C-176 Ascending Magic Beast Peak.
အခန္း ၁၇၆ ေမွာ္၀င္သားရဲေတာင္ထြတ္သို႕ တက္ေရာက္ျခင္း
ပထမေပၚလာေသာ လူသားအသြင္မွာ အမွန္တကယ္ေတာ့ မွည္းေမွာင္ေနေသာ္လည္း ထြန္းလင္းေနသည္ဟု ထင္ရေသာ လူေခ်ာေလးတစ္ဦးျဖစ္သည္။
လွပ္ေသာ လူေလးတြင္ မ်က္ႏွာလွလွေလး ရွိသည္ အဲဒါက မ်က္ႏွာေလးတင္လွပသည္မဟုတ္ေပ။ သူ႕အသြင္အျပင္က အေတာ္အသင့္ ႏူးညံ႕သိမ္ေမြ႕ျပီး ေလတုိက္လွ်င္ေတာ္ လဲသြားမေယာင္ရွိေသာ အလြန္ေသးသြယ္ေသာ ခါးေလးႏွင့္ရွိသည္။ လူေခ်ာေလး၏ မ်က္ႏွာက ၾကည္ႏူးဖြယ္မ်က္၀န္းမ်ားႏွင့္ ေႏြးေထြးလွေသာ ႏွလံုးသားရွိသင့္သည္ သို႕ေသာ္ သူက အဲထိအစား လူတိုင္းက သူ႕ကို ေရႊျပားတစ္ပါးေပးရန္ အေၾကြးတင္ေနပံု ေအးစက္စက္ သ႑ာန္သာ ရွိသည္။
ထို လူေခ်ာေလးက Xiao Hei အျပင္အျခားသူ မျဖစ္နိုင္ေပ။
Xiao Hei က အစကေန အဆံုးထိ ေအးစက္စက္မ်က္ႏွာႏွင့္သာ သူ႕ရဲ႕ကိုယ္ပုိင္လူသားသ႑န္ႏွင့္ အရမ္းေပ်ာ္ရႊင္ေနပံု မရေပ။ ေပၚေပါက္လာျပီးေနာက္ သူက You XiaoMo ႏွင့္ SheQiuကုိ ႏႈတ္ပင္မဆက္ပဲ ေျမျပင္ေပၚတြင္ တင္ပလႅင္ေခြကာ စိတ္ေကာက္ျပီးသာ ထိုင္ခ်လို္က္သည္။
သို႕ေသာ္လည္း ဒီလုပ္ေဆာင္ခ်က္ကေန ေကာင္းေသာ အရာမ်ားေတာ့ ရွိေသးသည္။ သူ႕ရဲ႕ က်င့္ၾကံဆင့္က အခုဆိုလွ်င္ သ႑ာန္မေျပာင္းမီကထက္ ပိုမို ျမင့္မားေနသည္။ သေဘာတရားအရဆိုလွ်င္ သူက ၾကယ္အဆင့္ကို မခ်ိဳးဖ်တ္ႏုိင္ေပ။ သ႑ာန္ေျပာင္းျပီးေနာက္ အဆင့္ေျခာက္ကို ေက်ာ္ျဖတ္ကာ အဆင့္ခုနစ္ ၾကယ္ႏွစ္ပြင့္အဆင့္သို႕ ေရာက္သြားသည္။
You XiaoMo သူ႕ကို ဘာျဖစ္တာလဲဟုေမးခ်င္ေသာ္လည္း Da PiQiu၏ ေႏွာင့္ယွက္ျခင္း ခံလုိ္က္ရသည္။
Xiao Hei ေပၚထြက္လာျပီးေနာက္ Da PiQiuသည္လည္းပဲ သူက်င့္ၾကံေနေသာ ေနရာမွ လူသားအသြင္နဲ႕ လွမ္းထြက္လာသည္။
ပုျပီး တုတ္ခိုင္ေသာ္ ၀တုတ္ေလးတစ္ေယာက္က သူ႕ရဲ႕ တုတ္ခိုင္ေသာ ေျခေထာက္ ႏွစ္ဖက္ႏွင့္ ေျခလွမ္းခပ္လွမ္းၾကဲၾကဲလွမ္းလာသည္။ မည္သို႕ပင္ဆိုေစကာမူ သူက ေျခေထာက္ႏွစ္ေခ်ာင္းျဖင့္ လမ္းေလွ်ာက္ရတာကို အေလ့အက်င့္ မရေသးသည္မို႕ သူေျခၾကြျပီး လွမ္းသမွ် တြင္ ခလုတ္တိုက္ေတာ့သည္။ ဒီလိုက ထပ္ခါ ထပ္ခါ ျဖစ္ေပၚသည့္အခါမွာေတ့ ၀တုတ္ေလးက အဆံုးတြင္ေတာ့ စိတ္ေတြဆိုးကာ သူ႕ေျခေထာက္ႏွစ္ေခ်ာင္းႏွင့္ တစ္ျပိဳင္နက္ လမ္းေလွ်ာက္ျခငး္ကို အရံႈးေပးလိုက္သည္။ သူက ေျမေပၚကိုပဲ အသာေလးလွဲခ်ကာ သူ႕ေျခမ်ား လက္မ်ားသံုးကာ တြားသြားလာေတာ့သည္။
You Xiao Mo “……….”
Xiao Hei “…………...”
SheQiu “………….”
သ႑ာန္မေျပာင္းခင္နဲ႕ အခုက ဘာကြာျခားခ်က္ရွိေတာ့လုိ႕လဲ
၀တုတ္ေလးက သူတုိ႕ဆီကို ခက္ခဲျခင္းမ်ားစြာႏွင့္ တြားသြားလာသည္။ လာရာသည္မွာ တိုေတာင္းလွေသာ မီတာရာဂဏန္းအနည္းသာရွိေသာ္လည္း သူက ပင္ပန္းၾကီးစြာနွင့္ ေမာဟိုက္ကာ ေဒါသထြက္ေနႏွင့္ျပီ ေျခေပၚမွာ ထိုင္ကာ တရႊီရႊီႏွင့္ အသက္ကို ကို ျပင္းစြာရွဴေနသည္။
You XiaoMo က ပထမဆံုး လႈပ္ရွားသူျဖစ္ကာ ေပ်ာ္ရႊင္စြာႏွင့္ “ဘယ္ေလာက္ေတာင္ ဆီေလ်ာ္လိုက္သလဲ ငါ့ Da PiQiu ေလးက သ႑ာန္ေျပာငး္ျပီးတာေတာင္ ေဘာလံုးေလးတစ္လံုးနဲ႕တူေနတုန္းပဲ ၾကည့္ရတာ ငါမင္းအတြက္ ေရြးေပးတဲ့နာမည္ကို မင္းတကယ္ၾကိဳက္ပံုပဲ ဒါေပမယ့္ သ႑ာန္ေျပာင္းျပီးေတာ့ ဒီေလာက္ထိ ေသးသြားလိမ့္မယ္ေတာ့ မေမွ်ာ္လင့္ထားဘူး Da PiQiu(ရာဘာေဘာလံုးၾကီး) ဆိုတာ မင္းနဲ႕ မအပ္စပ္ေသးဘူးလုိ႕ျမင္တာပဲ”
Da PiQiu၏ တကယ့္ခႏၱာကိုယ္ အၾကီးၾကီးကို မၾကည့္နဲ႕ တကယ္က သူက ေမြးျပီးတာ ႏွစ္လသာ ရွိေသးသည္။ သူ သ႑ာန္ေျပာင္းႏိုင္တာေတာင္ အံၾသဖြယ္ျဖစ္ရပ္တစ္ရပ္ ျဖစ္ေနဆိုေတာ့ သူ႕ရဲ႕ လူသားအသြင္ႏွင့္ ပတ္သတ္ျပီး ကတ္တီးကတ္ဖဲ့ မေျပာသင့္ေပ။
သို႕ေသာ္လည္း ဒီစကားမ်ားကို ၾကားျပီးေနာက္ Da PiQiuက ခ်က္ခ်င္းကို စိတ္အားတက္ၾကြသြားကာ သူ႕သခင္ကို ေမွ်ာ္လင့္ခ်က္တလင့္လင့္ျဖင့္ ၾကည့္လုိက္သည္။
ဒီေလာက္ ရယ္ဖို႕ေကာင္းေသာ နာမည္ကို မလုိခ်င္သျဖင့္ ေျပာခ်င္ေနတာၾကာလွျပီ သို႕ေသာ္ အဲဒိအခ်ိန္တုန္းက သူက စကားမေျပာႏို္င္သျဖင့္ ေရြးခ်ယ္စရာ မရွိပဲ လက္ခံလုိက္ရတာျဖစ္သည္။
ေနာက္ေတာ့ You XiaoMo က သူ႕လက္ေတြကို လက္ခုပ္သ႑ာန္ျပဳကာ ေျပာလုိက္သည္ “အခုခ်ိန္ကစျပီးေတာ့ မင္းက PiQiu ပဲ”
Da ဟူေသာ စာလံုးတစ္လံုး ရုတ္တရတ္ျပဳတ္သြားေသာ PiQiu “……..”
