ သူတုိ႕က ေျခတစ္လွမ္းေနာက္က်သြားသည္။
Ling Xiao ကေျပာလုိက္သည္ “ဒီေခ်ာက္က အနည္းဆံုးေတာ့ ႏွစ္ကို ေသာင္းဂဏန္း ခပ္မ်ားမ်ားေတာ့ သက္တမ္းရွိေနပါျပီ။ အထဲမွာ ေမွာ္ေက်ာက္ေတြ နည္းနည္းထပ္ရွိအံုးမွာပါ။ ေရမိစၧာေတြက ဘယ္ေလာက္ပဲ သံုးႏုိင္စြမ္းရွိရွိ သူတို႕ကေတာ့ အဲဒါေတြ လံုး၀ ကုန္သြားေအာင္ေတာ့ မစုပ္ယူႏုင္ပါဘူး”
You XiaoMoက သူ႕အက်ီ ၤကုိ ထပ္ခါထပ္ခါ ဆြဲျပီးေတာ့ “အစ္ကိုၾကီးLing ဒါဆုိ ခပ္ျမန္ျမန္ ဆင္းျပီးေတာ့ သြားၾကည့္ရေအာင္”
အဲဒိအခ်ိန္မွာပဲ ထိုေရမိစၧာက စတင္လႈပ္ရွားလာသည္။ သူ႕ေခါင္းကို ေမာ့ကာ ၾကံဳး၀ါးလုိက္သည္။ သူ႕ရဲ႕ ၾကီးမားျပီး ခၽြန္ထက္ေသာ ပါးစပ္က အေျမာက္တစ္ခုႏွင့္ေတာင္ တူကာ အဲဒါက စျပီးေတာ့ အားအင္ေတြကို စုစညး္ကာ အလံုးတစ္လံုး အျဖစ္ ျဖစ္တည္ေစသည္။ ထို စြမ္းအင္ထုလံုးၾကီးက အားက အလြန္႕အလြန္ကို ျပင္းထန္လွသည္။ ေရေအာက္က အရာတိုင္းက ထိခိုက္ခံရပံု ေပၚသည္။ အရံအတားထဲတြင္ ပုန္းေအာင္းေနေသာ You XiaoMoေတာင္မွ လႈိင္းဂယက္မ်ားကို ခံစားမိသည္။
တစ္ခဏအၾကာမွာေတာ့ ေရမိစၧာ၏ စြမး္အင္အလံုးၾကီးက အျပည့္အ၀ ဖြဲ႕စည္းျပီးသြားပံုရသည္။
ရက္စက္ကာ မေကာင္းေသာအေငြ႕အသက္မ်ားက ေရမိစၧာ၏ မ်က္လံုးမ်ား ထဲကေန ခပ္ေဖ်ာ့ေဖ်ာ့ ထြက္ေနကာ နားအူမတတ္ဆူညံေသာ ၾကံဳး၀ါးသံတစ္ခုကို ထုတ္ကာ စြမ္းအင္အလံုးၾကီးကို သူတို႕ဆီသို႕ ပစ္လႊတ္လုိက္သည္။
ပဂတိမ်က္လံုးႏွင့္ေတာင္ ထုိစြမ္းအင္အလံုးက သူတုိ႕ကို ဦးတည္ျပီးလာေနကို ျမင္ႏိုင္သည္။ ထူးျခားေသာအားက ေရကို ေတာင္ ပြင့္ဟလာေအာင္ ထိုးေဖာက္ႏုိ္င္သည္ဟု ထင္ရသည္။ ဖ်တ္ခနဲႏွင့္တင္ အဲဒိအလံုးက သူတုိ႕ပတ္လည္က အရံအတားကို ပတ္ရံလုိက္သည္။
ေယ်ဘူယ်က်က်ေျပာရမည္ဆိုလွ်င္ ထိုသို႕ေသာ္ ထူးျခားေသာ စြမ္းအင္ပမာဏတစ္ခုက အရံအတားကို ရုိက္ခတ္လွ်င့္ အနည္းငယ္ေတာ့ လႈပ္ခတ္သင့္သည္။ သို႕ေသာ္လည္း You XiaoMo၏ ျပဴးက်ယ္ေနေသာ မ်က္လံုးက အဲဒါက သူတုိ႕အရံအတားကို တုိက္မိျပီးေနာက္ အလြန္လ်င္ျမန္စြာ အစုပ္ခံလုိက္ရသည္။
ထုိေရမိစၧာမွာ အလြန္ျမင့္မားေသာ စိတ္စြမ္းအင္ အသိဥာဏ္ရွိတာ သိသာလွသည္။ သူ႕တုိက္ခုိ္က္မႈက မေအာင္ျမင္ပဲ ဘယ္ေလာက္ေတာင္ လြယ္လြယ္ကူကူ အာနိသင္ ပ်က္ပ်ယ္သြားမွန္းလဲ ျမင္ေရာ သူ႕မ်က္လံုးသူငယ္အိမ္မ်ားက ရုတ္တရယ္ ျပဴးက်ယ္သြားသည္။ You XiaoMo က အဲဒိအေကာင္ ျပင္းျပင္းထန္ထန္ တုိက္ခုိက္ေတာ့မည္ဟု ထင္လုိက္သည့္အခ်ိန္တြင္ ထိုေရမိစၧာက လွည့္ကာ ထြက္ေျပးေတာ့သည္။
သူ႕အလ်င္ သူ႕ျပဳမူပံုက ဘယ္လုိပဲ ၾကည့္ၾကည့္ အရင္က အၾကိမ္ေပါင္းမ်ားစြာ ျဖစ္ပ်က္ခဲ့သလုိပဲ ျမင္ရသည္။ You XiaoMo က သူ႕ကို အရမ္းအားမန္ရွိသည္ ျပီးေတာ့ အရမ္းမိုက္လွသည္ဟု ထင္ထားခဲ့ကာ ဒီလုိမ်ိဳး ထြက္ေျပးသြားလိမ့္မည္ဟု မထင္ထားေပ။
Ling Xiaoက ေတာ့ သူ႕ေနာက္ကို စကားတစ္ခြန္းမဆိုပဲ လုိက္ေတာ့သည္။
ေရတိမ္ကမ္းေျခသည္ အလြန္နက္ရႈိင္းသည္။ သူ႕ကို လိုက္ရွာလွ်င္ ဒုကၡမ်ားလိမ့္မည္။ Ling Xiao က လုိခ်င္ေသာ အရာကို ရေအာင္ တန္းတန္းမတ္မတ္သာ လုပ္တတ္သူတစ္ေယာက္ျဖစ္သည္။