Xiao Hei ႏွင့္ SheQiu ကို Da PiQiu ကို ဂရုဏာသက္စြာ ၾကည့္လုိက္သည္ အို႕႕ ခဏေလး အခုက PiQiu ပဲ ဒါေပမယ့္………… အရင္ကနဲ႕ ကြာျခားခ်က္ ရွိသြားတယ္လဲ မထင္ရဘူး
PiQiu ကကန္႕ကြက္သည္ “သခင္ ကၽြန္ေတာ္ PiQiu ဆိုတာ မၾကိဳက္ဘူး”
You XiaoMo က တအံ့တၾသႏွင့္ အာေမဋိတ္ျပဳသည္ “ဘာလုိ႕လဲ? PiQiu ဆိုတာ အရမ္းေခၚလုိ႕ေကာင္းတာ SheQiuလိုမ်ိဳးေပါ့ ေနာက္က်ရင္ မင္းတို႕အားလံုးကို Qiu(ေဘာလံုး) အသင္းတစ္သင္း ဖြဲ႕လို႕ရျပီ။ ဘယ္ေလာက္ေကာင္းလဲ အာ့….. ဟုတ္သားပဲ Xiao Hei ရွိေသးတယ္ လူတိုင္းမွာ Qiu ဆိုတဲ့ စာသားပါေနေတာ့ Xiao Hei လဲ သူ႕နာမည္ေျပာင္းရင္ ေကာငး္မယ္ေနာ္”
Xiao Hei ႕ သြားကို ၾကိတ္ကာ ေျပာေသည္ “မေျပာင္းခ်င္ပါဘူး”
You XiaoMo က သူမ်က္ႏွာ ခ်က္ခ်င္းမဲသြားတာကို ျမင္ေတာ့ ခ်က္ခ်င္း ရွင္းျပလုိက္သည္ “Xiao Hei နာမည္ကို HeiQiu လို႕ေျပာင္းမယ္ေလ ျပီးေတာ့ မင္းအေမႊးက အနက္ပဲဟာ ဒါေပမယ့္ လူတုိင္းက မင္းကို Xiao Heiလုိ႕ ေခၚရတာ အသားက်ေနေတာ့ မင္းရဲ႕ နာမည္အရင္းက HeiQiu ျဖစ္ေနေပမယ့္ လူတုိ္င္းက မင္းကို Xiao Hei လုိ႕ ဆက္ေခၚႏို္င္တာပဲ” (HeiQiu ဆိုတာ မဲလံုးလို႕ေခၚတာပါ)
SheQiu၏ မ်က္လံုးစိမ္းမ်ားက ရုတ္တရက္ လက္သြားေသာ္လည္း တစ္ခဏသာ ျဖစ္သည္။ အလြန္လ်င္ျမန္စြာပဲ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တန္းက အဆံုးသတ္သြားသည္။ သူလည္းပဲ သူ႕နာမည္ကို ေျပာင္းခ်င္ေသာ္လည္း ဘာမွ မေျပာတာ ေကာင္းလိမ့္မည္။
သူတုိ႕ ၾကိဳက္ၾကိဳက္ မၾကိဳက္ၾကိဳက္ You XiaoMo က ဘာလို႕ဂရုစိုက္မွာလဲ? သူက သူတို႕ကို Qiu အသင္းတစ္ခု ဖြဲ႕ေပးခ်င္ေနတာပဲ ဒီေတာ့ သူတုိ႕မၾကိဳက္ရင္ေတာင္ လုပ္မွာပဲ။ ဒီေတာ့ ခုခံေနတာက လံုး၀ကို အက်ိဳးမရွိေပ။
SheQiuက အဲဒိအခ်က္ကို ရွင္းရွင္းလင္းလင္း နားလည္သည္။ ထုိ႕ေၾကာင့္ သူ႕နာမည္ႏွင့္ ပတ္သတ္ျပီးေတာ့ ျပႆနာ အရမ္းလုပ္မေနေတာ့ဘူး။
သူက You XiaoMo ႏွင့္ အခ်ိန္ၾကီးအတူတကြ မေနခဲ့ေသာ္လည္း ဒီေသးႏုတ္လွေသာ ေမွာ္ဆရာေလးက သူ႕ကိုယ္ပုိင္အၾကံမရွိသူ တစ္ေယာက္မဟုတ္တာေတာ့ ေသခ်ာသည္။ သူ ဆံုးျဖတ္ထားေသာ အရာမ်ားအေပၚတြင္ သူကို သိမ္းသြင္းစည္းလံုးႏိုင္တာသာ မဟုတ္လွ်င္ေတာ့ သူက မင္းကို လံုး၀ ဂရုစိုက္မွ မဟုတ္ေပ။ မင္းပါးစပ္ေပါက္မတတ္ေျပာေသာ္ျငားလည္း သူဆံုးျဖတ္ထားတာကိုေတာ့ ခုိ္င္ခိုင္မာမာႏွင့္ ဆက္လုပ္ဦးမွာပဲ ျဖစ္သည္။
ဒီလိုႏွင့္ မုန္႕ဖိုထဲကေန ေဘာလံုးအသင္းသံုးေယာက္ ေလာေလာလတ္လတ္ၾကီး ထြက္လာေတာ့သည္။
You XiaoMo က ေတာ့ စိတ္ေက်နပ္မႈျဖင့္ ျပံဳးေနသည္။ ေနာက္ပုိင္း သူတုိ႕ အဖြဲ႕သားေတြ လံုေလာက္ေအာင္ စုႏိုင္လွ်င္ သူတုိ႕က ငါးေယာက္ပါေသာ ဘက္စကတ္ေဘာအသင္း ဒါမွမဟုတ္ ေဘာလံုးအသင္း ႏွစ္သင္းေတာင္ လုပ္ႏုိင္ေလာက္သည္။
အဲဒိအခ်ိန္မွာတင္ ေကာင္းကင္ကေန စိတ္ေခ်ာက္ျခားဖြယ္ေကာင္းလွေသာ ရယ္သံၾကီးက ဟိန္းထြက္လာသည္။
လူတုိ္င္းက ေခါင္းကို ေမာ့ျပီး ၾကည့္ုလိုက္ေတာ့ ထို ရယ္သံ၏ ပိုင္ရွင္က သူတို႕ေရွ႕တြင္ပင္ ေပၚလာျပီး ျဖစ္သည္။ သြက္လက္ ဖ်တ္လတ္ေနေသာ ……. အသက္ၾကီးၾကီးလူ တစ္ေယာက္?
You XiaoMo က ႏႈတ္ခမ္းစူကာ “အစ္ကိုၾကီးLing အစ္ကို႕မူရင္းပံုစံျပန္ထားရင္ ပိုၾကည့္ေကာင္းလိမ့္မယ္”
သူက Ling Xiao၏ ျမင္ေနက် အသြင္အျပင္ေနရာတြင္ အသက္ၾကီးၾကီးလူတစ္ေယာက္ ၏ မ်က္ႏွာျဖစ္ေနတာကို သူမခံစားႏိုင္ေပ။ အဲဒါက အလြန္ထူးဆန္းသည္ဟု ျမင္သည္။ ျဖစ္ႏုိ္င္တာကေတာ့ အခုကေနစျပီး သူ႕ကို ျမင္တုိ္င္း အသက္ၾကီးၾကီးLing Xiao ပံုစံကိုေတာင္ ျမင္ေယာင္ႏုိ္င္သည္။
ထိုလူၾကီးက မေကာင္းေသာအၾကံအစည္ရွိေနဟန္ ရယ္ကာ “ညီေလး မင္း က လူေတြကို သူတို႕ သြင္ျပင္ကို ၾကည့္ျပီးေတာ့ အကဲခတ္တာလား”
You XiaoMo “ေ၀ါ့..” ခနဲ လုပ္ပလုိက္သည္။
PiQiu, HeiQiu တုိ႕ကေတာ့ SheQiu Ling Xiao ကို ၾကည္ညိဳေလးစားသလို ၾကည့္လုိက္သည္။
သူ႕အပို္္င္ ညီငယ္ေလးကို စေနာက္အျပီးမွာေတာ့ အၾကီးအကဲLi ျဖစ္ေနေသာ Ling Xiao က You XiaoMo ၏ ေတာင္းဆိုခ်က္ကို သေဘာတူကာ အဆံုးမွာေတာ့ သူ႕နဂိုသြင္ျပင္ကို ျပန္ယူလုိက္သည္။ ဒါေပါ့ ဒါက သူ႕ရဲ႕ ပံုစံအစစ္အမွန္မဟုတ္ဘူး Lin Xiao၏ သြင္ျပင္ပဲ ျဖစ္သည္။
Ling Xiaoကို သူ႕မူရင္းသြင္ျပင္မွာ ျမင္လုိက္ရေတာ့ You XiaoMo က နည္းနည္း ပိုေနလုိ႕ေကာင္းသြားကာ ျငီးေငြ႕စြာ ေျပာသည္ “ဘာလုိ႕ ၀င္လာတာလဲ သူတို႕သိသြားလို႕လား”
“ကိုယ္သာ သူတို႕ကို ေပးမသိေစဘူးဆိုရင္ သူတို႕သိမယ္လို႕ ထင္လား” Ling Xiao၏ ႏွာေခါင္းက ေကာင္းကင္ကိုေတာင္ ညႊန္ျပေတာ့မည္။ ထုိစကားလံုးမ်ားကို ကိုယ့္ကိုကုိယ္အထင္ၾကီးမႈ လြန္ကဲစြာဆိုျခင္းျဖစ္ကာ Luo ShuHe ႏွင့္ အေပါင္းအပါမ်ားက မတည္ရွိေနသလုိကို ေျပာေနတာပင္ ျဖစ္သည္။
You XiaoMo တိတ္သြားသည္။
ဒါက အေတာ္စိတ္ၾကီး၀င္သည္ ျဖစ္ေသာ္လည္း ဒီပုဂၢဳိလ္ကေတာ့ စိတ္ၾကီး၀င္ခြင့္ရွိသူျဖစ္သည္ကိုေတာ့ ျငင္းဆိုမရေပ။
ေျပာရမည္ဆုိလွ်င္ အဲဒိအခ်ိန္တုန္းက အၾကီးအကဲLi အေယာင္ေဆာင္ရန္ Ling Xiaoက အၾကံေကာင္း ရသြားတာ ျဖစ္သည္။ ဒီလုိႏွင့္ လြန္ခဲ့ေသာ ဆယ့္ငါးရက္က အၾကီးအကဲLi တစ္ေယာက္ Ling Heေခ်ာက္ထဲကို ဆင္းလာတုန္းက SheQiu ႏွင့္ ဧကရာဇ္ေသြးေဆးပင္ကို မစစ္ေဆးရေသးလင္ Ling Xiao၏ သတ္ျဖတ္ျခင္းကို ခံလုိက္ရတာျဖစ္သည္။
ထိုလူကိုသုတ္သင္အျပီးမွာေတာ့ သူက အၾကီးအကဲLi ၏ အေလာင္းကို တြင္းနက္ထဲ ပစ္ထဲ့လုိက္သည္။ သူက အၾကီးအကဲLi၏ မွတ္ဥာဏ္ေတြ စုတ္ထားတာ ျဖစ္သည့္အတြက္ အေတာ့ကို နီးနီးစပ္စပ္တူေအာင္ အသံဟန္မူ အတု ျပဳႏုိင္သည္။ Luo ShuHe ႏွင့္ အေပါင္းအပါမ်ားက သူကအတုဆိုတာကို လံုး၀ မေျပာႏို္င္ၾကေပ။
“အကိုၾကီးLing သူတို႕ နန္းေတာ္သြားဖို႕ျပင္ေနျပီလား”
အခ်ိန္ေတြကို ေရတြက္ၾကည့္ေတာ့ လ၏ သံုးပံုႏွစ္ပံုက ကုန္ဆံုးသြားျပီျဖစ္ေၾကာင္း You XioaMo သတိထားမိသည္ ဒီေတာ့ အခ်ိန္က်ျပီေပါ့
Ling Xiao က မပီမသအသံတစ္ခ်က္ျပဳကာ သေဘာတူေၾကာင္းျပလိုက္သည္ ျပီးမွ “ကိုယ္ Luo ShuHeနဲ႕သူ႕အေဖာ္ေတြ ဆီကေန ဒီရက္အတြင္းမွာ သတင္းေတာ္ေတာ္မ်ားမ်ား ရလုိက္တယ္ ျပီးေတာ့ Luo ShuHeက တစ္ခုခုကို ဖံုးထားသလုိမ်ိဳးလဲ ခံစားေနရေသးတယ္”
“သူက အၾကီးအကဲLi ကိုေတာင္ ေျပာမရဘူးေပါ့?” You XiaoMo ကစိတ္လႈပ္ရွားစြာ ေမးလုိက္သည္ “ဒီေတာ့ သူက ဘာကို ဖံုးထားတာလဲ အစ္ကို အလြန္အကၽြံစဥ္းစားလြန္ေနတာလဲ ျဖစ္ႏို္င္တာပဲ”
အေျခအေနအရ Luo ShuHe က သူ႕လူမ်ားကို ဖံုးကြယ္ထားစရာမွ မလိုတာ အထူးသျဖင့္ သန္စြမ္းအားေကာင္းလွေသာ အၾကီးအကဲႏွစ္ေယာက္ကိုပဲ ျဖစ္သည္။ ဒါက သုခဘံုနယ္ေျမထဲက အႏၱရာယ္၏ အေပၚမွာ အႏၱရာယ္က ေစာင့္ေနတာ ေၾကာင့္ျဖစ္သည္။ တစ္ဦးတစ္ေယာက္အေနႏွင့္ လုပ္မည္ဆိုက အရာအေတာ္မ်ားမ်ားက မေအာင္ျမင္ႏိုင္ေပ။
Ling Xiao က သူ႕ကို ငဲ႕ေစာင္းၾကည့္ကာ သူ႕မ်က္လံုးမ်ားကို ေမွးျပီးေတာ့ “ညီေလး မင္းက ကိုယ္ အစဥ္းစားလြန္တယ္ လို႕ ထင္တာလား”
You XiaoMo က ခပ္ေပါ့ေပါ့ေလးရယ္ကာ “ကၽြန္ေတာ္က ခန္႕မွန္းယံုေလးပါ”
PiQiu HeiQiu ႏွင့္ SheQiu တုိ႕က သူ႕ကို အထင္ေသးသလို ၾကည့္လာသည္။ သူတို႕ကို အေပၚစီးက ဆက္ဆံျပီးေတာ့ အစ္ကိုၾကီးနဲ႕က်ေတာ့ ေလေတာင္ ရွဴမထုတ္ရဲဘူးလား ။ ေတာ္ေတာ္ ဖီေသြေနတာပဲ