ေရမိစၧာက အဆင့္ကိုးသာ ရွိေသးတာမို႕ Ling Xiao၏ ျပဳိင္ဖက္မဟုတ္ေပ။ သူက အခ်ိန္ယူစရာမလိုေအာင္ကို ဖမ္းမိသြားသည္။ ေရမိစၧာ အရွိန္အျမင့္ဆံုးတင္ကာ ထြက္ေျပးတာကို ျမင္ကတည္းက ဒီပုဂိၢဳလ္ၾကီးက သူ႕အေရွ႕ခပ္လွမ္းလွမ္းတြင္ လြယ္လြယ္ေလး ေပၚေပါက္ေနျပီး ျဖစ္သည္။ သူကလက္ကို ဆန္႕ထုတ္လိုက္ကာ ႏွင့္ ပံုသ႑ာန္မရွိေသာ လက္တစ္ဖက္က အရံအတားအျပင္တြင္ ေပၚေပါက္ျပီးျဖစ္သည္။ ေရမိစၧာက သူ႕အားအကုန္သံုးျပီး ရုန္းကန္ေသာ္လည္း Ling Xiao၏ ေမွာ္ဆန္ေသာ လက္တြင္ မိေနဆဲပင္ျဖစ္သည္။
မရပ္မနား ရုန္းကန္ေနေသာ ေရမိစၧာကို ၾကည့္ကာ Ling Xiao က You XiaoMo ကို ျပံဳးျပလုိက္သည္ “ညီေလး မင္း အဆင့္ကိုး ေရမိစၧာတစ္ေကာင္နဲ႕မ်ား ဆက္ႏြယ္ဖို႕ စိတ္၀င္စားေသးလား”
You XiaoMo က ေရမိစၧာကို ၾကည့္ကာ အရွိန္ခပ္ျပင္းျပင္းေလး ေခါင္းခါျပလုိက္သည္ “မလုိခ်င္ဘူး”
ဒီေရမိစၧာက တစ္ခ်ိန္တုန္းက လူသားျဖစ္တယ္ဆုိတာ ေတြးမိတာႏွင့္တင္ ေအာ္ဂလီဆန္မႈတစ္ရပ္ကို ခံစားမိသည္။ ျပီးေတာ့ ေရမိစၧာ၏ ခႏၶာကိုယ္မွာ ကူးဆက္ျမန္ေသာ ေရခဲ အဆိပ္ရွိသည္။ အဲဒိအသံက လူသားမ်ားကို စာရိတၱပ်က္ျပားေအာင္ လုပ္ေသာ မူးယစ္ေဆးႏွင့္ေတာင္ အမ်ားၾကီးတူလွသည္။ ထိုအရာၾကီးက သူႏွင့္တစ္ခ်ိန္လံုး သူ႕ေနာက္က လုိက္ေနမည္ ဆိုတာကို ေတြးမိတာနွင့္တင္ ၾကက္သီးေတြ ထလွသည္။
“ဒါဆိုရင္ေတာ့ တကယ္ သနားစရာပဲ” Ling Xiao က သက္ျပင္းခ်လုိက္သည္။
အနည္းဆံုးေတာ့ မယူဘူး ဒါက You XiaoMo ေတြးတာျဖစ္ကာ သူ႕သြားေလးေတြ ၾကိတ္လုိက္သည္။
Ling Xiao က ထို ေရမိစၧာကို ျပံဳးျပီး ၾကည့္ကာ ေျပာလုိက္သည္ “ညီေလးက မင္းကို မလုိခ်င္ဘူးဆိုေတာ့ မင္းကို အသံုးခ်စရာ ဆိုလုိ႕ လမ္းျပခုိင္းတာပဲ ရွိေတာ့တယ္။ ငါ့ကို လာမျငင္းနဲ႕ ေနာ္ မင္းကို သတ္ျပီးရင္ေတာင္ ငါ့ဘာသာငါ ေမွာ္ေက်ာက္ေတြ ရွာႏိုင္ေသးတယ္။ ဒါေပမယ့္ ငါက မငး္ကို မသတ္ခ်င္တာ ဒီေတာ့ လိမၼာျပီး နားေထာင္စမ္း”
အထိတ္အလန္႕ဟန္ေလးက ခရမ္းေရာင္သန္းေနေသာ မ်က္ႏွာတြင္ ဖ်တ္ခနဲ ေပၚလာသည္။ ၾကည့္ရတာ Ling Xiao ဘာလုပ္လိမ့္မည္ဆိုတာကိုပါ ေတြးျပီးျဖစ္လိမ့္မည္။ အကယ့္လုိ႕ သူသာ ျငင္းရဲသည္ဆိုလွ်င္ သူ႕ေရွ႕က လူက ေသခ်ာေပါက္ သူ႕ကို နည္းနည္းေလးေတာင္ မတြန္႕ဆုတ္ပဲ သတ္ပစ္မည္ဆိုတာကို ယံုၾကည္လွသည္။ အက်ိဳးအျပစ္ကို ေသခ်ာ ခ်ိန္ဆျပီးေနာက္မွာေတာ့ အဆံုးသတ္တြင္ ေရမိစၧာက သူတုိ႕ကို ေမွာ္ေက်ာက္ ရွိရာဆီကို ေခၚသြားေတာ့သည္။
ေရတိမ္ကမ္းေျခက နက္သည္သာမက ေရေအာက္ကမၻာကလည္း က်ယ္ျပန္႕လွသည္။
ေအာက္ကုိ လမ္းျပေခၚေဆာင္ေသာ ထို ေရမိစၧာက ေအာက္ေျခသို႕မေရာက္ခင္အထိ ငါးေထာင္မီတာနီးပါးေလာက္ကို ေအာက္ဆင္းသြားရသည္။ သိပ္မၾကာခင္မွာတင္ ႏို႕ျဖဴေရာင္ (အျဖဴေရာင္ေနာက္ေနာက္) သလင္းေက်ာက္အၾကီးၾကီး တစ္ခု က သူ႕တုိ႕ေရွ႕ ေပၚလာသည္။
အဲဒိေနရာတြင္ ေအာက္ေျခက ေရက ရွင္းရွင္းလင္းလင္းကို ကြဲျပားျခားနားေသာ အေရာင္ႏွစ္ခုအျဖစ္ ပိုင္းျခားထားသည္။
ထိုေက်ာက္နားက ေရမ်ားက ႏို႕ေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ျဖစ္ေနကာ ေရေအာက္ၾကမ္းျပင္က ၾကီးမားေသာ သလင္းေက်ာက္ ကို ၀န္းရံထားသည္။
ေရမိစၧာက ထို ေက်ာက္အေရွ႕တြင္ ရပ္ကာ သူ႕ဘာသာသူ အဲဒိအရာနားကို ကပ္သြားသည္။ သူ႕လက္ေတြကိုေတာင္ ဆန္႕ထုတ္ျပီးေတာ့ အဲဒါကို ထိကာ သူတို႕ရွာေနေသာ ေမွာ္ေက်ာက္မွာ အဲဒိသလင္းေက်ာက္ အပိုင္းအစျဖစ္ေၾကာင္း ေျပာသည့္ဟန္ ေဖာ္ျပေနသည္။
Ling Xiao က သူ႕လက္ကို ဆန္႕ထုတ္လုိက္ေသာ္လည္း ထိုေမွာ္ေက်ာက္ကို မထိခင္ ရုတ္တရက္ သူကလက္ကို ရပ္တန္႕လုိက္သည္။ အဲဒိအခ်ိန္မွာပင္ သူ႕ေခါင္းကို ေမာ့ကာ အားပါးတရျပံဳးျပီးေတာ့ ေရမိစၧာကို အလြန္ ခ်ိဳသာေသာ္အမူအယာႏွင့္ ၾကည့္လိုက္သည္။ သူ႕ႏႈတ္ခမ္းကို ညင္သာစြာပြင့္ဟကာ ေျပာလုိက္သည္ “မင္းက ငါ အဲဒါကို ထိမယ္လုိ႕ ေမွ်ာ္လင့္ေနတာလား”
ေရမိစၧာ၏ အမူအယာက ဆတ္ခနဲ ေျပာင္းလဲသြားသည္။ လက္သီးစုပ္တစ္ခုက ေမွာ္ေက်ာက္ဟု ေခၚေသာ အရာဆီကို ၀ုန္းခနဲ က်ေရာက္သြားသည္။ ထိုေမွာ္ေက်ာက္က လက္သီးစုပ္၏ အင္အားကို ေတာင့္မခံႏုိင္ေပ။ ခ်က္ခ်င္းကို ၀ုန္းခနဲျမည္ကာ အက္ေၾကာင္းၾကီးတစ္ခု အက္ထင္သြားသည္။ ေမွာ္ေက်ာက္၏ အပိုင္းအစမ်ားက သူနွင့္ အနီးဆံုးျဖစ္ေသာ Ling Xiao ဆီကုိ ပ်ံႏွံ႕ကုန္သည္။
သို႕ေသာ္ ရလာဒ္ကေတာ့ အတူတူပင္ ျဖစ္သည္။ အရံအတားကို ကပ္လာသည္ႏွင့္ အျပင္ကိုျပန္ကန္ထြက္သြားၾကသည္။ နည္းနည္းေလးေတာင္မွ သက္ေရာက္မႈ မခံစားရေခ်။
တကယ္ေတာ့ ထုိ အရာမ်ားမွာ ေမွာ္ေက်ာက္မ်ား မဟုတ္ေပ။ ေရမိစၧာ၏ ဥာဏ္ရည္က အလြန္ျမင့္မားသည္။ သူ အဆင့္တက္ရန္အတြက္ ျပင္ဆင္ျပီး ေစာင့္ၾကပ္ေနရေသာ ထို ေမွာ္ေက်ာက္မ်ားကို သူက စိတ္ပါလက္ပါႏွင့္ မေပးပစ္ခ်င္ေပ။ ထို႕ေၾကာင့္ သူက သူတုိ႕ကို ေရခဲအဆိပ္မ်ားစုဖြဲ႕တည္ေသာ သလင္းေက်ာက္ဆီကို ဦးေဆာင္ ေခၚလာတာျဖစ္ကာ ထိုလူႏွစ္ေယာက္ကို လွည့္စားခ်င္ေနသည္။ သူတို႕ သိသြားလိမ့္မည္ဟု သူမေမွ်ာ္လင့္ခဲ့ေပ။
“ကိုယ့္အစြမ္းကုိယ္မ်ား လြန္လြန္ကဲကဲ တြက္ေနေသးတယ္” Ling Xiaoက ဟြန္႕ခနဲ ႏွာမႈတ္ကာ “ငါ မင္းကို အခြင့္အေရးတစ္ခုေပးတယ္ ဒါေတာင္ မင္းက တန္ဖိုးမထားဘူး ဒီေတာ့ငါ့ကို အဆိုးမဆိုနဲ႕”
အဲဒိေနာက္ေတာ့ Ling Xiao က လက္ဖ်စ္တြတ္လုိက္သည္။ အခ်ိန္အတန္ၾကာ မေပၚလာခဲ့ေသာ ခရမ္းေရာင္မီးေတာက္မ်ား ေနာက္တစ္ၾကိမ္ ျပန္လည္အသက္၀င္လာသည္။ ဒီတစ္ၾကိမ္က ခရမ္းေရာင္ မီးေတာက္က အရင္ကႏွင့္ တူသည္ဟု မထင္ရေခ်။ အလယ္ဗဟိုတြင္ အျခားေသာမီးေတာက္အရိပ္အေငြ႕မ်ားကို တစ္စြန္းတစ္စေတြ႕ႏိုင္ကာ မီးေတာက္ႏွစ္မ်ိဳး ႏွစ္ပင္လိမ္ေနသလုိမ်ိဳး ျဖစ္ေနသည္။ ေနာက္ဆံုးမွာေတာ့ အဲဒိမီးေတာက္က ေရမိစၧာကို တာ၀န္ယူရန္အတြက္ မီးနဂါးတစ္ေကာင္ အသြင္ယူလုိက္သည္။
မီးေတာက္ကို ျမင္လုိက္သည္ႏွင့္ ေရမိစၧာက မီးေတာက္ကေန ထုတ္လႊတ္ေသာ ေလာင္ကၽြမ္းေနေသာ ပူျပင္းေသာအပူရွိန္ကို ခံစားမိကာ သူ႕မ်က္လံုးေတြက ေၾကာက္ရြံ႕ျခင္းေၾကာင့္ ျပဴးက်ယ္လာသည္။ ေနာက္ဆံုးေတာ့ သူတကယ္ၾကီး မ်က္ျဖဴစိုက္ေနျပီ။
Unicode
C- 178 Magic crystal.