အဲဒိေနာက္ေတာ့ Luo ShuHeႏွင့္ အေပါင္းအပါတို႕ေနာက္ကုိ Ling Xiaoကဆက္မလိုက္ရန္ စီစဥ္လုိက္သည္။ ပထမကေတာ့ သူတို႕က လံုေလာက္ေသာ သတင္းေတြ ရျပီးျဖစ္တာေၾကာင့္ သူတုိ႕ ေမွာ္၀င္သားရဲေတာင္ထြတ္ကို တက္သြားခ်ိန္တြင္ ဘာမွ မသိမျမင္သလို အေလာတၾကီး သြားစရာ မလိုေပ။ ဒုတိယကေတာ့ Qing Chengဂိုဏ္းက ဂိုဏ္းသားမ်ား အတူတကြ စုစည္းမိလွ်င္ သူတို႕၏ သြားႏုိ္င္စြမ္းေတြက က်သြားလိမ့္မည္။ သူတို႕ေနာက္ကို လိုက္သြားတာက အခ်ိန္ျဖဳန္းတာသာ ျဖစ္လိမ့္မည္။ သူက သူတို႕ေနာက္ကို ဆက္မလုိက္ဖို႕ ဆံုးျဖတ္လုိက္ကတည္းက အၾကီးအကဲLi က အဲဒိကုိ ျပန္သြားဖို႕ မလိုအပ္ေတာ့ေပ။
တစ္ခ်ိန္တည္းမွာပဲ အၾကီးအကဲLi ထြက္သြားျပီး သိပ္မၾကာခင္ Luo ShuHeႏွင့္ အေပါင္းအပါမ်ားက သူတို႕ေစာင့္ေနေသာ လူမ်ား၏ ပထမအသုတ္ကုိ ေနာက္ဆံုးေတာ့ ျမင္ရေတာ့သည္။
ပထမအသုတ္ ေတာင္ၾကားေလးထဲ ေရာက္ျပီး သိပ္မၾကာခင္ Qing Cheng ဂိုဏ္းက ဂိုဏ္းသားမ်ား တစ္သုတ္ျပီး တစ္သုတ္ စတင္ ေရာက္ရွိလာေတာ့သည္။ အၾကမ္းဖ်င္းအားျဖင့္ တစ္ရက္အတြင္းတင္ လူတုိင္းနီးပါး ေရာက္ရွိေနၾကျပီ။ သို႕ေသာ္ အဲဒိထဲတြင္ ဒါဏ္ရာ ရသူအနည္းငယ္ေတာ့ ရွိသည္။ ကံေကာင္းတာက ထိခို္က္သူမ်ားတြင္ ျပင္းထန္ေသာ အနာတရ မရွိေပ။
Luo ShuHe တစ္ေယာက္ခ်င္းစီ ေရတြက္ေတာ့ အၾကီးအကဲLi ျပန္မေရာက္ေသးမွန္း သိသြားသည္။
အၾကီးအကဲLi က တာ၀န္မသိတတ္သူတစ္ေယာက္ မဟုတ္ေပ။ အခ်ိန္အၾကာၾကီး ျပန္မလာျခင္း၏ အဓိပၸါယ္မွာ သူက အေႏွာင့္အယွက္ အခ်ိဳ႕ႏွင့္ ေတြ႕ဆံုေနတာပင္ ျဖစ္သည္။ သို႕ေသာ္လည္း သူတို႕က အၾကီးအကဲLi ဘယ္ကိုသြားသလဲ မသိသျဖင့္ သူ႕ကို လိုက္ရွာလုိ႕ မရေပ။ အဆံုးမွာေတာ့ Luo ShuHe က ေန႕တစ္၀က္ေစာင့္ဆိုင္းရန္ ဆံုးျဖတ္လုိက္သည္။ အကယ္လုိ႕သာ သူျပန္မလာခဲ့ဘူးဆိုလွ်င္ သူမပါပဲ သူတို႕ထြက္ခြာၾကမွာပဲျဖစ္သည္။
ရလာဒ္ကေတာ့ ေျမၾကီးလက္ခတ္မလြဲေသာ အဆံုးသတ္သာ ျဖစ္သည္။ အၾကီးအကဲLi က ျပန္မလာခဲ့ေပ။
အျခားတစ္ဖက္က သူတို႕ထက္အရင္ ေျခတစ္လွမ္းေစာျပီး ထြက္ခြာသြားသည့္ Ling Xiao ႏွင့္ You XioaMo တို႕က ေျမပံုကို မွီတည္ျပီးေတာ့ ေမွာ္၀င္သားရဲေတာင္ထြတ္ေအာက္ေျခကို အလြန္လ်င္ျမန္စြာ ေရာက္ရွိသြားသည္။
ထိုအခ်ိန္အတြင္းတြင္ သူတို႕က အျခားေသာ အင္အားစုမ်ား ဂိုဏ္းမ်ားမွ အဖြဲ႕မ်ားႏွင့္လဲ အမွတ္မထင္ ေတြ႕ၾကသည္။
ပမာမထားေသာ အမူအက်င့္မ်ားႏွင့္ အင္အားၾကီးသူမ်ားျဖစ္ၾကသည္။ သူတို႕အထဲတြင္ TianXinဂိုဏ္းက လူမ်ားလဲ ပါသည္။ သူတို႕သည္လည္းပဲ အားလံုးျပန္လည္ စုေ၀းကာ သန္မာေသာ အၾကီးအကဲအခ်ဳိ႕က ဦးေဆာင္ထားသည္။ သူတို႕ထဲတြင္ Lei Ju၊ Tang YunQi ႏွင့္အျခားသူမ်ားလဲ ပါ၀င္သည္။
ေျပာျပဖို႕ ထိုက္တန္သည့္အထဲတြင္ Ling Xiao ႏွင့္အတူသြားရန္ ခြဲေ၀ျခင္းခံရသည့္ ဂိုဏ္းသားအခ်ိဳ႕ပါ၀င္သည္။ သူတုိ႕ကို ၾကည့္ရသည္မွာ Ling Xiao က သူတို႕ကို ဘာလုပ္ရန္ဆိုသည္ကို ေျပာသည့္အေၾကာင္းကို အျခားသူမ်ားကို မေျပာထားပံု ေပၚသည္။
အဲဒိအျပင္ေတာ့ Fang ChengLe ႏွင့္ Fu ZiLin လည္းပဲ ရွိေနသည္။
ထူးဆန္းသည့္အရာမွာ You XiaoMo ထင္ထားသလိုမ်ိဳး Fang ChenLeက အၾကီးအကဲအနည္းငယ္၏ တန္ဖိုးထားျခင္းကို မခံရေပ။
အထူးသျဖင့္ သူ႕ကို စြန္႕လႊတ္ကာ သူ႕ကိုယ္သူ ကယ္တင္သြားေသာ အၾကီးအကဲShi ပဲ ျဖစ္သည္။ သူက Fang ChenLe သူ႕ကို အေကာင္းျပန္ျမင္လာေစရန္ ေသခ်ာေပါက္ မၾကိဳးစားေပ။ အဲဒိအစား မာနေထာင္လႊားကာ ဆိုးသြမ္းလွေသာ Tang YunQi ႏွင့္ Lei Juတို႕ႏွင့္သာ ရွိေနသည္။ သူတို႕က ဒီဆယ့္ငါးရက္တြင္ ကံေကာငး္မႈအနည္းငယ္ႏွင့္ ေတြ႕ၾကံဳခဲ့ေပၚကာ အဆင့္ခုနစ္ေမွာ္၀င္သားရဲတစ္ေကာင္ႏွင့္ အဆင့္ေျခာက္ ေမွာ္၀င္သားရဲတစ္ေကာင္တို႕ႏွင့္ ဆက္ႏြယ္ ထားခဲ့သည္။
Fang ChenLe ႏွင့္ဆက္ႏြယ္ထားေသာ အဆိပ္လႊမ္းမိုးနဂါးက ေတာ့ အရိ္ပ္အေယာင္ မျမင္ရေခ်။ ျဖစ္ႏိုင္ဆံုးကေတာ့ သူ႕ရဲ႕ ပံုစံအေသးေလးနဲ႕ ပုန္းေအာင္းေနတာ ျဖစ္လိမ့္မည္။
Unicode
C-176 Ascending Magic Beast Peak.