အခန်း ၁၇၈ မှော်ကျောက်
ရေခဲတမျှ အေးမြလှသော ရေက အရေပြားကိုတောင် ဖောက်ထွင်းတော့မယောင် သို့သော် အဲဒိအချိန်က တစ်ခဏသာ ဖြစ်ပြီးတော့ ပျောက်ကွယ်သွားကာ အဲဒိအစား နူးညံ့ညင်သာသော အားတစ်ရပ်က အစားထိုးဝင်လာသည်။ ထို နူးညံ့ ညင်သာသောအားက သူ့အနားပတ်လည်ကို ရစ်ဝိုင်းကာ ရေပူဖောင်းလိုမျိုး အမြှေးပါးတစ်လွှာ အဖြစ် ပျံနှံ ဖြစ်ပေါ်ကာ သူနှင့် Ling Xiao ကို ပိတ်ကာကာ တအိအိ လှုပ်ခါနေသည်။
You XiaoMo က တစ်ချက်ကြည့်လိုက်တာနှင့် အဲဒါက Ling Xiao ၏ ပညာရပ်မှန်းသိသည်။ သူတစ်ခုခု ပြောတော့မလို လုပ်နေတုန်း ဘန်း ခနဲ အသံထွက်လာကာ ရေပူဖောင်းက အမြှေးပါးက ရုတ်တရတ် လှုတ်ခတ်သွားလေသည်။ရေခဲလို အေးစက်နေသော ရေနက်ထဲမှာ တစ်ခုခု ရှိနေပုံ ပေါ်သည်။
အဲဒိအချိန်တွင်ပဲ Ling Xiao၏ ပသံ က သူ့နားထဲ ဝင်လာသည် "မင်းရဲ့ ဝိဉာဏ်စွမ်းအင်ကို ထုတ်ပြီးတော့ မျက်လုံးနှစ်ဖက်လုံးမှာ ထူထူလေး လုပ်လိုက် "
You XiaoMo က တုန့်ဆိုင်းမနေပဲ သူ့ဝိဉာဏ်စွမ်းအင်ကို ထုတ်ယူကာ သူ့မျက်လုံးများကို ဖုံးအုပ် ကာကွယ်လိုက်သည်။ သူ့ရဲ့ မည်းမှောင်နေသော မျက်ဝန်းများကနေ ဖြုရောင် အလင်းဖျော့ဖျော့လေး ချက်ချင်း ထွက်လာသည်။ သူ အရှေ့ကို ပြန်ကြည့်လိုက်တော့ ရေမိစ္ဆာများက အရံအတားကို အားနဲ့ ဝင်ဝင်ဆောင့်နေတာ မြင်လိုက်ရတော့သည် ။
တစ်ကောင် နှစ်ကောင် သုံးကောင်…… မရေအတွက်နိုင်အောင်ကို သူတို့ကပဲ အဲဒိအကောင်တွေရဲ့ ပါးစပ်ထဲ ရောက်နေတဲ့ အစာတွေလိုမျိုး အေးစက်စက် အမူအယာမဲ့နေသော ရေမိစ္ဆာတွေ သူတို့နား ဝိုင်းနေသည်။
ပထမဆုံး ရေမိစ္ဆာ က သူတို့ကို ကာရံထားသော အရံအတားကို ဝင်ဆောင့်ပြီးတော့ ဒုတိယ တတိယ စသဖြင့် ဆောင့်သံများပေါ်လာသည်။ သူတို့အသက်ကပဲ အဲဒိအပေါ်ကို မူတည်နေသယောင်နှင့် ရေမိစ္ဆာများက အရံအတားကို ကတိုက်ကရိုက် ဝင်ဆောင့်နေကြသည်။ အကောင်တိုင်း အကောင်တိုင်းက ပင်ပန်းပုံ မပေါ်သလို အတွင်းဒါဏ်ရာများ ရပုံလည်းမပေါ်ကာ အရံအတားကိုသာ နေကာ အချိန်မရွေးကွဲနိုင်တော့မလိုကို တဘုန်း ဘုန်း မြည်အောင် ၀င်ဆောင့်နေတော့သည်။
You XiaoMo က Ling Xiao ၏ လက်ကို တင်းနေအောင် ဆုပ်ကိုင်ကာ အရံအတား ပေါက်ထွက်သွားမှာကို ထိတ်လန့်နေသည်။ သူ့ရင်ထဲကနေကို အဲဒါက မဖြစ်နိုင်မှန်း သိသော်လည်း သူ့အတွင်းစိတ်ကတော့ ကြောက်လန့်ခြင်းကြောင့် တုန်လှုပ်နေသည်။
ပြီးတော့ ဒီရေမိစ္ဆာများက ကျမ်းစာများတွင် ဖော်ပြထားသလိုပင် အများစုမှာ အဆင့်လေး နှင့် အဆင့်ငါးတို့ ဖြစ်ကြသည်။ သူတို့၏ စွမ်းရည်နှင့် အင်အားပေါ် အခြေခံလျှင်တော့ Ling Xiao၏ အရံအတားကို သူတို့ ချိုးဖျတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒီလိုအခြေအနေက ဆက်တိုက်ဖြစ်ပေါ်နေသည်မှာ အမွှေးတိုင်တစ်ဝက်မျှ လောက်ကျွမ်းနိုင်သော အချိန်ထိဖြစ်သည်။ အဲဒိနောက်မှာတော့ ရေမိစ္ဆာများက သူတို့ကိုယ်ကို ထိခိုက်စေသော အားဖြင့် ထုရိုက်ခြင်းများကို ရပ်တန့်လိုက်ကြသည်။ အကောင်တစ်ကောင်ချင်းစီက သူတို့၏ ပါးစပ်များကို ဖွင့်ကာ အသံလှိုင်းများကို ထုတ်လွှင့်လိုက်ကြသည်။ သို့သော်လည်း သူတို့က Ling Xiao အရံအတား၏ အပြင်မှာ ဖြစ်တာမို့ ထို အသံလှိုင်းများက You XiaoMo နားသို့ မရောက်လာနိုင်ပေ။
အလွန်လျင်မြန်စွာပဲ သူတို့ဘာ့ကြောင့် ကြုံးဝါးဟစ်အော်နေသလဲဆိုတာ You XiaoMo သတိပြုမိသွားသည်။
သူတို့ကို တိုက်ခိုက်ဖို့အတွက် အသံလှိုင်းကို ထုတ်လွှင့်သည်နှင့် မတူပဲ သူတို့ မျိုးနွယ်တူကို ဆင့်ခေါ်ရန် သုံးတာ သာဖြစ်သည်။
Ling Xiao ကတော့ ဒီရေတိမ်ကမ်းခြေက နှစ်တစ်သောင်းသက်တမ်းရှိ ချောက်တစ်ခုဟု ပြောသည်။ သူ့အောက်ခြေတွင် ရေမိစ္ဆာတစ်သောင်းကျော်လောက် ရှိနေနိုင်သည်။
အခု ဒီမှာ ရှိနေသည်များက အဆင့်လေးနှင့် ငါးအဆင့်အားအင်သာ ရှိသောအကောင်များဖြစ်သော်လည်း ရေတိမ်ကမ်းခြေတွင် ဒီထက်ပိုသန်မာသော ရေမိစ္ဆာမရှိဘူးဟု ဘယ်သူကမှ အာမ မခံနိုင်ပေ။
မိနစ်အနည်းငယ်အကြာတွင် အခြားသော ရေမိစ္ဆာများနှင့် မတူကွဲပြားသော ရေမိစ္ဆာတစ်ကောင်ကို You XiaoMoတွေ့ လိုက်သည်။ သူ့ကိုယ်လုံးက ထုတ်ခြင်းပေါက်မြင်နေရသေးပေမယ့် အထဲကနေ ခရမ်းရောင်ရင့်ရင့်အလင်းတန်းများ ထွက်နေသည်။ သာမာန်ကျင့်ကြံသူတစ်ယောက်သာ အဲဒါကို မြင်လျှင် ရွေးချယ်စရာမရှိအောင်ကို သူတို့အသက်အတွက် ထွက်ပြေးကြမှာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ထို ရေမိစ္ဆာမှာ တကယ်တော့ အဆင့်ကိုးအဆင့်ရှိသော အကောင်ဖြစ်နေသည်။
ရေမိစ္ဆာကို မြင်သွားသောအခါ ဖြစ်သွားသော You XiaoMo၏ အထိတ်အလန့်အကြည့်နှင့်မတူညီစွာပင် Ling Xiao၏ အသွင်အပြင်က အဲဒါကို မြင်လိုက်ရသဖြင့် ပျော်ရွှင်သွားဟန်ကာ သူ့မျက်လုံးများက တောက်ပသွားသည်။ “ဒီအောက်မှာ တစ်ကယ်ကြီး မှော်ကျောက် တစ်တုံး ရှိနေတာပဲ ဒီရေမိစ္ဆာက အဆင့်ကိုးအဆင့်ဆိုတော့ သူက ဒီချောက်ရဲ့ အောက်ခြေက မှော်ကျောက်တုံး ကနေ အားတွေ စုပ်ယူတာ ဖြစ်ဖို့များတယ်”
မှော်ကျောက်က မှော်ရေနှင့်အလွန်ခြားနားသော အရာဖြစ်သည်။
လွယ်လွယ်ရှင်းရှင်းလေးပြောရလျှင် မှော်ကျောက်တုံးတစ်တုံးက မှော်ရေ အဆီအနှစ်အစက်ပေါင်း ဆယ်သိန်းနှင့် ညီမျှသည်။ ဒီတော့ ဘယ်လောက် အဖိုးတန်သလဲဆိုတာ ထင်ရှားလှသည်။
သို့သော်လည်း မှော်ကျောက်တုံးလို အရာများက မှော်ရေနှင့်တော့ မတူပေ။ မှော်ရေ ရှိသော နေရာများက မှော်ကျောက်များကို သေချာပေါက် မထုတ်ပေးနိုင်ပေ။ မှော်ကျောက်များ ဖြစ်ပေါ်လာရန်အတွက် မှန်ကန်သော အချိန်နှင့် မှန်ကန်သော နေရာ လိုအပ်သည်။ You XiaoMo၏ နယ်မြေထဲက မှော်ရေလိုမျိုးပေါ့ သူ့မှာ အလွန်သန့်စင်သောမှော်ရေကန် တစ်ကန် ရှိသော်လည်း မှန်ကန်သောအချိန်ဆိုသော ကျေနပ်လက်ခံဖွယ်ရာ အခြေအနေမျိုး မရှိပေ။ အဲဒိရေကန်က လူလုပ်ထားသော ကန်အဖြစ်သာ စဉ်းစားနိုင်ကာ မှော်ကျောက်ကို မထုတ်လုပ်နိုင်ပေ။
ဒီတော့ ပိုပြီး တိတိကျကျပြောရမည်ဆိုလျှင် ရေတိမ်ကမ်းခြေသည် ကြီးမားလှသော မှော်ရေကန် တစ်ကန်ဖြစ်ကာ တစ်ခုတော့ အလွယ်တကူ တွေ့ရှိနိုင်ဖို့ များသည်။ ပြီးတော့ သုခဘုံနယ်မြေသခင်ကလည်း ရေမိစ္ဆာများကို ဒီထဲမှာ ထည့်ထားဖို့ ဆုံးဖြတ်ထားသေးသည်။ ပြီးတော့ မှော်ရေအောက်က ရေခဲအဆိပ်ကြောင့် လူများကို ဘယ်လောက်ပဲ ဆွဲဆောင်နိုင်ပါစေ သူတို့က အဝေးကသာ ကြည့်နေနိုင်ပြီးတော့ ဂရုမစိုက်ပဲ သွားထိနိုင်သော အရာမျိုး မဟုတ်ပေ။
သို့သော်လည်း အဖိုးတန် မှော်ကျောက်၏ ညှို့ဓါတ်က လိုချင်တပ်မက်သော ဆန္ဒကြောင့် ကိုယ်ခံပညာရှင်များနှင့် မှော်ဆရာများ ရူးသွပ်ကာ ခုန်ချဖို့ လုံလောက်သည်။ ထို့ကြောင့် အန္တရာယ်က အခွင့်အရေးထက် ပိုပြီးကြီးမားတာ သိနေသော်လည်း ရတနာထိုက်သော ပစ္စည်းအမျိုးစုံကြောင့် နေရာချင်းလဲကာ ဆင်းလာသော သူများလဲ ရှိသေးသည်။