အခန်း ၁၇၆ မှော်ဝင်သားရဲတောင်ထွတ်သို့ တက်ရောက်ခြင်း
ပထမပေါ်လာသော လူသားအသွင်မှာ အမှန်တကယ်တော့ မှည်းမှောင်နေသော်လည်း ထွန်းလင်းနေသည်ဟု ထင်ရသော လူချောလေးတစ်ဦးဖြစ်သည်။
လှပ်သော လူလေးတွင် မျက်နှာလှလှလေး ရှိသည် အဲဒါက မျက်နှာလေးတင်လှပသည်မဟုတ်ပေ။ သူ့အသွင်အပြင်က အတော်အသင့် နူးညံ့သိမ်မွေ့ပြီး လေတိုက်လျှင်တော် လဲသွားမယောင်ရှိသော အလွန်သေးသွယ်သော ခါးလေးနှင့်ရှိသည်။ လူချောလေး၏ မျက်နှာက ကြည်နူးဖွယ်မျက်ဝန်းများနှင့် နွေးထွေးလှသော နှလုံးသားရှိသင့်သည် သို့သော် သူက အဲထိအစား လူတိုင်းက သူ့ကို ရွှေပြားတစ်ပါးပေးရန် အကြွေးတင်နေပုံ အေးစက်စက် သဏ္ဍာန်သာ ရှိသည်။
ထို လူချောလေးက Xiao Hei အပြင်အခြားသူ မဖြစ်နိုင်ပေ။
Xiao Hei က အစကနေ အဆုံးထိ အေးစက်စက်မျက်နှာနှင့်သာ သူ့ရဲ့ကိုယ်ပိုင်လူသားသဏ္ဍန်နှင့် အရမ်းပျော်ရွှင်နေပုံ မရပေ။ ပေါ်ပေါက်လာပြီးနောက် သူက You XiaoMo နှင့် SheQiuကို နှုတ်ပင်မဆက်ပဲ မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေကာ စိတ်ကောက်ပြီးသာ ထိုင်ချလိုက်သည်။
သို့သော်လည်း ဒီလုပ်ဆောင်ချက်ကနေ ကောင်းသော အရာများတော့ ရှိသေးသည်။ သူ့ရဲ့ ကျင့်ကြံဆင့်က အခုဆိုလျှင် သဏ္ဍာန်မပြောင်းမီကထက် ပိုမို မြင့်မားနေသည်။ သဘောတရားအရဆိုလျှင် သူက ကြယ်အဆင့်ကို မချိုးဖျတ်နိုင်ပေ။ သဏ္ဍာန်ပြောင်းပြီးနောက် အဆင့်ခြောက်ကို ကျော်ဖြတ်ကာ အဆင့်ခုနစ် ကြယ်နှစ်ပွင့်အဆင့်သို့ ရောက်သွားသည်။
You XiaoMo သူ့ကို ဘာဖြစ်တာလဲဟုမေးချင်သော်လည်း Da PiQiu၏ နှောင့်ယှက်ခြင်း ခံလိုက်ရသည်။
Xiao Hei ပေါ်ထွက်လာပြီးနောက် Da PiQiuသည်လည်းပဲ သူကျင့်ကြံနေသော နေရာမှ လူသားအသွင်နဲ့ လှမ်းထွက်လာသည်။
ပုပြီး တုတ်ခိုင်သော် ၀တုတ်လေးတစ်ယောက်က သူ့ရဲ့ တုတ်ခိုင်သော ခြေထောက် နှစ်ဖက်နှင့် ခြေလှမ်းခပ်လှမ်းကြဲကြဲလှမ်းလာသည်။ မည်သို့ပင်ဆိုစေကာမူ သူက ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်ရတာကို အလေ့အကျင့် မရသေးသည်မို့ သူခြေကြွပြီး လှမ်းသမျှ တွင် ခလုတ်တိုက်တော့သည်။ ဒီလိုက ထပ်ခါ ထပ်ခါ ဖြစ်ပေါ်သည့်အခါမှာတေ့ ၀တုတ်လေးက အဆုံးတွင်တော့ စိတ်တွေဆိုးကာ သူ့ခြေထောက်နှစ်ချောင်းနှင့် တစ်ပြိုင်နက် လမ်းလျှောက်ခြင်းကို အရှုံးပေးလိုက်သည်။ သူက မြေပေါ်ကိုပဲ အသာလေးလှဲချကာ သူ့ခြေများ လက်များသုံးကာ တွားသွားလာတော့သည်။
You Xiao Mo “……….”
Xiao Hei “…………...”
SheQiu “………….”