ဒီရေမိစ္ဆာက မှော်ကျောက်မှ အစွမ်းများ စုပ်ယူသည်ကို ကြားသော် You XiaoMo ကတိုက်ကရိုက်မေးလိုက်သည် “အစ်ကိုကြီLing ကျွန်တော်တို့ နောက်ကျလွန်းလို့လား ဒီချောက်ထဲက မှော်ကျောက်က ဒီရေမိစ္ဆာ စုပ်လို့ ပြီးသွားပြီလား”
ဒါသာ အမှန်တကယ်ဆိုပါက သူတို့က ကံတော်တော်ဆိုးတာပဲ။ ဒီလောက် ရှားပါးတဲ့ အခွင့်အရေးအဖြစ်နဲ့ မှော်ကျောက်တစ်ခုရှိသော ချောက်တစ်ခုကို ကြုံဆုံရဲ့သားနှင့် သူတို့က ခြေတစ်လှမ်းနောက်ကျသွားသည်။
Ling Xiao ကပြောလိုက်သည် “ဒီချောက်က အနည်းဆုံးတော့ နှစ်ကို သောင်းဂဏန်း ခပ်များများတော့ သက်တမ်းရှိနေပါပြီ။ အထဲမှာ မှော်ကျောက်တွေ နည်းနည်းထပ်ရှိအုံးမှာပါ။ ရေမိစ္ဆာတွေက ဘယ်လောက်ပဲ သုံးနိုင်စွမ်းရှိရှိ သူတို့ကတော့ အဲဒါတွေ လုံးဝ ကုန်သွားအောင်တော့ မစုပ်ယူနုင်ပါဘူး”
You XiaoMoက သူ့အကျီ င်္ကို ထပ်ခါထပ်ခါ ဆွဲပြီးတော့ “အစ်ကိုကြီးLing ဒါဆို ခပ်မြန်မြန် ဆင်းပြီးတော့ သွားကြည့်ရအောင်”
အဲဒိအချိန်မှာပဲ ထိုရေမိစ္ဆာက စတင်လှုပ်ရှားလာသည်။ သူ့ခေါင်းကို မော့ကာ ကြုံးဝါးလိုက်သည်။ သူ့ရဲ့ ကြီးမားပြီး ချွန်ထက်သော ပါးစပ်က အမြောက်တစ်ခုနှင့်တောင် တူကာ အဲဒါက စပြီးတော့ အားအင်တွေကို စုစည်းကာ အလုံးတစ်လုံး အဖြစ် ဖြစ်တည်စေသည်။ ထို စွမ်းအင်ထုလုံးကြီးက အားက အလွန့်အလွန်ကို ပြင်းထန်လှသည်။ ရေအောက်က အရာတိုင်းက ထိခိုက်ခံရပုံ ပေါ်သည်။ အရံအတားထဲတွင် ပုန်းအောင်းနေသော You XiaoMoတောင်မှ လှိုင်းဂယက်များကို ခံစားမိသည်။
တစ်ခဏအကြာမှာတော့ ရေမိစ္ဆာ၏ စွမ်းအင်အလုံးကြီးက အပြည့်အ၀ ဖွဲ့စည်းပြီးသွားပုံရသည်။
ရက်စက်ကာ မကောင်းသောအငွေ့အသက်များက ရေမိစ္ဆာ၏ မျက်လုံးများ ထဲကနေ ခပ်ဖျော့ဖျော့ ထွက်နေကာ နားအူမတတ်ဆူညံသော ကြုံးဝါးသံတစ်ခုကို ထုတ်ကာ စွမ်းအင်အလုံးကြီးကို သူတို့ဆီသို့ ပစ်လွှတ်လိုက်သည်။
ပဂတိမျက်လုံးနှင့်တောင် ထိုစွမ်းအင်အလုံးက သူတို့ကို ဦးတည်ပြီးလာနေကို မြင်နိုင်သည်။ ထူးခြားသောအားက ရေကို တောင် ပွင့်ဟလာအောင် ထိုးဖောက်နိုင်သည်ဟု ထင်ရသည်။ ဖျတ်ခနဲနှင့်တင် အဲဒိအလုံးက သူတို့ပတ်လည်က အရံအတားကို ပတ်ရံလိုက်သည်။
ယျေဘူယျကျကျပြောရမည်ဆိုလျှင် ထိုသို့သော် ထူးခြားသော စွမ်းအင်ပမာဏတစ်ခုက အရံအတားကို ရိုက်ခတ်လျှင့် အနည်းငယ်တော့ လှုပ်ခတ်သင့်သည်။ သို့သော်လည်း You XiaoMo၏ ပြူးကျယ်နေသော မျက်လုံးက အဲဒါက သူတို့အရံအတားကို တိုက်မိပြီးနောက် အလွန်လျင်မြန်စွာ အစုပ်ခံလိုက်ရသည်။
ထိုရေမိစ္ဆာမှာ အလွန်မြင့်မားသော စိတ်စွမ်းအင် အသိဥာဏ်ရှိတာ သိသာလှသည်။ သူ့တိုက်ခိုက်မှုက မအောင်မြင်ပဲ ဘယ်လောက်တောင် လွယ်လွယ်ကူကူ အာနိသင် ပျက်ပျယ်သွားမှန်းလဲ မြင်ရော သူ့မျက်လုံးသူငယ်အိမ်များက ရုတ်တရယ် ပြူးကျယ်သွားသည်။ You XiaoMo က အဲဒိအကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့မည်ဟု ထင်လိုက်သည့်အချိန်တွင် ထိုရေမိစ္ဆာက လှည့်ကာ ထွက်ပြေးတော့သည်။