သဏ္ဍာန်မပြောင်းခင်နဲ့ အခုက ဘာကွာခြားချက်ရှိတော့လို့လဲ
၀တုတ်လေးက သူတို့ဆီကို ခက်ခဲခြင်းများစွာနှင့် တွားသွားလာသည်။ လာရာသည်မှာ တိုတောင်းလှသော မီတာရာဂဏန်းအနည်းသာရှိသော်လည်း သူက ပင်ပန်းကြီးစွာနှင့် မောဟိုက်ကာ ဒေါသထွက်နေနှင့်ပြီ ခြေပေါ်မှာ ထိုင်ကာ တရွှီရွှီနှင့် အသက်ကို ကို ပြင်းစွာရှူနေသည်။
You XiaoMo က ပထမဆုံး လှုပ်ရှားသူဖြစ်ကာ ပျော်ရွှင်စွာနှင့် “ဘယ်လောက်တောင် ဆီလျော်လိုက်သလဲ ငါ့ Da PiQiu လေးက သဏ္ဍာန်ပြောင်းပြီးတာတောင် ဘောလုံးလေးတစ်လုံးနဲ့တူနေတုန်းပဲ ကြည့်ရတာ ငါမင်းအတွက် ရွေးပေးတဲ့နာမည်ကို မင်းတကယ်ကြိုက်ပုံပဲ ဒါပေမယ့် သဏ္ဍာန်ပြောင်းပြီးတော့ ဒီလောက်ထိ သေးသွားလိမ့်မယ်တော့ မမျှော်လင့်ထားဘူး Da PiQiu(ရာဘာဘောလုံးကြီး) ဆိုတာ မင်းနဲ့ မအပ်စပ်သေးဘူးလို့မြင်တာပဲ”
Da PiQiu၏ တကယ့်ခန္တာကိုယ် အကြီးကြီးကို မကြည့်နဲ့ တကယ်က သူက မွေးပြီးတာ နှစ်လသာ ရှိသေးသည်။ သူ သဏ္ဍာန်ပြောင်းနိုင်တာတောင် အံသြဖွယ်ဖြစ်ရပ်တစ်ရပ် ဖြစ်နေဆိုတော့ သူ့ရဲ့ လူသားအသွင်နှင့် ပတ်သတ်ပြီး ကတ်တီးကတ်ဖဲ့ မပြောသင့်ပေ။
သို့သော်လည်း ဒီစကားများကို ကြားပြီးနောက် Da PiQiuက ချက်ချင်းကို စိတ်အားတက်ကြွသွားကာ သူ့သခင်ကို မျှော်လင့်ချက်တလင့်လင့်ဖြင့် ကြည့်လိုက်သည်။
ဒီလောက် ရယ်ဖို့ကောင်းသော နာမည်ကို မလိုချင်သဖြင့် ပြောချင်နေတာကြာလှပြီ သို့သော် အဲဒိအချိန်တုန်းက သူက စကားမပြောနိုင်သဖြင့် ရွေးချယ်စရာ မရှိပဲ လက်ခံလိုက်ရတာဖြစ်သည်။
နောက်တော့ You XiaoMo က သူ့လက်တွေကို လက်ခုပ်သဏ္ဍာန်ပြုကာ ပြောလိုက်သည် “အခုချိန်ကစပြီးတော့ မင်းက PiQiu ပဲ”
Da ဟူသော စာလုံးတစ်လုံး ရုတ်တရတ်ပြုတ်သွားသော PiQiu “……..”
Xiao Hei နှင့် SheQiu ကို Da PiQiu ကို ဂရုဏာသက်စွာ ကြည့်လိုက်သည် အို့ ခဏလေး အခုက PiQiu ပဲ ဒါပေမယ့်………… အရင်ကနဲ့ ကွာခြားချက် ရှိသွားတယ်လဲ မထင်ရဘူး
PiQiu ကကန့်ကွက်သည် “သခင် ကျွန်တော် PiQiu ဆိုတာ မကြိုက်ဘူး”
You XiaoMo က တအံ့တသြနှင့် အာမေဋိတ်ပြုသည် “ဘာလို့လဲ? PiQiu ဆိုတာ အရမ်းခေါ်လို့ကောင်းတာ SheQiuလိုမျိုးပေါ့ နောက်ကျရင် မင်းတို့အားလုံးကို Qiu(ဘောလုံး) အသင်းတစ်သင်း ဖွဲ့လို့ရပြီ။ ဘယ်လောက်ကောင်းလဲ အာ့….. ဟုတ်သားပဲ Xiao Hei ရှိသေးတယ် လူတိုင်းမှာ Qiu ဆိုတဲ့ စာသားပါနေတော့ Xiao Hei လဲ သူ့နာမည်ပြောင်းရင် ကောင်းမယ်နော်”
Xiao Hei့ သွားကို ကြိတ်ကာ ပြောသေည် “မပြောင်းချင်ပါဘူး”
You XiaoMo က သူမျက်နှာ ချက်ချင်းမဲသွားတာကို မြင်တော့ ချက်ချင်း ရှင်းပြလိုက်သည် “Xiao Hei နာမည်ကို HeiQiu လို့ပြောင်းမယ်လေ ပြီးတော့ မင်းအမွှေးက အနက်ပဲဟာ ဒါပေမယ့် လူတိုင်းက မင်းကို Xiao Heiလို့ ခေါ်ရတာ အသားကျနေတော့ မင်းရဲ့ နာမည်အရင်းက HeiQiu ဖြစ်နေပေမယ့် လူတိုင်းက မင်းကို Xiao Hei လို့ ဆက်ခေါ်နိုင်တာပဲ” (HeiQiu ဆိုတာ မဲလုံးလို့ခေါ်တာပါ)
SheQiu၏ မျက်လုံးစိမ်းများက ရုတ်တရက် လက်သွားသော်လည်း တစ်ခဏသာ ဖြစ်သည်။ အလွန်လျင်မြန်စွာပဲ မျှော်လင့်ချက်ရောင်ခြည်တန်းက အဆုံးသတ်သွားသည်။ သူလည်းပဲ သူ့နာမည်ကို ပြောင်းချင်သော်လည်း ဘာမှ မပြောတာ ကောင်းလိမ့်မည်။
သူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် You XiaoMo က ဘာလို့ဂရုစိုက်မှာလဲ? သူက သူတို့ကို Qiu အသင်းတစ်ခု ဖွဲ့ပေးချင်နေတာပဲ ဒီတော့ သူတို့မကြိုက်ရင်တောင် လုပ်မှာပဲ။ ဒီတော့ ခုခံနေတာက လုံးဝကို အကျိုးမရှိပေ။
SheQiuက အဲဒိအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သည်။ ထို့ကြောင့် သူ့နာမည်နှင့် ပတ်သတ်ပြီးတော့ ပြဿနာ အရမ်းလုပ်မနေတော့ဘူး။
သူက You XiaoMo နှင့် အချိန်ကြီးအတူတကွ မနေခဲ့သော်လည်း ဒီသေးနုတ်လှသော မှော်ဆရာလေးက သူ့ကိုယ်ပိုင်အကြံမရှိသူ တစ်ယောက်မဟုတ်တာတော့ သေချာသည်။ သူ ဆုံးဖြတ်ထားသော အရာများအပေါ်တွင် သူကို သိမ်းသွင်းစည်းလုံးနိုင်တာသာ မဟုတ်လျှင်တော့ သူက မင်းကို လုံးဝ ဂရုစိုက်မှ မဟုတ်ပေ။ မင်းပါးစပ်ပေါက်မတတ်ပြောသော်ငြားလည်း သူဆုံးဖြတ်ထားတာကိုတော့ ခိုင်ခိုင်မာမာနှင့် ဆက်လုပ်ဦးမှာပဲ ဖြစ်သည်။
ဒီလိုနှင့် မုန့်ဖိုထဲကနေ ဘောလုံးအသင်းသုံးယောက် လောလောလတ်လတ်ကြီး ထွက်လာတော့သည်။
You XiaoMo က တော့ စိတ်ကျေနပ်မှုဖြင့် ပြုံးနေသည်။ နောက်ပိုင်း သူတို့ အဖွဲ့သားတွေ လုံလောက်အောင် စုနိုင်လျှင် သူတို့က ငါးယောက်ပါသော ဘက်စကတ်ဘောအသင်း ဒါမှမဟုတ် ဘောလုံးအသင်း နှစ်သင်းတောင် လုပ်နိုင်လောက်သည်။
အဲဒိအချိန်မှာတင် ကောင်းကင်ကနေ စိတ်ချောက်ခြားဖွယ်ကောင်းလှသော ရယ်သံကြီးက ဟိန်းထွက်လာသည်။
လူတိုင်းက ခေါင်းကို မော့ပြီး ကြည့်ုလိုက်တော့ ထို ရယ်သံ၏ ပိုင်ရှင်က သူတို့ရှေ့တွင်ပင် ပေါ်လာပြီး ဖြစ်သည်။ သွက်လက် ဖျတ်လတ်နေသော ……. အသက်ကြီးကြီးလူ တစ်ယောက်?