သူ့အလျင် သူ့ပြုမူပုံက ဘယ်လိုပဲ ကြည့်ကြည့် အရင်က အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သလိုပဲ မြင်ရသည်။ You XiaoMo က သူ့ကို အရမ်းအားမန်ရှိသည် ပြီးတော့ အရမ်းမိုက်လှသည်ဟု ထင်ထားခဲ့ကာ ဒီလိုမျိုး ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားပေ။
Ling Xiaoက တော့ သူ့နောက်ကို စကားတစ်ခွန်းမဆိုပဲ လိုက်တော့သည်။
ရေတိမ်ကမ်းခြေသည် အလွန်နက်ရှိုင်းသည်။ သူ့ကို လိုက်ရှာလျှင် ဒုက္ခများလိမ့်မည်။ Ling Xiao က လိုချင်သော အရာကို ရအောင် တန်းတန်းမတ်မတ်သာ လုပ်တတ်သူတစ်ယောက်ဖြစ်သည်။
ရေမိစ္ဆာက အဆင့်ကိုးသာ ရှိသေးတာမို့ Ling Xiao၏ ပြိုင်ဖက်မဟုတ်ပေ။ သူက အချိန်ယူစရာမလိုအောင်ကို ဖမ်းမိသွားသည်။ ရေမိစ္ဆာ အရှိန်အမြင့်ဆုံးတင်ကာ ထွက်ပြေးတာကို မြင်ကတည်းက ဒီပုဂ္ဂိုလ်ကြီးက သူ့အရှေ့ခပ်လှမ်းလှမ်းတွင် လွယ်လွယ်လေး ပေါ်ပေါက်နေပြီး ဖြစ်သည်။ သူကလက်ကို ဆန့်ထုတ်လိုက်ကာ နှင့် ပုံသဏ္ဍာန်မရှိသော လက်တစ်ဖက်က အရံအတားအပြင်တွင် ပေါ်ပေါက်ပြီးဖြစ်သည်။ ရေမိစ္ဆာက သူ့အားအကုန်သုံးပြီး ရုန်းကန်သော်လည်း Ling Xiao၏ မှော်ဆန်သော လက်တွင် မိနေဆဲပင်ဖြစ်သည်။
မရပ်မနား ရုန်းကန်နေသော ရေမိစ္ဆာကို ကြည့်ကာ Ling Xiao က You XiaoMo ကို ပြုံးပြလိုက်သည် “ညီလေး မင်း အဆင့်ကိုး ရေမိစ္ဆာတစ်ကောင်နဲ့များ ဆက်နွယ်ဖို့ စိတ်ဝင်စားသေးလား”
You XiaoMo က ရေမိစ္ဆာကို ကြည့်ကာ အရှိန်ခပ်ပြင်းပြင်းလေး ခေါင်းခါပြလိုက်သည် “မလိုချင်ဘူး”
ဒီရေမိစ္ဆာက တစ်ချိန်တုန်းက လူသားဖြစ်တယ်ဆိုတာ တွေးမိတာနှင့်တင် အော်ဂလီဆန်မှုတစ်ရပ်ကို ခံစားမိသည်။ ပြီးတော့ ရေမိစ္ဆာ၏ ခန္ဓာကိုယ်မှာ ကူးဆက်မြန်သော ရေခဲ အဆိပ်ရှိသည်။ အဲဒိအသံက လူသားများကို စာရိတ္တပျက်ပြားအောင် လုပ်သော မူးယစ်ဆေးနှင့်တောင် အများကြီးတူလှသည်။ ထိုအရာကြီးက သူနှင့်တစ်ချိန်လုံး သူ့နောက်က လိုက်နေမည် ဆိုတာကို တွေးမိတာနှင့်တင် ကြက်သီးတွေ ထလှသည်။
“ဒါဆိုရင်တော့ တကယ် သနားစရာပဲ” Ling Xiao က သက်ပြင်းချလိုက်သည်။
အနည်းဆုံးတော့ မယူဘူး ဒါက You XiaoMo တွေးတာဖြစ်ကာ သူ့သွားလေးတွေ ကြိတ်လိုက်သည်။
Ling Xiao က ထို ရေမိစ္ဆာကို ပြုံးပြီး ကြည့်ကာ ပြောလိုက်သည် “ညီလေးက မင်းကို မလိုချင်ဘူးဆိုတော့ မင်းကို အသုံးချစရာ ဆိုလို့ လမ်းပြခိုင်းတာပဲ ရှိတော့တယ်။ ငါ့ကို လာမငြင်းနဲ့ နော် မင်းကို သတ်ပြီးရင်တောင် ငါ့ဘာသာငါ မှော်ကျောက်တွေ ရှာနိုင်သေးတယ်။ ဒါပေမယ့် ငါက မင်းကို မသတ်ချင်တာ ဒီတော့ လိမ္မာပြီး နားထောင်စမ်း”
အထိတ်အလန့်ဟန်လေးက ခရမ်းရောင်သန်းနေသော မျက်နှာတွင် ဖျတ်ခနဲ ပေါ်လာသည်။ ကြည့်ရတာ Ling Xiao ဘာလုပ်လိမ့်မည်ဆိုတာကိုပါ တွေးပြီးဖြစ်လိမ့်မည်။ အကယ့်လို့ သူသာ ငြင်းရဲသည်ဆိုလျှင် သူ့ရှေ့က လူက သေချာပေါက် သူ့ကို နည်းနည်းလေးတောင် မတွန့်ဆုတ်ပဲ သတ်ပစ်မည်ဆိုတာကို ယုံကြည်လှသည်။ အကျိုးအပြစ်ကို သေချာ ချိန်ဆပြီးနောက်မှာတော့ အဆုံးသတ်တွင် ရေမိစ္ဆာက သူတို့ကို မှော်ကျောက် ရှိရာဆီကို ခေါ်သွားတော့သည်။
ရေတိမ်ကမ်းခြေက နက်သည်သာမက ရေအောက်ကမ္ဘာကလည်း ကျယ်ပြန့်လှသည်။
အောက်ကို လမ်းပြခေါ်ဆောင်သော ထို ရေမိစ္ဆာက အောက်ခြေသို့မရောက်ခင်အထိ ငါးထောင်မီတာနီးပါးလောက်ကို အောက်ဆင်းသွားရသည်။ သိပ်မကြာခင်မှာတင် နို့ဖြူရောင် (အဖြူရောင်နောက်နောက်) သလင်းကျောက်အကြီးကြီး တစ်ခု က သူ့တို့ရှေ့ ပေါ်လာသည်။