You XiaoMo က နှုတ်ခမ်းစူကာ “အစ်ကိုကြီးLing အစ်ကို့မူရင်းပုံစံပြန်ထားရင် ပိုကြည့်ကောင်းလိမ့်မယ်”
သူက Ling Xiao၏ မြင်နေကျ အသွင်အပြင်နေရာတွင် အသက်ကြီးကြီးလူတစ်ယောက် ၏ မျက်နှာဖြစ်နေတာကို သူမခံစားနိုင်ပေ။ အဲဒါက အလွန်ထူးဆန်းသည်ဟု မြင်သည်။ ဖြစ်နိုင်တာကတော့ အခုကနေစပြီး သူ့ကို မြင်တိုင်း အသက်ကြီးကြီးLing Xiao ပုံစံကိုတောင် မြင်ယောင်နိုင်သည်။
ထိုလူကြီးက မကောင်းသောအကြံအစည်ရှိနေဟန် ရယ်ကာ “ညီလေး မင်း က လူတွေကို သူတို့ သွင်ပြင်ကို ကြည့်ပြီးတော့ အကဲခတ်တာလား”
You XiaoMo “ဝေါ့..” ခနဲ လုပ်ပလိုက်သည်။
PiQiu, HeiQiu တို့ကတော့ SheQiu Ling Xiao ကို ကြည်ညိုလေးစားသလို ကြည့်လိုက်သည်။
သူ့အပို်င် ညီငယ်လေးကို စနောက်အပြီးမှာတော့ အကြီးအကဲLi ဖြစ်နေသော Ling Xiao က You XiaoMo ၏ တောင်းဆိုချက်ကို သဘောတူကာ အဆုံးမှာတော့ သူ့နဂိုသွင်ပြင်ကို ပြန်ယူလိုက်သည်။ ဒါပေါ့ ဒါက သူ့ရဲ့ ပုံစံအစစ်အမှန်မဟုတ်ဘူး Lin Xiao၏ သွင်ပြင်ပဲ ဖြစ်သည်။
Ling Xiaoကို သူ့မူရင်းသွင်ပြင်မှာ မြင်လိုက်ရတော့ You XiaoMo က နည်းနည်း ပိုနေလို့ကောင်းသွားကာ ငြီးငွေ့စွာ ပြောသည် “ဘာလို့ ၀င်လာတာလဲ သူတို့သိသွားလို့လား”
“ကိုယ်သာ သူတို့ကို ပေးမသိစေဘူးဆိုရင် သူတို့သိမယ်လို့ ထင်လား” Ling Xiao၏ နှာခေါင်းက ကောင်းကင်ကိုတောင် ညွှန်ပြတော့မည်။ ထိုစကားလုံးများကို ကိုယ့်ကိုကိုယ်အထင်ကြီးမှု လွန်ကဲစွာဆိုခြင်းဖြစ်ကာ Luo ShuHe နှင့် အပေါင်းအပါများက မတည်ရှိနေသလိုကို ပြောနေတာပင် ဖြစ်သည်။
You XiaoMo တိတ်သွားသည်။
ဒါက အတော်စိတ်ကြီးဝင်သည် ဖြစ်သော်လည်း ဒီပုဂ္ဂိုလ်ကတော့ စိတ်ကြီးဝင်ခွင့်ရှိသူဖြစ်သည်ကိုတော့ ငြင်းဆိုမရပေ။
ပြောရမည်ဆိုလျှင် အဲဒိအချိန်တုန်းက အကြီးအကဲLi အယောင်ဆောင်ရန် Ling Xiaoက အကြံကောင်း ရသွားတာ ဖြစ်သည်။ ဒီလိုနှင့် လွန်ခဲ့သော ဆယ့်ငါးရက်က အကြီးအကဲLi တစ်ယောက် Ling Heချောက်ထဲကို ဆင်းလာတုန်းက SheQiu နှင့် ဧကရာဇ်သွေးဆေးပင်ကို မစစ်ဆေးရသေးလင် Ling Xiao၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာဖြစ်သည်။
ထိုလူကိုသုတ်သင်အပြီးမှာတော့ သူက အကြီးအကဲLi ၏ အလောင်းကို တွင်းနက်ထဲ ပစ်ထဲ့လိုက်သည်။ သူက အကြီးအကဲLi၏ မှတ်ဥာဏ်တွေ စုတ်ထားတာ ဖြစ်သည့်အတွက် အတော့ကို နီးနီးစပ်စပ်တူအောင် အသံဟန်မူ အတု ပြုနိုင်သည်။ Luo ShuHe နှင့် အပေါင်းအပါများက သူကအတုဆိုတာကို လုံးဝ မပြောနိုင်ကြပေ။
“အကိုကြီးLing သူတို့ နန်းတော်သွားဖို့ပြင်နေပြီလား”
အချိန်တွေကို ရေတွက်ကြည့်တော့ လ၏ သုံးပုံနှစ်ပုံက ကုန်ဆုံးသွားပြီဖြစ်ကြောင်း You XioaMo သတိထားမိသည် ဒီတော့ အချိန်ကျပြီပေါ့
Ling Xiao က မပီမသအသံတစ်ချက်ပြုကာ သဘောတူကြောင်းပြလိုက်သည် ပြီးမှ “ကိုယ် Luo ShuHeနဲ့သူ့အဖော်တွေ ဆီကနေ ဒီရက်အတွင်းမှာ သတင်းတော်တော်များများ ရလိုက်တယ် ပြီးတော့ Luo ShuHeက တစ်ခုခုကို ဖုံးထားသလိုမျိုးလဲ ခံစားနေရသေးတယ်”
“သူက အကြီးအကဲLi ကိုတောင် ပြောမရဘူးပေါ့?” You XiaoMo ကစိတ်လှုပ်ရှားစွာ မေးလိုက်သည် “ဒီတော့ သူက ဘာကို ဖုံးထားတာလဲ အစ်ကို အလွန်အကျွံစဉ်းစားလွန်နေတာလဲ ဖြစ်နိုင်တာပဲ”
အခြေအနေအရ Luo ShuHe က သူ့လူများကို ဖုံးကွယ်ထားစရာမှ မလိုတာ အထူးသဖြင့် သန်စွမ်းအားကောင်းလှသော အကြီးအကဲနှစ်ယောက်ကိုပဲ ဖြစ်သည်။ ဒါက သုခဘုံနယ်မြေထဲက အန္တရာယ်၏ အပေါ်မှာ အန္တရာယ်က စောင့်နေတာ ကြောင့်ဖြစ်သည်။ တစ်ဦးတစ်ယောက်အနေနှင့် လုပ်မည်ဆိုက အရာအတော်များများက မအောင်မြင်နိုင်ပေ။
Ling Xiao က သူ့ကို ငဲ့စောင်းကြည့်ကာ သူ့မျက်လုံးများကို မှေးပြီးတော့ “ညီလေး မင်းက ကိုယ် အစဉ်းစားလွန်တယ် လို့ ထင်တာလား”
You XiaoMo က ခပ်ပေါ့ပေါ့လေးရယ်ကာ “ကျွန်တော်က ခန့်မှန်းယုံလေးပါ”
PiQiu HeiQiu နှင့် SheQiu တို့က သူ့ကို အထင်သေးသလို ကြည့်လာသည်။ သူတို့ကို အပေါ်စီးက ဆက်ဆံပြီးတော့ အစ်ကိုကြီးနဲ့ကျတော့ လေတောင် ရှူမထုတ်ရဲဘူးလား ။ တော်တော် ဖီသွေနေတာပဲ
အဲဒိနောက်တော့ Luo ShuHeနှင့် အပေါင်းအပါတို့နောက်ကို Ling Xiaoကဆက်မလိုက်ရန် စီစဉ်လိုက်သည်။ ပထမကတော့ သူတို့က လုံလောက်သော သတင်းတွေ ရပြီးဖြစ်တာကြောင့် သူတို့ မှော်ဝင်သားရဲတောင်ထွတ်ကို တက်သွားချိန်တွင် ဘာမှ မသိမမြင်သလို အလောတကြီး သွားစရာ မလိုပေ။ ဒုတိယကတော့ Qing Chengဂိုဏ်းက ဂိုဏ်းသားများ အတူတကွ စုစည်းမိလျှင် သူတို့၏ သွားနိုင်စွမ်းတွေက ကျသွားလိမ့်မည်။ သူတို့နောက်ကို လိုက်သွားတာက အချိန်ဖြုန်းတာသာ ဖြစ်လိမ့်မည်။ သူက သူတို့နောက်ကို ဆက်မလိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အကြီးအကဲLi က အဲဒိကို ပြန်သွားဖို့ မလိုအပ်တော့ပေ။
တစ်ချိန်တည်းမှာပဲ အကြီးအကဲLi ထွက်သွားပြီး သိပ်မကြာခင် Luo ShuHeနှင့် အပေါင်းအပါများက သူတို့စောင့်နေသော လူများ၏ ပထမအသုတ်ကို နောက်ဆုံးတော့ မြင်ရတော့သည်။
ပထမအသုတ် တောင်ကြားလေးထဲ ရောက်ပြီး သိပ်မကြာခင် Qing Cheng ဂိုဏ်းက ဂိုဏ်းသားများ တစ်သုတ်ပြီး တစ်သုတ် စတင် ရောက်ရှိလာတော့သည်။ အကြမ်းဖျင်းအားဖြင့် တစ်ရက်အတွင်းတင် လူတိုင်းနီးပါး ရောက်ရှိနေကြပြီ။ သို့သော် အဲဒိထဲတွင် ဒါဏ်ရာ ရသူအနည်းငယ်တော့ ရှိသည်။ ကံကောင်းတာက ထိခိုက်သူများတွင် ပြင်းထန်သော အနာတရ မရှိပေ။
Luo ShuHe တစ်ယောက်ချင်းစီ ရေတွက်တော့ အကြီးအကဲLi ပြန်မရောက်သေးမှန်း သိသွားသည်။
အကြီးအကဲLi က တာဝန်မသိတတ်သူတစ်ယောက် မဟုတ်ပေ။ အချိန်အကြာကြီး ပြန်မလာခြင်း၏ အဓိပ္ပါယ်မှာ သူက အနှောင့်အယှက် အချို့နှင့် တွေ့ဆုံနေတာပင် ဖြစ်သည်။ သို့သော်လည်း သူတို့က အကြီးအကဲLi ဘယ်ကိုသွားသလဲ မသိသဖြင့် သူ့ကို လိုက်ရှာလို့ မရပေ။ အဆုံးမှာတော့ Luo ShuHe က နေ့တစ်ဝက်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ အကယ်လို့သာ သူပြန်မလာခဲ့ဘူးဆိုလျှင် သူမပါပဲ သူတို့ထွက်ခွာကြမှာပဲဖြစ်သည်။
ရလာဒ်ကတော့ မြေကြီးလက်ခတ်မလွဲသော အဆုံးသတ်သာ ဖြစ်သည်။ အကြီးအကဲLi က ပြန်မလာခဲ့ပေ။
အခြားတစ်ဖက်က သူတို့ထက်အရင် ခြေတစ်လှမ်းစောပြီး ထွက်ခွာသွားသည့် Ling Xiao နှင့် You XioaMo တို့က မြေပုံကို မှီတည်ပြီးတော့ မှော်ဝင်သားရဲတောင်ထွတ်အောက်ခြေကို အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။
ထိုအချိန်အတွင်းတွင် သူတို့က အခြားသော အင်အားစုများ ဂိုဏ်းများမှ အဖွဲ့များနှင့်လဲ အမှတ်မထင် တွေ့ကြသည်။
ပမာမထားသော အမူအကျင့်များနှင့် အင်အားကြီးသူများဖြစ်ကြသည်။ သူတို့အထဲတွင် TianXinဂိုဏ်းက လူများလဲ ပါသည်။ သူတို့သည်လည်းပဲ အားလုံးပြန်လည် စုဝေးကာ သန်မာသော အကြီးအကဲအချို့က ဦးဆောင်ထားသည်။ သူတို့ထဲတွင် Lei Ju၊ Tang YunQi နှင့်အခြားသူများလဲ ပါဝင်သည်။
ပြောပြဖို့ ထိုက်တန်သည့်အထဲတွင် Ling Xiao နှင့်အတူသွားရန် ခွဲဝေခြင်းခံရသည့် ဂိုဏ်းသားအချို့ပါဝင်သည်။ သူတို့ကို ကြည့်ရသည်မှာ Ling Xiao က သူတို့ကို ဘာလုပ်ရန်ဆိုသည်ကို ပြောသည့်အကြောင်းကို အခြားသူများကို မပြောထားပုံ ပေါ်သည်။
အဲဒိအပြင်တော့ Fang ChengLe နှင့် Fu ZiLin လည်းပဲ ရှိနေသည်။
ထူးဆန်းသည့်အရာမှာ You XiaoMo ထင်ထားသလိုမျိုး Fang ChenLeက အကြီးအကဲအနည်းငယ်၏ တန်ဖိုးထားခြင်းကို မခံရပေ။
အထူးသဖြင့် သူ့ကို စွန့်လွှတ်ကာ သူ့ကိုယ်သူ ကယ်တင်သွားသော အကြီးအကဲShi ပဲ ဖြစ်သည်။ သူက Fang ChenLe သူ့ကို အကောင်းပြန်မြင်လာစေရန် သေချာပေါက် မကြိုးစားပေ။ အဲဒိအစား မာနထောင်လွှားကာ ဆိုးသွမ်းလှသော Tang YunQi နှင့် Lei Juတို့နှင့်သာ ရှိနေသည်။ သူတို့က ဒီဆယ့်ငါးရက်တွင် ကံကောင်းမှုအနည်းငယ်နှင့် တွေ့ကြုံခဲ့ပေါ်ကာ အဆင့်ခုနစ်မှော်ဝင်သားရဲတစ်ကောင်နှင့် အဆင့်ခြောက် မှော်ဝင်သားရဲတစ်ကောင်တို့နှင့် ဆက်နွယ် ထားခဲ့သည်။
Fang ChenLe နှင့်ဆက်နွယ်ထားသော အဆိပ်လွှမ်းမိုးနဂါးက တော့ အရ်ိပ်အယောင် မမြင်ရချေ။ ဖြစ်နိုင်ဆုံးကတော့ သူ့ရဲ့ ပုံစံအသေးလေးနဲ့ ပုန်းအောင်းနေတာ ဖြစ်လိမ့်မည်။