အဲဒိနေရာတွင် အောက်ခြေက ရေက ရှင်းရှင်းလင်းလင်းကို ကွဲပြားခြားနားသော အရောင်နှစ်ခုအဖြစ် ပိုင်းခြားထားသည်။
ထိုကျောက်နားက ရေများက နို့ရောင် ခပ်ဖျော့ဖျော့ဖြစ်နေကာ ရေအောက်ကြမ်းပြင်က ကြီးမားသော သလင်းကျောက် ကို ၀န်းရံထားသည်။
ရေမိစ္ဆာက ထို ကျောက်အရှေ့တွင် ရပ်ကာ သူ့ဘာသာသူ အဲဒိအရာနားကို ကပ်သွားသည်။ သူ့လက်တွေကိုတောင် ဆန့်ထုတ်ပြီးတော့ အဲဒါကို ထိကာ သူတို့ရှာနေသော မှော်ကျောက်မှာ အဲဒိသလင်းကျောက် အပိုင်းအစဖြစ်ကြောင်း ပြောသည့်ဟန် ဖော်ပြနေသည်။
Ling Xiao က သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း ထိုမှော်ကျောက်ကို မထိခင် ရုတ်တရက် သူကလက်ကို ရပ်တန့်လိုက်သည်။ အဲဒိအချိန်မှာပင် သူ့ခေါင်းကို မော့ကာ အားပါးတရပြုံးပြီးတော့ ရေမိစ္ဆာကို အလွန် ချိုသာသော်အမူအယာနှင့် ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းကို ညင်သာစွာပွင့်ဟကာ ပြောလိုက်သည် “မင်းက ငါ အဲဒါကို ထိမယ်လို့ မျှော်လင့်နေတာလား”
ရေမိစ္ဆာ၏ အမူအယာက ဆတ်ခနဲ ပြောင်းလဲသွားသည်။ လက်သီးစုပ်တစ်ခုက မှော်ကျောက်ဟု ခေါ်သော အရာဆီကို ၀ုန်းခနဲ ကျရောက်သွားသည်။ ထိုမှော်ကျောက်က လက်သီးစုပ်၏ အင်အားကို တောင့်မခံနိုင်ပေ။ ချက်ချင်းကို ၀ုန်းခနဲမြည်ကာ အက်ကြောင်းကြီးတစ်ခု အက်ထင်သွားသည်။ မှော်ကျောက်၏ အပိုင်းအစများက သူနှင့် အနီးဆုံးဖြစ်သော Ling Xiao ဆီကို ပျံနှံ့ကုန်သည်။
သို့သော် ရလာဒ်ကတော့ အတူတူပင် ဖြစ်သည်။ အရံအတားကို ကပ်လာသည်နှင့် အပြင်ကိုပြန်ကန်ထွက်သွားကြသည်။ နည်းနည်းလေးတောင်မှ သက်ရောက်မှု မခံစားရချေ။
တကယ်တော့ ထို အရာများမှာ မှော်ကျောက်များ မဟုတ်ပေ။ ရေမိစ္ဆာ၏ ဥာဏ်ရည်က အလွန်မြင့်မားသည်။ သူ အဆင့်တက်ရန်အတွက် ပြင်ဆင်ပြီး စောင့်ကြပ်နေရသော ထို မှော်ကျောက်များကို သူက စိတ်ပါလက်ပါနှင့် မပေးပစ်ချင်ပေ။ ထို့ကြောင့် သူက သူတို့ကို ရေခဲအဆိပ်များစုဖွဲ့တည်သော သလင်းကျောက်ဆီကို ဦးဆောင် ခေါ်လာတာဖြစ်ကာ ထိုလူနှစ်ယောက်ကို လှည့်စားချင်နေသည်။ သူတို့ သိသွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
“ကိုယ့်အစွမ်းကိုယ်များ လွန်လွန်ကဲကဲ တွက်နေသေးတယ်” Ling Xiaoက ဟွန့်ခနဲ နှာမှုတ်ကာ “ငါ မင်းကို အခွင့်အရေးတစ်ခုပေးတယ် ဒါတောင် မင်းက တန်ဖိုးမထားဘူး ဒီတော့ငါ့ကို အဆိုးမဆိုနဲ့”
အဲဒိနောက်တော့ Ling Xiao က လက်ဖျစ်တွတ်လိုက်သည်။ အချိန်အတန်ကြာ မပေါ်လာခဲ့သော ခရမ်းရောင်မီးတောက်များ နောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာသည်။ ဒီတစ်ကြိမ်က ခရမ်းရောင် မီးတောက်က အရင်ကနှင့် တူသည်ဟု မထင်ရချေ။ အလယ်ဗဟိုတွင် အခြားသောမီးတောက်အရိပ်အငွေ့များကို တစ်စွန်းတစ်စတွေ့နိုင်ကာ မီးတောက်နှစ်မျိုး နှစ်ပင်လိမ်နေသလိုမျိုး ဖြစ်နေသည်။ နောက်ဆုံးမှာတော့ အဲဒိမီးတောက်က ရေမိစ္ဆာကို တာဝန်ယူရန်အတွက် မီးနဂါးတစ်ကောင် အသွင်ယူလိုက်သည်။
မီးတောက်ကို မြင်လိုက်သည်နှင့် ရေမိစ္ဆာက မီးတောက်ကနေ ထုတ်လွှတ်သော လောင်ကျွမ်းနေသော ပူပြင်းသောအပူရှိန်ကို ခံစားမိကာ သူ့မျက်လုံးတွေက ကြောက်ရွံ့ခြင်းကြောင့် ပြူးကျယ်လာသည်။ နောက်ဆုံးတော့ သူတကယ်ကြီး မျက်ဖြူစိုက်နေပြီ။